Karenni Nationalities Defense Force (KNDF)
Open in Telegram
4 196
Subscribers
No data24 hours
-197 days
-6230 days
Posts Archive
တိုက်ပွဲသတင်းထုတ်ပြန်ခြင်း
စာအမှတ် KNDF / ၁/ ၂၀၂၄ (၀၀၇)
ရက်စွဲ။ ။ ၂၀၂၄ ခုနှစ် ၊ စက်တင်ဘာလ (၁၅)ရက်
ကရင်နီ -ရှမ်းတောင်နယ်စပ်ရှိ စစ်ကောင်စီတပ်ဖွဲများ တပ်စွဲထားသောနေရာများအား စက်တင်ဘာလ(၅)ရက်နေ့တွင် မိမိတို တော်လှန်ရေးတပ်ပေါင်းစုံမှ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ထိတွေ့တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားခဲ့ပါသည်။
ကရင်နီ - ရှမ်းတောင်နယ်စပ်ရှိ စစ်ကောင်စီတပ်များ တပ်စွဲစခန်းချထားသည့် လွိင်လင်လေးမြိုတွင်းရှိ ကာကင်းစခန်းများ ၊ ကျောင်းကုန်း ၊ ကုန်းဆွတ် ၊ အောင်ပလ ၊ ကယန်းလေးတာဝါတိုင်ကုန်း စသည့်နေရာများတွင် တပ်စွဲထားသော စစ်ကောင်စီစခန်းများအား စက်တင်ဘာလ(၅)ရက်နေ့မှစ၍ မိမိတိုတော်လှန်ရေးတပ်ပေါင်စုံမှ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး စက်တင်ဘာလ (၈)ရက်နေ့ထိ (၄)ရက်ကြာ တိုက်ပွဲများအပြင်းအထန်ဖြစ်ပွားခဲ့ပါသည်။(၄)ရက်ကြာ တိုက်ပွဲများအတွင်း စစ်ကောင်စီဖက်မှ ထိခိုက်မှုများခဲ့၍ လေကြောင်းဖြင့်ပစ်ကူပေးတိုက်ခိုက်ခဲ့သလို ဒရုန်းများ ၊ လက်နက်ကြီးများဖြင့်လည်း တောက်လျှောက်အသုံးပြု၍ တိုက်ခိုက်ခဲ့ပါသည်။ တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဖွဲဝင် (၃၀)ဦးကျော်သေဆုံးကာ (၃)ဦးအားအရှင်ဖမ်းဆီးရရှိခဲ့ပြီး လက်နက်ကြီး/ငယ်အစုံ (၂၄)လက်အား မိမိတိုတော်လှန်ရေး တပ်ပေါင်းစုံမှ သိမ်းဆည်းရရှိခဲ့ပါသည်။ ထိုအတူ လွိင်လင်လေးမြိုအတွင်းရှိ တိုက်ပွဲဖြစ်ပွားနေသည့်နေရာမဟုတ်ဘဲ အရပ်သာပြည်သူများနေထိုင်ရာ ရပ်ကွက်အတွင်းရှိ နေအိမ်ပေါ်သို စစ်ကောင်စီဖက်မှ ဒရုန်းဖြင့်ဗုံးကြဲခဲ့ခြင်းကြောင့် ဒေသခံအရပ်သား အမျိုးသမီး(၁)ဦး ၊ အမျိုးသား(၃)ဦး သေဆုံးခဲ့ရပြီး စစ်ကောင်စီဖက်မှ ဦးတည်ရာမဲ့ လက်နက်ကြီးများ ရမ်းသမ်းပစ်ခက်ခဲ့၍ အရပ်သားပြည်သူ (၅)ဦးခန့် ထိခိုက် ဒဏ်ရာများ ရရှိခဲ့ပါသည်။
ကရင်နီပြည်နယ်တွင် စက်တင်ဘာလ (၁၀)ရက်နေ့မှစ၍ မိုးအလွန်အကျွံရွာသွန်းကာ နေရာအနှံ ရေးကြီးမြေပြိုမှုများဖြစ်၍ ပြည်သူများ (စစ်ဘေးရှောင်များ)၏ အိုးအိမ်ပျက်ဆီးဆုံးရှုးမှုများနှင့် ရေဘေးဒုက္ခများကြီးကြီးမားမားကြုံတွေ့ရင်ဆိုင်နေရသလို မိမိတို KNDF မှကြီးမှူး၍ပြုလုပ်သော ဆေးသင်တန်းတစ်ခုတွင်လည်း သင်တန်းသားရဲဘော်/ရဲမေ(၁၈)ဦး ရေကြီးမှုအတွင်းမျှောပါ၍ အသက်ဆုံးရှုးခဲ့ရပါသည်။
