en
Feedback
Let's Click To Win Channel

Let's Click To Win Channel

Open in Telegram

တိုက်ပွဲဝင်ရဲဘော်တွေကို ထောက်ပို့နိုင်ရေးအတွက် အင်အားအပြည့်နဲ့ နေ့စဉ်ကလစ်ပေးကြပါ။ နာကျည်းချက်တွေကို ကလစ်ခြင်းဖြင့် နေ့စဉ်တော်လှန်နေလို့ရပါတယ်။

Show more
1 196
Subscribers
No data24 hours
-77 days
-2430 days
Posts Archive
ရဲဘော်တွေရဲ့ Live လေး Facebook မှာ လာနေပါတယ်ဗျ https://www.facebook.com/share/v/1GYD3L8zA3/
ရဲဘော်တွေရဲ့ Live လေး Facebook မှာ လာနေပါတယ်ဗျ https://www.facebook.com/share/v/1GYD3L8zA3/

ပြည့်စုံတဲ့ထမင်းဝိုင်းဆိုတာ နတ်သုဒ္ဓါတွေ ထောပတ်ထမင်းတွေပါဝင်မှရယ် မဟုတ်ပါဘူး။ နွေးထွေးမှုတွေပေးတဲ့သူအချင်းချင်း ၊ ချစ်ခြင်းမေ
ပြည့်စုံတဲ့ထမင်းဝိုင်းဆိုတာ နတ်သုဒ္ဓါတွေ ထောပတ်ထမင်းတွေပါဝင်မှရယ် မဟုတ်ပါဘူး။ နွေးထွေးမှုတွေပေးတဲ့သူအချင်းချင်း ၊ ချစ်ခြင်းမေတ္တာနဲ့ နှလုံးသားရင်းပြီးဆက်ဆံတဲ့စကားပြောဆိုခြင်းတွေရောနှောနေတာဟာလည်း မပြည့်စုံတဲ့ကြားက ပြည့်စုံခြင်းတွေဝေဆာလှတဲ့ ထမင်းဝိုင်းလေးဖြစ်ပါတယ်။ ဒီဟမ်းကောချိုင့်လေးတွေထဲမှာ မကျန်းမာခြင်းနဲ့ မပြည့်စုံခြင်းတွေထည့်ပြီးအပူပေးလို့ ရှေ့ဆက်ခြေလှမ်းတွေမှာ အာဟာရအဖြစ်နဲ့မှီဝဲရင်း လျှောက်လှမ်းကြရမှာပါပဲ။ လျှောက်လှမ်းနေရင်းမှ ပင်ပန်းခြင်းနဲ့ နာမကျန်းခြင်းတွေကလည်း အနှောင့်ယှက်လို တရိရိဝင်လာတတ်ပါတယ်။ တားဆီးပိတ်ပင်နေတဲ့ဖျားနာခြင်း​ဒေနာများခံစားရသည်နှင့်အမျှ အဖက်ဖက်မှလိုအပ်ချက်များလည်းရှိလာပါတယ်။ ငှက်ဖျားဒဏ်ခံနေရသောရဲဘော်များပြန်လည်ကောင်းမွန်လာဖို့နှင့် နောက်ထပ်ငှက်ဖျားလူနာရဲဘော်များထပ်မတိုးလာစေရန် ကြိုတင်ကာကွယ်ကုသခြင်းများပြုလုပ်ရန်အတွက် အရေးပေါ်အကူညီတောင်းခံလိုပါတယ် ခင်ဗျာ။ 🙏🙏🙏 💞 လိုအပ်နေသောအနွေးဓာတ်များမျှဝေပေးရန်အတွက် ယခုနေရာများမှတဆင့်မျှဝေချွေးသိတ်ပေးလို့ရပါတယ်ခင်ဗျာ... 💞 📌 Messenger မှ အားဖြည့်ရန် m.me/CRTF9918 📌 Telegram မှ အားဖြည့်ရန် t.me/CRTF9918 #CRTF9918 #Malaria

