Dr. Phio Thiha
ကျွန်တော် ရေးသားထားတဲ့ ဆောင်းပါးတွေအပြင် အခြား တော်လှန်ရေးနဲ့ ပတ်သတ်လို့ အရေးကြီးတဲ့ ပို့စ်တွေကို မျှဝေသွားမှာ ဖြစ်ပါတယ်။
Show more📈 Analytical overview of Telegram channel Dr. Phio Thiha
Channel Dr. Phio Thiha (@drpth99contents) in the Burmese language segment is an active participant. Currently, the community unites 14 185 subscribers, ranking 1 552 in the Psychology category and 6 937 in the Myanmar region.
📊 Audience metrics and dynamics
Since its creation on невідомо, the project has demonstrated rapid growth, gathering an audience of 14 185 subscribers.
According to the latest data from 17 May, 2025, the channel demonstrates stable activity. Although there has been a change in the number of participants by -111 over the last 30 days and by 0 over the last 24 hours, overall reach remains high.
- Verification status: Verified (Officially confirmed by Telegram)
- Engagement rate (ER): The average audience engagement rate is 0%. Within the first 24 hours after publication, content typically collects N/A% reactions from the total number of subscribers.
- Post reach: On average, each post receives 0 views. Within the first day, a publication typically gains 0 views.
- Reactions and interaction: The audience actively supports content: the average number of reactions per post is 0.
📝 Description and content policy
The author describes the resource as a platform for expressing subjective opinions:
“ကျွန်တော် ရေးသားထားတဲ့ ဆောင်းပါးတွေအပြင် အခြား တော်လှန်ရေးနဲ့ ပတ်သတ်လို့ အရေးကြီးတဲ့ ပို့စ်တွေကို မျှဝေသွားမှာ ဖြစ်ပါတယ်။”
Thanks to the high frequency of updates (latest data received on 18 May, 2025), the channel maintains relevance and a high level of publication reach. Analytics show that the audience actively interacts with content, making it an important point of influence in the Psychology category.
Data loading in progress...
| Date | Subscriber Growth | Mentions | Channels | |
| 16 May | 0 | |||
| 15 May | +5 | |||
| 14 May | 0 | |||
| 13 May | 0 | |||
| 12 May | 0 | |||
| 11 May | 0 | |||
| 10 May | 0 | |||
| 09 May | 0 | |||
| 08 May | 0 | |||
| 07 May | +1 | |||
| 06 May | +1 | |||
| 05 May | +2 | |||
| 04 May | 0 | |||
| 03 May | 0 | |||
| 02 May | 0 | |||
| 01 May | 0 |
| 2 | “အကြည်ဓါတ်”
🔳 ဒီစကားလုံးက အခုနောက်ပိုင်း အတော်လေး လူပြောများလာတယ်။ ကျွန်တော့်အမြင်အရတော့ ဒါကလည်း အလှတရားတစ်မျိုးပဲမို့ Subjective သဘောဆန်တယ်။
သူ့မျက်စိထဲ လှနေပေမဲ့ ကိုယ့်မျက်စိထဲ လှချင်မှ လှတာ။ တစ်ဦးချင်းအမြင် ဖြစ်သလို၊ အကြည်ဓါတ်ရှိခြင်း၊ မရှိခြင်းကလည်း အဲဒီလိုပဲ။ ကိုယ့်အတွက် ဒီလူက အကြည်ဓါတ်ကလေး ဆိုပေမဲ့ တခြားသူက မုန်းချင်မုန်းနေမယ်။ ရပ်တည်ချက်ချင်း၊ ဘဝအပေါ် မြင်တဲ့အမြင်ချင်းတွေ မတူတာ၊ ပုဂ္ဂိုလ်ရေး ပြဿနာ ဖြစ်ဖူးတာ၊ ငယ်စဉ်မှာ ရခဲ့ဖူးတဲ့ စိတ်ဒဏ်ရာ အတိမ်အနက် စတာတွေနဲ့လည်း ဆိုင်လိမ့်ဦးမယ်။
🔳 သို့သော် သေချာတာက အမြဲဆဲဆိုတိုက်ခိုက်နေတဲ့သူ၊ ပူလောင်နေတဲ့သူ၊ တစ်လောကလုံးကို အပြစ်မြင်နေတဲ့သူ၊ အဆိုးမြင်စိတ် များတဲ့သူ၊ ရန်လိုမုန်းထား ရှိတဲ့သူ၊ ဒီလိုလူတွေကိုတော့ သဘောကျရင် ကျမယ်။ ထောက်ခံချင် ထောက်ခံမယ်။ အားပေးချင် အားပေးမယ်။ အကြည်ဓါတ်ကလေး ရှိလိုက်တာလို့တော့ ဘယ်သူကမှ ပြောမှာမဟုတ်ဘူး။
ဘာလို့ဆိုတော့ သူတို့ကိုယ်တိုင်သည်ပင်လျှင် အဲဒီလူ့ဆီက ဘာအကြည်ဓါတ်မှ ရမနေတာမို့လို့ပဲ။
🔳 ဒီနေရာမှာ တချို့က ပြောကြတယ်။ လူတွေကို အပြင်ပန်းနဲ့ ဆုံးဖြတ်လို့ မရဘူး။ တချို့က စူပုပ်ပုပ်၊ မှုန်ကုတ်ကုတ်၊ ပေါင်းသင်းဆက်ဆံရေးလည်း မကောင်းဘူး။ ပြောလိုက်ရင် ပိဿလေးနဲ့ ဘေးပစ်။ ဒါပေမဲ့ စိတ်ကောင်းနှလုံးကောင်းတော့ ရှိတယ်။
တချို့ကျ ပေါင်းသင်းဆက်ဆံရေး ညက်တယ်။ အပြင်ပန်းမှာ ယဉ်ကျေးတယ်။ ဖော်ရွေတယ်။ အကြည်ဓါတ်အပြည့်ပဲ။ အတွင်းထဲမှာကျ စိတ်ကောင်းမရှိဘူး။
ဒါတွေလည်း မှန်သင့်သလောက် မှန်တယ်။ ကျွန်တော့်ဘဝတလျှောက်မှာလည်း အဲဒီလိုလူ နှစ်မျိုးစလုံး တွေ့ခဲ့၊ ကြုံခဲ့ဖူးတယ်။ ဒီနှစ်မျိုးထဲက တစ်မျိုးရွေးပါ ဆိုရင်တော့ "အတွင်းပုပ်" ထက်စာရင် "အပြင်ပုပ်" ကိုပဲ ရွေးမိမှာပဲ။
🔳 သို့သော် ဒီနေရာမှာ ထပ်ဖြည့်ပြောချင်တာက "စိတ်ကောင်း" ဆိုတဲ့ အဓိပ္ပါယ်ပဲ။
မကြာခဏလည်း ရေးဖူးပါတယ်။ ကျွန်တော်တို့က 'စိတ်' ဆိုတာကို ရှိတယ်လို့ ထင်နေတာ။ တကယ်က မရှိဘူး။ စိတ်ဆိုတာ "အဖြစ်တရား" ။ တစ်ခုပြီးတစ်ခု ဆက်တိုက်ဖြစ်နေတာက ကြားမှာ အရပ်အနား မရှိလို့ တစ်ဆက်တည်းလို ဖြစ်နေပြီး ရှိတယ်လို့ ထင်သွားကြတာ။
🔳 မြစ်ရေနဲ့ ဥပမာတူတယ်။ မနေ့ကလည်း ကိုယ့်မျက်စိရှေ့ ဒီမြစ်ကြီး ရှိနေတယ်။ ဒီနေ့လည်း ရှိနေတယ်။ ဒီတော့ မပြောင်းမလဲ တည်ရှိနေတယ်လို့ ထင်သွားတာ။
တကယ်က ဒီနေ့မြင်နေရတဲ့ မြစ်ရေသည် မနေ့က မြစ်ရေ မဟုတ်တော့သလို၊ ခုမြင်နေရတဲ့ မြစ်ရေကလည်း ခုနက မြင်လိုက်တဲ့ မြစ်ရေ မဟုတ်တော့ဘူး။ စီးသွားပြီ။ ပြောင်းသွားပြီ။
စိတ်ရဲ့ ဒီသဘောကို နားလည်ထားရင် “သူက အပေါက်ကလေးသာ ဆိုးတာပါ၊ စိတ်ကောင်းကလေးတော့ ရှိပါတယ်” ဆိုတာကို လက်မခံမိတော့ဘူး ဖြစ်သွားလိမ့်မယ်။
🔳 သူတို့ဟာ မယုတ်မာတတ်၊ မကောက်ကျစ်တတ်တာတော့ မှန်တယ်။ သူတစ်ပါး ဒုက္ခရောက်နေရင် ကူညီတတ်တာတော့ မှန်တယ်။
ဒါပေမဲ့ သူတို့မှာလည်း မကောင်းတဲ့စိတ်တွေ ဖြစ်နေတာ တွေ့ရလိမ့်မယ်။ ဖြစ်နေလို့ပဲ အဲဒီလို စကားပြောရင် တစ်ဖက်လူ ထိခိုက်သွားအောင် ပြောပစ်တာပေါ့။ ရွဲ့တာ၊ ခနဲ့တာပေါ့။ ဆဲတာ၊ ဆိုတာပေါ့။ မျက်နှာထားက ဘယ်လိုမှ ပြုံးမရနိုင် ဖြစ်နေတာပေါ့။
