803
Subscribers
+424 hours
+167 days
+4630 days
Posts Archive
ဧကြည်ဖြူ
"သံယောဇဉ်ကမ်းပါး "
အပိုင်း (၃ )
******
ကွမ်းယာဆိုင်ကို ပစ်ထားခဲ့ပြီး ရပ်ကွက်အစွန်က ကန်ရှိရာကို အေးမြနွယ် အူယားဖားယားပြေးထွက်လာခဲ့မိတယ်။
တွေ့ပါပြီ ကန်ပေါင်ရဲ့ လှေကားထစ်တွေကိုစတက်လိုက်တယ်ဆိုရင်ပဲ ကန်ပေါင်ပေါ်က အပင်အောက်မှာ နှစ်ယောက်သား လက်ချင်းတွဲလို့ စကားပြောနေတာကို တွေ့လိုက်ရတယ်။ တစ်ယောက်က အိမ်ထောင်သည်။ တစ်ယောက်က အပျို။တစ်ယောက်နဲ့တစ်ယောက်မသိကြတာလဲမဟုတ်ဘူး။ပြီးတော့ နှစ်ယောက်လုံးက တစ်လမ်းတည်းနေကြသူတွေလေ။တစ်ရပ်ကွက်တည်း တစ်လမ်း တည်းနေကြသူတွေက ဒီရပ်ကွက်ရဲ့ ကန်ပေါင်မှာပဲ မျက်နှာပြောင်တိုက်ပြီး လာချိန်းတွေ့ကြတယ်ဆိုတော့ ဒါက အေးမြနွယ်ကို ဂရုမစိုက်တဲ့ သဘောမျိုး မဟုတ်ပါလား။အေးမြနွယ်လဲ သူတို့နှစ်ယောက်ကိုကြည့်ပြီး ကန်ပေါင်ပေါ်မှာ ချိုးပွဲချ ငိုပစ်လိုက်မိတယ်။ယောက္ခမ ကြီးကြောင့် နေထိုင်ရတာစိတ်ဆင်းရဲလှပြီ ထင်နေမိတာ ယောကျာ်းဖြစ်သူရဲ့ အပြုအမူကြောင့် စိတ်ဆင်းရဲမှုက ပို၍ပင်သာခဲ့မှန်း အေးမြနွယ်သိခဲ့ရတယ်။ကိုယ့်စိတ်သဘောနဲ့ကိုယ်ပြုခဲ့မိတဲ့ အိမ်ထောင်ရေးအတွက် အေးမြနွယ် အစ်ကိုတွေဆီကိုလဲ မပြန်လိုပါလေ။
"အပျော်သဘောနဲ့ တွဲကြတာပါကွာ ...အတည်လဲ မဟုတ်ပါဘူး ... နောက်ဆို ကိုကြီး မဟုတ်တာတွေ မလုပ်တော့ဘူးနော် "
အေးမြနွယ်က ပြောသမျှယုံတဲ့ ငတုံးမ မဟုတ်ပါဘူး။ဒါပေမဲ့လည်း ကိုယ်ဝန်ကြီးနဲ့ အေးမြနွယ်က ဘယ်လိုလုပ်ရပါ့မလဲ။ ယောကွမတွေကလဲ သူတို့သား အကြောင်းကို ကြားသီကြပေမဲ့ " ယောကျာ်းလေးပဲ ...ဒီလောက်တော့ရှိမှာပေါ့ ... စောစောစီးစီး ကလေးယူတာကို "ဆိုတဲ့ စကားနဲ့ အေးမြနွယ်ကိုပင် ငယ်ငယ်ရွယ်ရွယ်နဲ့ ကလေးယူလိုက်လို့ အပြစ်ဖို့ကြသေးရဲ့။ တကယ်လို့များ အေးမြနွယ်မှာ မိဘတွေရှိခဲ့သေးရင် အစမကောင်းခဲ့တဲ့ အိမ်ထောင်ရေးကို အဆုံးသတ်မိမလားပင် မသိ။အခုတော့လဲ အစ်ကိုနှစ်ယောက်ကလဲ သူတို့အိမ်ထောင်နဲ့ သူတို့ဖြစ်နေကြပြီမို့ အေးမြနွယ် အတွက်တော့ စာရိတ္တဖောက်ပြားချင်တဲ့ လင်ယောကျာ်းကိုပဲ ဖွတ်ထွက်မှန်း သိသိနဲ့ပင်ကိုးကွယ်ခဲ့ရပြန်လေတယ် ။
အေးမြနွယ်မှာ မျက်ရည်ကို အဖော်ပြုပြီး တစ်ယောက်တည်း ကြံ့ကြံ့ခံရင်ဆိုင်ခဲ့ရင်း ကိုယ်ဝန်က မွေးခါနီးဖွားခါးနီ အခြေအနေကို ရောက်လာခဲ့တယ်။ကံကောင်းတာက အေးမြ နွယ် မွေးဖွားခါနီးမှာ ကိုကြီးကခြေပြန်ငြိမ်လာခဲ့တယ်။ ဒါပေမဲ့လဲ မွေးဖွားစရိတ်ကဖြင့် လောက်လောက်ငှငှမရှိပါလေ။ယောက္ခမတွေလဲ အမွေရထားတဲ့ ပိုက်ဆံတွေကို အထပ်လိုက်ကိုင်ထားပြီး အေးမြနွယ်ကို အဖက်ပင်မလုပ်ပါ။ မသိရင် အေးမြနွယ်ရဲ့ ဗိုက်ထဲက ကလေးက သူတို့သားနဲ့ မသက်ဆိုင်သလိုပါပင်။မွေးဖို့ဖွားဖို့ အသာထား ကလေးမွေးပြီးရင်နေဖို့ ကလဲ လက်ရှိနေနေတဲ့ ရှစ်ပေတ်လည်လောက်သာ ကျယ်တဲ့ အခန်းကျဉ်းလေးထဲ ဘယ်လိုနေရပါ့မလဲ။ တွေးကြည့်ရင် အေးမြနွယ်ရဲ့ ဘ၀က ပင်လယ်ထဲမှာ ရေငတ်နေရတဲ့ ဘ၀မျိုးပါပင်း။ငွေကြေး ပြည်စုံတဲ့ ယောက္ခမတွေရှိပါရဲ့နဲ့ အေးမြနွယ်မှာ မွေးဖွားစရိတ်က မပြည့်စုံ။တိုက်ခံနှစ်ထပ်ပျဉ်ထောင်အိမ်ကြီးကို ခေါင်းရင်းမှာထားပြီး ကလေးမွေးပြီးရင် နေစရာနေရာကမရှိပြန်။အစစ အရာရာအတွက် ကိုကြီးက မပူပင်တတ်တော့လည်း အေးမြနွယ်မှာ ပူရပူပန်ရ၏။အစ်ကိုတွေ အိမ်မှာ သွားမွေးဖို့ တွေးမိပေမဲ့ ကိုယ့်ယောကျာ်းအကြောင်းကို ကိုယ်သာ အသိဆုံးမို့ ထိုအတွေးကိုလက်လျှော့ရပြန်တယ်။ အေးမြနွယ်မှာ ကွမ်းယာရောင်းပိုက်ဆံရှာရင်းပဲ ဘုရားကို အာရုံပြုရတော့တယ်။
အေးမြနွယ်ပဲ ကံကောင်းတာလား။ ကိုယ်ဝန်စရှိကတည်းက ဘုရားကိုသာ အာရုံပြုခဲ့၍လေလားမသိ။ အေးမြနွယ် မွေးခါးနီးမှာ ယောက္ခထီးကြီးရဲ့ ညီမ ဖြစ်တဲ့ ကိုကြီးရဲ့အန်တီရောက်လာပြီး အေးမြနွယ်ကို ကူညီခဲ့တယ် ။ဆေးရုံတက်ဖို့ကအစ။ မွေးပြီးရင်နေဖို့ နေရာအထိပါစီစဉ်ပေးခဲ့တယ်။ သူ့အိမ်မှာ ခေါ်ထားဖို့ကျတော့ ယောကျာ်းဖြစ်သူကိုလဲ ကြည့်ရသေးတယ်တဲ့။အန်တီ့ ယောက်ကျာ်းက စိတ်သဘောထားသေးသိမ်တဲ့ သူမဟုတ်ပေမဲ့ မိဘအရင်းခေါက်ခေါက်တွေ ရှိပါရဲ့နဲ့ အန်တီက တာဝန်ယူရတယ်ဆိုရင် ယောကျာ်းဖြစ်သူက သူ့အစ်ကိုတွေကို အထင်မြင် သေးသွားမှာကိုလဲ အန်တီကစိုးရိမ်ပြန်တယ်လေ။ဒါကြောင့် အန်တီက သူကူညီနေပေမဲ့ မကူညီသလိုဟန်နဲ့ ကလေးမွေးပြီးတာနဲ့ စိတ်ချရတဲ့နေရာမှာ နှစ်လလောက်နေထိုင်ခိုင်းခဲ့တယ်။
နောက်ဆုံးတော့ အန်တီ့ရဲ့အကူအညီ၊ ဆွေမျိုးတစ်ချို့ရဲ့ အကူအညီနဲ့ သားလေးကိုမွေးဖွားခဲ့တယ်။သားလေးကို မွေးဖို့ ဆေးရုံမှာ ရှိနေတဲ့တစ်လျှောက်လုံး ယောက္ခမတွေက ဆေးရုံကိုလဲမလာခဲ့ဘူး။ငွေကြေးအားဖြင့်လည်း ထောက်ပံ့ပေးတာမျိုးမရှိခဲ့ဘူးလေ။ယောက္ခထီးကြီးကတော့ သတင်းမေးတယ်လို့ ကိုကြီးက ပြောတာပါပဲ ။ ဒီထက်တော့မပိုခဲ့ပါဘူး။
ဒီလိုနဲ့ သားလေးကိုမွေးပြီး ငါးနှစ်အရွယ်ထိ ယောက္ခမကြီးက သားလေးကိုကြည့်တောင်မကြည့်ခဲ့ဘူး ။ ယောက္ခထီးကြီးကသာ ကလေးကို ခေါ်တာပြောတာမျိုးလုပ်လာတယ် ။ယောက္ခမကြီးကတော့ ကလေးကိုသာ အဖက်မလုပ်တာ အိမ်မှာ လူမရှိတဲ့အချိန်ဆိုရင် အခန်းထဲကိုဝင်ပြီး မွှေတတ်တဲ့အကျင့်တော့ရှိတယ်။အဲ့ဒီလို မွှေရင် အေးမြနွယ် အဝတ်အစားအသစ်တွေ ဝယ်ထားလားကို အရင်ကြည်တာ။ဝယ်ထားတာရှိရင် တစ်ပတ်လောက်က ပြောလို့မဆုံးဘူး။သားလေးမွေးပြီးတော့ ကိုကြီးက တစ်နှစ်တစ်ခါလောက် ကောင်မလေးတွေနဲ့ ရှုပ်တတ်ပေမဲ့ အေးမြနွယ် မသိဟန်ဆောင်ပြီး စီးပွားရေးကိုပဲ ဂရုစိုက်ခဲ့တော့