" ညနေတိုင်းလည်း ညနေတစောင်း မောင်စစ်သည်ငယ် ရောက်လွယ်ကောင်းငဲ့ '' ဒီကဗျာလေးလိုပဲ ညနေရောက်ပြီဆိုရင် ချမ်းတုန်ခြင်းကနေစတဲ့ငှက်ဖျာ
" ညနေတိုင်းလည်း ညနေတစောင်း မောင်စစ်သည်ငယ် ရောက်လွယ်ကောင်းငဲ့ '' ဒီကဗျာလေးလိုပဲ ညနေရောက်ပြီဆိုရင် ချမ်းတုန်ခြင်းကနေစတဲ့ငှက်ဖျားလေးအကြောင်း 😊 ဟုတ်ပါတယ်ခင်ဗျာ...၊ ဒီလိုတွေခံစာနေရပြီဆိုရင် ကျွန်တော်တို့မိဘပြည်သူတွေက အနွေးဓာတ်လေးပေးဖို့လိုအပ်ပါတယ်ခင်ဗျာ ။ ငှက်ဖျားဒဏ်ကိုလည်း ညီအစ်ကိုအယောက်သုံးဆယ်ကျော်နီးပါးခံစားနေရပြီး ညီကိုနှစ်ဦးမှာလည်း အရေးပေါ်အခြေနေမျိုးနဲ့ ဆေးရုံတင်ထားရပါတယ်။ အားလုံးသောညီကိုတွေရဲ့ခြေလှမ်းတွေမရပ်တန့်သွားစေဖို့ မိဘပြည်သူများရဲ့ရင်ငွေ့ဖြင့် အားပြန်တင်လို့ရအောင် ဝန်းရံပေးကြပါလို့ မေတ္တာရပ်ခံတောင်းဆိုပါတယ်ခင်ဗျာ 🙏🙏🙏 🌡လိုအပ်သည့်အကူညီများပါဝင်အားဖြည့်ရန်အတွက် ယခုနေရာများမှတဆင့်ပါဝင်အားဖြည့်ပေးနိုင်ပါတယ်ခင်ဗျာ.. 🌡 📌 Messenger မှ အားဖြည့်ရန် m.me/CRTF9918 📌 Telegram မှ အားဖြည့်ရန် t.me/CRTF9918 #CRTF9918 #Malaria

ဒီညအတွက်တော့ Video တက်ဖို့ မမီနိုင်ပါဘူးခင်ဗျာ.. မနက်ဖြန်ရောပါ.. ရိုက်ကူးရေးလေးတစ်ခု ကူနေရလို့ပါဗျ.. Video တွေအတွက် တစ်ခုလောက်တော့ သိချင်ပါတယ်.. Video တွေကို အဆုံးထိ ကြည့်ဖြစ်လား.. နောက်တစ်ခုကြည့်မိတာမျိုးရော ရှိလား.. နောက်တစ်ခေါက်ကြည့်ခဲ့ရင် တမင်သက်သက်ကြည့်တာမျိုးလား Video ထဲကတစ်ခုခုကို ပြန်ရှာတာမျိုးလား (ဥပမာ စာပြန်ဖတ်တာမျိုးဖြစ်ဖြစ်ပေါ့) အသေးစိတ်လေး သိလို့ရရင် သိချင်တယ်.. Video ပုံစံလေးတွေ မသိမသာလေး ပြောင်းထားတာမို့လို့ပါဗျ #LuNgeMonument

မနက်ဖြန််ညနေ LNM မှာ ဒါလေးတက်ပါမယ်နော်.. မျှော်ပေးကြပါဦးးးဗျို့
မနက်ဖြန််ညနေ LNM မှာ ဒါလေးတက်ပါမယ်နော်.. မျှော်ပေးကြပါဦးးးဗျို့

