en
Feedback
တာတေ မဖဲဝါ စာအုပ်များ

တာတေ မဖဲဝါ စာအုပ်များ

Open in Telegram

ဖတ်ချင်တဲ့ မဖဲဝါ စာအုပ်များကို ပြောပြလို့ရပါတယ် တတ်နိုင်သမျှ ရှာပြီးတင်ပေးပါ့မယ် တခြားသရဲ စာအုပ်တွေ လည်း တင်ပေးမှာပါ #တာတေ #မဖဲဝါ #ညမဖတ်ရ #crd

Show more
3 790
Subscribers
+3024 hours
+2017 days
+1 07530 days
Posts Archive
"ဟာ …မဟုတ်တာ ခင်ထားရယ်၊ အဲဒီဆရာ ကိုတင်မောင် လာပြီးမှ နောက်နေ့ နင်တို့ပင့်တာ ကြွလာတာပဲ မဟုတ်လား" "အေး ဟုတ်သားပဲ ခင်ထားရဲ့၊ နောက်နေ့ တို့ပင့် တော့ ကြွတာပဲဟာ၊ စိတ်ဆိုးတဲ့ပုံစံမှ မပြတာ" မြနွယ်က ခင်ထားကို ပြောတာဗျ။ "အေး ဟုတ်တော့ ဟုတ်ပါတယ်၊ ဒါပေမဲ့ ငါက စိုးရိမ်လို့ ပြောတာပါဟယ်" ခင်ထားက ဆက်မပြောတော့ဘူးဗျ။ ကလေးမတွေက ဆက်မပြောတော့ပေမယ့် ကျုပ် စိတ်ထဲတော့ တော်တော်ကို ရှုပ်ထွေးနေတာဗျ ။ ဖျာလိပ်နတ် မအောင်ဖြူရယ်၊ ဝိုင်းဝ သရက်ပင် ပေါ်က သရဲမကြီးရယ်၊ ပြီးတော့ ဒီလမ်းထဲကို နာနာဘာဝတွေ အလာများတာရယ် တော်တော် ကို ရှုပ်ထွေးနေတာဗျ။ လေးလေးဘခင် ပြန်လာ တော့ ကျုပ်က ခပ်တိုးတိုး တိုင်ပင်ရတယ်။ လေးလေးဘခင်ကတော့ ရဲတွေလည်း မလာဘူး၊ သူ့သမီးတွေလည်း အစစ်အဆေး မခံရဘူးဆို တော့ စိတ်အေးနေတဲ့ပုံဗျ။ "လေးလေး၊ ညက ခွေးဟောင်သံတွေ ကြားလား" "အေး ကြားတာပေါ့ တာတေရာ၊ ဆူညံနေတဲ့ဥစ္စာ၊ ပြီးတော့ မင်းထကြည့်နေတာလည်း လေးလေး သိ ပါတယ်။ မင်း ဘာတွေ တွေ့လို့တုံးကွ" "သရဲကြီးတစ်ကောင် ဒီလမ်းထဲကို ဝင်လာတာဗျ လေးလေးရ၊ အဲဒါကို ဒီလမ်းထဲက ခွေးတွေက ဝိုင်း ဟောင်နေကြတာ" "သြော် …ဒါကြောင့်ကိုး " "အဲ…ဒါနဲ့ မပြီးသေးဘူးဗျ" "ဟေ …ဘာဖြစ်သေးလို့တုံး" "ကျုပ်ဝိုင်းဝက သရက်ပင်ကြီးပေါ်ကနေ ဖြူဖြူကြီး တစ်ခု ခုန်ဆင်းတယ်ဗျ။ အဲဒါ သရဲမကြီး လေးလေး ရ၊ အဲဒီသရဲမကြီးနဲ့ လမ်းထဲကို ဝင်လာတဲ့ သရဲကြီး နဲ့ သတ်ကြပုတ်ကြတာ လေးလေးရေ" "ဟေ …ဟုတ်လား" "ဒီသရက်ပေါ်က ခုန်ချတဲ့ သရဲမကြီးက နိုင်သွား လို့ မည်းမည်းအကောင်ကြီး လှည့်ပြန်သွားတယ်ဗျ၊ ကျုပ် သေသေချာ ကြည့်လိုက်တယ်။ အဲဒီသရဲမကြီး က ဟိုညက ဒီအိမ်ကို ပတ်ပြီး လျှောက်သွားတဲ့ သရဲမကြီးဗျ" "ဟေ …ဒါဆိုရင် ဒီသရက်ပင်ပေါ်မှာ နေတဲ့ ဟာကြီးပေါ့" "ဟုတ်တယ် လေးလေး၊ အဲဒါကို ဒီအတိုင်း ထားလို့ တော့ မရဘူးဗျ၊ တစ်ခုခုလုပ်မှာ ဖြစ်လိမ့်မယ်" "ဟေ၊ ဘယ်လိုလုပ်မှာတုံး တာတေ" "ကျုပ် မဖဲဝါကို တိုင်ပင်ကြည့်မယ်ဗျာ၊ သူပြော တဲ့အတိုင်း လုပ်ရမှာပဲ" "အေးကွာ၊ မင်းကောင်းသလိုသာ စီရင်ပါ တာ တေရာ" "ဒီအကြောင်းကို ကလေးမလေးတွေ မသိစေနဲ့ လေးလေး၊ သိရင် တအားကြောက်သွားလိမ့်မယ်" "အေးပါကွာ၊ လေးလေး မပြောပါဘူး" "ကျုပ် ဒီည မြို့က သင်္ချိုင်းထဲမှာ မဖဲဝါ သွားပြီး မေးမယ်၊ အမဲသား တစ်ပိဿာဝယ်ပြီး ထမင်း တစ်ခွက်ချက် ချက်ရမယ်" "ထမင်းကိုတော့ မရီကို ချက်ခိုင်းမယ်လေ၊ အ မဲသားတော့ လေးလေး သွားဝယ်လိုက်မယ်၊ မြို့မှာဆိုတော့ နေ့တိုင်း အမဲသား ရတာပဲ တာတေရာ" "ဟာ…လေးလေးတစ်ယောက်တည်း မသွားပါနဲ့၊ ကျုပ်လည်း လိုက်မှာပေါ့" စျေးမှာ လေးလေးနဲ့ ကျုပ်နဲ့ အမဲသား သွားဝယ် တယ်၊ အမဲသားဝယ်ရင်းနဲ့ ကျုပ်က ကားယား တင်မြင့်ကို တစ်ခါတည်း မှာခဲ့တာဗျ။ ညကျရင် သင်္ချိုင်းထဲကို ကျုပ်နဲ့ လိုက်ခဲ့ဖို့ ပြောခဲ့တာဗျို့။ ငယ်သူငယ်ချင်းတွေဆိုတော့ တင်မြင့်က ဝမ်း သာအားရနဲ့ လိုက်ခဲ့ဖို့ ကတိပေးတာဗျ။ ည ၈ နာရီထိုးတော့ ကားယားတင်မြင့် စက်ဘီးလေး နဲ့ ကျုပ် အိမ်ကို ရောက်လာတယ်။ ကျုပ်က ထမင်းတောင်းကို အဆင်သင့် လုပ်ထားပြီဗျ။ နှစ်ယောက်သား သင်္ချိုင်းဘက်ကို ထွက်ခဲ့တယ်။ တင်မြင့်က စက်ဘီးနင်းပြီးတော့၊ ကျုပ်က နောက် က ကယ်ရီယာပေါ်မှာ ထမင်းတောင်းလေး ပွေ့ပြီး လိုက်ခဲ့တယ်။ သင်္ချိုင်းက မြို့ရဲ့ အနောက်မြောက် ထောင့်မှာဗျ။ တော်တော်လေးတော့ နင်းရတယ်။ သင်္ချိုင်းထဲ ရောက်တော့ ခပ်ကျယ်ကျယ်ဂူကို လိုက်ရှာကြတယ်။ ကျောင်းဒကာ ပွဲစားကြီး ဦးမြ အသက် (၈၀) လို့ ရေးထားတဲ့ ဂူကြီးပေါ်မှာ ထမင်းတောင်းထဲက ငှက်ပျောဖက်နဲ့ ထုပ်ယူလာတဲ့ ထမင်းထုပ်ကို မဖဲ ဝါအတွက် ကျုပ်က ပြင်ဆင်ပေးလိုက်တယ်။ ဘေးမှာလည်း ပလပ်စတစ်ရေဖလား သောက်ရေ တစ်ဖလား ချပေးထားလိုက်တယ်။ ပြီးတော့မှ ဂူ ပေါ်မှာ ဖယောင်းတိုင်တစ်တိုင် ထွန်းပြီး စိုက်ထား လိုက်တယ်။ "ဖလပ်၊ ဖလပ်၊ ဖလပ်၊ ဖျန်း၊ ဖျန်း" ငှက်တွေ လန့်ပျံသွားကြတာဗျ။ ကျုပ်ထွန်းလိုက် တဲ့ မီးရောင်ကြောင့်လား တခြားအကြောင်းကြောင့် လားတော့ မသိဘူးပေါ့ဗျာ။ ကျုပ် မဖဲဝါ ပင့်တာကို တစ်ခါမှ မမြင်ဘူးတဲ့ ကားယားတင်မြင့်က အံ့သြ ပြီး ကျုပ်ကို ကြည့်နေတယ်ဗျ။ တကယ်တော့ ဒီသင်္ချိုင်းကုန်းက ကျုပ်နဲ့ သိပ်မစိမ်း ပါဘူးဗျာ။ ကျုပ် ငါးတန်းကျောင်းသားဘဝတည်းက ဘထစ်လို့ ကျုပ်တို့ခေါ်တဲ့ ကျုပ်သူငယ်ချင်း ဘချစ် နဲ့ လိုက်လာနေကျ သင်္ချိုင်းလေဗျာ။ ဘချစ် လူခေါင်းခွံတွေထဲက ကူးတို့ခ ပိုက်ဆံတွေ ခေါက်ပြီး ထုတ်ယူတာလည်း ဒီသင်္ချိုင်းထဲမှာပဲဗျ။ ဘထစ် အကြောင်းကို မဖတ်ရသေးရင်တော့ ကျုပ်ရေးခဲ့တဲ့ 'သင်္ချိုင်းတစ်ရာ မဖဲဝါ' စာအုပ်ထဲ က 'သုသာန်ကျောင်းက မောင်ဘထစ်'ဆိုတဲ့ ဝတ္ထုလေးကို ဖတ်ကြည့်ပေါ့ဗျာ။ ကားယားတင်မြင့်က ကျုပ်နားကို လာရပ်နေတာ မဟုတ်ဘူးဗျ။ ခပ်လှမ်းလှမ်းက ဂူကြီးတစ်ခုလုံးကို ကွယ်ပြီး ချောင်းကြည့်နေတာဗျ။ အခြေအနေမဟန် ရင် ကျုပ်ကိုထားပြီး ကားယားတင်မြင့်က ကားယား ကားယားနဲ့ ထွက်ပြေးမှာပေါ့ဗျာ။ "အရှေ့နေထွက်၊ အနောက်နေဝင်၊ တောင်တံငါ ကွန်၊ မြောက်ဓူဝံ၊ အတွင်း၊ ရောက်လေရာအရပ်က နေ အမြန်ဆုံး ကြွခဲ့ပါ၊ သင်္ချိုင်းရှင်မကြီး မဖဲဝါဗျာ ထနောင်းကုန်းက တာတေက သင်္ချိုင်းရှင်မကြီးကို စားပွဲနဲ့ ကြိုပါတယ်၊ မြန်မကြာ ကြွလာခဲ့ပါ သင်္ချိုင်း ရှင်မ မဖဲဝါဗျာ"

ကျော်ကျော်ဆိုတဲ့ ကောင်လေးကို လည် ပင်းချိုးတာလည်း ဒင်းပဲဗျ။ ဒါဆိုရင် ကလေး တွေ ပင့်ပြီး မေးကြတဲ့ ဖျာလိပ်နတ် မအောင် ဖြူရဲ့ တပည့်လက်သားဟာ ဒီသရဲမကြီးပဲ ပေါ့ဗျာ။ ကျုပ်သဘောပေါက်သွားပြီဗျို့။ ဒါဆိုရင် ဖျာလိပ်နတ် မအောင်ဖြူကို အ ကြောင်းကြားပြီး ဖယ်ထုတ်ရင် ရမလားလို့ ကျုပ်တွေးတယ်။ ဒါပေမဲ့ ကျုပ်က ဘာအဆင့်မှ မရှိဘဲနဲ့ နတ်ကို အ မိန့်ပေးလို့ မရနိုင်ဘူးဗျ။ (၃၇)မင်း နတ်တွေကို အထက်လမ်း ဝိဇ္ဇာတွေ ဆရာကြီးတွေကတော့ အမိန့်ပေးပြီး ခိုင်းစေလို့ ရတယ်ဗျ။ တာတေဆိုတာက ဆရာကြီးမှ မဟုတ်တာ၊ ဆ ရာကြီးတွေ လက်တိုတောင်းခိုင်းတဲ့ ကောင်လေး တစ်ယောက်ပဲလေဗျာ၊ ဘယ်လိုလုပ်ပြီး ဖျာလိပ် နတ်ကို အမိန့်ပြန်လို့ရမှာတုံး။ မနက် မိုးလင်းတော့ ကျုပ်စိတ်ကူးတစ်ခု ရတယ် ဗျ။ ဒါနဲ့ စောစောထပြီး သစ်စုန်းဆေးတော်ကြီးနဲ့ ပန်းပေါင်းဆေးတော်ကြီးကို ရေထဲမှာ ခြစ်ထည့် ပြီး ဖျော်လိုက်တယ်။ ကလေးမလေး ငါးယောက်ကို ခွက်ကလေးတွေ နဲ့ တစ်ယောက် တစ်ခွက်စီ သောက်ခိုင်းထား လိုက်တယ်။ ဘာဖြစ်လို့ ဆေးတော်ကြီးတွေ တိုက်ထားတာတုံးဆိုတော့ ကလေးတွေကို လိပ်ပြာလှလို့ဆိုပြီး အတင်းဝင်ကပ်မှာတို့၊ လိပ်ပြာနှုတ်ယူသွားမှာတို့ကို တွေးမိပြီး စိုး ရိမ်သွားလို့ဗျ။ နောက်တစ်နေ့ ကျုပ်အပြင်က ပြန်ရောက်တော့ ပြဿနာက စတော့တာပဲဗျာ။ အဲဒီနေ့က လွတ် လပ်ရေးနေ့ဗျ။ ကောင်မလေးတွေ ကျောင်းပိတ် တယ်။ ကျုပ်တို့ အပြင်သွားတုန်း ဒီကောင်မလေး တွေ ဖျာလိပ်နတ် ပင့်ကြတယ်တဲ့ဗျ။ ကျုပ်ပြန်ရောက်တော့ သူတို့ ငါးယောက် မျက်စိ မျက်နှာတွေ ပျက်နေကြတာဗျ။ "ဟဲ့ မြနွယ်၊ နင်တို့ငါးယောက် ဘာဖြစ်လို့တုံး၊ မျက်နှာလည်း မကောင်းပါလား၊ ဘာဖြစ်ကြ လို့တုံး" "ကိုကြီးတာတေ၊ ကျုပ်တို့ နေ့လည်က ဖျာလိပ် နတ် ပင့်တာ လုံးဝမကြွတော့ဘူးတော့်" မြနွယ်က ကျုပ်ကို ပြောတာဗျ။ "ဟေ…ဟုတ်လား၊ နင်တို့ သေသေချာချာ ပင့်လို့လား" "ဟာ ခါတိုင်းလိုပဲ ပင့်တာတော့်၊ လုံးဝမှကို မကြွတော့တာ" ကျုပ်က နဂါးဆေးပေါ့လိပ်ကလေး မီးညှိပြီး ဖွာလိုက်တယ်ဗျ။ ကျုပ်တွေးကြည့်တာတော့ ကျုပ် တိုက်ထားတဲ့ ဆေးတော်တွေကြောင့် ဖျာလိပ်နတ် မအောင်ဖြူ ကလေးမတွေနား မကပ်နိုင်တော့ဘူး ထင်တယ်ဗျို့။ ဒါပေမဲ့ ကောင်မလေးတွေဆိုတော့ ကောင်း အောင်ပြောရတာပေါ့ဗျာ။ "သူတို့လည်း မအားမလပ်တဲ့အခါ ရှိမှာပေါ့ မြနွယ်ရယ်၊ နတ်သဘင်အစည်းအဝေးတို့ ဘာတို့ ရှိတယ်လို့ ကိုကြီးတာတေ ကြားဖူး တာပဲ အဲဒီတွေ ဘာတွေ သွားနေရလို့ ရှိမှာ ပေါ့ဟာ" "ကျုပ်တို့က စိုးရိမ်တာတော့်၊ ကျုပ်အဘက ဆရာတွေ ခေါ်လာပြီး လုပ်ဟယ်ကိုင်ဟယ် ဆိုတော့ ကျုပ်တို့ကို မအောင်ဖြူ စိတ်ဆိုး သွားသလားလို့ပါ၊ နတ်စိတ်ဆိုးရင် မကောင်း ဘူးလို့ ပြောကြတယ်တော့်" ခင်ထားကလည်း စိုးရိမ်တကြီးနဲ့ ပြောတယ်ဗျို့။

ဟာ…ကျုပ်တို့ သရက်ပင်ပေါ်က ကျလာတာ လည်း သရဲမကြီးပဲဗျ။ ဟာ…ဒါ…ဒါ မနေ့ကည က ကျုပ်တွေ့တဲ့ သရဲမကြီးဗျ။ ကျုပ်တို့အိမ်ကို ပတ်ပြီး လျှောက်နေတဲ့ သရဲမကြီးဗျ။ အဲဒီညက ဝိုင်းဝမှာ ပျောက်သွားတာဗျ။ ကျုပ် စိတ်ထဲမှာ ထင်တာက ဝိုင်းအပြင်ကို ပြန်ထွက် သွားတယ်လို့ ထင်တာ။ တကယ်တော့ သရက် ပင်ကြီးပေါ်ကို ရောက်သွားတာဗျ။ အခု သရက်ပေါ်က ပြုတ်ကျလာတာ မဟုတ် ဘူးဗျ။ သရဲမကြီးက ခုန်ချလာတာဗျို့။ ဟော သရဲမကြီးက လမ်းပေါ်ကို ထွက်သွားပြီဗျို့။ "ဝုတ်၊ ဝုတ်၊ ဝုတ်၊ ဝုတ်၊ ဝူး၊ ဝူး၊ ဝူး၊ ဝူး" ဟာ…ခွေးတွေ အလုပ်ရှုပ်ကုန်ပြီဗျို့။ လမ်းပေါ် ကနေ လျှောက်လာတဲ့ မည်းမည်းသရဲကြီးကို ဝိုင်းဟောင်နေတဲ့ ခွေးတွေက သရက်ပင်ပေါ် က ခုန်ချလာတဲ့ ဖြူဖြူသရဲမကြီးကိုပါ ပြေး ဟောင်ရတော့တာပေါ့ဗျာ။ သရဲမကြီးဘက်ကို ပြေးဟောင်လိုက်။ မည်းမည်း သရဲကြီးကို ပြေးဟောင်လိုက်နဲ့၊ လမ်းပေါ်မှာ ခွေး အကောင် နှစ်ဆယ်လောက် ရုန်းရင်းဆန်ခတ်ကို ဖြစ်နေတာဗျို့။ မည်းမည်းသရဲကြီးက ရှေ့ဆက်မသွားတော့ဘဲ ရပ်နေတယ်ဗျ။ သူ့မျက်လုံးနီနီကြီးတွေကလည်း ဖြူဖြူသရဲမကြီးကို စိုက်ကြည့်နေတာဗျ။ သရဲမ ကြီးကလည်း တဖြည်းဖြည်းနဲ့ သရဲကြီးဆီကို တရွေ့ရွေ့နဲ့ သွားနေတာဗျို့။ "ဘုတ်၊ ဘုတ်၊ ဘုတ်၊ ဘုတ်" သရက်ပင်ပေါ်က ခုန်ချတဲ့ သရဲမကြီးရဲ့ ခြေသံ ကြီးတွေကလည်း အကျယ်ကြီးပဲဗျ။ "ဝူး၊ ဝူး၊ ဝါး၊ အီး အီး အီး" သရဲမည်းမည်းကောင်ကြီးက မာန်ဖီပြီး အော် လိုက်တယ်ဗျ။ ကျုပ်က မျက်ကွင်းဆေး ကွင်း ပြီး ကျန်နေတဲ့ ဆေးကို နားရွက်ကိုပါ လိမ်း ထားလိုက်ပြီး ဒိဗ္ဗစက္ခုဂါထာရော ဒိဗ္ဗသောတ ဂါထာရော ရွတ်လိုက်တာကိုဗျ။ ဒီတော့ အကောင်ကြီးတွေကိုပါ မြင်ရုံမကဘူး ဗျ။ အသံတွေကိုပါ ကြားနေရတာ။ လမ်းထဲက လူတွေကတော့ ခွေးတွေအသံပဲ ကြားနေရမှာ ပေါ့ဗျာ။ ခွေးအကောင်နှစ်ဆယ်ကလည်း သရဲ ကြီးနဲ့ သရဲမကြီးကို ဘေးက ပတ်ပြေးပြီး ဟောင် နေကြတာဗျ။ တစ်လမ်းလုံးဆိုတာ ခွေးသံတွေ နဲ့ ညံနေတာပါပဲဗျာ။ "ဘုန်း" ဟာ…ရိုက်ပြီဗျို့။ ရိုက်ပြီ။ သရဲမကြီးက ပြေး ရိုက်တာဗျ။ သရဲကြီးရဲ့ ရင်ဘတ်ကြီးကို သူ့ လက်ဝါးအကြီးကြီးနဲ့ ရိုက်လိုက်တာဗျ။ မည်းမည်းအကောင်ကြီး နောက်ကို ယိုင် သွားတယ်ဗျ "ဖျန်း" မည်းမည်းသရဲမကြီးက ရှေ့ကို ပြန်မတ်လိုက် ရင်းနဲ့ သရဲမကြီးရဲ့ မျက်နှာကို သူ့လက်ဝါးကြီး နဲ့ ရိုက်လိုက်တာဗျ။ ဖျန်းကနဲကို မြည်သွား တာဗျို့။ "ဘုန်း၊ ဘုန်း၊ ဖျန်း၊ ဖျန်း" ဟာ …ရိုက်ကြပြီဗျို့၊ တစ်ယောက် တစ်ပြန်စီကို ရိုက်နေတာဗျာ။ "ဝုတ်၊ ဝုတ်၊ ဝုတ်၊ ဝုတ်၊ ဝုတ်" ခွေးတွေကလည်း ဘေးကနေ ပတ်ပြီး ဟောင် နေကြတာဗျို့။ သရဲကြီးနှစ်ကောင်ကလည်း တစ်ကောင်နဲ့ တစ်ကောင် ရိုက်ကြပုတ်ကြနဲ့ အသေအကြေကို သတ်နေတာဗျ။ ခွေးတွေကလည်း တအားကို ဟောင်နေတာ ဗျို့။ ကျုပ်တောင်မှ မှောင်ထဲက ကြည့်နေရင်း ကြက်သီးတွေလည်း တဖျန်းဖျန်း ထလို့ဗျ။ "ဝူး၊ အား၊ အား၊ အီး၊ အီး၊ အီး၊ ဝူး" ဟာ…နှစ်ကောင်သား လုံးထွေးပြီး ဖက်သတ် ကြပြီဗျို့။ သရဲမကြီးက မည်းမည်းသရဲကြီးကို လည်ပင်းလိမ်ချိုးတာဗျ။ ဒါပေမဲ့ မည်းမည်း သရဲကြီးက လည်ပင်းတုတ်တုတ်ကြီးဆိုတော့ ဘာမှကို မဖြစ်တာဗျ။ ဒါဟာ သရက်ပင်ပေါ်က သရဲမကြီးရဲ့တိုက် နေကြပုံစံ ဖြစ်မယ်ဗျ။ လည်ပင်းကို လိမ်ချိုး ဖို့ပဲ သူကြိုးစားနေတာ။ မည်းမည်းသရဲကြီး က ဒေါသတွေ မထိန်းနိုင်အောင် ဖြစ်လာပြီး ဟာ… ကိုက်ပြီဗျို့။ သူ့ပါးစပ်ကြီးကို အကျယ်ကြီးဟပြီး သရဲမကြီး ရဲ့ ပခုံးကို ကုန်းကိုက်လိုက်ပြီဗျ။ သရဲမကြီးက တော်တော် နာသွားပုံပဲဗျ။ "အား၊ အီး၊ အီ" ဆိုပြီး တအားကြုံးအော်လိုက်တယ်ဗျ။ပြီးတာနဲ့ သရဲမည်းမည်းကြီးရဲ့ ရင်ဘတ်ကြီးကို သူ့ရဲ့ လက်ဝါးကြီးနဲ့ အသားကုန် ရိုက်လိုက်တာဗျို့။ "ဘုန်း" ဟာ…ပြင်းလိုက်တဲ့ လက်ဝါးရိုက်ချက်ဗျာ။ မည်းမည်းကောင်ကြီး နောက်ကို ယိုင်ပြီး ဖင် ထိုင်ရက်ကို ပြုတ်ကျသွားတာဗျို့။ "ဝုတ်၊ ဝုတ်၊ ဝုတ်" ခွေးတွေက ဖင်ထိုင်ရက်ကြီး လဲကျနေတဲ့ သရဲ ကြီးကို ထိုးဟောင်နေတယ်ဗျ။ ဖင်ထိုင်ရက် လဲ ကျနေတဲ့ သရဲကြီးက မြေကြီးကို လက်ဝါးကြီး နဲ့ ထောက်ပြီး ပြန်ထဖို့ လုပ်နေတာဗျ။ ရှေ့ကို ကုန်းကုန်းကြီး ဖြစ်နေတာပေါ့ဗျာ။ "ဘုန်း၊ ဘုန်း၊ ဘုန်း၊ ဘုန်း" ဒီအခွင့်အရေးကို သရဲမကြီးက လက်လွတ်မခံ ဘူးဗျ။ လွှားကနဲ ခုန်လိုက်ပြီးတော့ သရဲမည်း မည်းကြီးရဲ့ ကျောကုန်းကို သူ့လက်ဝါးကြီးနဲ့ ဆက်တိုက်ရိုက်တော့တာဗျာ။ သရဲမည်းမည်းကြီး ပြန်မထနိုင်တော့ဘဲ ရှေ့ကို ဟပ်ထိုးကြီး လဲကျသွားရောဗျို့။ ဒီတော့မှ သရဲမကြီးက နောက်ကို ပြန်ဆုတ် ပြီး ရပ်ကြည့်နေတာဗျ။ မည်းမည်းသရဲကြီးက လဲနေရာကနေ မနည်းကို ထယူနေရတာဗျို့။ မတ်တတ်ကြီးရပ်ပြီးတာနဲ့ ရှေ့ကို ဆက်မသွား တော့ဘဲ နောက်ကို ပြန်လှည့်ပြီး သူလာတဲ့ လမ်းအတိုင်း ပြန်သွားလေရဲ့ဗျာ။ "ဝုတ်၊ ဝုတ်၊ ဝုတ်၊ ဝုတ်" ခွေးတွေကလည်း ပြန်လှည့်သွားတဲ့ မည်းမည်း သရဲကြီး နောက်ကလိုက်ပြီး ဟောင်နေကြရော ဗျာ။ သရက်ပင်ပေါ်က ခုန်ချတဲ့ သရဲမကြီးက ဖျတ်ကနဲ ပျောက်သွားတယ်ဗျို့။ ဒီတစ်ခါတော့ ကျုပ်က သိနေပြီလေဗျာ။ သ ရက်ပင်ပေါ်ကို ကျုပ် လိုက်ကြည့်တယ်။ ဟုတ် ပါ့ဗျာ။ သရက်ပင်ပေါ်မှာ ငုတ်တုတ်ကြီး ထိုင် လို့ဗျ။ ခင်ထားကို လာပြီး ပိုးတဲ့ပန်းတဲ့ ကလေး တွေကို ရိုက်လွှတ်တာ ဒင်းလက်ချက်ပဲဆိုတာ ကျုပ် သိသွားပြီဗျ။