🔳 ဘယ်လိုမကောင်းတဲ့စိတ်တွေ ဖြစ်နေတာလဲဆိုရင် - ငယ်ဘ၀ စိတ်ဒဏ်ရာတွေကြောင့်ဖြစ်ဖြစ်၊ လက်ရှိ ရင်ဆိုင်နေရတဲ့ ဘဝအခက်အခဲတွေကြောင့်ဖြစ်ဖြစ် လောကကို အဆိုးမြင်တာ၊ စိတ်အချဉ်ပေါက်နေတာ၊ ကိုယ့်ဘဝကိုယ် မကျေနပ်တာ၊ ကိုယ့်ထက် အဆင်ပြေနေသူ၊ ပျော်နေသူ၊ ကိုယ့်လို ဆိုးရွားတဲ့ ငယ်ဘဝမျိုး မရှိခဲ့သူကို မြင်ရင် မခံစားနိုင်တာ၊ အတိတ်ကနေ ရုန်းမထွက်နိုင်တာ၊ ဘာကိုမှ အယုံအကြည် မရှိတော့တာ၊ မျှော်လင့်ချက် မထားတော့တာ စသဖြင့်ပေါ့။
(Positivity, Kindness, Humility စတာတွေကို ဘယ်လိုမှ မခံစားနိုင်တဲ့သူတွေ ကြုံဖူးတယ်။ သူတို့ရဲ့ ငယ်ဘ၀ ဒဏ်ရာတွေကြောင့် ဒီလိုအရာတွေနဲ့ တွေ့ရင် Allergic ဖြစ်သလိုကို စိတ်မှာ အဖုအပိန့်တွေ ထွက်လာတာ။ သောက်ပိုတွေ လုပ်နေတာ၊ သူတော်ကောင်းယောင်ဆောင်နေတာ စသဖြင့်ပဲ မြင်နေကြတော့တာပေါ့)
ကိုယ့်ပတ်ဝန်းကျင်မှာ အဲဒီလို "အပြင်ပုပ် - အတွင်းလှ" လူတွေရှိရင် သတိထားကြည့်လိုက်။ ဒီအချက်တွေ တစ်ခုမဟုတ်တစ်ခု ရှိနေတာ တွေ့ရလိမ့်မယ်။
🔳 ဆိုလိုတာက နေရင်းထိုင်ရင်းတော့ ဘယ်သူမှ မျက်နှာထား သုန်မှုန်ပြီး စကားကို ပိဿလေးနဲ့ ဘေးပစ် ပြောနေကြတာ မဟုတ်ဘူး။ အတွင်းထဲမှာ ဒဏ်ရာတွေ ရှိတယ်။ လူမသိတဲ့ စိတ်အနာတွေ ရှိတယ်။ အဲဒါတွေက အပေါ်ကို လျှံတက်လာတဲ့အခါ မျက်နှာက မပြုံးနိုင်တော့သလို၊ ပါးစပ်ကလည်း စကားကောင်း မထွက်နိုင်တော့ဘူး။
"စိတ်ကောင်းရှိမှ စာကောင်းထွက်တယ်" ဆိုတဲ့အတိုင်း စိတ်ကောင်းရှိမှလည်း စကားကောင်း ထွက်တာပါ။ ကိုယ့်စိတ်မှာ မေတ္တာ၊ ကရုဏာ၊ ကိုယ်ချင်းစာတရားတွေ အားကောင်းနေရင် ဘယ်သူ့ကို ဘယ်လိုလေး စိတ်ချမ်းသာအောင် ပြောပေးလိုက်ရမလဲ ဆိုတဲ့အတွေးတွေပဲ ဝင်နေတော့တာ။
🔳 ဆိုင်တစ်ဆိုင် သွားဝယ်တယ်။ သွားစားတယ်။ ကား၊ ဆိုင်ကယ်ငှားစီးတယ်။ ကျေးဇူးတင်စကားလေး ပြောပေးတယ်။ သန့်ရှင်းရေးဝန်ထမ်းတွေ တွေ့ရင် ချီးကျူးစကားပြောပေးတယ်။ ပြုံးပြုံးရွှင်ရွှင် နှုတ်ဆက်တယ်။ ကိုယ့်မှာ ပိုလျှံနေတာလေးတွေ မျှဝေတယ်။ ဆိုရှယ်မီဒီယာသုံးရင် ကောင်းတဲ့မှတ်ချက်ကလေးတွေ ပေးတယ်။ ဘာပိုက်ဆံမှ မကုန်၊ ဘာမှ | 4 108 |
| 3 | No text... | 3 214 |
| 4 | 🔳 နိုင်ငံရေးမှာမှ မဟုတ်ပါဘူး။ နေရာတကာမှာပါပဲ။ ဘဝဆိုတာ ရွေးချယ်မှုတွေနဲ့ တည်ဆောက်ထားတာပဲ မဟုတ်လား။
ကိုယ့်ကို လူတစ်ယောက်က အပုပ်ချတိုက်ခိုက်တယ်။ သူလုပ်သလို ပြန်လုပ်ရင် ရနေတာပဲ။ ဒါပေမဲ့ ပြန်မလုပ်ဘူး။ ကိုယ့်ကိုယ်ကိုယ် တန်းမနှိမ့်ပစ်ဘူး။ သူလိုလူတစ်ယောက် အဖြစ်မခံဘူး။
🔳 ဘာလို့လဲ။ စိတ်နေသဘောထား သိပ်မြင့်မြတ်နေလို့လား။ ဒေါသမရှိတော့တဲ့ အရိယာသူတော်စင်မို့လို့လား။
တစ်ခုမှ မဟုတ်ပါဘူး။
“ငါ့အနေအထားကြီးနဲ့ ဒါမျိုးလုပ်စရာလား” ဆိုတဲ့ Self-respect ကြောင့်သာ ဖြစ်ပါတယ်။
ဒေါက်တာ ဖြိုးသီဟ
၁၄.၁၁.၂၀၂၄ | 4 412 |
| 5 | “Self-respect”
🔳 ခုနောက်ပိုင်း ရေးကြတာ ရှိတယ်။ “ငါ့အနေအထားကြီးနဲ့” ဆိုတာလေ။ ငါ့လိုလူ၊ ငါ့လို အခြေအနေမှာ ရှိတဲ့လူက ဒါမျိုးလုပ်မလား၊ ဒါမျိုးဖြစ်မလား ဆိုပြီးတော့ပေါ့။
Self-respect ဆိုတာ ဘာလဲ မေးရင် အဲဒီစကားအတိုင်းပဲလို့ တိုတိုတုတ်တုတ် ပြောချင်တယ်။
🔳 ဒီစကားက လူလူချင်း ခွဲခြားဖို့၊ နှိမ်ဖို့၊ ဘဝင်မြင့်ဖို့ မဟုတ်ပါဘူး။ ဒါပေမဲ့ လူဟာ ကိုယ့်ကိုယ်ကိုယ် လေးစားဖို့၊ ကိုယ့်အဆင့်ကိုယ် ဆွဲမချမိဖို့တော့ သိပ်အရေးကြီးတယ်။
ဥပမာ အခြေအနေလေး ၃ ခု ပြောပြမယ်။
🔳 ကိုယ်က လူတစ်ယောက်ကို ချစ်တယ်။ ဒီလူက ကိုယ့်အပေါ် မကောင်းဘူး။ ကိုယ့်ကို လျစ်လျူရှုတယ်။ တန်ဖိုးမထားဘူး။ အနိုင်ကျင့်တယ်။ ရုပ်ပိုင်း၊ စိတ်ပိုင်းဆိုင်ရာ နှိပ်စက်တယ်။ နောက်ကွယ်မှာ ဖောက်ပြန်တယ်။ ဒါပေမဲ့ ကိုယ်က ကြိတ်မှိတ်ပြီး ဆက်တွဲနေတယ်။ ဆက်ပေါင်းနေတယ်။
အဲဒါ ဘာလဲဆိုတော့ Self-respect မရှိတာပဲ။ ကိုယ့်ကိုယ်ကိုယ် မလေးစားလို့၊ တန်ဖိုးမထားလို့ ဒီလိုဆက်ဆံတာကို ငြိမ်ခံနေတာလေ။
🔳 အောက်တစ်ဆင့် ထပ်စဉ်းစားမယ်။ ဘာလို့ အဲဒီလို ဖြစ်တာလဲ။
ငယ်ဘဝနဲ့ ဆိုင်ကောင်းဆိုင်နိုင်တယ်။ မကြာခဏလည်း ရေးဖူးသလို၊ ကျွန်တော်တို့ရဲ့ Self-esteem ဆိုတာကို ငယ်ဘ၀ အတွေ့အကြုံတွေက အဓိက ပုံဖော်ပေးလိုက်တာ။ မိဘအုပ်ထိန်းသူတွေက ဘယ်လိုဆက်ဆံခဲ့သလဲ၊ ဘာတွေ ပြောခဲ့သလဲ၊ သူတို့ဆီက ချစ်ခြင်းမေတ္တာနဲ့ ဂရုစိုက်မှုကို ရဖို့ တကူးတက ကြိုးစားခဲ့ရသလား စတာတွေပေါ် မူတည်ပြီး ကိုယ့်ကိုယ်ကိုယ် မြင်တဲ့အမြင်၊ တန်ဖိုးထားမှု၊ ဒါတွေ ဖြစ်တည်လာတယ်။
ဒါကြောင့်လည်း Toxic relationship ထဲ ပိတ်မိနေသူ အများစုကို ကြည့်လိုက်။ ဖြစ်တည်တဲ့ မိသားစုဘဝက အဆင်မပြေခဲ့တာ၊ အဆင်မပြေနေတာကို တွေ့ရလိမ့်မယ်။ ကိုယ့်ကိုယ်ကိုယ် တန်ဖိုးထားတဲ့သူတွေ အဲဒီလို ပိတ်မိနေတယ် ဆိုတာ သိပ်ရှားတယ်။
🔳 နောက်တစ်ချက်က လူမှုအသိုင်းအဝိုင်းရဲ့ သတ်မှတ်ချက်။ ထင်ရှားတဲ့ ဥပမာတစ်ခုဆို အိမ်ထောင်ကွဲသွားတာ။ အဲဒီမှာမှ ယောက်ျားတစ်ယောက် အိမ်ထောင်ကွဲသွားတာထက် မိန်းမတစ်ယောက် ကွဲသွားတာက တန်ဖိုးပိုကျသွားစေတယ်။ အဓိကအားဖြင့် ဖိုဝါဒ ကြီးစိုးတဲ့ လူမှုအသိုင်းအဝိုင်းတွေမှာပေါ့။ သူ့ကိုယ်သူ Divorcee, Single mom စသဖြင့် သိမ်ငယ်စိတ်က ရှိနေတော့ သူ့ကို တန်ဖိုးမထားတဲ့အပေါ်မှာ သူကိုယ်တိုင်ကိုက လက်ခံနေမိတော့တာ။
လုပ်ငန်းခွင်ထဲက ဆက်ဆံရေးတွေမှာလည်း ဒီလိုပဲ။ ကိုယ့်ကိုယ်ကိုယ် တန်ဖိုးမထားတဲ့သူဟာ ဘယ်သူ ဘာလာပြောပြော၊ ဘယ်လိုဆက်ဆံဆက်ဆံ၊ မတုံ့ပြန်ဘူး။ ငုံ့ခံတယ်။ တိတ်တိတ်ကလေးပဲ ခံစားနေတတ်တယ်။
🔳 ဒုတိယဥပမာက ကိုယ်ကျင့်တရား။
မဖောက်ပြန်ဘူး၊ ငွေအလွဲသုံးစား မလုပ်ဘူး ဆိုတာတွေမှာ လူသိသွားမှာစိုးလို့၊ ကဲ့ရဲ့ခံရမှာစိုးလို့ ဆိုတဲ့ အပြင်ရန်ကို ကြောက်လို့ မလုပ်တာက ရေရှည်မခံဘူး။ ကိုယ့်ကိုယ်ကိုယ် ရှက်တဲ့စိတ်၊ တစ်နည်းအားဖြင့် အတွင်းက အပူကို ကြောက်လို့ မလုပ်တာကမှ ပိုတည်မြဲတာ။
ပြောရရင် ဒါလည်း Self-respect ပဲ။ ငါ့အနေအထားကြီးနဲ့ ဒီလိုတွေ ပြောရမှာ၊ လုပ်ရမှာ၊ အလွဲသုံးရမှာ ရှက်တယ်။ ဒါကြောင့် မလုပ်ဖြစ်ကြတာပဲ။ လုပ်ခွင့်မသာလို့တော့ မဟုတ်ဘူး။ မလုပ်ချင်လို့လည်း မဟုတ်ဘူး။
🔳 နောက်ဆုံးဥပမာက မတရားမှုကို မြင်ရတဲ့အခါ။
နိုင်ငံရေးတွေ ဘာတွေ သိလို့တော့ မဟုတ်ဘူးပေါ့။ မတရားတာတော့ သေချာတယ်။ လူ့အဖွဲ့အစည်းအတွက် မကောင်းနိုင်တာလည်း သေချာတယ်။ ဒါကြောင့် နှုတ်ဆိတ်မနေချင်ဘူး။
ဒီလောက်ရက်စက်ယုတ်မာနေတာတွေ မြင်နေပါလျက်နဲ့ ဘာမှဖြစ်မနေသလိုတော့ လုပ်ပြမနေချင်ဘူး။ ကိုယ့်အကျိုးစီးပွားအတွက် လက်အုပ်ချီပြီးလည်း ဒူးထောက်ခယမနေချင်ဘူး။ ဒီအတွက် ဒီလမ်းကို လျှောက်တယ်။ ဒီရွေးချယ်မှုကို လုပ်တယ်။ ဒါပဲ။ Nothing more, Nothing less.