Video တွေက views တွေကျနေတာပါ။ ပထမတော့ Error ဆိုပြီး YouTube Team ဘက်ကို ဆက်သွယ်မေးကြည့်တော့ ဖြစ်တတ်တဲ့ထုံးစံပါတဲ့။ ရုတ်တရက် ထ
Video တွေက views တွေကျနေတာပါ။ ပထမတော့ Error ဆိုပြီး YouTube Team ဘက်ကို ဆက်သွယ်မေးကြည့်တော့ ဖြစ်တတ်တဲ့ထုံးစံပါတဲ့။ ရုတ်တရက် ထိုးကျ‌သွားတော့ စဉ်းစားမရတော့ ဖြစ်သွားသေးတယ်။ ပုံမှန်လုပ်နိုင်ရင်တော့ ပြန်တက်လာမှာပါ။ လောလောဆယ်တော့ သောကြာနေ့အတွက် ခွင့်တိုင်ပါဦးမယ်။ 😁 ဒီကြားထဲ ကမ်ပိန်းတစ်ခုလည်း လုပ်ကူနေလို့ အချိန်လည်းကျပ်နေလို့ပါ။ စနေ၊ တနင်္ဂနွေကလည်း မပြီးပြတ်တဲ့ ရိုက်ကူးရေး‌ရှိနေတော့ မအားပြန်ပါဘူး။ တနင်္လာ (သို့) အင်္ဂါနေ့တော့ ပြန်တင်ကြိုးစားပါမယ်နော်။ Video တစ်ပုဒ်အတွက်က အနည်းဆုံး အချိန်က တစ်ရက်၊ အဆင်မပြေရင် နှစ်ရက်ကြာတတ်ပါတယ်။ တတ်နိုင်သမျှ Video လုပ်တဲ့အချိန်‌နည်းအောင် နည်းလမ်းအမျိုးမျိုးတော့ စဉ်းစားနေပါတယ်။ အဲ့ဒါရရင်တော့ Lu Nge Monument ကလည်း မလွတ်ဘဲ တခြားအလုပ်တွေလည်း လုပ်ကူနိုင်မှာပါ။ ကြားထဲပျက်ရက်လေးတွေတော့ သည်းခံပေးပါဦးခင်ဗျာ။ #LuNgeMonument

Data တွေအရရော၊ ပိစိလေးတက်လာတဲ့ Subscriber တွေအရရောက ထိုင်းတွေပါပဲ။ Channel ကိုလည်း ထိုင်းကိုပြောင်းထားတာ တစ်ကြောင်းပေါ့လေ။ ထိ
Data တွေအရရော၊ ပိစိလေးတက်လာတဲ့ Subscriber တွေအရရောက ထိုင်းတွေပါပဲ။ Channel ကိုလည်း ထိုင်းကိုပြောင်းထားတာ တစ်ကြောင်းပေါ့လေ။ ထိုင်းနိုင်ငံအတွင်းကို အဓိကပြသလို ထိုင်းမလေးတွေလည်း Subscribe လာလုပ်ကြတာ တွေ့ပါတယ်။ အရင်က‌ English Narration၊ English Subtitles ဆိုတော့ US နဲ့ တခြားနိုင်ငံတွေအထိ ပျံ့ပါတယ်။ အခုလို ပုံစံပြောင်းထားတော့လည်း အာရှက စတာပေါ့လေ။ Video ကတော့ ဗုဒ္ဓဟူးနေ့အထိ Schedule လုပ်ပြီးသားပါ။ နောက်ရက်တွေသာ အူယားဖားယားနဲ့ ဘယ်လိုလာမယ် မသိတာ။ လက်ရှိတော့ ဗုဒ္ဓဟူးနေ့အထိ အိုကေနေပါသေးတယ်။ Video ပုံစံ အများကြီးမပြောင်းသွားပေမယ့် Strategy ကတော့ နှစ်ခုလောက် ထပ်ထည့်ထားပါတယ်။ Channel က ရေရှည်အတွက် အလားအလာရှိနေပါတယ်။ လိုနေတာကတော့ ၂ ခုပါပဲ။ နောက် ၅ လထက် မကျော်ဘဲ Monetization ရလာဖို့ရယ်၊ ပြီးတော့ ကျနော်တခြားအလုပ်တွေနဲ့ အချိန်မကြပ်ဘဲ ပုံမှန်တင်နိုင်ဖို့ရယ်ပါ။ ဖင်လေးကတော့ မြဲသလောက်ဖြစ်နေပါပြီ။ အချိန်မကြပ်ဖို့ပဲ လိုနေတာ။ 😭 #LuNgeMonument

