2 215
Subscribers
No data24 hours
-117 days
-6730 days
Posts Archive
2 215
ကိုယ့်စည်းနဲ့ ကိုယ်နေတာ ကောင်းတယ်
=====
နှိမ်တာတော့ မဟုတ်ပါဘူး။ တအာင်း/ပလောင်တွေမှာ ညီအစ်ကို (၂)ယောက် ရှိရင် တစ်ယောက်က မဖြစ်မနေ စစ်မှုထမ်းရတဲ့စည်းမျဉ်းရှိတဲ့အခါ လူရည်လည်တဲ့ ပလောင်တွေက သားတွေကို ပြည်မထဲက ဘုန်းကြီးကျောင်းတွေမှာ ထားကြတယ်။ ဒါပေမယ့် အချိန်တန်လို့ လူမျိုးရေးကို ဦးတည်ပြီး စည်းရုံးတဲ့အခါ ဘုန်းကြီးကျောင်းမှာ လာထားတဲ့ အရွယ်ရောက်ပလောင်တွေက စစ်မှုပြန်ထမ်းလေ့ရှိကြတယ်။
----
တအာင်းတွေအခြေစိုက်တဲ့ ပလောင်မှာ ရတနာဆိုလို့ လက်ဖက်ပဲထွက်တယ်။ ဒါတောင် လက်ဖက်ခြံရှင်းတဲ့အလုပ်ကို အိမ်ထောင်ရှင်မတွေက လုပ်ရတာ ခပ်များများတွေ့ရတယ်။ အများစု အိမ်ထောင်ဦးစီးတွေက ဘိန်းစွဲနေတာ ခပ်များများဖြစ်တယ်။ ခု တအာင်းတွေ သိမ်းပိုက်ထားပါတယ်ဆိုတဲ့ မိုးကုတ်၊ မိုးမိတ်မှာ လုပ်ငန်းရှင်တွေကို ပြန်ပေးစွဲတဲ့ ဓါးပြ သာသာလက်နက်ကိုင်အုပ်စုဆိုတာလည်း ဒီ TNLA ပဲရှိတယ်။
----
ပြည်နယ်တစ်ခုကို အမည်ပေးသတ်မှတ်တဲ့အခါမှာ ဖွဲ့စည်းပုံအရ လူမျိုးစုတွေ တဆက် တည်း နေထိုင်မှုကို ဦးတည်ပြီး စဉ်းစားတယ်။ ပလောင်တွေရဲ့ လူဦးရေအချိုးအစားအရ နမ့်ဆန်နဲ့ မန်တုံဒေသကိုပဲ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပေးထားတယ်။ ခက်တာက အတောမသတ်နိုင်တဲ့ လောဘပဲ။ လားရှိုး-မူဆယ်ပြေးတဲ့ ပြည်ထောင်စုလမ်းမပေါ်ကို ဖင်ခုထိုင်မှ ပိုက်ဆံရွှင်မယ်ဆိုတဲ့ Logic ကို လက်ရှိ တာဘုန်းကျော်တို့ကတွေးတယ်။ ဒီလိုအတွေးအခေါ်နဲ့ စစ်တိုက်စားနေတာကိုမှ ဖက်ဒရယ်တွေ၊ လူမျိုးစု ကိုယ်ပိုင် အုပ်ချုပ်ရေး တွေနဲ့တန်းတူညီမျှရေးတွေခေါင်းစဉ်တပ်ပြီး အပေါ်ယံအော်ပြတာကတော့ အတော်လေး ရွံစရာ ကောင်းတယ်လို့ပဲ မြင်မိတယ်။
----
စကားကုန်ကုန်ပြောရရင်….လက်ရှိ TNAL တိုက်နေတဲ့ မိုးကုတ်၊ မိုးမိတ်၊ နောင်ချို၊ ကျောက်မဲ၊ သီပေါနဲ့ကွတ်ခိုင်တွေမှာ ဘယ်လူမျိုးစုက ရာခိုင်နှုန်းမြင့် နေထိုင်မှုရှိသ လဲဆိုတာ တချက်စစ်တမ်းကောက်ကြည့်ရင် အဖြေပေါ်ပါတယ်။
(နရီမိုး)
2 215
တောင်ခမ်း
°°°°°°°°°°°°°
၉၀၂ နှင် အမတ၂၀၆မှ ကိုနိုင်ဝင်း/အောင်စိန်/သော်ကြီးတို-က်စ-စ် အတွဲဘက်က ရှင်:/လင်:မှုတွေကြောင့် တောင်ခမ်းရွာနှင့် တောင်ရှည်ရွာတို့တွင် နိုဝင်ဘာလ(၁)ရက်နေ့မှ စပြီး ရ-သ-ကင်းစင်သွားခဲ့ပါပြီ။
ထပ်မံလုပ်ဆောင်စရာတွေကို ဆက်လက်လုပ်ဆောင်နေကြကြောင်းမိဘပြည်သူများအား တောင်ခမ်းသူရဲကောင်းများမှ ကျနော်မှတဆင့် စကားလက်ဆောင်ပါးလိုက်ပါတယ်ဗျာ။
ခိုင်ဇော်
နိုဝင်ဘာ(၄) ၊ ၂၀၂၄ ။
2 215
4 - 11 - 2024 အမ်း သတင်း
==========================
အမ်းမှာ မြေပြင်ရှင်းလင်းရေး ဆောင်ရွက်နေပြီး တိုက်ပွဲတွေ ဖြစ်နေပါတယ် ။ သူက လာတိုက်နိုင်တာ မဟုတ်တော့ပါဘူး ကိုယ့်ဖက်က တိုက်နေတာပါ ။
ရန်သူ့ခြေကုတ်ကို ဖြိုဖျက်နေရလို့ အထအခိုက် သတင်းကြားရပါတယ် ။ မိမိဘက်မှ စနိုက်ဘာထိမှန်၍ စစ်သည်တဦး ကျဆုံးပါတယ် ။ မစိုးရိမ်ရ ဒဏ်ရာ ရရှိသူ ၄၀ ဦး ရှိပါတယ် ။ အားလုံး မကွေးဆေးရုံကြီးမှာ ဆေးကုသမှု ခံနေကြပါပြီ ။
မနေ့က ဒုတိယအကြိမ်မြောက် စစ်ကူစစ်ကြောင်းကြီးလည်း ရောက်ရှိသွားပါပြီ ။ နောက်ထပ် တိုက်စစ်အတွက် ပြည်သူ့စစ်များလည်း လိုက်ပါရန် ဆန္ဒပြုတဲ့အတွက် ခွင့်ပြုထားပါပြီ ။ ပြည်သူ့စစ်များ အတွက် လုံခြုံရေး ပိုမိုကောင်းမွန်စေရန် သံချပ်ကာယာဥ်တန်းများနဲ့ စီစဥ်ပေးထားကြောင်း သိရပါတယ် ။
ယနေ့ မကွေးလေတပ်မှ ရဟတ်ယာဥ်များ နဲ့ လေယာဥ်များလည်း အမ်းဂွင်ထဲမှာ အဆက်မပျက် တက်ချေ ဆင်းချေ နဲ့ ပွဲကနေပါတယ် ။
စိတ်ချမ်းသာစရာကောင်းတာက ခံစစ်အတွက်မဟုတ်ပဲ တိုက်စစ်အတွက် ဖြစ်နေတာကြောင့်ပါပဲ ။ သွေးရူးသွေးတန်း သတင်းတွေ နဲ့ ရန်သူ့ဘက်သား ပူးသတ်တွေရဲ့ အလိမ်အညာတွေကို ဟာသအဖြစ်ပဲ သတ်မှတ်လိုက်ကြပါဗျာ ။
နခခ ၅ ကတော့ တိုက်ပွဲ အနည်းငယ် ဖြစ်နေကြပေမယ့် တကယ်အပြင်းအထန် တိုက်နေကြတာက လော်စပီကာတိုက်ပွဲခင်ဗျ ။ AA သူပုန်က လက်နက်ချဖို့ ဖင်ပြဲအောင်အော်လိုက် ဒီဖက်က စစ်ချီသီချင်းလေး ပြန်ဖွင့်ပြလိုက်နဲ့ အပြန်အလှန် ဖျော်ဖြေရေး လုပ်နေကြလေရဲ့ ။
ကိုရွှေမျိုးဝင်း
2 215
နတ်စင်ပေါ်က ဒါးများ သုံးပြီလား.. ?
