en
Feedback
NeutrinoPrep

NeutrinoPrep

Open in Telegram

Empowering students with IGCSE/IAL resources, university application and scholarship opportunities.

Show more
4 273
Subscribers
+124 hours
-107 days
-8530 days
Posts Archive
Science (Physics, Chemistry) Science က A level subjects တွေထဲမှာ အခက်ဆုံးနဲ့ ကျင့်သားရဖို့ အကြာဆုံး subject ပါ။ အကြောင်းရင်းက AS Science နဲ့ IGCSE Science က အရမ်းကွာလို့ပဲ ဖြစ်ပါတယ်။ ⚛️ Physics AS Physics ရဲ့ difficulty level က IGCSE Physics ထက် အများကြီး ပိုမြင့်ပါတယ်။ သင်ရတဲ့ topic တူတူ၊ theory တူတူကိုတောင် questions တွေမှာ apply လုပ်ရတာ အများကြီး ပိုခက်ပါတယ်။ Formulae တွေ ပိုများလာတဲ့အပြင် past paper မေးခွန်းတွေကို စဉ်းစားရတဲ့ပုံစံတွေပါ ပြောင်းလဲသွားတာပါ။ Calculations တွေဆိုရင်လည်း IGCSE တုန်းကလို substitute လုပ်တတ်ရုံနဲ့ မရတော့တာမို့လို့ formula ကိုပါ သေချာနားလည်ဖို့ လိုပါတယ်။ ဒါကြောင့်လဲ A level စတက်တဲ့ ကျောင်းသားတွေအနေနဲ့ စစချင်းမှာ စာလိုက်နိုင်ဖို့ efforts အများကြီး ပိုထည့်ရတာပါ။ နောက်တစ်ခုက marking scheme ရဲ့ ပုံစံပါ။ AS marking scheme က တစ်ခါတစ်လေဆို ကိုယ်မထင်မှတ်ထားတဲ့ အဖြေတွေ ပါပါတယ်။ စစချင်းဆို မေးခွန်းတွေနဲ့ ကျင့်သားမရသေးရင် marking scheme ကလဲ ဘယ်လို အဖြေမျိုး လိုချင်မှန်းမသိတော့ အမှတ်ရအောင် ဖြေတတ်ဖို့ ခက်ပါတယ်။ AS students တွေအတွက် motivation ကတော့ A2 Physics က AS Physics ထက် အများကြီး ပိုပျော်ဖို့ကောင်းပါတယ်။ 🤩 A2 topics တွေက ပိုစိတ်ဝင်စားစရာကောင်းပြီးတော့ marking scheme ကလဲ AS နဲ့ ယှဉ်ရင် သိပ်ပြီး လက်ပေါက်မကပ်ပါဘူး။ A2 ရောက်တဲ့အချိန်ဆို past papers မေးခွန်းတွေနဲ့ ကျင့်သားရနေပြီဆိုတော့ စာလုပ်ရတာလဲ ပိုအဆင်ပြေလာပါလိမ့်မယ်။ ဒါပေမဲ့ A2 ရောက်ပြီဆိုတိုင်း AS စာတွေကိုတော့ အကုန်မေ့ပစ်လို့ မရပါဘူး။ AS က concepts တွေကို ပြန်သုံးရတဲ့ အခန်းတွေ ရှိသလို၊ စာမေးပွဲမှာ ပြန်မေးတာမျိုးလဲ ရှိပါတယ်။ 🧪 Chemistry AS Chemistry က AS Physics လောက် IGCSE နဲ့ gap မကွာဟပေမဲ့ IGCSE Theory တွေ သေချာ နားလည်ထားခဲ့ဖို့လိုပါမယ်။ Chemistry ရဲ့ ထူးခြားချက်က သူက MCQ အပုဒ် ၂၀ ပါပြီး ခက်လည်း ခက်ပါတယ်။ အစပိုင်း MCQ လုပ်ရင် အရမ်းအမှားများတာက ကျောင်းသားတိုင်းအတွက် ပုံမှန်ပါဘဲ။ 😅 Practice များများရှိဖို့က အဓိကပါ။ AS မှာက 70% လောက်က IGCSE မှာ သင်ပြီးသား knowledge ကို အခြေခံတယ်ဆိုပေမဲ့ Calculation တွက်ရတာတွေ (E.g. Titration)၊ Theory Apply လုပ်တဲ့နေရာတွေမှာ စပြီး ခက်ခဲလာပါတယ်။ အထူးသဖြင့် Unit 2 မှာပါ။ A level Chemistry က အစပိုင်းမှာ မခက်ပေမဲ့ A2 ကျရင်တော့ သိသိသာသာ ခက်လာမှာပါ။ Theory တွေ၊ New concept တွေ ပိုများလာတော့ အမှတ်ရဖို့လည်း အရမ်းကြိုးစားရပါတယ်။ အဲ့တော့ Chemistry က overall A* ရဖို့ ခက်လာပါတယ်။ ဘာလို့လဲဆိုတော့ Overall A* ရဖို့က A2 အမှတ်အပေါ် 90% မူတည်နေလို့ပါ။ (Minimum score to get overall A* : 480/600 AND 270/300 in A2 Chemistry) တစ်ခုသတိထားရမှာက Chemistry မှာ A2 ရောက်ရင် AS က စာတွေကို မေ့ပစ်လို့မရပါဘူး။ Past paper question တွေထဲမှာ ပြန်မေးတာရှိသလို AS မှာ သင်ထားတဲ့ theory တွေကို ပြန် apply လုပ်ရမှာတွေ ရှိပါတယ်။ A level Chemistry အခု စယူတော့မယ် or ယူထားတယ်ဆိုရင်တော့ AS က concept တွေကို သေချာနားလည်အောင် လုပ်ထားတာက နောက်ပိုင်းကျရင် အကျိုးရှိမှာပါ။ AS ပြီးပြီဆိုရင်လည်း A2 မှာလဲ မပေါ့ပဲ သေချာကြိုးစားပါလို့ အကြံပေးပါတယ်။ 🙌 ⭐ ဒါတွေက A level subjects ရွေးနေတဲ့သူတွေနဲ့ A level တက်နေတဲ့ ကျောင်းသားတွေအတွက် ဘယ်ဘာသာက ဘယ်လိုရှိလဲဆိုတာ အကြမ်းဖျဉ်း သိရအောင် ရေးထားတာပါ။ ကိုယ့်အားသာချက်/အားနည်းချက်၊ ကိုယ်ကြိုက်တဲ့ ဘာသာရပ် စတာတွေပေါ် မူတည်ပြီး experience ကတော့ တစ်ယောက်နဲ့ တစ်ယောက် မတူပါဘူး။ ဘယ်ဘာသာရပ်ပဲ ယူထားယူထား အကောင်းဆုံး ကြိုးစားပြီးတော့ အနာဂတ် ရည်မှန်းချက်တွေ ဖြည့်စည်းနိုင်ပါစေလို့ ဆုတောင်းပေးပါတယ်။ 💕

