ပြည်သတင်းစုံ
Open in Telegram
ပြည်သတင်းစုံ
Show moreThe country is not specifiedThe category is not specified
1 281
Subscribers
No data24 hours
No data7 days
-130 days
Posts Archive
1 281
Repost from Kyaw Swar🇲🇲🇲🇲🇲🇲
ပြည် သတင်း၊ မြေလတ်သတင်း
တွေအတွက် အလွန်စိတ်ချယုံကြည်
ရသော ချန်နယ် တစ်ခုပါ။
မြေလတ်ဒေသ အကြမ်းဖက်တိုက်ဖျက်ရေးနှင့် ငြိမ်းချမ်းစွာနေထိုင်
လိုသော ပြည်သူများအတွက် အကာအကွယ်ပေးမည့် ချန်နယ်
ဖြစ်ပါတယ်။
ဒေသတွင်း အကြမ်းဖက်မှုများ
ဝိသမလောဘ စီးပွားရှာပြီး ဥပဒေ
နှင့် မလွတ်ကင်းသူများ အွန်ချောင်
ထောက်ပို့များကို ဖော်ထုတ်ပြီး
နယ်မြေအတွင်း တည်ငြိမ်းအေးချမ်းအောင် ဆောင်ရွက်သွား
မည့် ချန်နယ်တစ်ခု ဖြစ်သည့်
အတွက် join ထား ကြပါ ခင်ဗျာ။
https://t.me/Bagothar969
1 281
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်
ဦးမျိုးဆွေဝင်းနှင့်အဖွဲ့သည် နံနက်
ပိုင်းက တိုင်းဒေသကြီးအစိုးရ အ
ဖွဲ့အစီအစဉ်ဖြင့်ပြည်မြို့၊မြို့မဈေး
ကြီး၌ ဖွင့်လှစ်ရောင်းချလျှက်ရှိသော
ကိုယ်တိုင်စိုက်ပျိုးမွေးမြူသူတို့၏
တိုက်ရိုက်အရောင်းဆိုင်များ ဖွင့်လှစ်
ရောင်းချနေမှု အခြေအနေများအား
သွားရောက် ကြည့်ရှုစစ်ဆေးခဲ့ပြီး
ဒေသခံပြည်သူများ၏ လိုအပ်သော
အခြေခံစာသုံးကုန်များ ပြင်ပဈေး
နှုန်းထက် သက်သာစွာ ဝယ်ယူစား
သုံးနိုင်ရေး ကိုယ်တိုင်စိုက်ပျိုးမွေး
မြူထုတ်လုပ်သူများနှင့် တိုက်ရိုက်
ချိတ်ဆက်၍ နေ့စဉ်ဖွင့်လှစ် ရောင်း
ချပေးရန် ဒေသထွက်ကုန်များ ပြတ်
လပ်မှုမရှိစေရေးနှင့် ဒေသခံပြည်သူ
လူထု၏ လူမှုစီးပွားဘဝ ပိုမိုဖွံ့ဖြိုးတိုး
တက်စေရေး လိုအပ်ချက်များအား
စဉ်ဆက်မပြတ် မျှော်မှန်းဖြည့်ဆည်း
ဆောင်ရွက်ရန် တာဝန်ရှိသူများအား
လမ်းညွန်မှာကြားခဲ့ကြောင်းသတင်း
ရရှိသည်။
ပြည့်သဲမောင်(ပြည်)09423671883
သတင်းထောက်နံပါတ် (၈၃၈)
1 281
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပြည်မြို့ သူနာပြုနှင့်သားဖွားသင်တန်းကျောင်း၌ကျင်းပသည့် ဂျူတီကုတ်/ဦးဆောင်းအပ်နှင်းပွဲနှင့် မောင်မယ်သစ်လွင်ကြိုဆိုပွဲအခမ်းအနားသို့ တက်ရောက်အားပေးချီးမြှင့်
ပြည် မေ ၃၀
