en
Feedback
ချိုမိုင်မိုင် ယင်းမာပင်မြို့နယ် မဟာမိတ်တပ်ပေါင်းစု

ချိုမိုင်မိုင် ယင်းမာပင်မြို့နယ် မဟာမိတ်တပ်ပေါင်းစု

Open in Telegram

အရေးတော်ပုံအောင်ရမည်။

Show more
302
Subscribers
-124 hours
-47 days
-930 days
Posts Archive
မုံရွာ-ယာကြီး-ကလေးဝလမ်းပိုင်းရှိ စစ်ကောင်စီ ဆက်သွယ်ရေးစခန်းသိမ်းတိုက်ပွဲသတင်း ×××××××××××××××××××××××××××××××××××× ကျနော်တို့ ချိုမိုင်မိုင် ယင်းမာပင်မြို့နယ်မဟာမိတ်တပ်ပေါင်းစုအနေနှင့်ဒေသတွင်းညီနောင်မဟာမိတ်အဖွဲ့များ စည်းလုံးညီညွတ်စွာ ဖွဲ့စည်းထားသော ULF(စစ်ကြောင်း)တွင် ပါဝင်သော အဖွဲ့ဖြစ်ပါတယ်။ မဟာမိတ်တပ်ဖွဲ့များနှင့်အတူမစ်ရှင်ဖော်ဆောင်ပီးတိုင်း ဒေသခံတပ်ဖွဲ့များ၊မိမိတို့ တပ်ပေါင်းစု(ULF)စစ်ကြောင်းရဲ့ သတင်းထုတ်ပြန်မှုကို စောင့်ပီးမှ သတင်းထုတ်ပြန်ရပါတယ်။ ဒါကလည်း မဟာမိတ်အဖွဲ့တေရဲ့ အချင်းချင်း သစ္စာစောင့်သိမှုတစ်ခုပါပဲ။ ဒါကြောင့် ကျနော်တို့ အဖွဲ့ရဲ့ တိုက်ပွဲသတင်းထုတ်ပြန်ချက် နောက်ကျလေ့ရှိပါတယ်။ လတ်တလော မုံရွာ-ယာကြီး-ကလေးဝလမ်းပိုင်းရှိ စစ်ကောင်စီတပ်သားများအထိုင်ချတပ်စွဲထားသော ဆက်သွယ်ရေးစခန်းသိမ်းတိုက်ပွဲမှာလည်း ကျနော်တို့တပ်ဖွဲ့ ပါဝင်တိုက်ခိုက်ခဲ့ပါတယ်။ အဲ့ဒီတိုက်ပွဲမှာ စစ်ကောင်စီဘက်မှ လေကြောင်းပစ်ကူအကြိမ်ကြိမ် ပစ်ကူပေးခဲ့သော်လည်း မိမိတို့ မဟာမိတ်တပ်ဖွဲ့များမှ ၂ရက်အကြာတိုက်ခိုက်ပီးသည့် နောက်မှာ စခန်းကို အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ပါတယ်။ စခန်းသိမ်းတိုက်ပွဲအတွင်း သုံးမြို့နယ်မဟာမိတ်တပ်ပေါင်းစု(ULF)၊ကနီမြို့နယ်ဒေသခံတပ်ဖွဲ့များ၊အမှတ်(၁)စစ်ဒေသ ယင်းမာပင်ခရိုင် တပ်ရင်း(၂) တို့မှ ပူးတွဲစစ်ဆင်ရေး ဖော်ဆောင်ခဲ့ကြပြီး တိုက်ပွဲအတွင်း မဟာမိတ်တပ်ဖွဲ့များမှ ရဲဘော်(၃)ဦး တိုင်းပြည်အတွက် အသက်ပေးလှူခဲ့ရပြီး ရဲဘော်(၈)ဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။ ကျနော်တို့ ချိုမိုင်မိုင် ယင်းမာပင်မြို့နယ် မဟာမိတ် တပ်ပေါင်းစုအနေဖြင့် စစ်အာဏာရှင် စနစ်အမြစ်ပျက်သည်အထိ တိုက်ခိုက်သွားမည်ဟု သစ္စာပြုပါသည်။