အထက်ပါအခြေနေများနှင့်အတူ မိုးရွာသွန်းမှုများဆက်ရှိနေ၍ ရေကြီးရေလျှံမှုအန္တရာယ်များဖြစ်နိုင်သည့်အပေါ် ပြည်သူများအနေဖြင့် အထူးသတိရှိကြပါရန်နှင့် လက်ရှိအချိန်ကာလအထိ လွိင်ကော်-လွိင်လင်လေး-ဆီဆိုင် လမ်းမကြီးအနီး တွင်လည်း မိမိတိုတော်လှန်ရေးတပ်များ နှင့် စစ်ကောင်စီတပ်ဖွဲများအကြား ကြိုကြားထိတွေ့မှုများရှိနေခြင်းကြောင့် ဒေသခံများ နှင့်အတူ အများပြည်သူများအနေဖြင့် စစ်ရေးသတိကြီးစွာထား၍ နေထိုင်သွားလာကြပါရန် အသိပေးထုတ်ပြန်အပ်ပါသည်။
ဩဂုတ်လ (၁)လတာ စစ်ရေးအခြေနေများထုတ်ပြန်ခြင်း
စာအမှတ် KNDF / ၁/ ၂၀၂၄ (၀၀၆)
၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ (၃)ရက်
ကရင်နီပြည်နယ်တွင် ဩဂုတ်လ(၁)လတာအတွင်း လွိုင်ကော် - ဒီးမော့ဆို လမ်းမကြီးတစ်လျှောက်တွင် မိမိတို့ တော်လှန်ရေးတပ်များနှင့် စစ်ကောင်စီတပ်ဖွဲ့များအကြား ထိတွေ့တိုက်ပွဲများ ရက်ဆက်ဖြစ်ပွားခဲ့ပြီး ဘောလခဲမြို့နယ်ထဲရှိ စစ်ကောင်စီ၏ စခန်းတစ်ခုအား သိမ်းပိုက်ရှင်းလင်းနိုင်ခဲ့ပါသည်။ ဖရူဆိုမြို့နယ် ၊ ဖားဆောင်းမြို့နယ်နှင့် ကရင်နီ-ရှမ်းတောင်နယ်စပ် ဖယ်ခုံမြို့နယ်တို့တွင် ထိတွေ့တိုက်ပွဲများ ကြိုကြားသာရှိခဲ့ပြီး စစ်ကောင်စီဖက်မှ တစ်ဖက်သပ် လက်နက်ကြီးများဖြင့် ပစ်ခက် တိုက်ခိုက်မှုများ ရှိခဲ့ပါသည်။
ဩဂုတ်လ(၁)ရက်နေ့မှစ၍ လွိုင်ကော်-ဒီးမော့ဆို လမ်းမကြီးတစ်လျှောက်သို့ စစ်ကြောင်းထိုးနေသော စစ်ကောင်စီတပ်ဖွဲ့ များအား မိမိတို့တော်လှန်ရေးတပ်ဖွဲ့များမှ ပိတ်ဆို့တိုက်ခိုက်ခဲ့၍ ပန်ကန်း ၊ ဒေါပိုးစီ ၊ (၆)မိုင်စံပြ ကျေးရွာများတစ်လျှောက် တစ်လတာလုံး ထိတွေ့တိုက်ပွဲများ ရက်ဆက်ဖြစ်ပွားခဲ့ပြီး တိုက်ပွဲများအတွင်း စစ်ကောင်စီဖက်မှ ထိခိုက်မှုများပြားခဲ့၍ ၎င်းတို့ထံမှ ခဲယမ်း မီးကျောက်များ ၊ ကျန်းမာရေးပစ္စည်းများ နှင့် အသုံးဆောင်များအား သိမ်းဆည်းရရှိခဲ့ပါသည်။ ယနေ့ချိန်ထိ ဖော်ပြပါ လမ်းမကြီးတစ်လျှောက်တွင် ထိတွေ့တိုက်ပွဲများ နေ့စဉ် ဖြစ်ပွားနေဆဲဖြစ်ပါသည်။
ဘောလခဲမြို့ နှင့် မယ်စလောင်းတောင် အကြားရှိ စစ်ကောင်စီမှ အခိုင်အမာတပ်စွဲထားသော ရေကျော်စခန်းအား ဩဂုတ်လ (၈)ရက်နေ့တွင် KA ၊ KNDF ၊ KNPLF တို့ပူးပေါင်း၍ တိုက်ခိုက်သိမ်းပိုက်ကာ ရှင်းလင်းနိုင်ခဲ့ပါသည်။ စစ်ကောင်စီတပ်ဖွဲ့အချို့မှာ စခန်းအားစွန့်ခွာ၍ ဘောလခဲဖက်သို့ ထွက်ပြေး သွားခဲ့ပြီး တိုက်ပွဲအတွင်း စစ်ကောင်စီ၏ ရုပ်အလောင်း (၆) လောင်းနှင့်အတူ လက်နက်ငယ် (၇)လက် ၊9MM ပစ္စတို (၁)လက် ၊ ငါကြင်းမြီး (၁)လက် ၊ (၈၁)မမ ပြောင်း (၁) ပြောင်း နှင့် ခဲယမ်းအသုံးဆောင်များအား သိမ်းဆည်းရရှိခဲ့ပါသည်။ ထို့အတူ ဘောလခဲ နှင့် ရွာသစ်အကြားရှိ ဝမ်မလန်းကျေးရွာအနီးတွင်လည်း စစ်ကောင်စီတပ်များနှင့် မိမိတို့တော်လှန်ရေး တပ်များအကြား ထိတွေ့တိုက်ပွဲများ ဖြစ်ပွားခဲ့ပါသည်။