===============================
2021 တုန်းက ရေးခဲ့ဖူးတဲ့ အကြောင်း အကျဥ်းမျှ ပြန်နွေးပါ့မယ် ။ ကျနော့်အဘက နတ်စင်ပေါ်မှာ အမြဲသွေးထားလို့ အင်မတန်ထက်မြတဲ့ ဒါး တချောင်း ချိတ်ဆွဲထားပါတယ် ။
တနေ့ ကျနော် ထင်းအစိုတွေ ဖြတ်နေတော့ သုံးနေရတဲ့ ဒါးမကြီးက တုံးကတုံး လေးကလေး ဆိုတော့ အဆင်မပြေဘူးလေ ။ ဒါနဲ့ အဘရဲ့ နတ်စင်ပေါ်က ထက်ရှနေတဲ့ ဒါးကိုယူပြီး ထင်းအစိုအသေးတွေ ခုတ်ပါတယ် ။
အရမ်းအဆင်ပြေပြီး လုပ်ငန်းတွင်ကျယ် လူမပန်းပဲ ဖြစ်နေတော့ ကျေနပ်နေတုန်း အဘက တွေ့သွားပြီး ငါ့မြေးရေ ဒီဒါးက ထက်လဲထက်တယ် ပေါ့ပါးပြီး သုံးလို့ကောင်းတာလည်း ဟုတ်တယ် ဒါပေမယ့် သုံးဖို့ မဟုတ်ဖူးကွဲ့ ဆိုပြီး ပြန်သိမ်းသွားပါတယ် ။ ဒါနဲ့ ကျနော်လည်း တုံးနေတဲ့ ဒါးမကြီးနဲ့ အလုပ်မတွင်ပဲ ပင်ပန်းကြီးစွာ ဆက်လုပ်ရတာပေါ့ဗျာ ။
အဲလိုပါပဲ 2021 မှာ ဆူပူမှု ပုန်ကန်မှုတွေကို သတင်းလက်ဦးမှု ရယူနိုင်စွမ်းမရှိတဲ့ စရဖ အစား ယခင်က ထောက်လှမ်းရေးတပ်ဖွဲ့ဝင်ဟောင်းတွေကို ပြန်လည်ပြီး တိုင်းပြည်အတွက် ပူးတွဲ အသုံးချဖို့ တိုက်တွန်း ရေးသားခဲ့ဖူးပါတယ် ။
ကျနော်တို့ကတော့ မိမိအမြင်လေးတွေကို ဆိုရှယ်မီဒီယာကတဆင့် တင်ပြနေရတဲ့ သာမန်ပြည်သူအဆင့်ဆိုတော့ လူကြီးမင်းတွေ သတိထားမိချင်မှလည်း ထားမိကြမှာပေါ့လေ ။
နတ်စင်ပေါ်က ဒါးတွေနဲ့ပတ်သပ်ပြီး အခုတလောကျတော့မှ အသံလေးတွေ ပြန်ကြားလာရပါတယ် ။ 29-10-2024 နေ့တုန်းက တရုတ်ပြည်ကို မြန်မာအဖွဲ့တဖွဲ့ သွားရောက်တွေ့ဆုံခဲ့ကြပါတယ် ။
ဗိုလ်ချုပ်ကြီးခင်ညွှန့်ရဲ့ တပည့်ဟောင်းတွေ ဖြစ်တဲ့ ဗိုလ်မှူးချုပ်သိန်းဆွေ ၊ ဗိုလ်မှူးကြီး လှမင်းတို့ ဦးဆောင်တဲ့ အဖွဲ့ ဖြစ်ပါတယ် ။ ဒီလိုလူတွေကို တရုတ်ကဖိတ်ခေါ်တာယ် နစက အနေနဲ့ အလွယ်တကူ သွားလာကြဖို့ စီမံခွင့်ပြုပေးခဲ့ကြတာကတော့ တပ်မတော် ထောက်လှမ်းရေးအတွက် အချိုးအကွေ့ တခုဖြစ်လာမလား တွေးတောစရာပေါ့ဗျာ ။
တခေတ်တခါတုန်းက လာဘ်စားတဲ့ တိုင်းမှူးကြီးတွေ သူတို့ကြောင့် ပြုတ်ခဲ့ကြတာ အများကြီးပါပဲ ။ နတ်စင်ပေါ်က ဒါးတွေမှာလည်း လူသားပီပီ ချို့ယွင်းချက်တွေရှိကြမှာပါပဲ ။ သို့သော် သူတို့ထဲက 99.5 % သည် တိုင်းပြည်နဲ့ လူမျိုးအပေါ်သာမက တပ်မတော်အပေါ်မှာပါ ယနေ့ထိ သစ္စာကြီးစွာနဲ့ တည်ရှိနေဆဲဖြစ်ပါတယ် ။
ယနေ့ ကျနော်တို့တိုင်းပြည်အတွက် အရေးတကြီးလိုအပ်နေတဲ့
- နိုင်ငံတကာဆက်ဆံရေးထူထောင်မှုပညာ ၊ ( အမေရိကန် နဲ့ အနောက်အုပ်စု ၊ UN ကိုပါ ကစားပြသွားတာ နမူနာကြည့်ပါ)
- ပြည်တွင်းတည်ငြိမ်ရေးအတွက် အပျော့ အမာ မျှတထိရောက်စွာ အသုံးချနိုင်မှူ
( နဝတ ၊ နအဖ ခေတ် ၁၉၈၈ မှ ၂၀၀၄ ထိ ပြည်ဖျက်အုပ်စု နားရွက်ခတ်မရအောင် ဆော်ပစ်နိုင်ခဲ့ကြတာ ပုံပြင်မဟုတ်)
- ခြေတံ လက်တံ ခန့်မှန်းမရအောင် ရှည်လျှားစွာ ဖြန့်ကျက်နိုင်မှု
( ဗသိန်းတင် နဲ့ ပေါ်လစ်ဗျူရို တံခါးပိတ်အစည်းအဝေးအား video ဖိုင် ရအောင်ယူနိုင်မှု ၊ ခွန်ဆာလက်နက်ချဖို့ CIA မသိအောင် ဆောင်ရွက်နိုင်မှု ဒါမျိုးတွေ ရေတွက်မရအောင် လုပ်နိုင်ခဲ့ပါတယ်)
- မဟာဗျူဟာကျတဲ့ ကစားကွက်တွေနဲ့ ပြည်တွင်း ပြည်ပ အဖျက်သမားတွေ လှုပ်မရအောင် လုပ်ပြနိုင်ခဲ့မှု
အစရှိတဲ့ စွမ်းဆောင်ရည်တွေကြောင့် နတ်စင်ပေါ်က ဒါးတွေကို ပြန်လည်အသုံးချနေပြီ ဆိုတဲ့ သတင်းစကားကို ဝမ်းသာအားရ ကြိုဆိုမိပါတယ် ။
ကိုရွှေမျိုးဝင်း
2 215
(၈)ကြိမ်မြောက် မဟာမဲခေါင်ဒေသခွဲ ထိပ်သီးအစည်းအဝေး (GMS) နစက အတွက် တန်ဖိုးမဖြတ်နိုင်တဲ့ အခွင့်အရေးပါ။ တရုတ်ဘက်ကလည်း လိုလိုလားလား ရှိပါလိမ့်မယ်။ ဒီအချိန်မှာ နှစ်နိုင်ငံ လူကြီးချင်းတွေ့ပြီး ဖြစ်ချင်တာ၊ ဖြစ်သင့်တာကို ပွင့်ပွင့်လင်းလင်း ပြောနိုင်ရင် အကောင်းဆုံးပါ။
---
တရုတ်ဘက်က ခုချိန်မှာ နစက ကို သိသိသာသာ ယိမ်းလာတာကလည်း အကြောင်း ရှိပါတယ်။ သာမန်အားဖြင့်တော့ ကျားဖြန့်ရှင်းလင်းရေးဆိုပြီး ပယ်မိသားစု လောက်ဖယ်ဖို့ ကြိုးစားခဲ့တဲ့ MNDAA က လားရှိုးအထိ ဆင်းပြီး တိုက်ပွဲရပ်ဖို့ ငြင်းဆန်နေ တာ အကြောင်း ရှိနိုင်တယ်ဆိုတဲ့အချက်ကို တရုတ်ရိပ်စားမိလာလို့ဆိုတဲ့အချက်က အဓိက ကျပါလိမ့်မယ်။ ပိုဆိုးထာတာ မဟာမိတ်ဖွဲ့ထားတဲ့ FPNCC အဖွဲ့ဝင်အချင်းချင်းမှာတောင် တဖွဲ့နဲ့တဖွဲ့ ရန်ဆောင်နေတဲ့ အခြေအနေမျိုးကို တရုတ် မနှစ်သက်လောက်ပါဘူး။ ဒီလောက် အဖွဲ့စုံ အောက်ခြေမှာ မညီညွှတ်တဲ့အခြေအနေမျိုးနဲ့လည်း BRI ကြီးကို အသက်မသွင်း လောက်ပါဘူး။ ဒါပေမယ့် တဖက်မှာ EAO တွေကို လက်စတုန်း သွားအောင်လည်း နစက ကို အားပေးမှာမဟုတ်ပါဘူး။ နိုင်ငံရေးဆွေးနွေးပွဲ လမ်းစပေါ် ရောက်အောင်လောက်သာ တရုတ်ဇောင်းပေးမှာပါ။ (လက်စတုန်းအောင်လည်း ဘယ်တုန်းကမှ မတိုက်ကြပါဘူး)
----
တရုတ်ဘက်က တွေးရင် ပွကြီး အထောက်အပံ့နဲ့ ဖြစ်လာမယ့် လက်နက်ကိုင်တွေ အားကောင်းလာရင် စကားပြောရ ပိုပြီးခက်လာပါလိမ့်မယ်။ ခုတောင် Geopolitic အရနီးစပ်တဲ့ MNDAA နဲ့ KIA တို့လောက်သာ ဖိအားပေးနိုင်တာပါ။ ရခိုင်ကို တရုတ် သိပ်မထိဘူး ဆိုတဲ့အချက်ကလည်း တွေးစရာပါပဲ။ နစကနဲ့ တပ်မတော်ဘက်မှာလည်း ဖိအားရှိပါတယ်။ ဆုံးရှုံးထားတဲ့နယ်မြေတွေကို ပြန်ရဖို့ လိုပါတယ်။ နစကပေးနိုင်တဲ့ နိုင်ငံရေးမူဘောင်က ၁၀၂၇ မဖြစ်ခင်က အခင်းအကျင်းပုံစံမျိုးလောက်ပါပဲ။