သုံးစရာငွေရှိလားလဲ မမေး။ အေးမြနွယ်က ငွေမရှိတဲ့အကြောင်းပြောရင်လဲ သူ စိတ်မဝင်စားပေ။ဒီကြားထဲ ပိုက်ဆံရှိလား မရှိလားမမေးဘဲ အလုပ်နားရင် စားသောက်ဆိုင်လို နေရာမျိုး ၊ ဝက်သားတုတ်ထိုးဆိုင်လိုနေရာမျိုးကို သွားပြီး စားချင်သောက်ချင်တတ်ပြန်သေးတယ် ။ မစားရ ၊ မသွားရရင် သူ့က မကျေမနပ်နဲ့ စိတ်ကောက်တတ်ပြန်တယ်။ကြာတော့ ယောက်ျားရဲ့ အကျင့်ကို သိလာတဲ့ အေးမြနွယ်မှာ အရန်ငွေကို သက်သက်ပင် သိမ်းထားရလေ၏။ အေးမြနွယ်ရဲ့ အိမ်ထောင်သည်ဘဝက အများအမြင်မှာတော့ ကွမ်းမစား၊ အရက်မသောက်၊ လောင်ကစား မလုပ်တတ်တဲ့ ယောကျာ်းကိုရထားတာမို့ အိမ်ထောင်ရေးကံကောင်းသူရယ်လို့ အထင်ခံ အမြင်ခံခဲ့ရတာပေါ့ ။ ဒီလို မြင်အောင် ထင်အောင်လဲ အေးမြ နွယ်က ရင်ထဲက အပူမီးကို အပြင်ကို မဟပ်စေရအောင် ထိန်းခဲ့သိမ်းခဲ့တယ်လေ။
~~~~~
"အလုပ်က လုပ်မယ်မကြံသေးဘူး ဗိုက်ကကြီးပြီ ....ကိုယ်တိုင်တောင် စားစရာနပ်မမှန်ဘဲ ကလေးမွေးပြီး ဒုက္ခပေးအုံးမယ် "
" တော်ပါတော့ ခင်လှ ရယ် ...သူတို့ဘာသာ ဘာဖြစ်ဖြစ် မင်းမမြင်ချင်ယောင် ... မကြားချင်ယောင် ဆောင်နေလိုက်ရင် ပြီးတာပဲဟာ "
အေးမြနွယ် အသက်ဆယ့်ခုနစ်နှစ်အရွယ်မှာ သားလေးကို ကိုယ်ဝန်ရတော့ ယောက္ခမကြီးရဲ့ ပြစ်တင် ပြောဆိုခြင်းကို ခံခဲ့ရပြန်တယ်။ပြီးတော့ သူ့အိမ်ဘက်ကနေ မကြာခဏ ငရုတ်သီးလှော်လိုက်ကြော်လိုက်နဲ့ အညှော်မျိုးစုံ လုပ်ခဲ့တယ်။ ဒါပေမဲ့ ယောက္ခမအမကြီးက ဘယ်လိုတွေလုပ်လုပ် ယောက္ခထီးကြီးကလဲ မတားမြစ်သလို သားဖြစ်သူကိုကြီးကလဲ ဘာမှမပြော။တစ်ခါတစ်ရံ အေးမြနွယ်က ဝမ်းနည်းလွန်း၍ ပြောပြမိရင် ''ငါလဲ အမေ့ကို ဘာမှ မပြောချင်တော့ဘူး ... ပြောလဲ ရတာမှ မဟုတ်တာ ...မင်းဘာသာ အဆင်ပြေအောင်သာနေ .. ငါ့အမေကို ဂရုစိုက် မနေနဲ့ "
ယောကျာ်းက ဂရုမစိုက်နဲ့လို့ ပြောပေမဲ့ အေးမြနွယ် ယောက္ခမတွေကို ဂရုစိုက်ခဲ့ပါတယ်။အေးမြနွယ်တို့ အခန်း စုတ်လေးထဲမှာ ဘာဟင်းချက်ချက် ယောက္ခမတွေအတွက်ဟင်းတစ်ခွက်တော့ ဦးဦးဖျားဖျား ပို့ပေးခဲ့တာပါပင် ။အေးမြနွယ် သားလေး ကိုယ်ဝန်ကို လွယ်ထားရချိန်မှာတော့ ဟင်းရယ် ထမင်းရယ်လဲ ကောင်းကောင်း မချက်စားနိုင် မချက်စားဖြစ်တော့ ယောက္ခမတွေဆီကို ဟင်း မပို့နိုင်ပါလေတော့ ။ အေးမြနွယ်မှာ ခံတွင်းပျက်နေတာမို့ ဆိုင်မှ အသုပ်လေးဘာလေးဝယ်စားမိရင် ယောက္ခမကြီးမှာ ရွဲ့ကာစောင်းကာနှင့် ပြောလို့မဆုံးပြန်တော့ပေ။
"ငါ့သားကတော့ နွားကြီးပေါ့ ပခုံးကောင်းတော့ ရုန်းလိုက်ရတာ ...ဒင်းကတော့ ဗိုက်ကို အကြောင်းပြပြီး ...အိမ်မှာ စားလိုက်သောက်လိုက်နဲ့ ယောကျာ်းကိုတော့ လက်ဖက်သုပ်နဲ့ ကျွေးပြီး သူကျတော့ တစ်နေကုန် တစ်မျိုးပြီးတစ်မျိုးဝယ်စားနေတာ "
အေးမြနွယ်ရဲ့ ဘ၀က ခါးသီးဖို့ကောင်းလေစွ ။ ယောက္ခမက မကြည်ဖြူ ။ ယောကျာ်းဖြစ်သူကလဲ အေးမြနွယ်ကို မရိုက်မနှက် မဆူမငေါက်တာကလွဲလို့ ဂရုတစိုက်မရှိခဲ့။မိန်းမကကိုယ်ဝန်နဲ့ရယ်လို့လဲ စုရဆောင်းရမှန်းမသိ။ အရင်ပုံစံ။အရင်အချိုးသာ။ကလေးမွေးဖို့ရန် အစီအမံ ဆိုတာလဲ မရှိ ။ ကြိုတင်ပြင်ဆင်တာလဲ မရှိ။ ငွေလဲ ပိုပို့လျှံလျှံ ရှာပေးတာမျိုး မရှိခဲ့။"ကြီးရင်မှီ ငယ်ရင်ချီ "ဆိုတဲ့ စကားပုံက အေးမြနွယ် အတွက်တော့ စကားပုံ သက်သက်ပါပင်။နောက်ဆုံးတော့ အေးမြ နွယ်မှာ ဗိုက်ကြီးတကားကားနဲ့ အလုပ်လဲ မလုပ်နိုင်တော့တာမို့ ခြံထောင့်လေးမှာ ကွမ်းယာရောင်းဖို့ လုပ်ရတော့တာပေါ့။ဒါတောင် ယောက္ခမကြီးက သူ့ခြံရှေ့ ကွမ်းယာဆိုင်အဖွင့်မခံဘူးဆိုလို့ သူ့အမေနဲ့ သူ့သား အော်ကြီးဟစ်ကျယ် ဖြစ်ခဲ့ရသေးတာ။ အေးမြနွယ်မှာလဲ လူ့လောကကြီးထဲကို ရောက်မလာသေးတဲ့ သားလေးရဲ့ရှေ့ရေးအတွက်မို့ ယောက္ခမကြီး နေ့တိုင်း စောင်းမြောင်းပြောဆိုနေတဲ့ ကြားကပဲ မသိဟန်ဆောင်ပြီး မျက်နှာပြောင်တိုက်လို့ ကွမ်းယာဆိုင်ဖွင့်ခဲ့ရတာပေါ့။
~~~~~~~
"ဟဲ့ မိနွယ် ... နင်ကတော့ ဗိုက်ကြီး တကားကားနဲ့ ရောင်းလိုက် ဝယ်လိုက်နဲ့ ...နင့်ယောကျာ်းက လမ်းထိပ်ကဟာမနဲ့ ကန်ပေါင်ပေါ်မှာ အကြည် ဆိုက်နေလေရဲ့ "
" ရှင် .. ဟုတ် ...ဟုတ်လို့လား ဒေါ်ကြီး ...ဒီလမ်းထဲက လူတွေ အကုန်လုံး ကိုကြီးမှာ မိန်းမရှိမှန်းသိကြပါတယ် "
"ငါပြောတာ မယုံလဲ ...ကိုယ်တိုင် သွားကြည့်ဟဲ့...အိမ်ထောင်သည် ဟုတ်ဟုတ် မဟုတ်ဟုတ် .. မရှောင်တဲ့မိန်းမတွေက ရှောင်ကို မရှောင်တာသိရဲ့လား "
ဒါက အေးမြနွယ်ရဲ့ဘ၀ကို ပထမဆုံး ဝင်ရောက်လာတဲ့ မုန်တိုင်းလို့ပဲပြောရလေမလား မသိ။
===================
(အပိုင်း ၃ ) ဆက်ရန်
ဧကြည်ဖြူ
တက်တက်စင်အောင်လွဲခဲ့တယ်။ ကိုကြီးတို့အိမ်မှာ ကိုကြီး အဖေနဲ့အမေရယ်၊ ကိုကြီးရယ် ၊ ကိုကြီးရဲ့ညီမလေးရယ် မိသားစု လေးယောက်ရှိတယ်။ ကိုကြီးရဲ့ ညီမလေးက အေးမြနွယ်ထက် တစ်နှစ်လောက်ပဲ အသက်ငယ်တယ်။ရှစ်တန်းကျောင်းသူလေးပေါ့။ သူ့ကိုမြင်ရတော့ အေးမြနွယ်မိုက်မဲခဲ့မိတာတွေအတွက် နောင်တတွေရမိတယ်။ယောက္ခမအိမ်ကို ရောက်တဲ့အခါ ယောက္ခမတွေ သဘောကျ ကျေနပ်အောင် အေးမြနွယ် နေထိုင်ခဲ့ပေမဲ့လည်း ယောက္ခမအမကြီးက ဘယ်တော့မှစိတ်တိုင်းမကျခဲ့ဘူးလေ။
"ဟဲ့ နင့်က ခုချိန်ထိစကပ်တဖားဖားနဲ့ လား ... ကိုယ့်ကိုယ်ကို အိမ်ထောင်သည်ဆိုတာကိုလဲ သတိရအုံး ...ငါ့သားကတော့ ကျွဲလို နွားလိုရှာနေရတယ် ...နင်ကတော့ အိမ်မှာသနပ်ခါး အဖွေးသားနဲ့. စကပ်လေး တဝဲဝဲနဲ့ပေါ့လေ ..."