A level က ခက်တယ်လို့ လူတိုင်း ပြောကြပေမဲ့ တိတိကျကျ ဘယ်လောက်ခက်ခဲတာလဲ။ ဒီ post မှာက Mathematics, Further Maths, Physics, Chemistry တို့ ယူမဲ့သူတွေအတွက် ဘာတွေ expect ထားရမလဲဆိုတာ ပြောသွားမှာပါ။ ➕ Pure Mathematics (P1, P2, P3, P4) AS pure maths က လွယ်ပါတယ်။ IGCSE FPM က တောင် သူ့ထက် ပိုခက်ပါတယ်။ အသစ်သင်ရတာလည်း နည်းနည်းပဲရှိတာပါ။ 90% လောက်က IGCSE FPM က စာတွေပါပဲ။ A2 ရောက်မှ new topics တွေ ပိုသင်ရတာပါ။ A2 Pure Maths က AS လောက် မလွယ်တော့ပေမဲ့ practice လုပ်တာများရင် အမှတ်ကောင်းကောင်းရဖို့ မခက်ပါဘူး။ Pure maths က A level မှာ 100 ရဖို့ အလွယ်ဆုံး unit ပါ။ ပြီးတော့ Mathematics မှာ A* ရဖို့က P3 နဲ့ P4 ပေါ်မှာပဲ မူတည်ပါတယ်။ P3+P4 ≥ 180 ဆိုရင် A* ထွက်ပါပြီ။ အဲ့ဒါကြောင့် Mathematics က A level မှာ A* ရဖို့ အလွယ်ဆုံး subject ပါ။ 🔥 🧮 Applied maths (statistics, mechanics, decision maths) Applied maths တွေ အကုန်လုံးရဲ့ တူတဲ့ အချက်က past papers မေးခွန်းတွေမှာ မေးနေကျ pattern ရှိတာပါ။ Past papers စစလုပ်ချင်းဆို အမှားတွေများပြီး အချိန်မမှီတာမျိုးတွေ ဖြစ်တတ်ပါတယ်။ လေ့ကျင့်တာများပြီး pattern ကို သိသွားရင် အများကြီး လွယ်သွားမှာပါ။ ဒါပေမဲ့ applied maths က full raw marks ရမှ full ums ရတာမို့လို့ pure maths လောက်တော့ 100 ရဖို့ မလွယ်ပါဘူး။ Mechanics Mechanics ဆိုတာ Physics ရဲ့ သင်္ချာပါ။ Mechanics 1 က Physics 1 နဲ့ ဆင်တူပါပဲ။ မတူတာက M1 က တွက်ပဲ တွက်ရတာပါ။ Open response questions မမေးပါဘူး။ အဲ့ဒါကြောင့် physics ယူတယ်ဆိုရင် M1 ကို AS မှာ ယူဖို့ အကြံပြုပါတယ်။ M1 သင်နေရင်း Physics u1 သင်ရင် physics calculations တွေပါ လွယ်သွားပါတယ်။ Physics concepts တွေ သေချာနားလည်ရင် M2 လဲ မခက်ပါဘူး။ M3 မှာတော့ physics u4 & u5 က topics တချို့ ပြန်ပါပါတယ်။ Statistics Statistics ရဲ့ မေးခွန်းတွေက pattern အတိုင်း မေးတာများပြီး တော်တော် repetitive ဖြစ်ပါတယ်။ အဲ့ဒါကြောင့်လဲ တချို့တွေအတွက် statistics က ပျင်းဖို့ကောင်းမှာပါ။ ဒါပေမဲ့ pattern recognition ကောင်းတဲ့သူအတွက်က statistics မှာ အမှတ်ကောင်းဖို့ မခက်ပါဘူး။ Past papers လေ့ကျင့်တာများရင်လဲ pattern က အလိုလိုသိသွားမှာပါ။ S2 က S1 ထက် ပိုစိတ်ဝင်စားစရာကောင်းပြီး full ums ရဖို့လဲ ပိုလွယ်ပါတယ်။ Decision Maths Decision Maths က Computer Science ရဲ့ သင်္ချာလိုမျိုးပါ။ Algorithms တွေ shortest/quickest route ရှာတာတွေ သင်ရပါတယ်။ Definitions မှတ်ရတာတွေလဲ ရှိပါတယ်။ Decision Maths က သင်္ချာထဲကဆိုပေမဲ့ တခြား သင်္ချာ units တွေနဲ့ တော်တော် ကွဲပြားပါတယ်။ သူ့ရဲ့ အဓိက မကောင်းတဲ့ အချက်က အချိန်မှီဖြေနိုင်ဖို့ ခက်တာပါ။ Exam series တိုင်းမှာလည်း trick question ၁ ပုဒ်လောက်ကတော့ အမြဲပါပါတယ်။ Question paper ၁ ခုလုံးကလည်း ရေးရတာထက် စဉ်းစားရတာက ပိုများပါတယ်။ ♾️ Further Mathematics Further Maths ကတော့ နာမည်အတိုင်းပဲ ရိုးရိုး maths နဲ့ အများကြီး ကွာပါတယ်၊ ပိုလဲခက်ပါတယ်။ သင်ရတဲ့ Topics တွေက ပိုခက်ပေမဲ့ တွက်လို့ကောင်းပါတယ်။ Further maths ၁ ဘာသာ ပိုယူရင် units ၆ ခု ပိုဖြေရမှာမို့လို့ A level တလျှောက် အမြဲ သင်္ချာပဲ တွက်နေရမှာပါ။ သင်္ချာတွက်ရတာ ကြိုက်တဲ့သူတွေအတွက်တော့ ကောင်းတာပေါ့။ 🫡 Further Pure Maths က တချို့ topics တွေက pure maths အခြေခံရှိထားဖို့ လိုတာမျိုးတွေ ရှိပါတယ်။ ဥပမာ FP2 က First Order Differential Equations အခန်း သင်ရင် P3/P4 က integration by substitution, integration by parts တွေကို ပြန်သုံးရမှာပါ။ ဒီမှာ တစ်ခုထည့်ပြောချင်တာက Further Maths က required subject မဟုတ်ပါဘူး။ Further Maths ကို မဖြစ်မနေယူရမယ်လို့ သတ်မှတ်ထားတဲ့ university တွေက လက်ချိုးရေလို့ရပါတယ်။ Oxford, Cambridge တို့လို့ တက္ကသိုလ်တွေပဲ တောင်းတာပါ။ Further Maths မယူထားပဲနဲ့လဲ engineering programs တွေ လျှောက်လို့ရပါတယ်။ ဒါပေမဲ့ ယူရင်တော့ ပိုကောင်းပါတယ်။ ဒါတွေက University မှာ ပြန်သင်ရမှာဆိုတော့ စာလိုက်နိုင်ဖို့ အများကြီး အထောက်အကူဖြစ်မှာပါ။ အကယ်၍ ကိုယ်က further pure maths ယူချင်တယ်၊ ဒါပေမဲ့ statistics တွေ mechanics တွေ အများကြီး ထပ်မလုပ်ချင်ဘူးဆိုရင် Maths + FM မယူပဲ Pure Mathematics ၁ ဘာသာတည်းကို ယူလို့ရပါတယ်။ Pure Maths မှာက P1, P2, P3, P4, FP1, FP2 (or) FP3 ဖြေရမှာပါ။ Pure Mathematics မှာ A* ရဖို့က P3 + P4 + FP2/3 ≥ 270 ရဖို့လိုပါတယ်။

