en
Feedback
Erata Team Sale Channel
Erata Team Sale Channel
Open in Telegram
ရသစုံ ဘာသာပြန် ဇာတ်လမ်းများ ကြိုတင်ဖတ်ရှုရန် ရပ်ဝန်းငယ်
Show more
Myanmar25 247The category is not specified
354
Subscribers
+224 hours
+97 days
+1330 days
Posts Archive
ကောင်းကင်တာအိုရဲ့ အသံကို ကြားရပြီးနောက် ကျင့်ကြံခြင်းလောက ပျက်စီးလေပြီ စုလီတစ်ယောက် အချိန်ခရီး သွားပြီးတဲ့နောက် ကျင့်ကြံခြင်းလောကရဲ့ ကောင်းကင်တာအို ဖြစ်လာခဲ့တယ်။ စုလီ စဉ်းစားထားတာက ကောင်းကင်တာအိုဆိုတာ လူတိုင်းရဲ့အထက်မှာရှိပြီး သူ လုပ်ချင်တာ လုပ်နိုင်တဲ့သူပေါ့လေ။ တကယ်တမ်းကျတော့ ကောင်းကင်တာအို က အပေါက်အပြဲအပြည့်နဲ့ သူ့ရုံးခန်းကို စုလီဆီ လွှဲပေးခဲ့ပြီး ထွက်ပြေးသွားပါလေရော။ စုလီတစ်ယောက် ပြင်ဆင်စရာအပြည့်ဖြစ်နေတဲ့ ကျင့်ကြံခြင်းလောကကြီးရဲ့များပြားလှတဲ့ ယိုပေါက်တွေကို ကြည့်ပြီး ဆွံ့မိတော့တယ်။ ဘာပဲဖြစ်ဖြစ်ပါလေ။ ကျင့်ကြံခြင်းလောကကြီး ပျက်စီးဖို့ကလဲ နှစ်တစ်ထောင်ကျော်လောက် လိုသေးတာပဲ။ အရင်ဆုံး ဖရဲသီးလေးနည်းနည်းလောက် ထိုင်စားကြတာပေါ့။ တစ်နေ့မှာတော့ ကျင့်ကြံခြင်းလောကကလူတိုင်းက ရုတ်တရက်ကြီး ကောင်းကင်တာအိုရဲ့ အသံကို ကြားလိုက်ကြတယ်။ [ကျွတ် ကျွတ်... ကျင့်ကြံသူမိသားစုက ကိုးကွယ်ကြတဲ့ ကြမ္မာသမီးတော်က အတုကြီးဖြစ်နေတာကိုး၊ နောက်ဆုံးမှာ မိသားစုတွေ သုတ်သင်ခံလိုက်ရတာလဲ မထူးဆန်းဘူး] မိသားစုဝင်အားလုံး : !!! စုံစမ်းစစ်ဆေးတာတွေ လုပ်ခဲ့ပြီးတဲ့နောက်မှာ ဘက်လိုက်တတ်တဲ့ မိဘတွေက ညီအစ်မနှစ်ယောက်ရဲ့ ကံကြမ္မာကို လဲပြီး သူတို့ကို လှည့်စားခဲ့တာ ဖြစ်နေမှန်း သိလိုက်ကြရတယ်။ သူတို့ကို ဥပဒေအတိုင်း အပြစ်ပေးလိုက်ပြီးတော့ ကြမ္မာသမီးတော်အစစ်ကို ကြိုဆိုလိုက်ကြတယ်။ တစ်ဖက်လူကလည်း မျိုးနွယ်ရဲ့အထွတ်အမြတ်ထားတဲ့ပစ္စည်းတွေကို နိုးထစေပြီး မျိုးနွယ်ကို ကြွယ်ဝချမ်းသာအောင် လုပ်ပေးလိုက်တယ်။ မိသားစုဝင်အားလုံး : ကောင်းကင်တာအိုက ငါတို့ကို တကယ်ပဲ မျက်နှာသာပေးတာပဲ။ - [အမလေး... ဓားသိုင်းကျင့်ကြံသူက သူ့ရဲ့ မွေးရာပါဓားကို သုံးပြီး မဖွယ်မရာ လုပ်သတဲ့၊ နောက်တော့ အဲဒီကနေ မွေးဖွားလာခါစ ဓားဝိညာဥ်က အရမ်းကို စိတ်ဆိုးလို့ ‘အဲဒီဟာ’ကို ချက်ချင်း ဖြတ်ပစ်လိုက်တာတဲ့လား] အားလုံး : !! ဓားသိုင်းကျင့်ကြံသူ : ဓားဝိညာဉ်ကို ဒီလိုလုပ်ယူရတာကိုး၊ ကောင်းကင်တာအိုရဲ့ သင်ကြားပြသပေးခြင်းအတွက် ကျေးဇူးတင်ပါတယ် အဲဒီအချိန်ကစပြီး ဓားသိုင်းကျင့်ကြံသူတွေအကြောင်း ဟာသတစ်ပုဒ်က