ဖားဆောင်းမြို့တွင် အခြေစိုက်ထားသည့် စစ်ကောင်စီ၏တပ်ရင်း (၂) ရင်းနှင့် ကာကင်းစခန်းများအား ကရင်နီတော်လှန်ရေး ပူးပေါင်းတပ်များမှ စဉ်ဆက်မပျက်တိုက်ခိုက်လျှက်ရှိပြီး ဩဂုတ်လအတွင်း ကြီးမားပြင်းထန်သည့်တိုက်ပွဲများ မရှိခဲ့သော်လည်း ကြိုကြားထိတွေ့မှုများရှိခဲ့ပါသည်။
ဩဂုတ်လအတွင်း ကရင်နီ-ရှမ်းတောင် နယ်စပ်ရှိ မိုးဗြဲမြို့ နှင့် ဖယ်ခုံမြို့တို့တွင် စစ်ကောင်စီဖက်မှ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီး ရမ်းသမ်းပစ်ခက်ခြင်းများ ပြုလုပ်ခဲ့ပြီး မိမိတို့တော်လှန်ရေးတပ်များနှင့် ကြိုကြားထိတွေ့မှု များသာရှိခဲ့ပါသည်။
ဖရူဆိုမြို့နယ် နှင့် ဒီးမော့ဆိုမြို့နယ်တို့တွင် အခြေစိုက်ထားသည့် စစ်ကောင်စီတပ်များမှာ ဩဂုတ်လ နောက်ဆုံးအပတ်မှစ၍ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လူနေကျေးရွာများဖက်သို့ လက်နက်ကြီးပစ်ခက်မှုများ ဆက်တိုက်ပြုလုပ်ခဲ့ပြီး ဒီးမော့ဆိုမြို့နယ်အတွင် လက်နက်ကြီးထိမှန်၍ နေအိမ် (၃)လုံး ပျက်ဆီးကာ ကလေးငယ် (၁)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ဖရူဆိုမြို့နယ်တွင်ထိခိုက်မှုမရှိခဲ့ပါ။
ဩဂုတ်လအတွင်း စစ်ကောင်စီတပ်ဖွဲ့များမှာ လွိုင်ကော်- ဒီးမော့ဆို လမ်းမကြီးတစ်လျှောက် စစ်ကြောင်းထိုးလှုပ်ရှားရာတွင် ပန်ကန်း ၊ ဒေါပိုးစီ ၊ (၆)မိုင်စံပြ ကျေးရွာများတစ်လျှောက်ရှိ အရပ်သားပြည်သူများ၏ နေအိမ် (၄၀)ကျော်အား မီးရှို့ဖျက်ဆီးခဲ့ပါသည်။ အထက်ပါ မြေပြင်စစ်ရေး အခြေနေများကြောင့် အများပြည်သူများအနေဖြင့် လွိုင်ကော် - ဒီးမော့ဆို လမ်းမကြီးအပါဝင် ၎င်းနှင့် ဆက်စပ်လျှက်ရှိသော လမ်းသွယ်များအား အသုံးပြုသွားလာခြင်းများမပြုလုပ်ကြပါရန်တိုက်တွန်းအပ်ပါသည်။
လွိင်ကော်- ဒီးမော့ဆို လမ်းမကြီး နှင့် ပက်သက်၍ အများပြည်သူများသို အသိပေးခြင်း
၂၀၂၄ ခုနှစ် ၊ ဩဂုတ်လ (၇)ရက်
ကရင်နီပြည်နယ် ၊ လွိင်ကော် - ဒီးမော့ဆို ပြည်ထောင်စုလမ်းမကြီး နှင့် စပ်ဆက်သည့် နေရာများ တစ်လျှောက်တွင် ဇူလိုင်လမှစ၍ ယနေ့ထိ မိမိတိုတော်လှန်ရေးတပ်များနှင့် စစ်ကောင်စီစစ်ကြောင်းများအကြား ထိတွေ့တိုက်ပွဲများ ရက်ဆက်ဖြစ်ပွားနေ၍ အထက်ပါလမ်းမကြီးနှင့် ဆက်စပ်သော လမ်းသွယ်များအား အများပြည်သူများအနေဖြင့် အသုံးပြုသွားလာခြင်းများ မပြုလုပ်ကြပါရန် မေတ္တာရပ်ခံ အသိပေးလိုပါသည်။