🔳 ဒါကြောင့်ပဲ ခုလောက်ထိ တောင့်ခံနိုင်ကြတာ ဖြစ်တယ်။ ဒီ ၄ နှစ်နီးပါးအတွင်း ပိုအောင်မြင်ဖြစ်ထွန်းလာကြသူတွေ တပုံကြီး။ ပျော်နေကြသူတွေလည်း တပုံကြီး။ ကိုယ့်အတွက်ပဲ စဉ်းစားနေသူတွေလည်း ဒုနဲ့ဒေး။
ဒါဖြင့် ဘာလို့ ခေါင်းမာမာနဲ့ ဆက်လျှောက်ဖြစ်နေလဲ မေးရင် နိုင်မယ်ထင်လို့ နိုင်မြင်းလောင်းနေတာ မဟုတ်ဘူး။ “ငါ့အနေအထားကြီးနဲ့ ဒါမျိုးလုပ်နေရမှာတော့ ရှက်တယ်ဟ” ဆိုတဲ့ စိတ်တစ်ခုတည်းကြောင့် ဖြစ်ပါတယ်။
ဒီအခါ ဘယ်သူနဲ့မှ မနှိုင်းယှဉ်မိတော့ဘူး။ နိုင်ခြင်း၊ ရှုံးခြင်းရလဒ်တွေအပေါ် တွေးမပူတော့ဘူး။ လုပ်သင့်လို့ လုပ်လိုက်တယ်။ ရွေးသင့်လို့ ရွေးလိုက်တယ်။ ဒီလို ရှင်းရှင်းကလေး ဖြစ်သွားတယ်။ ပိုလည်း လွတ်လပ်သွားတယ်။
🔳 ပင်ပန်းတဲ့အခါ၊ အခက်အခဲတွေနဲ့ ရင်ဆိုင်ရတဲ့အခါမှာတော့ ဘယ်သူမဆို စိတ်ခံစားချက်က လွန်ကဲလာတာပဲ။ Emotional Brain က အလုပ်လုပ်တာပဲ။
အဲဒီအခါတိုင်း ကိုယ်မေးကြည့်သင့်တာက ကိုယ်အခုလုပ်မဲ့ ရွေးချယ်မှုကို ကိုယ့်ရဲ့ Future self က ဂုဏ်ယူနေမယ် ထင်သလား ဆိုတာပါပဲ။
🔳 ဂုဏ်ယူနေရမယ် ထင်ရင် လုပ်။ ရှက်နေရမယ် ထင်ရင် မလုပ်နဲ့။
ဘဝက တိုတိုလေး။ အနာဂတ်ကိုသာ ကြိုပြင်လို့ရတာ။ ပြီးသွားတဲ့ အတိတ်သမိုင်း ဆိုတာက ပိုက်ဆံတွေ ပုံပေးပြီး ပြန်ပြင်ရေးချင်တောင် ပြင်လို့ရတာ မဟုတ်ဘူး။ ဒါကြောင့် အတိတ်ဖြစ်လာမဲ့ လက်ရှိပစ္စုပ္ပန် အခိုက်အတန့် တစ်ခုစီ တစ်ခုစီမှာ မှန်ကန်တဲ့ ရွေးချယ်မှုတွေကိုပဲ လုပ်စေချင်ပါတယ်။ | 3 964 |
| 6 | No text... | 3 033 |
| 7 | ငါက တောင်းပန်ခြင်းနဲ့ မထိုက်တန်လို့လား။
ငါက သူများတွေနဲ့ ယှဉ်လိုက်ရင် အသုံးမကျပါဘူး။
ငါ့ကို ဘာလို့ အဲဒီလို မုန်းနေရတာလဲ။
ငါ့ဘက်က ဘာလိုအပ်သွားလို့လဲ။
ငါ လုပ်ပေးနေတာတွေ မလုံလောက်သေးလို့ ဖြစ်မယ်။
ဒီလိုတွေ တွေးမိတတ်ကြတယ်။
🔳 “မြေပျော့ရင် ခြေရာထင်တယ်၊ စိတ်ပျော့ရင် ဒဏ်ရာဝင်တယ်” တဲ့။
ဆယ်တန်းတုန်းက မြန်မာစာဆရာဆီက စာအုပ်လက်ဆောင်လေး ရတော့ ရှေ့ဆုံးစာမျက်နှာမှာ ရေးပေးလိုက်တဲ့ စာသားကလေး။ အခုထိ မမေ့ဘူး။
🔳 တကယ်လည်း ဟုတ်တယ်။ ကိုယ့်စိတ်ကသာ ပျော့နေရင်လေ ဒဏ်ရာသိပ်ရလွယ်တာနော်။ လူတကာအကြိုက်ကို လိုက်ချင်နေရင်၊ လူတိုင်းချစ်တာ ခံချင်နေရင်၊ လူတွေရဲ့ Approval ကို သိပ်လိုချင်နေရင် Group chat ထဲမှာ ကိုယ့်ရဲ့ စာကို သိပ်မတုံ့ပြန်ကြတာလေးကအစ ခံစားစရာတွေချည်း။ တခြား ကြီးကြီးမားမားတွေဆို မပြောနဲ့တော့။
ကိုယ်ဒဏ်ရာရလွယ်တာ သိလေလေ၊ တစ်ဖက်လူက ဖိနင်းလေလေ။
ကိုယ့်ကို ဘယ်လောက်နင်းနင်း ဘာမှမဖြစ်တာ၊ ကိုယ့်မြေ ဘယ်လောက်မာတာ သိထားရင်လည်း ဘယ်သူကမှ အပင်ပန်းခံပြီး အားစိုက်နင်းမနေတော့ဘူး။ ဒါ ထုံးစံပဲ။
🔳 မကြာခဏလည်း ရေးဖူးသလို၊ လူတွေ ကိုယ့်အပေါ် ဘယ်လိုဆက်ဆံသလဲ ဆိုတာ ကိုယ့် Personality ရဲ့ ရောင်ပြန်ဟပ်မှုပဲကိုး။
ဒါကြောင့် မြေမာအောင် လေ့ကျင့်ထားဖို့ လိုတယ်။
🔳 ဒီလိုပြောလို့ ခက်ထန်မာကြောနေရမယ်၊ ရိုင်းစိုင်းကြမ်းတမ်းရမယ် မဆိုလိုဘူး။ နူးညံ့ရင်း၊ ယဉ်ကျေးရင်းနဲ့လည်း စိတ်ဓါတ်ခိုင်မာအောင် လုပ်လို့ရတယ်။ ရိုင်းစိုင်းနေရင်းနဲ့လည်း အတွင်းထဲမှာ လစ်ဟာနေသူတွေ၊ ပြိုလဲလွယ်သူတွေ တပုံကြီး။ အဲဒီနှစ်ခုက သပ်သပ်စီပဲ။
တတ်နိုင်သမျှတော့ မမြင်အောင်၊ မတွေ့အောင်၊ မကြားအောင် ရှောင်။ စိတ်ညစ်စရာတွေ များလှတဲ့ကာလမှာ ဘာအတွက်ကြောင့်များ ကိုယ့်စိတ်ကို ညစ်ညူးစေမဲ့ လူတွေကို ကိုယ့်ဘဝထဲ ဆက်ထားမလဲ။ ကိုယ့် Social circle ထဲ ဆက်ရှိနေစေမလဲ။
သို့သော် ၁၀၀ % ရှောင်လွှဲလို့တော့ ရမှာမဟုတ်ဘူး။ အဲဒီအခါတိုင်း “ကိုယ်လက်ခံမှ ဖြစ်တာ၊ ကိုယ်လိုက်ခံစားနေလို့သာ သူတို့စကားတွေက အရာထင်နေတာ” ဆိုတာလေးကို ပြန်သတိရစေချင်တယ်။
🔳 ကျွန်တော်တို့ ကိုးကွယ်နေကြတဲ့ ဘုရားတွေတောင် ရှောင်ရှားနိုင်ခဲ့တဲ့ ကိစ္စမှ မဟုတ်တာ။ လောကလူသားတိုင်း ကြုံကြရတဲ့ လောကသဘာဝပဲ။ ဒါကြောင့် တအားလည်း ငြင်းဆန်မနေနဲ့။ ငါ ဒီလောက်ကောင်းအောင် နေနေလျက်နဲ့ ဆိုပြီးလည်း တွေးမနေနဲ့။ ဘယ်လိုနေနေ ဘာတွေလုပ်လုပ် “မင်းဖြစ်နေလို့ကို ကြည့်မရတာကွာ” ဆိုတဲ့သူက သပ်သပ်ရှိတယ်။
ကိုယ်က ဘယ်လိုခံယူသလဲ၊ ဘယ်လိုရင်ဆိုင်သလဲ ဆိုတာကပဲ အဓိက စကားပြောသွားတာ ဖြစ်ပါတယ်။
🔳 လဲစေချင်လို့ လှဲပစ်တဲ့သူ၊ ပြိုစေချင်လို့ ဖြိုတဲ့သူ၊ လောင်စေချင်လို့ လှောင်တဲ့သူကို သူတို့ဖြစ်စေချင်တဲ့အတိုင်း ဖြစ်ပြလိုက်မဲ့အစား၊
ဘယ်လောက်လှဲလှဲ မလဲဘူး၊ ဘယ်လောက်ဖြိုဖြို မပြိုဘူး၊ ဘယ်လောက်လှောင်လှောင် မလောင်ဘူး ဆိုပြီး တုံ့ပြန်ပြလိုက်စမ်းပါ။ ရှေ့ဆက်ပြလိုက်စမ်းပါ။
🔳 ကိုယ့်မြေသားက မာလာတဲ့အခါ ဘယ်သူ့ခြေရာကမှ မထင်ကျန်နိုင်တော့တာကို တွေ့လာရပါလိမ့်မယ်။
ဒေါက်တာ ဖြိုးသီဟ
၁၂.၁၁.၂၀၂၄ | 3 993 |
| 8 | "ကိုယ်လိုက်ခံစားနေလို့ ဖြစ်တာပါ"
🔳 လူရယ်လို့ ဖြစ်လာရင် ဝေဖန်မှု၊ တိုက်ခိုက်မှု၊ အပုပ်ချမှုဆိုတာ ကြုံရတတ်တာပါပဲ။ လောကဓံ ဆိုတာ “လောကဓမ္မ” ဆိုတဲ့ စကားလုံးက လာတာမို့ ဘယ်သူမှ ရှောင်လွှဲလို့ မရပါဘူး။ ကိုယ်က ဘယ်လောက်လူသိများသလဲ၊ မများသလဲပေါ် မူတည်ပြီးပဲ အနည်းနဲ့အများ ကွာခြားသွားကြတာ ဖြစ်ပါတယ်။
အစွန်းမရောက်အောင် ပြောရရင်တော့ - ဝေဖန်ခံရတိုင်း ငါ့ကို မနာလိုနေကြတာ၊ မကောင်းပြောခံရတိုင်း ငါ့ကို အသားလွတ် တိုက်ခိုက်နေကြတာလို့ တန်းမမြင်စေချင်ဘူး။ ကိုယ့်မှာရော ဘာအားနည်းချက် ရှိနေလဲ၊ ဘာတွေ မှားနေလဲဆိုတာ ပြန်ဆန်းစစ်ကြည့်သင့်တယ်။
🔳 တစ်ဖက်မှာလည်း ကိုယ်ဘယ်လောက်ကောင်းအောင်နေနေ၊ ဘယ်လိုကောင်းတာတွေပဲ လုပ်လုပ်၊ အမြင်မကြည်တဲ့သူ ရှိတယ်။ ကြည့်မရတဲ့သူ ရှိတယ်။ မုန်းနေတဲ့သူ ရှိတယ်။ ဒါကို သဘောပေါက်ထားဖို့ လိုတယ်။
ကျွန်တော်လည်း စစချင်းတော့ အတော်လေး အံ့သြရတယ်။ ငါ ဒီလောက်ကောင်းအောင် နေနေပါလျက်နဲ့၊ ကောင်းတာတွေ လုပ်နေပါလျက်နဲ့၊ ငါ့ကို မုန်းတဲ့သူ၊ ကြည့်မရတဲ့သူက ဒီလောက် အုံနဲ့ကျင်းနဲ့ ရှိနေတာပါလား ဆိုတာကို လက်မခံနိုင်တာပေါ့။ နောက်မှ ဒါ ဘယ်သူမှ ရှောင်လွှဲလို့ မရတဲ့အရာပဲလို့ နှလုံးသွင်းနိုင်လိုက်တာ ဖြစ်ပါတယ်။ မဟုတ်ရင် တအားလောင်နေရလိမ့်မယ်။ ကောင်းတာ လုပ်ချင်စိတ်တွေပါ ပျောက်သွားနိုင်တယ်။
ဒါကြောင့် “လောကဓမ္မ” ဆိုတဲ့ စကားကို အမြဲသတိရစေချင်ပါတယ်။
🔳 လိုတာထက် ပိုပြီးလည်း လိုက်မခံစားနေစေချင်ဘူး။ ကျွန်တော်ဆို တစ်ခါ အဆဲခံရပါတယ်။ ကိုယ့်ပို့စ်အောက်မှာ ပွဲဖြစ်နေတာပေါ့။ ကျွန်တော်က မကြည့်မိဘူး။ ရေးထားတဲ့ ဆောင်းပါးကလည်း ပွဲဖြစ်စရာအကြောင်း မရှိဘူးလေ။ ဘယ်တုန်းကမှလည်း အဲဒီလိုတွေ ရေးဖူး၊ ပွဲရှာဖူးတာမှ မဟုတ်တာ။
အသိတွေ လာပြောလို့ သွားကြည့်မှ ဆဲထား၊ ပြောထားတာတွေ ပလူကို ပျံနေရော။ အဲဒီမှာ အတွေးတစ်ခု ဝင်သွားတယ်။ “လူတွေက ဘယ်လောက်ပဲ ဆဲနေဆဲနေ၊ ကိုယ်မမြင်ရင် ဘာမှမဖြစ်ဘူး” ဆိုတာပဲ။
တော်တော်များများ ကြားဖူးကြမယ် ထင်တယ်။ လာဆဲရေးတဲ့ ပုဏ္ဏားကို ဗုဒ္ဓပြန်ပြောတဲ့စကား။ ပစ္စည်းတစ်ခု လာပေးလို့ တစ်ဖက်လူက မယူဘူးဆို အဲဒီပစ္စည်း ဘယ်သူ့လက်ထဲ ကျန်သလဲတဲ့။ ပေးတဲ့သူရဲ့ လက်ထဲပဲ ကျန်တာလေ။ ဆဲတဲ့စကားကလည်း အဲဒီလိုပဲတဲ့။