ယောက္ခမကြီး ဒီလိုပြောလိုက်တဲ့နေ့ကစလို့ အေးမြနွယ်မှာ စကပ်တွေ၊ ဂါဝန်တွေ မဝတ်ရဲပါလေတော့။တကယ်တော့ စကပ်တွေ ဂါ၀န်တွေကလဲ ကိုကြီးဝယ်ပေးထားတာ မဟုတ်ပါ။အေးမြနွယ် အပျိုဘဝက အစ်ကိုတွေ၀ယ်ပေးထားတဲ့ အဝတ်အစားတွေပင်။ အေးမြနွယ်ကိုကြီးနဲ့ မင်္ဂလာဦးဆွမ်းကျွေး လုပ်ပြီးတဲ့ နောက်နေ့မှာပဲ အစ်ကိုတွေက အေးမြနွယ် ပိုင်ဆိုင်သမျှကို အေးမြနွယ်ကို ပေးလိုက်တာပင်။ နောက်ဆုံးတော့ အေးမြနွယ်မှာ ကိုယ်အဝတ်အစားနဲ့ ကိုယ်ပင် မဝတ်ရဲ မစားရဲပဲ ထဘီတွေကို မဝတ်တတ်ဝတ်တတ်နဲ့ ဝတ်ခဲ့ရတယ်။အင်္ကျီတွေဆိုရင်လဲ အတွန့်အခေါက်နဲ့ ဂျိုင်းပြတ် အင်္ကျီလှလှလေးတွေဆိုရင် ထုတ်မဝတ်ရဲပေ။အစ်ကိုတွေဆီက ယူထားတဲ့ ရှပ်အင်္ကျီဟောင်းနဲ့တီရှပ်အင်္ကျီ အဟောင်းတွေကိုပဲ ထပ်ခါတလဲလဲဝတ်ခဲ့ရတယ်။ အေးမြနွယ်ရဲ့ စကပ်လှလှလေးတွေ အင်္ကျီလှလှလေးတွေကတော့ တစ်ချို့တစ်ဝက်က သေတ္တာထဲမှာ သိမ်းထားခဲ့ရပြီး တစ်ချို့တစ်ဝက်က ကိုကြီးရဲ့ ညီမဖြစ်သူဆီကို ရောက်ရှိသွားပါတော့တယ်။တကယ်ပါ အေးမြနွယ် ပိုင်ဆိုင်တဲ့ အနည်းငယ်ကို ယောင်းမလေးကို မျှဝေပေးလိုက်ရင်ဖြင့် ကိုကြီးရဲ့မိသားစုဆီကနေ ချစ်ခြင်းမေတ္တာတွေကို ရရှိလိမ့်မယ်လို့ ထင်ခဲ့မိတာလေ။
"ကြည့်စမ်းပါအုံး ...ကန်စွန်းရွက်ကြော်တွေကလဲ မစိမ်းဘဲ မည်းနေပါလားဟဲ့ ....လင်တော့ယူတတ်တယ် ...ဟင်းတော့ မချက်တတ်ဘူးပေါ့ ... ဘယ်လို မိဘမျိုးရိုးက ဆင်းသက်လာလဲ မသိဘူး ..."
ယောက္ခမကြီးက ဒီလိုမျိုး မိဘတွေကိုပါ ဆွဲထည့်ပြီး စောင်းကာချိတ်ကပ်ပြောလေတိုင်း အေးမြနွယ် ရင်နာရပါတယ်။ အေးမြနွယ်ရဲ့ မိဘတွေ ရှိစဉ်က အေးမြနွယ်မှာ ထမင်းအဆင်သင်းစားရုံ ၊ ပညာသင်ရုံဘဝကို အေးချမ်းပျော်ရွှင်စွာ နေထိုင်ခဲ့ရတာလေ။ မိဘတွေဆုံးတော့လဲ ငွေကြေးကြောင့် အလုပ်ထွက်လုပ်ခဲ့ရပေမဲ့ အချက်အပြုတ်တာဝန်ကိုတော့ အစ်ကိုနှစ်ယောက်ကပဲ အလှည့်ကျတာဝန်ယူခဲ့ကြတာလေ။ အေးမြနွယ်မှာ အလုပ်က ပြန်ရောက်ရင် ကိုယ့် အဝတ်အစား ကိုယ်လျှော်ရတဲ့အလုပ်ကလွဲလို့ အစ်ကိုတွေရဲ့ ဝေယျာဝစ္စတွေကိုလဲ မလုပ်ပေးခဲ့ရ။ ယုတ်စွအဆုံ အိမ်သန့်ရှင်းရေးကိုပင် အေးမြနွယ်လုပ်ခဲ့ရတာ မဟုတ်။ယောက္ခမအိမ်ရောက်တော့ ယောက္ခမကြီးနဲ့အတူ ထမင်းဟင်းချက်လဲကူရ ၊ အိမ်သန့်ရှင်းရေးလဲလုပ်ရ၊ အဝတ်အစားဆိုလဲ ယောင်းမလေးရဲ့ အတွင်းခံကအစ အေးမြ နွယ်လျှော်ပေးခဲ့ရတယ်။ ဒါတင်ပဲလား ဆိုတော့ မဟုတ်သေး ။ယောင်းမလေးကို ကျောင်းပို့ ကျောင်းကြိုလုပ်တော့လဲ အေးမြနွယ်ပါပင်။ဒီလောက်လုပ်နေတဲ့ကြားမှ ယောက္ခမကြီးရဲ့ အဆူအပြောက မလွတ်ခဲ့ရပြန်ပါ။ဒီလိုကိစ္စတွေကို ကိုကြီးကို တစွန်းတစ ပြောပြတော့လဲ ကိုကြီးက စိတ်ဝင်စားဟန်မပြခဲ့။
"အမေက အသက်ကြီးပြီလေကွာ ...မင်းကပဲ နားလည်ပေးလိုက်ပေါ့ နွယ်လေးရယ် ... မင်းမှာလဲ မိဘတွေရှိတော့တာမှမဟုတ်တာ ...ကိုယ့်မိဘတွေကိုပဲ မိဘလို သဘောထားလိုက်စမ်းပါကွာ ...ကိုယ်က ပိုက်ဆံရှာပေးနေတယ်မဟုတ်လား ...မင်းက အိမ်မှာ အဆင်ပြေအောင်နေမှပေါ့ကွာ "
ကိုကြီးပြောသလို အေးမြနွယ် အဆင်ပြေအောင်နေခဲ့ပါတယ်။အစ်ကိုနှစ်ယောက်ကို ဒုက္ခမပေးချင်တာကြောင့် ယောက္ခမတွေကိုလဲ ကိုယ့်မိဘရင်းတွေလို သဘောထားခဲ့ပါတယ်။ပြောသမျှဆိုသမျှကို ငြိမ်ခဲ့ခဲ့ပါတယ်။နှစ်ပြားမတန်အောင် ပြောဆိုနေတာတွေကို မကြားဟန်ပြုလို့နေခဲ့ပါတယ်။
"ဒီတိုင်းပဲ ယောက်ျားလုပ်စာကို ထိုင်စားနေဖို့ တွေးမနေနဲ့ ...အသက်ကငယ်ငယ်လေ့ရှိသေးတာပဲ ... အလုပ် လေးဘာလေးလုပ်ပေါ့ ... အခုတော့ မိန်းမပျင်းခြေဆင်း ဆိုတာနဲ့တော့ အကိုက်ပဲ....ကိုယ့်အလုပ်ကိုယ်လုပ်ပြီး အိုးခွဲချက်စားကြတော့ဟေ့... မကျွေးနိုင်တော့ဘူး "
ယောက္ခမဆီက ဒီလိုစကားထွက်လာပြီး တစ်ရက်နှစ်ရက်မှာပင် အေးမြနွယ် အလှကုန်ဆိုင်မှာ အရောင်းစာရေးဝင်လုပ်ခဲ့ပါတယ်။ အေးမြနွယ် အလုပ်ဝင်ပြီး မကြာခင်မှာပဲ ယောကွမတွေက အိမ်ခွဲနေခိုင်းတာမို့ အေးမြနွယ်နဲ့ ကိုကြီးမှာ ယောက္ခမတွေရဲ့ အိမ်သာ ခြေရင်းကခြံထောင့်လေးမှာ တစ်ဖက် ရပ်တဲလေးထိုးပြီးနေခဲ့ရတယ်။တကယ်တော့ အဲ့ဒီအချိန်ကတည်းက အေးမြနွယ် အနေနဲ့ ယောက္ခမတွေနဲ့ ဝေးဝေးလံလံမှာ နေချင်ခဲ့တာပါ။ ဒါပေမဲ့လဲ တစ်ပတ်မှာ သုံးလေးရက်လောက် အလုပ်နားတတ်တဲ့ ယောကျာ်းဖြစ်သူ ကြောင့် အပြင်မှာသီးသန့်ငှားနေဖို့ မဝံ့ရဲခဲ့တာအမှန်ပါပင်။ ကိုကြီးဆိုတာကလဲ အိမ်မှာစားစရာမရှိရင် တစ်ကိုယ်တစ်ကာယ သူ့မိဘအိမ်ပေါ်သွားတက်ပြီး စားတတ်သူမို့ အပူအပင်အကြောင့်အကျမရှိခဲ့။အလုပ်နားရလဲ မပူ ။ငွေမရှိလဲ မပူတတ်ပြန်။အလုပ်သွားရင် ပိုက်ဆံပေးမယ် ။မသွားရင် မပေးဘူး။ အေးမြနွယ်မှာ စားစရာရှိလားလဲမမေး။လက်ထဲ
ဧကြည်ဖြူ
"သံယောဇဉ် ကမ်းပါး "
( အပိုင်း ၂ )