photo content

October 2026 Edexcel IGCSE Exam Fees
+4
October 2026 Edexcel IGCSE Exam Fees

October 2026 IAL Edexcel Fees
+3
October 2026 IAL Edexcel Fees

Edexcel International A level ရဲ့ Grading System နဲ့ Cash-in အကြောင်း A level မှာ အမှတ်က raw mark နဲ့ UMS နဲ့ဆိုပြီး ၂ မျိုး ရှိပါတယ်။ ကိုယ်စာမေးပွဲဖြေပြီးရတဲ့ အမှတ်က raw mark လို့ခေါ်ပါတယ်။ အဲ့ဒီ raw ကို စာမေးပွဲမေးခွန်းရဲ့ difficulty အရ တခြား exam series တွေနဲ့ မျှတအောင် convert ပြန်လုပ်ပေးပါတယ်။ အဲ့ convert လုပ်လိုက်တဲ့ အမှတ်ကို ums လို့ ခေါ်ပါတယ်။ ဥပမာ ကိုယ့် series က ပိုခက်လို့ raw marks တွေ နည်းနေတယ်ဆိုရင် ums ပြောင်းပြီးရင် ပြန်များသွားတာမျိုးပါ။ Raw to ums convert ချင်ရင် Pearson website မှာ convert လို့ရပါတယ်။ ⚠️ Certificate တွေ အမှတ်စာရင်းတွေမှာ ums ပဲ ရေးပေးမှာပါ၊ raw mark မရေးပေးပါဘူး။ တက္ကသိုလ်တွေကလဲ ums ကိုပဲ ကြည့်တာပါ။ OPLA award ကလဲ ums ပေါ်ပဲ မူတည်တာပါ။ A level subjects တွေ တော်တော်များများက ၁ ဘာသာမှာ 6 units ဖြေရပါတယ်။ Example: maths, pure maths, further maths, physics, chemistry, biology, etc. 6 units ဖြေရတဲ့ subjects တွေက AS မှာ 300 marks, A2 မှာ 300 marks, စုစုပေါင်း 600 marks ဖြေရမှာပါ။ အဲ့တော့ အမှတ်ကောင်းချင်ရင် AS ရော A2 ရော ကောင်းဖို့ လိုပါတယ်။ ဒါပေမဲ့ overall A* ရဖို့ကတော့ A2 က ပိုအရေးကြီးတာပါ။ စုစုပေါင်းအမှတ် 480/600 နဲ့ အထက်ရရမဲ့အပြင် A2 မှာပါ 270/300 နဲ့ အထက်ရမှ A* ရတာမို့လို့ပါ။ အကယ်၍ total 480/600 ရပေမဲ့ A2 မှာ 270/300 မရရင်တော့ A ပဲ ရမှာပါ။ ခြွင်းချက်ကတော့ Mathematics ပါ။ Mathematics မှာက overall A* ရဖို့အတွက် စုစုပေါင်းအမှတ် အနည်းဆုံး 480/600 AND P3+P4 ကို အနည်းဆုံး 180/200 ရဖို့ပဲ လိုပါတယ်။ IT, CS, Economics, Business တို့လို 4 units ပဲ ဖြေရတဲ့ ဘာသာတွေလဲ ရှိပါတယ်။ သူတို့ကတော့ AS မှာ 200 marks, A2 မှာ 200 marks နဲ့ စုစုပေါင်း 400 marks ဖြေရမှာပါ။ Total 320/400 နဲ့ A2 units တွေမှာ 180/200 ရရင် A* ရပါပြီ။ 📌 Results ထွက်တဲ့နေ့ဆို Statement of Provisional Results ဆိုပြီး အမှတ်တွေ ရေးထားတဲ့ စာရွက်လေး အရင်ရမှာပါ။ အဲ့စာရွက်ပေါ်မှာ ပုံမှန်ဆို ကိုယ်ဖြေတဲ့ unit ၁ခုချင်းရဲ့ အမှတ်ပဲ ရေးထားမှာပါ။ Subject ၁ ခုလုံးရဲ့ စုစုပေါင်းအမှတ်နဲ့ overall grade ကိုပါ ရေးထားစေချင်ရင် exam registration လုပ်တည်းက cash-in လုပ်ထားဖို့ လိုပါတယ်။ Cash-in လုပ်ထားမှ Pearson ကလဲ အဲ့ series အတွက် certificate ထုတ်ပေးမှာပါ။ ဒါကြောင့် ကိုယ်နောက်ဆုံးဖြေတဲ့ exam series မှာ cash-in လုပ်ဖို့ မမေ့ပါနဲ့နော်။ Cash-in မလုပ်မိရင်လဲ နောက်မှ late cash-in လုပ်လို့ရပါတယ်။ ဒါပေမဲ့ fee တစ်ခုတော့ ထပ်ပေးရမှာပါ။ တကယ်လို့ ကိုယ်က resit ပြန်ဖြေဖို့ စိတ်ကူးရှိတယ်၊ certificate မထုတ်ချင်သေးဘူးဆိုရင်တော့ cash-in မလုပ်သေးလဲ ရပါတယ်။ Grading Scale ကို ပုံမှာ ကြည့်လို့ရပါတယ်။ [OPLA အကြောင်း အသေးစိတ်] https://t.me/Neutrino_Prep2/417 [UMS Converter] https://qualifications.pearson.com/en/support/support-topics/results-certification/understanding-marks-and-grades/converting-marks-points-and-grades.html