"အေး အဲဒါကြောင့်လားတော့ မသိဘူးကွ တင်မြင့် ရ၊ ဒီကောင်မလေးတွေ ပင့်တိုင်း ဖျာလိပ်နတ်က ကြွတာကွ၊ ပြီးတော့ သူ့ရဲ့တပည့်လက်သားတစ် ယောက်,ယောက်ကို အမြဲစောင့်ရှောက်ခိုင်းထား သလား မသိဘူးကွ၊ ဒီကလေးမလေးတွေကို စာ လိုက်ပေးတာတို့၊ ဆွဲလားလွဲလား လုပ်တာဆိုရင် ကျောကုန်းကို လက်ဝါးကြီးနဲ့ ရိုက်တာကွ" "သြော် …အဲဒါလား၊ ငါကြားတယ်လေ၊ ကျောင်း သားလေးတစ်ယောက် သေသွားတယ်ဆိုတာ မို့လား" "အေး ဟုတ်တယ်၊ အဲဒီကောင်မလေးတွေထဲမှာ ခင်ထားဆိုတဲ့ ကောင်မလေးက တော်တော်ချော တယ်ကွ။ အဲဒီကလေးမလေးကို ဖျာလိပ်နတ်က ထူးထူးခြားခြား ချစ်ခင်နေပုံပဲကွ၊ အဲဒီ ကလေး မလေးကို အနှောင့်အယှက်ပေးတဲ့ ကောင်လေး တွေကို ရိုက်တာကွ။ ဟိုတစ်ပတ်က ဖြစ်သွားတာ တော့ ခင်ထားကို တစ်ဖက်သတ် ကြိုက်နေတဲ့ ကောင်လေးတစ်ယောက်က အရက်တွေ မူးလာ ပြီး ကလေးမလေး နာမည်ကို အိမ်ရှေ့မှာ လာ အော်နေတာတဲ့ဟေ့။ အဲဒါ လည်လိမ်ချိုးပြီး သတ်ပစ်လိုက်တာတဲ့ကွာ" "အေး ငါကြားတယ် တာတေ၊ ဘယ်သူသတ်လို့ သတ်မှန်းလည်း မသိဘူးတဲ့၊ ဇက်ကျိုးပြီး သေ သွားတာဆိုပဲ၊ ဒီစျေးထဲမှာလည်း အဲဒီသတင်းပဲ ပြောနေကြတာပဲဟေ့၊ ခုရက်ကျမှ ဒီအကြောင်း သိပ်မပြောတော့တာ" "အေး၊ ငါပြောတဲ့ ပြဿနာဆိုတာ အဲဒါတွေကို ပြောတာကွ တင်မြင့်ရ" "တာတေရာ မင်းက ဆရာပဲ၊ လုပ်သင့်တာတွေ လုပ်လိုက်ပေါ့ကွာ" "ဟာကွာ၊ ငါက ဆရာမှ မဟုတ်တာ တင်မြင့်ရ၊ ဆရာကြီးတွေနဲ့ လျှောက်လိုက်ပြီး သူတို့ခိုင်းတာ ကို ကူညီလုပ်ပေးတဲ့ အဆင့်ပဲ ရှိတာကွ၊ ဆရာ ဆိုလို့ ပြောရဦးမယ်ဟေ့၊ ဟိုနေ့က လေးလေး ဘခင် ဆရာတစ်ယောက် ပင့်လာတယ်၊ မင်း တော့ သိမယ် ထင်တယ်၊ မြောက်ပိုင်းမှာ နေ တယ် ပြောတာပဲ၊ ဆရာ ကိုတင်မောင် ဆို တာလေ" "သြော် …နှုတ်ခမ်းမွေး ပြားပြားကြီးနဲ့ ဆရာလေ၊ သိတယ် သိတယ်၊ သူလည်း နာမည်ရှိသားပဲကွ၊ ပယောဂတွေ ဘာတွေ ကုနေတာပဲ" "အေး အဲဒီဆရာလေကွာ၊ အိမ်ရောက်လို့ ဘုရား မှာ ဖယောင်းတိုင်တွေ ဘာတွေထွန်း၊ အမွှေးတိုင် တွေ ဘာတွေ ထွန်းပြီး အမိန့်ပြန်ရုံပဲ ရှိသေးတာ ဟေ့၊ တစ်ခါတည်း ပြေးဝင်လာပြီး ရိုက်တော့တာ ဟေ့။ ဆရာဆိုတာ တင်ပလ္လင်ခွေရက်ကြီးနဲ့ ရှေ့ ကို စိုက်ကျသွားတာကွ၊ သူလည်း ဆက်မလုပ် ဝံ့တော့ဘူးပေါ့ကွာ၊ ကျောကုန်းမှာ လက်ဝါးရာ ကြီး ထင်သွားတယ်လို့ ပြောတယ်ကွ၊ လေးလေး ဘခင်တောင် အဲဒီသွားတယ်။ ဆရာ့ကို သတင်း သွားမေးတယ်" "ဟာ …မင်းတို့ဟာက ဘာတွေမှန်းကို မသိအောင် ဆိုးနေတာပဲ တာတေ။ ငါ့သူငယ်ချင်း မင်းလည်း သတိထားနော်" "အေးပါကွာ၊ ငါ့မှာက ဆရာကြီးတွေ ချီးမြှင့်ထား တဲ့ အင်းတွေ ဆေးတွေ အပြည့်အစုံ ရှိပါတယ်။ ငါ့ကိုတော့ လုပ်လို့ မရပါဘူးကွာ" "အေး အေး ကောင်းတယ်၊ သတိဆိုတာတော့ ပိုတယ် မရှိဘူးပေါ့ကွာ" ကားယားတင်မြင့်နဲ့ တွေ့ပြီးတော့ ဘကြီးအိမ်ကို သွားခဲ့တယ်။ ကျုပ်ဘကြီးကတော့ လူပျိုကြီးပီပီ ဘာအပူအပင်မှကို မရှိတာဗျ။ ကျုပ်ကလည်း ဘ ကြီးကို အကျိုးအကြောင်းတွေ ပြောပြရတာပေါ့ဗျာ။ အဲဒီနေ့က ဘကြီးအိမ်မှာ တစ်နေ့လုံး နေပြီး ည နေစောင်းတော့မှ ကျုပ်ပြန်လာခဲ့တာဗျ။ လေးလေးဘခင်တို့အိမ်ကို ကျုပ်ပြန်ရောက် တော့လေးလေးဘခင်က ကျုပ်ထက် စောပြီး ပြန်ရောက်နေတာဗျ။ "လာဟေ့ တာတေ ၊ ရေမိုးချိုးကွာ၊ ပြီးရင် ထမင်း စားရအောင်" "ကျုပ် ဘကြီးအိမ်က ရေချိုးလာတယ်ဗျ" ညစာ ထမင်းစားသောက်ပြီး လေးလေးနဲ့ ကျုပ်နဲ့ စကားစမြည်ပြောကြတာပေါ့ဗျာ၊ ရေနွေးကြမ်းလေး သောက်လိုက်၊ ဆေးလိပ်ကလေး ဖွာလိုက်ပေါ့ဗျာ။ ကောင်မလေးတွေကတော့ စာရေးကြ၊ ဖတ်ကြ၊ ကျက်ကြနဲ့ ညဆယ့်တစ်နာရီလောက်ရောက်တော့ မှ အိပ်ရာ ဝင်သွားကြတယ်ဗျ။ ခဏနေတော့ လေး လေးဘခင်နဲ့ ကျုပ်လည်း အိပ်ရာဝင်ခဲ့ကြတယ်။ "ဝူး၊ ဝူး၊ ဝူး၊ ဝူး၊ ဝုတ်၊ ဝုတ်၊ ဝုတ်" သန်းခေါင်ကျော်လောက်ရောက်တော့ လမ်းပေါ် က ခွေးအူသံရော၊ ဟောင်သံတွေ ကြားနေရတယ် ဗျ။ ကျုပ်လည်း လန့်နိုးသွားပြီး နားစွင့်နေတာပေါ့ဗျာ "ဝူး၊ ဝူး၊ ဝူး၊ ဝူး၊ အီ အီ၊ အီ" "ဝုတ်၊ ဝုတ်၊ ဝုတ်၊ ဝုတ်" အူတဲ့ခွေးတွေက အူပြီး ဟောင်တဲ့ခွေးတွေက လည်း ဟောင်နေကြတာဗျို့။ ကျုပ်လည်း အိပ် ရာက ကပျာကယာ ထပြီး မျက်ကွင်းဆေး သွေး ပြီး ကွင်းလိုက်တယ်။ ပြီးတာနဲ့ အိမ်ရှေ့က ဧည့် ခန်းလုပ်ထားတဲ့ ခုံတန်းလျားလေးမှာ ဝင်ထိုင် လိုက်တယ်။ "ဝူး၊ ဝူး၊ ဝူး၊ အီ၊ အီ၊ အီ" ခွေးအူသံကြီးက တဖြည်းဖြည်း ကျုပ်တို့ဘက်ကို ရောက်လာပြီဗျို့။ "ဘုန်း၊ ဘုန်း၊ ဘုန်း၊ ဘုန်း၊ ဘုန်း" ဟာ ခြေသံကြီးဗျာ၊ နည်းတဲ့အသံကြီး မဟုတ်ဘူး ဗျ။ ဒီခြေသံကြီး ကြားတာနဲ့တင် အကောင်ကြီး အကြီးကြီးမှန်း သိသားနေတာဗျ။ "ဝုတ်၊ ဝုတ်၊ ဝုတ်၊ ဝုတ်၊ ဝူး၊ ဝူး၊ ဝူး " ခွေးအုပ်ကြီးက အကောင်နှစ်ဆယ်လောက် ရှိတာဗျ။ တဖြည်းဖြည်းနဲ့ ကျုပ်တို့ရှေ့ကို ရောက်လာရောဗျို့။ ဟာ ခွေးတွေ ဝိုင်းဟောင်နေတာ သရဲကြီးပဲဗျ။ ဆံပင်ကြီး ဖားလျားကြီးနဲ့ဗျာ။ မျက်လုံးနီနီကြီး တွေက ရေနွေးကြမ်းသောက်တဲ့ ပန်းကန်တွေ လောက်ရှိတာဗျို့။ ပါးစပ်ထဲက သွားကြီးတွေ ကလည်း အစွယ်ကြီးတွေလို ငေါထွက်နေတာ ဗျို့။ "ဗြ၊ဲ ဗြဲ ၊ ဗြဲ၊ ဗြဲ၊ ဘုန်း" ဟာ…ကျုပ်တို့ဝိုင်းဝက သရက်ပင်ကြီးပေါ် အ ရွက်တွေ အကိုင်းတွေကို လှုပ်ရမ်းလိုက်သလို မျိုးဗျို့။ ဖျောင်း ဖျောင်း မြည်သွားပြီးတော့ သ ရက်ပင်ကြီးပေါ်က ဖြူဖြူကြီးတစ်ခု ပြုတ်ကျ သလို ပြုတ်ကျသွားတာဗျ။ မြေကြီးပေါ်ကို ရောက်တော့ ဘုတ်ဆိုတဲ့ အသံ ကြီး ကြားလိုက်ရတယ်ဗျို့။

"ဒါကလည်း ကျုပ်အထင်ပါ လေးလေးရာ၊ ဟုတ် ချင်မှလည်း ဟုတ်မှာပါ" လေးလေးနဲ့ ကျုပ်နဲ့ တိုင်ပင်ပြီးတော့ မြနွယ်တို့ ခင်ထားတို့တွေကို ဒီရက်အတွင်း ဖျာလိပ်နတ် မမေးဖို့ မှာထားတယ်။ ဖျာလိပ်နတ်ကို လက် ဖက်ဆက်တာတို့ ဘာတို့လည်း မလုပ်ဖို့ ပြော ထားတယ်ဗျ။ "အေး နောက်တစ်ခု ကိုကြီးတာတေ ပြောထားဦး မယ်၊ ခုရက်အတွင်း ထူးထူးခြားခြားဖြစ်တာရှိရင် ကိုကြီးကို ချက်ချင်း ပြောကြ ငါ့ညီမ၊ အိပ်မက် ထူးထူးခြားခြားမက်ရင်လည်း ပြောကြ ဟုတ်လား" "ဟုတ်ကဲ့ ကိုကြီးတာတေ" ကျုပ်နဲ့ လေးလေးလည်း မြို့ထဲ ထွက်ကြတယ်။ ကလေးမလေးတွေကလည်း ကျောင်းသွားတက် မှာဆိုတော့ အိမ်မှာ အရီးမရီတစ်ယောက်တည်း ချက်ပြုတ်ကျန်နေခဲ့တာဗျ။ တော်သေးတာပေါ့ဗျာ အရီးမရီက မကြောက်တတ်ပေလို့ပေါ့၊ လေးလေး ဘခင်နဲ့ ကျုပ်နဲ့ ထမင်းသုတ် တစ်ယောက်တစ်ပွဲ စားတယ်၊ ထမင်းသုတ်ကလည်း တော်တော် ကောင်းတာဗျ။ အမဲကြော်ကလည်း မွမွလေးဗျာ။ ထမင်းသုတ် စားပြီးတော့ လက်ဖက်ရည် တစ် ယောက်တစ်ခွက် သောက်ကြတယ်ဗျ။ ပြီးတော့ ကျုပ်က နဂါးဆေးပေါ့လိပ်ကလေး ဖွာလိုက်တယ်။ လေးလေးဘခင်ကတော့ ဒေါ်သိန်းခင်ဆေးပေါ့ လိပ် သောက်တယ်ဗျ။ ဒေါ်သိန်းခင် ဆေးပေါ့ လိပ်ကို ကျုပ်တို့ဆီမှာ ကြားကြာနီဆေးလိပ်တို့ လည်း ခေါ်တယ်ဗျ။ တံဆိပ်က ကြိုးကြာနီပုံလေး၊ အောက်က စာက ဒေါ်သိန်းခင်လို့ ရေးထားတာ။ ဆေးလိပ်ဆိုတာကတော့ ကိုယ့်အကြိုက်နဲ့ ကိုယ် ပဲပေါ့ဗျာ "လေးလေး ကျုပ်လည်း မြို့ရောက်တာ နှစ်ရက် ရှိပြီ၊ ခုထိ ဘကြီးအိမ် မရောက်သေးဘူး" "အေး သွားလိုက်ဦးလေ တာတေရာ၊ ငါလည်း ကိုလူဝ ခေါ်ပြီး ဆရာကိုတင်မောင်တို့အိမ်ဘက် သွားလိုက်ဦးမယ်၊ ဆရာကိုတင်မောင်ဖို့ စားစ ရာ သောက်စရာလေးတွေလည်း ဝယ်သွားဦး မယ်၊ သတင်းလည်း မေးရင်ပေါ့ကွာ၊ သူ့ကျော ကုန်းက လက်ဝါးရာကြီးကလည်း သက်သာရဲ့ လား မသိဘူးကွ" လေးလေးနဲ့ ကျုပ်နဲ့ တစ်ယောက်တစ်နေရာ ထွက်ခဲ့ကြတယ်။ ကျုပ်က ဘကြီးအိမ်ဘက်၊ လေးလေးက မြောက်ပိုင်း။ ဘကြီးအိမ် သွားရင်းနဲ့ စျေးရုံကြီးထဲ ဝင်ခဲ့တယ်။ ကျုပ်သူငယ်ချင်း စျေးကောက် တင့်မြင့် ရှိတယ် လေဗျာ။ လမ်းလျှောက်ရင်း ကားယား ကားယား နဲ့ ဘဲသွား,သွားတဲ့ ကောင်ဗျ။ ကျုပ်ရေးခဲ့တဲ့ 'စျေးသရဲ'ဆိုတဲ့ ဝတ္ထုမှာ တင်မြင့် အကြောင်း ပါတယ်လေဗျာ၊ ဒီတုန်းက ဒီကောင် လာခေါ်လို့ စျေးသရဲကိစ္စမှာ ကျုပ်ဝင်ပါခဲ့ရတာ လေ။ ကျုပ်က စျေးခေါင်းရုံးဘက် လျှောက်လာ တာဗျ။ ဟော အဆင်သင့်ပါပဲဗျာ။ ကားယားတင်မြင့်ကို ငုတ်တုတ်ကြီး ထိုင်နေတာ တွေ့လိုက်ရတယ်ဗျို့။ "ဟကောင် တာတေ၊ ဘယ်တုန်းက ရောက်နေတုံး" "ငါရောက်တာ နှစ်ရက်ရှိပြီကွ" "မင်းကွာ၊ နှစ်ရက်ရှိတာတောင် ငါ့ဆီ မလာဘူး" "မင်းဆီလာဖို့နေနေသာသာ ငါ့ဘကြီးဆီတောင် အခုထိ မရောက်သေးဘူးကွ" "ဟေ…မင်းက ဘာတွေများ ဒီလောက်အလုပ် များနေတာတုံး၊ တာတေရ" "လေးလေးဘခင် ခေါ်လို့ လိုက်လာတာကွာ၊ လေးလေးဘခင်ဆိုတာ တို့ရွာနားက ဘန့်ဘွေး ကုန်းကကွ၊ သူ့သမီးက မြို့မှာ ကျောင်းလာ တက်နေတာ၊ သူတို့နေတာက မြို့အနောက် ပိုင်းမှာကွ၊ လေးလေးဘခင်က လူချမ်းသာလေ၊ မြို့မှာ အိမ်ဝယ်ထားတယ်၊ အဲဒီမှာ ကလေးမ လေး ငါးယောက် အတူတူနေကြတာကွ၊ ငါ တို့ရွာက ကလေးလည်း ပါတယ်၊ အဲဒီမှာ ပြဿနာ နည်းနည်း ရှိနေလို့ကွ" "ဟေ …ဘာပြဿနာတုံးဟ" "ဒီလိုဟေ့၊ ကလေးမတွေက ထုံးစံအတိုင်းပေါ့ ကွာ၊ မိန်းကလေးတွေ စုမိတော့ ဖျာလိပ်နတ် မအောင်ဖြူ မေးကြတာပေါ့ကွာ" "ဟာကွာ၊ ဒါ ပြဿနာမှ မဟုတ်တာ၊ တခြား နေရာတွေမှာလည်း ဖျာလိပ်နတ်က မေးကြ တာပါပဲကြာ" "အေး မင်းပြောတာတော့ ဟုတ်တယ် တင်မြင့် ရဲ့၊ ဒါပေမဲ့ မတူဘူးကွ။ တခြားနေရာမှာ မေးတာ က ဖျာလိပ်နတ် တကယ်ဝင်ချင်မှ ဝင်မှာ၊ ကောင် မလေးတွေ သူတို့ဟာ သူတို့ ဖျာလိပ်ကို ယိုင်ပေး ပြီး ခေါင်းကိုရိုက်တာ ဖြစ်ရင်ဖြစ်မယ်" "အေးပေါ့ကွာ၊ ဒါကတော့ ဟုတ်ရင်လည်း ဟုတ် မှာပေါ့၊ အပျော်သဘော မေးကြတာပဲဟာ" "ဒီကလေးမတွေ ဖျာလိပ်နတ် ပင့်တာက တ ကယ်ဝင်လာတာကွ" "ဟေ…ဟုတ်လား၊ မင်း တွေ့လို့လား" "ငါကိုယ်တိုင် ပုန်းပြီး ချောင်းကြည့်လို့ တွေ့တယ်။ ကလေးမတွေလည်း ငါ့ကို အကုန်ပြန်ပြောတယ်ကွ" "တကယ်ဝင်တယ်ဆိုတော့ ဘယ်လိုဝင်လို့တုံးကွ" "ဟကောင်ရဲ့၊ ကလေးမလေးတွေ ကိုင်ထားတဲ့ ဖျာလိပ်က နတ်ဝင်သည် နတ်ပူးသလို တဆတ် ဆတ် တုန်နေတာကွ" "ဟာ တာတေရာ၊ ဒါကတော့ ဖျာလိပ်ကိုင်ထားတဲ့ ကောင်မလေးတစ်ယောက်က မသိမသာ လှုပ်ပေး နေမလားမှ မသိတာ" "မဟုတ်ဘူးကွ တင်မြင့်ရ၊ အဲဒီဖျာလိပ်ကို လက်နဲ့ မြှောက်မထားဘဲ ကြမ်းပြင်မှာ ချထားလည်း ဒီအ တိုင်း တုန်နေတာပဲကွ" "ဟေ …မင်းဟာ အဆန်းကြီးပါလား တာတေရ" "ပြီးတော့ တစ်ခုခုမေးလိုက်ရင် ဖျာလိပ်က ယိုင် ပြီး ခေါင်းကို ရိုက်တယ်မို့လား၊ အေး အခု ဒီကောင် မလေးတွေမေးတဲ့အခါ ဖျာလိပ်က ခါးလယ်ကနေ တစ်ဆစ်ချိုးပြီးမှ ရိုက်တာဟေ့" "ဟာ တာတေရာ၊ မင်းပြောတာနဲ့တင် ငါ့မှာ ကြက် သီးတွေ ဘာတွေ ထလို့ကွာ" "အေး ဒါကလည်း ပြဿနာ မဟုတ်သေးဘူးကွ၊ ပြဿနာက ဘာတုံးဆိုတော့ ဒီကောင်မလေးတွေ ကို ဖျာလိပ်နတ်က တော်တော်ချစ်နေတဲ့ပုံပဲကွ" "လိပ်ပြာလှလို့ ရှိမှာပေါ့ကွ၊ လိပ်ပြာလှရင် နတ်က ချစ်တယ်လို့ ပြောကြတာပဲ"