*******
မမွန်ပြန်သွားတဲ့အထိ အေးမြနွယ်မယုံကြည်နိင်ဖြစ်နေမိသလို ရင်ထဲမှာလဲ စိတ်ပူပန်ရမှာလိုလို၊ ပျော်ရွှင်ရတော့မလိုလိုနဲ့ဖြစ်နေမိတယ်။စိတ်ထဲ ပူပန်မိတယ်ဆိုတာက မိမိမှာစုဆောင်းထားတဲ့ငွေနဲ့ အိမ်ငှားနေလို့လောက်လောက်ငှငှရှိပါ့မလားဆိုပြီး ပူပန်မိတာ။ပျော်ရွှင်သလိုလိုဖြစ်နေရတာက ယောက္ခမတွေနဲ့ဝေးရာဆီမှာ နေထိုင်နိုင်မယ့်အခွင့်အရေး ဖြစ်နိုင်တာမို့ ပျော်ရွှင်နေမိတာ။ အေးမြနွယ် အနေနဲ့ ယောက္ခမတွေကို မုန်းလို့လဲ မဟုတ်ဘူး။ ဒါပေမဲ့ ယောက္ခမတွေရဲ့ စိတ်သဘောထားအမှန်ကို သိထားတာမို့ အတူနေရတာ စိတ်ညစ်စိတ်ရှုပ်မိတာတော့ အမှန်ပင်။ သူတို့ ခိုင်းသမျှကို အေးမြနွယ် မငြင်းဆန်ဘဲလုပ်ပေးပေမဲ့လဲ ယောက္ခမတွေက ကျေနပ်တဲ့ပုံမျိုး မပြခဲ့ပေ။ အထူးသဖြင့် ယောက္ခမ အမကြီးပင်။မိမိဘာလုပ်လုပ် သူမက စိတ်တိုင်းမကျ။သဘောမကျပေ။အပြစ်ပြောစရာမရှိလျှင် အိမ်ကိုလာလည်သူများကို အေးမြနွယ်က အသက်ဆယ့်ငါးနှစ်နဲ့ သူ့သား နောက်ကို လိုက်လာတဲ့အကြောင်းကို အကြောင်းရှာကာပြောတတ်လေ၏။ယောက္ခမကြီး ပြောတာလဲမှန်တော့မှန်ပေမဲ့ ဒီလိုစကားတွေကို ကြားရတိုင်း အေးမြ နွယ်စိတ်တိုသလိုတော့ ဖြစ်မိတာပင် ။အေးမြ နွယ်ကရော ငယ်ငယ်ရွယ်ရွယ်နဲ့အိမ်ထောင်ပြုချင်ပါ့မလား။ဖြစ်နိုင်ရင် အေးမြနွယ် ပညာကို ဆုံးခန်းတိုင်အောင်သင်ယူပြီး ဘွဲ့ရပညာတတ်တစ်ယောက် ဖြစ်ချင်ခဲ့တာပေါ့။ကံတရားကမှ အေးမြနွယ်ဘက်မှာရှိမနေခဲ့တာကို ဘယ်လိုလုပ်ရပါ့မလဲ။ အေးမြနွယ် ရှစ်တန်းတက်ရမယ့်နှစ်မှာပဲ မိဘနှစ်ပါးလုံး ရှေ့ဆင့်နောက်ဆင့် ကွယ်လွန်သွားကြလို့ အစ်ကိုနှစ်ယောက်နဲ့ ကြီးပြင်းခဲ့ရတာလေ။ အဲ့ဒီနှစ်က ရှစ်တန်းနှစ်ကို ပြီးဆုံးအောင် တက်ခဲ့ရပေမဲ့ ကျောင်းပြီးတာနဲ့ အလုပ်ဝင်လုပ်ခဲ့ရတယ်။အလုပ်စလုပ်ချိန်က အေးမြနွယ်ရဲ့ အသက်ဆယ့်လေးနှစ်ပဲရှိသေးပေမဲ့ လူကောင်ထွားတာမို့ အလုပ်ကို ရောရောရူရူ ရခဲ့တယ်။အလုပ်စလုပ်ချိန်မှာပဲ ကိုကြီးနဲ့စတွေ့ခဲ့ရတာပေါ့။ ကိုကြီးကစက်ရုံမှာ စက်ပြင်ဆရာ။အမှန်တိုင်း ပြောရရင် အဲ့ဒီအချိန်က အေးမြ နွယ်ရဲ့ စိတ်ထဲမှာ ပညာဆက်သင်ချင်စိတ်ပဲရှိခဲ့တာ။ အလုပ်ကို တစ်နှစ်လောက် ကြိုးကြိုးစားစားလုပ်ပြီး ငွေစုမယ်။နောက်နှစ်မှာ ကိုးတန်းပြန်တက်မယ်လို့ စိတ်ကူးထားခဲ့တာ။ အစ်ကိုနှစ်ယောက်ကလဲ နောက်နှစ်တော့ ကျောင်းပြန်ထားပေးမယ်လို့ ပြောခဲ့တယ်လေ။ ဒါပေမဲ့လည်း ကိုကြီးနဲ့ စတင်တွေ့ဆုံခဲ့ရခြင်းက အေးမြ နွယ်အတွက် ကံဆိုးခြင်းအစလို့ပဲ ပြောရမလားမသိခဲ့။ကိုကြီးရဲ့နာမည်အရင်းက အောင်သီဟ။ ကိုကြီးက အေးမြနွယ်ထက် အသက်ရှစ်နှစ်လောက်ကြီးတယ်။ အေးမြနွယ်စိတ်ထဲမှာ ကိုယ့်အစ်ကိုတစ်ယောက်လို သဘောထားခဲ့မိလို့ အစ်ကိုတွေကို ခေါ်တဲ့အတိုင်း ကိုကြီးလို့ပဲခေါ်ခဲ့တာ။ ကိုကြီးက အေးမြနွယ် အလုပ်လာတဲ့အခါ ကားမှတ်တိုင်မှာ လာကြိုပေးတယ်။အလုပ်ပြန်ရင် ကားမှတ်တိုင်အထိလိုက်ပို့ပေးပြန်တယ်။ ကိုကြီးက ရုပ်လေးလဲချော အပြောလေးလဲကောင်းတော့ အေးမြနွယ် သာယာမိတာတော့အမှန်ပဲ။ဒီလိုနဲ့ ကိုကြီးက အလုပ်သွားအလုပ်ပြန်ကို အကြိုအပို့လုပ်ပေးရင်း တစ်နေ့မှာ ရပ်ကွက်ထဲက အသိအစ်ကို တစ်ယောက်နဲ့ တည့်တည့်ဆုံမိပါလေရော။ဖြစ်ချင်တော့ အဲ့ဒီအစ်ကိုက အေးမြနွယ် အစ်ကိုတွေရဲ့ သူငယ်ဖြစ်နေတယ်လေ။
ထင်တဲ့အတိုင်းပဲပေါ့ အိမ်ကိုပြန်ရောက်တာနဲ့ အစ်ကိုတွေရဲ့ဒေါသ မျက်နှာတွေကို အေးမြနွယ် အရင်တွေ့လိုက်ရတယ်။ အငယ်ဆုံးအစ်ကိုကဆိုရင် အေးမြ နွယ်ကို နားရင်းတွေပါအုပ်တယ်။ပြီးတော့ "နင် အလုပ်လုပ်စရာမလိုတော့ဘူး ...အိမ်ထဲက ခြေတစ်လှမ်းမှ မထွက်နဲ့ " ဆိုပြီး အမိန့်ထုတ်ပါလေရော ။အမှန်တိုင်း ပြောရရင် အဲ့ဒီအချိန်ကအေးမြနွယ်မှာ အသားနာတာ ၊ ကြောက်တာကလွဲလို့ဘာခံစားချက်မှကို မရှိခဲ့ဘူး။ အေးမြနွယ်တစ်ရက်နှစ်ရက်လောက် အိမ်ထဲကအိမ်ပြင်မထွက်ဘဲနေခဲ့တယ်။တစ်နေ့မှာတော့ အစ်ကိုတွေအလစ်မှာ စက်ရုံကို ထွက်လာခဲ့မိတယ်။စက်ရုံကို သွားရတဲ့ ရည်ရွယ်ချက်ကလဲ ကျန်ခဲ့တဲ့ အဝတ်အစားတွေကို ယူချင်ရုံနဲ့ ကိုကြီးကို ခဏလောက်တွေ့ပြီး အကျိုးအကြောင်းပြောပြချင်ရုံအပြင် ဘာစိတ်မှ မရှိခဲ့တာအမှန်။ စက်ရုံကိုရောက်တော့ အဝတ်အစားတွေယူပြီး ပြန်အလာမှာ ကိုကြီးက နောက်က လိုက်လာခဲ့ပါရောလေ။ အဲ့ဒီမှာ ကိုကြီးနဲ့ လက်ဖက်ရည်ဆိုင်ခဏ၀င်ထိုင်ကြတယ်။လက်ဖက်ရည်ဆိုင်ထဲရောက်တော့ ကိုကြီးက သူ့နောက်ကိုလိုက်ခဲ့ဖို့ခေါ်တယ် ။အေးမြနွယ်က လိုက်ဖို့ စိတ်ကူးမရှိဘူး ။ ဘာလို့လဲဆိုတော့ အေးမြနွယ် အသက်က ဆယ့်ငါးနှစ်ပြည့်ဖို့တောင် နှစ်လလောက် လိုသေးတယ်လေ။ ပြီးတော့ အေးမြနွယ် ကျောင်းလဲပြန်တက်ချင်သေးတာကိုး။ ဒါပေမဲ့ ကံဆိုးတာက အေးမြနွယ်တို့ လက်ဖက်ရည်ဆိုင်ထဲမှာ ရှိနေတုန်းမှာပဲ စက်ရုံကို လိုက်ချလာတဲ့အစ်ကိုငယ်ကို အေးမြနွယ်တို့ တွေ့လိုက်ရတယ်။အစ်ကိုငယ်ကတော့ အေးမြနွယ် ကို တွေ့မသွားပါဘူး။ ဒီလိုနဲ့ပဲ အေးမြနွယ် အသက်ဆယ့်ငါးနှစ်အရွယ်မှာ အိမ်ထောင်သည်ဘဝကို ရောက်ခဲ့ရတယ်။
တကယ်တော့ အသက်ဆယ့်ငါးနှစ်ဆိုတာ ကလေးကြီးတစ်ယောက်ရဲ့အရွယ်ပဲ ။ အိမ့်ထောင့်တာဝန်တွေကို ဘယ်သိမှာလဲ။အေးမြနွယ်လဲ ချစ်ရသူကိုကြီးနဲ့နေရင် ဘ၀ကပျော်စရာကောင်းမယ်လို့ထင်ခဲ့မိတာပေါ့။ဒါပေမဲ့လဲ ကိုကြီးတို့အိမ်ကို အေးမြနွယ်ရောက်သွားတဲ့အချိန်မှာပဲ စိတ်ကူးနဲ့ လက်တွေ့ဘ၀ကွာခြားခဲ့သလို အထင်နဲ့အမြင်တွေ
" အေးပါအေ ... ပြောင်းဆိုလဲ ပြောင်းရမှာပေါ့ ..ဒီနေရာမှာလဲ ဘာမှ ခင်တွယ်စရာမရှိပါဘူး အေ.."