photo content

Edexcel A-level တက်ရင် တကယ်တမ်း ဘယ်လောက်လောက် ကုန်ကျတာလဲ အရင်ဆုံး ကျောင်းလခက စပါမယ်။ Yangon က ကျောင်းတော်တော်များများက ၁ ဘာသာကို ၂ သိန်း - ၃ သိန်း တောင်းပါတယ်။ Tuition ယူပြီး Teacher/lecturer နဲ့ one on one သင်မယ်ဆိုရင် ၁ လကို ၅ သိန်းဝန်းကျင် ရှိပါတယ်။ Group class ဆိုရင်တော့ ၁ သိန်းခွဲ - 2 သိန်း လောက်ပါ။ Seniors တွေရဲ့ guide classes တွေကတော့ one on one ဆို ၂ သိန်းအောက်နဲ့ group class ဆိုရင် ၁ သိန်း ဝန်းကျင်ပါ။ ဘာသာရပ်ပေါ်မူတည်ပြီး ဈေးမတူတာမျိုးလဲ ရှိပါတယ်။ ယူတဲ့သူနည်းတဲ့ subjects တွေဆို ပိုဈေးကြီးတတ်ပါတယ်။ Exam fees စာမေးပွဲကြေးက အခုလောလောဆယ်တော့ Maths နဲ့ Science subjects တွေက 1 unit ကို $68 ဝန်းကျင်ပါ။ 3 ဘာသာ (18 units) ဖြေမယ်ဆို $1224 (ကျပ်သိန်း ၅၀ လောက်) ကျမှာပါ။ Business, Economics နဲ့ တခြား humanities subjects တွေကတော့ 1 unit ကို $91 ရှိပါတယ်။ (အောက်က British Council website link မှာ အသေးစိတ် ကြည့်နိုင်ပါတယ်။) Textbooks / past papers ဒါကတော့ ကျောင်းပေါ်မူတည်ပြီး တောင်းတဲ့ စာရွက်စာတမ်းကြေးက မတူကြပါဘူး။ Printing service တွေမှာတော့ textbook (black & white) ၁ အုပ်ကို ၁ သောင်း - ၃ သောင်း ဝန်းကျင် ရှိပါတယ်။ A level ပြီးသွားတဲ့ seniors တွေဆီက ပြန်ဝယ်ရင် ၁ သောင်းလောက်နဲ့ ရပါတယ်။ Past paper books တွေက အနည်းဆုံး ၃၀၀၀၀ လောက် ပေးရပါတယ်။ Pdf file နဲ့ ကြည့်တတ်ရင်တော့ ဒီစာအုပ်တွေက ဝယ်စရာမလိုပါဘူး။ NeutrinoPrep ရဲ့ telegram group မှာ textbook pdf files တွေကို ဘာသာရပ်အစုံအလင် အခမဲ့ download လုပ်လို့ရပါတယ်။ Hidden costs နောက်ထပ် ထပ်စဉ်းစားထားရမှာက ကိုယ်က ကျောင်းတက်နေရင်း စာနားမလည်လို့ tuition ထပ်ယူရင် ထပ်ကုန်မှာပါ။ အဲ့ဒါအပြင် exam မှာ အမှတ်မကောင်းလို့၊ ကိုယ်ကြိုက်တဲ့ အမှတ်မရလို့ resit ဖြေမယ်ဆို ထပ်ကုန်မဲ့ exam fees တွေ ရှိပါသေးတယ်။ ဒါတွေက A level ပြီးတဲ့ အထိပဲ ရှိသေးတာပါ။ University apply ဖို့ ထပ်‌ဖြေရမဲ့ exams တွေ ရှိပါသေးတယ်။ ဥပမာ IELTS ဆိုရင် အခုလောလောဆယ် $210 (computer based) ရှိပါတယ်။ ဒါကြောင့်မို့လို့ ဈေးကို ကွက်တိကြီး တွက်ထားလို့တော့မရပါဘူး။ Notes: အခုရေးထားတဲ့ ဈေးတွေက အချိန်နဲ့အမျှ ပြောင်းလဲနေတာမို့လို့ နောက်ပိုင်းဆိုရင် ဒီစျေးတွေက မမှန်ကန်တော့တာမျိုး ဖြစ်နိုင်ပါတယ်။ 2026 May/June Edexcel IAL exam fees: https://www.britishcouncil.org.mm/sites/default/files/pearson_edexcel_examination_fee_list_may_june_2026_1.pdf 🔗 Connect with us! Facebook https://www.facebook.com/NeutrinoPrep Telegram group https://t.me/Neutrino_Prep Telegram channel https://t.me/Neutrino_Prep2 Youtube https://www.youtube.com/@Neutrino_Prep

photo content

🇯🇵 ဂျပန်တက္ကသိုလ် KUAS ရဲ့ ကျောင်းလခ အခမဲ့ အပြင် လစဉ် stipend ပါပေးမဲ့ Scholarship ✨ KUAS ဆိုတာ Kyoto မြို့မှာရှိပြီး စာတွေ့ထက် လက်တွေ့ပိုင်းကို ဦးစားပေးတဲ့ private တက္ကသိုလ်ပါ။ Toyota Battery, Nidec တို့လို နာမည်ကြီး နည်းပညာ ကုမ္မဏီကြီးတွေနဲ့လည်း partnership ယူထားတာမို့လို့ ကျောင်းပြီးရင် အလုပ်အကိုင် အခွင့်အလမ်းလဲ ကောင်းပါတယ်။ KUAS မှာ English လို သင်တဲ့ Undergraduate Programs တွေ ရှိပါတယ်။ ဂျပန်စာမလိုတာမို့လို့ international students တွေ အများကြီး လာတက်ကြတာပါ။ • Engineering (Department of Mechanical and Electrical Systems Engineering) • Bioenvironmental Sciences • Business Administration ဒါ့အပြင် ကျောင်းဝင်ခွင့် လျှောက်ကတည်းက တစ်ခါတည်း တူတူ လျှောက်ထားလို့ရတဲ့ Scholarship တွေ ရှိပါတယ်။ 1️⃣ Super KUAS-E Scholarship ဒါကတော့ တကယ့် profile ကောင်းပြီး ထူးချွန်တဲ့ ကျောင်းသားတွေကိုပဲ ရွေးချယ်ပေးအပ်တာဖြစ်လို့ competitive ဖြစ်ပါတယ်။ Admission fee ရော၊ ကျောင်းလခရော 100% ကင်းလွှတ်ခွင့်ရမဲ့အပြင် တစ်နှစ်ကို ¥1,200,000 (တစ်လကို ¥100,000) stipend ပေးမှာပါ။ 2️⃣ KUAS-E Scholarship E Scholarship က type ၃ ခု ခွဲထားပါတယ်။ Type I: ကျောင်းဝင်ကြေးနဲ့ ကျောင်းလခ 100% ကင်းလွတ်ခွင့် Type II: ကျောင်းဝင်ကြေးနဲ့ ကျောင်းလခ 50% သက်သာခွင့် Type III: ကျောင်းဝင်ကြေးနဲ့ ကျောင်းလခ 30% or 20% သက်သာခွင့် 🌟 အပေါ်က scholarship တွေ မရခဲ့ရင်တောင် ကျောင်းတက်ရင်း GPA ကောင်းရင် ဒုတိယနှစ်ကစပြီး လျှောက်လို့ရတဲ့ KUAS Outstanding Scholarship ရှိပါတယ်။ GPA 3.8 ကျော်ရင် ၁ နှစ်စာ ကျောင်းလခ 100% ကင်းလွှတ်ခွင့်ပေးပြီး GPA 3.5 ကျော်ရင် ၁ နှစ်စာ ကျောင်းလခ 50% လျှော့ပေးပါတယ် ဒါဆိုရင် ကျောင်းလျှောက်ဖို့ ဘာတွေလိုလဲ? အထက်တန်းအောင်လက်မှတ်အတွက် A levels, IB, SAT/ACT, GED, Matriculation exam စတာတွေ လက်ခံပါတယ်။ SAT/ACT, GED တို့နဲ့ လျှောက်မယ်ဆိုရင် ၃ နှစ်အတွင်း ဖြေထားတာကိုပဲ လက်ခံမှာပါ။ English အတွက် IELTS academic band 6.0 or above လဲ ရှိဖို့ လိုပါတယ်။ အသေးစိတ်အတွက် university ရဲ့ official website မှာ ဖတ်ကြည့်လို့ရပါတယ်။ နောက်ထပ် ဒီလိုမျိုး university တွေနဲ့ scholarship တွေ အကြောင်းသိချင်ရင် follow လုပ်ထားဖို့ မမေ့ပါနဲ့နော်။ Official Website: https://www.kuas.ac.jp/en/ Application Guidelines: https://www.kuas.ac.jp/en/assets/pdf/admission/under/2027KUAS_application_guidelinesUG.pdf English Program: https://www.kuas.ac.jp/en/assets/pdf/admission/under/KUAS2027Prospectus.pdf 🔗 Connect with us! Facebook https://www.facebook.com/NeutrinoPrep Telegram group https://t.me/Neutrino_Prep Telegram channel https://t.me/Neutrino_Prep2 Youtube https://www.youtube.com/@Neutrino_Prep