အမတကျင့်စဉ်လောက်မှာ ပျံ့နှံ့သွားခဲ့တယ်။ တစ်ခါတုန်းက ဓားသိုင်းကျင့်ကြံသူတစ်ယောက်ရှိသတဲ့.... နောက်တော့ ဘာဖြစ်သွားလဲ... ဒါပဲလေ။ နောက်ပိုင်းကျတော့- လူယုတ်မာတစ်ယောက်ရဲ့ အသုံးချတာ ခံရပြီး သေတော့မဲ့ အပြင်စည်းတပည့်က ရုတ်တရက်ကြီး ဂိုဏ်းခေါင်းဆောင် ဖြစ်လာပြီးတော့ စုလီကို နတ်ဘုရားတစ်ပါးလို ကိုးကွယ်တော့တယ်။ မိဘတွေရဲ့ ဘက်လိုက်မှုကြောင့် အရာအားလုံး ဆုံးရှုံးခဲ့ရတဲ့ သမီးကြီးက ကံကြမ္မာပြောင်းလဲသွားပြီး ကောင်းကင်တာအိုဆီက လက်ဆောင်တစ်ခု ရခဲ့ပြီးတော့ ဓားဝိညာဉ်ကို နိုးထအောင် လုပ်နိုင်ခဲ့ပြီး ကောင်းကင်တာအိုရဲ့ သစ္စာအရှိဆုံး နောက်လိုက်တစ်ယောက် ဖြစ်လာခဲ့တယ်။ လူဆိုးတစ်ယောက်ရဲ့ ချောက်ချခံရပြီး ဂိုဏ်းထဲက ထုတ်ပယ်ခံလိုက်ရတဲ့ အကြီးဆုံးအစ်ကိုကလည်း သူ့ရန်ငြိုးကို ရှင်းလင်းပြီးတဲ့နောက်မှာ သမာသမတ်လမ်းစဉ်ကို လျှောက်လှမ်းခဲ့တယ်။ ဒါပေမဲ့ သူလဲ စုလီရဲ့ဦးဆောင်မှုနောက်ကို လိုက်ခဲ့တာပဲတဲ့။ ....
photo content
ကူးပြောင်းလာပြီးနောက် ဖခမည်းတော်က ငါလေးရဲ့ အတွေးတွေကို ကြားရ မိတ်ဆက် ငါက ကျောင်းတိုင်းပြည်ရဲ့ ဆဋ္ဌမမင်းသမီး ကျောင်းထန်းထန်းပဲ။ ငါက အလိုလိုက်မခံရတဲ့ ငါးဆားနယ်တစ်ကောင် တစ်သက်လုံး ဖြစ်နေလိမ့်မယ်လို့ ထင်ခဲ့တာ။ ဒါပေမဲ့ ငါ အသက်ခြောက်နှစ်အရွယ် ရောက်တဲ့အခါ ငါ့ရဲ့ဖမည်းတော်က လူတွေရဲ့ စိတ်နှလုံးကို ဖတ်နိုင်တဲ့စွမ်းရည် ရလာပြီးတော့ ငါ မိုးထိအောင် အလိုလိုက်ခံရတယ်။ လွန်ခဲ့တဲ့ ခြောက်နှစ်လုံးလုံး ငါက စားသောက်ပြီး သေခြင်းတရားအတွက် စောင့်နေတာအပြင် လုပ်မိတဲ့ တစ်ခုတည်းသော အရာက ခွေးတိုးပေါက်တွေ တူးတာပဲ။ ဘာလို့လဲဆိုတော့ ငါ့ရဲ့ဒုတိယ အစ်ကိုတော်က ဒီစာအုပ်ထဲက အမျိုးသား ဇာတ်လိုက်မှန်း ငါသိနေလို့လေ။ ပြီးတော့ သူက ထီးနန်းကို လုယူပြီးတဲ့နောက် ငါက ‘မျောက်ကို ခြောက်ဖို့ ကြက်ကိုသတ်’ပြတဲ့အထဲ ကြက်ဖြစ်လာတာလေ။ မှန်တယ် ငါက မွေးလာကတည်းက ဒီစာအုပ်ထဲ ကူးပြောင်းလာတာ။ ဒီစာအုပ်ထဲက ဇာတ်ကွက်အားလုံးကို သိပြီး အားလုံးကို စိတ်ထဲမှတ်သားထားတယ်။ ဒါပေမဲ့ ဒီအရာအပြင် ငါ့မှာ ရှိတာအကုန်က ငါ့ရဲ့ဉာဏ်သိပ်မကောင်းတဲ့ ဦးနှောက်လေးပဲ။ ငါ့ရဲ့တည်ရှိမှု မြင့်တက်လာအောင် မျက်နှာသာရဖို့ ယှဉ်ပြိုင်ဖို့ကို တစ်ခါမှ မစဉ်းစားဖူးဘူး။ ငါ အနိုင်မရနိုင်မှန်း သိနေလို့လေ။ ငါ ရှေးခေတ်က လူတွေရဲ့ ဉာဏ်ရည်ကို တစ်ခါမှ လျှော့မတွက်ဖူးဘူး။ ငါက ကူးပြောင်းလာသူတစ်ယောက် ဖြစ်တာကြောင့် အနိုင်ရမဲ့ အခွင့်အ‌ရေး ရှိတယ်လို့ မခံစားမိဘူး။ ...
