cookie

We use cookies to improve your browsing experience. By clicking «Accept all», you agree to the use of cookies.

avatar

FOCUS Beauty Head Office Official

စိတ်ချယုံကြည်ရပြီး အစွမ်းထက်မြတ်တဲ့ ထုတ်ကုန်ပစ္စည်းများကို စရိတ်သက်သာ၊ ထိရောက်မှုရှိပြီး ဆန်းသစ်တဲ့ အရောင်းမြှင့်တင်ရေး စနစ်ဖြင့် FOCUS Beauty ရဲ့ Agent များကတဆင့် ပြည်သူလူထုထံ ဖြန့်ချီပေးနေပါပြီ

Show more
Advertising posts
641
Subscribers
No data24 hours
-27 days
-730 days

Data loading in progress...

Subscriber growth rate

Data loading in progress...

Photo unavailableShow in Telegram
အမျိုးသားများအတွက် အလုပ်မရှုပ်စေပဲ Skin Care နိုင်ပါပြီ အခုလို ပြောင်းလဲလာတဲ့ ခေတ်ကြီးမှာ အမျိုးသားတစ်ယောက်အနေနဲ့လဲ မလှချင်ရင်တောင် ကျန်းမာနုပျိုတဲ့ အသားအရေကို ပိုင်ဆိုင်သင့်ပါတယ်။ အဆင့်ဆင့် Skin Care ဖို့ စိတ်မရှည်ကြတဲ့ အမျိုးသားများအတွက် New Skiin Whitening Selfie Face Mask ကို ပုံမှန်ကပ်ဖို့ အကြံပေးလိုက်မယ်နော် New Skiin Mask က (၁၅) မိနစ်လောက် အချိန်ပေးရုံနဲ့ သင့်ရဲ့ အသားအရေကို ရေဓာတ်ပြည့်ဝပြီး ကျန်းမာနုပျိုတဲ့ အသားအရေကို ရရှိစေကာ အသားအရေထိန်းသိမ်းမှုကို အပြည့်အ၀ ‌‌ဆောင်ရွက်ပေးပါတယ်။ မျက်နှာပေါ်တင်ပြီး ကပ်ထားရုံဆိုတော့ အလုပ်လဲ မရှုပ်တော့ဘူးလေ New Skiin Mask ၅ ချပ်ပါ တစ်ဘူး ၁၇,၀၀၀ ကျပ် #NewSkiinMask #TheBestFaceMask
Show all...
2
ဆံသားလေးထူထဲပြီး လှပစေဖို့ လျှို့ဝှက်ချက်လေးများ လူတစ်ယောက်ရဲ့ အလှအပက ဆံပင်ပုံကျမှ၊ ဆံသားကောင်းမှ၊ ဆံပင်ထူမှ ပြည့်စုံတာပါ။ ဆံပင်ထူမှ လှတာပါ။ ဆံပင်ပါးလို့ လှတယ်ဆိုတာ မရှိပါဘူး။ ဒါကြောင့် ပြည့်စုံလှပတဲ့ ဆံပင်ရဖို့အတွက် ငယ်ငယ်တည်းက ထိန်းသိမ်းခဲ့ဖို့တော့ လိုပါတယ်။ ဆံသားလေးထူထဲပြီး လှပစေဖို့ဆိုရင် အောက်ပါအချက်လေးတွေကို သတိပြုလုပ်ဆောင်ပေးဖို့ အထူးလိုအပ်ပါတယ်။ အာဟာရပြည့်ဝတဲ့ အစားအသောက်တွေ စားပေးခြင်းဟာ ဆံပင်သန်လာစေဖို့အတွက် ရွေးချယ်သင့်တဲ့ အကောင်းဆုံးနည်းလမ်း