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးများ၊ တိုင်း/ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက ပြည်မြို့ သူနာပြုနှင့်သားဖွားသင်တန်းကျောင်း၌ကျင်းပသည့် အပတ်စဥ် (၂၈)သူနာပြုသင်တန်းသား၊ သင်တန်းသူများအား ဂျူတီကုတ်/ဦးဆောင်းအပ်နှင်းပွဲနှင့် အပတ်စဉ်(၂၉)မောင်မယ်သစ်လွင်ကြိုဆိုပွဲအခမ်းအနားသို့ တက်ရောက်အားပေးချီးမြှင့်သည်။
ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က "နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ ရှေ့လုပ်ငန်းစဥ်(၅)ရပ်နှင့်ဦးတည်ချက်(၉)ရပ်တို့ကိုအကောင်အတည်ဖော်ဆောင်ရွက်နေပြီး ယင်းဦးတည်ချက်များအနက် တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်ရေးနှင့် ပညာရည်မြင့်မားရေးကို အလေးထားဆောင်ရွက်လျှက်ရှိပါကြောင်း၊ မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် သူနာပြု/သားဖွားနှီးနွယ်သင်တန်ကျောင်ပေါင်း(၅၃)ကျောင်းဖြင့်ဖွင့်လှစ်သင်ကြားလျှက်ရှိပြီး နိုင်ငံတော်၏ ကျန်းမာရေးစောင့်ရှောက်မှုလိုအပ်ချက်နှင့်အညီ အရည်အသွေးသာမက အရည်အချင်းပါပြည့်ဝတဲ့သူနာပြု/သားဖွားများမွေးထုတ်ပေးလျှက်ရှိပါကြောင်း၊ ပဲခူးတိုင်းဒေသကြီးအတွင်း၌လည်း ပြည်မြို့သူနာပြုနှင့်သားဖွားသင်တန်းကျောင်းအပါအဝင်တောင်ငူသူနာပြုသင်တန်းကျောင်း/တောင်ငူသားဖွားသင်တန်းကျောင်းနှင့်ပဲခူးသားဖွားသင်တန်းကျောင်းဆိုပြီး သူနာပြုသင်တန်းကျောင်း(၂)ကျောင်းနှင့်သားဖွားသင်တန်းကျောင်း(၂)ကျောင်းစုစုပေါင်း(၄)ကျောင်းဖြင့်သူနာပြု/သားဖွားဆရာ/ဆရာမများအားနှစ်စဥ်မွေးထုတ်ပေးလျှက်ရှိကာ ပြည်သူလူထုအတွက်ကျန်းမာရေးဝန်ဆောင်မှုများပေးနိုင်ရန် အစွမ်းကုန်ကြိုးပမ်းဖြည့်ဆည်းပေးလျှက်ရှိပါကြောင်း၊ အဓိကရည်ရွယ်ချက်မှာပြည်သူအားလုံးမှယုံကြည်အားထားနိုင်ပြီးအရည်အသွေးပြည့်ဝသောသူနာပြုဆရာ/ဆရာမကောင်းများနိုင်ငံတော်မှလိုအပ်သောကျန်းမာရေးစောင့်ရှောက်မှုအတွက် အရေအတွက်နှင့်အရည်အသွေးပြည့်ဝစွာ ပေါ်တွက်လာနိုင်ရေးအတွက်ရည်ရွယ်၍ လေ့ကျင့်သင်ကြားပေးခြင်းဖြစ်ကြောင်း၊ ခေတ်မီဖွံ့ဖြိုးတိုးတက်သောနိုင်ငံတစ်နိုင်ငံတည်ထောင်ရာတွင်ကျန်းမာရေးစောင်ရှောက်မှု့ကဏ္ဍသည်လည်း အရေးကြီးသောကဏ္ဍတစ်ခုအနေဖြင့်ပါဝင်ပြီး သူနာပြုစုလုပ်ငန်းဟာအလွန်မွန်မြတ်လှသောလုပ်ငန်းဖြစ်ပါကြောင်း၊ ဗုဒ္ဓမြတ်စွာဘုရာရှင်လက်တက်ကတည်းက မနာမကျန်းသောရဟန်းတော်များကို