ဟန်သော်လင်းမှာ သူ့ကိုများ အမေ့က လှမ်းခေါ်လိုက်လေမလားဆိုတဲ့ မျှော်လင့်ချက်လေးနဲ့ အိမ်ပေါက်ဝမှာ ငုတ်တုတ်ထိုင်နေပေမဲ့ အဒေါ်နှစ် ယောက်နဲ့ ဦးလေးဖြစ်သူမှာ လက်ဆောင် အသီးသီးရသွားပြီးတဲ့အထိ အမေ့ဆီက ခေါ်သံမကြားရတာမို့ ဟန်သော်လင်း ထိုင်နေရာက ဆတ်ခနဲထရပ်လိုက်ပြီး လမ်းထိပ်ဘက်ကို ပြေးထွက်လာခဲ့မိတယ်။
"ဟဲ့ကောင်လေး ..ဘယ်ကိုသွားတာလဲ ....အိမ်မှာကို မနေဘူး..လမ်းပေါ်မှာပဲနေချင်တဲ့ ဟာလေး "
ဟန်သော်လင်း ဘွားအေဖြစ်သူရဲ့ အော်သံကို ကြားပေမဲ့ လှည့်မကြည့်ဖြစ်တော့ပါ။ဘာရယ်မှန်းသူမသိတဲ့ သူ့ရင်ဘတ်ထဲကအောင့်သလိုလို ခံစားနေရတာတွေကို သက်သာစေဖို့ လမ်းထိပ်အမှိုက်ပုံနားမှာရှိတဲ့ ဖိုးထူးတို့အုပ်စုရှိရာဆီသို့ အပြေးထွက်လာခဲ့မိတယ်။အခြားသူတွေ ပြောလို့သာအမေလို့ သိရပေမဲ့ သူမရဲ့ နှုတ်ဖျားက သူ့ကို သားလို့ တစ်ခါမှ မခေါ်ခဲ့ဖူးတာကို သိသိနဲ့ပဲ ဟန်သော်လင်း မျှော်လင့်နေခဲ့မိတာလေ။ ဒါပေမဲ့လဲ အချိန်အကြာကြီးနေမှ တစ်ခါ ပြန်လာတတ်တဲ့ အမေကတော့ အိမ်ကို ရောက်တာနဲ့ အဘွားနဲ့ ခေါ် လေးတို့ဦးငယ်တို့ကို ချစ်ချစ်ခင်ခင် ပြောဆိုဆက်ဆံတတ်ပေမဲ့ သူ့ကိုတော့ တစ်ချက်တလေလောက်သာ လှည့်ကြည့်ပြီး စကားတစ်ခွန်းတောင်ပြောခဲ့တာမဟုတ်ဘူးလေ။
~~~~
"နွယ်နွယ်....နင့် ယောက္ခမတွေ သူတို့အိမ်ကို ကန်ထရိုက်တိုက်ဆောက်ဖို့အပ်လိုက်တာ သိပြီးပြီလား "
မျက်နှာချင်းဆိုင်တိုက်ခန်းမှာ ငှားနေတဲ့ မမွန်ရဲ့အမေးကြောင့် အေးမြနွယ် အံ့သြသွားမိတယ်။ ဒီနှစ်ပိုင်းမှာ လမ်းထဲက အိမ်တစ်ချို့ ကန်ထရိုက်တိုက်တွေ ဆောက်ကြတာ ခေတ်စားနေတာမို့ သူမရဲ့ယောက္ခမတွေလဲ ဘယ်တော့များ ဒီလိုဖြစ်လာမလဲလို့ မျှော်လင်းထားခဲ့မိပေမဲ့ ခုလိုချက်ချင်းထဖြစ်လိမ့်မယ်လို့ မထင်ခဲ့မိ။ပြီးတော့ ယောကျာ်းဖြစ်သူဆီကလဲ ဘာသတင်းမှ မကြားရတာမို့ ဒီသတင်းကို အေးမြနွယ်မယုံရဲ ဖြစ်နေမိပြန်တယ်။ ယောက္ခမတွေက ဘယ်လိုပဲ အေးမြနွယ်ကို ကြည့်မရစေအုံးတော့ တကယ်တမ်း ပြောင်းရ ရွေ့ရမယ်ဆိုရင် သူတို့သားကိုတော့ ပြောမှာပဲမဟုတ်လား ။
" သေချာလို့လား မမွန်ရယ် ...ကိုကြီးကလဲ ဘာမှ မပြောဘူး "
အေးမြနွယ်က မယုံမရဲနဲ့ ပြန်မေးလိုက်မိတယ်။
"တကယ်ပါဆို နွယ်နွယ်ရယ် ... တို့တိုက်မှာ ငှားနေဖို့တောင် နင့် ယောက္ခထီးကြီး လာပြောသွားတယ်လေ ..."
"တ ...တကယ်လား ... ဒုက္ခပါပဲ မမွန်ရယ် ..."
======================
အပိုင်း ( ၂ ) ဆက်ရန်
ဧကြည်ဖြူ
ဖတ်ရှုပေးကြသူအပေါင်းကို ကျေးဇူးအထူးတင်ရှိပါတယ်ရှင်
"သံယောဇဉ် ကမ်းပါး "
အခန်းဆက် ဝတ္ထုရှည်ကို Wave /kpay 1000 Ks ချီးမြှင့်၍ ဖတ်ရှုနိုင်ပါတယ်။
Wave /kpay ပေးဖို့ အကောင့်မရှိသူများလဲ ဖတ်ရှုနိုင်ပါတယ်
မည်သူမဆို ချီးမြှင့်ငွေမပေးလဲ ဖတ်ရှုနိုင်ပါတယ်
ဖတ်ရှုပေးတဲ့အတွက်လဲ ကျေးဇူးအထူးတင်ရှိပါတယ်
Kpay(or) Wave
09773745413
Lai Lai Win
A Kyi Phyu
သမီးဖြစ်သူရဲ့ ခေါ်သံကြောင့် ကေသီချိုရဲ့ လှမ်းလက်စ ခြေလှမ်းတွေ တုံ့ခနဲဖြစ်သွားပေမဲ့ နောက်သို့ ပြန်လှည့်မကြည့်ဖြစ်တော့ဘဲ မင်းလှိုင် နောက်သို့ ခပ်သုတ်သုတ်လိုက်သွားလိုက်တယ်။
"မေမေ ... မေမေဘယ်သွားမလို့လဲ ... မေမေဘယ်သွားတာလဲဟင် ဖေဖေ ...."
အလင်းချိုကို ထားခဲ့ပြီး ဦးလေးကြိးနဲ့ အတူ ထွက်သွားတဲ့ အမေ့ကိုကြည့်ပြီး အလင်းချို နားမလည်နိုင်စွာနဲ့ အဖေ့ကို မေးလိုက်မိတယ်။
"အဖေနဲ့ အတူ အိမ်ပြန်ရအောင်နော် သမီး ...ဒီမှာ ဘွားဘွားတို့လဲ ရှိတယ် "
အဖေရဲ့နှစ်သိမ့်စကားကို ကြားနေရပေမဲ့ ကျောခိုင်းသွားတဲ့ အမေ့ကိုကြည့်ပြီး အလင်းချို အင့်ခနဲ ရှိုက်ငိုမိလိုက်တယ် ။
"မငိုနဲ့လေ အလင်းချို ...ဘာလဲ သမီးရော အဖေနဲ့ မနေချင်လို့လား "
"ဟဲ့ မိလင်း ... ညည်း ကလေးလဲမဟုတ်တော့ဘူး ငိုမနေနဲ့ ...နင့်အမေက အကျင့်ကောင်းတဲ့ မိန်းမ မဟုတ်ဘူး ..."
အဖေနဲ့ ကြီးကြီးရဲ့ စကားကို အလင်းချိုသိပ်ပြီးနားမလည်ပေမဲ့ အဖေ စိတ်တိုနေတာကို အလင်းချို သိတာမို့ နှုတ်ခမ်းလေးမဲ့ပြီး လည်ချောင်းဝကိုရောက်လာတဲ့ ရှိုက်သံတွေကို မျိုချလိုက်ရတယ်။
~~~~~~~
"ညည်းသားက အကြောတင်းအေ့ ... ငါတို့ပြောလဲလုပ်ချင်မှလုပ်တာ...ကြာတော့ ငါတို့လဲ ဘာမှမပြောချင်တော့ဘူး ...ဦးလေးနဲ့ အဒေါ်တွေကိုလဲ ကြောက်ရမှန်း သိတာမဟုတ်ဘူး ...သူလုပ်ချင်တာကို ဇွတ်လုပ်တဲ့အကျင့်ကတော့ ဟို ကောင့်အတိုင်းပဲ "
ဒေါ်ရီက အိမ်ပေါက်ဝမှာ ဂျစ်ကန်ကန်မျက်နှာပေးနဲ့ထိုင်နေတဲ့ ရှစ်နှစ်အရွယ် မြေးဖြစ်သူကို ကြည့်ပြီး သမီးဖြစ်သူကို ပြောလိုက်တယ်။
"တော်ပါတော့ အမေရယ်...အဲ့ဒီကောင်အကြောင်း မပြောစမ်းပါနဲ့ ကျက်သရေတုံးတယ် ... ရုပ်တင်မဟုတ်ဘူးစိတ်ကပါ သူ့အဖေ အချိုးတိုင်းဆို တာသိပေမဲ့ ...ဘယ်လိုလုပ်မလဲ အမေရယ် ...သမီးက မွေးထားမိပြီလေ ...ပတ်၀န်းကျင်က မကဲ့ရဲ့အောင်တော့ ကျွေးမွေးထားရမှာပေါ့ ... သူ့ဘာသာ ကျောင်းတက်ချင်တက်မတက်ချင်နေ ... အမေလဲ သူ့ကို ဂရုစိုက်မနေနဲ့ သမီးပေးနိုင်ကမ်းနိုင်သလောက်တော့ ပေးမှာပါ "
စန္ဒားဝင်းက မိခင်ကို ပြောလိုက်ပြီး မောင်တွေ ညီမတွေအတွက် သူမ ၀ယ်လာတဲ့ လက်ဆောင်ပစ္စည်းတွေ့ကို တစ်ခုချင်း ထုတ်ပြလိုက်တယ်။
"ဒီမှာ .. အကြီးမနဲ့ အလတ်မအတွက် အဝတ်အစားတွေ၀ယ်လာတယ်နော် ...အငယ်ကောင် အတွက်လဲပါတယ်..."