ဇူလိုင်လ မှစ၍ လွိင်ကော်မြိုတွင် မိမိတိုတော်လှန်ရေးတပ်များနှင့် စစ်ကောင်စီစစ်ကြောင်းများအကြား မိုင်းလုံး ၊ ရွာတန်းရှည် ၊နမ့်ဘော်ဝမ် ၊ ထူဒူငံသ၊ စိုက်ကွင်း(၃) ၊ ဒေါဆန်းဘွန်း နှင့် ပန်ကန်း ရပ်ကွက်/ကျေးရွာများ တစ်လျှောက် ထိတွေ့တိုက်ပွဲများ ယနေ့ထိနေ့စဉ်ဖြစ်ပွားနေပါသည်။ ထိုအတူ စစ်ကောင်စီတပ်ဖွဲများမှာ လမ်းမကြီးများဘေး နှင့် ရပ်ကွက်များအတွင်း ကင်းပုန်းများဝပ်၍ ဖြတ်သန်းသွားလာမိသော အရပ်သားပြည်သူများအား တားဆီးစစ်ဆေးခြင်းများမရှိသလို အမေးမြန်းမရှိ ပစ်ခက်မှုများပြုလုပ်နေ၍ ယခုရက်ပိုင်အတွင်း အကြောင်းမဲ့သေဆုံးနေရသော အရပ်သားလူထုများရှိနေသည့်အတွက် အထက်ပါ ရပ်ကွက်/ကျေးရွာများသို ဝင်ထွက်သွားလာခြင်း ၊ နေအိမ်ပြန်ကြည့်ခြင်း ၊ ပစ္စည်းပြန်လည်ဝင်ရောက် သယ်ယူခြင်းများကို မပြုလုပ်ကြပါရန် နှင့် လတ်တလောမြေပြင်စစ်ရေးအခြေနေများအရ လွိင်ကော်- ဒီးမော့ဆို ပြည်ထောင်စု လမ်းမကြီးအပါအဝင် လမ်းမကြီးနှင့် ဆက်စပ်နေသည့် လမ်းသွယ်များ (ပမာ- ဟိုဖိတ်- (၆)မိုင် -ပန်ကန်း လမ်း) ကိုပါ အသုံးပြုသွားလာခြင်းများမပြုလုပ်ကြပါရန် အထူးမေတ္တာရပ်ခံ အသိပေးလိုပါသည်။
KNDF ဗဟိုသတင်းနှင့်ပြန်ကြားရေးဌာန
ဖားဆောင်းမြို့တွင် စစ်ကောင်စီ၏အခြေစိုက်တပ်များနှင့် ကာကင်းစခန်းများအား မိမိတို့တော်လှန်ရေးတပ်ဖွဲ့များမှ စဉ်ဆက်မပြက် တိုက်ခိုက်မှုများ လုပ်ဆောင်နေ၍ ဇူလိုင်လအတွင်း ထိတွေ့တိုက်ပွဲများ ကြိုကြားဖြစ်ပွားခဲ့ပါသည်။ ထို့အတူ ဒီးမောဆိုမြို့နယ် အခြေစိုက်စစ်ကောင်စီ၏ အမှတ်(၄၂၇)တပ်ဖက်မှ စစ်ကြောင်းတစ်ခုမှာ ဒီးမော့ဆို - (၆)မိုင်လမ်းမကြီးပေါ် ရှိ ဒေါခလိုက်လင်းကျေးရွာဖက်သို့ ဇူလိုင်လ (၂၂)ရက်နေ့တွင် ရောက်ရှိလာခဲ့၍ မိမိတို့တပ်ဖွဲ့များမှ တန်ပြန်တိုက်ခိုက်ခဲ့ရာ ထိတွေ့တိုက်ပွဲငယ်များ ကြိုကြားဖြစ်ပွားခဲ့ပါသည်။
စစ်ကောင်စီတပ်ဖွဲ့များအား ခုခံတိုက်ခိုက်ရင်း တိုက်ပွဲများအတွင်း အသက်ပေးသွားခဲ့ရသည့် KNDF ရဲဘော်များအား အာဇာနည်သူရဲကောင်းများအဖြစ် မိမိတို့ KNDF မှ အစဉ်အမြဲလေးစားမှတ်တမ်းတင်ထားမည်ဖြစ်ပါသည်။
ဇူလိုင်လအတွင်း လွိုင်ကော်မြို့တွင် တိုက်ပွဲများအတွင်း စစ်ကောင်စီ၏ လက်နက်ကြီးများ ၊ ဒရုန်းဖြင့်ဗုံးကြဲတိုက်ခိုက် မှုများကြောင့် အရပ်သားပြည်သူထိခိုက်ဒဏ်ရာရရှိမှုများပြားခဲ့ပြီး သေဆုံးသူ(၅)ဦးနှင့်အထက်ရှိနိုင်ပါသည်။ ထို့အတူ စစ်ကောင်စီမှ လက်နက်ကြီး၊ ဒရုန်းဖြင့်ဗုံးကြဲတိုက်ခိုင်ခြင်း နှင့် မီးရှို့ဖျက်ဆီးခြင်းများကြောင့် ဇူလိုင်လအတွင်း လွိုင်ကော်မြို့တွင် မိုင်းလုံး ၊ ရွာတန်းရှည် ၊ ပန်ကန်းတစ်လျှောက်ရှိ ပြည်သူလူထု နေအိမ် (၉၀)ကျော် မီးလောင်ပျက်ဆီးခဲ့ရပါသည်။ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဖယ်ခုံမြို့နယ် အနောက်ဖက်ခြမ်းရှိ စစ်ဘေးရှောင်စခန်းတစ်ခုအား ဇူလိုင်လ(၁) ရက်နေ့ နေ့လည်(၁)နာရီ ကျော်အချိန်တွင် စစ်ကောင်စီမှ ဂျက်ဖိုက်တာဖြင့် (၂)ကြိမ်လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး စစ်ရှောင်နေအိမ် (၅) လုံးခန့်နှင့် စာသင်ကျောင်းတစ်ခု ထိခိုက်ပျက်ဆီးမှုများရှိခဲ့ပါသည်။
ဇူလိုင်လ (၁)လတာ စစ်ရေးအခြေနေများအား ထုတ်ပြန်ခြင်း
စာအမှတ် - KNDF /၁ /၂၀၂၄ (၀၀၅)
၂၀၂၄ ခုနှစ် ၊ ဩဂုတ်လ (၃)ရက်
ကရင်နီပြည်နယ်တွင် ဇူလိုင်လ (၁)လတာအတွင်း လွိုင်ကော် ၊ ဖားဆောင်း နှင့် ဒီးမော့ဆိုမြို့နယ်များတွင် စစ်ကောင်စီတပ်ဖွဲ့များနှင့် မိမိတို့တော်လှန်ရေးတပ်များအကြား ထိတွေ့တိုက်ပွဲများ ဖြစ်ပွားခဲ့သလို ကရင်နီနှင့် ရှမ်းတောင်နယ်စပ် ဖယ်ခုံ ၊ ပင်လောင်း ၊ ညောင်ရွှေ မြို့နယ်များတွင်လည်း စစ်ကောင်စီစစ်ကြောင်းများအား မိမိတို့တော်လှန်ရေးတပ်များမှ တန်ပြန် ထိုးစစ်ဆင်ခဲ့၍ တိုက်ပွဲများဖြစ်ပွားခဲ့ပါသည်။
လွိုင်ကော်မြို့တွင် ၂၀၂၄ ခုနှစ် ၊ ဇွန်လမှ စ၍ စစ်ကောင်စီမှ အင်အားဖြည့်တင်းကာ စစ်မျက်နှာများဖြန့်ခွဲ၍ စစ်ကြောင်းထိုး ထိုးစစ်ဆင်မှုများ လုပ်ဆောင်လာခဲ့သောကြောင့် မိမိတို့ KNDF တပ်များနှင့်အတူ တော်လှန်ရေးတပ်ဖွဲ့များပူးပေါင်း၍ တန်ပြန်တိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ပြီး ဇူလိုင်လ (၁)လတာအတွင်း ထေးငှားလျား ၊ နာနတ်တော ၊ဘာဒို ၊ ထီရိ ၊ မိုင်းလုံး ၊ ရွာတန်းရှည် ၊ ထူဒူငံသ နှင့် ပန်ကန်း ရပ်ကွက်/ကျေးရွာများ တစ်လျှောက် ထိတွေ့တိုက်ပွဲများဖြစ်ပွားခဲ့ပါသည်။ ဇူလိုင်လ အစမှစ၍ လွိုင်ကော်မြို့ရှိ မိုင်းလုံး ၊ ရွာတန်းရှည်၊ ထူဒူငံသ ဖက်သို့ စစ်ကြောင်းများဖြန့်ခွဲ၍ ထိုးလာသော စစ်ကောင်စီတပ်များအား မိမိတို့ KNDF တပ်များနှင့်အတူ တော်လှန်ရေးပူးပေါင်းတပ်များမှ ဇူလိုင် (၄) ရက်နေ့မှစ၍ တန်ပြန်ထိုးစစ်ဆင်တိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ပြီး အထူးသဖြင့် မိုင်းလုံး ၊ ရွာတန်းရှည် ၊ GTC ကျောင်း ၊ မြကလပ်တောင် ၊ ထူဒူငံသ နှင့် ပန်ကန်းတို့တွင် (၁)လတာလုံး နေ့စဉ်တိုက်ပွဲများဖြစ်ပွားခဲ့ပါသည်။ အထက်ပါတိုက်ပွဲများအတွင် စစ်ကောင်စီဖက်မှ ထိခိုက်သေဆုံးမှုများသလို ၎င်းတို့ထံမှ လက်နက်ငယ် (၄)လက်နှင့် ခဲယမ်း မီးကျောက်များ ၊ အသုံးဆောင်များအား သိမ်းဆည်းရရှိခဲ့သလို တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် (၁)ဦး လက်နက်ငယ် (၁)လက်နှင့်တကွ မိမိတို့ထံ လာရောက်ပူးပေါင်းခဲ့ပါသည်။ ထို့အတူ နာနတ်တော ၊ ထေးငှားလျားရပ်ကွက် နှင့် ဘာဒိုကျေးရွာ ၊ ထီရိကျေးရွာများ ဖက်တွင် စစ်ကြောင်းထိုးတပ်စွဲထားသော စစ်ကောင်စီတပ်ဖွဲ့များအား မိမိတို့ KNDF မှ တိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့၍ ထိတွေ့တိုက်ပွဲများ ကြိုကြားဖြစ်ပွားခဲ့ပါသည်။
ရှမ်းပြည်နယ်တောင်ပိုင်းမှ ကရင်နီပြည်နယ်ဖက်သို့ ဦးတည်သော စစ်ကောင်စီနှင့် PNO ပြည်သူ့စစ်ပူးပေါင်း အင်အား (၅၀၀) ကျော်ပါသောစစ်ကြောင်းမှာ ၂၀၂၄ ခုနှစ် ၊ ဇွန်လ (၁၅) ရက်နေ့မှ ဇူလိုင်လ (၁၅) ရက်နေ့ထိ တစ်လကြာ ပင်လောင်းဖက်မှ ဆောင်းပြောင်း ၊ နောင်ဝိုးဖက်သို့ စစ်ကြောင်းထိုးလာခဲ့၍ မိမိတို့တော်လှန်ရေး ပူးပေါင်းတပ်များမှ ခုခံတိုက်ခိုက်ခဲ့ပြီး ထိတွေ့တိုက်ပွဲများ ပြင်းထန်ခဲ့ပါသည်။ ဆောင်းပြောင်း ၊ နောင်ဝိုးကျေးရွာများဖက်သို့ အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးလာသော စစ်ကောင်စီနှင့် PNO ပြည်သူ့စစ်တပ်ဖွဲ့ ပူးပေါင်းစစ်ကြောင်းများအား ဇွန်လ (၃၀) ရက်နေ့မှစ၍ မိမိတို့ KNDF တပ်ရင်းများနှင့်အတူ ပြည်သူ့ကာကွယ်ရေးတပ်များပူးပေါင်း၍ တန်ပြန်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပါသည်။ ဆောင်းပြောင်း နှင့် နောင်ဝိုးကျေးရွာများ တစ်လျှောက် ဇူလိုင်လ (၂) ရက်နေ့ထိ ထိတွေ့တိုက်ပွဲများ အထူးပြင်းထန်ခဲ့ပြီး တိုက်ပွဲများအတွင်း စစ်ကောင်စီနှင့် PNO ပြည်သူ့စစ်ပူးပေါင်းစစ်ကြောင်းများမှ (၂၀)ဦးနီးပါး ကိုချေမှုန်းသုတ်သင်နိုင်ခဲ့ကာ ဆောင်းပြောင်းရှိ အထိုင်စခန်းကုန်း (၁)ခု နှင့် ရဲစခန်းတို့အား မိမိတို့ဖက်မှ သိမ်းပိုက်၍ မီးရှို့ရှင်းလင်းနိုင်ခဲ့ပြီး လက်နက်ငယ်စုံ (၁၅) လက်နှင့် ခဲယမ်း မီးကျောက်များ ၊ အသုံးအဆောင်များအား သိမ်းဆည်းရရှိ၍ သုံ့ပမ်းများပါ ဖမ်းဆီးရရှိခဲ့ပါသည်။ နောင်ဝိုးဖက်ထိ ရောက်ရှိလာသော စစ်ကောင်စီနှင့် PNO ပြည်သူ့စစ်ပူးပေါင်း စစ်ကြောင်းများမှာလည်း မိမိတို့ပူးပေါင်းတပ်များ၏ တန်ပြန်တိုက်ခိုက်မှုများကြောင့် အထိခိုက်များစွာြဖင့် ဆောင်းပြောင်းဖက်သို့ ပြန်လည်ဆုပ်ခွာသွားခဲ့ပါသည်။ ထို့အတူ ဇူလိုင်လ (၁၈) ရက်နေ့မှစ၍ ညောင်ရွှေမြို့နယ် နှင့် ဖယ်ခုံမြို့နယ်အစပ်တွင်ရှိသော မှော်ဘီ- ဆီဆိုင် လမ်းပေါ်ရှိ စစ်ကောင်စီနှင့် PNO ပြည်သူ့စစ်ပူးပေါင်းထားသည့် လွယ်လုံစခန်းကုန်း ၊ စစ်ဆေးရေးဂိတ် တို့အား မိမိတို့တော်လှန်ရေးပူးပေါင်းတပ်များမှ တိုက်ခိုက်ခဲ့ပြီး စခန်းကုန်း (၂)ခုနှင့် စစ်ဆေးရေးဂိတ်တို့အား မီးရှို့ရှင်းလင်းနိုင်ခဲ့ကာ တိုက်ပွဲအတွင်း ရန်သူ(၃၀)ကျော်အား သုတ်သင်နိုင်ခဲ့၍ ၎င်းတို့ထံမှ လက်နက်ငယ်(၁၅)လက်နှင့် ခဲယမ်း ၊မီးကျောက်များ ၊ အသုံးအဆောင်ပစ္စည်းများအား သိမ်းဆည်းရရှိခဲ့ပါသည်။ ဇူလိုင်လ (၁)လတာ အတွင်းနှင့် လက်ရှိချိန်ထိ ဆောင်းပြောင်း ၊ ဖယ်ခုံနှင့် ညောင်ရွှေနယ်စပ်ရှိ စံကား ၊ မှော်ဘီဖက်တို့တွင် စစ်ကောင်စီ၏ စစ်ကြောင်းများဆက်ရှိနေ၍ နေ့စဉ်နီးပါး ထိတွေ့တိုက်ပွဲများ ဖြစ်ပွားနေပါသည်။
လွိင်ကော်မြိုတွင် ပြည်သူလူထုနေအိမ်များအား စစ်ကောင်စီတပ်ဖွဲများမှ နေ့စဉ်မီးရှိဖျက်ဆီးခြင်းများ လုပ်ဆောင်နေခြင်း ။
၂၀၂၄ ခုနှစ် ၊ ဇူလိုင်လ (၂၇)ရက်။
ကရင်နီပြည်နယ် ၊ လွိင်ကော်မြိုတွင် ဇွန်လ နောက်ဆုံးအပတ်မှစ၍ စစ်ကောင်စီတပ်ဖွဲများမှာ မိုင်းလုံးရပ်ကွက်အတွင်းသို အင်အားဖြည့်၍ စစ်ရေးလှုပ်ရှားမှုများစတင်ခဲ့ပြီးနောက် ဇူလိုင်လ (၁) ရက်နေ့မှစ၍ ယနေ့ထိ မိုင်းလုံး၊ ရွာတန်းရှည် ရပ်ကွက်များအတွင်းရှိ ပြည်သူလူထုနေအိမ်များအား အကြောင်းအရင်းမရှိ မီးရှိဖျက်ဆီးခြင်းများကို နေ့စဉ်နီးပါး ဆက်တိုက်လုပ်ဆောင်နေခဲ့ပါသည်။
လွိင်ကော်မြို ၊ မိုင်းလုံးရပ်ကွက်အတွင်း စစ်ကြောင်းဖြန့်၍ စစ်ရေးလှုပ်ရှားလာသော စစ်ကောင်စီတပ်ဖွဲများမှာ ဇူလိုင်လ (၁) ရက်နေ့မှစ၍ ရပ်ကွက်အတွင်းရှိ လူထုနေအိမ်အဆောက်အဦးများအား ဖျက်ဆီးဝင်ရောက်၍ ပစ္စည်းများယူဆောင်ခဲ့သည့်အပြင် မီးရှိဖျက်ဆီးခြင်းများကို နေ့စဉ် ရက်ဆက် လုပ်ဆောင်နေခဲ့ပြီး ဇူလိုင်လ (၂၇) ရက်နေ့ထိ ၎င်းတိုမီးရှိဖျက်ဆီးခြင်းကြောင့် မိုင်းလုံး ၊ ရွာတန်းရှည် ရပ်ကွက်များထဲရှိ ပြည်သူလူထုနေအိမ် (၆၀) ကျော် မီးလောင်ပျက်ဆီးခဲ့ပါသည်။
(၁၁.၁၁)တစ်လေးလုံး စစ်ဆင်ရေးစတင်သည့်အချိန်မှစ၍ ယနေ့အထိ လွိင်ကော်မြိုအနှံတွင် မိမိတိုတော်လှန်ရေးတပ်ဖွဲများ နှင့် စစ်ကောင်စီတပ်ဖွဲများအကြား ထိတွေ့တိုက်ပွဲများမှာ ရပ်တန့်သွားခဲ့ခြင်း မရှိဘဲ တိုက်ပွဲများဆက်တိုက် ဖြစ်ပွားနေဆဲဖြစ်ကြောင်း အသိပေးလိုပါသည်။
ဇွန်လ နောက်ဆုံးအပတ်မှစ၍ စစ်ကောင်စီတပ်ဖွဲများမှာ လွိင်ကော်မြို၊ မိုင်းလုံးရပ်ကွက်အတွင်းသို အင်အားဖြည့်ကာ စစ်ကြောင်းများဖြန့်ထိုး၍ စစ်ရေးလှုပ်ရှားလာခဲ့သောကြောင့် မိမိတို KNDF တပ်ရင်းများနှင့်အတူ KA ၊ MK CDF တိုပူးပေါင်း၍ စစ်ကောင်စီတပ်ဖွဲများအား တန်ပြန်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ မိုင်းလုံး ၊ ရွာတန်းရှည် ၊ ထူဒူငံသ ၊ လွိင်ကော်နည်းပညာတက္ကသိုလ် နှင့် မြကလပ်တောင်တိုတွင် ဇူလိုင်လ (၄) ရက်နေ့မှစ၍ ထိတွေ့တိုက်ပွဲများပြင်းထန်ခဲ့ပြီး ယနေ့ထိ တိုက်ပွဲများ ရက်ဆက်ဖြစ်ပွားနေဆဲ ဖြစ်ပါသည်။