ဖျာလိပ်နတ်က သူချစ်တဲ့ လိပ်ပြာလှတဲ့ ခင်ခင် ထားကို သူ့ကိုယ်စား စောင့်ရှောက်ဖို့ ခပ်ကြမ်း ကြမ်း တပည့်လက်သားတစ်ယောက်ကို ခိုင်း စေထားလို့များ ခင်ခင်ထားနဲ့ ပတ်သတ်တဲ့ လူ တွေကို ကြမ်းကြမ်းတမ်းတမ်း ရိုက်ပုတ်လွှတ် တာတို့၊ လက်လွန်ပြီး သေတဲ့အထိ လုပ်ပစ် တာတို့ ဖြစ်နိုင်တယ်ဗျ။ ခွေးတွေ ဝိုင်းအူနေတဲ့ တစ္ဆေကတော့ ဟိုတနေ့ကမှ သေသွားတဲ့ ကောင်လေးဖြစ်မှာ သေချာတယ်ဗျ။ သေတဲ့ အချိန်မှာ အရက်တွေကလည်း မူးနေပြီး တော့ ခင်ခင်ထားကို စွဲလန်းတဲ့စိတ်နဲ့ သေတာဆို တော့ တစ္ဆေဘဝကို ရောက်သွားပြီး ဒီလမ်းထဲမှာ လျှောက်သွားနေတာ ဖြစ်မယ်ဗျ။ ဒီတစ္ဆေလေးကို တွေ့ရတာလည်း ကျုပ်တော့ တော် တော်ကို စိတ်မကောင်းဖြစ်မိတယ်ဗျာ။ မျက်နှာကြီးက ကျောကုန်းဘက်ကို ရောက်နေပြီးတော့့ လမ်းကို နောက်ပြန်ကြီး လျှောက်နေရတဲ့ ဘဝဗျာ။ ကျုပ်ကြည့်တောင် မကြည့်ရက်ဘူးဗျာ။ နောက်တစ် နေ့ရောက်တော့ လေးလေးဘခင်က စောစောစီးစီး ကျုပ်ကို မေးတယ်ဗျ။ "တာတေ၊ လေးလေးတို့ ဘာဆက်လုပ်ကြမှာတုံး" "ကျုပ်လည်း အဲဒါကိုပဲ စဉ်းစားနေတာဗျ။ အနေ အထားတွေက တော်တော်ကို ရှုပ်ထွေးနေတယ်" "ဟေ …ဟုတ်လား၊ ညက မင်း ဘာတွေမြင်တုံး၊ မင်းမှာ ဆေးဝါးအစုံအလင်ရှိတော့ မင်းကတော့ မြင်ရမှာပဲပေါ့၊ တာတေရာ၊ မင်းမြင်တာတွေ၊ လေး လေးကို ပြောစမ်းပါကွာ" ကျုပ်က နဂါးဆေးပေါ့လိပ်အသစ်တစ်လိပ်ကို မီး ညှိတယ်ဗျ။ ဆေးလိပ်ကလေးကို နှစ်ဖွာ သုံးဖွာ ဖွာလိုက်ပြီးတော့မှ ကျုပ်က စဉ်းစားတာဗျ။ လေး လေးဘခင်ကို ကျုပ် ညက မြင်တာတွေ ပြောလို့မှ သင့်တော်ပါ့မလား။ ဒါပေမဲ့ အခြေအနေတွေကို လေးလေးလည်း သိ သင့်တယ်လို့ ထင်တာနဲ့ ကျုပ်ပြောပြလိုက်တယ်။ "လေးလေးကို ကျုပ်ပြောမယ်၊ ညက ခွေးတွေ အူတဲ့အချိန် ကျုပ်မျက်လုံးကို ဆေးကွင်းပြီး ထကြည့်တယ်ဗျ" "အေး လေးလေး သိတယ်လေကွာ" "အဲဒါ ကျုပ်မြင်တာ လေးလေးကို ပြောပြမယ်" "အေး ပြောကွာ" ကျုပ်က အခန်းထဲမှာ အိပ်နေကြတဲ့ ကောင်မလေး တွေ မကြားအောင် လေးလေးအနားကို ကပ်ပြီး ခပ် တိုးတိုးပြောပြတာဗျ။ "ဟိုတစ်နေ့က သေသွားတဲ့ကောင်လေး တစ္ဆေဖြစ်ပြီး လျှောက်သွားနေတာ လေးလေးရဲ့" "ဟေ ဟုတ်လား၊ ဒီကောင်လေးမှန်း မင်း ဘယ်လို လုပ် သိတာတုံး တာတေရဲ့" "ဟာ လေးလေးကလည်း အသိသားကြီးဗျ၊ ဇက် ကြီး လိမ်ကျိုးနေပြီး မျက်နှာက ကျောကုန်းဘက် ကို ရောက်နေတာဗျ။ လမ်းလျှောက်တော့ နောက် ပြန်ကြီး လျှောက်တာဗျို့။ တစ်လှမ်းချင်း လှမ်းပြီး ဖြည်းဖြည်း ဖြည်းဖြည်း လျှောက်နေတာ၊ အဲဒါ ကိုခွေးတွေက ဝိုင်းအူပြီး ဟောင်နေကြတာဗျ။ ဒီ ကောင်လေးကို တွေ့တော့ ကျုပ်စိတ်ထဲမှာ တော် တော်ကို မကောင်းဖြစ်မိတယ် လေးလေးရာ" "ဖြစ်မှဖြစ်ရလေ တာတေရာ၊ လေးလေးလည်း စိတ်မကောင်းပါဘူးကွာ၊ မင်း ထကြည့်နေတာ သိပေမယ့် ခွေးအူသံတွေ ဝေးသွားတာ လေး လေးလည်း အိပ်ပျော်သွားတယ်ကွ" "ဟုတ်တယ် လေးလေး၊ လေးလေးက နေ့ခင်း ကလည်း ပင်ပန်းထားတာကိုး၊ ပြီးတော့ စိတ်ရော လူရော ပင်ပန်းနေတာမို့လား" "အေးကွာ၊ လေးလေးစိတ်တွေ တော်တော်ကို ရှုပ်နေတာကွ တာတေရ" "အဲဒါနဲ့ ပြောရဦးမယ် လေးလေးရ၊ ကျုပ်လည်း အိပ်ရာထဲဝင်ပြီး ပြန်အိပ်လိုက်တယ်၊ မှေးမှေး မှေးမှေးနဲ့ ပြန်ပြီး အိပ်ပျော်ကာစ ရှိသေးတာဗျ၊ ဘုတ်ဆိုတဲ့ အသံကြီးတစ်ခု ကြားပြီး နိုးလာတယ်" "ဟေ…ဘာသံကြီးတုံးကွ၊ လေးလေးကတော့ တစ်ချက်မှကို မနိုးတော့တာကွ" "တစ်ခုခုပြုတ်ကျသလိုလို တစ်ယောက်ယောက် ခုန်ချလိုက်သလို အသံဗျ၊ ဒါနဲ့ ကျုပ်လည်း အိမ် ထဲကနေ အသံကြားတဲ့ဆီကို ချောင်းကြည့်လိုက် ရောဗျို့၊ ကျုပ်က မျက်ကွင်းဆေးကိုလည်း မေ့ပြီး မဖျက်ဘဲ ထားလိုက်တာဆိုတော့ မြင်ရတာပေါ့ လေးလေးရာ" "ဟေ၊ ဘာကို မြင်ရတာတုံး တာတေ" "ဘုတ်၊ ဘုတ် ဆိုတဲ့ အသံကြီးဗျ၊ ခြေသံကြီး တစ်သံဗျ၊ အိမ်ဘေးကနေ ပတ်လျှောက်သွားပြီး အိမ်နောက်ကနေ ပတ်ပြီး ပြန်လျှောက်လာတာ ဗျ။ ကျုပ်လည်း ထရံပေါက်က ချောင်းကြည့်လိုက် တာ လေးလေးရ၊ သရဲမကြီးဗျာ၊ နည်းတဲ့ အကောင် ကြီး မဟုတ်ဘူးဗျ၊ ဆံပင်ဖားလျားကြီးနဲ့ ထဘီက ဒူးခေါင်းလောက် တိုတိုကြီး ဝတ်ထားတယ်။အင်္ကျီ ကလည်း စုတ်ပြတ်နေပြီ။ မျက်လုံးကြီးနှစ်လုံးက နီရဲပြီး ပြူးထွက်နေတာဗျ၊ ပါးစပ်ကြီးကလည်း အကြီးကြီးဗျာ။ မျက်နှာရဲ့ သုံးပုံတစ်ပုံလောက် ရှိတယ်ဗျ။ ပါးစပ်ထဲက လျှာကြီးကလည်း တွဲ လောင်းကြီး ကျနေတာဗျ" "ဟေ …နောက်တော့ ဘယ်ရောက်သွားတုံး" လေးလေးဘခင်က ကျုပ်ပြောတာ ကြားရတော့ တော်တော်လေး လန့်နေတဲ့ပုံမျိုးဗျ။ "ကျုပ်လည်း လိုက်ကြည့်တာပဲဗျ။ ဒါပေမဲ့ ပျောက် သွားတော့ ဝိုင်းအပြင်ထွက်သွားသလား မသွားဘူး လား မသိလိုက်ဘူး လေးလေးရဲ့" "ဟေ …ဘယ်နားမှာ ပျောက်သွားတုံး" "ဝိုင်းဝမှာပဲ ပျောက်သွားတာဗျ" "ဟေ …ဟုတ်လား၊ ဝိုင်းဝမှာ ဟုတ်လား၊ ဒါဆိုရင် အပြင်ကို ပြန်ထွက်သွားတာ နေမှာပေါ့ကွ" "အဲဒါလည်း ဖြစ်တော့ဖြစ်နိုင်တယ်ဗျ" "မင်း ဘယ်လိုထင်တုံး တာတေ" "ကလေးမလေးတွေ ပြောပုံအရဆိုရင် ဖျာလိပ် နတ် မအောင်ဖြူက သူတို့ကို စောင့်ရှောက်တဲ့ သဘော ရှိတယ်ဗျ။ အဲဒါ ဖျာလိပ်နတ်က သူ့တ ပည့်လက်သား တစ်ယောက်,ယောက် ကလေး မတွေ စောင့်ရှောက်ဖို့ တာဝန် ပေးထားသလား မှ မသိတာ လေးလေးရဲ့" "အေးလေ၊ ဒါလည်း ဟုတ်နိုင်တာပဲ တာတေရ၊ ဒါပေမဲ့ကွာ၊ ကလေးတွေကိုစောင့်ရှောက်ပေးနေ တယ်ဆိုရင်လည်း ဒီလောက်အထိ ကြမ်းတမ်းတဲ့ တပည့်လက်သားကို ဖျာလိပ်နတ်က မထားသင့် ဘူးပေါ့ တာတေရာ"

ကျုပ်နားစွင့်လိုက်တယ်၊ ဘာသံမှ မကြား တော့ဘူး၊ ငြိမ်သွားပြန်တယ်။ "ဘုန်း၊ ဘုန်း၊ ဘုန်း" ဟော ခြေသံကြီးက အိမ်ဘက်ကို လျှောက်လာ တာဗျ။ ဟော အိမ်တောင်ဘက်ကို လျှောက်သွား တဲ့ အသံဗျ။ ဟာ တဖြည်းဖြည်းနဲ့ အိမ်အနောက် ဘက်ကို ရောက်သွားပြီဗျ။ လက်စသတ်တော့ အိမ်ကို ပတ်ပြီး လျှောက်နေတာဗျ။ ကျုပ် အိပ်ရာက ထပြီး ထရံပေါက်ကနေ ချောင်း ကြည့်လိုက်တယ်။ ခြေသံကြီးက တောင်ဘက်က နေ ဝင်သွားပြီး အိမ်အနောက်ဘက်ကနေ ပတ်ပြီး မြောက်ဘက်ကို ပတ်ပြီး ပြန်လာတာဗျ။ ကျုပ် စောင့်ကြည့်နေတယ်။ "ဘုန်း၊ ဘုန်း၊ ဘုန်း၊ ဘုန်း" ခြေသံက တော်တော်ကို ကျယ်တာဗျ။ ခြေသံ ဒီလောက်ပြင်းရင်တော့ အကောင်တော်တော်ကြီး မယ့်ပုံပဲဗျ။ ဟော လာပြီဗျို့။ လာပြီ။ ခြေထောက် ကြီးကို မြှောက်မြှောက်ပြီး ပြန်ချတာဗျို့။ ဒါကြောင့် ဘုန်းကနဲ့ ဘုန်းကနဲ မြည်တာကိုး။ ဟော …မြင်ရပြီဗျို့။ ကျုပ်တည့်တည့်ကို ရောက် လာပြီဗျာ။ ဟာ…နည်းတဲ့အကောင်ကြီးမှ မဟုတ် တာ။ မိန်းမဗျ။ ထဘီကြီးက ဒူးခေါင်းလောက် ဝတ် ထားတာ၊ ဆံပင်က ဖားလျားကြီးချပြီး မျက်လုံးကြီး တစ်လုံး တစ်လုံး ရေနွေးကြမ်းပန်းကန်လောက် ရှိတယ်။ နီရဲပြီး ပြူးထွက်နေတာဗျ။ အင်္ကျီကတော့ ပါတယ်။ ဒါပေမဲ့ စုတ်ပြဲပြီး အမွှာ အမွှာကျနေလို့ဗျို့။ ပါးစပ်ကြီးက အကြီးကြီးဗျာ၊ မျက်နှာရဲ့ သုံးပုံတစ်ပုံလောက်က ပါးစပ်ကြီးဗျ။ ပါးစပ်ထဲက လျှာနီနီကြီးက တွဲလောင်းတွဲလောင်း နဲ့ ရမ်းခါကျနေတာဗျို့။ အိမ်မြောက်ဘက်က ပတ်ပြီး အိမ်အရှေ့ဘက်ကို ထွက်လာတာဗျ။ ဟော ပျောက်သွားပြီဗျို့။ ဝိုင်းဝ က သရက်ပင်ကြီးနားလည်း ရောက်ရော ပျောက် သွားတာဗျို့။ ဝိုင်းအပြင် ထွက်သွားလား ထွက်မ သွားဘူးလားဆိုတာ ကျုပ် မသိလိုက်ဘူးဗျ။ ဒီသရဲမကြီးက ဘယ်ကရောက်လာတာတုံး။ ဒီဝိုင်းကို ဘာလို့ တစ်ပတ် ပတ်ရတာတုံး။ ကျုပ် စိတ်ထင်တော့ အိမ်ကို တစ်ပတ် ပတ်တာဗျ။ အိမ်ကို စောင့်ရှောက်တဲ့ သဘောပဲ။ ဘာကြောင့် သူက ဒီအိမ်ကို စောင့်ရှောက်ရတာတုံး။ ကျုပ် လည်း အခန်းထဲဝင်ပြီး ဝကွင်း ဆနွင်းဖြူဥကို သွေးလိုက်တယ်။ ပြီးတာနဲ့ မျက်ကွင်းဆေးကို ဖျက်ပစ်လိုက်တယ် တစ်အိမ်လုံးကတော့ အိပ်မောကျနေကြပြီဗျ။ လေးလေးဘခင်ဆိုရင် ဟောက်တောင် ဟောက် နေပြီ။ သူလည်း တစ်နေ့လုံး သူ့သားသမီးအ တွက်ရော ကလေးမလေးတွေ အတွက်ရော ပူပန်နေတာဆိုတော့ အိပ်ရောပေါ့ဗျာ။ ကျုပ်တွေ့နေ မြင်နေရတဲ့ အနေအထားတွေက တော့ တော်တော်ကို ရှုပ်ထွေးနေပြီဗျ။ ဒီအိမ်ကို တစ်ပတ်,ပတ်လျှောက်သွားတဲ့ သရဲမကြီးက ဘယ်က ရောက်လာတာတုံး၊ ကျုပ်နားထဲမှာ တော့ ခပ်မြင့်မြင့်တစ်နေရာကနေ ခုန်ချလိုက် တဲ့ အသံကို ကြားလိုက်သလိုပဲဗျ။ ကလေးမတွေ မအောင်ဖြူ ပင့်ပြီးမေးတော့ ဖျာ လိပ်နတ် မအောင်ဖြူကလည်း တကယ်ဝင်တာ ဗျ။ ဒါပေမဲ့ သူ့လို ဖျာလိပ်နတ်က ဘာဖြစ်လို့ ခင်ခင်ထားနဲ့ ချွတ်စွပ်တူနေရတာလား။ ကျုပ် တွေးလို့ကို မရဘူးဗျ။ ဒါပေမဲ့ ကျုပ်ကြားဖူးတာ တစ်ခုတော့ ရှိတယ်ဗျ။ တချို့နတ်စိမ်းတွေက သူတို့စောင့်ရှောက်ရမယ့် လူကို ကိုယ်တိုင်လာပြီး မစောင့်ရှောက်နိုင်တဲ့အခါ မှာ အနီးအနားက သူတို့ရဲ့ တပည့်လက်သားတစ် ယောက်ကို စောင့်ရှောက်ခိုင်းတတ်တယ်တဲ့ဗျ။ အဲဒီလိုများ ဖြစ်နေသလားတော့ မသိသေးဘူး။ ဖျာလိပ်နတ်က သူချစ်တဲ့ လိပ်ပြာလှတဲ့ ခင်ခင် ထားကို သူ့ကိုယ်စား စောင့်ရှောက်ဖို့ ခပ်ကြမ်း ကြမ်း တပည့်လက်သားတစ်ယောက်ကို ခိုင်း စေထားလို့များ ခင်ခင်ထားနဲ့ ပတ်သတ်တဲ့ လူ တွေကို ကြမ်းကြမ်းတမ်းတမ်း ရိုက်ပုတ်လွှတ် တာတို့၊ လက်လွန်ပြီး သေတဲ့အထိ လုပ်ပစ် တာတို့ ဖြစ်နိုင်တယ်ဗျ။

"အေးကွ၊ ဒါလည်း ဟုတ်တာပဲ၊ လေးလေး စိုးရိမ် တာက ဒီအမှုကြီး ကလေးမတွေဆီ ပတ်သက် လာမှာစိုးလို့ပါကွာ။ မိန်းကလေးတွေမို့လား၊ ရဲက ခဏ ခဏ လာပြီးစစ်လားဆေးလား လုပ်ရင်လည်း ဘယ်ကောင်းမတုံးကွာ" "ဟုတ်တော့ ဟုတ်တာပေါ့ လေးလေးရာ၊ ဒီကိစ္စ ကြီးတော့ ပြောလို့ ဘယ်ဖြစ်မှာတုံးဗျာ၊ အဲဒီကောင် လေးကို ဖျာလိပ်နတ် မအောင်ဖြူ သတ်တာပါလို့ တော့ ဘယ့်နှယ်လုပ်ပြောမတုံး လေးလေးရဲ့" "အင်း၊ မင်းပြောတာ ဟုတ်ပါတယ် တာတေ၊ ငါ့တူကြီး နည်းလမ်းရှာပါဦးကွာ" "စိတ်ချပါ လေးလေး၊ ဒီကိစ္စကို ကျုပ်လည်း တော် တော်ကို စိတ်ဝင်စားပါပြီ၊ တိတိကျကျ သိရအောင် ကျုပ် လုပ်မှာပါဗျာ" လေးလေးကို ပြောလိုက်ပြီးတော့ ကျုပ်စဉ်းစား တယ်ဗျ၊ ကောင်မလေးတွေက ဖျာလိပ်နတ်မ အောင်ဖြူကို ပင့်တယ်၊ တကယ်လည်း ကြွ တယ်၊ ဒါပေမဲ့ ဖျာလိပ်နတ်က ဘာဖြစ်လို့ ခင် ထားနဲ့ တစ်ပုံစံတည်း ဖြစ်နေတာတုံးဗျ။ ပြီးတော့ ငါးယောက်ထဲမှာ ခင်ထားကို ဖျာလိပ် နတ်က အချစ်ဆုံးဗျ။ အခုဖြစ်ခဲ့သမျှ အကြောင်း တွေကို ပြန်တွေးကြည့်ရင်လည်း ခင်ထားကို စောင့်ရှောက်ကာကွယ်တာချည်းပဲဗျ။ ကောင်မလေးတွေ ကျုပ်ကို ပြောတဲ့ အထဲမှာ သူတို့သူငယ်ချင်းတစ်ယောက်က ခင်ထားနဲ့တူ တဲ့ ကျောင်းသူကို တွေ့လိုက်တယ်ဆိုတာတို့၊ ဆရာမက ကိုးတန်းဆောင်မှာ ခင်ထားကို တွေ့ လိုက်တယ်ဆိုတာတွေက တော်တော်ကို စဉ်း စားစရာ ဖြစ်နေပြီဗျ။ ကျုပ်မျက်ကွင်းဆေးကွင်းပြီး ကြည့်လို့ မြင်ရ တာလည်း ခင်ထားနဲ့ တစ်ပုံစံတည်းဆိုတော့ တော်တော်ကို ထူးခြားတဲ့ အဖြစ်ပဲဗျ။ ည ရောက်တော့ ကလေးတွေက အခန်းထဲ ဝင် အိပ်ကြတယ်။ ကျုပ်နဲ့ လေးလေးဘခင်က အိမ်ရှေ့ခန်းမှာ အိပ်ကြတယ်ဗျ။ သန်းခေါင်ကျော်လောက် ကျတော့ လမ်းထဲမှာ ခွေးတွေ အူလိုက်တာ မှဗျ၊ ပထမတော့ လမ်းထိပ်ဘက်မှာ အူသံ ကြားတာဗျ။ တဖြည်းဖြည်းနဲ့ ခွေးအူသံတွေ က ကျုပ်တို့ဘက်ကို ရွေ့လာတယ်။ ခွေးက အူတာမှ ဆွဲဆွဲငင်ငင်ကို အူတာဗျ။ ကျုပ်လည်း အိပ်လို့မရတဲ့အတူတူ ထပြီး ကောင်မလေးတွေ သနပ်ခါးလိမ်းတဲ့အခန်း ထဲက ကျောက်ပျဉ်မှာ သွေးပြီး မျက်ကွင်း ဆေး ကွင်းလိုက်တယ်။ "ဝူး၊ ဝူး၊ ဝူး၊ ဝူး အီ၊ အီ၊ အီ" ခွေးအူသံတွေက တဖြည်းဖြည်း ကျုပ်တို့ဘက်နဲ့ နီးလာပြီဗျ။ "တာတေ၊ မင်း ထကြည့်မလို့လား" လေးလေးဘခင်က ဇီးရိုးဝပ် မီးရောင်အောက်မှာ ကျုပ်ကို တွေ့လို့ မေးတာဗျ။ "ဟုတ်တယ် လေးလေး၊ ကျုပ် ကြည့်လိုက်ဦးမယ်" "ဝူး၊ ဝူး၊ ဝူး၊ အီ၊ အီ၊ အီ" ကျုပ်စိတ်ထင် ခွေးအကောင်နှစ်ဆယ်လောက် များအူနေသလားလို့တောင် ထင်မိတာဗျ။ ခွေး ကြီးတွေဆွဲဆွဲငင်ငင် အူနေတဲ့ အသံကြီးကိုက ကြောက်စရာကြီးပါဗျာ။ ကျုပ်တောင် ကျော ထဲက စိမ့်လာတယ်ဗျ။ "အဘ၊ အဘ" "ဟေ …ဘာတုံး သမီး၊ အိပ်၊ အိပ်၊ အိပ်ကြ၊ အဘရော နင့်ကိုကြီးတာတေရာ ရှိတယ်။ ဘာမှမကြောက်နဲ့" ခင်ထားက ကြောက်ပြီး သူ့အဖေကို အခန်းထဲ က လှမ်းခေါ်တာဗျ။ ကျုပ်ကအိမ်ရှေ့တံခါးကို ဖွင့်ထွက်ပြီး ဧည့်ခန်းတန်းလျားပေါ်က ထိုင်ပြီး ကြည့်နေတယ်ဗျ။ "ဝူး၊ ဝူး၊ ဝူး၊ ဝူး အီ အီ အီ အီ" ဟော ခွေးအုပ်ကြီးက ကျုပ်တို့ဝိုင်းရှေ့ကို ရောက် လာပြီဗျို့။ ခွေးတွေက ရှေ့ကို ပြေးလာလိုက်၊ နောက်လှည့်ပြီး အူလိုက်လုပ်နေတာဗျ။ ဟော လာပြီဗျို့၊ လာပြီ။ ဟာ ဘယ်လိုဟာကြီး တုံးဗျာ။ နောက်ပြန်ကြီး လျှောက်လာတာဗျ။ ဒါ ပေမဲ့ မျက်နှာတော့ အတည့်ပဲဗျ။ ဟာ မျက်နှာ က ကျောဘက်ကို ရောက်နေတာဗျ။ ဒါကြောင့် လမ်းလျှောက်တာ နောက်ပြန်ကြီး လျှောက်နေ တာကိုး။ ဟင်၊ ဒါဆိုရင် ဟိုတစ်နေ့က ဒီအိမ်ရှေ့မှာ သေ သွားတဲ့ ကောင်လေးထင်တယ်၊ ဖြစ်ရလေဗျာ။ မျက်နှာကြီးက ကျောကုန်းဘက်ကို လှည့်ပြီး လမ်းကို နောက်ပြန်ကြီး လျှောက်နေတာဗျို့။ "ဝူး၊ ဝူး၊ ဝူး အီ၊ အီ၊ အီ" ခွေးတွေကလည်း အူလိုက်တာဗျာ။ တစ်လမ်းလုံး ကို ဆူနေတာဗျို့။ ရှေ့က ကြိုပြေးပြီး အူတဲ့ကောင် ကအူ၊ နောက်ကပြေးလိုက်ပြီး ဟောင်တဲ့ကောင် က ဟောင်နဲ့ တစ်လမ်းလုံးဆိုတာ အမင်္ဂလာအသံ ကြီး လွှမ်းနေတော့တာပေါ့ဗျာ။ ဟိုဘက်အိမ် ဒီဘက်အိမ်က လူတွေလည်း ထွက် ကြည့်ကြတယ်ဗျ။ ဒါပေမဲ့ ခွေးတွေ အူနေတာကိုပဲ တွေ့ကြတာပေါ့ဗျာ။ နောက်ပြန်ကြီး လမ်းလျှောက်နေတဲ့ ကျောကုန်းမှာ မျက်နှာရောက်နေတဲ့ တစ္ဆေကိုတော့ သူတို့ ဘယ် မြင်ကြပါ့မလဲဗျာ။ဒီတစ္ဆေက ကျော်ကျော်ဆိုတဲ့ ကောင်လေးပဲဗျ။ ဒီကောင်လေးကို ကျုပ် သနား လိုက်တာဗျာ။ မျက်နှာက နောက်ကျောဘက်ကို ရောက်နေတာ သူ့ခမျာ လမ်းကို နောက်ပြန်ကြီး လျှောက်နေရရှာတာပဲပေါ့ဗျာ။ တဖြည်းဖြည်းနဲ့ ခွေးတွေက ဝေးဝေးသွားပြီဗျ။ တစ္ဆေသွားလေရာကို ခွေးတွေက လိုက်ဟောင် နေတာဗျ။ ဖျာလိပ်နတ်က လူကို ရက်ရက်စက် စက် သတ်သတဲ့လားဗျာ။ ဒီကလေးမလေးကို ခင်မင်တယ်ပဲ ထားပါတော့ဗျာ၊ လူငယ်ဘာဝ ချစ်ရေးဆိုကြတဲ့ ကိစ္စမှာ သူကဝင် ပြီး ရက်ရက်စက်စက် သတ်ပစ်ရသလား။ ကျုပ် စိတ်ထဲမှာ ဒီကိစ္စကို မကျေနပ်ဘူးဗျ။ ဒါပေမဲ့ ဘာလုပ်ရမှန်းလည်း မသိဘူး။ အခြေ အနေကို ဆက်ပြီး ကြည့်ရတော့မှာပဲလို့ ကျုပ် တွေးလိုက်တယ်။ အိပ်ရာထဲကို ပြန်ဝင်ပြီး အိပ်နေလိုက်တယ်။ ကျုပ်မျက်စိမှာ ကွင်းထားတဲ့ မျက်ကွင်းဆေးကို ကျုပ်ဖျက်ဖို့ မေ့သွားတယ်ဗျ။ ကျုပ် အိပ်ပျော် သွားတယ်။ ခဏနေတော့ ကျုပ် အိပ်နေသလို နိုးနေသလို ဖြစ်ပြီး အသံတစ်ခု ကြားနေရတယ် ဗျ။ ဘာသံလဲလို့ ကျုပ်နားစွင့်လိုက်တော့ အမြင့် တစ်နေရာကနေ ခုန်ချလိုက်တဲ့အသံဗျ။ "ဘုန်း"