----
ကိုယ်ကတော့ ရေရှည်ပဲတွေးပါတယ်။ ပလောင်လူမျိုးနဲ့ ကိုးကန့်လူမျိုးက ဗမာလူမျိုး အင်အားနဲ့ ချိန်ကြည့်ပေါ့။ ရာခိုင်နှုန်း အချိုးအစား ကွာပါတယ်။ နစက မှာ နှစ်စဉ်ရနေမယ့် စစ်အင်အား ရှိတယ်ဆိုတာ မမေ့သင့်ပါဘူး။ ဒါတောင် ပလောင်နဲ့ ကိုးကန့်ထွက်တဲ့ နမ့်ဆန်နဲ့ လောက်ကိုင်ဒေသကို နေ့စဉ် ဗုံးကြဲတာ မရှိသေးဘူး။ ဒီနောက်ချန်တွေကို သာ ဗုံးကြဲနေရင် ရှေ့တန်းက စစ်တိုက်နေတဲ့ TNLA နဲ့ MNDAA လည်း တိုက်ပွဲဝင်လိုစိတ် ပျောက်မှာပဲ။ ရခိုင်မှာလည်း အတူတူပဲ။ မကွေးနဲ့ ဧရာဝတီတိုင်းဘက်ကသာ ဖြတ် လေး ဖြတ် နိုင်နိုင်ဖြတ်ပါ။ ငတ်ပြီးသေပါတယ်။ အဂတိလိုက်စားမှုရှိရင် ထောင်ချပြစ်ပါ။
---
ဘာပဲဖြစ်ဖြစ် GMS အစည်းအဝေးကနေ ကောင်းတဲ့ ရလာဒ်တွေထွက်လိမ့်မယ်လို့ပဲ အကောင်းဘက်က တွေးပါတယ်။ ကောင်စစ်ဝန်ရုံးကို ဗုံးခွဲတိုက်ခိုက်တဲ့အထိ ဥာဏ်တိမ် ကြတဲ့ အဖွဲ့အစည်းကတော့ ကိုယ်ထိုက်နဲ့ကိုယ်ပေါ့။
(နရီမိုး)
2 215
+1
ဆော်ဒီအာရေဗျနိုင်ငံ၌ နှင်းသီးများကြွေကာ ကန္တာရမြေပြင်မှ နှင်းလွင်ပြင်ဖြစ်သွားပုံကိုတွေ့ရစဥ်။
* ရာသီဥတုဖောက်ပြန်။
2 215
ဦးစားပေး အဆင့် ရခိုင် ဖြစ်နေပြီလား
============================
ယနေ့ 3 - 11 - 2024. ညနေ 3:30 အထိ ရရှိထားတဲ့ အမ်း စစ်မျက်နှာပြင်မှ စစ်သတင်းများကတော့ ထူးခြားမှုများ တွေ့လာရပါပြီ ။
3-11-2024 ညနေ 3 နာခန့် အချိန်အတွင်း တပ်မတော်လေကြောင်းထိုးစစ်အဖြစ် လေယာဥ် ၁၀ စီး ဖြင့် တိုက်ခိုက်ခဲ့ပါတယ် ။ နောက်ဆုံးအကြိမ်က ၄ စင်း တပြိုင်နက် တိုက်တာပါ ။
မိမိတပ်များ အတိုက်ခံရလို့ မဟုတ်ပါဘူး ။ AA တို့ ပုန်းအောင်ခိုလှုံနေတဲ့ နေရာများအား ထိုးစစ်အသွင်နဲ့ ချေမှုံးနေခြင်း ဖြစ်ပါတယ် ။
အမ်းတွင် 31-10-2024 နေ့က ရောက်ရှိနေသော ခြေလျှင်တိုက်ခိုက်ရေး တပ်များမှ မြေပြင်ရှင်းလင်းရေး တိုက်ပွဲများကိုလည်း အချိန်ကိုက် တံမြက်စီးလှည်း ရှင်းလင်းနေပါပြီ ။
ပိုပြီး စိတ်ဝင်စားစရာကောင်းတာကတော့ ယနေ့ သယ်ယူပို့ဆောင်ရေး ရဟတ်ယာဥ်များနဲအတူ လက်နက်ခဲယမ်း အများအပြား ပို့ဆောင်နေပြီး မြေပြင်ထိုးစစ်အတွက် ရောက်ပြီးသော မနည်းပါးသည့် စစ်သည်အင်အားထက် နောက်ထပ် ၂ ဆ ကျော်သော စစ်သည်များသည်လည်း အင်ပြည့်အားပြည့် စိတ်သစ်လူသစ်ဖြင့် တက်ကြွရွှင်လန်းစွာ ချီတက်နေပါပြီ ။
အမ်း ဘဒါန်း လမ်းကြောင်းအား တပ်မတော်မှ ထိမ်းချုပ်ထားသလို သတိမပေါ့ပဲ လေကြောင်းကင်းထောက် လေကြောင်းပစ်ကူ ဒရုန်းကင်းထောက် ဒရုန်းပစ်ကူ များအပြင် ကင်းတိုကင်းရှည်များနဲ့ စနစ်တကျ အမ်းသို့ ချီတက်နေကြောင်း သတင်းကောင်းရရှိပါတယ် ။
2-11-2024 နေ့တုန်းက တပ်ချုပ်ကြီးရဲ့ ရခိုင် ခရီးစဥ်ဟာ အကြောင်းတခုကြောင့် မလာဖြစ်တော့ပဲ မြေပြင်အခြေအနေအား ဒရုန်းကင်းထောက်များရဲ့ VIDEO ဖိုင်များမှ တဆင့် ပေးပို့ အစီခံခဲ့ကြရပါတယ် ။
အဲဒီနောက် ယနေ့ 3-11-2024 မှာ ယခုလို အနေအထားအဖြစ် စစ်ဆင်ရေး ပြုလုပ်လာခြင်း ဖြစ်ပါတယ် ။ ရှမ်းမြောက်အား ပထမဦးစားပေးအဆင့်မှ ယခု ရခိုင်အား ပထမဦးစားပေး အဆင့်သို့ ပြောင်းလဲဟန် တူပါတယ် ။
မကြာခင် နာမည်ကျော် သူရဲကောင်းတို့ ရှိရာ နခခ ၅ ဘက်သို့လည်း တိုက်စစ်မြှားဦး ရောက်လာဖို့ အတော် နီးစပ်နေပါပြီ ။ လေကျယ် ထွန်းမြတ်နိုင်တို့ ငိုချင်းချသံလေးတွေ မကြာခင် ကြွပ်ကြွပ်ညံလာပါတော့မယ် ဗျာ ။
ကိုရွှေမျိုးဝင်း
။ ။ စကားမစပ်ဗျာ မြေပြင်ထိုးစစ်မစနိုင်သေးဘူး စစ်ကူစစ်ကြောင်းတောင် သွားမရဘူး တို့ ၊ ရဟတ်ယာဥ်ပစ်ချခံရတာ မှန်တယ်တို့ ဆိုပြီး ဖာကျခဲ့တဲ့ ချီးအာပလာ ဘယ်ပျောက်နေလဲ ဗျ ။ မတူရင် မတုနဲ့ ချီးအာပလာရေ မျိုးဝင်းဘယ်လိုလူစားဆိုတာ လွန်ခဲ့တဲ့ ၁၀ နှစ်က fb သမိုင်းပြန်ကြည့်အုံး ။
2 215
#ဘယ်တော့မှမသေတဲ့သူရဲကောင်းတွေ
တစ်နေ့က အမ်းမှာရှိတဲ့ စစ်ဆေးရုံကို
AA က အင်အားအလုံးအရင်းနဲ့ ဝင်တိုက်
နေချိန်မှာ တပ်မတော်သူနာပြုတက္ကသိုလ်
အပတ်စ ဥ်( ၈ ) ဆင်း ညီလေးတစ်ယောက်
က ရန်ကုန်မှာရှိတဲ့ သူ့မိန်းမ ဆီကို ဖုန်းဆက်
သတဲ့ ။
မိန်းမရေ ငါတို့ဆေးရုံကို တော့ AA က
အင်အားအလုံးအရင်းနဲ့ ဝင်တိုက်နေပြီတဲ့ ။
ငါတို့ ရဲ့ အဓိက တာဝန်ဟာ
ဆေးကုဖို့ဆိုပေမယ့် အခုလို
စစ်တိုက်ဖို့ကြုံလာတော့လည်း တိုက်ပါအုံး
မယ် ။ ခလေး ၂ ယောက်ကို တော့ သေသေ
ချာချာစောင့်ရှောက်ပါတဲ့ ။နင့်ယောကျာ်း
ငါ့ အတွက် ဘယ်တော့ မှ မပူပါနဲ့ ။နင်တို့
ငါအတွက်နဲ့ ဘယ်တော့မှ ဂုဏ်မငယ်စေ
ရဘူးတဲ့။နင့်ယောကျာ်း
ငါ ဟာ ဘယ်တော့မှ လက်နက်ချမှာ မဟုတ်
သလို ဘယ်တော့မှ လည်း အလံဖြူထောင်
မှာ မဟုတ်ဘူး ။ဒီကောင်တွေကို ရဲရဲရင့်ရင့်
တုံ့ပြန်တိုက်ခိုင်ရင်းနဲ့ပဲ ဂုဏ်သိက္ခာရှိရှိနေသွား
သေသွားချင်တယ်တဲ့ ။
ဒီလိုနဲ့ပဲ သူ့ စစ်သည်တွေ ကာကင်းမှာ
ပိတ်မိနေတာကို သွားရောက်ကယ်တင် တိုက်
ခိုက်ရင်းနဲ့ တိုက်ပွဲကျသွားခဲ့ပါတယ် ။မနေ့
ကတော့ စစ်ကူတွေအင်အားအလုံးအရင်းနဲ့
ရောက်လာပြီး ဆေးတပ်ကို ဝင်ရှင်းရင်း
သူ့အလောင်းကို ပြန်တွေ့ ရတော့
သူ့ သေနက် ကို လက်မှာကျစ်ကျစ်ပါ
အောင်ဆုပ်ကိုင်ထား
ရင်း သွေးအိုင်ထဲလူးနေပေမယ့် သူ့ရဲ့
အံကျိတ် ထားတဲ့ နှုတ်ခမ်းတစ်စုံ ကတော့
ဆရာမင်းသုဝဏ် ရဲ့ သူ့မှာတမ်း