photo content

IGCSE ပြီးလို့ နိုင်ငံခြားမှာ A-Level တက်မယ်ဆိုရင် ဘာတွေ ကြိုတင်ပြင်ဆင်ထားသင့်လဲ 1️⃣ သွားမဲ့နိုင်ငံနဲ့ တက်မဲ့ကျောင်း အရင်ဆုံးကတော့ ကိုယ့်ရဲ့ Budget နဲ့ အနာဂတ် plan ပေါ် မူတည်ပြီး ဘယ်နိုင်ငံမှာ သွားတက်မလဲဆိုတာ ဆုံးဖြတ်ရမှာပါ။ မြန်မာကျောင်းသား တော်တော်များများကတော့ ကိုယ့်နိုင်ငံနဲ့ သိပ်မဝေးတဲ့ Malaysia နဲ့ Thailand တွေကို အဓိက ရွေးကြပါတယ်။ Malaysia မှာဆိုရင် Taylor's, Sunway လို A-Level အတွက် နာမည်ကြီးတဲ့ colleges တွေနဲ့၊ ထိုင်းနိုင်ငံမှာလည်း English လို A level သင်တဲ့ International Schools တွေ ရှိပါတယ်။ နိုင်ငံရွေးပြီးရင်တော့ ကျောင်းတွေရဲ့ ပတ်ဝန်းကျင်၊ living expense နဲ့ ကျောင်းဖွင့်မယ့် Intake တွေကို ရှာကြည့်ရပါမယ်။ 2️⃣ ယူမဲ့ ဘာသာရပ် A-Level မှာက တက္ကသိုလ်မှာ ကိုယ်တက်မဲ့ major နဲ့ ကိုက်ညီမဲ့ ဘာသာ ၃၊ ၄ ခု ကိုပဲ အဓိကထား ယူရမှာပါ။ ဥပမာ - Engineering သွားမယ်ဆိုရင် Maths, Physics, Chemistry ကို တွဲယူရတာမျိုး၊ Medical ဖက်သွားမယ်ဆိုရင် Biology, Chemistry, Maths ယူရတာမျိုးပေါ့။ ဒါကြောင့် ကိုယ်က ဘယ်လိုင်းသွားမလဲဆိုတာ ကြိုစဉ်းစားထားရပါမယ်။ တချို့ university တွေက subject requirements တွေရှိတာမို့လို့ ကိုယ်တက်ချင်တဲ့ တက္ကသိုလ်တွေမှာ ဘယ်ဘာသာတွေကို မဖြစ်မနေပါရမယ်လို့ ကန့်သတ်ထားတာရှိလဲဆိုတာ ကြိုရှာထားတာ ကောင်းပါတယ်။ 3️⃣ စာရွက်စာတမ်း ကိုယ်တက်မဲ့ကျောင်းကို Application တင်ဖို့ လိုအပ်တဲ့ စာရွက်စာတမ်းတွေနဲ့ passport ကို အဆင်သင့်ပြင်ထားရပါမယ်။ ကျောင်းတော်တော်များများကတော့ IGCSE certificates တွေ တောင်းတတ်ပါတယ်။ 4️⃣ Financial Planning A-Level tuition fees တွေက ရွေးချယ်တဲ့ ကျောင်းနှင့် နိုင်ငံပေါ်မူတည်ပြီး ကွာခြားမှု ရှိပါတယ်။ Malaysia က Taylor's College မှာဆိုရင် USD $15,000 က စပါတယ်။ IGCSE မှာ results ကောင်းရင်တော့ merit-based scholarship ပေးတာမျိုးတွေ ရှိပါတယ်။ Tuition fees အပြင် အဆောင်၊ စားသောက်စရိတ်၊ ဗီဇာကြေးနဲ့ လေယာဉ်လက်မှတ်ခတွေကိုပါ ကြိုတွက်ထားဖို့ လိုပါတယ်။ 5️⃣ Mental Preparation နိုင်ငံခြားရောက်ရင် ပတ်ဝန်းကျင်ကစပြီး စာသင်တဲ့ပုံစံတွေအထိ အကုန်ပြောင်းသွားမှာမို့လို့ adapt လုပ်နိုင်ဖို့ လိုပါတယ်။ တစ်ယောက်တည်း မိဘနဲ့ခွဲပြီး နေထိုင်ရမှာ ဆိုတော့ basic life skills တွေ ကြိုသင်ထားဖို့ လိုပါတယ်။ နိုင်ငံစုံက students တွေ၊ မတူညီတဲ့ ယဉ်ကျေးမှု‌တွေနဲ့ ပတ်ဝန်းကျင်အသစ်မှာ အဆင်ပြေပြေ နေနိုင်အောင် mental preparation ရှိဖို့လည်း အရေးကြီးပါတယ်။ 🔗 Connect with us! Facebook https://www.facebook.com/NeutrinoPrep Telegram group https://t.me/Neutrino_Prep Telegram channel https://t.me/Neutrino_Prep2 Youtube https://www.youtube.com/@Neutrino_Prep

