𝗙𝗲𝗲𝗹 𝘄/ 𝗨𝘀
Open in Telegram
* ˚ ✦ 𝖶𝖺𝗋𝗆𝗅𝗒 𝖶𝖾𝗅𝖼𝗈𝗆𝖾 𝗍𝗈 𝗈𝗎𝗋 𝖼𝗈𝗆𝖿𝗈𝗋𝗍 𝗓𝗈𝗇𝖾 ✦ ˚ * ᴄʜ ᴅᴀᴛᴇ ↝ sᴇᴠᴇɴᴛᴇᴇɴᴛʜ • ᴍᴀʏ • ᴛᴡᴇɴᴛʏ-ᴛᴡᴇɴᴛʏ ᴛᴡᴏ
Show more410
Subscribers
-124 hours
-27 days
-230 days
Posts Archive
410
အချစ်ဆီ လျှောက်လှမ်းလာတဲ့ လမ်းခုလတ်မှာ
အလွမ်းတွေဟာ ယိုဖိတ်လျက်
အကြင်နာတွေဆိုတာဟာ ပြည့်လျှံလို့
မြင်"သမျှဟာ မြတ်နိုးဖွယ်အတိ။
#𝐍𝐊𝐡𝐚𝐭𝐚𝐫
410
မတည်မြဲခြင်း တရားတွေကြားမှ
ဖြစ်တည်လာတဲ့ သယောဇဉ်ကြိုးလေးကိုတော့
ခိုင်မြဲစေချင်တာ အမှန်ပါ အချစ်ရယ်။
#𝐍𝐊𝐡𝐚𝐭𝐚𝐫
410
တခဏတာ နီးစပ်သွားတဲ့ ဆက်ဆံရေးထက်
အဝေးကပဲ ငေးကြည့်ခဲ့ရတဲ့ အချိန်တွေက
ပိုကြည်နူးဖို့ကောင်းခဲ့တာတော့ အမှန်ပဲ ခင်ဗျားရယ်။
#𝐍𝐊𝐡𝐚𝐭𝐚𝐫
410
နီးစပ်ပြီးမှ ထပ်ဝေးသွားရဦးမယ်ဆို
ကျွန်တော့်ဘဝထဲကို အစတည်းက
မဝင်လာခဲ့ပါလား ခင်ဗျားရယ်။
#𝐍𝐊𝐡𝐚𝐭𝐚𝐫
410
တစ်ချိန်က အပြန်အလှန်စကားတွေပြောရင်း
Notiသံတွေ ညံနေခဲ့တဲ့ conversation လေးက
အခုတော့ တိတ်လို့ ဆိတ်လို့ပါလား ခင်ဗျားရယ်။
#𝐍𝐊𝐡𝐚𝐭𝐚𝐫
410
ပစ္စည်းတခုခုပျောက်ရင်
နေရာတစ်နေရာကိုပဲ မရှိမှန်းသိလျက်
ထပ်ထပ်ရှာနေမိတာမျိုး ဖြစ်ဖူးလား။
ငါလည်း မင်းကို ထို့အတူပါပဲ။
- ဘုန်းပြည့်စုံမင်း -
410
ဒီတစ်ခါတော့ ငါကိုယ်တိုင်ပဲ မင်းနဲ့ဝေးရမယ့်လမ်းကို ရွေးမယ် ။
မချစ်လို့ မဟုတ်ဘူးနော်ဆိုတဲ့စကားကို
မသုံးတော့ပါဘူး
မင်းကို သိပ်ချစ်တယ်ဆိုတဲ့စကားကို
အကြိမ်ကြိမ် သုံးခဲ့ပြီးသားဖြစ်သလို
မင်းယုံကြည်လာအောင်
မင်းလက်ခံလာအောင်
အကြိမ်ကြိမ်လဲ ကြိုးစားခဲ့ပြီးသားပါ ။
အဆင်ပြေသွားမှာပါဆိုပြီး
သည်းခံနေတဲ့ရက်တွေက
လွန်မြောက်ချင်ပြီ
တစ်နေ့နေ့ပေါ့ဆိုပြီး
မျှော်လင့်နေရတဲ့ ဘ၀တွေက
ကျော်လွန်သွားချင်ပြီ
ပြီးတော့ ...
မင်းနဲ့ နီးစပ်အောင်
မာနတွေ သိက္ခာတွေ အားလုံးကိုလဲ
ချနင်းခဲ့ ပြီးသွားပြီ
ဒါတောင် အားလုံး ပြီးသွားတာတောင်
နောက်ဆုံး မင်းက
ငါနဲ့ ဝေးရမယ့်လမ်းကိုပဲ ရွေးတယ်
ဒီတစ်ခါတော့
ငါကိုယ်တိုင်ပဲ မင်းနဲ့ဝေးရမယ့်လမ်းကို
ရွေးမယ် ။
#ကျေးကို
410
တောင်းပန်ပါတယ် မရွှေရယ်
နောက်ဆိုရင် မြောင်းရေ နဲ့
ရွှေငါးမွေးချင်တဲ့ စိတ်ကလေးကို ပြင်ပါ့မယ် ။
-နှောင်
410
နာကျင်ရပါတယ်ဆိုပြီး
မင်းဆီအရင်ဆုံးပြေးတိုင်ချင်တာ
နာကျင်အောင်လုပ်တဲ့သူက
မင်းဖြစ်နေတယ်။ ။