3.10.2023 သတင်းထုတ်ပြန်ကြေငြာချက် 3.10.2023ရက်နေ့ မနက်ခင်း6:00နာရီတွင် ကျွန်ုပ်တို့ချိုမိုင်မိုင် ယင်းမာပင်မြို့နယ် မဟာမိတ်တပ်ပေါင်းစုမှ ယင်းမာပင်မြို့နယ် မုံရွာ ပုသိမ်လမ်းဆုံအနီး အောင်ဇေယျအကျိုးအကန်းကုန်း၊စစ်ကောင်စီတပ်သားများ ခိုနားရာ သီတဂူကျောင်း၊ရဲတပ်ရင်း(၂၈) စစ်ကောင်စီတပ်စွဲထားရာPoint(3)ခုကြားထဲတွင် ဝင်ရောက်ပစ်ခတ်ရှင်းလင်းနိူင်ခဲ့ပါသည်။ ထိုသို့ပစ်ခတ်ရှင်းလင်းရာတွင် ဒုရဲအုပ်(၁)ယောက်၊ရဲတပ်ကြပ်(၂)ယောက် စုစုပေါင်း(၃)ယောက် ငရဲသို့ရောက်သွားပါသည်။ယခုmissionအား ကျွန်တော်တို့ရဲဘော်များနှင့်စစ်ကောင်စီတပ်သားသည်(7)meterအကွာအဝေး၊အထူးကွန်မန်ဒို(7)ယောက်၊တိုက်ပွဲကြာချိန် 7mins ဖြင့်သပ်သပ်ရပ်ရပ် ထိထိရောက်ရောက်လုပ်ဆောင်နိူင်ခဲ့ပါသည်။ယင်းmissionမှ စစ်ကောင်စီတပ်၏ G3 နှစ်လက်၊UZi တစ်လက်သိမ်းဆည်းရရှိခဲ့ပါသည်။ကျွန်ုပ်တို့ ချိုမိုင်မိုင် ယင်းမာပင်မြို့နယ် မဟာမိတ်တပ်ပေါင်းစုမှ ရဲဘော်များသည် ပြည်သူများပို့သသော မေတ္တာတရားများဖြင့် အထိအခိုက်မရှိပဲ လုံခြုံစိတ်ချရသောနေရာသို့ရောက်ရှိပါပီ။ စစ်ရေးအရှိန်မြင့်ရန်အတွက် ကြိုးစားနေပါသောကြောင့် ပြည်တွင်းပြည်ပရှိမိဘပြည်သူများအနေဖြင့် တတ်နိူင်သလောက်ပါဝင်ကူညီပေးကြပါအုံးဗျ။ ပြည်သူသာလျင် အမိအဖ

🙏မိဘပြည်သူများခင်ဗျာ🙏 ကျွန်ုပ်တို့ ချိုမိုင်မိုင် တော်လှန်ရေးအင်အားစု ၏ Facebook Page(အရင် Page အဟောင်း)သည် Facebook Policyများဖြင့်ငြှိ၍ Unpublished ဖြစ်သွားပါသဖြင့် ဆက်လက်အသုံးပြုရျ် မရနိုင်တော့ပါ။ ထို့ကြောင့် ယခုဖော်ပြပါ ချိုမိုင်မိုင် တော်လှန်ရေးအင်အားစု Page အသစ်မှ (https://www.facebook.com/profile.php?id=61551918142567&mibextid=ZbWKwL) ချိုမိုင်မိုင် ယင်းမာပင်မြို့နယ် မဟာမိတ်တပ်ပေါင်းစု ၏ စစ်ရေးလှုပ်ရှားမှုများ ၊ တပ် လှုပ်ရှားမှုသတင်းများနှင့် ကျွန်ုပ်တို့ ချိုမိုင်မိုင် တော်လှန်ရေးအင်အားစု၏ activity