မင်မင်တို့ team မှာလေ normal only ဖြစ်နေတာ သတိထားမိကြလားမသိ BL တစ်ပုဒ်မှ မရှိသေးပါဘူး တစ်ပုဒ်လောက် pick ရမလားတွေးနေတာ တွေ့ထားတာလေးတော့ ရှိတယ် အညွှန်း ပြန်ထားတာပြမယ် ယွိပိုင် မသေဆုံးခင် သူ့အတိတ်ဘဝက မှတ်ဉာဏ်များကို ရခဲ့လေ၏။ သူ၏သား ယွိရှောရှင်းက ပြင်းထန်သော စီးပွားရေးတိုက်ပွဲအကြောင်း ရေးဖွဲ့ထားသည့် ဝတ္တုထဲ၌ အဓိကဗီလိန်ဖြစ်နေခဲ့သည်။ ယွိရှောရှင်းက မိခင်မရှိဘဲ ကြီးပြင်းလာခဲ့၏။ အသက်သုံးဆယ်အရွယ်တွင် သူ၏ဖခင်က ယဉ်မတော်တဆမှုကြောင့် သေဆုံးသွားခဲ့သည်။ သူက ပုဂ္ဂလိက မိဘမဲ့ဂေဟာသို့ အပို့ခံခဲ့ရသည်။ မိဘမဲ့ဂေဟာ၌ သူသည် ဒါရိုက်တာနှင့် သက်တူရွယ်တူ ကျန်သည့် ကလေးများ အနိုင်ကျင့်ခြင်းကို ခံခဲ့ရ၏။ ယင်းက စိတ်နှလုံး မည်းနက်ပြီး တစ်ကိုယ်ကောင်းဆန်ကာ ရက်စက်ကြမ်းကြုတ်သော အကျင့်စရိုက်ကို ဖြစ်ပေါ်လာစေ၏။ အဆုံးကျ သူသည် စာအုပ်ထဲတွင် ရေးထားသည့်အတိုင်း လမ်းပေါ်၌ ဆိုးရွားသည့် သေခြင်းတရားနှင့် တွေ့ကြုံခဲ့၏။ ယွိပိုင်က အရေးပေါ်ခန်းထဲတွင် လှဲနေရင် သူဘာသာသူစဉ်းစားလိုက်၏။ “ငါ့ဘဝအတွက် ငါတိုက်ခိုက်နိုင်သေးတယ်လို့ ခံစားမိတယ်” သူက ဘေးကင်းခဲ့သော်ငြား သူ၏ပိုက်ဆံနှင့် အလုပ်ကို ဆုံးရှုံးခဲ့လေ၏။ ယွိပိုင်က  မွဲတေနေသော သူ့ကိုယ်သူ ကြည့်ပြီး သူ့ဘေးရှိ သနားစဖွယ်ကလေးကို ကြည့်ပြီးနောက် ပြတ်ပြတ်သားသား ဆုံးဖြတ်လိုက်လေ၏။ အခြေအနေက မည်မျှခက်ခဲနေစေကာမူ သူ၏ကလေးကို ဒုက္ခခံခွင့် မပေးနိုင်ချေ။  အတိတ်ဘဝတုန်းက သူမှတ်မိသည့် အချက်အပြုတ်ပညာဖြင့် ပိုက်ဆံရှာရန် မိုးလင်းမိုးချုပ် အလုပ်ကြိုးစားပြီး လမ်းဘေးဆိုင်လေး တစ်ဆိုင် ဖွင့်ခဲ့၏။ ရလဒ်အနေဖြင့် ယွိပိုင်၏ ဆိုင်လေးက တစ်လမ်းလုံးတွင် နာမည်ကြီးလာပြီး အသက်သုံးနှစ်အရွယ် ကလေးကနေ အသက်ရှစ်ဆယ်အရွယ် အဖိုးအဖွားများ၏ လူတိုင်းနှစ်သက်သည့် ဆိုင်ဖြစ်လာတော့၏။ အင်အားကြီးသည့် လူများ၏ အကူအညီဖြင့် ယွိပိုင်၏ မုန့်ဆိုင်လေးက စားသောက်ဆိုင်လေးအဖြစ် ပြောင်းလဲရန် အချိန်သိပ်မယူလိုက်ရပေ။ နောက်ဆုံး၌ စားသောက်များ ဆက်တိုက် ဖွင့်လာနိုင်၏။ သူ၏သားလေးကလည်း အိမ်နီးချင်းများနှင့် သူငယ်ချင်းများကြားထဲ၌ အချစ်ခံ ကြယ်လေးတစ်ပွင့် ဖြစ်လာပြီး ချစ်ခြင်းတရားများ ဝန်းရံခံရပြီး ကြီးပြင်းလာတာဖြစ်သည်။ သူနှင့်သူ၏သားလေးက ပျော်ရွှင်ဖွယ်ဘဝ၌ အတူတကွ နေထိုင်နိုင်လိမ့်မည်ဟု ထင်ခဲ့၏။ သို့သော်ငြား တစ်စုံတစ်ခုကို မတော်တဆ ရှာတွေ့ခဲ့၏။ ဘာမှမလုပ်နိုင် အမြဲတစေ အလိုလိုက်ခံထားရသကဲ့သို့ ပြုမူထားပြီး  အစားစားဖို့ သူ့ဆီအမြဲတစေ ရောက်လာတတ်သည့်သူက သူ၏အစားအသောက် လုပ်ငန်းကို ချဲ့ထွင်နိုင်အောင် သူ့ကို သိုသိုသိပ်သိပ် ကူညီပေးခဲ့သည့် ကျေးဇူးရှင်ဖြစ်နေ၏။ ထို့အပြင် ဤကျေးဇူးရှင်က သူ့သားနှင့် သွေးသားတော်စပ်နေသူ ဖြစ်ပြီး သူ့သား၏ နောက်ထပ်အဖေတစ်ယောက်လည်း ဖြစ်နေသည်။ အချိန်အတိုင်းအတာ တစ်ခုအထိ ယွိပိုင်သည် ထိုလူက သူ့သားနှင့် သွေးသားဆက်နွယ်မှု ရှိကြောင်း သဘောပေါက်သွား၏။ ဤကျေးဇူးရှင် ကျိရုန်ယွီက အစားအသောက်အတွက် တိတ်တဆိတ် ယှဉ်ပြိုင်ပြီး သူနှင့် သားကို သွေးခွဲဖို့လည်း အကြံအစည်များ ချထား၏။ ဖြစ်ချင်တော့ ဤလူက သူ့သား၏ နောက်ထပ်ဖခင် ဖြစ်နေသည်။ အံ့ဩစရာပဲ နောက်ဆုံးတော့ ချစ်ခြင်းတရားရဲ့ အရသာကို သင်ပြပေးဖို့ အကြောင်းပြချက် ပေါ်လာပြီ။  ...