Sat & Sun အတွက် Video မရှိပါခင်ဗျာ။ Monday နဲ့ Tuesday အတွက်တော့ Schedule လုပ်ထားပြီးပါပြီ။ အစောပိုင်းကတော့ တစ်ပတ် ၆ ပုဒ်တင်ဖ
Sat & Sun အတွက် Video မရှိပါခင်ဗျာ။ Monday နဲ့ Tuesday အတွက်တော့ Schedule လုပ်ထားပြီးပါပြီ။ အစောပိုင်းကတော့ တစ်ပတ် ၆ ပုဒ်တင်ဖို့ စဉ်းစားထားတာ။ ပုံမှန်အခြေအနေ ကမ်ပိန်းမရှိတာတောင် အလုပ်က မနိုင်ပါဘူး။ တလရတခြားကိစ္စကူပေးရမှာတွေလည်း ပေါ်လာပါတယ်။ ပြီးတော့ မကြာခင်လပိုင်းလည်း ထုံးစံအတိုင်း ရှိသေးတယ်ဆိုတော့ ဘယ်ဘုရားဆင်းကယ်ခိုင်းရမလဲတော့ မသိသေးပါဘူး။ အရှိန်မပြတ်ဖို့တော့ အဓိကထား တွန်းလုပ်နိုင်အောင် ကြိုးစားနေပါတယ်။ စနေ၊ တနင်္ဂနွေ video နားထားရက်မှာ Channel ကို တကူးတကဝင်ပြီးတော့ video ကြည့်ပေးဖို့ မလိုပါဘူးနော်။ YouTube သုံးရင်းနဲ့ မျက်စိရှေ့မှာ ပေါ်လာတာဆိုရင်တော့ တမျိုးပေါ့ ကြည့်ချင်ကြည့်လို့ရပါတယ်။ #LuNgeMonument

ဝိုး မိုက်တယ်ဗျို့.. Channel မှာ Video တွေ အဆက်‌ပြတ်နေတာ အတော်ကြာနေတာတောင်ကို ပြန်စတင်တဲ့ရက်မှာ ၁ နာရီအတွင်းကို 1K ကျော်သလို
ဝိုး မိုက်တယ်ဗျို့.. Channel မှာ Video တွေ အဆက်‌ပြတ်နေတာ အတော်ကြာနေတာတောင်ကို ပြန်စတင်တဲ့ရက်မှာ ၁ နာရီအတွင်းကို 1K ကျော်သလို Organic reach တွေလည်း ပို့ပေးနေဆဲပါပဲ။ ပြောချင်တာကတော့ အကြာကြီးပစ်ထားတာတောင် Channel က active ‌ဖြစ်နေသေးတာကို ပြောချင်တာပါဗျို့။ ဝမ်းသာကျေနပ်စရာပါ။ ဖင်မြဲဖို့ပဲ ကျန်နေတာနော် ဟိဟိ။ #LuNgeMonument

ဒီည ၇ နာရီမှာ Lu Nge Monument Channel ကနေ ဇာတ်လမ်းအတိုလေးတစ်ပုဒ်တက်မှာပါ။ ဇာတ်လမ်းတော်တော်များများမှာ ဒီကောင်လေးကို အဓိကဇာတ်က
ဒီည ၇ နာရီမှာ Lu Nge Monument Channel ကနေ ဇာတ်လမ်းအတိုလေးတစ်ပုဒ်တက်မှာပါ။ ဇာတ်လမ်းတော်တော်များများမှာ ဒီကောင်လေးကို အဓိကဇာတ်ကောင်အနေနဲ့ တည်ထားတာဖြစ်ပြီး သူနဲ့အတူ အားဖြည့်မယ့် တခြားဇာတ်ကောင်လေးတွေလည်း ပါလာမှာပါ။ နောက်ပိုင်းဇာတ်လမ်းတွေမှာ ဘာသာစကားအတားအဆီးတစ်ခုကို ဖြုတ်ချလိုက်ပြီးတော့ Silent storytelling ပုံစံမျိုး ဖန်တီးပြီးသွားနေတာ ဖြစ်ပါတယ်။ အားသာချက်အနေနဲ့ Global audience ရရှိလာနိုင်တာဖြစ်ပြီးတော့ ဘယ်နိုင်ငံ ဘယ်လူမျိုးကပဲကြည့်ကြည့် နားလည်နိုင်မှာမျိုး ဖြစ်ပါတယ်။ နောက်ပိုင်းပိုက်ပိုက်များများရမလားလို့ ကြံကြည့်ထားတာပါ။ အကြံဉာဏ်တွေ အရမ်းကောင်းပြီး ဟိုစပ်စပ် ဒီစပ်စပ်လုပ်တဲ့နေရာကတော့ ဆျာကြီးပါပဲ။ ဖင်လေးမြဲရင်ပေါ့။ 🥹 ကဲ.. ဆိုတော့ ဒီည ၇ နာရီမှာ အသစ်တက်လာမယ့် ဇာတ်လမ်းလေးကို အတူကြည့်ကြပါမယ်နော်။ #LuNgeMonument