ဖြစ်ပါတယ်။ ဆံသားကို အာဟာရဓာတ် ကောင်းကောင်း ပြည့်ဝနေစေဖို့အတွက် အသားဓာတ်၊ အဆီဓာတ်၊ သံဓာတ်၊ ဇင့်ဓာတ်၊ ဗီတာမင်ဓာတ်စတဲ့ အာဟာရတွေကြွယ်ဝတဲ့ အစားအသောက်တွေကို စားသုံးပါ။ ဒါမှ ဆံပင်သန်စွမ်းပြီး အရှည်မြန်လာမှာ ဖြစ်ပါတယ်။ ဦးရေပြားကို နှိပ်နှယ်ပေးရင် ဆံပင်အမြစ်ကို သွေးလည်ပတ်မှု ကောင်းစေတာကြောင့် ဆံပင်သန်လာပါတယ်။ အုန်းဆီ၊ သံလွင်ဆီ၊ ရှားစောင်းလက်ပတ် အနှစ် ၊ ပျားရည် စတာတွေဟာ ဆံပင်သန်စွမ်းဖို့အတွက် လှုံ့ဆော်ပေးနိုင်တဲ့ သဘာဝကရတဲ့ ပစ္စည်းတွေဖြစ်ပါတယ်။ အဲဒီပစ္စည်းတစ်မျိုးမျိုးကို စိမ့်ဝင်အောင် လိမ်းပေးပြီး ဦးရေကို ဖြေးဖြေးချင်း နှိပ်နယ်ပေးရပါမယ်။ ဒီလိုနည်းလမ်းက တကယ်ကို ကောင်းမွန်ပြီး ဦးရေပြားအတွင်းထဲအထိ ကျန်းမာစေတဲ့အပြင် ဆံပင်အစိုဓာတ်ကို ထိန်းပေးထားနိုင်ပြီး ဆံပင်ကို ပိုပြီးနူးညံ့သန်စွမ်းအောင် ပြုလုပ်ပေးနိုင်ပါတယ်။ New Haiir Scalp Balancing Repair Shampoo & New Haiir Scalp Balancing Daily Conditioner ရဲ့ ပါဝင်ပစ္စည်းများမှာ ဆံပင်ကျွတ်ခြင်းကို ကာကွယ်ပေးပြီး ဆံပင်အမြစ်ကို သန်စွမ်းကျန်းမာစေပါတယ်။ ဦးရေပြားကျန်းမာရေးကို ထိန်းသိမ်းပေးပြီး သန်စွမ်းစေပါတယ်။ All Hair Types ဖြစ်တာကြောင့် ဘယ်ဆံသားမဆို စိတ်ချလက်ချအသုံးပြုနိုင်ပါတယ်။ သယ်ဆောင်ရလွယ်ကူတဲ့ 50g အထုပ်အပြင် 380g ဘူးကြီးကိုလည်း ပုံစံ (၂) မျိုး ထုတ်လုပ်ပေးထားပါတယ်။ New Haiir Scalp Balancing Repair Shampoo 380 g - ၂၃,၀၀၀ ကျပ်, 300 Baht / 50 g - ၄,၀၀၀ ကျပ်, 50 Baht New Haiir Scalp Balancing Daily Conditioner 380 g - ၂၃,၀၀၀ ကျပ်, 300 Baht / 50 g - ၄,၀၀၀ ကျပ်, 50 Baht #NewHaiir
Show all...
4
Photo unavailableShow in Telegram
9👍 1
မျက်နှာအသွင်အပြင်ကို ပြောင်းလဲသွားစေနိုင် Lipstick နှုတ်ခမ်းနီ ဆိုးခြင်းက မျက်နှာအသွင်အပြင်ကို ပြောင်းလဲသွားစေနိုင်တာကြောင့် ကိုယ့်နဲ့ မလိုက်ဖက်တဲ့ အရောင်မျိုးကို ရွေးချယ်မမှားဖို့လိုတယ်နော် နှုတ်ခမ်းနီကလဲ မပါလို့မဖြစ်ဆိုတော့ ကိုယ့်ရဲ့ အသားအရောင်နဲ့ လိုက်ဖက်တဲ့ နှုတ်ခမ်းနီမျိုးကို သေချာလေး ရွေးချယ်ပြီး အချိန်ကြာရှည်ခံတဲ့ Matte Type မျိုးကို ရွေးချယ်လိုက်ပါ။ ဒါဆို ဒီလို အချက်နဲ့ ပြည့်စုံတဲ့ နှုတ်ခမ်းနီမျိုးဆိုရင် Ketchup Matte Liquid Lipstick ထဲ မှာ စိတ်ကြိုက် ရရှိနိုင်ပါတယ်။ Ketchup Lipstick က အရောင်ထွက်မှန်ကန်တိကျပြီး တစ်နေကုန်ခံတဲ့ Formula ဖြင့် ထုတ်လုပ်ပေးထားပြီး Matte Type ဖြစ်ပေမယ့် နှုတ်ခမ်းသားကို အရမ်းခြောက်သွေ့မနေစေဘဲ သက်သောင့်သက်သာဖြင့် စိုပြေလှပတဲ့ နှုတ်ခမ်းအလှကို ရရှိစေပါတယ်။ အရောင် (၁၁) ရောင် ရှိတာကြောင့် ဘယ်သူနဲ့မှ မတူတဲ့ အရောင်ထွက် ရရှိဖို့ အရောင်စပ် လိမ်းခြယ်နိုင်ပါတယ်။ 🍫 No.1 Chocolate 🍝 No.2 Pasta 🍅 No.3 Ketchup 🍡 No.4 BBQ 🍔 No.5 Burger 🥜 No.6 Peanut Butter 🍪 No.7 Cookie 🌰 No.8 Cocoa 🍑 No.9 Peach 🌶 No.10 Chilli 🍊 No.11 Sunkist Ketchup Matte Liquid Lipstick (3 ml) တစ်ချောင်း - ၁၁,၅၀၀ ကျပ် #KetchupMatteLiquidLipstick
Show all...
6
Facial အရောင်သစ်လေးတွေ 🥰
Show all...
18
Photo unavailableShow in Telegram
တစ်မျိုးထဲသုံးရုံနဲ့ အလှတရားတွေပြည့်စုံသွားစေမယ် သဘာဝကျကျလဲ လှချင်တယ် ရာသီဥတုကြောင့် အဆီပြန်ပြီး ချွေးတွေနဲ့မလို့ မျက်နှာပေါ် အထပ်ထပ်လဲ မလိမ်းချင်တဲ့ သူလေးတွေအတွက် တစ်မျိုးထဲနဲ့ ပြည့်စုံသွားစေမယ့် New Skiin All In One Tone Up Cream အကြောင်းလေး ပြောပြပေးမယ်နော် New Skiin All In One Tone Up Cream က လိမ်းလိုက်တာနဲ့ ဖြူဝင်းလာတယ်၊ Vita Collagen ကြောင့် အသားအရေလေး တင်းရင်းပြီး နုပျိုလာစေမယ် ဒါ့အပြင် Snail Mucus ကြောင့် အသားအရေက အစိုဓာတ်နဲ့ အာဟာရဓာတ်ပြည့်ဝနေစေမှာပါ မနက်တစ်ကြိမ် ညတစ်ကြိမ် အသုံးပြုနိုင်ပြီး တစ်မျိုးထဲလိမ်းရုံနဲ့ သဘာဝကျကျ အလှတရားကိုလဲ ပိုင်ဆိုင်နိုင်တဲ့အပြင် အမည်းကွက်၊ အမည်းစက်များ၊ ဝက်ခြံအမာရွတ်များကို ထိရောက်စွာဖယ်ရှားပေးတာကြောင့် အပြစ်ကင်းစင်တဲ့ အလှတရားပါ ထပ်ပိုင်ဆိုင်နိုင်ပါပြီ တားမြစ်ပစ္စည်းများ လုံးဝ(လုံးဝ) မပါဝင်တာကြောင့် ယုံကြည်စိတ်ချစွာ လိမ်းခြယ်နိုင်ပါတယ်။ New Skiin All In One Tone Up Cream (5 g) တစ်ထုပ် - 4,000 Kyats / 60 Baht #NewSkiinAllInOneToneUpCream