ကဗျာထဲက မောင်ပြောက်ကျား
လို မတတ်သာလို့ လမ်းခုလပ်မှာ
ခွဲခဲ့ရတဲ့ အပေါ် နိုင်ငံတော်နဲ့ တပ်မတော်ကို
အားနာကြောင်း ပြောချင်ခဲ့လေသလား ၊
သူ့မိန်းမနဲ့ သူကလေးနှစ်ယောက်ကို ပဲ
သူ့အတွက် ဂုဏ်ယူဖို့ ပြောခဲ့လေသလား ၊
သူ့ကိုယ့်စား နိုင်ငံတော်ရဲ့ အချုပ်အခြာ
အာဏာကို ကာကွယ်စောင့်ရှောက်ဖို့
AA တွေကို အမြစ်ချေမှူန်းပေးဖို့ မှာ ခဲ့ချင်တာလား
ဆိုတာတွေကတော့ သူ မှတစ်ပါး မည်သူ
မျှ သိနိုင်တော့ မည်မဟုတ်ပါ ။
ဒါပေမယ့်
သူ ဟာ သူရဲကောင်း တစ် ဦးမို့ နိုင်ငံတော်
နဲ့ ပြည်သူလူထု ရဲ့ ရင်ထဲမှာ ဘယ်တော့မှ
သေသွားမှာ မဟုတ်ပါဘူး ။
ဒီကာလမှာ ဆရာမင်းသုဝဏ်ရဲ့
သူ့မှာတမ်း ကဗျာထဲက
မောင်ပြောက်ကျား လိုတောင် တိုင်းပြည်
အတွက် ချစ်သူအတွက် မွေးမိဘအတွက်
ဘယ်မှ မမှာခဲ့နိုင်ဘဲ အသက်ပေးလှူသွားကြ
တဲ့ တပ်မတော်သား သူရဲကောင်းတွေဘယ်
လောက်တောင် များနေပြီလဲ ။
ဘာပဲပြောပြော
သူရဲကောင်းတွေ ဟာ ဘယ်တော့မှမသေ
သလို နိုင်ငံတော်နဲ့ ပြည်သူထု ကလည်း
အမြဲတမ်းလေးစား ဂုဏ်ယူနေမှာပါ။
အမြဲတမ်းလည်း လေးစားဦးညွှတ်နေမှာပဲ
ဖြစ်ပါတယ်။
မှတ်ချက်။
သတင်းရင်းမြစ်
ကျဆုံးသူ သူနာပြုဗိုလ်ကြီးတစ် ဦး ရဲ့
ဇနီး ရဲ့ ခွင့်ပြုချက်ဖြင့် ရေးချင်းဖြစ်ပါတယ် ။
အောင်နိုင်သူ
2 215
#စစ်ဘုရင်ဝါဒထွန်းကားနေတဲ့တိုင်းပြည်
စစ်အာဏာရှင်အမြစ်ပြတ်ချေမှုန်းရေးတို့
တပ်မတော် က နိုင်ငံရေးကနေ အပြီးတိုင်
ထွက်ခွာရမယ်တို့ ပြောတဲ့ သူတွေကြည့်
လိုက်ရင် သူတို့ကို သူတို့တော့ ဗိုလ်ချုပ်ကြီး
အန်ဘန်လ တို့ ဒုဗိုလ်ချုပ်ကြီးဂွမ်မော်တို့
ဗိုလ်ချုပ်ထွန်းမြတ်နိုင် တို့ ဒုဗိုလ်ချုပ်ကြီး
တာအိုဘုန်း တို့ ဆိုတာတွေ့ ရတယ် ။
တစ်ယောက်မှတော့ ဦး ဘယ်သူ မောင်ဘယ်သူ
ဒူးဝါးဘယ်သူ ဖဒိုဘယ်သူ ဆိုတာမျိုး
မတွေ့ရပါဘူး ။
ပြောချင်တာ တပ်ကိုသာ သူတို့က နိုင်ငံရေး
ကနေ အတင်းဖယ်ရှားချင်နေကြတာ ၊သူ
တို့ကိုယ်တိုင် က တော့ ဗိုလ်ချုပ် ဗိုလ်ချုပ်ကြီး
ဆိုတဲ့ ရာထူးတွေကို နည်းနည်းလေးမှ
မစွန့်လွှတ်လိုကြဘူး ။အန်ဘန်လ ကိုယ်တိုင်က
၂၁ ပင်လုံမှာ ဗိုလ်ချုပ်ကြီးဆိုတဲ့ ဂုဏ်ပုဒ်ကို
တပ်ပြီး ပြောခွင့်မရလို့ မကျေမနပ်နဲ့ စောဒက
တက်ဖူးတယ်။
တကယ်ဆိုရင် ဒီအဖွဲ့တွေထဲက စစ် ဦးစီးချုပ်
တွေ စစ်ဘက်ဆိုင်ရာ ရာထူးတွေမို့လို့ ဒီဗိုလ်ချုပ်
/ဗိုလ်ချုပ်ကြီး ရာထူးတွေကို မစွန့်လွှတ်လိုတာ
မပြောလိုပါဘူး ။စစ်သားကတော့ စစ်ရာထူးနဲ့
အုပ်ချုပ်ကြတာကိုး ။
ဒါပေမယ့် KIO ဥက္ကဌ ဒု ဥက္ကဌ အတွင်းရေးမှူး
ဆိုတဲ့ ရာထူးတွေ ULA ဥက္ကဌ လိုရာထူးတွေ
KNU ဥက္ကဌ အတွင်းရေးမှူး လိုရာထူးတွေက
အရပ်ဘက်နဲ့ ဆိုင်တဲ့ ရာထူးတွေလေ ။ ဘာလို့
ဗိုလ်ချုပ်/ဗိုလ်ချုပ်ကြီး ရာထူး အဆင့်တံဆိပ်
တွေ မှည့်ခေါ် တပ်ပြောနေရသလဲ ၊ ဘာကြောင့်
စစ်ဘက်ရာထူး ကို ယူထားရသလဲ ၊
ဒါလည်း ကိုယ့်အဖွဲ့အစည်းအပေါ်ကို ကိုယ့်စစ်တပ်
က အာဏာပြန်သိမ်းထားခြင်းတစ်မျိုးပါပဲ ။
ဘာ ဒီမိုကရေစီနဲ့ မကိုက်ညီသလို
ဘာဖက်ဒရယ် မှလည်း မဟုတ်ဘူး ။ လူမျိုးစုတွေ ရဲ့ စစ်ဘုရင်ဝါဒ ( War Lord ) လို့ ကို အခြေခံထား
ကြတာမို့ ဒီတိုင်းပြည်ရဲ့ ဒီမိုကရေစီ ဖက်ဒရယ်
ပြည်ထောင်စုစနစ် တည်ဆောက်ရေးဟာလည်း
စိတ်ကူးယ ဥ်ဆန်လွန်းရာကျနေတယ် ။
ဒီမိုကရေစီ ရကောင်းရမယ်ဆိုရင်တောင်
ပြည်မက ပဲ ရနိုင်တယ် ။ War Lord ထွန်းကား
နေတဲ့ ဒေသတွေမှာ တော့ မလွယ်ကူလှဘူး ။
တစ်ခုတော့ ရှိတာပေါ့ ။War Lord ကို ဆရာ
တင်ထားတဲ့ လူမျိုးနွယ်စု ခေါင်းဆောင်တွေဟာ
သူတို့ ရဲ့ အိုင်ဒီယိုလော်ဂျီ အမှားကို ပြောင်းနိုင်
ပြင်နိုင် ရင်တော့ ဖြစ်နိုင်ပါတယ်။
ကျွန်တော် အရင်ရေးဖူးပါတယ် ။ မြန်မာ့နိုင်ငံရေး
ဟာ ရဲဘော်သုံးကျိပ်ကိုအားကျတဲ့ လက်နက်ကိုင်
လမ်းစ ဥ်ဆိုတဲ့ နိုင်ငံရေးဓလေ့ အမှား နဲ့
ပြည်သူကို လက်နက်သဖွယ်အသုံးချပြီး
ပြည်သူနဲ့ တပ်မတော်ကို ရန်တိုက်ပေးတာဟာ
နိုင်ငံရေးဖြစ်တယ် ဆိုတဲ့ နိုင်ငံရေးဓလေ့အမှား
တို့ သွားပေါင်းဆုံကြရာကနေ တိုင်းပြည်ဟာ
အခုလို အခြေအနေကို ရောက်လာခဲ့ရတာလို့ ။
အိုင်ဒီယိုလော်ဂျီအမှားနှစ်ခုဆုံမှတ် နဲ့
မောင်းသူမဲ့ ဒရုန်းနည်းပညာတို့ ပေါင်းစပ်
သွားလို့ အကြီးမားဆုံးပြည်တွင်းစစ်ကြီဖြစ်
ရတဲ့ သဘောပဲ။
တကယ်ဆိုရင် တပ်မတော် က အကြိမ်ပေါင်း
မြောက်များစွာ တစ်ဖက်သက် အပစ်ရပ်ခဲ့တာမို့
EAOs တွေသာ စေတနာမှန်ခဲ့ မယ်ဆိုရင်
ဒီတိုင်းပြည်ကြီးငြိမ်းချမ်းတာ ကြာပေါ့ ။
စစ်ဘက်ယ ဥ်ကျေးမှု လက်နက်ကိုင်ယ ဥ်ကျေး
မှု ထွန်းကားနေတဲ့ ဒီတိုင်းပြည်မှာ EAOs ခေါင်း
ဆောင်တွေအနေနဲ့ စ ဥ်းစားရမှာက တပ်မတော်
ကို နိုင်ငံရေးကနေ ထွက်ခွာသွားစေချင်ရင်
ငါတို့ရော စစ်ဘက်ရာထူးထူးတွေ လက်နက်ကိုင်
လမ်းစ ဥ်တွေ စစ်ဘုရင်ဝါဒ တွေ အရင်စွန့်လွှတ်
ရဲသလား ဆိုတာ ကိုယ့်ကိုယ်ကို အရင်ဆုံးမေးခွန်း
ပြန်ထုတ်သင့်တယ် ။
ဒီလိုမလုပ်နိုင်ဘဲနဲ့ တပ်မတော်ကိုပဲ နိုင်ငံရေးကနေ
အပြီးတိုင်းထွက်ခွာသွားရမယ် ဆိုတဲ့ တောင်းဆို
မှုမျိုးဟာ တပ်အင်အားချိနဲ့ရေး နဲ့ ဗဟိုအစိုးရ
ပြည်ထောင်စု အစိုးရ ဖြိုချရေး(သို့မဟုတ်)
ပြည်ထောင်စုအစိုးရ အင်အားချနဲ့ရေး ကို
ဦးတည်ထားတဲ့ တောင်းဆိုမှုမျိုး ဖြစ်တယ်
လို့ မှတ်ယူရမှာ ဖြစ်ပါတယ် ။
ဘာကြောင့် ဒီလိုပြောရသလဲ ဆိုရင်တော့
