cookie

We use cookies to improve your browsing experience. By clicking «Accept all», you agree to the use of cookies.

avatar

CM Universe

Channel Myanmar မှနေပြီး Chinese Movies တွေကို ဒီChannel လေးကနေ အခမဲ့ တင်ဆက်ပေးနေပါတယ်

Show more
Advertising posts
51 991
Subscribers
-2424 hours
-1287 days
-52630 days

Data loading in progress...

Subscriber growth rate

Data loading in progress...

1:21:35
Video unavailableShow in Telegram
The Caller (2024) 720p WEB-DL CM
Show all...
The Caller (2024) 720p WEB-DL CM.mp4269.47 MB
3
Photo unavailableShow in Telegram
The Caller 2024 Horror ကားကြိုက်တတ်တဲ့ ပရိသတ်ကြီးအတွက် Horror ကားကောင်းကောင်းလေး တစ်ကားကို CM ကနေတင်ဆက်ပေးလိုက်ပါပြီ ။ ဇာတ်ကားလေးကတော့ နာမည်အတိုင်း ဝင်လာတဲ့ ဖုန်းကောလ်တစ်ကောလ်ကနေ ပြဿနာတွေတသီတစ်တန်းကြီး တတ်တဲ့ကားပါ ။ ဇာတ်လမ်းအညွှန်းလေးကတော့ လျိုမုန့်ကျားဆိုတဲ့မိန်းကလေးက ယောက်ျားဆီကနေ အိမ်တွင်းအကြမ်းဖက်ခံရတာကြောင့် ယောက်ျားနဲ့ကွာရှင်းဖို့လျှောက်ထားပြီး ရှောင်ရင်းနဲ့ နယ်မြို့လေးတစ်မြို့မှာ အိမ်ပြောင်းနေခဲ့ပါတယ် ။ သူအဲဒီအိမ်မှာနေရင်း တစ်နေ့မှာ ဖုန်းတစ်‌ကောလ်က ထူးဆန်းစွာဝင်လာခဲ့ပါတယ် ။ ဖုန်းဆက်တဲ့သူကလည်း မိန်းမတစ်ယောက်ဖြစ်ပြီးတော့ သူ့ကို လှေကားရှည်လမ်းထိပ်က ဟောင်ကောင်စားသောက်ဆိုင်ကိုလာခဲ့ပေးပါ စောင့်နေမယ်ဆိုပြီး အလောတကြီးပြောပြီးဖုန်းချသွားပါတော့တယ် ။ မုန့်ကျားတစ်ယောက် မယုံသင်္ကာဖြစ်မိပေမဲ့ သွားရှာကြည့်လိုက်တဲ့ အဲဒီဟောင်ကောင်စားသောက်ဆိုင်ဆိုတဲ့နေရာက လွန်ခဲ့တဲ့နှစ် ၂၀ လောက်ကတည်းက ဖျက်ခံထားပြီး ဈေးဆိုင်တစ်ခုဖြစ်နေတာပါ ။ ဒီလိုနဲ့ ညတိုင်းဖုန်းပြောဖြစ်ကြရင်း တစ်ဖက်ကမိန်းကလေးကလည်း သူလိုမျိုး ယောက်ျားဖြစ်သူဆီကနေ အနိုင်ကျင့်ခံရဲ့ အမျိုးသမီးဖြစ်ကြောင်းသိရပြီး မုန့်ကျားက စိတ်ခွန်အားတွေပေးဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ မမျှော်လင့်ထားဘဲ ဖုန်းဆက်လာတဲ့အမျိုးသမီးက သူလက်ရှိရှိနေတာက ၁၉၉၇ ခုနှစ်အကြောင်းပြောပြလာချိန်မှာတော့ ၂၀၁၇ ခုနှစ်မှာရှိနေတဲ့ မုန့်ကျားတစ်ယောက် အံ့ဩထိတ်လန့်မှုတွေနဲ့ ကြုံတွေ့လာရပါတော့တယ် ။ ကဲ ဇာတ်ကားထဲမှာတော့ အတိတ်ကို မတော်တဆပြောင်းလဲမိလိုက်တဲ့ မုန့်ကျားတစ်ယောက် အချိန်နဲ့အာကာသရဲ့ အပြိုင်စကြဝဠာလမ်းကြောင်းကို‌ နှောက်ယှက်မိပြီး ဘယ်လိုထိတ်လန့်စရာတွေနဲ့ကြုံလာရမယ်ဆိုတာကို စိတ်ဝင်စားစွာနဲ့ ဇာတ်ကားလေးထဲမှာ သဲထိတ်ရင်ဖိုဆက်လက်ကြည့်ရှုလိုက်ပါအုံးနော် ။ Filesize : 451 MB / 266 MB Quality : WEB-DL 1080p , 720p Format : mp4 Genres : Thriller , Horror Runtime : 1h 21 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Kay Thwe Phyoe Encoded by LK
Show all...
👍 7 2