ဗုဒ္ဓမြတ်စွာဘုရားကိုယ်တော်တိုင်ပြုစုစောင့်ရှောက်ခဲ့တဲ့သူနာပြုစုခြင်းသမိုင်းများအထင်အရှားရှိခဲ့ပြီး ကမ္ဘာမှာလည်း ဖလော့ရင့်နိုင်တင်ဂေးရဲ့ မွန်မြတ်တဲ့စိတ်နဲ့ စစ်အတွင်းမှာလူနာများကိုပြုစုစောင်ရှောက်ခဲ့တဲ့ သမိုင်များလည်းယနေ့အထိအထင်အရှားရှိခဲ့ပါကြောင်း၊ ဒီလိုမွန်မြတ်တဲ့လုပ်ငန်းများကိုလုပ်ဆောင်ဖို့ ဒီလောကထဲကိုရောက်လာတဲ့ သားတို့သမီးတို့အတွက်လည်းဂုဏ်ယူပါကြောင်း" စသည်ဖြင့် အမှာစကားပြောကြားသည်။
ထို့နောက် သူနာပြုနှင့်သားဖွားသင်တန်းကျောင်း(ပြည်) ကျောင်းအုပ်ကြီး ဒေါ်စန်းစန်းဌေးက ဂျူတီကုတ်/ဦးဆောင်းအပ်နှင်းပွဲနှင့်စပ်လျဥ်း၍ ရှင်းလင်းတင်ပြပြီး အပတ်စဉ်(၂၉) မောင်မယ်သစ်လွင်များအား ကြိုဆိုနုတ်ခွန်းဆက်စကားပြောကြားကာ သူနာပြုသင်တန်းသား၊ သင်တန်းသူများအား ဂျူတီကုတ်နှင့် ဦးဆောင်းများအပ်နှင်းချီးမြှင့်သည်။ ဆက်လက်၍ ကျောင်းအုပ်ဆရာမကြီးဦးဆောင်သော ဆရာ၊ဆရာများနှင့်သင်တန်းသား၊ သင်တန်းသူများအဖွဲ့က လက်ဆင့်ကမ်းဆီမီးအလင်းရောင်ထွန်းညှိခြင်းနှင့် သူနာပြုသစ္စာအဓိဌာန်ရွတ်ဆိုပြီး "ဂရုဏာအလင်း" သီချင်းဖြင့် သီဆိုဖျော်ဖြေကြသည်။
ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက သင်တန်း၌ ထူးချွန်ဆုရရှိသူများအား ပညာရည်ချွန်ဆုများပေးအပ်ချီးမြှင့်ပြီး သူနာပြုနှင့်သားဖွားသင်တန်းကျောင်း(ပြည်)အတွက် ထောက်ပံ့လှူဒါန်းငွေကျပ်သိန်း ၃၀ကို ကျောင်းအုပ်ဆရာမကြီးထံပေးအပ်ကာ တက်ရောက်လာကြသူများကို သင်တန်းသား၊သင်တန်းသူများက သူနာပြုအဆင့်ဆင့်၏ ဝတ်စားဆင်ယင်မှုများအား သရုပ်ဖော်ပြသပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က သင်တန်းသား၊ သင်တန်းသူများကို ရင်းရင်းနှီးနှီးနုတ်ဆက်အားပေးစကားပြောကြားခဲ့ကြောင်းသိရသည်။
ဓါတ်ပုံ ကိုစိုး ပြန်ဆက်
ပြည့်သဲမောင်(ပြည်)09423671883
1 281
facebook Like page တွင်သတင်းများဖတ်လို့ရပါတယ် 🙏
သတင်းများအား အချိန်နှင့်တပြေးညီ ဖော်ပြပေး
နေပါတယ်... ပြည်ခရိုင်အတွင်း အထွေထွေသတင်း
များအား ဖတ်ရန်အောက်ပါ link ကိုLikeလုပ်ထား
ပါနော် 😍😍😍
https://www.facebook.com/profile.php?id=100069150257545&mibextid=ZbWKwL
1 281
မှော်ဇာကျေးရွာမှ မုဠောကျေးရွာသွားလမ်းတွင်
အမျိုးသားတစ်ဦးသေဆုံးနေ
ပဲခူးတိုင်းဒေသကြီး၊ပြည်မြို့နယ် ၊မှော်ဇာကျေးရွာ
မှ မုဠောကျေးရွာသို့သွားသည့်လမ်းတွင် အမျိုးသား