ကျုပ်ကြားဖူးတာက ဖျာလိပ်နတ်မေးတဲ့ အခါ ကိုင်ထားတဲ့ လက်ကို မလွှတ်ရဘူးတဲ့ဗျ။ လွှတ် လိုက်ရင် ဖျာလိပ်နတ်က ပြန်ထွက်သွားရောတဲ့၊ ခုတော့ ဒီကောင်မလေးတွေ ဖျာလိပ်ကို ကြမ်း ပြင်ပေါ် ချထားတာ ဖျာလိပ်နတ်က မထွက်ဘူး ဗျ။ ဖျာလိပ်ကြီးက တဆတ်ဆတ် တုန်နေတုံးပဲ။ မြနွယ်က လက်ဖက်ပန်းကန်ကို မပြီး ဖျာလိပ် နတ်ရဲ့ မျက်နှာနားမှာ မြှောက်လိုက်တယ်။ ပြီး တော့ ဘီးကို ယူပြီး ဆံပင်ကို ဖြီးပေးတယ်။ "ရှင်မအောင်ဖြူ ညီမတို့ကို စိတ်မခုပါနဲ့ရှင့်၊ မနေ့က လာတဲ့ ဆရာကို ညီမတော်တို့ ပင့် လာတာ မဟုတ်ပါဘူး၊ ညီမတော်တို့အပေါ် မှာ ခါတိုင်းလိုပဲ ခင်ပါမင်ပါ၊ ခါတိုင်းလိုပဲ စောင့် ရှောက်ပါတော်၊ ကဲ မအောင်ဖြူ ညီမတော်တို့ ကို စိတ်မခုဘူးဆိုရင် ဟောဒီ ဘီးကို ယူပြီး ရှင်မ ကိုယ်တိုင် စိတ်တိုင်းကျ ဆံကေသာ ကို ဖြီးသင်တော်မူပါ ရှင့်မအောင်ဖြူ " ဟာ…မြနွယ်စကားလည်းဆုံးရော မြနွယ်ရဲ့ လက်ထဲက ဘီးကို ဆတ်ကနဲ ဆွဲယူပြီး ဆံ တုကြီးကို ဖြီးတော့တာပဲဗျာ၊ ကျုပ်တစ်သက် တစ်ခါမှ မမြင်ဘူးတဲ့ မြင်ကွင်းပဲဗျာ။ "ရှင်မအောင်ဖြူ၊ ဟောဒီက ခင်ထားလေးကို အ ရင်လိုပဲ ချစ်သေးတယ်ဆိုရင် ခင်ထားရဲ့ ခေါင်း လေးကို နှစ်ချက် ပုတ်ပြပါ ရှင်မရယ်" ဟော…ဟုတ်ပါ့ဗျာ၊ ကလေးမလေးတွေပြောတဲ့ အတိုင်းပဲဗျာ။ ဖျာလိပ်က ခါးလယ်ကနေ တစ် ဆစ်ချိုးပြီး ခင်ထားရဲ့ခေါင်းကို နှစ်ချက်ပုတ်ပြ တယ်ဗျို့။ ကျုပ်လည်း ချက်ချင်းပဲ ဒိဗ္ဗစက္ခုဂါထာကိုရွတ်ပြီး မျက်ကွင်းဆေးကို အစွမ်းရှိအောင် လုပ်လိုက် တယ်ဗျ။ ဂါထာခုနှစ်အုပ် ရွတ်ပြီးတော့မှ ကျုပ်က ထရံပေါက်နေ ပြန်ချောင်းကြည့်လိုက်တာဗျ။ဟာ ထူးဆန်းလှချည်လားဗျာ။ ကျုပ်မျက်စိထဲမှာ ဖျာလိပ်မရှိတော့ဘူးဗျ။ ဖျာ လိပ်နေရာမှာ ခင်ထားဗျ။ ခင်ထားနှစ်ယောက် ဖြစ်နေတာပေါ့ဗျာ။ ထိုင်နေတာက ခင်ထားတစ် ယောက်။ ကလေးမတွေရဲ့ အလယ်မှာ ရပ်နေ တာက ခင်ထားတစ်ယောက်ဗျ။ ဒါပေမဲ့ ရပ်နေတဲ့ ခင်ထားက ဝတ်ထားတာက ဖျာလိပ်မှာ ဝတ်ထားတဲ့ ထဘီနဲ့ အင်္ကျီဗျ။ ခေါင်း မှာတော့ ခင်ထားလိုပဲ ဆံပင်အရှည်ကြီး ဖားလျား ချလို့ဗျ။ ကျုပ်ဖြင့် ဘယ်လိုမှကို နားမလည်တော့ တာဗျို့။ လူတစ်ယောက်ကနေ နှစ်ယောက်ဖြစ်နေတာ ကျုပ် ဒီတစ်ခါပဲ မြင်ဖူးတာဗျို့။ ဒါပေမဲ့ ဖျာလိပ် နတ်မေးတဲ့ ကလေးမလေးတွေကတော့ သူတို့ မျက်စိထဲမှာ ဖျာလိပ်ကြီးပဲ မြင်ကြမှာပေါ့ဗျာ။ ကျုပ်ကတော့ ဒိဗ္ဗစက္ခုဂါထာနဲ့ မျက်ကွင်းဆေး ရဲ့ အစွမ်းကြောင့် မြင်နေရတာကိုးဗျ။ "ရှင်မ၊ အိမ်ရှေ့မှာလာပြီး သောင်းကျန်းတဲ့အ ကောင်ကို ရှင်မလုပ်လိုက်တာဆိုရင် ခင်ထား ခေါင်းကို သုံးချက်ပုတ်ပြပါ ရှင်မ" ဟော …ကလေးမတွေရဲ့ အလယ်မှာ ရပ်နေတဲ့ ခင်ထားက ထိုင်နေတဲ့ ခင်ထားရဲခေါင်းကို လက် ဝါးနဲ့ သုံးချက်ပုတ်ပြတယ်ဗျ။ ဒါပေမဲ့ ကလေးမ တွေကတော့ ဖျာလိပ်ကြီးက ပုတ်တယ်လို့ပဲ မြင် တာပေါ့ဗျာ။ မြနွယ်က တော်တော်သွက်တဲ့ ကောင်မလေးဗျ။ တစ်ခုပြီး တစ်ခုကို ဆက်မေး နေတာ။ သူတို့မေးသမျှကို ဆံပင်ဖားလျားကြီး နဲ့ မတ်တတ်ရပ်နေတဲ့ ခင်ထားကလည်း ခေါင်း လေးတွေကို ပုတ်ပုတ်ပြီး ဖြေနေတာဗျို့။ တစ်နာရီလောက် မေးပြီးတော့မှ မြနွယ် အလည် မက မအောင်ဖြူကို ပြန်ပို့တယ်ဗျ။ ဒီတော့ ကျုပ် မျက်စိထဲမှာ ဖျာလိပ်ကြီးပဲ ပြင်မြင်ရတော့တယ် ဗျ။ ကောင်မလေးတွေက ဖျာလိပ်မှာ ဝတ်ဆင် ထားတဲ့ ထဘီတွေ၊ အင်္ကျီတွေကို ကပျာကယာ ချွတ်ပစ်လိုက်ကြတယ်ဗျ။ ဖျာလိပ်လည်း ကြမ်းပြင်မှာ ဖြန့်ခင်းလိုက်ပြီးမှ ပြန်လိပ်လိုက်တယ်။ ဒီတော့မှ ကျုပ်လည်း ပုန်း နေတဲ့အခန်းထဲက ထွက်လာခဲ့တာပေါ့ဗျာ။ "ကဲ ကိုကြီးတာတေ မြင်ပြီမို့လား၊ ဖျာလိပ်နတ် တကယ်ဝင်တာကို ယုံပြီမို့လား" "အေးဟ၊ နင်တို့ဖျာလိပ်နတ်က တကယ်ဝင် နေတာဟ" လို့ပဲ ကျုပ်က ပြောရတော့တာပေါ့ဗျာ။ ကျုပ်မြင် တဲ့ အတိုင်းကတော့ သူတို့ကိုပြောလို့ ဘယ်ဖြစ် လိမ့်မတုံးဗျာ။ ညနေရောက်တော့ လေးလေးဘ ခင် ပြန်လာတယ်ဗျ။ "တာတေ ဘာထူးတုံးကွ" လေးလေးဘခင်က လေသံလေးနဲ့ ကျုပ်ကို မေးတာဗျ။ ကျုပ်ကလည်း လေသံလေးနဲ့ပဲ ပြောပြတာ။ "ထူးတယ်…လေးလေး" "ဟေ…ဘယ်လိုထူးတာတုံးကွ" "သူတို့ဆီကို လာတာက အမှန်ပဲ၊ ဒါပေမဲ့ ကျုပ် အံ့သြနေတာက ကြွလာတာက ဖျာလိပ်နတ်၊ ပုံစံက ခင်ထားနဲ့ ချွတ်စွပ်ကို တူနေတာဗျ" "ဟေ…ဘယ်လို ဘယ်လိုကွ တာတေရ" "ဒီလို လေးလေးရဲ့၊ သူတို့တွေ ခါတိုင်းလိုပဲ ဖျာလိပ်နတ် ပင့်ကြတယ်၊ အဲဒီမှာ ဖျာလိပ်နတ် က တကယ်ကြွလာတာဗျ၊ ဒါပေမဲ့ ကျုပ်မျက် ကွင်းဆေးကွင်းပြီး ကြည့်တော့ ဖျာလိပ်နတ်က ခင်ထားနဲ့ ရုပ်ရော ကိုယ်လုံးကိုယ်ပေါက်ရော ချွတ်စွပ်ကို တူတာဗျ" "ဟေ…ဒါ ဘယ်လိုဖြစ်တာတုံး တာတေရဲ့" "အဲဒါတော့ ကျုပ်လည်း မသိဘူးဗျ၊ အဲ…တစ်ခု သိလိုက်ရတယ်၊ မြနွယ်က ဖျာလိပ်နတ်ကို မေး သဗျ၊ အိမ်ရှေ့မှာ လာပြီး သောင်းကျန်းတဲ့ကောင် ကို မအောင်ဖြူ လုပ်လိုက်တာလားဆိုတော့ ဖျာ လိပ်က သူတို့ခေါင်းကို ပုတ်ပြတယ်" "ဟေ…ဒါဆိုရင် သူလုပ်တာပေါ့ ဟုတ်လား တာတေ" "ဟုတ်တယ် လေးလေး၊ ကောင်လေး သေသွား တာ သူလုပ်လိုက်တာတဲ့ဗျ" "ဟ …ဒါဆိုရင် ဒီအကြောင်း ရဲကို အကြောင်းကြား ရမှာပေါ့ကွာ" "ဟာဗျာ၊ လေးလေးကလည်း ရဲက အဲဒီလို သွား ပြောတော့ ယုံမလားဗျ၊ နတ်ဆိုတာ မြင်ရတာမျိုး မှ မဟုတ်တာ ဘယ်လိုသက်သေပြမှာတုံး"

"ကျုပ်က ဟိုဘက်ခန်းထဲဝင်ပြီး ပုန်းနေရမှာဗျာ" "အေးကွာ၊ လေ့လာကြည့်ပေးပါဦး တာတေရာ၊ ဒီနေ့ကြုံရတဲ့ အဖြစ်အပျက်ကတော့ တော်တော် ကို ကြောက်စရာ ကောင်းတာပဲကွာ၊ လေးလေး က စဉ်းစာနေတာကွ။ ခင်ထားကို ကျောင်းမထား ဘဲ ရွာပြန်ခေါ်သွားမလားလို့ " "ဟာဗျာ၊ လေးလေးကလည်း ဒီလိုလုပ်လို့တော့ ဘယ်ဖြစ်မှာတုံး လေးလေးရာ" ကျုပ်က လေးလေးဘခင်ကို တော်တော်ဖျောင်း ဖျယူရတာဗျို့။ နောက်နေ့ရောက်တော့ ကျုပ်က ခင်ထားတို့အုပ်စုကို ဖျာလိပ်နတ် ပင့်ပြီး မေးခိုင်း တယ်။ အရီးမရီကိုတော့ မလှမ်းမကမ်းကပဲ စောင့် ကြည့်နေဖို့ ပြောထားတယ်ဗျ။ ကျုပ်ကတော့ မျက် ကွင်းဆေးကွင်းပြီး ကလေးမတွေ သနပ်ခါးလိမ်း တဲ့ အခန်းထဲမှာ ဝင်ပုန်းနေလိုက်တယ်။ ကျုပ်တို့ အညာအိမ်တွေက အခန်းကိုလည်း ဝါးထ ရံကြီးတွေ ကာတာပဲလေဗျာ၊ ထရံပေါက်ကနေ ကျုပ် ချောင်းကြည့်လို့ရတာပေါ့ဗျ။ မြနွယ်က အသွက်မဗျာ။ သူကပဲ ဦးဆောင်တာဗျ။ ဖျာလိပ်ကို ဂုန်နီကြိုးတစ်ချောင်းနဲ့ ခါးလယ်က စီး လိုက်တယ်။ ပြီးတော့မှ ထဘီဝတ်ပေးတယ်။ ထဘီကိုလည်း ဂုန်နီကြိုးတစ်ချောင်းနဲ့ ခိုင်အောင် စည်းသေးတာ ဗျ။ အပေါ်ပိုင်းမှာ ရင်ဖုံးအင်္ကျီတစ်ထည် ဝတ်ပေး တယ်ဗျ။ အင်္ကျီလျှောမကျအောင် တွယ်ချိတ်ကြီး တစ်ချောင်းနဲ့ ဖျာလိပ်မှာ ချိတ်ထားလိုက်တယ်။ ပြီးတော့ ဖျာလိပ်ရဲ့ အပေါ်မှာ ဆံတုအရှည်ကြီး တစ်ချောင်းကို တပ်ပေးလိုက်တယ်ဗျ။ ဂုန်နီကြိုးတစ်ချောင်းနဲ့ပဲ ချည်တာပေါ့ဗျာ။ ပြီး တော့မှ အဆင်သင့် ရှာထားတဲ့ ခေါင်းရမ်းပန်း အနီကြီးတစ်ပွင့်ကို ဆံတုမှာ ပန်ထားလိုက်တယ် ဗျ။ နောက်ဆုံးကျတော့မှ မိန်းမပုံ၊ မျက်နှာဖုံးကို ဖျာလိပ်မှာ တပ်ပေးလိုက်တယ်ဗျ။ ဒီတော့မှ ကျုပ် သေသေချာချာ ကြည့်မိတာဗျို့။ သူတို့ဖျာလိပ်ကြီးက ကြောက်စရာကို ကောင်းနေ တာပါဗျာ၊ ဖျာလိပ်က လူပုံစံကြီးက ဖြစ်နေတာဗျ။ ဖျာလိပ်ရှေ့မှာ ကျောက်ပျဉ်နဲ့ သနပ်ခါး၊ မှန်နဲ့ ဘီး ဗျ။ မြနွယ်က တို့ပတ်စနဲ့ ပေါင်ဒါတွေတို့ပြီး မျက်နှာ ကို ပေါင်ဒါတွေ ရိုက်ပေးတယ်။ ပြီးတော့မှ လက် ဖက်ပွဲနဲ့ မြှောက်ပြီး မအောင်ဖြူကို ပင့်တော့တာဗျို့။ "ရှင်မအောင်ဖြူ၊ မအောင်ဖြူရှင် ညီမတော်တို့နဲ့ ပျော်ပျော်ပါးပါး ကစားရအောင်၊ အမြန်ဆုံးကြွခဲ့ပါ။ လက်ဖက်တစ်ရိုး၊ ကွမ်းတစ်ရုံးနဲ့ ရိုးရာမပျက်၊ ပူဇော်မြဲပူဇော် ပသမြဲ ပသပါတယ်၊ ကြွပါ ကြွပါ ရှင်မအောင်ဖြူ ကြွပါ ကြွပါ" ကျုပ်က ထရံပေါက်ကနေ ချောင်းကြည့်နေတာ ဗျို့။ မကြွဘူးဗျ။ ဖျာလိပ်နတ် မအောင်ဖြူ မကြွ ဘူး။ မြနွယ်က ခင်ထားကို လှည့်ကြည့်တယ်။ ခင်ထားကလည်း ညိုမြကို ကြည့်တယ်။ တစ် ယောက်မျက်နှာ တစ်ယောက် ကြည့်ကြတာ ပေါ့ဗျာ။ "ဟဲ့ ခင်ထား၊ နင့်မအောင်ဖြူက ငါတို့ကို စိတ် ဆိုးသွားပြီ ထင်တယ်ဟဲ့" မြနွယ်က ပြောလိုက်တာဗျ။ "ငါတို့က မအောင်ဖြူကို ဘာလုပ်လို့ စိတ်ဆိုး ရမွာတုံး" "ဟဲ့ ခင်ထား၊ မနေ့က လေးလေးဘခင် ခေါ်လာ တဲ့ ဆရာက သူ့ကို အမိန့်တွေ ဘာတွေပြန်ပြီး လှမ်းခေါ်လို့ စိတ်ဆိုးပြီး ဆရာကို ရိုက်လွှတ် လိုက်တာလေဟယ်၊ စိတ်မဆိုးရင် ရိုက်ပါ့မလား" "ဟာ မြနွယ်ကလည်း အဲဒါ ငါတို့လုပ်တာ မဟုတ် ဘူးလေဟယ်၊ ငါ့အဘ လုပ်တာပဲ၊ ငါတို့နဲ့ ဘာဆိုင် လို့တုံးဟဲ့၊ အဲဒီဆရာကို ငါတို့ခေါ်လာတာမှ မဟုတ် တာ" "ငါ့စိတ်ထင်တော့ မအောင်ဖြူ ရှောင်နေတယ်ထင် တာပဲ" ညိုမြက လေးလေးကြီး ပြောတာဗျ။ "ဘာ …မအောင်ဖြူက ငါတို့ကို ဘာဖြစ်လို့ ရှောင် ရမှာတုံး ညိုမြ" "ဟဲ့…ဒီရှေ့မှာ ခင်ထားနဲ့ ပတ်သတ်တဲ့ လူသတ် မှု ဖြစ်သွားတာလေ၊ မအောင်ဖြူ သတ်လိုက်တာ မဟုတ်လို့ ဘယ်သူ သတ်တာဖြစ်မှာတုံး၊ ပြီးတော့ တို့ကို ရဲတွေ လာပြီး စစ်လားဆေးလားလုပ်တာ သူသိမှာပေါ့ဟယ်၊ ဒါကြောင့် ခဏရှောင်နေတာ ဖြစ်မှာပေါ့" "ညို နင်ပြောတဲ့သဘောက တို့နဲ့ ပေါင်းရင် အ ဖမ်းခံရမှာစိုးလို့ မအောင်ဖြူက ရှောင်နေတာလို့ ပြောတာလား" မြနွယ်က ညိုမြကို မေးလိုက်တော့ ညိုမြက… "အေး ဟုတ်တယ် မြနွယ်" "ညိုမြရယ်၊ မဟုတ်တာတော့ နင်က တော်တော် ကို တွေးတာ၊ ဟဲ့ ညိုမြ၊ ငါပြောမယ်၊ မအောင်ဖြူ က နတ်ဟဲ့၊ နတ်၊ ဖျာလိပ်နတ်၊ နတ်က ရဲကို ကြောက်မလားအေ့၊ ညည်းမို့လို့ ကြံကြံဖန်ဖန် တွေးတယ်တော်" "ကဲပါဟယ်၊ တစ်ခါထပ်ပင့်ကြည့်စမ်းပါဦး၊ မ အောင်ဖြူ ခရီးတွေ ဘာတွေ လွန်နေတာ ဖြစ် ချင် ဖြစ်မှာပေါ့" ခင်ထားက ဝင်ပြောတာဗျ။ "အေးဟဲ့၊ ငါကြားဖူးတယ်၊ နတ်သဘင် အစည်း အဝေးဆိုတာ ရှိတယ်တဲ့၊ မအောင်ဖြူ နတ်သ ဘင် အစည်းအဝေးတွေ ဘာတွေ တက်နေသ လားမှ မသိတာ" မြနွယ်က ပြောရင်းနဲ့ နောက်တစ်ခေါက် ထပ်ပင့် ဖို့ လုပ်တယ်။ "ကဲ…နင်တို့ ဖျာလိပ်ကို ပြန်မ,ထား၊ ငါထပ်ပင့် ကြည့်မယ်" "ရှင်မအောင်ဖြူ၊ မအောင်ဖြူရှင့် မအောင်ဖြူချစ်တဲ့ တနင်္လာသမီးလေး ခင်ခင်ထားက ပင့်ဖိတ်ပါတယ် ခင်ထားတို့နဲ့ ပျော်ပျော်ပါးပါး ကစားရအောင် ကြွခဲ့ပါရှင် မအောင်ဖြူ" ဟော ကြွပြီဗျို့၊ ကြွပြီ။ ကျုပ် ချောင်းကြည့်နေ တဲ့ ထရံပေါက်ကနေ အတိုင်းသား မြင်နေရတာ ဗျ။ ဖျာလိပ်ကြီးက လူကို နတ်ဝင်သလို တဆတ် ဆတ်တုန်နေတာဗျ။ ဖျာလိပ်ကိုင်ထားတဲ့ ကောင် မလေးတွေက ဖျာလိပ်ကို အောက်ချလိုက်တယ်။ "ဟဲ့ …ဘာလို့ ချလိုက်တာတုံး ခင်ထားရဲ့" "အလေးကြီး ဖြစ်လာလို့ မြနွယ်ရဲ့၊ ငါတို့ မ,မ နိုင်တော့ဘူး"