အားလုံးကို ဆက်လက်ဖော်ပြသွားမည်ဖြစ်ကြောင်း မိဘပြည်သူများထံ အသိပေးအကြောင်းကြားလိုက်ပါသည်။ ကျွန်ုပ်တို့ တော်လှန်ရေးဆိုင်ရာ Pageများသည် Facebook Policyများဖြင့် ငြှိ၍ Facebookစာမျက်နှာများ‌ပေါ်မှ ဖယ်ချခံနိူင်ရပါသောကြောင့် ကျွန်ုပ်တို့၏ ချိုမိုင်မိုင် ယင်းမာပင်မြို့နယ် မဟာမိတ်တပ်ပေါင်းစု(ယခုPageအသစ်)Pageအား (https://www.facebook.com/profile.php?id=61551918142567&mibextid=ZbWKwL) Like & Follow များ၊ share & review များပေးခြင်းဖြင့်ကူညီပေးကြပါအုံးခင်ဗျ။ ပြည်သူသည်သာလျင် အခရာအကျဆုံးဖြစ်ပါသည်။ မိဘပြည်သူများ ဘေးရန်ကင်းကြပါစေ။ အရေးတော်ပုံ မုချအောင်ရမည်။ Telegram Channel👇👇👇 https://t.me/cmmlpdf

သတင်းထုတ်ပြန်ကြေငြာချက် ရက်စွဲ။ ။ 11.9.2023 11.9.2023ခုနှစ် မနက် 10:00ဝန်းကျင်ခန့်တွင် ကျွန်ုပ်တို့ ချိုမိုင်မိုင် တော်လှန်ရေးအင်အားစုနှင့်Peacock Brother Local PDF တို့ပူးပေါင်းပီး ယင်းမာပင်မြို့နယ် စည်သူသစ်ကွင်းအနီး ဝန်းကျင်၌ စစ်ကောင်စီတပ်မှ Scout(စကောက်) လွှတ်လိုက်သော စစ်ကောင်စီတပ်သားတစ်ဦးအား ကျွန်ုပ်တို့၏ Scout(စကောက်)နှင့်တွေ့ရှိ၍ စစ်ဆေးမေးမြန်းရန်ဖမ်းဆီးစဉ် ၎င်းအကြမ်းဖက်တပ်သားသည် ထွက်ပြေးသွားသောကြောင့် လိုက်လံပစ်ခတ် ဖမ်းစီးရာအသေဖမ်းစီးရမိခဲ့ပါသည်။ #အာဏာရှင်စနစ်မုချကျဆုံးရမည်။

စစ်ရေးသတင်းထုတ်ပြန်ချက် ရက်စွဲ။ 7.9.2023 ယင်းမာပင်မြို့နယ် စည်သူသစ်ကွင်း၌ သစ်ခိုးထုတ်နေသော အင်အား (၁၀၀)ပါ စစ်ကြောင်းအား ကျွန်ုပ်တို့ ချိုမိုင်မိုင် တော်လှန်ရေးအင်အားစု နှင့်အတူ Union Liberation Front(ULF)၊ဒေသတွင်းမဟာမိတ်တပ်ပေါင်းစုများနှင့် ထိတွေ့တိုက်ပွဲ (၂)နာရီကျော်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ပါသည်။ တိုက်ပွဲဖြစ်စဉ်။ ယင်းမာပင်မြို့နယ် စည်သူသစ်ကွင်းအတွင်း သစ်ခိုးထုတ်နေသော အင်အား(၁၀၀)ပါ စစ်ကြောင်းသည် ယင်းမာပင်မြို့နယ်၊ကျောက်ကုန်းကျေးရွာ ဘုန်းကြီးကျောင်း(စည်သူသစ်ကွင်းအနီး)အတွင်းတွင် (၃)ရက်ကြာ တိုက်စွဲပြီး ၆.