1:10:53
Video unavailableShow in Telegram
The Strange Story of Miao Ling (2024) 720p WEB-DL CM
Show all...
The Strange Story of Miao Ling (2024) 720p WEB-DL CM.mp4373.50 MB
4👍 1
Photo unavailableShow in Telegram
The Strange Story of Miao Ling မြောင်ဒေသ ၊ ယင်ယန်မြစ်ရဲ့ ဆယ်လီအတွင်း တောင်တွေကြားထဲမှာ လူသူအရောက်အပေါက်နည်းတဲ့ ရွာလေးတစ်ရွာရှိပါတယ် ။ အဲဒီရွာလေးနာမည်က သက်ရှည်ရွာတဲ့ ။ သက်ရှည်ရွာရဲ့ရွာသူကြီး အဖေမာအာက တော်တော်လေးသဘောကောင်းပြီးတော့ သနားကြင်နာတတ်တယ်လို့လူသိများပါတယ် ။ ဇာတ်လမ်းကတော့ အဲဒီရွာမှာ အချမ်းသာဆုံးဖြစ်တဲ့ကျန်းယိုချိုင်က ချိုးရှန်းဆိုတဲ့လူငယ်လေးနဲ့အဖေဖြစ်သူကိုခေါ်ပြီး ရတနာရှာရကနေစတာလို့ပြောရမှာပေါ့ ။ ရတနာရှာရင်းနဲ့ သုံးယောက်လုံး တရားခံမသိရဘဲ ထူးထူးဆန်းဆန်းသေသွားကြပါတယ် ။ မြို့က အရာရှိ ၊ အလောင်းစစ်နဲ့အလောင်းသိမ်းတဲ့သူကလည်း ဒီအမှုကိုအဖြေမှန်ပေါ်ဖို့ရွာကို‌ ရောက်လာကြပါတော့တယ် ။ ဒါပေမဲ့ လူ‌သတ်မှုတွေကို အဖြေရှာမရသေးဘဲ နောက်ထပ် လူသတ်မှုတွေပါ ဆက်တိုက်ဖြစ်လာချိန်မှာတော့... သူတို့ အမှုမှန်ပေါ်ပေါက်အောင်ဘယ်လိုဖြေရှင်းသွားကြမလဲ ? ရွာသားတွေပြောနေသလို အငြိုးအတေးတစ္ဆေက သတ်တာရော ဟုတ်ပါ့မလား ? ဒီလူသတ်မှုတွေက လွန်ခဲ့တဲ့ နှစ် ၂၀ တုန်းကအမှုနဲ့ သက်ဆိုင်နေတယ်ဆိုတာကရော တကယ်ပဲဖြစ်နေမလားဆိုတာကို ဇာတ်လမ်းလေးထဲမှာ စိတ်ဝင်စားစွာနဲ့ကြည့်ရှုလိုက်ကြပါဦး Filesize : 617 MB / 370 MB Quality : WEB-DL 1080p , 720p Format : mp4 Genres : Drama , Romance , Fantasy Runtime : 1h 26 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Kay Thwe Phyoe Encoded by LK
Show all...
👍 10 4
1:36:42
Video unavailableShow in Telegram
My Dad Is An Allien (2024) 720p WEB-DL CM
Show all...
My Dad Is An Allien (2024) 720p WEB-DL CM.mp4795.58 MB
4👍 1
Photo unavailableShow in Telegram
My Dad is an Alien ( 2024 ) သမီးအတွက် အဖေကောင်းတစ်ယောက်ဖြစ်ဖို့အတွက်ကြိုးစားနေတဲ့ လောင်ကျင်းဟာ သမီးလေးကိုတစ်ယောက်ထဲပျိုးထောင်လာခဲ့တယ်။ သမီးလေးမူလတန်းကျောင်းကောင်းကောင်းမှာတက်ရဖို့အတွက် ထမင်းကြော်ရောင်းရင် အဆင့်မြင့်ကွန်ဒိုအတွက်စရံငွေပေးနိုင်အောင်ကြိုးစားခဲ့တယ်။ အရာအားလုံးအဆင်ပြေလို့ထင်ရတဲ့အချိန်မှာ ဦးနှောက်မှာကင်ဆာကြိတ်ရှိနေမှန်းသိလိုက်ရတဲ့အခါ...... အာကာသယာဉ်အရမ်းကြိုက်တဲ့သမီးလေးကို သူဟာဂြိုလ်သားပါ ကမ္ဘာကြီးကို ကယ်တင်ဖို့ ထွက်သွားရတော့မယ်ဆိုပြီး လိမ်ညာခဲ့တယ်။ သမီးလေးစိတ်မထိခိုက်ရအောင်ပြောခဲ့တဲ့ အဖြူရောင်မုသာဝါဒတွေကို ထိန်းဖို့ကြိုးစားရင်း သူ့ရဲ့နောက်ဆုံးအချိန်တွေကို သမီးလေးနဲ့အတူဖြတ်သန်းတဲ့ ရင်နင့်စရာကောင်းတဲ့ ဇာတ်လမ်းလေးပဲဖြစ်ပါတယ်။ Filesize : 1.39 GB / 791 MB Quality : WEB-DL 1080p , 720p Format : mp4 Genres : Drama , Comedy , Family Runtime : 1h 35 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon Encoded by LK