Lu Nge Monument is come back 🔥 ဟားလို.. လာမယ့်တနင်္လာနေ့ကနေစပြီး LNM ပြန်လာပါပြီဗျ.. တစ်ပတ်ကို ၅ ပုဒ် (သို့) ၆ ပုဒ်လောက်တော့
Lu Nge Monument is come back 🔥 ဟားလို.. လာမယ့်တနင်္လာနေ့ကနေစပြီး LNM ပြန်လာပါပြီဗျ.. တစ်ပတ်ကို ၅ ပုဒ် (သို့) ၆ ပုဒ်လောက်တော့ ရအောင်ကြိုးစားကြည့်ပါမယ်.. လောလောဆယ်တော့ ဒီတစ်ပတ်စာ ၄ ပုဒ်ရှိနေပါပြီ.. အာ့လေး လာကြွားတာပါဗျို့.. အရင်ကတော့ ဟိုအလုပ်ပေါ် ဒီအလုပ်ပေါ်နဲ့ LNM က video အဆက်ပြတ်ပြတ်သွားတာများတယ်.. ဒီ ၃ လ ၄ လအတွင်းတော့ မပျက်အောင် ဆက်တိုက်လုပ်မယ်လို့တော့ ကိုယ့်ကိုယ်ကိုယ် မောင်းတင်ထားတာပဲ..😁 နည်းနည်းဖင်တွန်းပေးကူကြပါဦးနော်.. လူသာပိန်တာ ဒီကောင်လေးက ဖင်လေးတယ် 😂 #LuNgeMonument

" နှစ်သစ်ဆုတောင်း...'' ---------------------------- * ပြုံးရတဲ့အခါ ရှက်စိတ်နဲ့သိမ်ငယ်ခြင်းတို့အလျဥ်းမရှိစေရ * ငိုရတဲ့အခါလည်း
" နှစ်သစ်ဆုတောင်း...'' ---------------------------- * ပြုံးရတဲ့အခါ ရှက်စိတ်နဲ့သိမ်ငယ်ခြင်းတို့အလျဥ်းမရှိစေရ * ငိုရတဲ့အခါလည်း ပူလောင်သောမျက်ရည်ကျလာခြင်းအလျဥ်းမရှိစေရ * ဆာလောင်သည့်အခါ လောဘစိတ်နဲ့စားချင်ရခြင်းအလို့ငှာအလျဥ်းမရှိ * စာသုံးသည့်အခါ မြိုချမိသောအရာရာတိုင်းဟာ အဟာရပြည့်မြောက်ခြင်းရှိစေရ.. * လမ်းလျှောက်သည့်အခါ ခလုတ်ကန်သင်းများမှ နတ္ထိဝေးကွာခြင်းရှိစေရ * ရှူသွင်းလိုက်သည့်လေအား ညစ်ညမ်းဆွေးမြေ့သောအနံသက်များပါခြင်းငှာ အလျဥ်းမရှိ အသက်ရှင်ရသည့်နေ့ရက်တိုင်းဟာလှပနေစေပြီး ချစ်ခင်နှစ်သက်စရာတွေ ၊ နှမြောတသလိုစရာများအားလုံး ဆုံးရှုံးပျောက်ကွယ်ရခြင်းမှ အပြီးတိုင်း ဝေးကွာပါစေ.... #နှစ်သစ်ဆုတောင်း #LCTWTEAM