photo content

IGCSE ပြီးလို့ နိုင်ငံခြားမှာ A-Level တက်မယ်ဆိုရင် ဘာတွေ ကြိုတင်ပြင်ဆင်ထားသင့်လဲ 1️⃣ သွားမဲ့နိုင်ငံနဲ့ တက်မဲ့ကျောင်း အရင်ဆုံးကတော့ ကိုယ့်ရဲ့ Budget နဲ့ အနာဂတ် plan ပေါ် မူတည်ပြီး ဘယ်နိုင်ငံမှာ သွားတက်မလဲဆိုတာ ဆုံးဖြတ်ရမှာပါ။ မြန်မာကျောင်းသား တော်တော်များများကတော့ ကိုယ့်နိုင်ငံနဲ့ သိပ်မဝေးတဲ့ Malaysia နဲ့ Thailand တွေကို အဓိက ရွေးကြပါတယ်။ Malaysia မှာဆိုရင် Taylor's, Sunway လို A-Level အတွက် နာမည်ကြီးတဲ့ colleges တွေနဲ့၊ ထိုင်းနိုင်ငံမှာလည်း English လို A level သင်တဲ့ International Schools တွေ ရှိပါတယ်။ နိုင်ငံရွေးပြီးရင်တော့ ကျောင်းတွေရဲ့ ပတ်ဝန်းကျင်၊ living expense နဲ့ ကျောင်းဖွင့်မယ့် Intake တွေကို ရှာကြည့်ရပါမယ်။ 2️⃣ ယူမဲ့ ဘာသာရပ် A-Level မှာက တက္ကသိုလ်မှာ ကိုယ်တက်မဲ့ major နဲ့ ကိုက်ညီမဲ့ ဘာသာ ၃၊ ၄ ခု ကိုပဲ အဓိကထား ယူရမှာပါ။ ဥပမာ - Engineering သွားမယ်ဆိုရင် Maths, Physics, Chemistry ကို တွဲယူရတာမျိုး၊ Medical ဖက်သွားမယ်ဆိုရင် Biology, Chemistry, Maths ယူရတာမျိုးပေါ့။ ဒါကြောင့် ကိုယ်က ဘယ်လိုင်းသွားမလဲဆိုတာ ကြိုစဉ်းစားထားရပါမယ်။ တချို့ university တွေက subject requirements တွေရှိတာမို့လို့ ကိုယ်တက်ချင်တဲ့ တက္ကသိုလ်တွေမှာ ဘယ်ဘာသာတွေကို မဖြစ်မနေပါရမယ်လို့ ကန့်သတ်ထားတာရှိလဲဆိုတာ ကြိုရှာထားတာ ကောင်းပါတယ်။ 3️⃣ စာရွက်စာတမ်း ကိုယ်တက်မဲ့ကျောင်းကို Application တင်ဖို့ လိုအပ်တဲ့ စာရွက်စာတမ်းတွေနဲ့ passport ကို အဆင်သင့်ပြင်ထားရပါမယ်။ ကျောင်းတော်တော်များများကတော့ IGCSE certificates တွေ တောင်းတတ်ပါတယ်။ 4️⃣ Financial Planning A-Level tuition fees တွေက ရွေးချယ်တဲ့ ကျောင်းနှင့် နိုင်ငံပေါ်မူတည်ပြီး ကွာခြားမှု ရှိပါတယ်။ Malaysia က Taylor's College မှာဆိုရင် USD $15,000 က စပါတယ်။ IGCSE မှာ results ကောင်းရင်တော့ merit-based scholarship ပေးတာမျိုးတွေ ရှိပါတယ်။ Tuition fees အပြင် အဆောင်၊ စားသောက်စရိတ်၊ ဗီဇာကြေးနဲ့ လေယာဉ်လက်မှတ်ခတွေကိုပါ ကြိုတွက်ထားဖို့ လိုပါတယ်။ 5️⃣ Mental Preparation နိုင်ငံခြားရောက်ရင် ပတ်ဝန်းကျင်ကစပြီး စာသင်တဲ့ပုံစံတွေအထိ အကုန်ပြောင်းသွားမှာမို့လို့ adapt လုပ်နိုင်ဖို့ လိုပါတယ်။ တစ်ယောက်တည်း မိဘနဲ့ခွဲပြီး နေထိုင်ရမှာ ဆိုတော့ basic life skills တွေ ကြိုသင်ထားဖို့ လိုပါတယ်။ နိုင်ငံစုံက students တွေ၊ မတူညီတဲ့ ယဉ်ကျေးမှု‌တွေနဲ့ ပတ်ဝန်းကျင်အသစ်မှာ အဆင်ပြေပြေ နေနိုင်အောင် mental preparation ရှိဖို့လည်း အရေးကြီးပါတယ်။ 🔗 Connect with us! Facebook https://www.facebook.com/NeutrinoPrep Telegram group https://t.me/Neutrino_Prep Telegram channel https://t.me/Neutrino_Prep2 Youtube https://www.youtube.com/@Neutrino_Prep

Canada မှာ ကျောင်းသွားတက်ဖို့ စိတ်ကူးရှိလား? 🇨🇦 University ရွေးရင် ကျောင်းလခနဲ့ ကိုယ်နေမဲ့မြို့ရဲ့ အခြေအနေကလည်း အရမ်းစကားပြ
+9
Canada မှာ ကျောင်းသွားတက်ဖို့ စိတ်ကူးရှိလား? 🇨🇦 University ရွေးရင် ကျောင်းလခနဲ့ ကိုယ်နေမဲ့မြို့ရဲ့ အခြေအနေကလည်း အရမ်းစကားပြောပါတယ်။ ဒါကြောင့် နှစ်စဉ်ကျောင်းလခနဲ့ သိထားသင့်တဲ့ Facts တွေအပါအဝင် Canada ရဲ့ Top 10 Universities တွေကို စုစည်းပေးထားပါတယ်။ ဓါတ်ပုံ ၁ ပုံချင်းစီမှာ ဖတ်ကြည့်လို့ရပါတယ်။ 📌 Canada က တက္ကသိုလ်တွေက major တစ်ခုနဲ့တစ်ခု ကျောင်းလခ မတူပါဘူး။ Tech/Engineering majors တွေအတွက် tuition fee ပိုများတတ်ပါတယ်။ ကိုယ်တက်ချင်တဲ့ major ရဲ့ tuition fees အသေးစိတ်ကိုတော့ ကျောင်းတွေရဲ့ official website မှာ ဝင်ကြည့်နိုင်ပါတယ်။

photo content
+9

Canada မှာ ကျောင်းသွားတက်ဖို့ စိတ်ကူးရှိလား? 🇨🇦 University ရွေးရင် ကျောင်းလခနဲ့ ကိုယ်နေမဲ့မြို့ရဲ့ အခြေအနေကလည်း အရမ်းစကားပြောပါတယ်။ ဒါကြောင့် နှစ်စဉ်ကျောင်းလခနဲ့ သိထားသင့်တဲ့ Facts တွေအပါအဝင် Canada ရဲ့ Top 10 Universities တွေကို စုစည်းပေးထားပါတယ်။ ဓါတ်ပုံ ၁ ပုံချင်းစီမှာ ဖတ်ကြည့်လို့ရပါတယ်။ 📌 Canada က တက္ကသိုလ်တွေက major တစ်ခုနဲ့တစ်ခု ကျောင်းလခ မတူပါဘူး။ Tech/Engineering majors တွေအတွက် tuition fee ပိုများတတ်ပါတယ်။ ကိုယ်တက်ချင်တဲ့ major ရဲ့ tuition fees အသေးစိတ်ကိုတော့ ကျောင်းတွေရဲ့ official website မှာ ဝင်ကြည့်နိုင်ပါတယ်။