ရွှေကိုင်းခက်ပေါ်ဝယ် ခိုနားမယ် (ရှချင်းထန်) Paid gp ရပါပြီ Gp 1 (1 to 100) 2000 (gp မှာ 15 ထိတင်ပြီးပါပြီ) https://www.wattpad.com/story/369524373?utm_source=android&utm_medium=link&utm_content=share_writing&wp_page=create&wp_uname=Mortal-Edge
လော့ကျင်း အပိုင်း ၁ တင်ပြီးပါပြီ https://www.wattpad.com/story/371799693?utm_source=android&utm_medium=link&utm_content=story_info&wp_page=story_details_button&wp_uname=Mortal-Edge
လော့ကျင်းလေး paid gp ရပါပြီ၊ wp မှာ မတင်ရသေးပါဘူး တစ်ရက်နှစ်ပိုင်း၊ တစ်ပတ် ၆ ရက်တင်ပါမယ် ၆၉ ပိုင်းရှိပါတယ် 1800 (Kpay, Wave) 2500 (Mpt, Ph bill) 09452308600 yoon mi mi aung Kpay, Wave ရပါတယ် Gp ဝင်မယ်ဆို @erata555 ကို စာပို့ပေးထားပါ
ErataTeam မှာ ဘာသာပြန်ဖို့ လူခေါ်ချင်တာပါ web novel ပြန်ဖို့ အတွက် ရေရှည်ဘာသာပြန်နိုင်မဲ့သူ ခေါ်ချင်ပါတယ်။ အရေးအသားကောင်းမွန်ပြီး တစ်ပတ်ကို ဆယ်ပိုင်း အနည်းဆုံးရေးနိုင်ရပါမယ်၊ ရေရှည်လက်တွဲနိုင်တဲ့သူဆို Fees ထပ်တိုးပေးမှာပါ။ - အတွေ့အကြုံရှိတဲ့သူ - အစအဆုံးတာဝန်ယူပေးနိုင်သူများ - စာချောအောင် ဘာသာပြန်ပေးနိုင်သူများ -စကားပြေ၊ စကားပြော ကွဲကွဲပြားပြားရေးနိုင်သူများ လာရောက်လျှောက်ထားနိုင်ပါပြီ၊ Google Translateသမားတွေတော့ လာရောက်လျှောက်ထားခြင်း သည်းခံပေးပါ။ -pin yin သိရင် ပိုကောင်းပါတယ် -mtl ပြန်နိုင်ရင် ပိုပြေပါတယ် -test စစ်မှာပါ test file အတွက် အခကြေးငွေမပေးပါဘူး၊ test file ရဲ့ မြန်မာ ဘာသာပြန်က ရှိပြီးသားပါ tele acc ကိုပဲ လာလျှောက်ပေးပါ @feodora555
Complete စာစဉ်များ ၁။ ကြမ္မာဖလှယ်ပြီးလေသော် ကျန်းယွင်ကျူး 2500, 3000 (Ph bill) ၁၄၄ ပိုင်း ၂။ မယ်ကံကောင်းလေးရဲ့ ဘဝတစ်ကွေ့ ဆုဝန် 1000, 2000 (Ph bill) ၈၂ပိုင်း ၃။ အကြီးဆုံးမမလေးက မူမမှန် ကုချင်းယွီ 2000, 3000 (Ph bill) ၃၁၇ ပိုင်း ၄။ ဖဝါးထက်က ပုလဲသွယ် ယဲ့လီကျူး 1000, 2000 (Ph bill) ၁၁၂ ပိုင်း ၅။ မမကြီး လက်မထပ်သေးဘူးလား ယိုကျင့် 2000, 3000 (Ph bill) ၁၆၄ ပိုင်း ၆။ ၇၀ ခုနှစ်က နုနယ်သောဇနီးလေး 2000, 3000 (Ph bill) ၇၅ ပိုင်း ၇။ စီအီးအိုရဲ့ ဗီလိန်သူငယ်ချင်း ချောင်မော့ယွီ free (wp) ၈။ ကူးပြောင်းလာပြီးနောက် ဘော့စ်တွေက ငါလေးကို အပင်စိုက်ခိုင်းနေလေရဲ့ ရှန်းထင်ရွှမ်း free