ဒီတိုင်းပြည်ရဲ့ ဗဟိုချက်မ ပြည်ထောင်စု
အစိုးရ ကို တပ်မတော်ဆိုတဲ့ အင်စတီး
ကျူးရှင်း က ကျားကန်ထားရလို့ပါပဲ ။
အောင်နိုင်သူ
2 215
တချိန်ကခေါင်းဆောင်
====================
တချိန်က အနုပညာသည်သည်
=====================
ဟိုးးးတချိန်တုန်းက နဝတခေတ်မှာပေါ့ဗျာ လွင်မိုး နဲ့ လူရွှင်တော် ၄ ယောက်တို့ရဲ့ သရဲလေးကောင်ပြဇာတ်က အင်မတန်ကောင်း အင်မတန်နာမည်ကြီးကိုးဗျ ။
အဲလိုပြဇာတ်ကြီးကို ရက်ရှည်ကပြနေတုန်း တနေ့ VIP ရှိုး အဖြစ် ဗိုလ်ချုပ်ကြီးခင်ညွှန့် နဲ့ ဝန်ကြီးပေါင်းစုံကို ကပြကြရပါလေရော ။
ပြဇာတ်ရဲ့ အသက်က ဌာနပေါင်းစုံကို တွယ်ထားကြတာ ဖြစ်လေတော့ ပွဲစီစဥ်သူ လူကြီးတွေလည်း စိုးရိမ်ပြီး သရဲ ၄ ကောင်ကို ခေါျကာ '' ဟေ့ကောင်တွေ ဗိုလ်ချုပ်ခင်ညွှန့်ကိုယ်တိုင် လာကြည့်မှာနော် ပျက်လုံးတွေ လျှော့လျှော့ပေါ့ပေါ့ ပြက်ကြ '' ဆိုပြီး မှာထားပါရော ။
ဒီလိုနဲ့ ပွဲထွက်ဖို့ ကြေညာနေချိန်ကျမှ ဒါရိုက်တာမောင်ဝဏ္ဏက သရဲ ၄ ကောင်ကို ခေါ်ပြီး ဟေ့ကောင်တွေ လူကြီးဆိုတာ လိမ်ရင် မကြိုက်ဖူးကွ ပုံမှန်အတိုင်းသား ပြောကြဆိုပြီး ပြောပါရော ။
ဒီတော့ ပုံမှန်အတိုင်းပဲ ဌာနပေါင်းစုံကို ဆော်ကြတာပေါ့ ။ ကပြီးလို့ လိုက်ကာလည်း ချပြီးရော ဗိုလ်ချုပ်ကြီးခင်ညွှန့်က လိုက်ကာပြန်ဖွင့်ပါအုံးလို့ ပြောပြီး လွင်မိုးနဲ့ သရဲ ၄ ကောင်ကို ပြောသတဲ့ ။
အခုလို ကပြတာ အလွန်ကောင်းကြောင်း သဘောကျကြောင်း ပြောသတဲ့ ။ ပြီးတော့ ပါလာတဲ့ ဝန်ကြီးတွေကိုလည်း မှန်တာပြောတဲ့အပေါ် မနာကြပါနဲ့ လို့ ပြောပြီး လွင်မိုး နဲ့ သရဲ ၄ ကောင်ကို တခုတော့ သတိပေးခဲ့သတဲ့ ။
တပ်မတော်ကို မထိပါးနဲ့ ၊ တိုင်းပြည်ရဲ့ အချုပ်အခြာအာဏာမထိနဲ့ တိုင်းရင်းသားစည်းလုံးညီညွှတ်ရေးကို မထိပါးနဲ့ ဆိုပြီး ပြောဆို နှုတ်ဆက်သွားခဲ့ပါတယ် ။
မိမိကိုရှေ့ထားပြီး မိမိအစိုးရ ဝန်ကြီးဌာနတွေကို တိုင်းသိပြည်သိ ရဲရဲတင်းတင်း ဝေဖန်သူတွေကို အရေးမယူပဲ ချီးကျူးဂုဏ်ပြုပြခဲ့တဲ့ ဗိုလ်ချုပ်ကြီး ခင်ညွှန့်ရယ် ၊ မကြောက်မရွှံ့ ဝေဖန်ရဲခဲ့တဲ့ အနုပညာရှင် သရဲလေးကောင်ရယ် ၂ ဖက်လုံးကို ချိးမွမ်းကြရမှာပါပဲ ။
ဒီလိုအဖြစ်မှန်တွေကို ဖုံးကွယ်ထားကာ တပ်က အဝေဖန်မခံဘူး ရက်ရက်စက်စက် ဖိနှိပ်တယ်ဆိုပြီး ဝါဒဖြန့်သူတွေက အခုတော့ သေနတ်လေးလဲ သူတို့လက်ထဲရောက်ရော သူတို့ကို ဝေဖန်ဖို့ အသာထား သူတို့ကို ဆက်ကြေးမပေးတာနဲ့ သတ်ပြနေတာမြင်ရတော့ ကျနော်တို့ ဘယ်လိုအဖွဲ့ကို ထောက်ခံရမလဲဆိုတာ လူမှန်ရင် သိကြမှာပါ ။
လူသိနည်းတဲ့ ဒီလို ဖြစ်ရပ်မှန်တွေ များစွာရှိပါတယ် ။ မသိ မမှီလိုက်တဲ့ လူငယ်တွေ သိသင့်တဲ့ ကိစ္စများအဖြစ် တင်ပြလိုက်ရပါတယ် ။
တုတ်တချောင်းတည်း ကြည့်ပြီး တိုတယ် ရှည်တယ် ကြိုက်သလို သတ်မှတ်လို့ ရပေမယ့် အရွယ်ဆိုက်မတူတဲ့ အခြားတုတ်တချောင်းနဲ့ နှိုင်းယှဥ်နိုင်ပြီဆိုရင်တော့ ဘယ်တုတ်က ပိုပြီး တိုတယ် ရှည်တယ်ကိုတော့ သိကို သိသင့်ပါပြီ ။
ကိုရွှေမျိုးဝင်း
2 215
မနက်ဖြန် နိုဝင်ဘာ ၄ ရက်နေ့ဟာ ရုရှားနိုင်ငံရဲ့ သွေးစည်းညီညွှတ်ရေး နေ့ ဖြစ်တယ်။ ဆိုတော့ ရုရှားတွေဟာ မျိုးချစ်စိတ်ကိန်းအောင်းဖို့အတွက် ၊ တိုင်းချစ်ပြည်ချစ်စိတ် ရှိဖို့ အတွက် နည်းမျိုးစုံနဲ့ ကြံဖန်ကြတဲ့အထဲမှာ…..မနက်ဖြန်မှာ လုပ်မယ့် အစီအစဉ်ကလည်း ကိုယ်တွေ အစိုးရနဲ့တပ်မတော်အတွက် နမူနာယူသင့်တယ်လို့တော့ တွေးမိတယ်။
---
အထူးသဖြင့် မနက်ဖြန်မှာကျရောက်မယ့် ရုရှားသွေးစည်းညီညွှတ်ရေးနေ့မှာ ယူကရိန်းစစ် ပွဲကနေ ရလာတဲ့ စစ်သုံးပစ္စည်းတွေ၊ ယာဉ်ယန္တရားတွေကို မော်စကို အပါအဝင် စိန့်ပီတာ စဘက်မြို့တွေမှာ ပြည်တွင်း/ပြည်ပက သူတွေ မြင်နိုင်ဖို့ ခင်းကျင်းပြသဖို့ လုပ်နေတာ ရှိတယ်။ သဘောကတော့ ယူကရိန်းစစ်ပွဲမှာ ငါတို့ ရုရှားတွေအနေနဲ့ ယူကရိန်း တစ်နိုင်ငံတည်းကို တိုက်နေရတာမဟုတ်ဘူး။ ခု မင်းတို့ဒီမှာကြည့်စမ်း။ နေတိုးအဖွဲ့ဝင် နိုင်ငံတွေက ထုတ်တဲ့ စစ်သုံးယာဉ်တွေ၊ သံချပ်ကာတွေ ၊ ဒီမှာတွေ့လားဆိုတဲ့ သဘောမျိုးနဲ့ သက်သေထူလိုက်တာ တွေ့ရတယ်။
---
ကိုယ်တွေ တပ်မတော်မှာလည်း တရားဝင် တပ်မတော်ဆိုတဲ့ အဖွဲ့အစည်းဖြစ်ပါရက်နဲ့ ကိုယ့်ကိုထောက်ခံတဲ့ပြည်သူတွေ၊ ကိုယ့်တပ်မိသားစုဝင်တွေ၊ ရှေ့တန်းကျကျ တိုက်နေတဲ့ စစ်သည်တွေကို စိတ်အားတက်ကြွစေနိုင်တဲ့ ရန်သူ့ထိခိုက်သေဆုံးမှု ဓာတ်ပုံ၊ ရုပ်သံတွေ ကို ထုတ်ပြပေးနိုင်ရင် ကောင်းမယ်လို့တော့ တွေးမိတယ်။ ဘာဖြစ်လို့လဲဆိုတော့ ရမခ ဖြစ်စဉ်တွေမှာ ရန်သူရဲ့ ဒရုန်းတိုက်ခိုက်မှုတွေကိုပဲ လူမှုကွန်ရက်စာမျက်နှာတွေမှာ ပေါပေါသီသီ မြင်တွေ့ခဲ့ကြတာမဟုတ်လား။
ခုဆို ရမခ နဲ့ ရခိုင် အမ်းဒေသ တွေမှာ လေကြောင်းပစ်ကူယူပြီး တိုက်နေတဲ့ ရုပ်သံတွေဟာ မြေပြင်က စစ်သည်တွေ အတွက် စိတ်အားတက်ကြွစေနိုင်တဲ့ အနေအထားမျိုးပဲ။ ခုဆို တပ်မတော်ရဲ့ တန်ပြန် ဒရုန်းသုံးစွဲနိုင်မှုတွေ ခပ်စိတ်စိတ် မြင်လာတာ၊ ထုတ်ဖော်ပြသနိုင်လာတာတွေက အကောင်းဘက်ကတွေးရင် တော်တော်လေး စိတ်ဓာတ်ပိုင်းဆိုင်ရာ အား ဖြစ်စေတယ်။ စစ်ဆင်ရေးကိစ္စတွေ က လျို့ဝှက်သင့်တဲ့ အရာတွေပါ။ ဒါပေမယ့် နောက်ဆက်တွဲဖြစ်တဲ့ စိတ်ဓာတ်တက် ကြွစေမယ့် အခြေအနေမျိုးတွေကိုလည်း ခေတ်နဲ့အညီ ဖန်တီးပေးနိုင်ရင် အကောင်းဆုံးပါ။