သူတို့လက်ထက်ကျမှ တိုင်းပြည်စီးပွားရေးက အတိုးတက်ဆုံးဆိုပဲ။ ကြည့်ရတာ သူတို့မိန်းမတွေ၊ သူတို့သမီးတွေ၊ သူတို့မြေးမတွေရဲ့ လယ်ကွက်တ
သူတို့လက်ထက်ကျမှ တိုင်းပြည်စီးပွားရေးက အတိုးတက်ဆုံးဆိုပဲ။ ကြည့်ရတာ သူတို့မိန်းမတွေ၊ သူတို့သမီးတွေ၊ သူတို့မြေးမတွေရဲ့ လယ်ကွက်တွေမှာ မုန်လာဥတွေ၊ ခရမ်းသီးတွေစိုက်ပြီး စီးပွားဖြစ်နေကြတယ် ထင်ပါရဲ့။ MaALoe မင်းအောင်လှိုင် 😂😂😂😂😂

Telegram call လေး စထားပါပြီခင်ဗျာ https://t.me/letsclicktowin?livestream=d38111da6dc5244d15

ဒါ ကျနော်တို့ မဟုတ်ပါဘူး ခင်ဗျာ။ LCTW နာမည်နဲ့ လိမ်ညာမယ့် အကောင့်ဖြစ်ပါတယ်။ အရမ်းကြီး စိတ်မပူကြပါနဲ့။ Channel Logo ရယ်၊ နာမည်
ဒါ ကျနော်တို့ မဟုတ်ပါဘူး ခင်ဗျာ။ LCTW နာမည်နဲ့ လိမ်ညာမယ့် အကောင့်ဖြစ်ပါတယ်။ အရမ်းကြီး စိတ်မပူကြပါနဲ့။ Channel Logo ရယ်၊ နာမည်ရယ် မြင်တိုင်း မယုံကြပါနဲ့ ခင်ဗျာ။ အကောင့်တု ဟုတ်/မဟုတ် သေချာစစ်ပါ။ အထူးသတိပေးချင်တာက Let's Click To Win Channel (Account) မရှိပါခင်ဗျာ။ Channel ပဲရှိပါတယ် အကောင့်မရှိပါ။ Account ဆိုရင် လိမ်ညာမယ့် ပို့စ်ပါ။ မနက်ဖြန် နေ့လယ် ၁၂း၀၀ နာရီမှာ Telegram Call နဲ့ ကျနော်တို့ ဆုံလိုက်ပါမယ်။ သိထားသင့်တာလေးတွေ ရှင်းပြပါမယ်ခင်ဗျာ။

ဧပြီလ (၇) ရက်နေ့ဆိုရင် ‘နိုင်ငံမဲ့ စိတ်ဝိညာဉ်’ Mini album ရောင်းချတဲ့ campaign ဟာ ပြီးတော့မှာပဲ ဖြစ်ပါတယ်။ ဒါပေမယ့် ကမ်ပိန်းတ
ဧပြီလ (၇) ရက်နေ့ဆိုရင် ‘နိုင်ငံမဲ့ စိတ်ဝိညာဉ်’ Mini album ရောင်းချတဲ့ campaign ဟာ ပြီးတော့မှာပဲ ဖြစ်ပါတယ်။ ဒါပေမယ့် ကမ်ပိန်းတစ်ခုလုံး အောင်အောင်မြင်မြင် ပြီးဆုံးဖို့ ငွေပမာဏက ကျပ် (၃၉) သိန်း လိုနေသေးတာဆိုတော့ ၂ ရက်အတွင်း ပြည့်မီပါ့မလားဆိုတာ ကျနော်တို့ရဲဘော်တွေရဲ့စိတ်ထဲ စိုးရိမ်စိတ်ကလေးတွေ ဝင်မိပါတယ်ခင်ဗျာ။ ဘာပဲဖြစ်ဖြစ် တစ်ယောက်တစ်လက်စီ တာဝန်ခွဲထမ်းလိုက်ရင် ကမ်ပိန်းတစ်ခုလုံး ပြီးဆုံးဖို့လိုနေတဲ့ (၃၉) သိန်းလေးက ပြည့်သွားမယ်လို့ ယုံကြည်ပါတယ်။ RCS တတ်နိုင်သူက RCS နဲ့ ကူပြီး၊ ငွေကြေးတတ်နိုင်သူက ငွေကြေး ကူကြ အားဖြည့်ကြရင် တာဝန်အတူထမ်းကြရအောင်ပါခင်ဗျာ။ ‘Page messenger’ မှာ ‘သီချင်းနားထောင်ချင်ပါတယ်’ လို့ စာပို့ပြီး အတူပါဝင်ကြလို့ ရပါပြီခင်ဗျာ။ #နိုင်ငံမဲ့စိတ်ဝိညာဉ် #mini_album #CRTF #အလယ်ပိုင်းတိုင်းအထူးစစ်ဆင်ရေးတပ်ဖွဲ့ #CRPH_OFP