တိုက်ပွဲများအတွင်းတွင်သာမက တိုက်ပွဲငြိမ်သက်ချိန်များတွင်ပါ စစ်ကောင်စီတပ်ဖွဲများမှာ ၎င်းတိုရောက်ရှိသည့် နေရာများအနီးရှိ ပြည်သူလူထု၏ နေအိမ်များအား အကြောင်းအရင်းမဲ့စွာ လိုက်လံမီးရှိဖျက်ဆီးခြင်းများကို နေ့စဉ်လုပ်ဆောင်လျှက်ရှိပါသည်။ပြည်သူလူထု၏ အိုးအိမ်စည်းစိမ်များအား အကြောင်းအရင်းမဲ့စွာ ဖျက်ဆီးလုပ်ဆောင်နေသော စစ်ကောင်စီတပ်ဖွဲများအား မိမိတိုတော်လှန်ရေးတပ်များမှ တန်ပြန်တိုက်ခိုက် ချေမှုန်းလျှက်ရှိ၍ အထူးသဖြင့် မိုင်းလုံး ၊ ရွာတန်းရှည် ၊ ထူဒူငံသ ရပ်ကွက်များတွင် ထိတွေ့တိုက်ပွဲများ နေ့စဉ်ဖြစ်ပွားလျှက်ရှိပါသည်။ထောက်ပိုမိဘပြည်သူများမှလည်း စစ်ဆင်ရေးများ အလျင်အမြန် ရည်မှန်းချက် ရောက်ရှိနိုင်ရေးအတွက် လိုအပ်သည့်အကူအညီများအား ကူညီထောက်ပံ့ပေးကြပါရန် တောင်းဆိုအပ်ပါသည်။
စစ်ကောင်စီမှ လွိင်ကော်မြိုတွင် တည်ငြိမ်နေသယောင် ဝါဒဖြန့်ကာ ၎င်းတို၏ယန္တရားများ ပြန်လည် လည်ပတ်နိုင်ရေးအတွက် မြိုနေလူထုများအားနေရပ်ပြန်ကြရန် စည်းရုံးလှုဆော်ကာ လူထုအားအသုံးချ အကာအကွယ်ယူရန်ကြိုးစားနေသည်ကို အထူးသတိပြုရန်လိုအပ်ပြီး အထက်ဖော်ပြပါ စစ်ရေးအခြေနေများနှင့် နောက်ဆက်တွဲ ဖြစ်ပေါ်လာနိုင်သည့် တိုက်ပွဲအခြေနေများကြောင့် ပြည်သူများအနေဖြင့် နေအိမ်ပြန်ခြင်းများ မပြုလုပ်ကြရန် ၊သက်ဆိုင်သည့် တာဝန်ရှိသူများထံမှ မှန်ကန်သည့် သတင်းအချက်အလက်များရယူကြရန် နှင့် မိမိတို၏ လုံခြုံရေးကို ဦးစားပေး၍ စစ်ရေးသတိရှိကြပါရန် အထူးတိုက်တွန်းပါသည်။
KNDF ဗဟိုသတင်းနှင့်ပြန်ကြားရေးဌာန
(၁၄၉) နှစ်မြောက် ကရင်နီအမျိုးသားနေ့သို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်မှ ပေးပို့သော သဝဏ်လွှာ ။
(၁၄၉) နှစ်မြောက် ကရင်နီအမျိုးသားနေ့သို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်မှ ပေးပို့သော သဝဏ်လွှာ ။
(၁၄၉) ကြိမ်မြောက် ကရင်နီအမျိုးသားနေ့သို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် မှ ပေးပို့သော သဝဏ်လွှာ။
July Phyo, [5/30/2024 8:11 PM]
Yo Yo (KNDF DCC)
https://www.facebook.com/pucci.yoyo?mibextid=LQQJ4d
🇦🇺 Australia 🇦🇺
KNDF ဗျူဟာ ၇
https://www.facebook.com/profile.php?id=61560303601806&mibextid=LQQJ4d
Paypal
Yo Yo (KNDF DCC)
https://www.facebook.com/pucci.yoyo?mibextid=LQQJ4d
#ProjectOneMoreStrike
#KNDF