🔳 ဒီနေရာမှာ ဆဲတဲ့စကားကို ကိုယ်လက်မခံမိဖို့ ဆိုတာ ကြားခံ ၂ ဆင့် ရှိမယ်။
တစ်ဆင့်က မြင်လည်းမမြင်၊ ကြားလည်းမကြားရင် ဒီစကားတွေ ကိုယ့်ဆီ ရောက်မလာတော့ဘူး။
နောက်တစ်ဆင့်က မြင်မိတယ်၊ ကြားမိတယ်၊ သို့သော် စိတ်က လိုက်မခံစားရင်လည်း သူတို့စကားတွေ အရာမထင်တော့ဘူး။ (ဗုဒ္ဓကျ ဒီလိုအဆင့်မျိုး။ ဒါမျိုးကျ တော်ရုံစိတ်ဓါတ်ခိုင်မာမှုနဲ့တော့ မရနိုင်တော့ဘူးပေါ့။ ဒေါသလည်း မထွက်၊ မေတ္တာလည်း မပျက်၊ ကိုယ်လုပ်ရမဲ့ အလုပ်ကိုလည်း မယိမ်းမယိုင် ဆက်လုပ်နိုင်မှ ရတာ။ ဒါကြောင့်လည်း ဥပေက္ခာတရားက အခက်ဆုံးလို့ ပြောရတာပေါ့)
🔳 ကျွန်တော်တို့ကျ ဘာတွေလုပ်မိလဲ ပြန်စဉ်းစားကြည့်။ အဲဒီကွန်မန့်တွေ၊ ပို့စ်တွေ လိုက်ဖတ်တယ်။ (တချို့ဆို ဘလော့ခ်ထားပြီးမှ အကောင့်တုနဲ့ သွားသွားကြည့်ကြသေးတယ်) ဘယ်သူက ငါ့ကို ဘာပြောလဲ လိုက်မေးတယ်။ မမြင်မြင်အောင်၊ မကြားကြားအောင် အားထုတ်နေကြတာ။
မြင်ပြီး ကြားပြီးရင်လည်း စိတ်ကို မထိန်းသိမ်းနိုင်ဘူး။ အကြီးအကျယ်တွေ လောင်ကြရော။
🔳 လောင်တာမှာမှ “အပြင်လောင်” နဲ့ “အတွင်းလောင်” ဆိုပြီး ရှိသေးတယ်။ တချို့က အပြင်ကို ပွင့်ထွက်လာတယ်။ ဆဲမယ်၊ ဆိုမယ်၊ ဒေါသတွေ ထွက်မယ်၊ တုံ့ပြန်မယ်။ အဲဒီကမှတဆင့် အကျယ်အကျယ် မငြိမ်းဖွယ်တွေ ဖြစ်လာမယ်။
လုပ်သင့်သလောက်တော့ လုပ်တာ ကောင်းပေမဲ့ တစ်ခါတလေမှာ အဲဒီလို ဖြစ်စေချင်လို့ ဆွတဲ့သူတွေ ရှိတတ်တော့ ကိုယ်လောင်နေတာကို သူတို့ကို မြင်ခွင့်ပေးလိုက်ခြင်းဟာ အနိုင်ပေးလိုက်ရတာနဲ့ တူတူပဲလို့ ကျွန်တော်ကတော့ ခံယူတယ်။
စဉ်းစားကြည့်လေ။ အသံလုံခန်းထဲက အော်ဆဲနေရတဲ့အဖြစ်မျိုး ဘယ်သူလိုချင်လဲ။ ကိုယ်ကသာ ဆဲနေတယ်၊ ဟိုလူက အပြုံးမပျက်ဘူး။ သူ့အလုပ်တွေ ဆက်လုပ်နေတယ်ဆို အတော်ခံစားရခက်တာ။ ဒါကြောင့် လောင်မပြနဲ့။ လဲမပြနဲ့။ ဒါ အကောင်းဆုံးသော ရင်ဆိုင်တုံ့ပြန်နည်းပဲ။
🔳 အပြင်ကို ထွက်လာတာက နည်းနည်းတော်သေးတယ်။ ပိုဆိုးတာက “အတွင်းလောင်” ။ ထုတ်တော့ မပြောဘူး။ စိတ်ထဲမှာ ကြိတ်ခံစားနေတာ။ အဲဒါမျိုးကျ ကိုယ့်အတွက် ရေရှည်မကောင်းဘူး။
အထူးသဖြင့် လူအများအကြိုက် လိုက်တတ်သူတွေ၊ လူတွေရဲ့ မှတ်ချက်၊ ပြုမူဆက်ဆံပုံတွေပေါ် မူတည်ပြီးမှ ကိုယ့်တန်ဖိုးကို သတ်မှတ်တတ်သူတွေ၊ ကိုယ့်ကိုယ်ကိုယ် ပုံဖော်တတ်သူတွေ၊ တည့်တည့်ပြောရရင် Self-esteem အားနည်းသူတွေမှာ အဲဒါမျိုး တွေ့ရတတ်တယ်။
🔳 ငယ်ဘ၀ အတွေ့အကြုံတွေနဲ့လည်း ဆိုင်လိမ့်မယ်။ ငယ်ငယ်ကတည်းက အုပ်ထိန်းသူတွေရဲ့ ချစ်ခြင်းမေတ္တာ၊ ဂရုစိုက်မှု၊ အာရုံစိုက်မှုတွေကို ရဖို့ ကိုယ့်ဘက်ကပဲ အမြဲအားထုတ်ခဲ့ရသူတွေဟာ ကြီးလာတဲ့အခါမှာလည်း အဲဒီလို ကြိုးစားနေမိတတ်တယ်။ လူတွေက မကြိုက်တော့ရင်၊ တစ်ခုခု မကောင်းပြောရင်၊ အပြစ်တင်ရင်၊ ဝေဖန်ရင် လိုတာထက် ပိုပြီး ပြိုလဲတတ်ကြတယ်။ | 3 563 |
| 9 | No text... | 3 001 |
| 10 | တချို့တွေ မွေးကတည်းက ရောဂါပါလာတယ်။ မိဘက စွန့်ပစ်သွားတယ်။ ဒါမှမဟုတ် အဆိပ်အတောက်ဆန်တဲ့ မိဘနဲ့ ဆုံရတယ်။ ငယ်ငယ်ရွယ်ရွယ်နဲ့ ကင်ဆာဖြစ်တယ်။ တချို့တွေ အိမ်ထောင်ရေးကံ မကောင်းဘူး။ ပစ္စည်းဥစ္စာတွေ မြောက်များစွာ ဆုံးရှုံးတယ်။ ရေးမယ်ဆို မကုန်နိုင်ဘူးပေါ့။
🔳 စစချင်းတော့ ကျွန်တော်ထင်တယ်၊ ဘယ်သူမှ တန်းပြီး လက်သင့်မခံနိုင်ကြပါဘူး။ Why? ဆိုတဲ့ မေးခွန်းကို မေးကြမှာပဲ။
- ဘာလို့ ငါ့ကျမှ ဒီလိုမွေးကတည်းက ရောဂါပါလာတာလဲ။
- ဘာလို့ ငါ့ကျမှ ဒီကင်ဆာက ဖြစ်ရတာလဲ၊ တခြားရွယ်တူတွေဆို ကျန်းကျန်းမာမာပဲ။
- ဘာလို့ ငါကျမှ ဒီလိုမိဘဆီမှာ လာဝင်စားရတာလဲ။
- ဘာလို့ ငါ့ကျမှ ဒီလိုအိမ်ထောင်ရေးကံ မကောင်းရတာလဲ။
- ဘာလို့ ငါကျမှ ဒီလိုဆင်းရဲနေရတာလဲ။
နောက်မှ တဖြည်းဖြည်းနဲ့ အခြေအနေကို လက်သင့်ခံနိုင်လာကြတာပါ။
🔳 အဲဒီလို လက်မခံနိုင်သရွေ့လည်း လောကကို စိတ်အချဉ်ပေါက်နေမိတတ်တယ်။ ဘာလို့ဆိုတော့ စဉ်းစားကြည့်လေ၊ Fair မှ မဖြစ်တာ။ Logic မှ မကျတာ။ အဖြေမှ မရှိတာ။
အဲဒီအတွက် အဖြေတစ်ခုခုကို ကိုယ့်ဟာကိုယ်ရှာပြီးပဲ ပေးလိုက်ကြရပါတယ်။ ကျွန်တော်တို့ ဗုဒ္ဓဘာသာဝင်တွေ ဆိုရင်တော့ “သြော် အတိတ်ဘဝက ဘာလုပ်ခဲ့လဲမှ မသိတာ” ဆိုတာမျိုးနဲ့ပေါ့။ အဲဒီအခါကျ ငါလုပ်ခဲ့လို့ ငါပြန်ခံရတာ ဆိုပြီး Fair ဖြစ်သွားတယ်။ အဖြေရှိသွားတယ်။ သက်သာရာ ရသွားတယ်။
🔳 ဒါကြောင့် ဘာသာရေး ဆိုတာ ကျွန်တော်တို့ဘဝရဲ့ အဖြေမရှာနိုင်တဲ့ အရာတွေကို စိတ်သက်သာရာ ရစေတဲ့ Tool တစ်ခုပဲလို့ ပြောတာ။ မှန်တာ၊ မမှန်တာ၊ သက်သေရှိတာ၊ မရှိတာ ခဏထား။ စိတ်တော့ သက်သာရာ ရသွားစေတယ်။
ဘာသာရေးဘက်ကမှ မဟုတ်ဘူး။ တစ်နည်းနည်းနဲ့တော့ ဒီကိစ္စရပ်တွေကို အဖြေထုတ်လိုက်ကြရတာပဲ။ ငြင်းဆန်နေသရွေ့တော့ စိတ်အချဉ်ပေါက်နေဖို့၊ အဆိုးမြင်စိတ်တွေ များနေဖို့၊ ပိုအဆင်ပြေနေတဲ့သူတွေ တွေ့ရင် မျက်မှန်စိမ်းနဲ့ လိုက်ကြည့်မိနေဖို့ပဲ ရှိလိမ့်မယ်။
🔳 အဲဒီကနေမှတဆင့် ဒီကံမကောင်းမှုကနေ ငါ ဘယ်လိုအမြတ်ထုတ်မလဲ ဆိုတာကို စဉ်းစားကြရပါတယ်။ ငါးမရ ရေချိုးပြန်မယ် ဆိုတဲ့ စကားလိုပေါ့။
ကျွန်တော်ဆို ငွေကြေးတွေ သိပ်အဖတ်မတင်တတ်တာ သိထားတော့ တွယ်တာမနေတော့ဘူး။ လှူတယ်။ တန်းတယ်။ မျှဝေတယ်။ မိသားစုနဲ့ ပတ်သက်လို့လည်း နွေးထွေးတယ် မခံစားခဲ့ရတော့ တခြား ကိုယ့်လိုလူတွေကို နွေးထွေးမှု လိုက်ပေးတယ်။ ဂရုစိုက်တယ်။ သူတို့ရဲ့ ခံစားချက်ကိုလည်း ပိုပြီး နားလည်နိုင်တယ်၊ ကိုယ်ချင်းစာပေးနိုင်တယ်လို့ ကိုယ့်ကိုယ်ကိုယ် မြင်တယ်။ အဆိုးထဲက အကောင်းတွေပဲ ဆိုပါတော့။
🔳 ဘဝက ပေးလာတဲ့ အရာတွေကို ရွေးချယ်လို့မှ မရတာ။ ကိုယ်ဘယ်လိုတုံ့ပြန်မလဲ ဆိုတာကိုပဲ ရွေးချယ်လို့ ရပါတယ်။ သူက ဘာလို့ ငါ့ကို ဒါကြီး လာပေးတာလဲလို့ တွေးနေတာဟာ ကိုယ့်ထိန်းချုပ်မှုအောက်မှာ ရှိမနေတဲ့ အရာတစ်ခုကို သွားပူပန်နေတာနဲ့ တူတယ်။ ပူပန်ရုံ၊ ညည်းတွားရုံအပြင် ဘာမှလုပ်လို့ မရပါဘူး။
ဒီပေးထားချက်အောက်မှာ ငါ ဘာဆက်လုပ်မလဲ၊ အကောင်းဆုံးဖြစ်အောင် ဘယ်လိုရှင်သန်မလဲ စသဖြင့် ကိုယ်ထိန်းချုပ်လို့ ရတာတွေကိုပဲ အာရုံစိုက်လိုက်ရင် စိတ်တွေလည်း အတော်အဆင်ပြေသွားမယ်၊ ပြဿနာတွေကို ချဉ်းကပ်တဲ့ပုံစံလည်း ပြောင်းသွားလိမ့်မယ် ထင်ပါတယ်။
ဒေါက်တာ ဖြိုးသီဟ
၁၀.၁၁.၂၀၂၄
(ဒီစာက အနိုင်ကျင့် အကြမ်းဖက်မှုတွေ ကြုံလာရရင် ဝဋ်ကြွေးပါလာလို့ ဆိုပြီး ခေါင်းငုံ့ခံဖို့၊ ခွင့်လွှတ်ပေးဖို့ ရေးတာ မဟုတ်ပါဘူး။ အဲဒါတွေနဲ့ ပတ်သက်တဲ့ စာတွေ ရှေ့မှာ ရေးခဲ့ပြီးပါပြီ။ စာတစ်ပုဒ်တည်းထဲမှာတော့ ရှိသမျှ ရှုထောင့်အစုံ ထည့်မရေးနိုင်တာလည်း နားလည်စေချင်ပါတယ်။
ကိုယ့်ကြောင့်လည်း မဟုတ်၊ ဘယ်သူ့ကြောင့်မှရယ်လည်း မဟုတ်တဲ့ ကံဆိုးခြင်းတွေနဲ့ ရင်ဆိုင်ရတဲ့အခါ ကျွန်တော်တော့ ဒီလိုနှလုံးသွင်းကျော်ဖြတ်နေတယ် ဆိုတာလေးကိုပဲ မျှဝေထားခြင်း ဖြစ်ပါတယ်။ ဘယ်သူနဲ့မှ ကိုက်ညီဖို့ မျှော်လင့်ထားတာ မဟုတ်လို့ တွေးစရာ တစ်ခုခု ရသွားရင်ပဲ ကျေနပ်ပါတယ်) | 4 780 |
| 11 | “လွန်ဆန်လို့ မရတဲ့ ကံမကောင်းခြင်းတွေ”