၉.၂၀၂၃ရက်နေ့ နံနက် (၈)နာရီအချိန်ခန့်တွင် ကျောက်ကုန်းရွာ အနောက်ဘက်တောပြင်သို့ထွက်လာစဉ် ကျွန်ုပ်တို့ချိုမိုင်မိုင် တော်လှန်ရေးအင်အားစု နှင့်အတူ Union Liberation Front၊ဒေသတွင်းမဟာမိတ်တပ်ပေါင်းစုများနှင့်ထိပ်တိုက်တိုးကာ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပါသည်။ တိုက်ပွဲကြာချိန် (၂)နာရီအတွင်း စစ်ကောင်စီတပ်သားများဘက်မှ အထိအခိုက်အကျအဆုံး(၁၅)ကောင်အထက်ရှိပီး မျက်မြင်သက်သေ (၃)ကောင်ကျပီး အတွင်းသတင်းများအရ (၂)ကောင်ထပ်မံ၍ ငရဲရောက်ကြောင်းသိရှိရပီး (၆)ကောင်နှင့်အထက် အကျိုးအကန်းဘဝသို့ရောက်ရှိသွားကြောင်းသိရှိရပါသည်။ တိုက်ပွဲဖြစ်ပွားပီးချိန်တွင် စစ်ကောင်စီတပ်သားဘက်မှ အထိနာ၍ အနောက်မြောက်တိုင်းစစ်ဌာနချုပ်မှ ဟောင်ဝှစ်ဇာလက်နက်ကြီးဖြင့်(၄)ကြိမ်တိတိ၊‌‌ ရွှေတောင်ဦးကုန်းအနီး အောင်ဇေယျအကျိုးကုန်းမှ 120mmများ ဖြင့် ပစ်ကူပေးခဲ့ပါသည်။ တော်လှန်ရေးအင်အားစုများမှ ရဲဘော်(၆)ဦး အသက်အန္တရာယ် (မစိုးရိမ်ရ)ဒဏ်ရာရရှိခဲ့ပြီး missionကိုအောင်မြင်စွာ ပြန်လည်ဆုတ်ခွာနိူင်ခဲ့ပါသည်။ ထိတွေ့missionမှ သိမ်းဆည်းရမိပစ္စည်းများမှာ- ၁။MA (1)နှစ်လက် ၂။MA (2)တစ်လက် ၃။5.56ကျည် (400)တောင့် ၄။ကျည်ဘောက် (17)ဘောက် ၅။icon 1 လုံး ၆။ဖုန်း(1)လုံး တို့ဖြစ်ပါသည်။ ၎င်းမစ်ရှင်ကို ချိုမိုင်မိုင် တော်လှန်ရေးအင်အားစုနှင့် ULF(တပ်ပေါင်းစု)မှ စစ်ကြောင်းမှူး ဗိုလ်နိုင်မင်း ဦးဆောင်ပြီး Comrade Column(CC)မှ နဂါးညီနောင်တပ်ဖွဲ့(DBTF)၊ ဗိုလ်မုတ်ဆိတ်တပ်ဖွဲ့၊ ဗျတ္တညီနောင်၊ ချင်းတွင်းတိုက်ဂါး(LPDF)၊ ဗိုလ်ထွန်းတောက်(LPDF) ၊ Chindwin Myay Division PDF(တပ်ခွဲ)၊ B Two Fighters၊ Bant Two၊ Alpha Column မှ ခွဲ(၁)Alpha Special Force၊ ခွဲ(၂)Triple Two Task Force၊ခွဲ(၃)Chindwin Galone Yarzar Gureilla၊ ခွဲ(၄)Monywa Truth Of Force၊ ခွဲ(၅)Yinmarbin Local PDF၊ KLG Column(တပ်ရင်း ၂၁၊၂၂၊၂၃) တို့အပြင် ဒေသမဟာမိတ်တပ်ဖွဲ့များဖြစ်သည့် ယင်းမာပင်ခရိုင်(တပ်ရင်း ၁/၂)၊ YMB Column၊ B 21 PDF(တပ်ရင်း ၁၇)၊ PDA(တပ်ရင်း ၃၅)၊ ဗိုလ်နှုတ်ခမ်းမွှေးတပ်ဖွဲ့ တို့မှ ပူးတွဲမစ်ရှင်ဆောင်ရွက်ခဲ့ပါသည်။