တစ်ဦးသေဆုံးနေကြောင်းသိရသည်။
အဆိုပါအမျိုးသားအလောင်းအား ၂၉ ရက်နေ့ညနေတွင် တွေ့ရှိရပြီးသေဆုံးသူ၏အလောင်း
အားဆေးရုံကြီး ရင်ခွဲရုံသို့ပို့ဆောင်ပေးပါရန်သက်
ဆိုင်ရာနယ်မြေ ရဲစခန်းမှအကူအညီတောင်းခဲ့ကြောင်း။
ထို့ကြောင့် ပြည်မြို့နယ်ပရဟိတကွန်ယက်မှ
ပျုနှလုံးသားပရဟိတအသင်းမှ သေဆုံးသူ
အလောင်းအား ကုတင် ၅၀၀ သို့ပို့ဆောင်ခဲ့
ကြောင်း။သေဆုံးသူ အမည် နေရပ်လိပ်စာ
နှင့်သေဆုံးရခြင်းမှာ ဓမ္မတာအတိုင်းသေဆုံး
ခြင်းဟုတ်/မဟုတ် အမှတ် (၃)နယ်မြေရဲစခန်း
မှ ဆက်လက်စစ်ဆေးလျှက်ရှိကြောင်းသတင်း
ရရှိသည်။
ပြည့်သဲမောင်(ပြည်)09423671883
1 281
ဖခင်နဲ့ အဆက်အသွယ်ပျက်ကာ လမ်းပျောက်နေသောကလေးအား ဖခင်ထံအပ်ပေး
၂၉ ရက်နေ့ နံနက် ၉ နာရီ ၃၀အချိန်
ခန့် ပြည်မြို့တွင် မျက်စိလည်ကာ မိ
ဘပျောက်နေသော အောင်လံမြို့
နယ် ကလုံမှော် မှ မအိမ့်ချစ်ဇော်
(ခ)အင်ကြင်းမွှေး (၆)နှစ်သမီးအား ဖခင်ဦးမျိုးမင်းဇော် အမဖြစ်သူ မဖူးပွင့်ဇော်ထံသို့ ပြည်မြို့နယ်ပရဟိ
တကွန်ယက် ပျုနှလုံးသားပရဟိတ
အသင်းမှ ညီအကိုများ၊ပန်းခြံလုံခြုံ
ရေးတာဝန်ခံအရာရှိနှင့်တပ်ဖွဲ့ဝင်များ၊နယ်မြေအမှတ်(၁)ရဲစခန်းမှ
တပ်ဖွဲ့ဝင်များက မိဘထံအပ်နှံပေးခဲ့ပြီဖြစ်ကြောင်း မိဘပြည်သူများထံတင်ပြအပ်ပါတယ်🙏
ပြည့်သဲမောင်(ပြည်)09423671883
1 281
အမျိုးသားအလောင်းတစ်လောင်းတွေ့ရှိ
ပဲခူးတိုင်းဒေသကြီး၊ပြည်ခရိုင်၊ပြည်မြို့ ၊ရွှေမြယာကျေးရွာချောင်းတွင် အမျိုးအလောင်းတစ်လောင်းရေထဲ၌ ပုတ်ပွနေသည်ကို ၂၈ ရက်နေ့ ညနေတွင်တွေ့ရသည်ဟုဆို၏။
ထို့ကြောင့်အဆိုပါ ပုတ်ပွသေဆုံးသူအား စုံစမ်းရာအမည် မောင်ဇော် (၃၂)နှစ် ၄င်းရွာတွင်နေထိုင်သူဖြစ်ကြောင်း အရက်အသောက်များနေသူဖြစ်ပြီးနေအိမ်မှထွက်သွားကာယခုကဲ့သို့တွေ့ရကြောင်း သိရသည်။
ထိုကြောင့် အဆိုပါဖြစ်စဥ်အားနယ်မြေခံရဲတပ်ဖွဲ့မှအခင်းဖြစ်နေရာမှတ်တမ်းဓါတ်ပုံရိုက်ကူးခြင်း သေဆုံးမောင်ဇော်သေဆုံးမူသည် ဓမ္မတာတိုင်းသေဆုံးခြင်းရှိမရှိ စစ်ဆေးခြင်းများပြုလုပ်ခဲ့ပြီး ပြည်မြို့နယ်ပရဟိတကွန်ယက်မှ ပျုနှလုံးသားအသင်းက သေဆုံးသူအလောင်းအား ရယပြည်ဆေးရုံကြီး ရင်ခွဲရုံသို့ပို့ဆောင်ကူညီခဲ့ကြောင်း သတင်းရရှိသည်။
ပြည့်သဲမောင်(ပြည်)09423671883
1 281
၂၀၂၃-ခုနှစ် မိုးရာသီအကြိုသစ်ပင်စိုက်ပွဲကျင်းပ
ပြည်-အောင်လံကားလမ်း သစ်
တောကြိုးဝိုင်းဧရိယာအတွင်းမိုး