🔳 ဒီဆောင်းပါးက Logic ကျတယ် ဆိုတာထက် ကျွန်တော့်ခံယူချက်၊ ကျွန်တော့်ယုံကြည်ချက်တွေကို ရေးထားခြင်း ဖြစ်ပါတယ်။ အားလုံးအတွက် ကိုက်ညီချင်မှတော့ ကိုက်ညီမယ်။ လက်ခံချင်မှလည်း လက်ခံနိုင်ပါလိမ့်မယ်။
🔳 အရင်ဆုံးတော့ ဟိုရက်က ရေးဖြစ်ခဲ့တဲ့ Life philosophy ဆိုတဲ့အကြောင်းကို ပြန်ပြောပြချင်တယ်။ နိုင်ငံတွေမှာ တစ်ခုနဲ့တစ်ခု စနစ်ချင်း၊ ပြဌာန်းထားတဲ့ ဥပဒေချင်း မတူကြသလိုပဲ၊ လူတွေမှာ တစ်ယောက်နဲ့တစ်ယောက်ရဲ့ ဘဝကို လည်ပတ်ပုံချင်း၊ ဖြတ်သန်းပုံချင်း၊ ရှုမြင်ပုံချင်းတွေ မတူကြဘူး။ ဒါကို ကိုယ့်ရဲ့ ဘဝဒဿန (Life philosophy) လို့ ခေါ်တယ်။
ငယ်ဘဝ၊ ရှင်သန်ကြီးပြင်းခဲ့တဲ့ ပတ်ဝန်းကျင်၊ ဖတ်ခဲ့တဲ့ စာတွေ၊ ကိုးကွယ်တဲ့ ဘာသာတရား၊ ရှိခဲ့တဲ့ အတွေ့အကြုံ စတာတွေပေါ် မူတည်ပြီး တစ်ယောက်နဲ့တစ်ယောက် ကွာခြားကြတယ်။ အသက်အရွယ်ပေါ် မူတည်ပြီးလည်း ပြောင်းလဲနေတတ်တယ်။
🔳 ဥပမာ အသိညီမတစ်ယောက်ဆို ပြောပြတယ်။ တောထဲမှာ နေခဲ့ရလို့လား မသိဘူးတဲ့။ အချိန်မရွေး အသက်ဆုံးရှုံးသွားနိုင်တယ်၊ မနက်ဖြန် သန်ဘက်ခါတောင် ဘာဖြစ်မယ် ဆိုတာ မသိနိုင်တော့ ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်လိုစိတ်လည်း မရှိတော့ဘူးတဲ့။ ပျော်ပျော်နေလိုက်မယ်၊ စားချင်တာတွေ စားလိုက်မယ်၊ ထိန်းသိမ်းမနေချင်တော့ဘူးလို့ ဆိုတယ်။
သူ့လို ထရော်မာမျိုး၊ အတွေ့အကြုံမျိုး မရှိထားတဲ့ ကျွန်တော်နဲ့တော့ တူမနေဘူးပေါ့။ ကျွန်တော်တို့ကတော့ ကိုယ့်ကျန်းမာရေးကို ဂရုစိုက်ရမယ်၊ အစားအသောက် အနေအထိုင် ဆင်ခြင်ရမယ်၊ Self-discipline အားကောင်းအောင် ကြိုးစားရမယ်၊ ဒီလိုပုံစံနဲ့ တစ်နေ့တာကို ဖြတ်သန်းနေတဲ့သူတွေ။ ကိုယ့်စိတ်ကို အဆင်ပြေအောင် ဒီနည်းတွေနဲ့ ကြံဆောင်နေရသူတွေ။
ဒါကြောင့် အခုရေးမှာကလည်း ကျွန်တော့်ရဲ့ လက်ရှိအသက်အရွယ်မှာ ရှိနေတဲ့ Life philosophy တွေထဲက တစ်ခုသာ ဖြစ်ပါတယ်။
🔳 တစ်ခါတလေကျလည်း မေးခွန်းထုတ်မိတယ်။ ကံတရား ဆိုတာ ဘာလဲပေါ့။
တချို့လည်း ပြောကြမယ်။ ကံဆိုတာ အလုပ်။ ကြိုးစားရင် ရတယ်။ အလုပ်ကောင်းရင် ကံကောင်းမယ် စသဖြင့်။ မှန်သင့်သလောက်လည်း မှန်ပါတယ်။ ဒါပေမဲ့ ကိုယ်ဘယ်လိုကြိုးစားကြိုးစား မရတာတွေ၊ ဖြစ်မလာတွေ၊ နေရင်းထိုင်ရင်းနဲ့ကို သူ့အလိုလို ရောက်လာတဲ့ ကံဆိုးခြင်းတွေလည်း ဘဝမှာ ရှိနေတာကို သတိထားမိလာတယ်။
🔳 ကိုယ့်ဘဝကိုယ် ပြန်စဉ်းစားကြည့်တဲ့အခါ ကံကောင်းတဲ့အထဲ ပါတယ်။ ကောင်းမွန်တဲ့ ငယ်ဘဝကို ရခဲ့တယ်။ ကြီးကြီးမားမား ဒုက္ခရောက်ရတယ် ဆိုတာလည်း သိပ်မရှိလှဘူး။
သို့သော် နှစ်ချက်တော့ သတိထားမိတယ်။
🔳 ပထမတစ်ချက်က ငွေကြေးနဲ့ ပတ်သက်လို့။
အဖေ့လက်ထက်ကတည်းကလည်း လူတန်းစေ့နေလို့ ရခဲ့တယ်။ ဒါပေမဲ့ အကြောင်းကြောင်းကြောင့် ချမ်းချမ်းသာသာတော့ မနေခဲ့ရဘူး။ လေလွင့်ဆုံးရှုံးရတာတွေ အများကြီး ရှိခဲ့တယ်။ အဖေရှာသလောက်၊ အဖေကြိုးစားသလောက် အရာမထင်ခဲ့ဘူးပေါ့။
အဲဒီလိုနဲ့ ကျွန်တော့်အလှည့် ရောက်လာတယ်။ အဖေ့တုန်းကလိုပဲ။ ငွေကို ပင်ပင်ပန်းပန်း ရှာဖွေနေရတယ် ဆိုတာ မရှိဘူး။ ဒါပေမဲ့ ရှာသလောက်လည်း အဖတ်မတင်ပြန်ဘူး။ အဖေ့လက်ထက်က အကြောင်းရင်းခံ ပြဿနာတွေကို ကျွန်တော့်အလှည့်မှာ သင်ခန်းစာယူပြီး ရှင်းထုတ်လိုက်ပြန်တော့လည်း ဟော … နိုင်ငံရေး ပြဿနာက ဝင်လာပြန်တယ်။
ငါတို့မိသားစုကိုက ဒီပစ္စည်းဥစ္စာတွေနဲ့ မထိုက်လို့ဖြစ်မယ်၊ ဒီလိုတွေ ချမ်းချမ်းသာသာ နေရဖို့ ကံမပါလာလို့ ဖြစ်မယ် ဆိုပြီး တွေးနေမိတယ်။ အသုံးအဖြုန်း ကြီးလို့လည်း မဟုတ်ဘူး။ လောင်းကစား လုပ်လို့လည်း မဟုတ်ဘူး။ ငွေလိမ်ခံရတာလည်း မဟုတ်ဘူး။ ငွေမရှာတတ်လို့၊ မရှာနိုင်လို့လည်း မဟုတ်ဘူး။ အကြောင်းတစ်ခုမဟုတ် တစ်ခုကြောင့်ကို လေလွင့်နေရတာပေါ့။
🔳 နောက်တစ်ချက်က Relationship.
မိသားစုက ဘာပြဿနာ ဖြစ်နေလဲဆို ဘာပြဿနာမှ ကြီးကြီးမားမား မရှိလှဘူး။ Physical abuse လုပ်တာတို့၊ ဖောက်ပြန်တာတို့၊ သားတွေကလည်း ဆေးစွဲနေတာတို့ စသဖြင့် ဘာမှမရှိဘူး။ ဒါပေမဲ့ နွေးထွေးလားဆိုတော့ မနွေးထွေးဘူး။ ကိုယ်လုပ်စရာရှိတာ လုပ်ပေးမယ်၊ ဒီနည်းနဲ့ ကိုယ့်မေတ္တာကို ပြသမယ်၊ ဒါပဲ။
ကိုယ်တိုင် Relationship ရတဲ့အရွယ် ရောက်လာပြန်တော့လည်း အတူရှိတဲ့အချိန်ထက် အတူမရှိတဲ့အချိန်က ပိုများနေခဲ့တယ်။ ကြည့်လိုက်ရင် အမြဲလိုလို တစ်ယောက်တည်းပဲ။ Virtual interaction ဘယ်လိုပဲ ရှိတယ်ပြောပြော Physical ကိုတော့ ဘယ်လိုမှ အစားမထိုးနိုင်ဘူးလေ။
ဒီနေရာမှာလည်း ငွေကြေးကိစ္စတုန်းကလိုပဲ၊ ကိုယ်ဘာမှားလဲ၊ ဘာလိုအပ်လဲဆိုတော့ ဘာမှ မှားမနေ၊ လိုအပ်မနေပြန်ဘူး။
🔳 အရင်ကတော့ Why? ဆိုတဲ့ မေးခွန်းကို ခဏခဏ မေးမိတယ်။ လက်မခံနိုင်တာပေါ့။ ဘာလို့လဲ။ ဘာလို့ ငါတို့ကျမှ ဒီလိုဖြစ်ရတာလဲ။ ဘာလို့ ကြိုးစားသမျှ အရာမထင်ရတာလဲ။ ဘာလို့ သူများတွေလို ကံမကောင်းရတာလဲ စသဖြင့်။
နောက်တော့လည်း တဖြည်းဖြည်းနဲ့ လက်သင့်ခံနိုင်လာတယ်။ အဲဒီတော့မှပဲ စိတ်ကလည်း ငြိမ်းချမ်းမှုကို ရသွားတာ။ ဒါကြောင့် Acceptance က သိပ်အရေးကြီးတယ်လို့ မကြာခဏ ပြောရတာပါ။
🔳 ကျွန်တော်ကမှ ဒီနှစ်ခုတည်းပါ။ ကျန်တာတော်တော်များများမှာ ကံကောင်းတယ်လို့ ပြောလို့ရသေးတယ်။ | 3 268 |
| 12 | No text... | 2 984 |
| 13 | များသောအားဖြင့်တော့ ကျွန်တော်တို့တွေဟာ ဆက်ဆံရေးတွေ အဆင်ပြေစေဖို့ တစ်ဖက်သားကို ပြောင်းလဲလာစေချင်ကြတယ်။ ကောင်မလေးက ကောင်လေးကို၊ မိဘက သားသမီးကို၊ သားသမီးက မိဘကို၊ ယောကျာ်းက မိန်းမကို စသဖြင့်။
ဒါပေမဲ့ မြင်မိသလောက်တော့ အဲ့လို ပြောင်းလဲသွားတာထက် အရှိအရှိအတိုင်း လက်ခံပေးလိုက်လို့ အဆင်ပြေသွားကြတာကသာ ပိုများတယ်။
🔳 ဒါကြောင့် ကိုယ့်ကိုယ်ကိုယ်တောင် ပြောင်းလဲသင့်နေတာ သိသိကြီးနဲ့ မပြောင်းလဲနိုင်သေးတာတွေ အများကြီး ဖြစ်နေတဲ့ အချိန်မှာ သွေးမတော် သားမစပ် လူတစ်ယောက်ကို ကိုယ့်အချစ်နဲ့ ပြောင်းလဲပစ်မယ် ဆိုတာက ဝတ္ထုသိပ်ဆန်လွန်းပါတယ်။ လူတိုင်းနီးပါး ငယ်ငယ်ကတော့ အဲ့လိုတွေးခဲ့ဖူးလိမ့်မယ်။
တကယ်တမ်းအရွယ်တစ်ခု ရောက်လာတဲ့အခါမှာတော့ အဲ့လို ပြောင်းလဲခိုင်းမဲ့အစား ကိုယ့်ဘက်က လက်ခံပေးနိုင်အောင်ပဲ ကြိုးစားလိုက်တာက ပိုလက်တွေ့ကျတယ်ဆိုတာ မြင်လာမိတယ်။ ကိုယ်တွေကြားမှာ ဘယ်လောက်ထိ ခြားနားမှု ရှိသလဲ၊ အဲဒါတွေကို ဘယ်အတိုင်းအတာထိ လက်ခံပေးနိုင်မလဲ ဆိုတာက Relationship တစ်ခု တည်မြဲခြင်း၊ ချမ်းမြေ့ခြင်း၊ သာယာခြင်းတို့အတွက် အဖြေတစ်ခု ဖြစ်လာမယ်လို့ ထင်ပါတယ်။
ဒေါက်တာ ဖြိုးသီဟ
၁၈.၄.၂၀၁၉ | 4 115 |
| 14 | "အချစ်တွေ ရင့်ကျက်သွားတဲ့အခါ"
🔳 ကျွန်တော်တို့အိမ်မှာ ကြောင်လေး နှစ်ကောင် မွေးထားပါတယ်။ ဒီတော့ သူတို့ရဲ့ ဒဏ်တွေ ခံရသပေါ့။ ပစ္စည်းတွေပေါ် အညစ်အကြေးတွေ စွန့်သွားတယ်။ ကျွန်တော်တို့ ကုတင်တွေပေါ် တက်အိပ်တယ်။ ကြောင်မွှေးတွေက နေရာအနှံ့။ အစာဖိုးတွေလည်း ကုန်မှကုန်။
ဒါဖြင့် မေးမယ်။ ဘာလို့ မွေးထားသေးလဲ ဆိုရင်တော့ ကျွန်တော့်အဖေနဲ့ အမေကြောင့်လို့ ဖြေရမှာပဲ။