စန္ဒာဝင်းက ပြောပြောဆိုဆိုနဲ့ အသက်နှစ်ဆယ်ကျော်စပြုပြီးဖြစ်တဲ့ ညီမငယ်နဲ့ ဆယ်ကျော်သက်အရွယ် ညီမငယ်လေးနဲ့ မောင်အငယ်ဆုံးလေးကိုပါ ခေါ်လိုက်တယ်။ ညီမတွေနဲ့ မောင်လေးကိုခေါ်လိုက်ရင်း အိမ်ပေါက်ဝမှာ ထိုင်နေတဲ့ သားဖြစ်သူကို တစ်ချက်လှမ်းကြည့်လိုက်ပေမဲ့ စန္ဒာဝင်းစိတ်ထဲရှက်သလိုလို ခံစားရတာကြောင့် မခေါ်တော့ဘဲ မသိချင်ယောင်ဆောင်နေလိုက်တယ်။မိမိနဲ့အသက်ဆယ့်ရှစ်နှစ်ပဲကွာတဲ့ သားဖြစ်သူကို သားလို့ခေါ်ရမှာကို စန္ဒာဝင်း ရှက်ကြောက်နေမိတယ်။ဟိုတစ်ချိန်က သင်း (ဒင်း) လေးရဲ့ အဖေနဲ့ ပျော်ပါးခဲ့စဉ်ကတော့ စန္ဒာဝင်းလဲပျော်ခဲ့မော်ခဲ့တာပေါ့လေ။မိဘတွေတားနေတံကြားက သင်း (ဒင်း) လေးရဲ့ အဖေနောက်ကို ကောက်ကောက်ပါအောင်လိုက်သွားခဲ့မိတာပေါ့။ရုပ်လေးချော အပြောလေးကောင်းဆိုတော့ သာယာမိခဲ့တာပေါ့ ။မကြာပါဘူး။သင်း (ဒင်း) လေးကို မွေးပြီးတာနဲ့ ကိုယ်တော်ချောက ဇာတိပြလာတာပဲလေ။ အလုပ်မလဲမလုပ်ဘဲ မိုးလင်းမိုးချုပ် ပေါ်မလာဘဲ ဖဲဝိုင်းတကာ့ ဖဲဝိုင်းကို သွားနေခဲ့တာလေ။တကယ့်ကို မျိုးနဲ့ရိုးနဲ့ လောင်းကစားသမားတွေကို ဖြစ်နေကြတာကိုး။အဖေက အစ၊အမေက အဆုံးလို့ပဲ ပြောရမလား ။နောက်ဆုံးတော့ မိမိကပဲ အိမ်ထောင့်တာဝန်ကို ယူခဲ့ရတဲ့အထိ။ဒါတွေကို ခံနိုင်ရည်မရှိတဲ့ အဆုံးမှာ လမ်းခွဲကြရအောင် ဆိုတော့လည်း သူ့ဘက်က အေးအေးဆေးပဲလေ။လမ်းခွဲတော့လဲ သူတို့ဝမ်းတောင် မှန်မှန်မစားတဲ့ မိသားစုထဲမှာ သင်း (ဒင်း) လေးကို မထားခဲ့ရက်လို့ ခေါ်လာခဲ့ရတာပေါ့။မိမိရင်ကဖြစ်တဲ့ သွေးမို့သာ စန္ဒာဝင်းခေါ်လာခဲ့ရပေမဲ့ ယောကျာ်းကို နာကြည်းစိတ်တွေကြောင့်ပဲလားမသိ သူကလေးအပေါ်မှာ အပြည့်အ၀ချစ်ခင်၍မရခဲ့ပေ။ ထိုထက်ပို၍ သူကလေးနဲ့ အတူနေရမှာကို ပင် စန္ဒာဝင်းရင်ထဲ မနှစ်မြို့ မိတာကြောင့် သူကလေးကို မိခင်ကြီးဆီမှာ အပ်ခဲ့ပြီး မန္တလေးမြို့မှာ အလုပ်သွားလုပ်ခဲ့တယ်။ဒီမှာတင် ကံကြောင့်ပဲပြောရမလား၊ မိမိရဲ့ အလှကြောင့်ပဲပြောရလေမလားမသိ အသက်ခပ်ရွယ်ရွယ်သူဌေးတစ်ယောက်နဲ့ စန္ဒာဝင်း ဆုံစည်းခဲ့ရတယ်။ ကိုကြီးက အသက်လေးဆယ်ကျော် သူဋ္ဌေး လူပျိုကြီး ။စန္ဒာဝင်းကိုယ့်ကိုယ်ကို အပျိုလို့ မပြောခဲ့ပေမဲ့ ကလေးရှိပါတယ်လို့ ပြောထွက်ဖို့ ဝန်လေးခဲ့မိတာတော့ အမှန်ပါပင်။ဒါကြောင့်မို့လဲ စန္ဒာ၀င်း အနေနဲ့ မိမိမှာ အဆင်ပြေနေပေမဲ့ မုဆိုးမမိခင်ကြီးနဲ့ မောင်နှမတွေကို မိမိနေထိုင်ရာသို့ မခေါ်နိုင်ဘဲ အဝေးတစ်နေရာမှသာ ထောက်ပံ့ပေးရတော့တာပေါ့။
" အမေ့ကို ပြောစရာရှိတယ် "
စန္ဒာ၀င်းက မိခင်ကို ခပ်တိုးတိုးပြောလိုက်တယ်။
"ဘာပြောမှာလဲ ... ပြောလေ "
"ဟို ... ဒီအိမ်နဲ့ ခြံကိုရောင်းပြီး အမေတို့ .. နေရာသစ်ကို ပြောင်းကြမလားဟင် ...အထူးသဖြင့် သမီးတို့အကြောင်းကို မသိတဲ့နေရာကို ပြောင်းကြပါလား ...လိုတဲ့ငွေကို ကိုကြီးဆီက တောင်းလိုက်မယ်...ကိုကြီးက အားလုံးသမီးရဲ့ သဘောမို့ အဆင်ပြေမှာပါ အမေ "
အလင်းချိုက မိခင်ကို ခေါင်းငြိမ့်ပြလိုက်ပြီး ရေခဲတုံးကိုခြစ်နေတဲ့ ဆိုင်ရှင် ဦးလေးကြီးကိုပဲ ငေးကြည့်နေမိတယ်။
ကေသီချိုကတော့ သမီးလေးကို တစ်ချက်ကြည်လိုက်ပြီး ကိုထွန်းနဲ့အတူ ဆိုင်ရှေ့ကို ထွက်လာခဲ့လိုက်တယ်။
~~~~
" သူသိသွားပြီး ကိုမင်း ...ကေသီတို့ဘယ်လိုလုပ်ကြမလဲဟင် "
ကေသီချိုက ချစ်သူမင်းလှိုင်ကို အလောတကြီးနဲ့ ပြောလိုက်ရာ မင်းလှိုင်က ဂရုမစိုက်သည့်ဟန်ပန်ဖြင့်
"သိတော့လဲ သိပေါ့....ဘာလဲ ကေသီက သူ့ကို မပြတ်နိုင်တာလား "
"သူ့ကို မပြတ်နိုင်တာတက် သမီးကို မပြတ်နိုင်တာပါ ကိုမင်းရယ် ...သမီးလေးကခုမှ ရှစ်နှစ်ပဲရှိသေးတာလေ "
ကေသီချိုက အအေးဆိုင်ထဲမှာ ထိုင်နေတဲ့ သမီးလေးအလင်းချိုကို လှမ်းကြည်းပြီး လေးလေးတွဲတွဲ ပြန်ပြောလိုက်မိတယ်။
"ကလေးကို မပြတ်နိုင်လဲ ခေါ်ခဲ့ကွာ ...ခုလို ခိုးပြီး တွေ့နေရတာကို စိတ်ကုန်နေပြီ ...''
မင်းလှိုင်ရဲ့ စကားကြောင့် ကေသီချိုက သမီးဖြစ်သူကို တွေတွေဝေဝေနဲ့ လှမ်းကြည့နေမိတယ်။ဘယ်လိုပဲဖြစ်ဖြစ် သမီးမိန်းခလေးဆိုတာ ဖခင်ရင်းနဲ့နေထိုင်တာပဲ ပိုသင့်တော်မယ်လို့ ကေသီချို ထင်နေမိတယ်။ ချစ်ရသူ မင်းလှိုင်ကို မယုံကြည်တာမဟုတ်ပေမဲ့ သမီးလေးကို သူ့အဖေရင်းလောက် မင်းလှိုင်ချစ်နိုင်ပါ့မလားလို့စိုးရိမ်စိတ်ကလေးဝင်လာမိပြန်တယ်။သူများတွေ ပြောကြသလိုပဲ သူမက သိပ်ကို မိုက်မဲတဲ့မိန်းမတစ်ယောက်ဆိုတာကို ကေသီချို ဝန်ခံပါတယ်။လှေကြီးပေါ်လှေငယ်ဆင့်တယ်ပဲပြောပြော ၊ နောက်မီးလင်းတယ်ပဲပြောပြော အခုလက်ရှိကေသီချိုရဲ့ အခြေအနေက ဆုပ်လဲစူးစားလဲရူး ဆိုတဲ့ အနေအထားမျိုးမဟုတ်လား။ ကာမပိုင်ခင်ပွန်းရှိနေရဲ့နဲ့ မင်းလှိုင်ကို အပျော်သဘောနဲ့ တွဲမိရာက ယခုတော့ ဖြတ်မရ ပြုမရ အနေအထားဖြစ်ခဲ့လေပြီ။ကေသီချို ကိုယ်တိုင်က ခင်ပွန်းဖြစ် သူ ကိုသက်ဦးထက် မင်းလှိုင်အပေါ်မှာ သံယောစဉ် ပိုခဲ့မိလေပြီ။နှစ်ယောက်သားတွဲစက အခြားသူတွေ မရိပ်မိအောင် သိုသိုသိပ်သိပ်တွဲခဲ့ပေမဲ့ နောက်ပိုင်းမှာ နှစ်ယောက်လုံး တစ်နေ့ မတွေ့ရရင်မနေနိုင်တဲ့အထိ ဖြစ်လာခဲ့တဲ့ အခြေအနေထိ ရောက်လာခဲ့တော့တယ်။ဒီလိုအခြေအနေမျိုးကို ရောက်ပြီဆိုမှတော့ ကိုသက်ဦးနဲ့မိသားစုတွေလဲ ရိပ်မိကုန်ကြတာပေါ့လေ။ကေသီချိုရဲ့ ဆွေမျိုးအသိုင်းအဝိုင်းကတော့ နယ်ဘက်ကဖြစ်တာမို့ ကေသီချိုရဲ့ အကြောင်းကို သိလဲမသိကြသလို အဆက်အသွယ်လဲမရှိကြဘူး မဟုတ်ပါလား။
"ကေသီချို..မင်း ....မင်း မိန်းမပျက်မ....ကဲဟာ"
"ဖြန်း ...ဖြန်း..."
" အား ...ကို ...ကိုသက်ဦး "
အနားသို့ ရုတ်တရက်ရောက်လာသော ခင်ပွန်းဖြစ်သူကို ကေသီချို အံ့ဩတကြီးနဲ့ ကြည့်လိုက်မိစဉ်မှာပဲ ကေသီချိုရဲ့ ပါးပြင်နှစ်ဖက်မှာ ပူခနဲဖြစ်သွားပြီး လူကမြေပြင်ပေါ်သို့ ပုံရက် သားလဲကျသွားတယ်။
"သား တော်တော့ ... လက်လွန်သွားမယ် ...ဒီလိုမိန်းမအတွက် သားဘ၀ကို ပျက်စီးမခံနဲ့ ...."
"မောင်လေး တော်တော့ ... ဒီလိုဟာမက လက်နဲ့ထိရမှာတောင် ရွံဖို့ကောင်းတဲ့ မိန်းမပဲ "
သက်ဦးက ဇနီးဖြစ်သူကေသီချိုကို မီးဝင်းဝင်းတောက်လုမတက် မျက်လုံးတွေနဲ့ စူးစူးစိုက်စိုက်ကြည်နေမီပြီး ဒေါသမပြေနိုင်ဘဲ ဖြစ်နေတယ်။ဒါကိုသိတဲ့ သက်ဦးရဲ့မိခင်ဖြစ်သူနဲ့ သက်ဦးရဲ့ အစ်မကြီးက သက်ဦးကို ၀င်ဆွဲရင်း တားမြစ်လိုက်ကြတယ်။
"မင်း အိမ်ကို ပြန်လာစရာ မလိုတော့ဘူး ကေသီချို ...ငါ့အိမ်က ပစ္စည်းတွေလဲ အပ်တိုတစ်ချောင်းတောင် ရမယ် မထင်နဲ့ ... ဘယ်မှာလဲ ငါ့သမီး ... မင်းဘာသာ နေချင်တဲ့လူနဲ့နေ ...အလေလိုက်ချင်သလိုလိုက် ...ငါ့သမီးကို တော့ ခေါ်သွားဖို့စိတ်မကူးနဲ့ ကြားလား ...."