မောက်​မောက် vol 1 ပြီးသွားပါပြီ The Apothecary Diaries ကို ဘာသာပြန်ထားတာပါ anime လဲ ထွက်ထားပါတယ် 1300 (Kpay,wave) 2000 (Atom, Mpt) မိတ်ဆက် ပြည်မကြီးရဲ့ မြေပြန့်ဒေသကြီးထဲမှာ ကြီးမားတဲ့နိုင်ငံတစ်ခု ရှိနေလေရဲ့။ ဧကရာဇ်ကြီးရဲ့ နန်းတော်ထဲမှာ မိန်းကလေးတစ်ယောက်ရှိပါသတဲ့။ သူ့နာမည်က မောက်မောက်။ သာယာဝပြောတဲ့ ခရိုင်မြို့လေးက ဆေးဖော်စပ်တဲ့သူပေါ့။ လက်ရှိမှာတော့ အနောက်နန်းဆောင်ထဲမှာ အစေခံမလေးတစ်ယောက် ဖြစ်နေလေရဲ့။ မိန်းမလှလေးတစ်ယောက်လို့ မဆိုနိုင်တဲ့ ကောင်မလေးက  သူ့စာချုပ်ပြည့်တဲ့ အချိန်ကို သိုသိုသိပ်သိပ်နေရင်း စောင့်ဆိုင်းနေရရှာတယ်။ သူက ဧကရာဇ်ကြီးထံမှာ ခစားရလိမ့်မှာ မဟုတ်ဘူးလို့လည်း ယုံကြည်ချက်အပြည့်နဲ့ပေါ့။ အဲဒီလိုနေနေတဲ့ အချိန်မှာပဲ ဧကရာဇ်ကြီးရဲ့ ကလေးတွေက အသက်တိုကြတာကို သိလိုက်ရတယ်။ က အသက်ရှင်ကျန်နေတဲ့ ကလေးနှစ်ယောက် အသည်းအသန် နေမကောင်းဖြစ်တာကို မောက်မောက်ကြားလိုက်ရပြီးနောက်ပိုင်း အဲဒီကိစ္စကို စတင်စုံစမ်းတော့တယ်။ အရှေ့ပိုင်းရဲ့ အလယ်ခေတ်မှာ ဇာတ်အိမ်တည်ထားပြီး " အစား အသောက် မြည်း‌ပေးရတဲ့သူ" ဒီမိန်းကလေးက နန်းတော်ထဲက ခက်ခဲတဲ့အမှုတွေကို တစ်ခုပြီးတစ်ခု ဖြေရှင်းပေးရပါတော့တယ်။ ...
ရံရွေတော်လေး လော့ကျင်း (ERLJ) လော့ကျင်းက ဝတ္ထုတစ်ခုထဲကို ကူးပြောင်းသွားခဲ့ပြီး မင်းသမီးလေးဘေးက အရံဇာတ်ကောင်တစ်ခု ဖြစ်လာခဲ့တယ်။ မင်းသမီးက ကိုယ့်ကိုယ်ကို သေကြောင်းကြံစည်ခဲ့ပြီးနောက်တော့ လော့ကျင်းလည်း ဇာတ်သိမ်းမကောင်း ဖြစ်ခဲ့ရှာတယ်။ ဘယ်လို အသက်ရှင် ရုန်းကန်ရမယ်ဆိုတာကို စဥ်းစားနေတုန်း ဒုတိယမင်းသားက သူ့ချစ်သူရဲ့ အချစ်ကို နောက်ဆုံးတော့ ရခဲ့ပြီဆိုတဲ့အကြောင်းနဲ့ လက်ထပ်ခွင့်တောင်းဖို့ စဥ်းစားနေတဲ့အကြောင်း မင်းသမီးကို ပြောပြဖို့ ဝမ်းသာအားရနဲ့ အပြေးလာခဲ့တယ်။ လော့ကျင်းကတော့ စိတ်ထဲမှာ ကျိတ်ပြီး ညည်းညူမိလိုက်တယ်။ သူက အရှင့်အပေါ်ကို ရုတ်တရက် ကောင်းပြနေတဲ့ အကြောင်းအရင်းကို အရှင် ဘာလို့ မစဥ်းစားမိရတယ်။ သူ့မှာ ကိုယ်ဝန်ရှိနေပြီး အရှင့်ကို အသုံးချချင်တာကြောင့် မဟုတ်ဘူးလား။ သူက ရန်သူဘက်က မင်းသားရဲ့ကလေးကို ကိုယ်ဝန် လွယ်ထားတာလေ။ သူက ရန်သူနဲ့ ပူး‌ပေါင်းပြီး အရှင့်ကို သ-တ်ပစ်မှာ အနှေးနဲ့အမြန်ပဲ။ မင်းသမီး : ??? ဒုတိယမင်းသား : ??? ... အကောင်ကြီးကြီးတချို့က တစ်ယောက်ပြီးတစ်ယောက် သိလာခဲ့ကြတယ်။ သူတို့တွေက လော့ကျင်းဘေးမှာ ရှိနေသရွေ့ လော့ကျင်းရဲ့စိတ်ကို အကြမ်းဖျင်းသိနိုင်ပြီး လော့ကျင်းက ငွေကိုစွဲလမ်းတဲ့သူ ဖြစ်နေတာကို မမျှော်လင့်ဘဲ သိလိုက်ကြတယ်။ စစ်သူကြီးက တိုက်ပွဲမထွက်ခင်မှာ လော့ကျင်း ဆီရောက်လာခဲ့ပြီး သူက“အရမ်းကို စိတ်ကုန်နေပြီလို့” စဥ်းစားပြီး လော့ကျင်းကို ရွှေချိန်းကြိုးကြီးတစ်ခု