🔳 သူတို့က အသက်အားဖြင့် ၆၀ ဝန်းကျင်တွေ ဖြစ်လာတယ်။ ကျွန်တော်တို့က မိုးလင်းမိုးချုပ် အပြင်မှာ။ ဒီတော့ သူတို့မှာ အဖော်ဆိုလို့ ဒီကြောင်နှစ်ကောင်ပဲ ရှိတယ်။ တခြားမိဘတွေလိုလည်း ခရီးထွက်ရတာ၊ အပြင်သွားရတာ ဝါသနာပါသူတွေ မဟုတ်ဘူး။ ဒီကြောင်နှစ်ကောင်ကိုပဲ ကလေးတွေလို သဘောထားပြီး တစ်နေ့တစ်နေ့ အဖော်လုပ်နေကြရတာ။
ဒီအခါ ကိုယ်က မိဘကို ချစ်တယ်။ စိတ်ချမ်းသာစေချင်တယ်။ ဒီတော့ ဒီကြောင်လေးနှစ်ကောင်ကိုပါ လိုက်ချစ်ပေးရတယ်။ ဒီကြောင်လေးတွေကို ဘာဖြစ်တယ် ညာဖြစ်တယ် ဆိုပြီး ပြောနေတာသည် အဖေနဲ့ အမေကို စိတ်ကျဉ်းကြပ်စေတာနဲ့ အတူတူပဲ။
🔳 တစ်ခါက အစ်ကိုတစ်ယောက်နဲ့ စကားပြောဖြစ်တယ်။ သူက အိမ်ထောင်သည်။ မိန်းမဖြစ်သူနဲ့က အဆင်မပြေတာလေးတွေ ရှိတယ်။ အထူးသဖြင့်တော့ ပိုက်ဆံကိစ္စ။ သူက ငွေကို စစ်စစ်စီစီ သုံးချင်တယ်။ သူ့မိန်းမက စာရင်းမရှိ အင်းမရှိ။ နောက်ပြီး သူ့မိန်းမရဲ့ သူငယ်ချင်းမတစ်ယောက်ကို သူက ကြည့်မရဘူး။ အဲဒါနဲ့ ပတ်သက်လို့လည်း ပြဿနာ မကြာခဏ တက်ခဲ့ဖူးတယ်။
ဟိုရက်ကတော့ သူ့မိန်းမကို Anniversary လက်ဆောင်ဆိုပြီး ငွေ ၅ သိန်း ပေးသတဲ့။ အဲဒါနဲ့ မေးကြည့်တယ်၊ အစ်ကိုက ဒီလောက်ငွေကြေးကို စိစစ်တာ၊ ခုကျမှ ဘယ့်နှယ့်လုပ် ပေးတာလဲဆိုတာ့ သူ့မိန်းမရဲ့ သူငယ်ချင်းက ငွေအခက်အခဲ ဖြစ်နေတယ်၊ သူ့မိန်းမကလည်း ကူညီပေးချင်နေတယ်၊ ဒါကို သူသိလို့ ပေးလိုက်တာတဲ့။ အဲဒီသူငယ်ချင်းကိုတော့ ကြည့်မရဘူး၊ ကူညီပေးချင်စိတ်လည်း မရှိဘူး။ ဒါပေမဲ့ သူ့မိန်းမ ပျော်အောင်လို့ ပေးတာ။
🔳 “ငါ့ဘက်က ပေးလိုက်ပြီပဲကွာ၊ သူ့ဟာသူ ပိုက်ဆံအိတ်ပဲ ဝယ်ဝယ်၊ ခရီးပဲ ထွက်ထွက်၊ သူ့ဟာသူ လုပ်ချင်ရာလုပ်၊ သူ ပျော်ရင်ပြီးတာပဲ” တဲ့။ စဉ်းစားကြည့်မိတယ်။ တကယ်လို့ သူသာ ၅ သိန်းတန် ပစ္စည်းတခုခု ပေးကြည့်၊ သူ့မိန်းမ ဒီလောက်ပျော်မှာ မဟုတ်ဘူး။ ခုတော့ သူကူညီပေးချင်နေတဲ့ သူ့သူငယ်ချင်းကို ကူညီပေးလို့ ရသွားပြီ။ ယောကျာ်းဖြစ်သူကလည်း သူ့မိန်းမ စိတ်ချမ်းသာနေတာ တွေ့ရလို့ ကျေနပ်သွားပြီ။
အရင်စိတ်နဲ့ဆို ငါ ရှာတဲ့ပိုက်ဆံက မင်းသူငယ်ချင်းအတွက် မဟုတ်ဘူးလို့ ပြောမိလိမ့်မယ်။ ခုတော့ သူ့မိန်းမရဲ့ စိတ်ကို ပြင်မရမယ့်အတူတူ လက်ခံပေးနိုင်အောင်ပဲ ကြိုးစားလိုက်တဲ့ သဘောပေါ့။ အဲဒီသူငယ်ချင်းကို လိုက်ချစ်ပေးလောက်တဲ့အထိတော့ မဟုတ်ဘူး။ သူလည်း လူပဲကိုး။ ဒါပေမဲ့ ဒီသူငယ်ချင်းကို တအားချစ်နေတဲ့ မိန်းမရဲ့စိတ်ကိုတော့ နားလည်ခွင့်ပြုပေးလိုက်တယ်။ ရလဒ်အနေနဲ့ နှစ်ယောက်စလုံးလည်း ပျော်ရွှင်ရတယ်။
ဒီကောင်မလေးကို ကြည့်မရပေမဲ့ ကိုယ့်သားက သူမှသူ ဖြစ်နေတော့ ချွေးမအဖြစ် လက်ခံပေးလိုက်တာမျိုး၊ ဒီကောင်လေးနဲ့ မဖြစ်စေချင်ပေမဲ့ ကိုယ့်ညီမမျက်နှာနဲ့ အလိုက်အထိုက် စကားပြောပေးတာမျိုးတွေဟာ ဒီသဘောတရားပဲပေါ့။
🔳 ကိုယ်တစ်ယောက်တည်းတောင် အမျိုးမျိုး ပြောင်းလဲနေတာကို ကိုယ်နဲ့ တိုင်းချုပ်ထားသလို အံဝင်ခွင်ကျ ဖြစ်နေတဲ့ လက်တွဲဖော်ရယ်လို့တော့ တွေ့ဖို့ ခဲယဉ်းတာပေါ့။ အဲ့လို ကံကောင်းတဲ့သူတွေလည်း ရှိပါတယ်။ အားကျစရာလည်း ကောင်းတယ်။ ဒါပေမဲ့ အားကျတိုင်းလည်း အဲ့အတိုင်း လိုက်ဖြစ်တာမှ မဟုတ်တာ။ လူဆိုတာ ဘဝက ကိုယ့်ကို ပေးလာတဲ့ ပုစ္ဆာကိုပဲ ဖြေရတာပဲကိုး။ သူများပုစ္ဆာ သွားဖြေချင်လို့ မရတာ။
ဒီတော့ ‘တစ်ယောက်ကိုတစ်ယောက် သိပ်ချစ်ပါတယ်’ အစား ‘နှစ်ယောက်ကြားက မတူညီမှုတွေကို ဘယ်လောက်ထိ လက်ခံပေးနိုင်သလဲ’ ဆိုတာက ပိုအဓိကကျတယ်လို့ ထင်မိတယ်။ ဒါကိုပဲ နားလည်မှု လို့ ပြောကြတာ ဖြစ်မယ်။
🔳 တချို့သော Relationship တွေက လူနဲ့ ကြောင် တစ်အိမ်တည်း နေသလိုပဲ။ သဘာဝချင်း မတူတဲ့သူတွေမို့ အတူနေရတာ ဘယ်လိုမှ အဆင်မပြေဘူး။ ဒါကလည်း ဘယ်သူ့မှာမှ အပြစ်ရှိတာ မဟုတ်ဘူး။ ကြောင်ကလည်း ကြောင်အတိုင်း၊ လူကလည်း လူအတိုင်း နေနေတာပဲ။ ဒါပေမဲ့ အဲ့လိုနေနေတာကိုက တစ်ယောက်ကို တစ်ယောက် မရည်ရွယ်ပါဘဲနဲ့ နာကျင်နေစေတာ။
ဒီအခါ ချစ်လို့ ဆိုပြီး အတင်းဇွတ်မှိတ် နေနေတာက နှစ်ယောက်စလုံးကို ထိခိုက်စေတယ်။ ကိုယ့်ဆီ လာရောက်မယ့် သားသမီးတွေကိုလည်း စိတ်ဒဏ်ရာရစေမယ်။ အရင်ဆုံးတော့ လက်ခံပေးနိုင်အောင် ကြိုးစားကြည့်။ ကြောင်နှစ်ကောင်ဆို အဆင်ပြေတယ်၊ ကြောင်ရှစ်ကောင်ဆို ဘယ်လိုကြိုးစားကြိုးစား မပြေတော့ဘူး။ အိမ်နောက်ဖေးမှာ သူတို့ အညစ်အကြေးစွန့်ထားလို့ အနံ့နံတာက ရတယ်။ လပ်ပ်တော့ပေါ် အပေါ့စွန့်သွားရင်တော့ မရတော့ဘူး။ အဲ့လိုအဆင့်မျိုး ဆိုရင်တော့ အေးအေးချမ်းချမ်း လမ်းခွဲလိုက်ကြပေါ့။ ဘဝဆိုတာ တိုတိုလေးပါ။ ဘယ်လိုမှ အဆင်မပြေနိုင်တာကို ဇွတ်ကြိုးစားမနေပါနဲ့။
🔳 ပျော်ရွှင်သာယာတဲ့ Healthy relationship ဖြစ်ဖို့အတွက် လူကလည်း ကြောင်ကို ချစ်တယ်ဆို ကြောင်သဘာဝကို လက်ခံပေးရမှာ ဖြစ်သလို၊ ကြောင်ကလည်း လူကို ကြီးကြီးမားမား ထိခိုက်စေရအောင် မလုပ်နဲ့ပေါ့။ | 4 237 |
| 15 | No text... | 4 001 |
| 16 | လုပ်သမျှ ဖြစ်မလာတဲ့အခါ၊ တည်ဆောက်ထားသမျှတွေ ပြိုပျက်သွားတဲ့အခါ၊ သူတို့အတွက် ရှင်သန်နေတာပါ ဆိုတဲ့ မိဘ သို့မဟုတ် သားသမီး ဆုံးပါးသွားလို့ ကိုယ့်မှာ ဆက်ရှင်သန်စရာ အကြောင်းပြချက် မည်မည်ရရ မရှိတော့တဲ့အခါ အချိန်တွေရဲ့ တန်ဖိုးကလည်း ကျသွားတတ်တယ်။
🔳 တကယ်တမ်းကျ အသက်ဆိုတာ အချိန်တွေနဲ့ တည်ဆောက်ထားတာပဲ။ အချိန်တွေ ဖြုန်းနေခြင်းက အသက်ကို ဖြုန်းနေခြင်းလည်း ဖြစ်တယ်။ ဘဏ်အကောင့်ထဲ ငွေဘယ်လောက်ကျန်သေးလဲ၊ ဖုန်းဘေလ် ဘယ်လောက်ကျန်သေးလဲ စစ်သလိုလည်း စစ်လို့ရတဲ့ကိစ္စ မဟုတ်ဘူး။
စဉ်းစားကြည့်ကြည့်။ ခုနေ ကိုယ့်မှာ ကင်ဆာဖြစ်နေတယ်၊ ၆ လ ၁ နှစ်ပဲ ခံတော့မယ် ဆိုတာ သိလိုက်ရရင် ကိုယ် ဘာတွေလုပ်မလဲပေါ့။ အနီးဆုံး စဉ်းစားရင်တော့ မနက်ဖြန်သာ သေရမယ်ဆို ဘယ်လိုနေမလဲ။
🔳 ကျွန်တော့်မှာဆို လုပ်မယ်ဆိုပြီး အချိန်ဆွဲထားတဲ့ တိုးလိုးတန်းလန်းတွေ အများကြီးရှိတယ်။ အဲဒါတွေကို ကုန်းရုန်းလုပ်မိမယ် ထင်တယ်။ သေအံ့ဆဲဆဲများ ဖြစ်နေမယ်ဆိုရင်တော့ “ငါ ဒီတစ်ခါများ မသေဖြစ်လိုက်ဘူး၊ ဒီတောင်ကို ကျော်နိုင်လိုက်တယ်ဆို ဒါတွေ ငါသေချာလုပ်မယ်၊ နောက်ဘယ်တော့မှ အချိန်မဆိုင်းတော့ဘူး” ဒီလိုတွေးနေမိမယ် ထင်တယ်။ “ဒီတစ်ခါလေးပဲ အခွင့်အရေး ထပ်ပေးပါ၊ ဒါတွေ လက်စသတ်သွားချင်လို့ပါ” ဆိုပြီး တန်ခိုးရှင်တစ်ယောက်ယောက်ဆီလည်း ဆုတောင်းနေမိမလား မပြောတတ်ဘူး။
ခုကတော့ Balance ဘယ်လောက်ကျန်သေးလဲ သေချာမသိပါဘဲနဲ့ ဒီအချိန်တွေကို စိတ်အလိုလိုက်ပြီး ဖြုန်းမိနေတုန်းပဲပေါ့။
🔳 ကျွန်တော်တို့ရဲ့ စိတ်အခြေအနေ၊ ဖြတ်သန်းနေရတဲ့ ဘဝပုံစံတွေပေါ်မှာလည်း မူတည်ဦးမှာပါ။ တစ်နေ့ သေမှာတော့ လူတိုင်း သိကြတာချည်းပဲလေ။ သို့သော် ဘယ်သူမှတော့ အချိန်တိုင်း အချိန်တိုင်းကို အကျိုးရှိရှိ အသုံးချနိုင်မနေကြပါဘူး။
ဘာပဲဖြစ်ဖြစ် ဒီအတွေးလေးကိုတော့ ကိုယ့်ကိုယ်ကိုယ် မကြာမကြာလေး Remind ပြန်လုပ်စေချင်ပါတယ်။ ဒါဆို အရင်လောက်တော့ သတိလက်လွတ်နဲ့ အချိန်တွေ ဖြုန်းမိမနေ၊ ဆိုင်းမိမနေတော့ဘဲ အကျိုးရှိတာတွေ ပိုလုပ်ဖြစ်လာလိမ့်မယ် ထင်ပါတယ်။
ဒေါက်တာ ဖြိုးသီဟ
၂၀.၁၀.၂၀၂၄ | 7 859 |
| 17 | “မသေဖြစ်ရင် ပိုချစ်ကြမယ်”