Show all...
8
Photo unavailableShow in Telegram
ပူလောင်ပြီး ခန္ဓာကိုယ်ယားယံပြီး အနံ့အသက်တွေဆိုးနေပြီဆို Better Skin ကို သတိရလိုပါ ရာသီဥတုပူလောင်ခြင်းကြောင့် ချွေးတွေထွက်ပြီး ခန္ဓာကိုယ်ကနေ မကောင်းတဲ့ အနံ့အသက်နဲ့ အရေပြားယားယံခြင်းမျိုးတွေကြောင့် လူကြားမှာထဲ ယုံကြည်မှုတွေ ကျဆင်းစေပါတယ်။ သင်ဟာလဲ ဒီလိုမျိုး ချွေးထွက်များပြီး ခန္ဓာကိုယ်က အနံ့အသက်နဲ့ အရေပြားယားယံမျိုးတွေ ဖြစ်နေပြီဆိုရင် Better Skin Coffee Soap Scrub နဲ့ ခန္ဓာကိုယ်ကို သန့်စင်လိုက်ပါ။ Better Skin က Arabica ကော်ဖီပေါင်ဒါ၊ အာဖရီကမျိုးရင်း မန်ကျည်းအဆီအနှစ်၊ အရည်အသွေး အကောင်းဆုံး နနွင်းမြစ် တို့အဓိကပါဝင်ပါတယ်။ ရာသီဥတုဒဏ်ကြောင့် အသားအရေ ယားယံခြင်းများ၊ ညစ်နွမ်းစေတဲ့ ဆဲလ်သေများ၊ ချေးများ ပိတ်ဆို့ခြင်းများကို အကောင်းဆုံး သန့်စင်ပေးပြီး ဖယ်ရှားပေးပါတယ်။ ကော်ဖီရနံ့သင်းသင်းလေးကြောင့်လဲ ခန္ဓာကိုယ်မှ အနံ့အသက်များကို သက်သာစေပါတယ်။ နေ့စဉ်သုံး ဆပ်ပြာကဲ့သို့ အသုံးပြုနိုင်ပြီး Scrub Type သဘာဝချေးချွတ်ဆပ်ပြာဖြစ်တာကြောင့် ရေချိုးပြီးတိုင်း Body Lotion လိမ်းပေးမယ်ဆိုရင် ခန္ဓာကိုယ်အသားအရေကို ပိုမိုကောင်းမွန်စေပါတယ်။ Better Skin Coffee Soap Scrub (120 g) တစ်တုံး 6,000 ကျပ် #BetterSkinCoffeeSoapScrub
Show all...
7
Photo unavailableShow in Telegram
ချွေးနဲ့ အဆီပြန်ခြင်းကြောင့် မိတ်ကပ်ပျက်မှာ စိတ်မပူနဲ့တော့နော် ဟိတ် ရာသီဥတုကြောင့် ချွေးတွေထွက် အဆီတွေပြန်လို့ အလှတွေပျက်နေပြီလား? ဒီလိုအခြေအနေတွေကြောင့် မိတ်ကပ် Foundation ရွေးချယ်က ခက်နေပြီလား? ချွေးနဲ့ အဆီပြန်ခြင်းကြောင့် မိတ်ကပ်ပျက်ခြင်း မဖြစ်စေပဲ တစ်နေကုန် အပြစ်ကင်းစင်တဲ့ အလှကို ရရှိစေတဲ့ Ketchup Balance Natural Finish Foundation ရှိတယ်လေ သဘာဝကျကျ Medium Coverage ကို ပေးစွမ်းပြီး အထပ်ထပ်လိမ်းပေးမယ်ဆိုရင် ဖုံးကွယ်မှုအားပိုမိုကောင်းစေပြီး