(နရီမိုး)
2 215
မကြာတော့ပါဘူး
================
2-11-2024. စစ်ရေးသတင်းတွေအရ တပ်မတော်ရဲ့ ဒရုန်းစွမ်းရည်ဟာ သိသိသာသာ အဆင့်မြင့်လာတာ တွေ့လာရပါတယ် ။
ကျနော်တို့ ခန့်မှန်းခဲ့ကြသလို ရုရှား ရဲ့ နည်းပညာသုံးဒရုန်းတွေ အသုံးပြုလာကြတဲ့ အနေအထားပါပဲ ။ စစ်မျက်နှာပြင် အသီးသီးမှာ တပ်မတော်ရဲ့ ဒရုန်းတွေ Jammer တွေဟာ ရန်သူတွေထက် အဆင့်မြင့်နေတာ ဝမ်းသာဖွယ် တွေ့လာရပါပြီ ။
ရခိုင်စစ်မျက်နှာက ရန်သူ့ဒရုန်းတွေ တိုးရခက်စေခဲ့တဲ့ Jammer စံနစ်ကို တွေ့မြင်ရသလို မိမိဒရုန်းတွေကလည်း AA တို့ရဲ့ Jammer တွေကို အလွယ်တကူ ကျော်ဖြတ်နိုင်တာမို့ AA စစ်မျက်နှာအတွက် စိတ်ချသွားရတဲ့ အနေအထား ဖြစ်သွားရပါတယ် ။
ရှမ်းမြောက်က MNDAA နဲ့ TNLA တို့ရဲ့ ဒရုန်း နဲ့ Jammer တွေက AA ထက် အဆင့်မြင့်တယ်ကြားထားလို့ ရှမ်းမြောက် စစ်မျက်နှာမှာရော အဆင်ပြေပါ့မလားလို့ နားစွင့်နေရပါတယ် ။
မနေ့က နောင်ချိုမှာ TNLA တို့ရဲ့ Jammer ကို ကျော်နိုင်ပါ့မလား စိုးရိမ်မှုကို တပ်မတော်က ချေဖျက်ပြနိုင်ခဲ့ပါပြီ ။ Jammer ကို ကျော်ဖြတ်ပြနိုင်ရုံမကဘူး Jammer တင် ကားကိုတောင် မီးဖုတ်ပြလိုက်တာကတော့ ဂုဏ်ထူးမှတ် ပေးလို့ ရသွားပါပြီ ။
စစ်မျက်နှာအသီးသီးကို ထိမ်းချုပ် ဟန့်တားပြီး ထောက်ပံ့ရေးလမ်းကြောင်း ပွင့်အောင် ဆောင်ရွက်ရတဲ့ အဆင့် မကြာခင် ပြီးစီးသွားမှာပါ ။ ဒီအဆင့်ပြီးရင် တပ်မတော်ဟာ ခြေမြဲလက်မြဲ နဲ့ တရွာချင်း တမြို့ချင်း ပြန်လည်ထိုးစစ်ဆင်ကြမှာ သေချာပါတယ် ။
နေ့ခြင်း ညခြင်း တော့ဖြင့် များပြားလှတဲ့ စစ်မျက်နှာတွေကြောင့် ဆောင်ရွက်နိုင်ဖို့ မလွယ်ကူနိုင်ပါဘူး ။ စစ်သမိုင်းမရိုင်းရအောင် တပ်မတော်ကတော့ ဆောင်ရွက်မှာပါ ။
နောက်ပြီး အခုတိုက်နေတာက တသက်တာ အုပ်ချုပ်ဖို့အတွက်ခင်ဗျ ။ သူများတွေလို ဆိုင်းပုဒ်အောက် အလံထူ ဓာတ်ပုံရိုက် ပြန်ပြေးအဆင့်လောက်မှ မဟုတ်တာပဲလေ နော ။
မြေပြန့်က ပဒက်လေးတွေလည်း မောင်ဆောင်းခတို့ PDF တွေကို MNDAA က လက်မခံရဲလို့ ပြန်လွတ်လိုက်တာကို အင်အားတိုးလာပြီ ဆိုကာ ဝါဒဖြန့်နေကြပါတယ် ။
ပြဿနာမရှိပါဘူး ပဒက်ဆိုတာ အုပ်လိုက်နေရင် ပိုပြီး လိုက်ရလွယ်တတ်ပါတယ် ။ လေယာဥ် ၊ ရဟတ်ယာဥ် နဲ့ ဆော်တဲ့နေရာမှာ လူများလေ ကောင်းလေမဟုတ်လားဗျ ။
ပဒက်တွေရဲ့ ဒရုန်းကိစ္စလည်း သိပ်ပူစရာမလိုတော့ပါဘူး ။ တိုက်စစ်နဲ့အတူ ပါလာမယ့် ဒရုန်းတွေ Jammer တွေက သူတို့ထက် နည်းပညာ အဆင့်မြင့်တဲ့ လက်နက်တွေဖြစ်နေပါပြီ ။
စစ်မျက်နှာ အသီးသီးအတွက် အရေအတွက် အများကြီးလိုနေမှာပေါ့လို့ တွေးစရာရှိတာပေါ့လေ ။ ဒါပေမယ့် အဲဒါလည်း သိပ်ပူမနေပါနဲ့ ။ ဟိုတလောတုန်းက ရုရှားရေတပ် လာသွားတာ မှတ်မိကြမှာပါ ။
ထူးခြားတာတခု သတိထားမိကြလားဗျ ။ စစ်သဘော် ၃ စီး အပြင် ထောက်ပံံ့ရေး သဘော် တစီး အပို ပါလာတာတွေ့လားဗျ ။ အဲဒီထောက်ပံ့ရေးသဘော်ပါလာတာ ဆီကုန်ခံ ထည့်ပေးလိုက်တာ မဟုတ်ဖူးဗျ ။
ပူတင်ကြီးက ခရစ်စမတ်အကြိုအဖြစ် တပ်မတော်ကို လက်ဆောင်လေး ဘာလေး ဖောဖောသီသီ ပေးချင်ပုံပါပဲ ။ သဘော်တစီးစာ လက်ဆောင်ဆိုတော့ ပမာဏကို ကိုယ့်ဘာသာ ချင့်ချိန်ကြည့်ပေါ့ဗျာ ။
တပ်တွင်းလောက်တွေကို ဖော်ထုတ်အရေးယူထားသလို နောက်ထပ် တပ်မတော် နဲ့ မတော်တဲ့ လောဘသားတပ်မှူးတွေ ၊ မတန်မရာရာထူးရထားသူ အရည်အချင်းမဲ့ တပ်မှူးတွေကို ထပ်ပြီး ဖြုတ် ထုတ် သတ် လုပ်လိုက်ရင် ကျစ်လစ်ပြီး စွမ်းဆောင်ရည် မြင့်တဲ့ တပ်မတော်အဖြစ် မြင်တွေ့ကြရတော့မှာပါ ။
ယခင်က ဘယ်စခန်း ၊ ဘယ်မြို့များ အသိမ်းခံရအုံးမလဲဆိုပြီး စိုးရိမ်နေရတဲ့အခြေအနေ မှ ယနေ့ကာလတွင် ဘယ်နေ့ အပြီးသတ် အမြစ်ဖြတ်နိုင်မလဲ ဆိုတဲ့ အနေအထားသို့ စစ်ရေးချိန်ခွင် ပြောင်းသွားပြီမို့ စစ်ဘေးရှောင်များ အိမ်ပြန်ကြရမယ့်ရက် နီးလာပြီပါပြီ ။ တပ်မတော်ရဲ့ အောင်ပွဲသတင်းများအား နားစွင့်ကြရင်း ခေတ္တ ထပ်မံ သည်းခံပြီး ဆက်လက်ဝန်းရံ အားပေးကြပါစို့ဗျာ ။
ကိုရွှေမျိုးဝင်း
2 215
.
☯️
စစ်ဆိုတာ မကောင်းဘူး
မလွှဲသာမှ အသုံးပြုရတဲ့အရာမျိုး၊ အစ္စရေး အခြေအနေက တကယ့် Dilemma ဆိုတဲ့ အကျဉ်အကြပ်နဲ့ စိန်ခေါ်မှုကြီးမျိုးကိုရောက်နေတယ်၊
ဘေးပါတ်လည်မှာ အာရပ်နိုင်ငံတွေဝိုင်းရံနေတယ်၊ အားလုံးကိုအကုန်အပြီးတိုက်မလား❗
လွန်ခဲ့တဲ့ နှစ် (၂၀) လောက်ကဆိုဖြစ်နိုင်တယ်၊
ဒီနေ့အခြေအနေမျိုးမှာမဖြစ်နိုင်တော့ဘူး၊
အာရပ်နိုင်ငံတွေ စီးပွားရေးရော လက်နက်ပါတောင့်တင်းလာတာကအကြောင်း တခုဖြစ်ပြီး၊ နောက်ခံအမေရိကန်ကပါ ကျဆင်းနေတာက အကြောင်းရင်းတွေဖြစ်လာတယ်၊
အစ္စရေးဖက်က အပစ်ရပ်ရေးအဆိုပြုတာကို ဟားမတ်တွေဖက်ကငြင်းဆန်လိုက်တာဟာ အနာဂါတ်မှာ ဘာဖြစ်လာမလဲလို့ ခန့်မှန်းပုံဖေါ်လို့ရသွားတယ်၊
* လွန်ခဲ့တဲ့ နှစ် (၂၀) က ရန်သူကို အင်အားချိနဲ့
သွားအောင်လုပ်လို့ရတယ် ( မလုပ်ခဲ့ )
* ဒီနေ့ အားလုံးက စုပေါင်ပြီး ပြန်တိုက်လာမှာ
ကို စိုးရိမ်နေရပြီ
* ဒါဆိုရင် အနာဂါတ်မှာ နိုင်ငံပါ ပျောက်သွား
နိုင်တဲ့အခြေအနေမျိုးဖြစ်လာနိုင်သွားပြီ
ဒီနေ့အခြေအနေမှာကို အစ္စရေးအနေနဲ့အကြပ်ရိုက်နေရတယ်၊ အီရန်နောက်မှာ ရုရှားနဲ့တရုတ်ရှိနေတာဟာ အစ္စရေးရဲ့အနာဂါတ်ဖြစ်လာတယ်၊
ဆိုတော့...