🔳 မနက်က စကားဝိုင်းတစ်ခုမှာ ပန်းချီဆရာမ နုယဉ် ရွတ်သွားတဲ့ ကဗျာစာသားလေး။ မူရင်းရေးသူကတော့ ဆရာမောင်ပို လို့ သိရတယ်။
တနေကုန် အဲဒီစကားလေးကိုပဲ စိတ်ထဲ စွဲကျန်နေမိတယ်။
ဖတ်သူတစ်ဦးအနေနဲ့ ခံစားမိတာကတော့ သေအံ့ဆဲဆဲ လူတစ်ယောက်ရဲ့ အတွေး။ “ငါ ဒီတစ်ခါများ မသေဖြစ်ဘူးဆို ပိုချစ်လိုက်မယ်၊ ချစ်ပြမယ်” ဆိုတဲ့ စိတ်ကူး။ ဒါမှမဟုတ် နောင်တလည်း ဖြစ်ရင်ဖြစ်မယ်ပေါ့။
🔳 ကိုယ်တိုင်တော့ အဲဒီလို ငါသေတော့မလား မသိဘူး ဆိုပြီး တစ်ခါမှ ကြုံရတာမျိုး မရှိဖူးသေးဘူး။ ရောဂါကြီးကြီးမားမား မဖြစ်ဖူးတာလည်း ပါမယ်။ ကိုယ်ချစ်တဲ့ခင်တဲ့သူတွေလည်း အဲဒီလို အခြေအနေ မရောက်ဖူးသေးဘူး။
သို့သော် တစ်ခုခုလုပ်ဖို့ နောက်ကျသွားတာမျိုးတော့ ခဏခဏ ကြုံဖူးတယ်။ ဥပမာ ဖုန်းတို့၊ လပ်ပ်တော့ပ်တို့ထဲက ဖိုင်တွေကို မရွှေ့ထားမိသေးချိန်မှာ ပျက်သွားတာမျိုး။ ဒီတစ်ခါ မပျက်ဘဲသာ ပြန်ကောင်းသွားရင် ငါ ချက်ချင်းရွှေ့ထားလိုက်တော့မှာ ဆိုတဲ့ အတွေးဝင်တယ်။ ဒီတစ်ခါလေးပဲ ပြန်ကောင်းပေးပါ ဆိုပြီး ပြောနေမိတာပေါ့။
🔳 ဒီကာလကတော့ အရင်ထက်စာရင် နေ့မြင်ညပျောက်တွေ များလာတယ်။ သေကွဲမဟုတ်တောင် ရှင်ကွဲ ကွဲရတာတွေ ပိုကြုံလာရတယ်။ အဲဒီ ရှင်ကွဲ တွေကလည်း “ပြန်ဆုံကြမယ်နော်” လို့ တစ်ယောက်ကိုတစ်ယောက် ပြောနေကြပေမဲ့ “ဆုံချင်မှလည်း ဆုံရတော့မယ်" ဆိုတာကို နှစ်ယောက်လုံးက သိနေကြတဲ့ ရှင်ကွဲမျိုးတွေ ဖြစ်နေတာ။
ဒါကြောင့်လည်း “မသေဖြစ်ရင် ပိုချစ်ကြမယ်” ဆိုတဲ့ စကားလေးက ထိထိရှရှ ဖြစ်နေစေတာပေါ့။ ဒီတစ်ခါများ မခွဲဖြစ်ကြရင်၊ မင်း တခြားနေရာ၊ တခြားမြို့၊ တခြားနိုင်ငံကို မပြောင်းဖြစ်ရင်၊ တောထဲ ပြန်မဝင်ဖြစ်ရင် ပိုချစ်ကြမယ် ဆိုပြီး ပြောင်းရွတ်နေမိတယ်။
ဘာဖြစ်ချင်လဲလို့ မေးရင် တတ်နိုင်သမျှ နောင်တနည်းချင်တယ်။ မလုပ်ပေးလိုက်ရတဲ့ ကိစ္စတွေ၊ မပြောလိုက်ရတဲ့ စကားတွေ၊ မပြသလိုက်ရတဲ့ ချစ်ခြင်းမေတ္တာတွေ နည်းနိုင်သမျှ အနည်းဆုံးပဲ ဖြစ်ချင်တော့တယ်။ အတူရှိတုန်း အခိုက်အတန့် မေတ္တာထားကြမယ်။ အပြန်အလှန် နားလည်မှု ပေးကြမယ်။ ဂရုစိုက်ကြမယ်။ အမှတ်တရကလေးတွေ ဖန်တီးကြမယ်။ ဒါကိုက ဒီကာလအတွက် အကောင်းဆုံးသော ဘဝနေနည်းတစ်ခု ဖြစ်လာခဲ့တယ်။
🔳 တစ်ခါတလေကျလည်း ဒါတွေကို မသိဘူး မဟုတ်ဘူး။ သိပါတယ်။ အတူရှိနေတုန်း တန်ဖိုးထားရမယ် ဆိုတာ ပြောသလောက်တော့လည်း လွယ်မနေပြန်ဘူး။
ဘယ်လိုမှ ရှေ့ဆက်လို့ မရနိုင်တော့တဲ့ ဆက်ဆံရေးတွေ၊ ဆုံဖို့ မဖြစ်နိုင်တော့တဲ့ လူတွေ၊ ဆိုင်လို့ မရတော့တဲ့ မျက်နှာချင်းတွေ အများကြီးရှိတယ်။
🔳 မိဘတွေကို သက်ရှိထင်ရှားရှိတုန်း ဂရုစိုက်ပါ ဆိုတာတောင်မှ လူတိုင်းအတွက် လွယ်တဲ့ကိစ္စ မဟုတ်ဘူး။ သူတို့နဲ့ ကိုယ်ရဲ့ ဆက်ဆံရေး အတိမ်အနက်၊ တစ်ယောက်ကိုတစ်ယောက် ပေးထားကြတဲ့ စိတ်ဒဏ်ရာ အတိမ်အနက်၊ ဒါတွေကလည်း အများကြီး စကားပြောသေးတယ်။
ပုံမှန်အရတော့ မိဘဆိုတာ ကိုယ့်အပေါ် ကျေးဇူးရှိတယ်။ ကိုယ်တိုင်လည်း ဒီလိုပဲ ခံယူသလို၊ လူမှုပတ်ဝန်းကျင်ကလည်း ဒီလိုပဲ မြင်တယ်။ ဒါကြောင့် မိဘအပေါ် ဂရုမစိုက်မိခြင်းအတွက် ကိုယ်တိုင်လည်း Guilty ဖြစ်သလို ခံစားရပြီး ပတ်ဝန်းကျင်ကလည်း ဒီလိုပဲ အပြစ်တင်တတ်တယ်။
အရွယ်အားဖြင့်လည်း မိဘတွေက ဒီလောကထဲကနေ အရင်ထွက်ခွာကြရတာ များတယ်။ ဒီအခါ ကျန်ခဲ့တဲ့ သားသမီးမှာ နောင်တတွေ တပွေ့တပိုက်နဲ့ပေါ့။ သူတို့ပေးခဲ့တဲ့ စိတ်ဒဏ်ရာတွေကြောင့် ဘယ်လိုမှ ရင်းနှီးလို့၊ နွေးထွေးပေးလို့ မရတော့တာက တစ်ဖက်၊ ကျေးဇူးတရား ဆိုတဲ့ အသိနဲ့ ငါ သားသမီးတာဝန် မကျေခဲ့ဘူး ဆိုတဲ့ စိတ်က တစ်ဖက်။ တစ်သက်တာ ထမ်းပိုးသွားပေရော့ပဲ။
🔳 ဘယ်လိုပဲဖြစ်ဖြစ် တတ်နိုင်သမျှတော့ နောင်တနည်းအောင် ကြိုးစားကြရတာပါပဲ။
ဘဝက သံပုရာသီး ပေးလာရင် သံပုရာရည် ဖျော်သောက်လိုက် ဆိုတဲ့ စကားတောင် ရှိသေးတာပဲ မဟုတ်လား။ မိဘဆိုတာလည်း ကိုယ်ရွေးချယ်လို့ ရခဲ့တဲ့အရာ မဟုတ်ဘူး။ ဒီလိုပဲ၊ ကိုယ့်ဘဝထဲကို ဘယ်သူဝင်လာပါ၊ ဘယ်သူဝင်မလာပါနဲ့လည်း တားလို့ မရဘူး။
သံပုရာသီးနဲ့ တူတဲ့သူတွေလည်း ပါလာမယ်။ စပျစ်သီးနဲ့ တူတဲ့သူတွေလည်း ပါလာမယ်။ အပြင်မှာက ဆူးတွေနဲ့ အထဲမှာတော့ အရသာတွေ ပျစ်နှစ်နေတဲ့ ဒူးရင်းသီးလို လူတွေလည်း ပါလာမှာပဲ။
ကိုယ်တတ်နိုင်တာကတော့ သူတို့အတွက် ဘယ်လိုလူမျိုး ဖြစ်ပေးမလဲ၊ သူတို့ကို ဘယ်လိုတုံ့ပြန်မလဲ ဆိုတာပါပဲ။
🔳 တစ်ခါတလေကျ လူတွေအပေါ် ကောင်းပေးလိုက်တယ်၊ ခွင့်လွှတ်ပေးလိုက်တယ်၊ သဘောထား ကြီးပေးလိုက်တယ် ဆိုတာ ဘယ်သူ့အတွက်မှ မဟုတ်ဘူး။ ကိုယ် နောင်တနည်းချင်လို့ လုပ်ပေးလိုက်တာ သက်သက်လည်း ဖြစ်နေတတ်ပါတယ်။ စိတ်ထားသိပ်ဖြူစင်နေလို့ မဟုတ်ပါဘူး။
ဒါကြောင့် ဘယ်သူက ငါ့အပေါ် မကောင်းဘူး၊ ကောင်းတယ်၊ မိဘက ဘယ်လို၊ ရည်းစားက ဘယ်လို၊ သိပ်တွေးမနေဘဲ ကိုယ့်ဘက်က နောင်တရစရာ မရှိအောင် လုပ်ပေးလို့ရတာ လုပ်ပေးလိုက်စေချင်တာပါပဲ။
🔳 “မသေဖြစ်ရင် အလုပ်ပိုလုပ်မယ်” ဆိုတဲ့ အတွေးလေးလည်း တွေးမိတယ်။
စိတ်တွေ လေလွင့်နေတဲ့အခါ အချိန်တွေ ဖြုန်းမိကြတာ သဘာဝပါပဲ။ ဘာမှ လုပ်ချင်ကိုင်ချင်စိတ် မရှိတဲ့အချိန်တွေ၊ မျှော်လင့်ချက် ကင်းမဲ့နေတဲ့ အခိုက်အတန့်တွေ ဘယ်သူ့မှာမဆို ရှိဖူးကြတယ်။ | 5 923 |
| 18 | No text... | 4 895 |
| 19 | 🔳 ကျွန်တော်တို့ဘဝမှာ အမှားလုပ်ခဲ့မိတာတွေ၊ ပျက်ကွက်ခဲ့ဖူးတာတွေ အများကြီး ရှိပါတယ်။ ရည်းစားဟောင်း၊ အိမ်ထောင်ဖက်ဟောင်းအပေါ် ဖြစ်ရင်ဖြစ်မယ်။ မိဘအပေါ် ဖြစ်ရင်ဖြစ်မယ်။ သားသမီးအပေါ် ဖြစ်ရင်ဖြစ်မယ်။ မိတ်ဆွေတစ်ယောက်ယောက်အပေါ် ဖြစ်ရင်ဖြစ်မယ်။
သူတို့အကြောင်း စဉ်းစားမိလိုက်တိုင်း ငါမှားခဲ့တာ၊ ငါလွန်ခဲ့တာ၊ ငါပျက်ကွက်ခဲ့တာလို့ ခံစားနေရတာပေါ့။
စိတ်ထဲကနေပဲ ကြိတ်ပြီး တောင်းပန်မနေနဲ့။ တခြားလူတွေရှေ့မှာပဲ ကိုယ် သူ့အပေါ် မှားခဲ့ကြောင်းတွေ သွားပြောမနေနဲ့။
ကာယကံရှင်ဆီလည်း ဆက်သွယ်လိုက်။ ဖွင့်ဟဝန်ခံလိုက်။ တောင်းပန်လိုက်။
🔳 ဘယ်သူမဆို အမှားလုပ်ခံရပြီးရင် တောင်းပန်ခြင်းနဲ့ ထိုက်တန်သလို၊ ကိုယ်လည်း လွတ်မြောက်ခြင်းနဲ့ ထိုက်တန်တယ်။ ဒါကြီးကို တစ်သက်လုံး ထမ်းပိုးမထားနဲ့။ နောင်မှရတဲ့ နောင်တတွေကို မလိုချင်နဲ့။ သက်ရှိထင်ရှား ရှိနေကြတုန်း ဒီအစိုင်အခဲတွေကို အရည်ဖျော်လိုက်တာက နှစ်ယောက်စလုံးအတွက် ပိုကောင်းပါတယ်။
ဒေါက်တာ ဖြိုးသီဟ
၁၇.၁၀.၂၀၂၄ | 6 326 |
| 20 | “ဝန်ချတောင်းပန်ခြင်းအကြောင်း”
🔳 သီတင်းကျွတ်ဆိုရင် လူကြီးသူမတွေ၊ ဆရာသမားတွေ၊ ကိုယ့်အပေါ် ကျေးဇူးရှိတဲ့သူတွေကို ကန်တော့ကြတယ်။ ကာယကံ၊ ဝစီကံ၊ မနောကံနဲ့ ပြစ်မှားမိတာရှိရင် ခွင့်လွှတ်ဖို့ ပြောကြတယ်။
ရိုးရာဓလေ့တစ်ခုအနေနဲ့ ပြောကြတာ များပေမဲ့ အဲဒီလို ဝန်ချတောင်းပန်ခြင်းမှာ အရေးကြီးတဲ့ အနှစ်သာရတွေ ရှိပါတယ်။
သီတင်းကျွတ်လပြည့်နေ့ကို ပဝါရဏာနေ့လို့လည်း ခေါ်ကြတယ်။ သံဃာတော်တွေ အချင်းချင်း မိမိမှာ အပြစ်ကြီး အပြစ်ငယ်ရှိခဲ့ရင် ခွင့်လွှတ်ဖို့၊ လမ်းမှန်ကို ပြပေးဖို့၊ သွန်သင်ဆုံးမပေးဖို့ ပဝါရဏာ ပြုကြတယ်လို့ ဆိုတယ်။ အဲဒါကို ယူပြီးမှ လူဝတ်ကြောင်အချင်းချင်းလည်း ပြောကြတဲ့သဘောပေါ့။
🔳 Sorry needs change.