လို့ လေးလေးဘခင်က လှမ်းခေါ်လိုက်တော့မှ အ ခန်းထဲက ခင်ထား ထွက်လာတယ်၊ ခင်ထားနောက် ကနေ မြနွယ်တို့ လေးယောက်လည်း ပါလာတယ်ဗျ။ "လာ ကလေး၊ ဆရာ ရှေ့ကို လာခဲ့" "ခင်ထားက ဆရာ ဦးတင်မောင်ရှေ့မှာ ခင်းထားတဲ့ ဖျာလေးမှာ ဝင်ထိုင်လိုက်တယ်။ လေးလေးဘခင်နဲ့ ဦးလူဝက ဆရာ့ရဲ့တောင်ဘက်မှာ ထိုင်လို့ဗျ။ ကျုပ် နဲ့ အရီးမရီက ဆရာ့မြောက်ဘက် မလှမ်းမကမ်းမှာ ထိုင်လိုက်တယ်။ ကောင်မလေးတွေကတော့ ကျုပ် တို့နောက် ခပ်လှမ်းလှမ်းမှာ ထိုင်နေကြတာဗျ။ ဆရာ က ခင်ထားလက်ကို ကိုင်ပြီး သွေးစမ်းတယ်။ သွေး စမ်းတုန်းမှာ မျက်စိတွေကို မှိတ်ပြီး အာရုံခံကြည့် နေတယ်ဗျ။ ခဏကြာတော့ ခင်ထားလက်ကို လွှတ် လိုက်ပြီး ခေါင်းခါပြတယ်။ "ကလေးမမှာ ဘာအစွဲမှ မရှိဘူးဗျ" "အစွဲမဟုတ်ရင် ဘာများတုံး ဆရာရယ်" လေးလေးဘခင်က စိုးရိမ်တကြီး မေးလိုက်တာဗျ။ "ဘာဆိုတာ နောက်တော့ သိလာမှာပါ ကိုဘခင်၊ အခုတော့ နောက်ထပ်မပတ်သတ်အောင် ကျုပ် လုပ်ပေးခဲ့မယ်" ဆရာဦးတင်မောင်က တင်ပလ္လင်ခွေ ပြင်ထိုင်ပြီး အမိန့်ပြန်တယ်ဗျ။ "ဟောဒီက ကလေးမလေး ခင်ခင်ထားကို ကပ်ငြိ တွယ်တာနေတာ သတ္တဝါသည် မည်သို့သော သတ္တဝါဖြစ်စေ၊ အခုချက်ချင်း ငါဆရာရှေ့မှောက် သို့ အရောက်လာစေရမည်၊ ဘုရားအမိန့်၊ တရား အမိန့်၊ သံဃာအမိန့်၊ အထက်ဆရာကြီးများအမိန့်၊ သိကြား၊ နတ်၊ ဗြဟ္မာအပေါင်း စတုလောကပါလ နတ်မင်းကြီးများပါ သိရှိစေရမည်" "ဖုန်း၊ ဖုန်း၊ ဖုန်း" ဟာ…ထောင်ထားတဲ့ ဖျာလိပ်တွေ လေမတိုက်ဘဲ တဖုန်းဖုန်းနဲ့ လဲကုန်တာဗျို့။ ဖျာလိပ်သုံးလိပ် လဲ သွားတာ။ ဟော ဘုရားပူဇော်ထားတဲ့ ဖယောင်းတိုင် တွေတောင် ငြိမ်းမလိုဖြစ်သွားတာဗျ။ ဆရာဦးတင် မောင်က ဘေးဘီကို တစ်ချက်လှည့်ကြည့်ပြီး အ ကဲခတ်လိုက်တယ်။ "ဘယ်လိုသော သတ္တဝါဖြစ်စေ၊ ငါဆရာ မေတ္တာ ရပ်ခံပါတယ်၊ ကလေးမလေးနဲ့ ဝေးဝေးနေပေးပါ။ ဒီကလေးမနဲ့ ပတ်သတ်ပြီးတော့လည်း လူတွေကို နှိပ်စက်ညှဉ်းပမ်းခြင်း၊ အသက်သေသည်အထိ ပြုလုပ်ခြင်းများကို ရပ်တန်းက ရပ်စေလိုပါတယ်။ မေတ္တာရပ်ခံလို့မှ မရရင်တော့ ဒီကလေးမနဲ့ သင် နဲ့ကို အပြီးတိုင် ခွဲပစ်ရပါလိမ့်မယ်" "ဘုန်း၊ ဘုန်း၊ ဘုန်း၊ အား" ဆရာဦးတင်မောင် စကားလည်းဆုံးရော ဝင်ရိုက် တော့တာပဲဗျာ၊ ဆရာဦးတင်မောင် ကျောကုန်းကြီး ကော့ထွက်သွားပြီး ရှေ့ကို တင်ပလ္လင်ခွေလျက်နဲ့ မှောက်ကျသွားတာဗျ။ ကျုပ်တို့လည်း ကြောင်ပြီး တော့ ဘာလုပ်ရမှန်းမသိအောင် ဖြစ်သွားတော့ တာပေါ့ဗျာ။ အဲဒီတုန်းမှာပဲ ဖျာလိပ်တစ်လိပ်က လဲနေရာကနေ သူ့အလိုလို ထထောင်သွားတာဗျို့။ ထောင်သွားတာနဲ့ တစ်ပြိုင်နက်ထဲမှာ လူတစ် ယောက် နတ်ပူးသလို တဆတ်ဆတ်တုန်နေရော ဗျာ။ သြော်…ကလေးမလေးတွေ ပြောတာ ဒါပဲကိုး။ ဖျာလိပ်ကို ပြတာဆိုတော့ ဖျာလိပ်နတ် မအောင် ဖြူ ထင်တယ်လို့ ကျုပ်တွေးနေတုန်း ဆရာ ဦးတင် မောင်က သူ့ဆေးလွယ်အိတ်ကို ကောက်လွယ် လိုက်တယ်ဗျ "ကိုဘခင် တခြား ဆရာ ရှာတော့ဗျာ၊ ဒီကိစ္စ မပေါ့ ဘူးဗျ၊ ကျုပ်တော့ မနိုင်လောက်ဘူး ကိုဘခင်" လို့ ပြောပြီး အိမ်ပေါ်က ဆင်းပြေးတော့တာပါပဲဗျာ "ဆရာတင် နေဦးလေ၊ ကျုပ်လည်း လိုက်မှာပေါ့" လို့ ကိုလူဝက ပြောပြီး သူပါ ဆရာ့နောက်ကို လိုက်သွားရောဗျို့။ ဆရာ ပြန်သွားတော့မှ စော စောက တဆတ်ဆတ်တုန်နေတဲ့ ဖျာလိပ်ကြီးက အတုန်ရပ်သွားရောဗျ။ "ကဲ တာတေရေ၊ ဘယ်လိုလုပ်ကြမတုံးကွာ၊ လေး လေးတော့ တော်တော်ကို စိတ်ညစ်သွားပြီကွာ" "ဟာ…လေးလေးကလည်း ဘာမှ မပူပါနဲ့ဗျာ၊ သူ့ဟာနဲ့သူ အဆင်ပြေသွားမှာပါ ကျုပ် စဉ်းစား ကြည့့်ပါဦးမယ်" ပြောသာ ပြောတာဗျ။ ကျုပ်လည်း ဘာလုပ်ရမှန်း ကို မသိတာ။ ကျုပ်ဗျာ။ကျုပ်ဆရာကြီးတွေကို သ တိရလိုက်တာ။ အထူးသဖြင့် ဘိုးလူပေကို သတိ ရတာဗျ။ ကလေးမလေးတွေလည်း တော်တော်ကို လန့်သွားကြတာဗျ။ သူတို့မျက်စိအောက်မှာတင် ဆရာ ဦးတင်မောင်ကို ရိုက်လိုက်တာလေဗျာ။ အကောင်အထည် မမြင်ရတာ မဟုတ်ဘဲနဲ့ သုံး ချက်ဆင့်ရိုက်လိုက်တာဗျ။ ခဏနေတော့ လေး လေးဘခင်ကို သူ့မိတ်ဆွေ ကိုလူဝဆိုတာ ပြန် ရောက်လာတယ်ဗျ။ ဆရာဦးတင်မောင်ရဲ့ကျော ကုန်းမှာ လက်ဝါးရာကြီး အကြီးကြီး ထင်နေ တယ်လို့ လာပြောတာဗျ။ အစစအရာရာ သတိထားဖို့၊ တော်ရုံဆရာတော့ နိုင်မှာမဟုတ်တဲ့အကြောင်း လာသတိပေးတာဗျာ "နေပါဦးဗျ ကိုလူဝရဲ့၊ ဆရာကိုတင်မောင်က ဒါ ဘာလို့ပြောတုံး" "သူလည်း ဘာမှန်းဆိုတာတောင် မသိလိုက်ဘူး တဲ့ဗျ၊ ရိပ်ကနဲ ရိပ်ကနဲ ပြေးဝင်လာပြီး သူ့ကို တန်းဆော်တာတဲ့ဗျို့" "ဆရာကိုတင်မောင် နောက်တစ်ကြိမ် ထပ်လုပ်ရင် နိုင်လောက်တယ်ဗျ ကိုလူဝရဲ့" "နောက်တစ်ကြိမ် နေနေသာသာ အခုတစ်ကြိမ် ရိုက်လွှတ်လိုက်တဲ့ ဒဏ်ရာတောင် ပျောက်အောင် မနည်းလုပ်ရဦးမယ်လို့ပြောတယ် ကိုဘခင်ရဲ့" လေးလေးဘခင်ရဲ့မိတ်ဆွေ ကိုလူဝ ဆိုတဲ့လူ လည်း သိပ်ကြာကြာမနေဝံ့ဘူးဗျ။ ပြောစရာရှိ တာပြောပြီး ထသုတ်တော့တာဗျို့။ ပြန်ကာနီး လေးလေးဘခင်ကို ဦးလူဝက ပြောသွားသေး တယ်ဗျ။ 'ကိုဘခင်ရေ၊ အကြောင်းရှိရင် ကျုပ်အိမ်ကို လာခဲ့ဗျာ' တဲ့။ သူတော့ ဒီအိမ်ကို မလာရဲတော့ ဘူးဆိုတဲ့ သဘောပေါ့ဗျာ။ လေးလေးဘခင်ကြီး လည်း စိတ်ပျက်လက်ပျက်ဖြစ်ပြီး ငိုင်သွားတာ ဗျို့။ ဒီတော့ ကျုပ်က ပြောရတယ်။ "လေးလေး စိတ်ဓါတ်မကျပါနဲ့ဗျာ၊ မနက်ဖြန်ကျ ရင် သူတို့ကို ဖျာလိပ်နတ် ပင့်ခိုင်းပြီး လေ့လာ ကြည့်ပါဦးမယ်၊ အဲဒီအချိန်ကျရင် လေးလေး တ ခြားမှာ သွားနေဗျာ။ မအောင်ဖြူနတ်က ယော က်ျားရှိရင် မဝင်ဘူး ပြောတယ်" "နို့ …မင်းကရော တာတေ"

မြနွယ်ပြတဲ့နေရာက အိမ်ရှေ့ခန်းဗျ။ လေးလေး ဘခင် ဝယ်ထားတဲ့ ဒီအိမ်ကြီးက ရှေးလက်ရာနဲ့ ဆောက်ထားတဲ့အိမ်ဗျ။ အိမ်က ခြေတံရှည်၊ လှေ ကားနဲ့ တက်ရတာ၊ အိမ်ထဲကို ဝင်ဝင်ချင်းမှာ ဖိ နပ်ချွတ်နဲ့ ဧည့်ခန်းက တစ်ပြေးတည်းဗျ။ ပြီးတော့မှ လှေကားထစ်သုံးထစ် တက်ရတယ်။ ဒီတော့မှ အိမ်မကြီးထဲကို ရောက်တာ။ အိမ်မကြီး နဲ့ ဖိနပ်ချွတ်ကြားမှာ အကာရှိတယ်။ ပြတင်းပေါက် တွေ တပ်ထားတယ်ဗျ။ တံခါးနှစ်ဆင့်ပေါ့ဗျာ။ အောက်ထပ်က တက်တဲ့ လှေကားဝမှာ တံခါး တစ်ဆင့်၊ အိမ်မပေါ်ကို တက်တဲ့ လှေကားကို လေးအဝမှာ တံခါးတစ်ဆင့်ဗျ။ ကောင်မလေးတွေ ဖျာလိပ်နတ် မေးတာက ဧည့် ခန်းနဲ့တည့်တည့်အကာရဲ့ အတွင်းနေရာဗျ။ ကျုပ် က အနေအထားကို ကြည့်လိုက်တော့ အိမ်ထဲမှာ ကလေးမလေးတွေ သနပ်ခါးလိမ်း၊ အဝတ်အစား လဲကြတဲ့အခန်း ရှိတယ်ဗျ။ အဲဒီအခန်းနဲ့ သူတို့ ဖျာလိပ်နတ် မေးတဲ့နေရာက တည့်တည့်ပဲဗျ။ ကျုပ် ဘာလုပ်ရမယ်ဆိုတာကို စဉ်းစားမိတယ်ဗျ။ ညနေစောင်းတော့ လေးလေးဘခင် ပြန် ရောက်လာတယ်။ "ကဲ…တာတေရေ၊ မင်းညီမတွေကို အကျိုးအ ကြောင်းတွေ မေးကြည့်ပြီးပြီလား" "ကျုပ် မေးကြည့်ပြီးပြီ လေးလေးရေ။ အခြေအနေ ကတော့ တော်တော်ကို ရှုပ်ထွေးနေတာဗျ။ ကျုပ် လည်း အခုထိတော့ ဘာမှမပြောတတ်သေးဘူးဗျ" "ဒီမှာ တာတေ။ မင်းကို လေးလေးပြောရဦးမယ်၊ ဟိုဘက်က သုံးရပ်ကွက်ထဲမှာ လေးလေးမိတ်ဆွေ တစ်ယောက် ရှိတယ်။ ကိုလူဝတဲ့ကွ၊ နေတာက (၃)ရပ်ကွက်၊ မြတ်လေးလမ်းထဲမှာ၊ သူ့ကို လေး လေးက ပြောပြတော့ သူ့အသိဆရာရှိတယ်ဆိုပဲ။ ဆရာက အထက်လမ်းပဲကွ၊ လူကို သွေးစမ်းကြည့် ရုံနဲ့ အစွဲရှိမရှိ သိနိုင်သတဲ့။ ပယောဂလည်း တော် တော်လေး နိုင်တယ်တဲ့ကွ၊ နာမည်က ကိုတင် မောင်တဲ့။ အဲဒါ လေးလေး အဲဒီဆရာကို ပင့်ပြီး ခင်ထားကို နည်းနည်းပါးပါး စစ်ခိုင်းမလားလို့ကွ" "ကောင်းသားပဲ လေးလေးရဲ့၊ ကျုပ်ဆရာကြီး တွေလည်း ဘယ်နယ်တွေ ရောက်နေကြတုံး မသိဘူးဗျ။ ကျုပ်ကလည်း သူတို့ကို မရှာတတ် ဘူး။ သူတို့လာမှ တွေ့ရတာဆိုတော့ ရှိတဲ့ဆရာ ပင့်ပြီး ပြကြည့်တာ ကောင်းပါတယ်။ ကျုပ်က လည်း ဆရာကြီးတွေနဲ့ လိုက်တာပဲရှိတာ။ ဒီ ပညာတွေကို သင်ထားတာ မဟုတ်ဘူးဗျ" "အေး…မနက်ဖြန် စနေဆိုတော့ ကလေးတွေလည်း ကျောင်းပိတ်တယ်မို့လား။ အတော်ပဲပေါ့ကွာ။ အဲဒီ ဆရာကို ငါ မနက်ပိုင်း သွားပင့်လိုက်မယ်။ မင်းက ဒီကပဲ စောင့်နေ ဟုတ်လား" နောက်နေ့ရောက်တော့ လေးလေးဘခင်က ဆရာ ပင့်လာတယ်ဗျ။ သူ့မိတ်ဆွေ ကိုလူဝ ဆိုတာလည်း ပါလာတယ်။ ဆရာဦးတင်မောင်က ငယ်ပါသေး တယ်။ အသက်လေးဆယ် ရှိဦးမယ် ထင်ပါတယ်။ ဆရာဦးတင်မောင်က အသားညိုညို။ အရပ်က ပု ပြတ်ပြတ်ဗျ။ နှုတ်ခမ်းမွေး ခပ်ပြားပြားကြီးလည်း ရှိတယ်။ မျက်လုံးတွေက အရောင်သိပ်မတောက် ပေမဲ့ တော်တော်တော့ တည်ငြိမ်တဲ့ပုံဗျ။ အိမ်ပေါ်ရောက်တာနဲ့ ဘုရားစင်ရှေ့မှာ ခင်းထား တဲ့ နေကထိုင် ဖျာလေးမှာ ဝင်ထိုင်ပြီး ဘုရားကို ဦးတိုက်ပြီး ရှိခိုးတယ်ဗျ။ ပြီးတာနဲ့ ဘုရားမီး ပူ ဇော်တယ်။ အမွှေးတိုင် ထွန်းတယ်။ အထက်ဆရာ ကြီးတွေကို တိုင်တည်တယ်။ "ကဲ…ကိုဘခင် သမီးလေး ခေါ်လိုက်ဗျာ" လို့ လေးလေးဘခင်ဘက်ကို လှည့်ပြောလိုက်တယ် "ခင်ထားရေ…သမီး ဒီကို လာဦးဟေ့"

"ဟိုဘက်အိမ်က လေးလေးလှဝင်း ထွက်ပြောတာ ကြားရတယ်' "ကိုလှဝင်း ပြောတာမှန်း တူမ ဘယ်လိုသိတုံး" "လေးလေးလှဝင်းရဲ့အသံကို ကျမ မှတ်မိနေ တာလေ" 'ကိုလှဝင်းက သူ့ကို ဒေါသတကြီး ပြောတာလား" "ဟာ…မဟုတ်ပါဘူး၊ လေးလေးလှဝင်းက သူတို့ ကို တောင်းတောင်းပန်ပန်ပြောပြီး ပြန်ခိုင်းတာပါ" "နောက်တော့ ကိုလှဝင်းက ဘာပြောတုံး" "ပြောလို့မရရင် ရဲသွားခေါ်မယ်လို့ ပြောတယ်ရှင့်" "ကိုလှဝင်း ထွက်သွားပြီး ဘယ်လောက်ကြာမှ ရုန်းရင်း ဆန်ခတ်ဖြစ်တာတုံး" "လေးလေးလှဝင်း ထွက်သွားပြီး ဆယ်မိနစ် ဆယ့် ငါးမိနစ်လောက်အကြာမှာ မချိမဆန့်အော်သံ ကြား ရတာပါ" "ဘယ်လိုအော်တာတုံး တူမရဲ့" "အောင်မလေးဗျ၊ အီး အီး အီး" ဆိုတဲ့ အသံကြီး ကြားရတယ်။ ခဏနေတော့ သူနဲ့ ပါလာတဲ့ကောင်တွေက လာကြပါဦးဗျို့ဆိုပြီး အော် တဲ့အသံ ကြားရတယ်ရှင့် " "အဲဒီလို ဖြစ်သွားတဲ့အချိန်မှာ ထူးထူးခြားခြား ဘာ သံတွေ ကြားရသေးတုံး" "တခြားတော့ မကြားရပါဘူး၊ သူတို့ အော်သံတွေ ကြားတော့ လမ်းထဲက လူတွေ အိမ်ထဲက ပြေး ထွက်လာတဲ့အသံတွေ ကြားရတယ်" "ငါ့တူမကို တစ်ခုမေးချင်တယ်။ ဒီသူငယ်ချင်း တွေ အချင်းချင်း ရန်ဖြစ်တာကော မဖြစ်နိုင် ဘူးလား" "ရန်ဖြစ်တဲ့အသံတော့ ကျမ မကြားပါဘူး၊ ကျော် ကျော်က ကျမနာမည်ကို အော်ခေါ်ပြီး ပြောချင် ရာတွေ လျှောက်ပြောနေတာပဲ ကြားရတာပါ၊ ခဏကြာတော့ မချိမဆန့်အော်တဲ့ အသံကြီး ကြားလိုက်တာပါပဲရှင်" "အခုသေသွားတဲ့ သူငယ်လေးက ဟောဒီက တူ မလေး အပေါ်မှာ တော်တော်လေး စွဲစွဲလန်းလန်း ရှိပုံရတယ်ကွဲ့၊ ငါ့တူမကရော ဒီသူငယ်အပေါ်မှာ သံယောဇဉ်ဖြစ်တဲ့စိတ်ကလေး ဘာလေးမပေါ် ဘူးလား" "ကျမမှာ အဲဒီလိုစိတ်မျိုး လုံးဝမရှိပါဘူးရှင်၊ သူ့အ ပေါ်မှာမှ မဟုတ်ပါဘူး။ ဘယ်သူ့အပေါ်မှာမှ မရှိ ဘူးရှင့်၊ ကျမက ဒီနှစ် ဆယ်တန်းလေ။ စာမေး ပွဲအောင်ဖို့လောက်ပဲ ကျမစိတ်ထဲမှာ ရှိနေတာပါ" 'ကောင်းပါတယ် တူမလေးရယ်၊ စာကြိုးစားပါ၊ ဆယ်တန်းဆိုတာ သိပ်အရေးကြီးတဲ့ အတန်းပေါ့ကွာ' 'ကဲ ကျန်တဲ့ကလေးမလေးတွေကို ဦး နည်းနည်း ပါးပါး မေးချင်သေးတယ်' "ရဲအုပ်ကြီးက အဲဒီလို ပြောပြီးတော့ ကျန်တဲ့ ကျုပ် တို့လေးယောက်ကိုရော အရီးမရီကိုရော နည်းနည်း ပါးပါး မေးတယ် ကိုကြီးတာတေရဲ့၊ ဒါပေမဲ့ ကျုပ်တို့ ကို မေးတာက ခင်ထားကို မေးတာလောက် မများပါ ဘူး၊ အရီးမရီက လူကြီးလည်း လူကြီးမို့လား။ အခု လို ရဲတွေ ဘာတွေ စစ်တာမေးတာ တစ်ခါမှ မခံရ ဖူးတော့ အတော်ကို ကြောက်နေတာတော်၊ ကျုပ် တို့ကို စစ်ဆေးပြီးတော့၊ တောင်ဘက်ဝိုင်းကိုလည်း သွားစစ်သေးတယ်တော့်၊ ရဲတွေ ပြန်သွားတော့မှ လေးလေးလှဝင်းက လာပြော တယ်၊ ရဲတွေလည်း လူသတ်မှုနဲ့ အမှုဖွင့်ထားပေမယ့် သဲလွန်စက ဘယ်လိုမှကို မရဘူးဖြစ်နေတယ်တဲ့တော့်၊ ကျော်ကျော်နဲ့ ပါလာတဲ့ နှစ်ယောက်ကိုတော့ ရဲစခန်း မှာ တစ်ညလုံး စစ်တာတဲ့၊ မနက်ရောက်တော့ ပြန် လွှတ်ပေးလိုက်ပါတယ်တဲ့၊ ဒါပေမဲ့ ခရီးသွားခွင့် မပြု ဘူးလို့ ပြောတယ်၊ ပြီးတော့ ကျော်ကျော် သေတဲ့သ တင်းက တစ်မြို့လုံးမှာ ပျံ့နေပြီလို့ လာပြောတယ်၊ အဲဒီနေ့ ကျောင်းဆင်းချိန်ရောက်တော့ ကျောင်းကို ကျုပ်တို့သူငယ်ချင်းမတွေ လိုက်လာပြီး သတင်းမေး ကြတာပေါ့တော်၊ ကျော်ကျော့်အသုဘကတော့ ရင် ခွဲရုံမှာ ခွဲစိတ်စစ်ဆေးပြီး နေ့ချင်း သင်္ဂြု ိဟ်လိုက်ကြ တယ်တော့်" "နေဦး မြနွယ်ရဲ့၊ အဲဒီကောင်လေး အသုဘကို နင် တို့ လိုက်ပို့လိုက်ကြသေးလား" "ဟာ…ကိုကြီးတာတေကလည်း ကျုပ်တို့ မပို့ပါဘူး၊ ကျုပ်တို့ လိုက်ပို့ရင်း ခင်ထားကို လူတွေ ဝိုင်းကြည့် ကြမှာပေါ့တော်၊ ခက်တာက အဲဒီကိစ္စပြီးလို့ ကျုပ် တို့ ကျောင်းပြန်တက်တဲ့အချိန်မှာ ခင်ထားကို ကျောင်း မှာ ဟိုလူကြည့်၊ ဒီလူကြည့်တွေ များလာတာပေါ့တော့်။ တချို့ကောင်တွေက ကျုပ်တို့ မကြားတကြား ပြော တယ်တော့်" "ဟေ…ဘာတွေပြောကြလို့တုံး" "သေချင်ရင် စိန်မစားနဲ့၊ ခင်ထားအိမ် သွားတဲ့တော့်" "သြော်…အဲဒီလိုတောင် ပြောကြသလား" "နောက်ပိုင်းတော့ ပြောကြသေးတယ်တော့်၊ ခင် ထားက ဥစ္စာစောင့်သိုက်ကလာတာတဲ့တော့်၊ ခင် ထားနောက်မှာ ဥစ္စာစောင့်သိုက်က အစောင့်ဘီ လူးက အမြဲလိုက်နေတာတဲ့၊ ဒါကြောင့် ခင်ထား ကို စာပေးတဲ့သူ၊ ရည်းစားစကား လိုက်ပြောတဲ့ သူတွေ အကုန် အရိုက်ခံရ၊ အသတ်ခံရတာတဲ့တော်၊ တစ်ခုတော့ ကောင်းတာ ပေါ့ ကိုကြီးတာတေရယ်၊ ခင်ထားကို ဘယ်အကောင် မှ စာလိုက်မပေးရဲတော့ဘူး။ စာမပေးရဲရုံမကဘူး ရဲရဲတောင် မကြည့်ရဲကြတော့ဘူးတော့်၊ ခင်ထား လည်း အခုမှ အန္တရာယ်ကင်းကင်း နေရတော့တာ ကိုကြီးတာတေရေ" ကလေးမလေးတွေကတော့ သူတို့ပြောစရာတွေကို ပြောကြပြီပေါ့ဗျာ။ သူတို့ပြောစရာတွေကို ပြောပြီး ကြ ပေါ့ဗျာ။ ကျုပ်လည်း ဘာလုပ်ရမှန်းတောင် မသိ တော့ပါဘူးဗျာ။ ကလေးမလေးတွေ ငှဲ့ပေးထားတဲ့ ရေနွေးကြမ်း တစ်ပန်ကန်ကုန်တော့ နဂါးဆေးပေါ့ လိပ်ကလေးကို မီးညှိပြီး ကျုပ်က ဖွာလိုက်တယ်။ ပြီးတော့ တစ်ခုတွေးမိတာနဲ့ မေးလိုက်တယ်။ "နေဦးဟဲ့၊ မြနွယ်ရဲ့၊ နင်တို့ ဖျာလိပ်နတ်မေးတဲ့ဖျာ က ဘယ်ဖျာတုံး" မြနွယ်က ထိုင်နေရာကနေ ချက်ချင်းထသွားပြီး ဖျာလိပ်တစ်လိပ်ကို ကိုင်ပြတယ်။ "ဖျာလိပ်နတ်မေးတော့ ဘယ်နေရာမှာ မေးတာတုံး" "ဟောဒီနေရာမှာ မေးတာတော့်"