Show all...
👍 6 4
1:08:49
Video unavailableShow in Telegram
Li Bai Adventure In Chang An (2019) 720p WEB-DL CM
Show all...
Li Bai Adventure In Chang An (2019) 720p WEB-DL CM.mp4534.14 MB
8👍 2
Photo unavailableShow in Telegram
Li Bai's Adventure in Chang An (2019) ဒါကတော့ ထန်ခေတ်ကနာမည်ကြီး ကဗျာဆရာဖြစ်တဲ့လီပိုင်ကို ဓားသမားတစ်ယောက်အဖြစ်သူရဲကောင်းဆန်ဆန် ရိုက်ပြထားတဲ့ဇာတ်ကားဖြစ်ပါတယ်။ ဒီကားမှာတော့ လီပိုင်ကို ကဗျာပါရမီအပြင် ဓားစွမ်းပါထက်တဲ့ ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်အဖြစ်ပုံဖော်ထားပါတယ်။ လီပိုင်က သေရည်လေးသောက်လိုက် ကဗျာလေးရေးလိုက် မိန်းကလေးတွေကိုကျီစယ်လိုက်နဲ့ ပေါ့ပေါ့ပါးပါးနေရတာကို ကြိုက်တဲ့သူတစ်ယောက်ဖြစ်ပေမယ့် မတရားမှုနဲ့ကြုံလာရင်တော့ တရားတဲ့ဘက်ကနေ ဝင်ပါတတ်တဲ့သူတစ်ယောက်ဖြစ်တယ်။ သူကရာထူးရာခံတွေကိုစိတ်မဝင်စားပေမယ့် သူငယ်ချင်းဖြစ်သူကြောင့် ချန်အန်းမြို့တော်ကိုအတူလိုက်လာခဲ့တယ်။ သူ့ရဲ့စူးစမ်းလိုစိတ်ကြောင့် မထင်မှတ်ပဲ ပြဿနာအရှုပ်အထွေးကြားထဲရောက်သွားပြီး တိုင်းပြည်ရေးအတွက် အန္တရာယ်ကြုံလာတဲ့အခါ မနေသာပဲ တရားမျှတတဲ့ဘက်ကနေ တိုင်းပြည်အပေါ်တာဝန်ကျေသွားတဲ့ဇာတ်လမ်းပဲဖြစ်ပါတယ်။ Filesize : 887 MB / 532 MB Quality : WEB-DL 1080p , 720p Format : mp4 Genres : Action , Adventure Runtime : 1h 9 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon Encoded by LK
Show all...
👍 10 2
1:13:13
Video unavailableShow in Telegram
Detective Dee and the Great Illusionist (2024) 720p WEB-DL CM
Show all...
Detective_Dee_and_the_Great_Illusionist_2024_720p_WEB_DL_CM.mp4515.87 MB
10👍 4
Photo unavailableShow in Telegram
Detective Dee and the Great Illusionist ( 2024 ) စုံထောက်ကြီးဒီးနဲ့ ရုပ်ပြောင်းရုပ်လွှဲအတတ်ကျွမ်းကျင်တဲ့ လူသတ်တရားခံတို့ အားပြိုင်ကြတဲ့ဇာတ်ကားပဲဖြစ်ပါတယ်။ နင့်ကျိုးနယ်မှာ မကောင်းဆိုးဝါးထကြွသောင်းကျန်းတယ်လို့ ဘုရင်မကြီးကြားတဲ့အတွက် စုံထောက်ကြီးဒီးကိုစေလွှတ်ခဲ့တယ်။ လူသတ်မှုဖြစ်ခဲ့တဲ့ နင့်ကျိုးကလီအိမ်တော်ကိုစုံထောက်ကြီးဒီး ရောက်သွားတဲ့အခါ မူမမှန်တာကိုသိနေပေမယ့် ဘာသဲလွန်စမှမရခဲ့ပါဘူး။ ရန်သူဟာအရာအားလုံးကိုသိနေပြီ ခြေတစ်လှမ်းအမြဲဦးနေခဲ့တယ်။ ဉာဏ်များတဲ့လူသတ်တရားခံကို ဒီးရန်ကျယ်က ဘယ်လိုများအမိဖမ်းမလဲ...... နောက်ကွယ်ကအမှန်တရားကဘာတွေဖြစ်နေမလဲ......
Show all...
👍 7 4
Choose a Different Plan

Your current plan allows analytics for only 5 channels. To get more, please choose a different plan.