ပစ်ပေးလိုက်တယ်။ လော့ကျင်း : စစ်သူကြီးရဲ့ စပါးသယ်ယူပို့ဆောင်ရေး အရာရှိတွေက အကျင့်ပျက်ခြစားနေတဲ့ အရာရှိတွေပါ။ သူတို့တွေက စစ်သားတွေကို မှိုတက်နေတဲ့ဆန်တွေ ကျွေးတာကြောင့် အားလုံးက အစာ အဆိပ်သင့်ပြီး စစ်ပွဲနှောင့်နှေးနေရတာပါ။ စစ်သူကြီးက စုံစမ်းဖို့ ခရီးထွက်လာခဲ့ပြီး ပထမဆုံးလုပ်ခဲ့တာက စပါးတာဝန်ယူထားတဲ့ အရာရှိတွေကို စုံစမ်းစစ်ဆေးပြီး စစ်တပ်ရဲ့ကျင့်ဝတ်ကို ခိုင်မာအောင် သူတို့ကို လူထုရှေ့မှာ သ-တ်ပစ်လိုက်တာပဲ။ မျှော်လင့်ထားတဲ့အတိုင်း သူ အောင်မြင်မှုကြီးတစ်ခုနဲ့ ပြန်လာခဲ့ရတယ်။ မင်းသားကို ကပ်ဘေးဒုက္ခကယ်ဆယ်ရေး ထောက်ပံ့ဖို့အတွက် လွှတ်လိုက်တယ်။ ခရီးမထွက်ခင်မှာ သူ “အရမ်း ရုပ်ဆိုးတယ်လို့’ စဥ်းစားမိတဲ့ သူ့အချစ်ဆုံးပန်းအိုးကို လော့ကျင်းကို ပေးလိုက်တယ်။ လော့ကျင်း : ဒီပန်းအိုးက တကယ်ရုပ်ဆိုးတာပဲ... ဒါပေမဲ့ အရမ်းအဖိုးတန်တဲ့ပုံ ပေါ်တယ်။ မင်းသားက ဒီတစ်ကြိမ် လမ်းမှာ မိန်းမလှလေးကို အနိုင်ကျင့်နေကြတဲ့ လူဆိုးတွေနဲ့ မထင်မှတ်ဘဲ တွေ့ရခဲ့တယ်လို့ ကြားဖူးတယ်။ သူက သူရဲကောင်းလုပ်ပြီး မိန်းမလှလေးကို ကယ်ခဲ့ပေမဲ့ အမှန်တော့ သူ့ကိုယ်သူ ဒုက္ခရောက်အောင် လုပ်ခဲ့မိခဲ့တာပဲ။ မျှော်လင့်ထားတဲ့အတိုင်း မင်းသားက လမ်းပေါ်မှာ လူယုတ်မာတစ်ယောက်ရဲ့ နှောင့်ယှက်တာ ခံနေရတဲ့ မိန်းမလှလေးတစ်ယောက်က ငိုယိုပြီး အကူအညီတောင်းနေတာနဲ့ ကြုံခဲ့ရတယ်။ မင်းသားက ပြုံးကြည့်လိုက်ပြီး ထိုင်ခုံတစ်လုံးတောင် ထုတ်လာလိုက်သေးတယ်။ သူလျှိုမိန်းမလှလေး : ??? . . . နောက်ပိုင်းကျတော့ လော့ကျင်းက လူသ-တ်မှုတစ်ခုနဲ့ ပတ်သက်ပြီး ရန်သူ့သူလျှိုတစ်ယောက်ရဲ့ ချောက်ချတာ ခံလိုက်ရပြီး ရွှေနန်းတော်မှာ ပြဿနာတက်တော့တာပဲ။ မင်းကြီးက လော့ကျင်းကို မေးတယ်။ - အခင်းဖြစ်နေတုန်းက မင်း ဘယ်မှာ ရှိနေတာလဲ၊ တစ်ယောက်ယောက်က သက်သေပြပေးနိုင်လား။ တော်ဝင်ညီလာခံက အရာရှိတချို့က တပြိုင်ထဲ ပြောလိုက်ကြတယ်။ “ဒီအမတ်ကြီး/ ဒီသားတော်က သက်သေလုပ်ပေးနိုင်ပါတယ်” မင်းကြီး : ??? သူလျှို: ??? လော့ကျင့်လည်း ရင်ထဲထိသွားတာပေါ့။ “အားလုံးက စေတနာကောင်းတွေ ရှိကြတာ သိပေမဲ့ အနောက်ဘက်ဥယျာဥ်မှာ မျောက်တစ်သိုက် ရန်ဖြစ်နေတာကို တစ်နာရီလောက် ရပ်ကြည့်နေရတာပဲ....” ပူးပေါင်းလိမ်လည်တာ မဖြစ်ရအောင် မင်းကြီးက အားလုံးကို အခင်းဖြစ်တဲ့အချိန်မှာ သူတို့တွေ ဘာနေလုပ်ပါတယ်ဆိုတဲ့အကြောင်း ချရေးခိုင်းလိုက်တယ်။ အဖြေတွေက အံ့ဩစရာကောင်းလောက်အောင် တထပ်ထဲဖြစ်နေတယ်။ မျောက်ဖြစ်ချင်ဟန်‌ ဆောင်နေကြပြီး အနောက်ဘက်ဥယျာဥ်မှာ ရန်ဖြစ်နေကြပါရော။ မင်းကြီး : ဆွံအမိပါတယ်..... တခြားအမတ်တွေနဲ့ သူလျှို: ၆ ( Chinese slang : ကောင်းလိုက်လေ) . . . လော့ကျင်းက ဒီဝတ္ထုက သူရဲကောင်းမလေးတစ်ယောက်ရဲ့ လူမှုဆက်ဆံရေးနယ်ပယ်အကြောင်း ပြောထားတာကို သေချာမှတ်မိနေပါသေးတယ်။ အခုကျတော့... အားလုံံးက ငါ့နောက်လိုက်နေကြတဲ့ပုံ ပေါက်နေတာလဲ။ သူရဲကောင်းမလေးကတော့ ဘယ်လိုများ တွေးနေမလဲ။ သူရဲကောင်းမလေး : ငါလည်း လော့ကျင်းကို ခေါ်ထားချင်တာလေ။ ဒါပေမဲ့ ကံဆိုးချင်တော့ လော့ကျင်းကို တစ်စုံတစ်ယောက်ဆီကနေ လုယူလို့ မရနိုင်ဘူး။ ဆိုးလိုက်တာ။ . . . Translator note : တခြားဝတ္ထုနဲ့ မတူတာက ဒီဝတ္ထုက MCစိတ်ထဲမှာ စဥ်းစားနေတာတွေကို သူ့ဘေးကလူတွေက ကြားနိုင်တာမျိုး။ ဘေးကလူတွေကြားနိုင်တာကိုလည်း MCကိုယ်တိုင်က မသိဘူး။ ဒါပေမဲ့ ဒီအတိုင်း အလကားနေရင်း ကြားရတာမျိုးတော့ မဟုတ်ဘူးနော်။
အမြောက်စာ ချွေးမအဖြစ် ကူးပြောင်းခြင်း (ERLH) မိတ်ဆက် လျန်ဟွမ်သည် လျင်မြန်စွာ ကူးပြောင်းသော hostတစ်ယောက်ဖြစ်၏။ သူမသည် စနစ်တာဝန်ကို ပြီးမြောက်အောင် ဆောင်ရွက်ပြီး ကမ္ဘာအစစ်သို့ ပြန်တော့မည့်အချိန်၌ စနစ်က အမှားတစ်ခု ပြုလုပ်ခဲ့၏။ သူမသည် စာအုပ်တစ်အုပ်ထဲ ကူးပြောင်းသွားပြီး ၁၉၇၀ခုနစ်၌ အမြောက်စာ ချွေးမတစ်ယောက် ဖြစ်လာခဲ့သည်။ ထိုချွေးမလေးသည် စာအုပ်၏ ပထမအခန်းတွင် သေဆုံးသွားခဲ့သည်။ သူမ မင်္ဂလာဆောင်သည့်နေ့၌ သူမနှင့် သူမ၏ အမြောက်စာ ခင်ပွန်းတို့သည် ပြိုသွားသော အိမ်အောက်တွင် ပိသေသွားတော့၏။ လျန်ဟွမ်သည် အိမ်ပိသေရမည့် ချွေးမလေးအဖြစ် ကူးပြောင်းလာပြီး လူတိုင်းက သူမအတွက် ကရုဏာသက်ခဲ့သည်။ သူမသည် လက်ကြောမတင်းသော ခင်ပွန်းကို လက်ထပ်ခဲ့ပြီး အော့ကြောလန် ယောက္ခမနှင့် ယောက်မတို့၏ မောင်းထုတ်ခြင်း ခံခဲ့ရသည်။ ပြီးနောက် သူတို့သည် စားစရာ သောက်စရာ မရှိဘဲ အစာလွန်ပြီး သေသွားရလိမ့်မည်။ လျန်ဟွမ်။ ။ အဆာလွန်ပြီး သေတယ်ဆိုတာ မရှိဘူး။ လက်ထဲမှာ သိုလှောင်နယ်မြေနဲ့ဆို စားကောင်းသောက်ဖွယ်တွေ ရှိတယ်။ ကမ္ဘာပျက်ကပ်၏ အဆုံးမှ လာသောသူ။ ဇနီးရယ် ကိုယ်ရယ်။ လျန်ဟွမ်သည် ထိုလူကို ပြန်ကြည့်လိုက်၏။ သူ့၌ ချောမောခံ့ညားသော မျက်နှာနှင့် ပေါင်မုန့်၈ခုရှိပြီး သူမကို လက်တစ်ဖက်တည်းဖြင့် ပွေ့ချီနိုင်ကာ ရံဖန်ရံခါတွင် အသားတခို့ သယ်လာနိုင်၏။ ဤလူက ကြည့်ကောင်းပြီး ကြီးမားသော ခွန်အားရှိသည်။ သူတို့၂ယောက်က လင်မယားဖြစ်နိုင်သည်။ သူက သူမ၏ ခင်ပွန်းဖြစ်လာနိုင်၏။ တစ်ခွန်းတည်း မိတ်ဆက်ပေးမယ်။ ။ ၇၀ခုနစ်ဝန်းကျင်က စုံတွဲရဲ့ နေ့စဥ်ဘဝမှာ စီးပွားရှာပြီး ကလေးတွေကို ပျိုးထောင်တာပဲ။ သဘောတရား= ဘဝမှာ အလုပ်ပိုကြိုးစားလေ ပိုပျော်ရွှင်ရလေပဲ။ ...