'ဟာ ဖြစ်မှဖြစ်ရလေကွာ၊ ငါတောင်းပန်တာကွ၊ အိမ်ပြန်ဖို့ တောင်းပန်းတာ၊ ဘယ်လိုတောင်းပန် လို့မှ မရဘူးကွာ၊ ဟောဒီ ကောင်လေးတွေ သိပါ တယ်" "ဟုတ်ပါတယ် လေးလေးရယ်၊ ကျော်ကျော်က မူးလာရင် သွေးဆိုးတယ်ဗျ။ ကျုပ်တို့လည်း အိမ် ပြန်ဖို့ တောက်လျှောက်ကို ပြောနေတာပါဗျာ၊ ဘယ်လိုပြောလို့မှကို မရဘူးဗျ' 'ကဲ မဆိုင်တဲ့လူတွေက နောက်ဆုတ်ကြပါဗျာ၊ ဒါ လူသတ်မှုဖြစ်သွားပြီ၊ ကဲ မောင်ထွန်း မင်းက စခန်းပြန်ပြီး စခန်းမှူးကို အကျိုးအကြောင်းပြော ပြီး ခေါ်လာပေတော့ " ကျုပ်တို့ အိမ်ထဲကနေပြီး အသံတွေ ကြားနေရတာ ပေါ့တော်၊ ကျုပ်က အိမ်ထဲကနေ ချောင်းကြည့်နေ တော့ မြင်လည်း မြင်နေရတယ်။ နောက်တော့ စခန်း မှူး ရောက်လာပြီး ပေတိုင်း ဓါတ်ပုံရိုက်၊ ဟိုနှစ်ကောင် ကိုလည်း သူတို့လဲကျတဲ့ပုံစံတွေ ပြန်လုပ်ခိုင်း၊ သူတို့ လဲကျတဲ့နေရာနဲ့ ကျော်ကျော် လဲကျတဲ့နေရာကို ပေ တိုင်း ဓါတ်ပုံတွေ ထပ်ရိုက်နဲ့ မိုးလင်းကာနီးတော့မှ အလောင်းကို ဆေးရုံသယ်သွားကြတာတော်" "နေပါဦးဟဲ့၊ သေသွားတဲ့ ကောင်လေးရဲ့ မိသားစု ကို သွားမပြောကြဘူးလား" ကျုပ်က သတိရလို့ မေးလိုက်တာဗျ။ "ဟာ…ပြောတာပေါ့ ကိုကြီးတာတေရဲ့၊ ဒီလမ်း ထဲမှာ သူတို့သူငယ်ချင်းတွေ ရှိတာပဲဟာ၊ သွား ခေါ်ကြတာပေါ့၊ ကျော်ကျော့်အိမ်ကလူတွေ ရောက်လာပြီး ဒီအိမ်ရှေ့မှာ ငိုလိုက်ကြတာတော်၊ ရဲက မနည်းဟန့်ယူရတယ်၊ ဒါပေမဲ့ သူတို့ပြောနေ သံကြားတာတော့ ကျော်ကျော်က မိဘတွေ မရှိ တော့ဘူးတဲ့တော်၊ သေကုန်ကြပြီတဲ့။ သူအဒေါ် က မွေးစားထားရတာဆိုပဲ၊ ကျောကုန်းအရိုက်ခံ ရတဲ့ အကောင်နှစ်ကောင်ရဲ့ မိဘတွေလည်း ရောက်လာကြတာပဲတော့်၊ ဒါပေမဲ့ အလောင်း သယ်သွားတဲ့အချိန်မှာ အဲဒီကောင်နှစ်ကောင် ကို ရဲက အိမ်ပြန်မလွှတ်ဘူး ရဲစခန်းကို ခေါ် သွားတယ်" "နင်တို့ကိုလည်း ရဲတွေက လာစစ်တယ်ဆို၊ ဘယ် အချိန် လာစစ်တာတုံး" "နောက်နေ့ မနက်အစောကြီး လေးလေးလှဝင်းက လာပြောတယ်" "မြနွယ်တို့ နင်တို့ ဒီနေ့ ကျောင်းမသွားကြနဲ့ ၊နင် တို့ကို မေးစရာရှိတယ်လို့ ပြောတယ်၊ သူတို့ လာ လိမ့်မယ် ' "လေးလေးလှဝင်းပြောတော့ ကျုပ်တို့ ကျောင်း မသွားဘူးပေါ့တော်၊ ရဲတွေက နှစ်ခါတောင် လာ စစ်တာတော့။ အရီးမရီကတော့ ကားဂိတ်သွားပြီး ဘထွေးဘခင်ဆီကို စာပို့တယ်၊ ရဲတွေက မနက် ၉ နာရီလောက်မှ ရောက်လာတာတော့၊ ကျုပ်တို့ အိမ်ရှေ့မှာ လူလေးငါးယောက် ရောက်လာလိုက်၊ စုစု စုစုလုပ်ပြီး ညက အကြောင်းတွေ ပြောလိုက် ကြပေါ့တော်၊ လေးလေးလှဝင်းတို့ ဝိုင်းထဲမှာလည်း လူတွေအုံပြီး ဒီအကြောင်းပဲ ပြောနေကြတာပေါ့ တော်" "ရဲက နင်တို့ကို ဘာတွေမေးတုံး" "အဓိက မေးတာက ခင်ထားကိုမေးတာတော့်" "အေးပေါ့၊ ခင်ထားက အဓိက အကြောင်းရင်း ဖြစ်နေတာကိုး၊ အေး ဘာတွေမေးတုံး ခင်ထား" ကျုပ်က မေးလိုက်တော့မှ ခင်ထားက ပြောပြတာဗျ။ "တူမလေးနာမည် ဘယ်လိုခေါ်တုံး" "ကျမနာမည် ခင်ခင်ထားပါ " "တခြားနာမည် ရှိသေးလား" "မရှိပါဘူး၊ ခင်ထားလို့တော့ ခေါ်ကြတယ်" ခင်ထားက သူ့ကို ရဲစခန်းမှူး လာပြီး စစ်ဆေးတာ ကို အားလုံးပြောပြတယ်ဗျ။ "အခုသေသွားတဲ့ ကျော်ကျော်နဲ့ တူမနဲ့က ကျောင်း မှာ တစ်ခန်းတည်းလား" "မဟုတ်ဘူးရှင့်၊ ကျမက ဘီခန်း၊ ဒီကောင်က စီခန်း" "တူမကို ကျော်ကျော်က စာပေးလိုက်တယ်ဆိုတာ ဟုတ်လား" "ဟုတ်ပါတယ်" "စာ ဘယ်နှခါ ပေးဖူးတုံး" "တစ်ခါပဲ ပေးဖူးတာပါ" "ဘယ်တုန်းက ပေးတာတုံး" "လွန်ခဲ့တဲ့ နှစ်လလောက်ကပါ အတိအကျတော့ မမှတ်မိဘူး" "စာထဲမှာ ဘာတွေရေးထားတုံး" "ကျမ မသိဘူး၊ သူ့စာကို ကျမ မယူဘူး၊ လွှင့်ပစ်ခဲ့တယ်" "နောက်ထပ် ပါးစပ်နဲ့ လိုက်ပြောတာဆိုတာတွေ ရှိလား" "တွေ့ရင်တော့ မကြားတကြား ပြောတာတွေတော့ ရှိတယ် " "ဒီအိမ်ရှေ့ကို အမြဲတမ်းလာလား" "ဟိုတလောက လာတာတော့သိတယ် နောက်ထပ် လာလား မလာလားတော့ ကျမ မသိဘူး" "အဲဒီတစ်ခါ လာတုန်းက သူတစ်ယောက်တည်း လာတာလား၊ သူငယ်ချင်းတွေ ပါသေးလား" "မပါဘူးရှင့်၊ သူတစ်ယောက်တည်း စက်ဘီးနဲ့ လာတာ၊ ပြီးတော့ သီချင်းလိုလို ဘာလိုလိုနဲ့ ကျမနာမည်ကို အော်ဆိုသွားတာ ကြားလိုက်ရ တယ်။ ဒီရှေ့မှာ စက်ဘီးနဲ့ ခေါက်တုံ့ခေါက်ပြန် သွားပြီး အော်ဆိုနေတာ၊ နောက်တော့ စက်ဘီး မြောက်တက်သွားတယ် ပြောကြတာပဲ၊ ကျမ ကိုယ်တိုင်တော့ မတွေ့လိုက်ဘူး" "ဘယ်လို၊ ဘယ်လို၊ စက်ဘီးမြောက်တက်သွား တယ် ဟုတ်လား တူမ" "ဟုတ်တယ်ရှင့်၊ ဟိုဘက်အိမ်က လေးလေးလှဝင်း တို့ တွေ့လိုက်တယ် ပြောတာပဲ၊ စက်ဘီးရော လူ ရော လူတစ်ရပ်လောက် မြောက်တက်သွားပြီး ပြန် ပြုတ်ကျတာ စက်ဘီးနှစ်ဘီးလုံး တွန့်ခေါက်သွား တယ်လို့ ပြောကြတယ်၊ ကျမတော့ ထွက်မကြည့် ဘူး" "သြော် …ဟုတ်လား၊ ဒီအကြောင်းကို လှဝင်းတို့ ဆီမှာ မေးရင် သိနိုင်တာပေါ့ ဟုတ်လား တူမ" "သိနိုင်ပါတယ်ရှင်" "တူမကို ကျော်ကျော်က စာလိုက်ပေးတုန်းက ကျောင်းက ဆရာမကို တိုင်သေးလား" "မတိုင်ပါဘူးရှင့်" "ဟင်၊ ဘာဖြစ်လို့ မတိုင်တာတုံး" "တိုင်ရမှာ ရှက်လို့ပါ၊ ပြီးတော့ အဲဒီလို တိုင်ရင် ပြဿနာ ပိုကြီးလာမှာစိုးလို့" "ကျော်ကျော်သေတဲ့ညက တူမ အိမ်ထဲမှာရှိလား" "ဟုတ်ကဲ့ ရှိပါတယ်" "သူလာပြီး အော်ဟစ်နေတဲ့ အသံတွေ တူမ အိမ်ထဲက ကြားနေရလား" "ဟုတ်ကဲ့၊ ကြားနေရတယ်" "တူမစိတ်ထဲမှာ ဘယ်လိုနေတုံး" "ကျမ အရမ်းကို ရှက်တာပါပဲ ဦးရယ်၊ ဒီကောင် က ကျမနာမည်ကို အကျယ်ကြီး အော်နေတာရှင့်" "လမ်းထဲကလူတွေက ထွက်မပြောကြဘူးလား"

"အေး၊ လေးလေးလှဝင်းက ဘာပြောတုံးဟဲ့ " "တူလေးတို့၊ မင်းတို့ ဒီလိုလုပ်လို့ မသင့်တော်ပါဘူး ကွယ်၊ ပတ်ဝန်းကျင်ဆိုတာ ရှိသေးတယ်ကွယ်ကွဲ့၊ ခုဟာက လူကြား မကောင်းအောင် အော်ဟစ်နေ တာ၊ ပြန်ကြပါတော့ကွယ်၊ လေးလေး မေတ္တာရပ်ခံ ပါတယ်" လို့ ပြောတာတော်၊ ဒီတော့ ကျော်ကျော်က အရက် မူးသံကြီးနဲ့ ပြန်ပြောတယ်တော့်။ 'ဒီမှာ ခင်ဗျားတို့နဲ့ ဘာမှမဆိုင်ဘူး၊ ဘာမှလည်း မပတ်သက်ဘူး၊ ကျုပ်နှလုံးသားကိစ္စကို ကျုပ်ဖာသာ လာပြီးရှင်းတာ၊ ခင်ခင်ထားက ထွက်လာပြီး ကျော် ကျော်ရယ် ပြန်ပါတော့လို့ ပြောမှ ကျုပ်ပြန်မယ် ဒါပဲ ခင်ဗျား ပြန်တော့၊ ဘာမှ လာမပြောနဲ့၊ ဘယ်သူပြော လို့မှ မရဘူး၊ တစ်လမ်းလုံး ထွက်ရိုက်လည်း ကျုပ် အရိုက်ခံမယ်၊ ပြန်တာတော့ မပြန်ဘူး" "လေးလေးတောင်းပန်တာပါ တူလေးရယ်၊ ပြန်ပါ ကွာ၊ တစ်ဖက်သား မိန်းကလေးအတွက်လည်း မကောင်းပါဘူးကွာ။ အရှက်ရစရာ ဖြစ်တာပေါ့ တူလေးရာ ပြန်ပါကွာ" "ဟေ့လူ ခင်ဗျား တော်တော်စကားရှည်တာပဲ၊ ကျုပ် မပြန်ဘူးလို့ ပြောပြီးပြီမို့လား၊ ကျုပ်ပြန်စေချင်လို့ ခင် ဗျား အိမ်ထဲဝင်ပြီး ခင်ခင်ထားကို ခေါ်ထုတ်ခဲ့၊ ဒါမှ ကျုပ်ပြန်မယ်။ ခင်ဗျားတို့ မှတ်ထား၊ ကျုပ်နာမည် ကျော်ကျော်တဲ့' 'အေး ကောင်းကောင်းပြောလို့ မရရင်တော့ ကျုပ် က ရဲသွားခေါ်ရမှာပဲ ငါ့တူ' 'ခေါ်ဗျာ၊ သွားခေါ်၊ ရဲတွေအားလုံး ခေါ်လာခဲ့၊ ကျုပ်က လုံးဝမစိုက်ဘူး' အဲဒါနဲ့ လေးလေးလှဝင်းက သူ့အိမ်ထဲ ပြန်ဝင်ပြီး စက်ဘီးယူတယ်။ စက်ဘီးလေးနင်းပြီး ထွက်သွား တယ် ကိုကြီးရဲ့။ ကျုပ်ကတော့ ဒီကောင်တွေ ကြောက်အောင် ခြောက်တယ်လို့ထင်တာ။ ဒီအ ကောင် ကျော်ကျော်က လေးလေးလှဝင်းလည်း ထွက်သွားရော ဆက်အော်ပြန်တာပဲတော်၊ အော် တာမှ အသံပြဲကြီးနဲ့ အော်တာတော်ရေ။ 'ခင်ထားရေ၊ ငါ ရူးနေပြီ ခင်ထားရေ။ နင့်ကြောင့် ငါ ရူးနေပြီဟဲ့ ခင်ထားရဲ့၊ခဏလေးဖြစ်ဖြစ် ထွက်လာခဲ့ ပါ ခင်ထားရယ်၊ ဟောဒီက ငကျော် မင်းရဲ့မျက်နှာ လှလှလေးကို ဖူးချင် တွေ့ချင်လွန်းလို့ပါ အချစ်ရယ်" ဒီကောင် တဖြည်းဖြည်းလွန်လာပြီတော့ သူနဲ့ ပါ လာတဲ့ နှစ်ကောင်ကလည်း သူ့ကို ပြန်ရအောင် လို့ ဘယ်လိုပြောပြော ဒီကောင်က မရဘူးတော့်၊ ဆက်ပြီးအော်နေတာပဲတော်၊ အဲဒီအချိန်မှာ ခင် ထား ဘယ်လုပ်လိုက်တယ် ထင်တုံး" "ဟေ…ခင်ထားက ဘာလုပ်လိုက်တာတုံး မြနွယ်" "မအောင်ဖြူရေ၊ ခင်ထားကို အရှက်ရအောင် လာ လုပ်နေတဲ့ကောင်ကို ဘာလို့ ဒီအတိုင်းကြည့်နေ တာတုံး၊ ရှင်မအောင်ဖြူ ဒီအကောင်ကို ဆုံးမလိုက် ပါစမ်းပါတော်" လို့ လက်အုပ်ကလေးချီပြီး ပြောလိုက်တာ ကိုကြီး တာတေ၊ ခင်ထား စကားဆုံးတာနဲ့ တစ်ပြိုင်တည်း ပဲတော်၊ ဝိုင်းရှေ့က အော်သံကြီး ထွက်လာတာ တော့်" "ဟေ…ဟုတ်လားဟဲ့ " "အောင်မယ်လေးဗျ၊ အား အား အား' ဆိုတဲ့ အသံကြီးနဲ့ မချိဆန့် အော်တော့တာ ကို ကြီးတာတေရေ၊ အဲဒီအသံကြီးလည်း ဆုံးရော ကျော်ကျော်နဲ့ ပါလာတဲ့ကောင်နှစ်ကောင် အော် တော့တာပဲတော့်။ 'အောင်မယ်လေးဗျ၊ လာကြပါဦးဗျို့၊ ကျုပ်တို့သူ ငယ်ချင်း ဘာဖြစ်တာလည်း မသိဘူးဗျ' အဲဒီအော်သံကြီးလည်း ကြားရော လမ်းထဲက အိမ်တွေ တံခါးဖွင့်သံတွေ ကြားတယ်တော့်၊ ပြီး တော့ လှမ်းမေးတဲ့အသံတွေလည်း ကြားတယ်။ 'ဟေ့ကောင်လေးတွေ ဘာဖြစ်တာတုံး' 'မသိဘူးဗျ၊ ဒီကောင် ကျော်ကျော်၊ ခေါင်းကြီး နောက်ကို လည်ပြီး လဲကျသွားတာဗျ' လမ်းထဲကလူတွေ ဝိုင်းအုံကြည့်ပြီး တစ်ယောက် တစ်ပေါက်နဲ့ ပြောနေကြတာကို ကျုပ်တို့ကြား နေရတာပါတော်။ "ဟာ…ဟုတ်သားပဲ၊ လည်ပင်းကြီး ကျိုးနေပြီကွ" "ဟာ …မျက်နှာကြီးက ကျောကုန်းဘက်ကို ရောက်နေပါလား" "လည်လိမ်ချိုးခံရတာကွ" "ဟိုတလောက ခွေးကြီး သေသလို သေတာပဲကွ' "ဒါကြောင့် ဒီကောင် ဒီလောက်အော်တာကိုး" "မချိမဆန့် ခံပြီးမှ သေသွားတာကွ" "အေးပေါ့။ မျက်လုံးကြီးတွေ ပြူးထွက်ပြီး ပါးစပ် ကြီးက ဟလို့၊ မျက်နှာက ရှုံ့မဲ့ပြီးနေတာလေ။ မချိမဆန့် ခံစားရလို့ပေါ့ကွာ" "ဟေ့ကောင်လေးနှစ်ကောင် မင်းတို့ရော ဘာဖြစ်သေးတုံး" "ကျုပ်တော့ ကျောကုန်းတစ်ချက် အရိုက်ခံရတယ်ဗျ" 'ကျုပ်ရောပဲ၊ ကျောကုန်းအရိုက်ခံလိုက်ရတယ်။ ကျုပ်တို့ကို အရင်ရိုက်တာဗျ၊ ကျုပ်တို့နှစ်ယောက် ရှေ့ကို ဟပ်ထိုးလဲကျသွားတုန်း ဒီကောင့်ကို လည် လိမ်ချိုးတာပဲဖြစ်မယ်" "ဒီကောင် မချိမဆန့် အော်သံကြားလို့ ကျုပ်လှည့် ကြည့်တော့ ဒီကောင့်ခေါင်းကြီးက နောက်ကို ရွေ့ သွားပြီး ဂျွတ်ဆို ကြားလိုက်ရတယ်ဗျ။ ဒီကောင် လည်း မအော်နိုင်တော့ဘဲ ဝမ်းလျားမှောက်ကြီး လဲသွားတာ၊ ကျုပ်တို့နှစ်ယောက် ထပြီးကြည့် လိုက်တော့ ဒီကောင် မျက်နှာကြီးက အခုလိုပဲ ကျောကုန်းဘက်ကို ရောက်နေတာဗျ" "ဒါဆို ဒီကိုလာစမ်း၊ မင်းတို့နှစ်ယောက်ရဲ့ ကျော ကုန်းတွေကို ကြည့်ရအောင်" "ဟာ …လက်ဝါးရာကြီးတွေဟေ့၊ ဟိုတစ်ခါ သီ ချင်းလာဆိုတဲ့ကောင်တွေလိုပဲဟ၊ နည်းတဲ့လက် ဝါးကြီး မဟုတ်ဘူးဟေ့" "ဟာ…အေးဟ၊ ငါ့လက်ဝါးငါးဆလောက် ရှိ တယ်ဟေ့' လူတွေ ကျွက်စီ ကျွက်စီနဲ့ ပြောနေတုန်းမှာပဲ ရဲသွားခေါ်တဲ့ လေးလေးလှဝင်း ပြန်ရောက်လာ တယ်တော်၊ ရဲတွေလည်း ပါလာတယ်။ 'ဟ …ဝကြီး၊ ဘာတွေဖြစ်ကုန်ပြီလဲဟ" သေပြီ လေးလေးလှဝင်းရေ၊ လည်လိမ်ချိုးခံရလိုက် ရတာဗျ၊ ဟောဒီကောင်လေးနှစ်ယောက်ကတော့ ကျောကုန်းကို တစ်ချက်စီ အရိုက်ခံရတာ၊ ကျော ကုန်းမှာ လက်ဝါးရာကြီးတွေ ထင်လို့ဗျ'