* လက်ရှိတင်းမာနေတာတွေကို စစ်နဲ့ဖြေရှင်းမလား ❗( ပြီးခဲ့တဲ့ပွဲမှာ အစ္စရေးအထိနာထားတယ် )
* ငြိမ်းချမ်းရေးဖက်သွားမလား ❗
နေတန်ယာဟုကို " တော်" တယ်လို့ပြောရလိမ့်မယ်၊ အဓိကနေရာ နောက်ကွယ်မှာပါနေတဲ့ ပူတင်ကို ငြိမ်းချမ်းရေးအတွက်ကြားဝင်ဆောင်ရွက်ပေးဖို့ ညှိနှိုင်းလာတာတွေ့ရတယ်၊
ပူတင် ဘယ်လိုတုန့်ပြန်မယ်ထင်ပါသလဲ ❗
BaMg ☯️
.
2 215
ကဲ စာရှည်မဆိုးလို့ ဒီလောက် နှိုင်းယှဥ်ပြတာနဲ့တင် အဖြူ အမဲ ကွဲလောက်ပါပြီ ။ တပ်မတော်အပေါ် မကျေနပ်ချက်တွေ ရှိသေးရင်လည်း မန့်ခဲ့ကြစမ်းပါ မင်းတို့လုပ်ရပ်တွေ နဲ့ နှိုင်းယှဥ် ပြချင်လွန်းလို့နော် ။ ဥပမာ လာဘ်စားတယ်တို့ စစ်ပွဲ မရှိပဲ ဗုံးကြဲတယ်တို့ ၊ လယောဥျအားကျိုးတယျတို့ ၊ မီးပျက်တယ်တို့ ၊ အင်တာနက်ပျက်တယ်တို့ ၊ ပြည်ပအားကိုးတယ်တို့ ပေါ့ ။
ငါ့မိတ်ဆွေတွေလည်း အပျင်းပြေအောင် မင်းတို့ရဲ့ သောက်ကျင့်ယုတ်တာတွေလည်း ပေါ်အောင် ပြောပြချင်သေးလို့ပါ ။
ကိုရွှေမျိုးဝင်း
2 215
အဖြူ နဲ့ အမည်း
===============
တပ်မတော်ရဲ့ လုပ်ရပ်တွေအပေါ် မကျေနပ်ဖူးဆိုကာ တော်လှန်ရေး လုပ်နေကြတဲ့ NUG နဲ့ PDF တို့နဲ့ တပ်မတော်တို့ရဲ့ နိုင်ငံရေး စစ်ရေး ကျန်းမာရေး ပညာရေး အာဏာ ဖိနှိပ်မှု လာဘ်စားမှု အကြမ်းဖက်မှုတွေခြင်း နှိုင်းယှဥ်ကြည့်ကြပါစို့ ဗျာ ။
( 1 ) စစ်တပ်က နှစ်ပေါင်း ၇၀ ကျော် တိုင်းပြည်ကို ဖျက်ဆီးခဲ့လို့ တဲ့....
- သိရသလောက်ကတော့ ( 1962 - 2015) ကာလ 53 နှစ်တာအတွင်း လမ်း တံတား ဆည်မြောင်း တာတမံ ၊ စာသင်ကျောင်း ဆေးရုံ ၊ ရေအားလျှပ်စစ် ၊ စိုက်ပျိုးမြေ ၊ စက်မှုဇုံ ၊ တက္ကသိုလ်ပေါင်းစုံ ၊ အစရှိတဲ့ ကဏ္ဍပေါင်းစုံအတွက် တတ်စွမ်းသမျှ တိုးတက်များပြားလာအောင် တည်ဆောက်ပေးခဲ့ပါတယ် ။ အများပြည်သူပိုင် လမ်းတံတား ဆည်မြောင်း အစ မည်သည့်အရာကိုမျှ ဖျက်ဆီးခြင်း မရှိခဲ့ပါဘူး ။
( အဲဒီလို လုပ်ပေးခဲ့ကြတဲ့ တပ်မတော်ကို နှစ်ပေါင်း ၇၀ ကျော် တိုင်းပြည်ကို ဖျက်ဆီးခဲ့လို့ ဆိုတဲ့ မမှန်ကန်တဲ့ အကြောင်းပြချက်နဲ့ တချိန်လုံး ထိုးနှက်ခဲ့ကြတဲ့ ဘဝပျက် NLD နဲ့ အမွေဆိုးဆက်ခံသူ NUG နဲ့ PDF တွေရဲ့ လုပ်ရက်ကိုကြည့်ပါ ။ ရထားလမ်း ကားလမ်း တံတားတွေ ချိုးဖျက်ကြတယ် ၊ ပြည်သူပိုင် ဘဏ်တွေ လုကြတယ် ၊ ကဲ ဘယ်သူက တည်ဆောက်ပြီး ဘယ်သူက ဖျက်ဆီးနေသလဲ မြင်အောင်ကြည့်ပါ)
( 2 ) စစ်တပ်က အကြမ်းဖက် အုပ်ချုပ်ပြီး ပြည်သူကို ဖိနှိပ်သတဲ့....
- လေ့လာကြည့်ပါ စစ်တပ်က သာမန်ပြည်သူအပေါ် နှိပ်စက်ဖို့ အသာထား ပုန်ကန်နေသူတွေကိုတောင် တရားစွဲနိုင်ဖို့ အမှုတည်ဆောက်တယ် ၊ တရားရုံးမှာ ရှေ့နေတွေ သက်သေတွေ နဲ့ စစ်ဆေးတယ် အပြစ်ပေးတယ် ဖြေလျှော့မှုတွေ မကြာမကြာပေးတတ်ပါသေးတယ် ။
( အဲဒါကိုပဲ မတရားသဖြင့် ဖိနှိပ်ခံရပါတယ် ဆိုပြီး တော်လှန်နေတဲ့ လူယုတ်မာတွေက သူတို့ကို မထောက်ခံ မပူးပေါင်းတဲ့ သူမှန်သမျှကို ဘာသက်သေ ညာသက်သေ မပြောနဲ့ စိတ်ထင်တိုင်း သတ်ဖြတ်နေကြတာ ဗိုက်ကြီးသည်ကနေ ဘုန်းကြီးအထိ လေ ကဲ ဘယ်သူက တရားပိုမဲ့သလဲ လူမဆန်တာလည်း မြင်အောင်ကြည့်နော်)
( 3 ) စစ်တပ်က ပညာရေး ဖျက်ဆီးလို့တဲ့
- စဥ်းစားကြည့်ပါ ကျောင်းတွေ တက္ကသိုလ်တွေ အများကြီးတည်ဆောက်တယ် ၊ အခမဲ့ပညာရေးစနစ် ဖော်ဆောင်ထားတယ် ၊ ကိုဗစ်ကာလ အကြပ်အတည်း နဲ့ နိုင်ငံရေး စစ်ရေး အကြပ်အတည်းတွေ ကြားထဲက ကျောင်းတွေ ကြိုးစားဖွင့်ပေးပြီး ပညာရေး မျိုးဆက်မပျက်အောင် လုပ်ပြနေတာ အားလုံးအမြင်ပဲလေ ။
( သင်ရိုးညွှန်းတန်းအတူတူကိုပဲ စစ်ကျွန်ပညာရေးဆိုပြီး လွယ်လွယ်ခေါင်းစဥ်ပြောင်း အပုပ်ချ ကျောင်းမတက်ဖို့ ခြိမ်းခြောက် ၊ ဆရာ ဆရာမတွေ သတ် ၊ ကျောင်းသားတွေသတ် ကျောင်းတွေ မိုင်းခွဲ မီးရှို့ ပြနေတဲ့ PDF တွေက စစ်တပ်က ပညာရေး အားမပေးဘူးဆိုပဲ... လူလိုတွေးကြည့် လေ အမှန်မြင်လိမ့်မယ်)
( 4 ) ကျန်းမာရေးအတွက် ဂရုမစိုက်ဖူးတဲ့
- စစ်ဆေးရုံတွေ အများအပြားရှိပေမယ့် ပြည်သူ့အတွက်လည်း ဆေးရုံတွေ နေရာအနှံ့တည်ဆောက်ထားပါတယ် ၊ အားမရလို့ တိုင်းရင်းဆေးရုံတွေကိုပါ တက္ကသိုလ်အဆင့် ပညာရှင်တွေပါ မွေးထုတ်ပေးပြီး တည်ဆောက်ထားပါတယ် ။ ဆေးတက္ကသိုလ်တွေလည်း အသစ်ဖွင့်ကြပါတယ် ။
(ပြည်သူ့ကျန်းမာရေးအတွက် PDF တွေ ဘာလုပ်ကြသလဲ...? ဆရာဝန်တွေ CDM လုပ်ရမတဲ့ ၊ မလုပ်ရင် သတ်တယ် ၊ ဆေးရုံတွေ မီးရှို့ ဗုံးခွဲတယ် ၊ ကိုဗစ်ကာလတောင် အောက်စီဂျင်ဘူးတွေ ဖျက်ဆီးတယ် ၊ ကုသရေးစင်တာတွေ ဗုံးခွဲတဲ့အထိ ယုတ်မာနေမှတော့ ပြောစရာ စကားမရှိတော့ပါဘူး ။ ခင်ဗျားတို့မှာ အစွဲမရှိရင် အမှန်တရား မြင်ပါလိမ့်မယ်)
( 5 ) စစ်တပ်က ဒီမိုကရေစီ မရှိဘူးတဲ့
- သူ့သဘာဝအရ သူ့တပ်ထဲမှာ အမိန့်နဲ့ အုပ်ချုပ်ပေမယ့် ၂၀၀၈ ခြေ ဥ အောက်မှာမရောက်ခင်ကာလတုန်းကလည်း ပြည်သူအပေါ် ငါနဲ့မတူ ငါ့ရန်သူဆိုပြီး လက်လွတ်စပယ် ဘယ်တုန်းကမှ မလုပ်ခဲ့ကြပါဘူး ။ ပုံသေးသေးရှိလို့ ပုံကြီးချဲ့ တာမျိုးတော့ ရှိကောင်းရှိနိုင်ပါတယ် ၊ သေခိာတာက ဘာမှမလုပ်ရင် ဘာမှမဖြစ်ကြပါဘူး ။