ရွှေကိုင်းခက်ပေါ်ဝယ် ခိုနားမယ် (ERQT) မိတ်ဆက် သူမ ယခင်ဘဝ၌ ရှချင်းထန်း၏ ဘဝသည် အတက်အကျ များစွာ ပြည့်နှက်နေခဲ့သည်။ သူမသည် ယာယီရွှေ့ပြောင်းရာ အိမ်ယာရှိသည့် မြို့လေး၌ ကြီးပျင်းလာခဲ့ပြီး သူဌေးမိသားစုထဲ လက်ထပ်ပြီး ဝင်ရောက်ခဲ့ကာ စာကလေးမှ ဖီးနစ်အဖြစ် ပြောင်းလဲခဲ့လေ၏။ သို့သော် သူမသည် ရက်အနည်းငယ်မျှတောင် ဇိမ်ကျကျ မနေနိုင်ခဲ့ပေ။ အဆုံးကျ သူမ ကွာရှင်းခဲ့ရုံသာမက အလုပ်လည်း ဆုံးရှုံးခဲ့၏။ သူမသည် အဆုံးကျ သူမဝမ်းကွဲ မိသားစုအတွက် ကလေးထိန်း လုပ်ပေးခဲ့ရသည်။ လူတိုင်းက သူမ၏ တုံးအမှုအတွက် ရယ်မောခဲ့ကြ၏။ သို့သော် ကျန်သည့်သူများ မသိသည်က ထိုသူဌေးမိသားစုသည် ကမ္ဘာပေါ်၌ ပျော်ရွှင်စရာ နေရာတစ်ခု မဟုတ်ပေ။ သူမ၏ ယောက္ခမက သူမကို အနိုင်ကျင့်ပြီး သူမ ခင်ပွန်းကမူ သူမကို ဖိနှိပ်ထားလျက် ယောက်မများက နေရာတိုင်း၌ သူမကို ပစ်မှတ်ထားနေလေသည်။ သူမ နိုးထလာသောအခါ သူမ အသက်နှစ်ဆယ်အရွယ်သို့ ပြန်ရောက်သွား၏။ ရှချင်းထန်းက ပြက္ခဒိန်ကို ကြည့်ပြီးနောက် သက်ပြင်းချလိုက်တော့သည်။ တော်ပါသေးရဲ့ သူမ လက်မထပ်ရသေးဘူး။ ရက်အနည်းငယ်အကြာတွင် ရှချင်းထန်းသည် သူမ၏ ချစ်သူအသစ် လက်ကို ဆွဲကာ လက်ထပ်ခွင့်တောင်းသည့် မိသားစုကို လက်ခံတွေ့ဆုံခဲ့သည်။ “ကျွန်မ သူ့ဆီကနေ လက်ထပ်စာချုပ် ရပြီးပြီ” မိသားစုဝင်များကလည်း သာမာန်ဖြစ်ပြီး သူမကလည်း အလွန်စိတ်တိုင်းကျ၏။ သို့သော် လက်ထပ်ခွင့်တောင်းသည့်သူနှင့် သူ၏မိသားစုကမူ စိတ်မကျေနပ်ပေ။ သူမ မိဘများကလည်း မကျေနပ်ကြ။ အိမ်မှ ကန်ထုတ်ခံလိုက်ရသော ရှချင်းထန်းသည် သူမနှင့် လက်ထပ်ပြီးကာစသူ၏ မိသားစုအိမ်သို့သာ သွားနိုင်၏။ သို့သော် သူမ သူတို့အိမ်သို့ ရောက်ချိန်၌ သာမာန်လူများ နေသည့်နေရာ မဟုတ်သော သုံးထပ်တိုက်ကို တွေ့လိုက်ရသည်။ ရှချင်းထန်းက ခေါင်းနောက်သွားလေ၏။ ပြိုကွဲသွားပြီး သူမက ကိုင်းမြင့်မြင့်ကို ထပ်တွယ်တက်မိပြန်ပြီလား။ နွေးထွေးတဲ့ ဘဝ+ မိဘများအကြောင်း ဇာတ်လမ်းတိုတို၊ ဘဝရုန်းကန်မှုများ တစ်ခွန်းတည်း မိတ်ဆက်ခြင်း= ကိုင်းအမြင့်ကို တက်ခဲ့ရင်တောင် အချစ်စစ်အချစ်မှန် ရနိုင်သေးတယ်။ ရည်ရွယ်ချက် လူတိုင်းက သူတို့ရဲ့ ရွေးချယ်မှုနဲ့ ရုန်းကန်မှုကနေ သူတို့ကံကြမ္မာကို ပြောင်းလဲနိုင်တယ်။ ...