Edexcel IGCSE စာမေးပွဲဖြေမယ့်သူတွေ သိထားသင့်တဲ့ Linear vs Modular အကြောင်း Edexcel IGCSE မှာ linear စနစ်အပြင် modular စနစ်သစ်ပါရှိလာတော့ ဘယ်ပုံစံနဲ့ ဖြေရင် ကိုယ်နဲ့ ပိုအဆင်ပြေမလဲ၊ ဒီစနစ်နှစ်ခုရဲ့ ကွာခြားချက်၊ အားသာချက်/အားနည်းချက်တွေကို နားလည်လွယ်အောင် ရှင်းပြပေးသွားပါမယ်။ အရင်ဆုံး modular စနစ်ဆိုတာ လွယ်လွယ်ပြောရရင် units တွေကို ခွဲဖြေရတဲ့ စနစ်ပါ။ ဘာသာရပ်တစ်ခုလုံးကို တစ်ထိုင်တည်း အကုန်ဖြေရတာမျိုး မဟုတ်ဘဲ အပိုင်းလိုက်လေးတွေ ခွဲဖြေသွားရတာမျိုးပေါ့။ Pearson က ဒီ modular IGCSE စနစ်သစ်ကို 2024 May/June ကစလို့ ပထမဆုံး စာမေးပွဲတွေကို တဖြည်းဖြည်းချင်း ကျင်းပပေးခဲ့တာပါ။ အခုဆို Science နဲ့ Maths အထိပါ modular နဲ့ ဖြေလို့ရနေပါပြီ။ အဲ့‌တော့ linear နှင့် modular ဘယ်လိုကွာခြားတာလဲ။ Linear ဆိုတာ ၂ နှစ်ပတ်လုံး သင်ခဲ့သမျှ သင်ရိုးအကုန်လုံးကို exam series တစ်ခုတည်းမှာ တစ်ပြိုင်နက် ပေါင်းဖြေရတဲ့ စနစ်ပါ။ (Cambridge IGCSE က ဒီစနစ်အတိုင်း သွားတာပါ။) Modular မှာက သင်ရိုးကို Unit 1, Unit 2 ဆိုပြီး ခွဲထားပါတယ်။ Year 10 အပြီးမှာ Unit 1 ဖြေ၊ Year 11 ပြီးရင် Unit 2 ကို ဆက်ဖြေလို့ ရပါတယ်။ စာသင်နှစ် ၂ နှစ်အတွင်း ခွဲပြီး exam ဖြေလို့ရတဲ့ သဘောပါပဲ။ Modular ရဲ့ ကောင်းတာတွေက အဓိကက စိတ်ဖိစီးမှု သက်သာတယ်။ Exam series တစ်ခုတည်းမှာ စာတွေအပုံလိုက်ကြီး ကျက်ရမဲ့အစား workload ကို ခွဲထုတ်လိုက်လို့ pressure တော်တော်လေး လျော့သွားပါတယ်။ Unit အလိုက်လဲ resit ပြန်ဖြေခွင့်ရှိတယ်။ ဥပမာ Unit 1 မှာ ကိုယ်မှန်းသလောက် အမှတ်မရရင် အဲဒီ unit တစ်ခုတည်းကိုပဲ နောက် exam series မှာ ပြန်ဖြေပြီး အမှတ်မြှင့်လို့ ရပါတယ်။ Linear မှာဆိုရင်တော့ တစ်ဘာသာလုံး ပြန်ဖြေရမှာပါ။ မကောင်းတာကတော့ past papers နည်းသေးတာပါ။ ဒီစနစ်က အသစ်ဆိုတော့ modular ပုံစံနဲ့ ရင်းနှီးအောင် practice လုပ်ဖို့ past papers သိပ်မရှိသေးပါဘူး။ ဒါပေမဲ့ စာတွေကတော့ linear နဲ့ အတူတူပဲမို့ linear မေးခွန်းဟောင်းတွေကိုပဲ လေ့ကျင့်လို့ ရပါတယ်။ နောက်တစ်ခုက exam series တိုင်းမှာ ဖြေစရာ units တွေ ရှိနေတတ်လို့ တစ်နှစ်ပတ်လုံး စာမေးပွဲတွေချည်း ဖြေနေရသလို ခံစားရမှာပါ။ Exam Fees အတွက်က စုစုပေါင်းကုန်ကျမယ့် စာမေးပွဲကြေးကတော့ တူတူလောက်ပါပဲ။ ကွာတာက ပိုက်ဆံသွင်းရတဲ့ ပုံစံပါ။ Linear ဆိုရင် စာမေးပွဲဖြေခါနီးမှ တစ်ဘာသာလုံးစာအတွက် တစ်ခါတည်း အလုံးအရင်း သွင်းရပါတယ်။ Modular မှာက ကိုယ်ဖြေမယ့် unit အလိုက်ပဲ ခွဲသွင်းရတာမို့ မိဘတွေအတွက်လည်း တစ်ခါတည်း ငွေအများကြီး စိုက်ထုတ်ရမယ့် ဝန်ထုပ်ဝန်ပိုးကို လျော့ကျစေပြီး budget plan ချရတာ ပိုအဆင်ပြေပါတယ်။ Modular စနစ်ထဲ ရောက်ပြီဆိုရင် ဒီ term နှစ်ခုကိုလည်း မဖြစ်မနေ သိထားရပါမယ်။ UMS (Uniform Mark Scale) Exam series တစ်ခုနဲ့တစ်ခု difficulty level မတူတာကို မျှတအောင် ညှိပေးတဲ့ စနစ်ပါ။ ကိုယ်ရတဲ့ တကယ့် raw mark ကို standard အမှတ်တစ်ခုအနေနဲ့ ပြောင်းလဲတွက်ချက်ပေးတာ ဖြစ်ပါတယ်။ အောက်မှာ ပေးထားတဲ့ Pearson website link မှာ raw to ums ပြောင်းလို့ရပါတယ်။ [UMS converter] https://qualifications.pearson.com/en/support/support-topics/results-certification/understanding-marks-and-grades/converting-marks-points-and-grades.html Cash-in ကိုယ်ခွဲဖြေထားတဲ့ Unit အားလုံးရဲ့ အမှတ်တွေ ထွက်လာပြီဆိုရင် "cash-in" တောင်းရပါတယ်။ Cash-in လုပ်တယ်ဆိုတာ units အမှတ်တွေကို ပေါင်းပြီး Grade (9-1) ပြန်ထုတ်ပေးတာပါ။ နောက်ဆုံး အရေးကြီးဆုံး အချက် "တက္ကသိုလ်ဝင်ခွင့် လျှောက်ရင် ထိခိုက်နိုင်လား?" လုံးဝ လုံးဝ မထိခိုက်ပါဘူး။ ❌ UK အပါအဝင် ကမ္ဘာတစ်ဝှမ်းက ဘယ်တက္ကသိုလ်မဆို linear နဲ့ ဖြေလာတဲ့ အမှတ်နဲ့ modular နဲ့ ရလာတဲ့ အမှတ်ကို တန်းတူ အသိအမှတ်ပြုပါတယ်။ တက္ကသိုလ်တွေက ကိုယ်ရတဲ့ final grade ကိုပဲ ကြည့်မှာဖြစ်လို့ ဘယ်လိုစနစ်နဲ့ ဖြေခဲ့ဖြေခဲ့ ခွဲခြားဆက်ဆံမှာ မဟုတ်ပါဘူး။ ✅ အဲ့တော့ အနှစ်ချုပ်ရရင် စာတွေကို တစ်ခါတည်း အပြီးဖြတ်ရတာ ကြိုက်တဲ့သူဆိုရင် Linear က ပိုကိုက်ပါလိမ့်မယ်။ အကယ်၍ စာမေးပွဲဖိအားကို ခွဲဝေချင်တယ်၊ အမှတ်မကောင်းရင် ပြန်ဖြေဖို့ second chance ချန်ထားချင်တယ်ဆိုရင်တော့ modular စနစ်က ပိုအဆင်ပြေမှာပါ။ 🔗 Connect with us! Facebook https://www.facebook.com/NeutrinoPrep Youtube https://www.youtube.com/@Neutrino_Prep