( ဒီမိုကရေစီကို ပါးစပ်ကမချတမ်းအော်ပြီး တော်လှန်ရေးလုပ်နေကြတဲ့ လူယုတ်မာ NUG PDF တွေကတော့ အနီကလွဲရင် အကုန်သတ် အကုန်လု အမြင်မတူကြောင်း မပြောနဲ့ ကမ္ဘာရန်အဖြစ်သတ်မှတ် ဒါလားဟ မင်းတို့လိုချင်တဲ့ ဒီမိုကရေစီ ထွီ ပြောရတာတောင် ရွံထာကွာ)
(6) သံယံဇာတတွေ ရောင်းစားသတဲ့
- မှန်တာပေါ့ တိုင်းပြည်ရဲ့ အခြေခံအဆောက်အဦးတွေ တည်ဆောက်ဖို့အတွက် ငွေလိုတယ်လေ ။ ဒီကြားထဲ လူယုတ်မာပါတီ NLD က စီးပွားရေးပိတ်ဆို့ပေးဖို့ တောင်းဆိုကြလို့ ပိုဆိုးတာပေါ့ ။ ဒီတော့ သယံဇာတရောင်းမှ ဒါတွေ လုပ်နိုင်မှာလေ ။
( ကဲ မင်းတို့ NUG PDF ကရော ဘာလုပ်သလဲ ၊ မင်းတို့စိုးမိုးထားတဲ့ နယ်မြေတွေက သစ်တွေ ကုန်သလောက်ရှိနေပြီ ၊ ရေနံတွေရော ရသလောက်ခိုးနေကြတာပဲ ၊ ရွှေကိုတော့ပြောမနေနဲ့ ၊ ပထွေးပလောင်တွေအတွက် မိုးကုတ်လို ရတနာမြေတောင် အသေခံတိုက်ပေးလိုက်သေးတယ် ၊ ကုန်ကုန်ပြောရရင် ဆင်အကောင် ၂၀၀ ကို တောင် ချမ်းသာမပေးပဲ ရောင်းစားတဲ့အထိ ငတ်ကြီးကျခဲ့ကြတာ မင်းတို့ပဲလေ ။ တိုင်းပြည်အတွက် လမ်း ၁ ပေ မခင်ဘူး ၊ မီးတိုင် တတိုင်မထောင်ဘူးလေ)
2 215
ရခိုင်ပြည်နယ် အမ်း တိုက်ပွဲသတင်း(၁/၁၁/၂၀၂၄ ရက်နေ့ ညပိုင်း ၉ နာရီအချိန်ထိ)
======================
အမ်းမြို့တောင်ဘက်ရှိ တိုက်စည်းသင်တန်းကျောင်းအား ယနေ့နံနက် အစောပိုင်းမှစ၍ AA အကြမ်းဖက် သောင်းကျန်းသူများမှ သင်တန်းကျောင်း အရှေ့ဘက်မှ ဝင်ရောက်တိုက်ခိုက်ခဲ့ရာ တပ်မှ လက်နက်ကြီးများဖြင့် တိုက်ခိုက်ခြင်း/ Drone များဖြင့် ဝေဟင်မှ တိုက်ခိုက်ချေမှုန်းခြင်း၊ အသေခံ Drone များဖြင့် ရန်သူပုန်းခိုနေသည့် နေရာများအား ထိုးဖောက်ဝင်ရောက်တိုက်ခိုက်ခြင်း စသည့် ပစ်ကူများရယူ၍ ပြန်လည်ထိုးစစ်ဆင်တိုက်ခိုက်ချေမှုန်းတိုက်ခိုက်ခဲ့သောကြောင့် လက်ရှိအချိန်၌ ရန်သူဝင်ရောက်လာသည့်နေရာများများအား တပ်မှပြန်လည် ထိန်းချုပ်ဟန့်တား နိုင်ခဲ့ကြောင်း၊ အမ်းမြို့သို့ရောက်ရှိနေသည့် စစ်ကူစစ်ကြောင်းများအနေဖြင့် နယ်မြေရှင်းလင်းမှုများ စတင်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်း ၆ နာရီခွဲအချိန်ခန့်က အမ်းမြို့အရှေ့ဘက် မြို့အဝင်အနီး AA သောင်းကျန်းသူများစုဖွဲ့နေသည့်နေရာအား တိုက်ခိုက်ခဲ့ရာ ၆ နာရီခန့် နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ပြီး သောင်းကျန်းသူများ အဆိုပါနေရာမှ ဆုတ်ခွာထွက်ပြေးသွားကြောင်း၊ အမ်းမြို့အနောက်ဘက် မီတာ (၄၅၀၀)အကွာရှိ (၂/၃၀၀) တပ်ဆေးရုံပတ်ဝန်းကျင် နေရာများအား တပ်စစ်ကြောင်းများမှ နယ်မြေရှင်းလင်းရေး ဆောင်ရွက်လျက်ရှိရာ ယနေ့နေ့လည် ၁၁ နာရီခွဲအချိန်ခန့်က လျော်လှန်းရုံနေရာအနီး၌ AA အကြမ်းဖက်သောင်းကျန်းသူများ ထပ်မံချဉ်းကပ်လာသဖြင့် တပ်မတော်သားများမှ လက်နက်ကြီးပစ်ကူ၊ Drone ပစ်ကူ များရယူကာ ပြန်လည်ပစ်ခတ်တိုက်ခိုက် ချေမှုန်းခဲ့သဖြင့် သောင်းကျန်းသူများ နေ့လည် (၁)နာရီခန့်တွင် ထပ်မံဆုတ်ခွာ ထွက်ပြေးသွားကြောင်း၊ ညနေ ၄ နာရီခွဲအချိန်ခန့်က စရတ တပ်ရင်း ကာကင်းနေရာအား AA အဖွဲ့မှ အဝေးမှစနိုက်ဘာဖြင့် ပစ်ခတ်ခဲ့သောကြောင့် အဆိုပါနေရာသို့ လက်နက်ကြီးများဖြင့် ပြန်လည်တိုက်ခိုက်ချေမှုန်းခဲ့ကြောင်း၊ ညနေ ၅ နာရီခန့်က အမ်းမြို့တောင်ဘက်ရှိ သစ်တစ်ပင်ကုန်းစခန်းအနီး AA အကြမ်းဖက် သောင်းကျန်းသူများ ချန်းကပ်လာသဖြင့် တပ်မတော်သားများမှ လက်ဦးမှုရယူကာ ဝိုင်းဝန်းပစ်ခတ် တိုက်ခိုက်ခဲ့သဖြင့် (၂) နာရီခွဲခန့် နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ပြီး သောင်းကျန်းသူများ ဒုတိယအကြိမ်မြောက် လန်ကျကာ ပြန်လည်ဆုတ်ခွာထွက်ပြေး သွားကြောင်းနှင့် အမ်းမြို့တောင်ဘက် မီတာ ၄၆၀၀ အကွာရှိ ကျမောင်းလမ်းခွဲ လုံခြုံရေးစခန်းအား AA အကြမ်းဖက်သောင်းကျန်းသူများမှ ညနေ ၄ နာရီခွဲခန့်တွင် လာရောက်တိုက်ခိုက်ခဲ့ရာ လက်နက်ကြီး/Drone/ လေကြောင်း ပစ်ကူများ ရယူလျက် တပ်မတော်သားများမှ ပြန်လည်တိုက်ခိုက်ချေမှုန်းခဲ့သောကြောင့် ညနေ ၆ နာရီအချိန်ခန့်တွင် သောင်းကျန်းသူများ ဒုတိယအကြိမ်မြောက် လန်ကျကာ ပြန်လည်ဆုတ်ခွာထွက်ပြေးသွားကြောင်း သိရှိရသည်။
#Crd
2 215
.
☯️
ပစ်လွှတ်စမ်းသပ်မှုအောင်မြင်သွားတဲ့ မြောက်ကိုရီးယားရဲ့ ဟွာဆောင်ဖိုး-19 တိုက်ချင်းပစ်ဒုံးပျံဟာ ICBM ဖြစ်ပြီး 7700 km အထိရောက်ရှိနိုင်တဲ့အတွက် ရန်သူတွေအတွက်အန္တရယ်ရှိတယ်ဆိုတာကို အချက်ပြလိုက်တာပဲဖြစ်တယ်၊
ဒီအကွာအဝေးဟာ အမေရိကန်အထိ ပစ်ခတ်နိုင်တယ်လို့ သတိပေးခြင်းနဲ့အတူ မြောက်ကိုရီးယားရဲ့ တိုက်ခြင်းပစ် ဒုံးပျံနည်းပညာ ဘယ်လောက်တိုးတက်လာတယ်ဆိုတာကိုပါ ပြသလိုက်ခြင်းဖြစ်ပါတယ်၊
BaMg ☯️
.