ဘောမတွေစဉ်းစားဖို့ မင်းအောင်လှိုင် စွပ်စွဲသလို NLD က မဲလိမ်မဲခိုးခဲ့တယ်ဆိုရင်တောင် အာဏာကို ထိန်းဖို့ သိမ်းဖို့ အခွင့်အာဏာ သူ့
ဘောမတွေစဉ်းစားဖို့ မင်းအောင်လှိုင် စွပ်စွဲသလို NLD က မဲလိမ်မဲခိုးခဲ့တယ်ဆိုရင်တောင် အာဏာကို ထိန်းဖို့ သိမ်းဖို့ အခွင့်အာဏာ သူ့မှာ မရှိဘူး။ ခြေဥကိုကျော်လွန်လုပ်ခဲ့တဲ့ မင်းအောင်လှိုင်ရဲ့လုပ်ရပ်က နိုင်ငံတော်ပုန်ကန်မှုပဲ

သမ္မတ​ဖြစ်ချင်လွန်းလို့ နိုင်ငံတော်ပုန်ကန်မှု ကျူးလွန်ခဲ့တာ၊ စစ်ရာဇဝတ်မှုတွေ ကျူးလွန်ခဲ့တာ၊ ပြည်သူလူထုနဲ့ တိုင်းပြည်ရဲ့ ကံကြမ
သမ္မတ​ဖြစ်ချင်လွန်းလို့ နိုင်ငံတော်ပုန်ကန်မှု ကျူးလွန်ခဲ့တာ၊ စစ်ရာဇဝတ်မှုတွေ ကျူးလွန်ခဲ့တာ၊ ပြည်သူလူထုနဲ့ တိုင်းပြည်ရဲ့ ကံကြမ္မာကို ချနင်းဖျက်ဆီးပစ်ခဲ့တာတွေကို MaALoe မင်းအောင်လှိုင်ကိုယ်တိုင် သက်သေခံခဲ့ပြီ။

စိုးဝင်းကတော့ သတ္တိမရှိလို့ ဒုချုပ်ဘဝနဲ့ ဂိန်သွားရှာပြီ။ ဖွတ်တွေကရော ဒုတိယနေရာပဲ ကျေနပ်မှာလား။ ဖွတ်တွေသာ သတ္တိနည်းနည်းရှိရင်
စိုးဝင်းကတော့ သတ္တိမရှိလို့ ဒုချုပ်ဘဝနဲ့ ဂိန်သွားရှာပြီ။ ဖွတ်တွေကရော ဒုတိယနေရာပဲ ကျေနပ်မှာလား။ ဖွတ်တွေသာ သတ္တိနည်းနည်းရှိရင် မြန်မာပြည်မှာ ပထမဆုံးအမျိုးသမီးသမ္မတ ပေါ်ထွက်လာမယ်။ ဒါပေမယ့် ဆိုးတာက အတုအယောင်အစိုးရရဲ့ အတုအယောင်သမ္မတဖြစ်နေတာ။

စိုးဝင်းကတော့ သတ္တိမရှိလို့ ဒုချုပ်ဘဝနဲ့ ဂိန်သွားရှာပြီ။ ဖွတ်တွေကရော ဒုတိယနေရာပဲ ကျေနပ်မှာလား။ ဖွတ်တွေသာ သတ္တိနည်းနည်းရှိရင်
စိုးဝင်းကတော့ သတ္တိမရှိလို့ ဒုချုပ်ဘဝနဲ့ ဂိန်သွားရှာပြီ။ ဖွတ်တွေကရော ဒုတိယနေရာပဲ ကျေနပ်မှာလား။ ဖွတ်တွေသာ သတ္တိနည်းနည်းရှိရင် မြန်မာပြည်မှာ ပထမဆုံးအမျိုးသမီးသမ္မတ ပေါ်ထွက်လာမယ်။ ဒါပေမယ့် ဆိုးတာက အတုအယောင်အစိုးရရဲ့ အတုအယောင်သမ္မတဖြစ်နေတာ။