သတင်းထုတ်ပြန်ကြေငြာချက် 30.8.2023 ၁။ 29.8.2023ခုနှစ်တွင် ကျွန်ုပ်တို့ ချိုမိုင်မိုင် တော်လှန်ရေးအင်အားစု(ULF မဟာမိတ်တပ်ပေါင်းစု,Comrade Colum)နှင့်အတူမဟာမိတ်တော်လှန်ရေးအင်အားစုများမှ အင်းဖျားကျေးရွာထဲတွင် ပြည်သူ့ပစ္စည်းဥစ္စာများအား ဝင်ရောက်ခိုးယူနေသော အကြမ်းဖက်စစ်ကောင်စီတပ်သားများအား ဝင်ရောက်တိုက်ခိုက်ရှင်းလင်းခဲ့ရာ MA 11, Magazine 3ခု,ဖုန်း 3လုံး,ပိုက်ဆံ အချို့နှင့် တစ်ခြားသော ခွေးအသုံးအဆောင်ပစ္စည်းများအားသိမ်းဆည်းရရှိခဲ့ပါသည်။ယခုတိုက်ပွဲတွင် စစ်ကောင်စီတပ်သား(၇)ခန့်ငရဲသို့ရောက်ရှိသွားပီး အသေအပျောက်များသော စစ်ကောင်စီတပ်သားများမှ ကျောက်စစ်ပုံအမြောက်တပ်(အနောက်မြောက်တိုင်းစစ်ဌာနချုပ်)နှင့် ရွှေတောင်ဦးကုန်းအနီး အောင်ဇေယျအကျိုးအကန်းကုန်းမှ ဟောင်ဝှစ်ဇာ၊120mmစသည့် လက်နက်ကြီးများဖြင့် ပစ်ကူပေး၍ ဆုတ်ခွာပီး ကျောက်မှော်ကျေးရွာ၊ပန်းတိမ်ပြင်ကျေးရွာ၊သံပုရာပင်ရိုးရွာ၊အင်းဖျားရွာတို့အား မီးရှို့ဖျက်စီးခဲ့ပါသည်။ကျန်ုပ်တို့ တော်လှန်ရေးရဲဘော်များမှ တိုက်ပွဲအပီး စစ်ဘေးရှောင်သွားသောပြည်သူ၏ မေ့ကျန်ရှိခဲ့သော ဆိုင်ကယ်တစ်စီးအား ပြန်လည်ယူဆောင်နိူင်ခဲ့ပါသည်။ပြည်သူ၏ ပစ္စည်းများအား တိုက်ပွဲများပီးပါက ပိုင်ရှင်ထံသို့ ပြန်လည်ပေးဆောင်သွားမည်ဖြစ်ပါသည်။ ၂။ 6.8.2023ရက်နေ့မှ စတင် ယင်းမာပင်အရှေ့ခြမ်းအား စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်သားများအား 6.8.2023ရက်နေ့ မနက်ခင်း 7:30နာရီတွင်တစ်ကြိမ်၊ညနေ 3:30နာရီတွင်တစ်ကြိမ် 6.8.2023ရက်နေ့တွင် စုစုပေါင်း နှစ်ကြိမ်ထိ‌တွေ့မှုဖြစ်၍ စစ်ကောင်စီတပ်သားအကျအဆုံးများ၍ ကျောက်စစ်ပုံအမြောက်တပ်(အနောက်မြောက်တိုင်းစစ်ဌာနချုပ်)နှင့် ရွှေတောင်ဦးကုန်းအနီး အောင်ဇေယျအကျိုးအကုန်းကုန်းမှ ဟောင်ဝှစ်ဇာ၊120mmစသည့် လက်နက်ကြီးများဖြင့် ပစ်ကူပေးသဖြင့် ကျွန်ုပ်တို့ တော်လှန်ရေးအင်အားစုများမှ ရဲဘော်သုံးဦး တိုက်ပြည်အတွက် မြင့်မြတ်စွာအ‌သက်ပေး၍ ရဲဘော်တစ်ချို့ထိခိုက်ဒဏ်ရာရရှိခဲ့ပါသည်။ ၃။18.8.2023ရက်နေ့ ညနေ 3:30နာရီခန့်တွင် ယင်းမာပင် အရှေ့ခြမ်းတွင်စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်သား အင်အား (100)ခန့်သည် ကနီနယ် နွားခြံကုန်းကျေးရွာသို့ နယ်မြေချဲ့ထွင်ရှင်းလင်းရာတွင် ကျွန်ုပ်တို့ ချိုမိုင်မိုင် တော်လှန်ရေးအင်အားစု(ULF မဟာမိတ်တပ်ပေါင်းစု,Comrade Colum)နှင့်အတူမဟာမိတ်တော်လှန်ရေးအင်အားစုများနှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားရာ စစ်ကောင်စီတပ်သား (၁၀)ကောင် ငရဲရောက်၍ အမြောက်အများ အကျိုးအကန်းဖြစ်သွားခဲ့ပါသည်။ ၄။ 2023ခုနှစ် ဩဂုတ်လ 6ရက်နေ့မှ စတင်စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်သားအင်အား (200)ခန့်အား ကျွန်ုပ်တို့ ချိုမိုင်မိုင် တော်လှန်ရေးအင်အားစု(ULF မဟာမိတ်တပ်ပေါင်းစု,Comrade Colum)နှင့်အတူမဟာမိတ်တော်လှန်ရေးအင်အားစုများမှ 6.8.2023မှစ၍ 29.8.2023အတွင်း Drone , 60mm , 40mm ,လက်နက်ငယ်များနှင့် ထိတွေ့မှုများစွာဖြစ်၍ စစ်ကောင်စီတပ်သား အကျအဆုံးများစွာရှိပီး လက်နက်ကြီးပစ်ကူ အများအပြားသုံး၍ ပြန်လည်ဆုတ်ခွာသွားရပါသည်။ ၅။6.8.2023ရက်မှစ၍ 29.8.2023ရက်နေ့အထိတိုက်ပွဲဖြစ်ပွားခဲ့ရာ ကျွန်ုပ်တို့ ချိုမိုင်မိုင် တော်လှန်ရေးအင်အားစု(ULF မဟာမိတ်တပ်ပေါင်းစု,Comrade Colum)နှင့်အတူမဟာမိတ်တော်လှန်ရေးအင်အားစုများမှ ရဲဘော်များသည် စိတ်ဓာတ်အင်အားအသာစီးဖြင့် တိုက်ခိုက်နိူင်သော်လဲ ခဲယမ်းအင်အားသည် အလွန်နည်းပါးလာပီဖြစ်ပါသည်။ထို့အတွက်ကြောင့် မိဘပြည်သူများအနေဖြင့် နိူင်သ၍ ကျွန်ုပ်တို့ တော်လှန်ရေးအင်အားစုများအား ထောက်ပံ့ကူညီပေးကြဖို့ရန် အထူးပဲမေတ္တာရပ်ခံအပ်ပါသည်။ #ချိုမိုင်မိုင်တော်လှန်ရေးအင်အားစု

21.7.2023ရက် မနက်2:00နာရီခန့်တွင် ယင်းမာပင်မြို့နယ် စုန်းချောင်းကျေးရွာအား အကြမ်းဖက်စစ်ကောင်စီတပ်မှ အလစ်ငိုက်ဝင်ရောက်ရာ pdfရဲ