"ကလေးက ...အအေးဆိုင်ထဲမှာ မောင်လေး "
အစ်မဖြစ်သူရဲ့ စကားကို ကြားတာနဲ့ သက်ဦးက အအေးဆိုင်ထဲကို ခြေလှမ်းကျဲကြီးတွေနဲ့ ၀င်ချသွားလိုက်တယ် ။
~~~~~~
အလင်းချိုက ရေခဲသုပ်စားနေရင်း အမေနဲ့ ဦးလေးကြီး စကားပြောနေတာကို ကြည့်နေတုန်းမှာပဲ အဖေရောက်လာပြီး အမေ့ကို ပါးချလိုက်တာကို မြင်လိုက်ရတာမို့ ထိတ်လန့်သွားမိပြီး လက်ထဲက ဇွန်းပါ ပြုတ်ကျသွားရတယ်။
"မေမေ "
အလင်းချို ငိုသံပါကြီးနဲ့ အမေ့ကို လှမ်းခေါ်လိုက်ပြီး အပြင်ကို ပြေးထွက်ခဲ့လိုက်တော့ ဆိုင်ဝမှာ အဖေနဲ့ ဆုံကြတယ်။
"လာ ...သမီး ....ဖေဖေတို့ ပြန်ရအောင် "
" မေမေ့ကို ဘာလို့ရိုက်တာလဲ ဖေဖေ ...မေမေသနားပါတယ် "
သက်ဦးက သမီးဖြစ်သူရဲ့ အမေးကို မဖြေဘဲ သမီးလေးကို စွေ့ခနဲ ကောက်ချီလိုက်တယ် ။အသက်ရှစ်နှစ်ရှိနေပြီဖြစ်ပေမဲ့ ခပ်သေးသေးကိုယ်လုံးလေးနဲ့ သမီးလေးအလင်းချိုက သက်ဦး ရင်ခွင်ထဲမှာ မျက်ရည်တွေ ပြည့်နေတဲ့ မျက်လုံးပြူးပြူးလေးတွေနဲ့ သူ့အမေကိုခေါ် နေတယ်။ သက်ဦး အံကိုတင်းတင်းကြိတ်လိုက်မိတယ်။သမီးလေးကို သနားပေမဲ့ ကေသီချိုရဲ့ အကျင့်စရိုက်ကို ရွံရှာလှတာမို့ ကျောခိုင်းပစ်ဖို့ပဲ ဆုံးဖြတ်လိုက်တယ်။
~~~~~
"မိကေသီ ...ငါ့သားနဲ့ ငါမြေးထွက်မလာခင် ညည်း ဒီနေရာက ထွက်သွားတော့ ...ငါ့သား ကိုဒုက္ခ ထပ်မပေးပါနဲ့အေ ... ဒီထက် အရှက်မကွဲချင်ရင် ဒီနေရာကနေ အမြန်ထွက်သွားတော့ ...ညည်းတို့ကြောင့် ငါ့သားလေးကို ဒုက္ခရောက်မခံနိုင်ဘူးဟဲ့ "
~~~
"မေမေ ..မေမေဘယ်သွားမလိုလဲ "
ဧကြည်ဖြူ
"#သံယောဇဉ်ကမ်းပါး "
အပိုင်း (၁)
*****
" နိဒါန်း "
~~~~~
"အမေ့ရဲ့ မာနတွေကိုတောင်ပံတပ်ပေးနိုင်ဖို့ မိုင်ထောင်ချီဝေးတဲ့ အရပ်ဆီကိုခရီးထွက်ခဲ့တယ်........... "
~~~~~~
" နင့်အမေကဲလား မကဲလား... ဆယ့်ငါးနှစ်နဲ့ ယောကျာ်းရတာကို ကြည့်လေ ... "
ရှစ်နှစ်အရွယ်မြေးဖြစ်သူက လုံးစေ့ပတ်စေ့နားလည်နိုင်သေးတဲ့ အရွယ်မဟုတ်မှန်း သိသိနဲ့ ဒေါ်ခင်လှကတော့ မဲ့ကာရွဲ့ကာနဲ့ ပြောလိုက်တယ်။
နေမခကတော့ ဘွားအေဖြစ်သူရဲ့ စကားတွေကို စိတ်လဲမဝင်စား။နားလဲထောင်မနေဘဲ သူ့ရှေ့မှာရှိနေတဲ့ ပန်းကန်ထဲက လက်ဖက်သုပ်တွေကို တစ်ဇွန်းမောက်မောက်ခပ်စားပစ်လိုက်တယ်။ပြီးတော့ နောက်ထပ်တစ်ဇွန်းခပ်ပြီး လက်ဖဝါးထဲကို ပုံထည့်လိုက်တယ်။ အဘွားဘာတွေပြောနေတယ်ဆိုတာကို နေမခသေချာနားမလည်ပေမဲ့ မိခင်ကို မကောင်းပြောနေတယ်ဆိုတာကိုတော့ သိတယ်။ဒါကြောင့်လဲ အဘွားတို့ရဲ့ အိမ်ကြီးထဲကို နေမခသိပ်လာလေ့ မရှိဘူး။ အဘွားတို့က စားစရာ တစ်ခုခုခေါ်ကျွေးရင်လဲစားပြီးတာနဲ့ပြန်တာပဲ။ ဒါတောင် တစ်ခါတလေဆို နေမခလာစားလေ့မရှိဘူး။ အခုလို နေမခသိပ်ကြိုက်တဲ့ လက်ဖက်သုပ်ဆိုရင်တော့ မပျက်မကွက် လာစားမိတာပေါ့။ လက်ဝါးပြင်ထဲကို လက်ဖက်သုပ်တွေခပ်ထည့်ပြီးတာနဲ့ နေမခ ပြန်ဖို့ရန်မတ်တတ်ထရပ်လိုက်တယ်။
"ဟဲ့ ဒါကဘယ်လဲ ...စားပြီးတာနဲ့ ပြန်ဖို့ပဲ ...နင့်အဖိုးကို နင်းပေးအုံးလေ ...လူက လက်တောက်လောက်နဲ့ သူ့အမေစပ်စလူးစိန်မကို ပြောရင်မကြိုက်ဘူး ...ကိုလွင်ဦးတွေ့လား ရှင့်မြေးရဲ့ အချိုးကို...အဲ့ဒါ ဟိုဟာမ ကလေးကိုသွေးထိုးထားတာနေမှာ .."
နေမခခြံပြင်ကို ထွက်သွားတဲ့အထိ ဒေါ်ခင်လှက ပြောလို့မကျေနပ်သေးဘူး။ဒေါ်ခင်လှရဲ့ စိတ်ထဲမှာ ချွေးမဖြစ်သူအေးမြနွယ်ကို သားဖြစ်သူနဲ့ စပြီး ယူစဉ်ကတည်းက ကြည့်မရဘူးပဲပြောရမလား။ပြောစရာအပြစ်မရှိတော့ အသက်ငယ်ငယ်နဲ့ ယောကျာ်းယူတာကိုပဲ အပြစ်လုပ်ပြီးပြောနေရတာပေါ့။
~~~...
နေမခခြံပြင်ကို ထွက်လာခဲ့ပြီး ခြံရှေ့ခြေရင်း ထောင့်လေးမှာ ကွမ်းယာရောင်းနေတဲ့ မိခင်ရှိရာဆီကို လျှောက်သွားလိုက်တယ်။
"သား ဘာတွေစားနေတာလဲ ... အိမ်စာတွေလုပ်ပြီးသွားပြီလား "
အေးမြနွယ်က သူမရှိရာဆီကို လျှောက်လာတဲ့ သားဖြစ်သူကို လှမ်းမေးလိုက်တယ်။
"လက်ဖက်သုပ်စားနေတာ မေမေ ... မေမေရော စားအုံးမလား "
နေမခက မိခင်ဖြစ်သူရဲ့ အမေးကိုပြန်ဖြေလိုက်ရင်း လက်ဖဝါးလေးကို မိခင်ရဲ့ရှေ့ကို ထိုးပေးလိုက်တယ်။
" မစားတော့ပါဘူး သားရယ် ... လက်ဖက်တွေအများကြီးမစားနဲ့နော် ...လေတွေအောင့်နေမှဖြင့်သားရယ် ... ပြီးရင် အိမ်ထဲမှာ သွားနေပြီး စာကျက်နေနော် သားလေး ...အဘိုးနဲ့ အဘွားခိုင်းရင်လဲ လုပ်ပေးလိုက်အုံးနော် ကြားလား သားလေး "
အေးမြနွယ်က ကွမ်းယာထုတ်နေရင်းကနေ သားဖြစ်သူကို ပြောလိုက်တယ်။
နေမခက မိခင်ရဲ့ စကားကို နားထောင်ပြီး ခြံထဲကို ပြန်ဝင်လာခဲ့လိုက်တယ်။ခြံထဲကို ပြန်ဝင်လိုက်တော့ ဘွားအေ (ဖြစ်သူက အိမ်တံခါးပေါက်မှာ ခါးထောက်ပြီး ရပ်ကြည့်နေတာကို တွေ့လိုက်ရတယ် ။ နေမခလဲ အဘွားဖြစ်သူကို တစ်ချက်လှမ်းကြည့်လိုက်ပြီး အဘွားတို့ အိမ်ကြီးရဲ့ ခြေရင်းက လမ်းလေးအတိုင်း လျှောက်ခဲ့လိုက်ပြီး မိမိတို့မိသားစုသုံးယောက် နေတိုင်ရာ အခန်းလေးဆီကိုပဲ တန်းပြီး လျှောက်ခဲ့လိုက်တယ် ။
ရောက်ပါပြီ။အဖေရယ် ၊ အမေရယ် နေမခရယ်နေတဲ့ အခန်းလေးက အဘွားတို့အိမိကြီးရဲ့ မီးဖိုခန်းလောက်တောင်မကျယ်ပါဘူး။ ပြီးတော့ နေမခတို့ရဲ့ အခန်းဘေးမှာ အိမ်သာလည်းရှိတယ်။ အခန်းနဲ့ အိမ်သာကြားမှာ သွပ်ပြားတွေနဲ့ ကာရံထားပေမဲ့ နေမခရွံရှာမိတာတော့ အမှန်ပဲ။ဒါပေမဲ့နေမခ အဘွားတို့အိမ်ပေါ်မှာတော့ သွားမနေချင်ဘူး ။အမေနဲ့အတူနေရတဲ့ ဒီအခန်းလေးထဲမှာပဲ နေရတာပျော်ပါတယ်။အခန်းကျဉ်းကျဉ်းစုတ်စုတ်လေးမှာ နေမခ မနေချင်ပေမဲ့ အမေရှိတဲ့နေရာဆို နေမခအတွက် ပျော်စရာနေရာပဲ။အမေမရှိတဲ့ နေရာကတော့ အဘွားတို့အိမ်လို နှစ်ထပ်အိမ်ကြီးနဲ့ တီဗီအကြီးကြီးတွေရှိလဲ နေမခ မပျော်ဘူးလေ။
~~~~~~~
"ကေသီ "
" ကိုမင်းရောက်လာပြီလား "
အအေးဆိုင်ထဲမှာ အလင်းချိုတို့ ထိုင်နေတုန်းမှာ အမေ့ရဲ့ နာမည်ကို လူတစ်ယောက်က ခေါ်လိုက်တာမို့ အမေက ထိုင်နေရာက ဖျက်ခနဲထရပ်လိုက်သလို အလင်းချိုကလဲ ခေါ် သူကို မျက်လူးပြူးလေးနဲ့မော့ကြည့်လိုက်မိတယ်။အမေ့ နာမည်ကို ခေါ်လိုက်သူက အဖေနဲ့ ရွယ်တူ ဦးလေးကြီးတစ်ယောက်ဖြစ်နေတာကိုတွေ့လိုက်ရတယ်။
" မောင်လေးရေ ... အစ်မသမီးကို ရေခဲသုပ်တစ်ပွဲပေးပါနော် ... ရေခဲသုပ်ထဲကို ဖျော်ရည်နဲ့ နို့ဆီပဲဆမ်းပေးပါနော် ... မြေပဲနဲ့ ယိုတွေနဲ့မထည့်ပါနဲ့ ... အဲ့ဒါတွေကလေးမစားလို့ပါ "
အအေးဆိုင်ကလူကို အမေက ရေခဲသုပ်မှာနေတာကိုကြည့်ပြီး အလင်းချို တံတွေးကို မျိုးချနေမိတယ်။ ရေခဲသုပ်ဆိုတာ အလင်းချို အကြိုက်ဆုံး အစားအစာပဲ။ဒါပေမဲ့ ရေခဲသုပ်ထဲမှာ မြေပဲနဲ့ ယိုတွေ ပါလာရင်တော့ အလင်းချို မစားတတ်ဘူး။ မကြိုက်ဘူး။ ဒါကိုသိလို့ အမေက ဆိုင်ရှင်ကို သေချာမှာနေတာလေ။
"သမီးလေး ... ဒီမှာရေခဲသုပ်စားပြီး ခဏထိုင်နေနော် ... အမေ ဒီကဦးလေးနဲ့ စကားသွားပြောလိုက်အုံးမယ် "
"ဟုတ်ကဲ့ မေမေ "
" ဟုတ်ကဲ့ အရီး ...စာအုပ်တွေလာပို့တာ ထင်တယ် အရီးရဲ့ ...ရွာမှာ စာကြည့်တိုက် လေးဖွင့်ချင်လို့ ....မြို့ကို ငြိမ်း လှမ်းမှာလိုက်တာလေ ..."