တောင်းပန်တယ် ဆိုတဲ့စကားရဲ့နောက်မှာ ပြောင်းလဲလာဖို့ လိုအပ်တယ်တဲ့။ ဆောရီးတစ်ခွန်းတည်းကိုပဲ ထပ်ကာထပ်ကာ ပြောနေပြီး ဒီအတိုင်းပဲ ဆက်လုပ်နေတယ်ဆို အဲဒါ တောင်းပန်တာစစ်စစ် မဟုတ်သေးဘူး။
🔳 လူတွေမှာ တောင်းပန်ခြင်းနဲ့ ပတ်သက်ရင် အစွန်းနှစ်ပါး တွေ့ရတယ်။ တောင်းပန်ဖို့ ဝန်လေးလွန်းခြင်းနဲ့ တောင်းပန်ဖို့ လွယ်ကူလွန်းခြင်းပဲ။
ဝန်ချတောင်းပန်တယ် ဆိုတာ လွယ်တဲ့ကိစ္စတော့ မဟုတ်ဘူး။ မာနကို ချိုးနှိမ်ပစ်ရတယ်။ ကြုံလာမဲ့ ပြစ်တင်ခြင်းတွေကို ရင်ဆိုင်နိုင်ဖို့ သတ္တိမွေးရတယ်။ ကိုယ့်ကြောင့် ထိခိုက်သွားသူရဲ့ နေရာကနေ ကိုယ်ချင်းစာပေးနိုင်ရတယ်။ တစ်ခါတလေမှာလည်း ကိုယ်မမှားပေမဲ့ တစ်ဖက်လူနဲ့ ဆက်ဆံရေး အဆင်ပြေဖို့ ကိုယ့်ဘက်က စလျှော့ပေးလိုက်ရတာ ရှိတယ်။ ပြောမယ်ဆို မေတ္တာတရား၊ အကြင်နာ၊ ကရုဏာရှိမှ လုပ်နိုင်တဲ့ကိစ္စပေါ့။
အဲဒါတွေ တစ်ခုခု အားနည်းနေတဲ့သူဟာ မတောင်းပန်တတ်ဘူး။ မှားမှန်းသိနေလည်း ဇွတ်တိုးတယ်။ အကြောင်းပြတယ်။
🔳 သူတို့ကိုယ်သူတို့ အမြင့်မှာ ရှိနေတယ်လို့ ခံယူထားတဲ့သူများဟာ ဘယ်တော့မှ မတောင်းပန်ဘူး။ ဘယ်တုန်းကများ အစိုးရက ပြည်သူကို တောင်းပန်တာ ကျွန်တော်တို့ မြင်ခဲ့ဖူးလို့လဲ။ နိုင်ငံတကာမှာတော့ ဒါက မဆန်းဘူး။ ပြည်သူက ဒီအစိုးရကို ရွေးထားတာကိုး။ အစိုးရဆိုတာ ဝန်ဆောင်မှု ပေးရတဲ့သူပဲ မဟုတ်လား။
ဒါကြောင့် တောင်းပန်ခြင်းဟာ စိတ်ပိုင်းဆိုင်ရာ အရည်အသွေး မြင့်မားသူတွေမှာသာ တွေ့ရတတ်တဲ့ စရိုက်လက္ခဏာတစ်ခု ဖြစ်တယ်လို့ ဆိုချင်ပါတယ်။
🔳 နောက်အစွန်းတစ်ဖက်က တောင်းပန်ဖို့ လွယ်ကူလွန်းတာ။
အမှားလုပ်တယ်။ အဲဒီစကား ထွက်တယ်။ ပြီးရင် ဒီအမှား၊ ဒီအပြုအမူကိုပဲ ထပ်လုပ်တယ်။ မပြင်ဆင်ဘူး။ မပြောင်းလဲဘူး။
အဲဒါကလည်း တကယ်ရင်ထဲက လာတဲ့ တောင်းပန်ခြင်းမျိုး မဟုတ်ဘူး။ ပြီးပြီးရော ပြောချလိုက်တာပဲ။ လောလောဆယ် ပြဿနာ ငြိမ်းသွားအောင် လုပ်လိုက်ရုံပဲ။ ပေါ့ပေါ့တန်တန် သဘောထားလိုက်ခြင်းတစ်မျိုးပဲ။
🔳 ဒီအစွန်းနှစ်ပါးစလုံးကို ရှောင်နိုင်ပါမှ တကယ်တန်ဖိုးရှိတဲ့ ဝန်ချတောင်းပန်ခြင်းမျိုး ဖြစ်ပါလိမ့်မယ်။
ခွင့်လွှတ်ဖို့ ပြောတယ်။ လမ်းမှန်ကို ပြပေးဖို့ တောင်းဆိုတယ်။ သွန်သင်ဆုံးမစေတယ်။ ဘယ်လောက်လှတဲ့ အလေ့အကျင့်လဲ။ ဘယ်လောက်ကောင်းတဲ့ ထုံးတမ်းအစဉ်အလာလဲ။ ဒါ နှိမ့်ချမှုရှိမှ၊ ကြီးကြီးငယ်ငယ် ဘယ်သူ့ကိုမဆို လေးစားမှုထားနိုင်မှ လုပ်နိုင်တဲ့ကိစ္စ။
ပြီးရင်တော့ တကယ်လည်း ပြောင်းလဲဖို့ လိုအပ်မှာဖြစ်တယ်။ နောက်က Change လိုက်မလာတဲ့ Sorry ဟာ အလကားသက်သက်ပါပဲ။
🔳 အပြစ်လုပ်ထားတာကို မြိုသိပ်ဖုံးဖိထားရတဲ့ စိတ်ဒုက္ခအကြောင်းလည်း ဆက်ပြောချင်တယ်။
လူမှန်ရင် အပြစ်တစ်ခုခု လုပ်ထားတဲ့အခါ လိပ်ပြာမလုံပါဘူး။ စိတ်က မသက်မသာ ခံစားရတယ်။ အဲဒါကိုမှ စိတ်သက်သာရာရအောင် အမျိုးမျိုး ဖြည့်တွေးရတာပေါ့။ ဥပမာ အိမ်ထောင်ရေး ဖောက်ပြန်နေမိတယ်ဆို လက်ရှိအိမ်ထောင်ဖက်ကမှ ဂရုမစိုက်တာ၊ ဒီလိုလုပ်တာ ဖြစ်သင့်တယ်၊ သူများတွေလည်း ဒီလိုပဲဟာ၊ ဘာဆန်းသလဲ စသဖြင့် တွေးလိုက်တာမျိုး။ ငွေအလွဲသုံးစားလုပ်တယ် ဆိုလည်း လစာနဲ့မှ မလောက်တာ၊ ငါ ဒီလောက်တော့ ခံစားခွင့်ရှိသင့်တယ်၊ ဘယ်ဘုရား၊ ဘယ်ကျောင်းမှာ ငါ ပြန်လှူနေတာပဲကို၊ ဒီလိုတွေးလိုက်တာပေါ့။
🔳 အခါခပ်သိမ်းမှာတော့ ဒီနည်းတွေက အဆင်မပြေဘူး။ ဘယ်သူမှ မသိတောင် ကိုယ့်ဟာကိုယ် သိတယ်။ လူတွေက ချီးကျူးနေလေ၊ လေးစားနေလေ၊ သူ့ကိုယ်သူ မလုံမလဲ ဖြစ်လာလေ၊ စိတ်တွေ မွန်းကြပ်လာလေ၊ ကိုယ့်ကိုယ်ကိုယ် မကြည်ညိုနိုင် ဖြစ်လာလေ။
လူတစ်ယောက်မှာ အဲဒီအချက်က အရေးကြီးဆုံးပဲ မဟုတ်လား။ ဘယ်သူမှ မကြည်ညိုတောင် ကိုယ့်ကိုယ်ကိုယ် ကြည်ညိုနိုင်ဖို့ လိုတယ်။ အဲဒါ ပျောက်ဆုံးလာတဲ့အခါ လူက နေမပျော်တော့ဘူး။
🔳 ဒါကြောင့် ခရစ်ယာန်တွေမှာဆို အဲဒီဓလေ့ရှိတာ သိကြလိမ့်မယ်။ စိတ်ပိုင်းဆိုင်ရာ ရှုထောင့်က ကြည့်ရင် အင်မတန်ကောင်းတဲ့ အလေ့အထတစ်ခုပဲ။
ဗုဒ္ဓဘာသာမှာဆိုလည်း အဇာတသတ်မင်းကို ကြည့်။ ဖခင်ကို သတ်မိတဲ့ နောင်တက ဘယ်လိုဖျောက်လို့မှ မပျောက်ဘူး။ ပူလောင်နေရတယ်။ နောက်ဆုံး ဗုဒ္ဓဘုရားဆီ ဝန်ချပြောကြားလိုက်တော့မှပဲ စိတ်သက်သာရာ ရသွားတာ။
ပြောချင်တာက ဝန်ခံလိုက်ရုံနဲ့ အပြစ်ကျေသွားတယ် မဆိုလိုဘူး။ ထိုက်သင့်တဲ့ ပေးဆပ်မှုကတော့ လုပ်ရမှာပဲ။ သို့သော် မြိုသိပ်ဖုံးကွယ်ထားရတာနဲ့ ဝန်ခံလိုက်ရတာနဲ့က အပြစ်ကျူးလွန်ထားတဲ့ ကာယကံရှင်ရဲ့ စိတ်အပေါ်မှာ အများကြီး သက်ရောက်မှု ရှိတယ်။ | 5 254 |