+7
21.7.2023ရက် မနက်2:00နာရီခန့်တွင် ယင်းမာပင်မြို့နယ် စုန်းချောင်းကျေးရွာအား အကြမ်းဖက်စစ်ကောင်စီတပ်မှ အလစ်ငိုက်ဝင်ရောက်ရာ pdfရဲဘော်များနှင့်အပြစ်မဲ့ပြည်သူများအား အစုလိုက်အပြုံလိုက်သတ်ဖြတ်ခဲ့ပါသည်။စစ်ကောင်စီတပ်သည် စစ်ကိုင်းတိုင်းအား ပျောက်ကြားနည်းစနစ်ဖြင့် ဗျူဟာပြောင်း၍ အကြမ်းဖက်နေပါသည်။ အပြစ်မဲ့ပြည်သူများနှင့်pdfရဲဘော်များအား အစုလိုက်သတ်ဖြတ်ခံရသည့်အတွက် ကျွန်တော်တို့တော်လှန်ရေးအင်အားစုအနေဖြင့် များစွာစိတ်မကောင်းဖြစ်ရပါသည်။အာဏာရှင်စနစ် အမြစ်ပြတ်သွားသည့်တိုင်အောင် ဆက်လက်တိုက်ခိုက်သွားမည်ဟုလဲ သစ္စာပြုအပ်ပါသည်။ ကျဆုံးသွားသောရဲဘော်များအား အလေးနီပြု၍ အာဇာနည်သူရဲကောင်းများအဖြစ် အသိအမှတ်ပြုအပ်ပါသည်။

တိုက်ပွဲသတင်းထုတ်ပြန်ခြင်း ----------------- 10.6.2023/sat 9.6.2023 ရက်နေ့ ညနေ 5:30 အချိန်ခန့်တွင် ဆားလင်းကြီးမြို့နယ်၊ညောင်ပင်ကြီးကျေးရွာ ၊ညောင်ပင်ကြီးရဲစခန်းအား ယင်းမာပင်ခရိုင်ကွပ်ကဲရေးအဖွဲ့ နှင့်အတူ ကျွန်တော်တို့ ချိုမိုင်မိုင်တော်လှန်ရေးအင်အားစု၊ ပြည်တောင်စုလွတ်မြောက်ရေးတပ်ဦး(ULF) နှင့်အတူ Buffalo People Defense Force (လွိုင်ကော်အခြေစိုက်)မဟာမိတ်ညီအစ်ကိုအဖွဲ့များနှင့်အတူ ပူးပေါင်းတိုက်ခိုက်ခဲ့ပြီး တိုက်ပွဲကြာချိန် တစ်နာရီအကြာအတွင်းမှာ ခွေး (10) ဦးထက်မနည်းသေဆုံးပြီး စခန်းကိုပါ မီးရှို့ဖျက်စီးကာ စခန်းအတွင်းတွင် ဖမ်းစီးခံထားရသော ထောက်ပို့ရဲဘော် (2) ဦးကိုကယ်ထုတ်နိုင်ခဲ့သည်။ အထိနာနေသော စစ်ကောင်စီဘက်မှ Mi 35 နှစ်စီးဖြင့် လေကြောင်းမှတိုက်ခိုက်ရာ မဟာမိတ်ရဲဘော်များထဲမှ တစ်ဦးကျည်ထိမှန်ပြီးတိုင်းပြည်အတွက်မြင့်မြတ်စွာအသက်ပေးလှူသွားခဲ့ပြီး ရဲဘော်ငါးဦးလည်း အနည်းငယ်ဒဏ်ရာရှိခဲ့သည်။ စခန်းသိမ်းတိုက်ပွဲတွင်း G3 (4) လက် ၊MA (1) လက် ၊စက်လက် (1) လက်၊ 79 (1)လက် နှင့်အတူ လက်နက်ခဲယမ်းအမြောက်အများ သိမ်းဆည်းရရှိခဲ့သည်။ #အရေးတော်ပုံအောင်ရမည်။ #ချိုမိုင်မိုင်တော်လှန်ရေးအင်အားစု