photo content

A level ကို homeschool လုပ်သင့်လား ကျောင်းတက်သင့်လား A-Level တက်ဖို့ ပြင်ဆင်နေတဲ့ ကျောင်းသားတွေနဲ့ မိဘတွေကြားထဲမှာ အမြဲလိုလို စဉ်းစားရခက်တဲ့ မေးခွန်းက “ကျောင်းပဲ တက်ရမလား၊ homeschool ပဲ လုပ်ရမလား” ဆိုတာပါပဲ။ လမ်းကြောင်းနှစ်ခုလုံးမှာ သူ့အားသာချက်၊ အားနည်းချက်တွေ ရှိပါတယ်။ ကိုယ်နဲ့ ဘယ်လမ်းက အဆင်ပြေမလဲဆိုတာ ဆုံးဖြတ်လို့ရအောင် pros and cons တွေ ယှဉ်ပြထားပါတယ်။ 🏡 Homeschooling ✨ Pros Homeschooling ရဲ့ အကောင်းဆုံး အချက်က teachers ကို စိတ်ကြိုက်ရွေးလို့ရတာပါ။ ကိုယ့်ရဲ့ learning style နဲ့ ကိုက်ညီမဲ့ teachers တွေကို ဘာသာရပ်အလိုက် စိတ်ကြိုက်ရွေးချယ် သင်ယူနိုင်တယ်။ ဆရာနဲ့ အချိန်ညှိပြီး တက်ရတာမို့ timetable လည်း ပိုပြီး flexible ဖြစ်ပါတယ်။ Private class or One-on-One ပုံစံမျိုး သင်ရတာများလို့ teacher ဆီကနေ individual attention ပိုရပါတယ်။ နောက်ထပ် ကောင်းတာတစ်ခုက ကိုယ်က fast learner ဆိုရင် ကျောင်းက Syllabus အတိုင်း စောင့်နေစရာမလိုဘဲ ကိုယ့် pace နဲ့ ကိုယ် စာတွေကို အမြန်ဖြတ်ပြီး စာမေးပွဲ စောစောဖြေလို့ရပါတယ်။ ဒါကြောင့် A level ကို standard duration (2 years) မတက်ပဲ မြန်မြန်ပြီးချင်တဲ့သူတွေအတွက် အဆင်ပြေပါတယ်။ ⚠️ Cons ကိုယ့်မှာ A level teachers တွေနဲ့ သိတာမျိုး မရှိရင် ဆရာရှာရတာ ခက်ပါတယ်။ ဘယ်ဆရာက ကိုယ်နဲ့ အဆင်ပြေမလဲဆိုတာ ကြိုသိဖို့ခက်ပြီး လိုက်ရှာရတာ အချိန်ကုန်သလို တာဝန်လည်း ကြီးပါတယ်။ တကယ်လို့ ရွေးလိုက်တဲ့ဆရာနဲ့ ကိုယ်က အဆင်မပြေလို့ ဆရာအသစ်ပြန်ရှာရမယ်ဆိုရင် အချိန်ကြာသွားပြီး စာမေးပွဲဖြေမယ့် Session ကိုပါ နောက်ရွှေ့ရတာမျိုး ဖြစ်သွားနိုင်ပါတယ်။ A Level ပြီးလို့ တက္ကသိုလ်လျှောက်တဲ့အခါ လိုအပ်တဲ့ Official Documents တွေကို ကိုယ်တိုင်လိုက်လုပ်၊ လိုက်တောင်းရတာ ခက်ပါတယ်။ တချို့ university တွေက documents ကိစ္စနဲ့ပတ်သက်ပြီး strict ဖြစ်တာမျိုးလည်း ရှိတတ်ပါတယ်။ နောက်တစ်ခုက community မရှိတာပါ။ ကိုယ့်မှာ စာတူတူလုပ်မဲ့ classmates တွေ မရှိရင် peer pressure လည်းမရှိပါဘူး။ Peer pressure မရှိတာက တစ်ဖက်မှာ ကောင်းပေမဲ့ တစ်ဖက်မှာလဲ မကောင်းပါဘူး။ Socialize မလုပ်ရင် A level က ပျင်းစရာ ကောင်းလာတတ်ပါတယ်။ 🏫 Going to school ✨ Pros စာရွက်စာတမ်း ကိစ္စတွေအတွက် မပူရပါဘူး။ တက္ကသိုလ်လျှောက်ဖို့ လိုအပ်တဲ့ Official Documents တွေကို ကျောင်းကနေ အလွယ်တကူ တောင်းလို့ရပါတယ်။ Exam registration တွေလဲ ကိုယ်တိုင်လုပ်စရာ မလိုတော့ အလုပ်မရှုပ်ပါဘူး။ ကျောင်းက monthly exams တွေလဲ စစ်တာမို့လို့ final exam မဖြေခင် ကိုယ့်အခြေအနေ ကိုယ်ခန့်မှန်းနိုင်ပါတယ်။ နောက်တစ်ခုက ဒီလို tests တွေကြောင့် ဘယ်အချိန်မှာ စာဘယ်လောက်ရသင့်ပြီဆိုတာကိုလဲ သိနိုင်ပါတယ်။ Real Student Life နဲ့ Community ကတော့ ကျောင်းတက်တာရဲ့ main advantage ပါ။ ကိုယ့်သူငယ်ချင်းတွေနဲ့ စာတူတူလုပ်ရင်း high school life ကို ပုံဖော်နိုင်တာ ကျောင်းမှာပါ။ ဒါတွေက social skills လဲ တိုးတဲ့အပြင် peer pressure ကြောင့် စာလဲပိုလုပ်ဖြစ်ပါတယ်။ ⚠️ Cons ကျောင်းမှာဆို ကိုယ်နဲ့အဆင်ပြေတဲ့ subject လဲ ရှိသလို မပြေတာလဲ ရှိမှာပါ။ အဲဒီအခါမျိုးမှာ Self-study ပြန်လုပ်ရင်လုပ်၊ မလုပ်ရင် အပြင်မှာ Guide ပြန်ခေါ်ရတာမျိုးတွေကြောင့် ကုန်ကျစရိတ် ပိုများသွားနိုင်ပါတယ်။ A-Level အတန်းတွေက ပုံမှန်ဆို လူနည်းတတ်တယ်ဆိုပေမယ့် Maths လို လူယူတဲ့လူများတဲ့ ဘာသာရပ်တွေမှာ class size ကြီးတတ်တာမို့ teacher ရဲ့ individual attention သိပ်ရမှာ မဟုတ်ပါဘူး။ Class နဲ့ သင်တာရဲ့ မကောင်းတာ နောက်တစ်ချက်က တစ်ခါတလေ သူများကို စောင့်နေရမှာပါ။ ဥပမာ အတန်းထဲမှာ ကိုယ်နားလည်ပြီးသား အခန်းကို revision ပြန်နေတာမျိုးဆို စောင့်ရတာ နည်းနည်း ပျင်းစရာကောင်းတတ်ပါတယ်။ 📌 Advice • A level မတက်ခင် ကိုယ်သွားချင်တဲ့နိုင်ငံ၊ ကိုယ်လျှောက်ချင်တဲ့ တက္ကသိုလ်ရဲ့ requirements တွေကို ကြိုကြည့်ထားပါ။ • Homeschool လုပ်မဲ့သူတွေကလည်း Private Candidates အနေနဲ့ British Council ကနေ စာမေးပွဲအတွက် register လို့ရပါတယ်။ 🔗 Connect with us! Facebook https://www.facebook.com/NeutrinoPrep Youtube https://www.youtube.com/@Neutrino_Prep