ရာသီအကြိုသစ်ပင်စိုက်ပွဲ အခမ်း
အနားအား ၂၈ ရက်နေ့ နံနက်တွင်ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါသစ်ပင်စိုက်ပျိုးပွဲအခမ်း
အနားသို့ ဌာနဆိုင်ရာများ၊ပရဟိ
တအဖွဲ့များ၊ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များနှင်ရပ်ကွက်နေပြည်သူ
များ၊တီတွတ်နယ်မြေ မီးသတ်စခန်းမှ တပ်ဖွဲ့ဝင်များပါဝင်ကာ သစ်ပင်စိုက်ပျိုးခဲ့ကြောင်းသိရသည်။
ပြည့်သဲမောင်(ပြည်)09423671883
1 281
"၂၀၂၃- ၂၀၂၄ပညာသင်နှစ် တိုင်းဒေသကြီးအဆင့် ကျောင်းအပ်နှံရေးနေ့အခမ်းအနား " ပြည်မြို့၌ ကျင်းပ
ပြည် မေ ၂၇
ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း)၏ ၂၀၂၃- ၂၀၂၄ပညာသင်နှစ် တိုင်းဒေသကြီးအဆင့် ကျောင်းအပ်နှံရေးနေ့အခမ်းအနားကို ယနေ့နံနက် ၉နာရီက ပြည်မြို့ အမှတ် (၁)အခြေခံပညာအထက်တန်း ကျောင်း၌ကျင်းပရာ ရှေးဦးစွာ ပြည်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးသိန်းအောင်၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီးဇော်နိုင်ထွန်း၊ ပြည်တက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာသက်လွင်နှင့် ပဲခူးတိုင်းဒေသကြီးပညာရေးမှူးရုံးခွဲ(ပြည်)မှ တိုင်းပညာရေးမှူး ဦးတင်ယုတို့က " တိုင်းဒေသကြီးအဆင့်ကျောင်းအပ်နှံရေးနေ့" မုခ်ဦးဆိုင်းဘုတ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်သည်။
ယင်းနောက် အခမ်းအနားကို အဆိုပါကျောင်း သိရီရတနာခန်းမ၌ ဆက်လက်ကျင်းပရာ အထက(၁) ပြည်မှ Grade-9 ကျောင်းသား၊ ကျောင်းသူလေးများ၏ "အနာဂတ်လူရည်မွန်" တေးသီချင်းဖျော်ဖြေမှုဖြင့် အခမ်းအနားစတင်ဖွင့်လှစ်ကာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးသိန်းအောင်က အဖွင့်အမှာစကားပြောကြားပြီး တိုင်းဒေသကြီးရုံးခွဲပညာရေးမှူးဦးတင်ယုက ကျောင်းအပ်နှံရေးနေ့ဆိုင်ရာလုပ်ငန်းများနှင့် အခြေခံပညာရေး၏ ရည်မှန်းချက်များအကြောင်းကိုရှင်းလင်းပြောကြားသည်။
အဆိုပါအခမ်းအနားတွင် ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း)ရှိ အခြေခံပညာကျောင်းများ၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများမှ ကျောင်းသား၊ကျောင်းသူများအတွက် ပညာရေးဝန်ကြီးဌာနက အခမဲ့ထောက်ပံ့ပေးအပ်သော ကျောင်းဝတ်စုံများ၊ ကျောင်းသုံးဗလာစာအုပ်များ၊ ပုံနှိပ်စာအုပ်များနှင့်စာရေးကိရိယာများကို တာဝန်ရှိသူများက သက်ဆိုင်ရာမြို့နယ်အလိုက် ပညာရေးဌာနတာဝန်ရှိသူများထံပေးအပ်ကြပြီး ပြည်မြို့ရှိ Nyan Zin Phyo Co.Ltd & Soft Guide Computer Center (1)Pyayမှ တာဝန်ရှိသူတစ်ဦးက ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း) အတွင်းရှိ ကျောင်းပြင်ပမူလတန်းပညာရေးစခန်းများနှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများမှ ကျောင်းသား၊ကျောင်းသူများအတွက် အလှူငွေကျပ်(၁၀)သိန်းနှင့် ကျောင်းသုံးဗလာစာအုပ်များ၊ ခဲတံများ လှူဒါန်းပေးအပ်ကာ တက်ရောက်လာသော တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများ၊ ကျောင်းသားမိဘ၊ ဆရာ/ဆရာမများအား အထက(၁)ပြည်မှ ကျောင်းသား၊ကျောင်းသူလေးများက တေးသီချင်းများဖြင့်ကပြသီဆိုဖျော်ဖြေကြကြောင်းသိရသည်။
သတင်းဓါတ်ပုံ ပြန်ဆက်
ပြည့်သဲမောင်(ပြည်)09423671883
1 281
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ ပြည်မြို့နယ်ရှိ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်MSMEs ကဏ္ဍ လုပ်ငန်းရှင်များထံသို့ မတည်ထောက်ပံ့ငွေများပေးအပ်
ပြည် မေ ၂၆
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ ပြည်မြို့နယ်အတွင်းရှိ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်MSMEs ကဏ္ဍလုပ်ကိုင်ဆောင်ရွက်သူ လုပ်ငန်းရှင်များထံသို့ မတည်ထောက်ပံ့ငွေများပေးအပ်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းက ပြည်ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ကျင်းပသည်။
ရှေးဦးစွာ ပြည်ခရိုင် နိုင်ငံ့စီးပွားမြှင့်တင်ရေးလုပ်ငန်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ပြည်ခရိုင်အုပ်ချုပ်ရေးမှူး ဦးသိန်းအောင်က အဖွင့်အမှာစကားပြောကြားပြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ပြည်ခရိုင်ဦးစီးမှူး ဦးငြိမ်းမြင့်ဇော်နှင့် စားသုံးသူရေးရာဦးစီးဌာနပြည်ခရိုင်ဦးစီးမှူး ဦးမင်းဆွေတို့က တက်ရောက်လာသော ပြည်မြို့နယ်အတွင်းရှိ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်MSMEs ကဏ္ဍလုပ်ငန်းရှင်များအား မတည်ထောက်ပံ့ငွေပေးအပ်ခြင်းနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးပြောကြားသည်။