"မနက်မိုးလင်းတော့မှ ဇာတ်လမ်းက စတော့တာ ကိုကြီးတာတေရေ၊ ညက ကြောင်နှစ်ကောင် အ သံပျောက်သွားတာ ဘာကြောင့်လဲဆိုတာ၊ ဒီတော့ မှ သိရတာ တော်ရေ" "ဟေ …ဘာဖြစ်လို့ အသံပျောက်သွားတုံးဟဲ့" ကျုပ်က မြနွယ်ကို မေးလိုက်တာဗျ။ "နှစ်ကောင်လုံး သေသွားတာ ကိုကြီးတာတေရဲ့" 'ဟဲ့ ကြောင်ကြောင်ချင်း ကိုက်တာ သေတယ်လို့ မရှိပါဘူးဟဲ့ " "ဟုတ်တယ် ကိုကြီးရေ၊ ဒါပေမဲ့ အဲဒီညက ကိုက် တဲ့ ကြောင်ကြီးနှစ်ကောင်ကတော့ နှစ်ကောင်လုံး သေလို့တော့်၊ သေတာမှ လည်ပင်းတွေ လိမ်ချိုး ခံရပြီး သေတာ တော်ရေ၊ ဇက်ကြီးတွေကျိုးပြီး မျက်နှာကြီးတွေက ကျောကုန်းဘက်ကိုတောင် ရောက်နေတာတော်၊ ပြီးတော့ ကြောင်တွေက သစ်ပင်ပေါ်က ပြုတ်ကျတာ၊ ကျုပ်တို့ဝိုင်းထဲကို ကျတာ မဟုတ်ဘူးတော့်၊ လမ်းပေါ်ကို ကျတာ၊ လမ်းပေါ်မှာ လူတွေ ဝိုင်းကြည့်ပြီး ပြောနေကြ လို့ ကျုပ်တို့ သိတာ" "ဟင်၊ နင်တို့ကိစ္စကလည်း တဖြည်းဖြည်း ရှုပ်ထွေး လာပါလား မြနွယ်ရဲ့" "အဲဒါတော့ ကျုပ်တို့လည်း မသိဘူး ကိုကြီးတာ တေရေ" "နင်တို့ကတော့ ဖျာလိပ်နတ်ကို ဆက်မေးနေတာ ပဲလား" "ကျောင်းပိတ်ရက်ဆိုရင် မေးတာပဲတော့်၊ ကျုပ် တို့ မမေးလည်း ကျောင်းကကောင်မတွေက တစ် ယောက်မဟုတ် တစ်ယောက် ရောက်လာပြီး မေး တော့တာတော့်၊ သြော် နောက်တစ်ခု ရှိသေးတယ် ကိုကြီးတာတေရဲ့၊ ကျုပ်တို့ ဆယ်တန်းကပဲ မျိုးခင် ဆိုတဲ့အကောင်၊ လူက ရုပ်ဖြောင့်ဖြောင့်ပါ။ မြာကလည်း အင်မတန်ပွေတဲ့အကောင်၊ အဲဒီအ ကောင်က ခင်ထားကို လစ်ရင် လစ်သလို ရည်းစာ စကား လိုက်ပြောတဲ့ အကောင်တော့်။ အဲဒီနေ့က လည်း ခင်ထားကို လှေကားအဆင်းအတက်မှာ နှစ်ယောက်တည်း တွေ့လို့ အတင်းလမ်းပိတ်ပြီး ရည်းစားစကာ ပြောတာတဲ့တော့်။ အဲဒါ ခင်ထား က သူ့ကို အတင်းတွန်းဖယ်ပြီး လှေကားကနေ ကျောင်းအပေါ်ထပ်ကို တက်လာတာ၊ 'အောင်မလေးဗျ'လို့ အော်သံကြားလို့ ခင်ထားက နောက်လှည့်ကြည့်လိုက်တော့ မျိုးခင် လှေကား ကနေ ဒလမ့်ခေါက်ကွေး ပြုတ်ကျသွားတာတဲ့ တော်ရေ၊ လှေကားတက်လာတဲ့ သင်္ချာဆရာ ဦး အောင်ဒွေးက တွေ့လို့ ဆီးတွန်းထားလို့ မသေ တာ တော်တေရေ။ ဆရာဦးအောင်ဒွေးနဲ့သာ မတွေ့ရင် ဒီအကောင် လှေကားအောက်က အုတ်သမံတလင်းနဲ့ ခေါင်းနဲ့ ရိုက်မိပြီး ပွဲချင်းပြီးသွားနိုင်တယ် ကိုကြီးရေ၊ ဖျာ လိပ်နတ် မအောင်ဖြူက ခင်ထားကို သွားလေရာ လိုက်ပြီး စောင့်ရှောက်နေတာ ကိုကြီးတာတေရဲ့။ ခင်ထားကို စိတ် အနှောင့်အယှက်ဖြစ်အောင် လုပ် လို့ကတော့ လူရော၊ ခွေးရော၊ ကြောင်ရော ဘာမှ ကို မထားဘူး တော်ရေ၊ အားလုံးကို လုပ်ပစ်တာ တော်၊ ဘွားမယ်တုံ ပြောတာ ဟုတ်လိမ့်မယ်တော့်" "ဟေ …ဘာများတုံး မြနွယ်ရဲ့" "မအောင်ဖြူက ဖျာလိပ်နတ် မဖြစ်ခင် ဘီလူးမ သွား ဖြစ်သေးတာတဲ့တော့်။ ဒီတော့ အဲဒီအချိန်နဲ့ ဖျာလိပ် နတ်ဖြစ်တဲ့ ဘဝမှာ တစ်ခါတလေ ကြမ်းတမ်းတတ် တယ်လို့ ဘွားပြောဖူးတယ်တော့်" "ဟုတ်လား၊ ဘွားမယ်တုံက အဲဒီလို ပြောသလား၊ အေး၊ ဒီလိုဆိုတော့လည်း ဟုတ်နေတာပဲပေါ့ မြနွယ် ရဲ့၊ ခင်ထားကို မအောင်ဖြူက ဘာဖြစ်လို့ ဒီလောက် ခင်တွယ်သွားရတာတုံးဆိုတာ စဉ်းစားလို့ မရဘူးဟဲ့" "အို…ကိုကြီးတာတေကလည်း နတ်ဆိုတာ လိပ်ပြာ လှရင် ချစ်တယ်လို့ ပြောကြတယ်၊ ခင်ထားက လူတင် လှတာ မဟုတ်ဘဲ လိပ်ပြာပါလှလို့ ရှိမှာ ပေါ့တော်" ကျုပ်က ဘာမှပြန်မပြောနိုင်ဘဲ နဂါးဆေးပေါ့လိပ် ကလေးကို မီးညှိပြီး နေလိုက်ရတော့တာပေါ့ဗျာ။ "ကဲ နောက်ရော ဘာတွေ ထူးထူးခြားခြား ဖြစ်သေး တုံး ပြောပါဦး" လို့ ကျုပ်မေးတော့ တစ်ယောက်မျက်နှာ တစ် ယောက်ကြည့်ပြီး ခင်ထားက ပြောတယ်ဗျ "နောက်ထပ်တော့ ဘာမှမဖြစ်တော့ပါဘူးတော်။ ဟိုအကောင် သေတာပဲ ရှိတော့တယ်" "အေး အဲဒီသေသွားတဲ့ကောင်က ဘယ်သူတုံးဟဲ့" အသွက်မ မြနွယ်က ပြောဖို့ ပါးစပ်ပြင်လိုက်တယ် ဗျ။ ကျန်တဲ့သူတွေက ဘာမှမပြောတော့ဘဲ မြနွယ် မျက်နှာကို ဝိုင်းကြည့်နေကြတယ် "ဘယ်အကောင်ရှိဦးမလဲ ကိုကြီးတာတေရယ် ကျော်ကျော်ပေါ့၊ ကျော်ကျော်သေတာ" "ဘာ…ခင်ထားကို စာပေးတဲ့ကောင်လေး သေတာ ဟုတ်လား၊ ဖြစ်မှဖြစ်ရလေဟယ်" "ဟုတ်တယ် ကိုကြီးရေ၊ ဒီအကောင်က ကျောကုန်း ကို လက်ဝါးရာကြီးထင်အောင် ရိုက်လည်း အမှတ် မရှိဘူး။ စက်ဘီးရော လူရော မြှောက်ပစ်လိုက်တာ လည်း အမှတ်မရှိဘူးတော့်၊ အဲဒီညက ဆယ်နာရီ လောက် ဒီအိမ်ရှေ့ကို ရောက်လာတာ။ ဒီအနီးအ နားက လူတွေက တံခါးတွေတောင် ပိတ်နေကြပြီ တော်။ ဒီကောင်က အရက်တွေ မူးလာတာ။ ဘေး က အကောင်နှစ်ကောင်က တွဲလာရတာတော်။ ဒီအိမ်ရှေ့ကို ရောက်တော့ အသံပြဲကြီးနဲ့ အော် တော့တာပါပဲတော်" "ဟေ…ဘယ်လိုအော်လို့တုံး မြနွယ်ရဲ့" "ခင်ထား၊ ငါပါ ကျော်ကျော်ပါ၊ နင့်က ရူးမတက်ချစ် မိနေတဲ့ ကောင်လေဟာ၊ ခင်ခင်ထား နင် မာနကြီး လှချည်လား၊ ကျော်ကျော်ဆိုတဲ့ကောင်က သိပ်အ ချစ်ကြီးတဲ့ကောင်ပါ ခင်ထားရဲ့၊ ဒီည နင်ကိုယ်တိုင် ထွက်လာပြီး ကျော်ကျော် ပြန်တော့လို့ ပြောမှ ငါ ပြန်မယ်၊ နင် မထွက်မပြောမချင်း ငါ မပြန်ဘူး ဒါ ပဲ၊ အဲဒါပဲ ခင်ထားရေ" "ကျုပ် ချောင်းကြည့်တော့ ဒီကောင်က သူ့ဘေးက ကောင်ဆီက အရက်ပုလင်းကိုယူပြီး ထပ်မော့နေ သေးတာ တော်ရေ၊ ကျုပ်တို့လည်း ဘာလုပ်ရမှန်း မသိတော့ဘူး ကိုကြီးတာတေရေ၊ ခင်ထားဆိုတာ လည်း ရှက်ပြီး ငိုနေပြီတော်၊ ဒီအကောင်က မူးပြီး အသံပြဲကြီးနဲ့ အော်ချင်တိုင်း အော်နေတာတော့်။ တော်တော်ကြာတော့၊ ဟိုဘက်ဝိုင်းက လေးလေး လှဝင်း ထွက်လာပြီး ပြောတဲ့ အသံ ကြားရတယ် ကိုကြီးတာတေရဲ့"

"ကိုကြီးတာတေကို ကျုပ် တစ်ခု ပြောရဦးမယ်" ခင်ထားက ကျုပ်ကို ပြောတာဗျ။ ကျုပ်က ဖွာလက် စ နဂါးဆေးပေါ့လိပ်ကလေးကို ဆေးလိပ်ခွက်ထဲကို ခဏချထားလိုက်တယ်။ "အေး ပြောပါဦး ခင်ထားရဲ့" "ဒီလိုတော့်၊ အဲဒီနေ့က တနင်္ဂနွေနေ့၊ ကျောင်းက သူငယ်ချင်းတွေက ဖျာလိပ်နတ် မေးချင်လို့ လာ ကြတာ၊ ကျုပ်တို့လည်း လုပ်နေကျအတိုင်း လုပ် ကိုင်ပြီး ဖျာလိပ်နတ် မေးကြတာပေါ့ ကိုကြီးတာ တေရယ်၊ အဲဒီည အိပ်တော့ ကျုပ် အိပ်မက်မက် တယ်တော့်" "အေး ဘယ်လိုမက်တုံး ခင်ထားရဲ့" "အိပ်မက်ထဲမှာ ကောင်မလေးတစ်ယောက်နဲ့ ကျုပ် က စကားပြောနေတာ ကိုကြီးရဲ့၊ ထူးဆန်းချက်တော်၊ ကျုပ်နဲ့ စကားပြောနေတဲ့ ကောင်မလေးက ကျုပ်ရုပ် နဲ့ တစ်ပုံစံတည်းပဲတော့်၊ အသက်လည်း ကျုပ်နဲ့ ရွယ် တူပဲ၊ ကျုပ်လိုပဲ ဆံပင်အရှည်ကြီးကို ကျောပေါ်မှာ ဖားလျားချထားတာတော့်" "ခင်ထားတို့ ဘာအကြောင်းတွေ ပြောကြတုံး" ကျုပ်က ခင်ထားကို မေးလိုက်တာဗျ။ "ကျုပ်က ဘာမှမပြောပါဘူး၊ သူပြောတာကိုပဲ နား ထောင်နေတာ။ သူက ကျုပ်ကို ပြောတယ်တော့်၊ နင် ဘယ်တော့မှ ရည်းစားမထားနဲ့တဲ့၊ ယောက်ျား ဆိုတာ ကောင်းတဲ့လူ အင်မတန် ရှားတယ်တဲ့၊ သူ ဒီလိုဘဝမျိုး ရောက်ရတာလည်း ယောက်ျားတစ် ယောက်ကြောင့် ရောက်ခဲ့ရတာတဲ့၊ ယောက်ျား တွေကို ဘယ်တော့မှ အရောမဝင်နဲ့လို့ ကျုပ်ကို ပြောပြီး အိမ်ပေါက်ဝဘက်ကို လှည့်ထွက်သွား တယ်တော့်၊ အိမ်ဝကို ရောက်တော့ ကျုပ်ကို သူ လှည့်ကြည့်တယ်။ အဲဒီမှာ ကျုပ် လန့်ပြီး အသံ ကုန် ထအော်မိတော့တာတော့်" "ဟေ…ဘာဖြစ်လို့တုံး ခင်ထားရဲ့" "ကျုပ်ကို လှည့်ကြည့်တဲ့ မျက်နှာက စောစောက ကျုပ်နဲ့တူတဲ့ မျက်နှာနဲ့ မဟုတ်တော့ဘူးတော့်၊ ကြောက်စရာ မျက်နှာကြီးပါတော်၊ မျက်လုံးကြီး တွေ ပြူးထွက်နေပြီး ပါးစပ်ကြီးက ရွဲ့နေတာတော်၊ အဲဒီရွဲ့နေတဲ့ ပါးစပ်ကြီးထဲက လျှာနီနီကြီးက တွဲ လောင်းကြီး ကျလို့တော်၊ နားရွက်ကြီးတွေကလည်း အကြီးကြီးတွေပဲ၊ ပြီးတော့ နှာခေါင်း မပါဘူးတော့်။ နှာခေါင်းနေရာက ပြားချပ်ကြီးတော့်၊ ကျုပ်အော် လိုက်တဲ့အသံက ခုနှစ်အိမ်လောက်တောင် ကြား နိုင်တာ ကိုကြီးရဲ့၊ ဒါပေမဲ့ ကျုပ်အော်တဲ့အသံက အပြင်ကို ထွက်လာပုံ မပေါ်ဘူးတော့်၊ ကျုပ်နိုးလာ တော့ ကျုပ်နဲ့အတူတူ အိပ်နေတဲ့ မြနွယ်က တရှူး ရှူးနဲ့ အိပ်နေတာ။ နိုးတောင် မနိုးဘူးတော့်။ ကျုပ်လည်း မျက်စိကျယ်သွားပြီး ချက်ချင်းပြန်အိပ် လို့ မပျော်တော့ဘူး၊ အဲဒီအချိန်မှာ အိမ်ထဲက ဇီးရိုး ဝပ်မီးအလင်းရောင်လေးနဲ့ ကျုပ် ဘာကိုမြင်ရတယ် ထင်လဲ ကိုကြီးတာတေ" "ဟေ …ဘာကို မြင်ရလို့တုံး" "နေ့လယ်က ကျုပ်ကို ဖျာလိပ်နတ်မေးတဲ့ ဖျာလိပ် ကြီးက တဆတ်ဆတ်တုန်လာပြီး လူလမ်းလျှောက် သလို ရွေ့နေတာ ကိုကြီးတာတေရေ" "ဟာ…ဟုတ်လား ခင်ထား" "နင် သူတို့ကို နှိုးပြီး မပြဘူးလား" "နှိုးဖို့နေနေသာသာ ကြောက်တာနဲ့ လှုပ်တောင် မလှုပ်ဘူး ကိုကြီးတာတေရေ" "အေး၊ နောက်တော့ အဲဒီဖျာလိပ်ကြီး ဘာဖြစ် သြားတုံး" "ခဏပဲ ကိုကြီးရဲ့၊ ခဏရွေ့သွားပြီးတော့ ပြန်ငြိမ် သွားတယ်။ မနက်မိုးလင်းတော့ ဒီကောင်မတွေကို ကျုပ်က ပြန်ပြောပြတာ၊ ဒီကောင်မတွေက မယုံ ဘူးတော့်၊ နင့်အိပ်မက်မက်ပြီး စိတ်ဂယောင်ချောက် ချား ဖြစ်သွားလို့ နေမှာပေါ့လို့ ပြောကြတယ် တ ကယ်က ကျုပ် သေသေချာချာ မြင်တာတော့ " ကျုပ်က နဂါးဆေးပေါ့လိပ်ကလေးကို ပြန်ဖွာပြီး တွေးနေမိတာဗျ။ ဖျာလိပ်နတ် မေးတာကို အစွဲ လန်းကြီး စွဲလန်းနေတဲ့ ဒီကောင်မလေးတွေအ ကြောင်း ကျုပ်တွေးနေတာပေါ့ဗျာ။ ခင်ထားအိပ် မက်ထဲမှာ မအောင်ဖြူက ခင်ထားပုံစံ ဖန်တီးပြီး ယောက်ျားတွေကို ကင်းကင်းရှင်းရှင်းနေဖို့ ပြော သွားတယ်ဆိုတာလည်း ဟုတ်လောက်တယ်ဗျ။ ဘွားမယ်တုံ ကျုပ်တို့ကို ပြောပြတဲ့ ဖျာလိပ်နတ် မအောင်ဖြူ ရာဇဝင်ထဲမှာ မအောင်ဖြူက သူ ယောက်ျားပညာဗလအမတ်ကို သိပ်ချစ်တာဗျ။ သူ့ယောက်ျား အဖမ်းခံရတယ်ကြားလို့ ဖျာလိပ် ကလေးပိုက်ပြီး လိုက်သွားရာကနေ အသတ်ခံ ရတာဗျ။ ဒီတော့ မအောင်ဖြူ ပြောသလို ယော က်ျားတစ်ယောက်အတွက် သူ ဒီဘဝကို ရောက် ခဲ့ရတာဆိုတဲ့ စကားက အမှန်ပဲပေါ့ဗျာ "နေဦး ကိုကြီးတာတေရဲ့၊ ကျုပ်ပြောဦးမယ်" ကျုပ်က တွေးနေတာနဲ့ ဘာမှပြန်မပြောဘဲ ခေါင်း ညိတ်ပြလိုက်တယ်။ ပြောတာက မြနွယ်ဗျ။ "တစ်ညမှာ ကြောင်နှစ်ကောင် သဲကြီးမဲကြီး ကိုက် တာ တော်ရေ" "ဟေ…ဟုတ်လား၊ ဘယ်မှာကိုက်တာတုံးဟဲ့ " "ကျုပ်တို့ အိမ်ခေါင်မိုးမှာ ကိုက်တာတော့်၊ ကိုက် လိုက်တာမှ သဲကြီးမဲကြီးကို ကိုက်ကြတာ ကိုကြီး ရေ၊ သွပ်မိုးပေါ်မှာ ပြေးကြလွှားကြတဲ့ အသံတွေ၊ အော်ကြ၊ ဟစ်ကြ၊ မာန်ဖီကြတဲ့ အသံတွေဆိုတာ ဆူညံနေတာပါပဲတော်၊ ခေါင်းမိုးပေါ်မှာ တဝုန်းဝုန်း ပြေးနေလိုက်ကြတာ။ ကျုပ်တို့ ငါးယောက်စလုံး အိပ်လို့ မရတော့ဘဲ ထထိုင်နေကြတော့တာ ကို ကြီးရေ၊ ခဏကြာတော့ ကြောင်နှစ်ကောင် ဘယ် လိုဖြစ်ပြီး မြေကြီးပေါ် ရောက်သွားမှန်း မသိပါဘူး တော်၊ အိမ်ဝိုင်းထဲမှာ ပြေးလွှားကိုက်ခဲနေတဲ့ အ သံတွေ ကြားရတယ်တော့်။ ခဏကြာတော့ ဝိုင်းဝက သရက်ပင်ကြီးပေါ်ကို ပြေးတက်သွားတဲ့အသံ ကြားရတယ် ကိုကြီးရေ၊ သရက်ပင်ပေါ်မှာ နှစ်ကောင်သား ကိုက်နေကြ တဲ့အသံ ကြားရတယ်၊ သရက်ပင်ပေါ်မှာ ကိုက် နေရင်းကနေ အသံတွေ ပျောက်သွားရောတော့်၊ ဒီတော့မှပဲ ကျုပ်တို့လည်း အိပ်လို့ရသွားတော့ တယ်" ကျုပ်က မြနွယ် ဘာပြောချင်မှန်း မသိတော့ဘူးဗျ။ ဒါပေမဲ့ မြနွယ်က စကားဆက်သေးတာဗျ။

"ဟာ ဖြစ်တာပေါ့တော်၊ ညဘက်ကြီးတော့်၊ သန်း ခေါင်လောက်ကြီး တော်ရေ၊ ခွေးကြီးတစ်ကောင် ဟောင်တာတော်၊ အဆက်မပြတ်ကိုဟောင်တာ ကိုကြီးရေ၊ ကျုပ်တို့တွေ အကုန်လုံး နိုးပြီး ထထိုင် နေကြရတယ်၊ ဒါနဲ့ ကျုပ်က တံခါးဖွင့်ပြီး အိမ်ရှေ့ ကို ကြည့်လိုက်တော့ ခွေးက လမ်းပေါ်ကနေပြီး ကျုပ်တို့အိမ်ကို တည့်တည့်ကြည့်ပြီး ဟောင်နေ တာ ကိုကြီးရေ" ညိုမြက ပြောတာဗျ။ ကျန်တဲ့သူတွေကလည်း ခေါင်းညိတ်ပြပြီး ညိုမြပြောတာကို ထောက်ခံ ကြတယ်။ "နေပါဦး ညိုမြရဲ့၊ ခွေးက ခပ်ငယ်ငယ်လား ခပ်ကြီးကြီးလား" "ဟာ ကိုကြီးတာတေကလည်း ခွေးက အကောင် ခပ်ကြီးကြီးတော့်၊ အသံကြီးကလည်း အကြီးကြီးနဲ့ ဟောင်တာ၊ ဟောင်တာမှ တစ်ချက်မှကို ရပ်မသွား တာတော်၊ လူတွေကလည်း အိပ်ကောင်းတဲ့အချိန် ဆိုတော့ ဘယ်သူမှလည်း ထပြီးမငေါက်ကြဘူး တော့်၊ ဒါနဲ့ ကျုပ်လည်း တံခါးပိတ်ပြီး အိပ်ရာထဲ ပြန်ဝင်နေလိုက်တယ်၊ ကျုပ်တို့ငါးယောက်လုံး အိပ်လို့တော့ မပျော်ကြဘူး ပေါ့တော်၊ တော်တော်ကြာတော့ ခွေးက ဟောင်နေ တာ ရပ်ပြီး မာန်ဖီတဲ့ အသံကြီး ကြားရတယ်တော့်၊ ကျုပ်ထင်တာတော့ တခြားက ခွေးတစ်ကောင် ရောက်လာလို့ မာန်ဖီတာလို့ ထင်တာတော်၊ ဒါပေမဲ့ ခွေးနှစ်ကောင်ကိုက်တဲ့ အသံ မကြားရဘဲ စောစောက ဟောင်နေတဲ့ ခွေးကြီးရဲ့ မချိမဆန့် အော်တဲ့အသံကို ကြားလိုက်ရတာ ကိုကြီးရဲ့၊ အော်တာမှ မချိမဆန့်ဝေဒနာ ခံစားရတဲ့အသံနဲ့ အော်တာပါတော်။ 'ကိန်၊ ကိန်၊ ကိန်၊ အီ၊ အီ၊ အီ၊ အီ" ဆိုတဲ့အသံကြီးက တဖြည်းဖြည်း ရပ်သွားရော တော်ရေ" "ဟေ…ဟုတ်လား၊ ခွေး ဘာဖြစ်သွားလို့တုံးဟဲ့" "မနက်မိုးလင်းတော့မှ လမ်းထဲကလူတွေ ထွက်လာ ကြပြီး ဝိုင်းအုံကြည့်ကြတာ ကိုကြီးရေ" "ဟင်၊ ခွေးကြီး သေသွားတာပေါ့၊ ဟုတ်လား ညိုမြ" "ဟုတ်ပါ့တော်၊ သေတာမှ ဆိုးဆိုးဝါးဝါးကို သေတာ ကိုကြီးရေ၊ ဇက်ကြီးကို လိမ်ချိုးထားတဲ့တော်။ မျက်နှာ ကြီးက ခွေးရဲ့ကျောကုန်းဘက်ကို ရောက်နေတာတဲ့ တော်၊ လည်ပင်းက ကျိုးနေတာတဲ့၊ လာကြည့်တဲ့လူ တွေဆိုတာ ကြောက်လန့်ပြီး မျက်နှာကို ပျက်နေကြ တာ ကိုကြီးရေ၊ ခွေးကိုယ်ပေါ်မှာ တခြားဘာဒဏ်ရာ မှ မတွေ့ရဘူးတဲ့" "ဒါဆိုရင် ခွေးကို လည်ပင်းလိမ်ချိုးပြီး သတ်လိုက် တာပေါ့ ညိုမြရဲ့" "ဟုတ်တယ် ကိုကြီးရဲ့၊ လမ်းထဲကလူတွေလည်း တိုးတိုး တိုးတိုးနဲ့ ပြောပြီး ခွေးသေကြီးကို မြှုပ်ပစ် ဖို့ ယူသွားကြရော ကိုကြီးရေ" "နေဦး ကိုကြီးတာတေ၊ ကျုပ် ပြောဦးမယ်" လှထွေးက ဝင်ပြောတာဗျ။ လှထွေးက စကားသိပ် နည်းတာ။ ဒါကြောင့်လည်း ညိုလှနဲ့ သူနဲ့က ပိုတွဲ ဖြစ်ကြတာပေါ့ဗျာ "အေး၊ ပြောစမ်းပါဟဲ့ လှထွေးရဲ့" "အဲဒီတုန်းက ကျုပ်တွေးမိတာကို ပြောမလို့တော့်" "အေး ပြော၊ လှထွေး၊ နင် ဘာများတွေးမိတာတုံး" "မြနွယ်က ဖျာလိပ်နတ် မအောင်ဖြူရဲ့ ရာဇဝင်ကို ပြောပြဖူးတယ်တော့်၊ မအောင်ဖြူမှာ ဘီလူးမဘဝ နဲ့ မွေးတဲ့ သားတစ်ယောက် ရှိခဲ့ဖူးတယ်တဲ့၊ ခြေရာ တစ်ထောင် မောင်မဲခေါင်လို့ ပြောတယ်။ ကျားတွေ ဆင်တွေကိုတောင် သတ်ပစ်တာတဲ့ ကိုကြီးတာတေရဲ့၊ ဆင်ကြီးတွေဆိုရင် အစွယ် တွေကို ချိုးပစ်တာဆိုပဲ၊ ကျားကြီးတွေဆိုရင် လည်လိမ်ပြီး ချိုးပစ်တာတဲ့တော်၊ ဒီခွေးလောက် တော့ မောင်မဲခေါင်က အပျော့ပေါ့တော်။ အဲဒါ ကျုပ်ထင်တာက ဖျာလိပ်နတ် မအောင်ဖြူက သူ့သား မောင်မဲခေါင်ကို ခေါ်ပြီး သတ်ခိုင်း လိုက်သလားလို့ " "ဟား၊ ဟား၊ ဟား၊ ဟား၊ ဟား၊ ဟား" ကျုပ်ရော ခင်ထားတို့ ညိုမြတို့ ညိုလှတို့ မြနွယ်တို့ ရယ်လိုက်ကြရတာဗျာ။ လှထွေးရဲ့ အတွေးကတော့ အံ့ပါရဲ့။ ကျုပ်တို့ဝိုင်းရယ်တော့ လှထွေးက ရှက်ပြီး ရောရယ်နေတယ်ဗျ။ "ဟဲ့ လှထွေးရဲ့၊ ခြေရာတစ်တောင် မောင်မဲခေါင် ဆိုတာ လူစွမ်းကောင်းဟဲ့၊ ဆင်တွေ ကျားတွေနဲ့ ယှဉ်ပြိုင်ရဲတဲ့လူ၊နင့်ဟယ် ကြံကြံဖန်ဖန် တွေးရ တယ်လို့အေ၊ လူစွမ်းကောင်းကြီးက ခွေးကို လည် လိမ်ချိုးပြီး သတ်ပါ့မလားဟဲ့" "မသိဘူးလေဟယ်၊ ထူးဆန်းနေလို့ ငါလည်း တွေး ကြည့်ရတာပေါ့အေ" "ခြေရာတစ်တောင် မောင်မဲခေါင်တော့ မဟုတ်နိုင် ဘူး လှထွေးရယ်" လို့ ကျုပ်က ပြောပြလိုက်ရတယ်ဗျ။ ကျုပ်လည်း ကြာလာတော့ မနေနိုင်တော့ဘူးဗျို့။ ခံတွင်းက ချဉ်လာတာနဲ့ နဂါးဆေးပေါ့လိပ်ကလေး သုံးလေး ဖွာ ဖွာပြီး တွေးနေလိုက်တယ်။ ဘာတွေ ဘယ်လို ဖြစ်နေမှန်း ကျုပ်ဖြင့် တွေးလို့ကို မရတော့ပါဘူးဗျာ