အထပ်ထပ်လိမ်းခြင်းကြောင့် မိတ်ကပ်ထူခြင်း၊ ကွက်ခြင်း၊ ရွေ့ခြင်းမျိုး မဖြစ်စေပါဘူး။ ရာသီဥတုကြောင့် ချွေးနဲ့ အဆီပြန်ခြင်းကြောင့် မိတ်ကပ်ပျက်ခြင်း မဖြစ်စေတာကြောင့် အနီးကပ်ကြည့်ရင်တောင် အပြစ်ကင်းစင်ပြီး သဘာဝကျကျ ကောင်းမွန်လှပတဲ့ အသားအရေအသွင်အပြင်ကို ဖန်တီးပေးပါတယ်။ အသားအရောင်အလိုက် အရောင် (၃) ရောင်ကို ထုတ်လုပ်ပေးထားပါတယ်။ Ketchup Balance Natural Finish Foundation (30 ml) တစ်ဘူး - 31,000 Kyats / 350 Baht 01 Fresh Beige 02 Fresh Almond 03 New Beige #KetchupBalanceNaturalFinishFoundation
Show all...
8👍 1
Photo unavailableShow in Telegram
ရာသီအကူးအပြောင်းမှာ ဗောက်တွေကြောင့် စိတ်ညစ်နေပြီလား? ဦးရေပြားနဲ့ ပက်သက်ပြီး အခုလိုမျိုးအချိန်မှာ ဗောက်တွေကြောင့် စိတ်ညစ်နေပြီလား? နွေရာသီမှာ ဦးရေပြားရဲ့ ချွေးပေါက်လေးတွေက ကျယ်ပြီး မိုးကူးစလေးဖြစ်လာပြီဆိုတာနဲ့ ဦးရေပြားရဲ့ ချွေးပေါက်လေးတွေက ပိတ်သွားတတ်ကြပါတယ်။ ဒီလိုမျိုးဆို ဗောက်တွေ စိတ်ကြိုက်ထဖို့ အချိန်ကောင်းပေါ့။ ဗောက်ထလာပြီဆိုနဲ့ နောက်ဆက်တွဲ ဦးရေပြားယားယံလာတတ်ပါတယ်။ ဦးရေပြားယားယံပြီဆိုရင် ယားလို့ကုတ်ရာကနေပိုးဝင်ပြီး ပြည်တည်နာတွေဖြစ်တတ်ပါတယ်။ ဗောက်ထခြင်းကို လျော့နည်းစေတဲ့ နည်းလမ်းတွေကတော့ - မနက်အိပ်ရာထ လေဝင်လေထွက်ကောင်းတဲ့ နေရာမှာ ခေါင်းဖြီးပါ။ - ဘီး၊ ဦးထုပ်၊ ခေါင်းအုံးစတဲ့ တကိုယ်ရည်သုံးပစ္စည်းတွေကို သူများနဲ့ မျှမသုံးပါနဲ့။ - ခေါင်းကိုခဏခဏ နေ့တိုင်းလျှော်တာမျိုးကို ရှောင်ပါ။ - မိုးရေစက်တွေ ခေါင်းပေါ်ကျတယ်ဆိုရင် မဖြစ်မနေ ခေါင်းလျှော်ပေးသင့်ပါတယ်။ - ခေါင်းလျှော်တဲ့အခါမှာလည်း လက်သည်းနဲ့ ခေါင်းကို တအားကုတ်ခြစ်တာကို ရှောင်ပါ။ ဒီလိုမျိုးပြုလုပ်လို့ ဗောက်တွေ မသက်သာဘူးဆိုရင် အရေပြားကျွမ်းကျင်ဆရာဝန်နဲ့ပြသစစ်ဆေးပြီး ကုသမှုခံယူဖို့ တိုက်တွန်းအကြံပေးလိုက်ရပါတယ်။ #NewHaiir
Show all...
8👍 2
Choose a Different Plan

Your current plan allows analytics for only 5 channels. To get more, please choose a different plan.