ထို့နောက် ပြည်ခရိုင် နိုင်ငံ့စီးပွားမြှင့်တင်ရေးလုပ်ငန်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးသိန်းအောင်နှင့် ကတာဝန်ရှိသူများက ပြည်မြို့နယ်မှ MSMEs လုပ်ငန်းရှင်(၁၈)ဦးနှင့် စိုက်ပျိုး/မွေးမြူ ရေးလုပ်ငန်းရှင်(၆)ဦးတို့ထံ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ မတည်ထောက်ပံ့ငွေများကို ကဏ္ဍအလိုက် အသီးသီးပေးအပ်သည်။
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် ပြည်မြို့နယ်တွင် "အသေးစား၊ အငယ်စားနှင့် အလတ်စား" MSMEsစီးပွားရေးလုပ်ငန်းများနှင့် စိုက်ပျိုးရေး၊ မွေးမြူရေးကဏ္ဍများ ပိုမိုဖွံ့ဖြိုးတိုးတက်ရေးအတွက် သက်ဆိုင်ရာကဏ္ဍအလိုက်တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများနှင့် လုပ်ငန်းရှင်များပူးပေါင်းဆောင်ရွက်လျက်ရှိပြီးအဆိုပါကဏ္ဍများဖွံ့ဖြိုးတိုးတက်လာ စေရန်ရည်ရွယ်၍ ယခုနှစ် ဇန်နဝါရီလ တတိယပတ်က ပြည်မြို့၌ MSMEsဒေသထုတ် ကုန်စည်ပြပွဲနှင့် Talk Show စကားဝိုင်းဆွေးနွေးပွဲတို့ကိုလည်း ကျင်းပဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ပြည့်သဲမောင်(ပြည်)09423671883
1 281
ပြည်မြို့၊ အေးငြိမ်းရာ ဘာသာပေါင်းစုံသုဿန်အတွင်း
စတုတ္ထအကြိမ်မြောက်
"အကျွတ်အလွတ်ပွဲနှင့်ဘုံအမျှဝေပွဲ
အထိမ်းအမှတ်ဆင်ယင်ကျင်းပအပ်သော
အထူးတရားပွဲ" ကြီး
အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက်
တရားပွဲကျင်းပရေးကော်မတီဥက္ကဌကိုယ်တိုင်
ကြီးကြပ်ကာ ပြည်မြို့နယ်တွင်းသို့
ကွင်းဆင်းကြော်ငြာနေပါပြီ...
ယနေ့မှစ၍ (၃) ရက်တိုင်တိုင်
တရားပွဲဖိတ်စာများဝေငှကာ
နေ့စဉ်ကြော်ငြာသွားမည်ဖြစ်ပါ၍
တရားချစ်ခင်သူတော်စင်များ
တရားနာကြွရောက်နိုင်ပါရန်နှင့်
မိမိတို့စေတနာ၊ သဒ္ဓါအလျောက်
ကုသိုလ်ပါဝင်နိုင်ပါကြောင်း
သတင်းကောင်းပါးရင်း
ကြေငြာအပ်ပါသည်။
📲ဆက်သွယ်လှူဒါန်းနိုင်ပါသည်📲
ဦးကြည်ထွန်း(တာရာလင်းရေခဲမုန့်)- 095163793
ဦးစိုးလှ(သစ်တောညွှန်မှူး-ငြိမ်း) 09765409319
ဦးမင်းမင်းထွန်း(ပျူနိုင်ငံစားဥယျာဉ်) 095311740
ဦးမောင်မောင်ဇော်(ခေတ္တရာသစ္စာ) 09250620250
ဦးအေးသန်း(RUBY) 095311413
ဦးသိန်းဇော်(ရွှေသွေး-သယ်/ပို့) 0942518506
https://m.facebook.com/story.php?story_fbid=970497324092381&id=100033963672889&mibextid=Nif5oz