လို့ ကျုပ်က ပြောပြီး ဖျာလိပ်နတ် မအောင်ဖြူကို ထပ်မေးလိုက်တယ် 'ရှင်မအောင်ဖြူရှင့်၊ စနေသမီးရဲ့ ရည်းစာက တင့် တင့်ဆိုတဲ့ ကောင်မနဲ့ ဖြစ်နေတယ်ဆိုရင် စနေသ မီးကို နှစ်ချက်ရိုက်ပြပါ" ဖျာလိပ်ကြီးက မရိုက်ဘူးတော်၊ တုန်ရုံပဲ တုန်နေတာ။ "ကဲ ဒါဆိုရင် ကျုပ် ပြန်မေးပါ့မယ် မအောင်ဖြူ၊ စနေသမီးနွယ်နီရဲ့ ရည်းစားက နွယ်နီ့အပေါ်မှာ သစ္စာရှိတယ်၊ တခြား ဘယ်မိန်းကလေးနဲ့မှ ကြိုက် နေတာ မရှိဘူးဆိုရင် ဟောဒီစနေသမီးကို သုံး ချက်ရိုက်ပြပါ မအောင်ဖြူရှင်" "ဘုတ်၊ ဘုတ်၊ ဘုတ်" ဟော ရိုက်ပြီတော်ရေ သုံးချက်တိတိကို ရိုက်တာ တော့။ "ကဲ …နွယ်နီ၊ ညည်းရှင်းသွားပြီလား၊ ညည်းသံသယ ဖြစ်တာပါလို့ ငါပြောတယ်မို့လား" ဒီတော့မှ နွယ်နီလည်း ရယ်နိုင် ပြုံးနိုင်တော့တာ တော် ရေ၊ ကျုပ်တို့လည်း ထုံးစံအတိုင်း ဟိုမေး ဒီမေးတွေ မေးကြတာပေါ့တော်။ 'ဟဲ့ ညိုမြ၊ ဟိုနေ့က ကျော့်ကျော့်စက်ဘီးကို မြှောက် ပစ်လိုက်တာ မအောင်ဖြူ လုပ်တာလားလို့ မေးပေး စမ်းပါဟဲ့' ခင်ထားက ကျုပ်ကို ပြောတာတော့၊ ဒီတော့မှ ကျုပ် လည်း သတိရသွားတာ တော်ရေ။ 'ရှင်မအောင်ဖြူရှင့်၊ ဟိုတစ်ညက ခင်ထားကို လူပျို လာလှည့်တဲ့ စက်ဘီးနဲ့အကောင်ကို လူရော စက် ဘီးရော မြှောက်ပစ်လိုက်တာ မအောင်ဖြူ လုပ် လိုက်တာလားရှင်၊ ဟုတ်တယ်ဆိုရင် ခင်ထား ခေါင်းကို သုံးချက်ပုတ်ပြပါ ရှင်မအောင်ဖြူ' "ဘုတ်၊ ဘုတ်၊ ဘုတ်" ပုတ်တော့တာပဲတော်၊ ဖျာလိပ်ကြီး ခါးက တစ်ဆစ် ချိုးပြီး ခင်ထားခေါင်းကို သုံးချက်တိတိ ပုတ်တာ တော်ရေ" "ဟင်…သူလုပ်တာတဲ့း မြနွယ်ရဲ့၊ ဒါဆိုရင် ဟိုကောင် လေးတွေကို ကျောကုန်းမှာ လက်ဝါးရာကြီးထင် အောင်ရိုက်တာလည်း သူပဲ ဖြစ်မှာပဲဟဲ့ " "ဟာ …သေချာတာပေါ့ ကိုကြီးတာတေရဲ့၊ ကျုပ် မေးလိုက်တယ်လေ၊ ကျုပ်ကလည်း မေးလက်စနဲ့ မထူးပါဘူး ဆိုပြီး မေးလိုက်တာတော်" "ဟေ…နင်က ဘယ်လိုမေးလိုက်တာတုံး မြနွယ်ရဲ့" "ရှင်မအောင်ဖြူ၊ ဟိုအရင်က ခင်ထားကို လိုက်ပြီး နှောင့်ယှက်တဲ့ကောင်တွေကို လက်ဝါးနဲ့ ရိုက်လိုက် တာလည်း ရှင်မပဲ ထင်တယ်။ ဟုတ်ရင် ခင်ထား ခေါင်းကို သုံးချက်ပုတ်ပြပါ။ ကျုပ်က ပြောလိုက်တော့ ဖျာလိပ်ကြီးက တဆတ် ဆတ်တုန်နေရင်းနဲ့ ခါးလယ်က တဆစ်ချိုးပြီး ခင် ထားခေါင်းကို သုံးချက်ပုတ်ပြတယ် တော်ရေ၊ ပြီး တော့ ပြောရဦးမယ် ကိုကြီးရဲ့၊ မအောင်ဖြူက မျက်နှာတော့ တော်တော်လိုက်တယ်တော့" "ဟေ…ဘယ်လိုမျက်နှာလိုက်တာတုံး မြနွယ်ရဲ့" "တခြားသူတွေကို ဖျာလိပ်နဲ့ရိုက်ရင်း 'ဘုန်း ဘုန်း' နဲ့ ခပ်ကြမ်းကြမ်းရိုက်တာတော့်၊ သူ့ခင်ထားကို ရိုက်ရင်တော့ မအောင်ဖြူက ဖွဖွလေး ရိုက်တာ။ ခင်ထား နာသွားမှာစိုးလို့ပေါ့ တော်" "ဟား ဟား ဟား ဟား နင်တို့ကလေ နတ်ကိုတောင် အပြစ်ပြောနေသေးတယ်၊ တကယ့်ဟာမလေးတွေ၊ ကဲ ကိုကြီးတာတေကို ဆက်ပြီးပြောပြပါဦး" "ကျုပ်ပြောဦးမယ် ကိုကြီးတာတေ" ဒီတစ်ခါ ဝင်ပြောတာက ညိုလှဗျ။ ဒီကောင်မလေးက စကားအားကြီးနည်းတာ၊ ခုတော့ သူကလည်း ပြောချင်တယ်ဆိုလို့ ကျုပ်တောင် အံ့သြသွားတာ။ "အေး…ပြောပါဦး ဦးညိလှရဲ့၊ ကျုပ်ညီမရော ဘာတွေ မြင်တုံး" "တစ်ရက်ကျတော့ ကျုပ်တို့က ဖျာလိပ်နတ် မအောင် ဖြူကို လက်ဖက်ပွဲ ဆက်ကြတယ်၊ ကျုပ်က လက်ဖက် ပွဲ သေသေချာချာပြင်ပြီး ဟောဒီက ကျုပ်တို့ဆရာမကြီး မြနွယ်က လက်ဖက်မြှောက်တယ်တော်၊ ကျုပ်တို့က သူ့လို မပြောတတ်ဘူးတော်၊ မြနွယ်ကတော့ သေသေ ချာချာ ပြောတတ်တယ်လေ" "ဟေ…ပြောစမ်းပါဦး ညိုလှရဲ့၊ မြနွယ်က ဘယ်လို တွေ ပြောလို့တုံး" "မြနွယ်က လက်ဖက်ပွဲလေးကို လက်ဝါးလေးနှစ်ဖက် ပေါ်မှာ တင်ပြီး သူ့နဖူးလေးနဲ့ ပန်းကန်ကို တိုက်ထား တာတော့်၊ ပြီးမှ… 'လင်နဲ့သားကို တကယ်ချစ်တဲ့ သစ္စာရှင်မကြီး မအောင်ဖြူ ခြေရာတစ်တောင် မောင်မဲခေါင်ရဲ့အမေ လင်ကို ချစ်တဲ့စိတ်ကြောင့် တစ်ဘဝသေခဲ့ရတဲ့ မအောင်ဖြူ။ ညီမတော်လေးတို့က လက်ဖက်တစ်ရိုး ကွမ်းတစ်ရိုးနဲ့ ရိုးရာမပျက် ပူဇော်မြဲ ပူဇော် ပသမြဲ ပသပါတယ် မအောင်ဖြူ။ ညီမတော်တို့ဆက်တဲ့ ဒီလက်ဖက်ပွဲကို စားတော်ခေါ်ဖို့ ကြွခဲ့ပါ ရှင်မအောင်ဖြူရှင့်' လို့ပြောပြီးမှ ကျုပ် အဆင်သင့်ပြင်ထားတဲ့ ခွေးခြေ ခုံပေါ်မှာ တင်လိုက်တာတော့်၊ ကျုပ်ကလည်း ခွေး ခြေခုံပေါ်မှာ ခုံခင်းလေး သေသေချာချာ ခင်းထား သေးတာတော်" "အေး…အဲဒီတော့ မအောင်ဖြူက ကြွလာပြီး စား ရောလား" ကျုပ်က စကားကို ထောက်ပြီး မေးလိုက်တာဗျို့။ "အဲဒီလက်ဖက်ပွဲကို ကျုပ်တို့က မသိမ်းဖြစ်ဘူး ကိုကြီးတာတေရေ၊ မနက်ရောက်မှ သတိရလို့ ကြည့်လိုက်တော့ လက်ဖက်ပန်းကန် မတွေ့တော့ ဘူးတော့်၊ ဒါနဲ့ ကျုပ်တို့ လိုက်ရှာကြတာ ပန်းကန် က ဟိုဝိုင်းက သရက်ပင်ကြီးအောက်မှာ ရောက် နေတာ ကိုကြီးရေ၊ ပန်းကန်ထဲမှာ လက်ဖက်တော့ တစ်စက်မှ မရှိတော့ဘူးတော့် " "ဟာ နင်တို့ဟာက တယ်လည်း ထူးဆန်းပါလား ညိုလှရယ်" "ဟုတ်တယ်ကိုကြီးရဲ့၊ ကျုပ်တို့ ထင်တာတော့၊ မအောင်ဖြူက လက်ဖက်ပန်းကန်ကိုယူပြီး အဲဒီ သရက်ပင်ကြီးအောက်မှာ သွားစားတာလားလို့ " ကျုပ်က ဘာမှပြန်မပြောတော့ဘဲ ခေါင်းညိတ်ပြီး စဉ်းစားနေလိုက်တယ်။ ဒီလောက်တောင် မကြောက် မရွံ့ဆော့တဲ့ ဒီကောင်မလေးတွေကိုလည်း ကျုပ် တော်တော်အံ့သြနေတယ်ဗျ "ကဲ ပြောကြပါဦး၊ နောက်ထပ် ဘာတွေဖြစ်သေးတုံး"

"မြနွယ်ရယ်၊ အသက်ဝင်တာထက် ကြောက်စ ရာ ကောင်းတာက ပိုပါတယ်ဟယ်" ညိုမြက ဝင်ပြောတာဗျ။ ညိုမြ ပြောတော့မှ ကျုပ် လည်း တွေးကြည့်မိတယ်။ ဖျာလိပ်ကြီးတစ်လိပ် ကို ထဘီဝတ်၊ အင်္ကျီဝတ်၊ ဆံပင်ကြီးတပ်၊ ပန်း ပွင့်ကြီးပန်၊ ပြီးတော့ လူမျက်နှာကြီးတပ်ထားတာ လေဗျာ၊ ကျုပ်တောင် တွေးရင်း လန့်လာတယ်။ ဒီကောင်မလေးတွေ ဒါကိုများ မကြောက်မရွံ့ လုပ်နေတာ၊ ကျုပ် အံ့သြပါရဲ့ဗျာ။ 'ဟဲ့ ညိုမြရဲ့၊ ဖျာလိပ်နတ် မအောင်ဖြူက ငါတို့ နဲ့ မိတ်ဆွေဖြစ်နေပြီပဲ၊ ဘာကြောက်စရာရှိလို့တုံး' 'အဲဒါနဲ့ ထုံးစံအတိုင်း မအောင်ဖြူကို ကျုပ်က ပင့်တာပေါ့တော်" "ရှင်မအောင်ဖြူ၊ မအောင်ဖြူတော့ အပျိုစင်ကျမ၊ ပင့်ဖိတ်ရာကြွခဲ့ပ လက်ဖက်ကတစ်ရိုး၊ အကြော်မျိုးကစုံလင် ရွှင်ရွှင်လန်းလန်း၊ အပျော်တမ်းပ ဆော့တမ်းကစားရအောင် ရှင်မအောင်ဖြူ ၊ မအောင်ဖြူရှင် လျင်စွာမကြာ၊ ကြွတော်မူလာပေါ့ ယောက်ျားမှန်သမျှ၊ စိတ်နာလှတဲ့ သစ္စာရှင်မကြီး မေတ္တာရှင်မကြီးတော်' ကျုပ်ပင့်လို့မှ စကားမဆုံးသေးပါဘူးတော်၊ ဟို ကောင်မတွေ ကိုင်ပြီးမ'ထားတဲ့ ဖျာလိပ်ကြီးက လူတစ်ယောက် နတ်ပူးသလို တဆတ်ဆတ် တုန်လာရော တော်ရေ။ 'နင်တို့ မထားနော်၊ လက်ပြောင်းလက်လွှဲ မလုပ် နဲ့၊ ညောင်းရင်ပြော၊ ငါ ဝင်ကိုင်မယ်၊ အခုတော့ လက်ဖက်ပွဲ မြှောက်လိုက်ဦးမယ်" ကျုပ်က အဆင်သင့် ပြင်ထားတဲ့ လက်ဖက်ပွဲကို ကိုင်ပြီး မအောင်ဖြူကို မြှောက်လိုက်တယ် "ရှင်မအောက်ဖြူ၊ လက်ဖက်လည်း သုံးဆောင်ပါ ရှင်၊ ညီမတော်တို့နဲ့လည်း ပျော်ပျော်ပါးပါးနေပါ' ကျုပ်က လက်ဖက်မြှောက်ပြီးတော့ ပေါင်ဒါဘူးနဲ့ တို့ပတ်စကို ယူလိုက်တယ်၊ ပြီးတော့ ဖျာလိပ်မှာ တပ်ထားတဲ့ လူမျက်နှာ မျက်နှာဖုံးကို ပေါင်ဒါရိုက် လိုက်တယ် "ရှင်မအောင်ဖြူကို လှသထက်လှအောင် ပေါင် ဒါမှုန့် အမွှေးနံ့သာ လိမ်းခြယ်ပေးပါတယ် ဟောဒီ ဘက်မှာက ကျောက်ပျဉ်နဲ့ သနပ်ခါးတုံး၊ ဟောဒီ ဘက်က ဘီး၊ ဟောဒီမှာက မှန်၊ ရှင်မအောင်ဖြူ စိတ်တိုင်းကျ အလှပြင်ပါရှင်" လို့ ပြောပြီး ကျုပ်က ဘီးနဲ့ ခေါင်းဖီးပေးလိုက်တယ်။ ဖျာလိပ်မှာ တပ်ထားတဲ့ ဆံတုကို ဖြီးရတာပေါ့ ကို ကြီးတာတေရဲ့၊ အဲဒီလို ဆင်ယင်ဖြီးပေးနေရင်းနဲ့ ကျုပ်စိတ်ထဲမှာ တွေးလိုက်မိတာတော့်" "အောင်မယ်၊ မြနွယ်၊ နင်က ဘာတွေးလိုက်တာ တုံး" ကျုပ်က ဝင်မေးလိုက်တော့ မြနွယ်က ပြုံးပြီးပြော တယ်ဗျ။ မြနွယ်က အပေါ်နှုတ်ခမ်းထောင့်မှာ မှဲ့ လေးတစ်လုံး ပါတယ်ဗျ။ သူပြုံးလိုက်ရင် မှဲ့လေး ဟာ အပေါ်ကို ရွေ့သွားတာ။ ချစ်စရာ ကောင်မလေးဗျ။ အပေါ်နှုတ်ခမ်းမှာ မှဲ့ပါတဲ့ ကောင်မလေးတွေက စွာတယ်ဆိုတာလည်း ဟုတ် လောက်တယ်ဗျ။ မြနွယ်က ငယ်ငယ်တည်းက လွှတ် စွာတဲ့ ကောင်မလေးဗျ။ သူ့ကို ကျုပ်တို့ရွာက တချို့ လူတွေက 'မြစွာ'လို့တောင် ခေါ်ကြတာ။ "ဒီလို ကိုကြီးတာတေရေ၊ ရှင်မအောင်ဖြူက သူချစ် တဲ့ ခင်ထားလိမ်းဖို့ သနပ်ခါးတောင် သွေးပေးသေး တာ၊ ဘီးလည်း ကိုယ့်ဟာကိုယ် ယူဖြီးပေါ့လို့ တွေး လိုက်တာတော့်" "အေး၊ အဲဒီလို တွေးလိုက်တော့ ဘာဖြစ်တုံး" "ဘာဖြစ်ရမှာတုံး ကိုကြီးရဲ့၊ မြနွယ်လက်ထဲက ဘီး ကို ဆတ်ကနဲ ဆွဲယူပြီး သူ့ဖာသာ ဖြီးတော့တာ ကို ကြီးတာတေရေ" "ဟေ…သူ့ဟာသူ ခေါင်းဖြီးတယ် ဟုတ်လား ၊ ဟာ ကောင်မလေးတွေ နင်တို့ မကြောက်ကြဘူးလား" "ကိုကြီးတာတေကလည်း မြနွယ်တို့က ကိုကြီးတာ တေရဲ့ညီမတွေလေ၊ ကိုကြီးတာတေလိုပဲပေါ့၊ အ ထူးအဆန်းတွေဆိုရင် လွှတ်စိတ်ဝင်စားတာ၊ ကြောက်ကြောက်ကြီးနဲ့ကို လုပ်နေကြတော့်" "အေး ကောင်းတယ် မြနွယ်ရေ၊ ကောင်းတယ်၊ ကဲ ဆက်ပြောစမ်းပါဦး" "ဟ ဖြီးလိုက်တာမှ ကိုကြီးတာတေရယ်၊ ဆံတုကို ဟိုထိပ်ကနေ စဖြီးတာ အောက်ဆုံးအထိ ဖြီးတာ တော်ရေ၊ မအောင်ဖြူ မေးချင်လို့လာတဲ့ နွယ်နီဆို တာ ကြောက်လွန်းလို့ မျက်လုံးတွေ ပြူးပြီး ပါးစပ် ကြီးဟလို့တော်၊ ဘာမှလည်း မမေးကြဘူး၊ မ အောင်ဖြူက ခေါင်းကို စိတ်တိုင်းကျ ဖြီးပြီးတော့ ဘီးကို ပစ်ချလိုက်တယ်၊ ဒီတော့ ကျုပ်ကပဲ စပြီး ပြောရတော့တာပေါ့ ကိုကြီးတာတေရယ်" "အေး …ဘယ်လိုပြောတုံး" "ရှင်မအောင်ဖြူရှင့်၊ ညီမတော်တို့နဲ့ အတူတူနေပြီး ကစားဖို့ ခုလို ကြွလာတာကို ဝမ်းသာပါတယ်ရှင်၊ ဟောဒီထဲမှာ စနေသမီးတစ်ယောက် ရှိနေတယ် ရှင်မအောင်ဖြူ၊ သူ့ကို ဖျာလိပ်နဲ့ ရိုက်ပြပါ မအောင် ဖြူ" ကျုပ်က ပြောလိုက်တာနဲ့ ဖျာလိပ်က ခါးလယ်က တစ်ဆစ် ချိုးပြီး နွယ်နီ့ခေါင်းကို 'ဘုတ်၊ ဘုတ်'ဆို ပြီး နှစ်ချက် ပုတ်ပြတယ်" "ဟာ " "နွယ်နီဆိုတာ အံ့သြလွန်းလို့ ဘာပြောရမှန်း မသိ တော့အောင် ဖြစ်နေတော့တာတော်" "ရှင်မအောင်ဖြူရေ…စနေသမီးမှာ ရည်းစားရှိတယ် ဆိုရင် နှစ်ချက်ထပ်ရိုက်ပြရှင်" "ဘုတ် ဘုတ်" "ဟာ" "နွယ်နီက တဟာဟာကို ဖြစ်နေတာ ကိုကြီးရေ၊ သူ့ ခေါင်းကို ဖျာလိပ်တစ်ဆစ်ချိုးပြီး နှစ်ချက်ပုတ်ပြတာ ကိုး။ "မအောင်ဖြူရှင်မရှင့်၊ စနေသမီးရဲ့ ရည်းစားက တ ခြား မိန်းခလေးတစ်ယောက်နဲ့ ဖောက်ပြန်သလို ဖြစ်နေတယ်ဆိုတာ ဟုတ်ပါသလားရှင်၊ ဟုတ်ရင် စနေသမီးကို နှစ်ချက်ရိုက်ပြပါ" မအောင်ဖြူက ရိုက်မပြဘူးတော့်၊ ဖျာလိပ်ကြီးကတော့ တဆတ်ဆတ်တုန်နေတာ၊ ဒါပေမဲ့ နွယ်နီကို မရိုက်ဘူး။ 'ဟဲ့ နွယ်နီ၊ နင့်အကောင်က မဖောက်ပြန်ပါဘူးဟဲ့၊ နင် သံသယ ဖြစ်တာပါဟယ်" "ငါတော့ တင့်တင့်နဲ့ ဒီအကောင်နဲ့ ဖြစ်နေတယ်လို့ ထင်တာပါပဲအေ" "ကဲ ဒါဆိုရင်လည်း နင် ရှင်းအောင် ငါမေးပေးပါ မယ်ဟယ်"