" ဟုတ်လား ...ကောင်းပတော် ... ကောင်းပ "
ငြိမ်းလည်း အရီးလေးကို ပြန်ပြောလိုက်ရင်းမှ ရွာလူကြီး အိမ်ဘက်သို့ထွက်ခဲ့လိုက်လေသည်။
****
ရွာလယ်လမ်းမသို့ ရောက်သောအခါ ငြိမ်းသည် ရွာလမ်း မအတိုင်း မိမိရှိရာဘက်သို့ လျှောက်လာသော သူကိုကြည့်ပြီး နှလုံးသားမှာ ထိန်း၍မရအောင်တဒိန်းဒိန်း ဆောင့်ခုန်လာလေသည်။
"ကိုစိုင်း "
ငြိမ်းတုန်တုန်လှုပ်လှုပ်နှင့်ခေါ်လိုက်မိလေသည်။
"ငြိမ်း "
စိုင်းခွန်နောင်သည် ငြိမ်းရှိရာသို့ လျှောက်လာပြီးလျှင် ငြိမ်း၏ လက်ဖျားလေးကို ဆုပ်ကိုင်လိုက်ပြီး ငြိမ်းကို တမ်းတမ်း တတခေါ်လိုက်မိသည်။
- ******
"ဘယ်လို ရှာတွေ့သွားတာလဲ ... "
ငြိမ်းက စိုင်းခွန်နောင်ကို ကြည့်ပြီး မေးလိုက်သည်။
"ဒီလိုပဲ နည်းမျိုးစုံနဲ့ရှာရတာပေါ့ ငြိမ်းရဲ့ ... ငြိမ်းဒီရွာမှာ ရှိတာကို သိခဲ့တာကြာပြီ... ငြိမ်း စိတ်ပျော်နေမှန်းသိလို့ တမင် ပေးနေတာပါ ...ခုတော့ ကိုယ်နဲ့ပြန်လိုက်ခဲ့တော့နော်...."
စိုင်းခွန်နောင်က ငြိမ်း၏မျက်နှာလေးကို ရွှန်းရွှန်းစားစားကြည့်ရင်း ပြန်ဖြေလိုက်သည်။
"အမေ နေကောင်းလားဟင်....အမေရော ...ငြိမ်း ဒီရွာမှာ ရှိတာ သိလား..."
ငြိမ်း၏ အမေးကို စိုင်းခွန်နောင်က ခေါင်းကို ငြိမ့်ပြရင်း ဖြေလိုက်သည်။
" သိတာပေါ့ ငြိမ်းရဲ့ ... ပြီးတော့ဒေါ်လေးလည်း နေကောင်းပါတယ် ...အားလုံးလဲ နေကောင်းကြပါတယ် ... ငြိမ်း ပြန်လာမယ့်နေ့ကို အားလုံးက ကျန်းကျန်းမာမာ နဲ့ စောင့်နေကြ/တယ်... ဒါကြောင့် ငြိမ်း ပြန်လိုက်ခဲ့တော့နော် ..."
" စည်သူက ဘယ်မှာနေတာလဲ ..."
ငြိမ်းက စိုင်းခွန်နောင်၏ အမေးကို မဖြေဘဲ သိချင်တာကို မေးလိုက်သည်။
" စည်သူက ဦးလေးနဲ့နေတယ် ငြိမ်း ..."
"ဪ "
"ဒါနဲ့ ငြိမ်း ကိုယ်နဲ့ပြန်လိုက်ခဲ့မှာ မဟုတ်လား ......"
စိုင်းခွန်နောင်က ငြိမ်းကိုကြည့်ပြီး မချင့်မရဲနှင့် ထပ်မေးလိုက်သည်။
ငြိမ်းသည် စိုင်းခွန်နောင်ကို သေချာစိုက်ကြည့်လိုက်ပြီးနောက် စိုင်းခွန်နောင်၏နားထင်စပ်မှ ဆံပင်ကို ဆောင့်ဆွဲလိုက်ပြီး အသံမာမာနှင့် ပြောလိုက်လေသည်။
" နင့်နောက်ကို ငါမလိုက်လဲ ...ငါ့နောက်ကို နင်လျောက်လိုက်နေမှာမဟုတ်လား တင်ထူးအောင်ရဲ့ "
ငြိမ်း၏ အပြောကြောင့် စိုင်းခွန်နောင်ခေါ်တင်ထူးအောင်သည် သဘောကျစွာပြုံးလိုက်ပြီးလျှင် ငြိမ်း၏ နဖူးလေးကို ခပ်ဖွဖွနမ်းလိုက်ပြီးနောက် ပြန်ပြောလိုက်လေသည်။
"မှန်တာပေါ့ ..ခင်ငြိမ်းစံရှိတဲ့နေရာက သာ တင်ထူးအောင် အတွက် ပျော်ရွှင်စရာ ကမ္ဘာတစ်ခုပဲဟာ ..."
@@@@@@@@@@@
ပြီးပါပြီခင်ဗျာ
အစမှအဆုံးထိ ဖတ်ရှုပေးကြသူများအား ကျေးဇူးအထူးတင်ရှိပါသည်။
ဧကြည်ဖြူ
ဖတ်ရှုပေးကြသူများအားလုံးကို ကျေးဇူးအထူးတင်ရှိပါတယ်ရှင်
စာဖတ်ခ ၁၀၀၀ကျပ် ပေးသွင်းလိုသူများအတွက်
ပေးသွင်းရမည့် အကောင့်များမှာ
KPay
09773745413
Lai Lai Win
Wave
09773745413
Lae Lae Win ဖြစ်ပါတယ်
အားလုံးကိုကျေးဇူးအထူးတင်ပါတယ်ရှင်
LiKe & Comment & Share လေးတွေနဲ့ ကူညီပေးကြပါအုံးရှင်
ကလောင်နာမည်ဖျက်ပြီး Copy ယူခွင့်မပြုပါ
ခိုးယူသုံးစွဲခြင်းများ ခွင့်မပြုပါ
စာဖတ်သူများအားလုံးကို
ကျေးဇူးတင်ချစ်ခင်လျက်ပါ
A Kyi Phyu
#ဧကြည်ဖြူ
"နယ်ဘက်ကို ... တစ်လလောက်တော့ နေဖြစ်မယ် "
" ဘာပြောတယ် သမီး တစ်လ ဟုတ်လား .... မဖြစ်နိုင်ဘူး ....အမေခွင့်မပြုချင်ဘူး ... ပြီးတော့ ထူးထူးလည်း ဆေးရုံကဆင်းခွင့်ရသေးတာ မဟုတ်ဘူး ...သူမိသားစုတွေရောက်နေပြီဆိုပေမဲ့ တာဝန်အရှိဆုံးသူက သမီးမဟုတ်လား ..."
ဒေါ်ငြိမ်းဝေက တားမြစ် စကားဆိုလိုက်သည် ။
ငြိမ်းသည် မိခင်ဖြစ်သူကို ဖြည်းလေးစွာ လှည့်ကြည့်လိုက်ပြီး ခပ်တိုးတိုး ပြန်ပြောလိုက်သည်။
" ငြိမ်းကို ခွင့်ပြုပေးပါ..ငြိမ်း ဒီမှာ ဆက်နေရင် သေသွားလိမ့်မယ်... ငြိမ်း ဒီပတ်ဝန်းကျင်က ဘယ်သူ့ကိုမှ မတွေ့ချင်ဘူး ...ငြိမ်းကို သနားသလို ...လှောင်ပြောင်သလိုကြည့်တဲ့အကြည့်တွေကိုလည်း ရင်မဆိုင်ချင်ဘူး ...ခွင့်ပြုပေးပါ ...မနက်ဖြန်ညနေ ကားနဲ့သွားဖို့ လက်မှတ်လည်း ဖြစ်ပြီးပါပြီ ...."
ငြိမ်း၏ စကားကြောင့် ဒေါ်ငြိမ်းဝေသည် ပါးစပ်အဟောင်းသားနှင့် ငြိမ်းကို ငေးကြည့်နေမိပြီးလျှင် ပါးပြင်ပေါ်သို့ မျက်ရည်များစီးကျလာလေသည်။
******
ငြိမ်းသည် သီးသန့် လူနာခန်းရှေ့တွင် အတန်ကြာ ရပ်နေမိပြီးနောက် တံခါးကို ခပ်ဖြည်းဖြည်း ခေါက်လိုက်သည်။ထိုအခါ အထဲမှ လှုပ်ရှားသံကြားလိုက်ရပြီး အခန်းတံခါးမှာ ပွင့်လာလေသည်။
" မမငြိမ်း လာလေ အထဲဝင် ...ကိုထူးတော့ အိပ်ပျော်နေတယ် ... မမနှိုးလိုက်နော် ကျွန်တော်အပြင် ခဏ သွားလိုက်အုံးမယ် ...."
စိုင်းခွန်နောင်၏ ညီလေးက ငြိမ်းကို နှုတ်ဆက်ပြီး အခန်းပြင်သို့ ထွက်သွားလေသည်။
ငြိမ်းသည် လူနာစောင့်ခုံပေါ်တွင် ထိုင်လိုက်ပြီး အိပ်ပျော်နေသော စိုင်းခွန်နောင်၏ မျက်နှာကိုငေးကြည့် နေမိလေသည်။အပြစ်ကင်းစင်လှသော စိုင်းခွန်နောင်၏ မျက်နှာကို ကြည့်နေရင်းမှ ငြိမ်းနှုတ်မှ ခပ်တိုးတိုးလေး ရေရွတ်လိုက်မိလေသည်။
"နင် နဲ့ ငါ ကံမကုန်သေးရင် ပြန်ဆုံကြရမှာပါ ထူးရယ် ... အခုတော့ ငါ့ကို သွားခွင့် ပြုပါအုံးနော် "
ငြိမ်းသည် ပြောပြီးသည်နှင့် စိုင်းခွန်နောင်၏ အပါးမှလှည့် ထွက်လိုက်လေသည်။
" ငြိမ်း "
ထိုအခါ စိုင်းခွန် သည် ခုတင်ထက်မှနေ၍ ငြိမ်း၏လက်ကလေးကို လှမ်းဆွဲလိုက်ပြီး ငြိမ်းကို ခပ်တိုး တိုးခေါ်လိုက်သည်။
" ဘယ်ကို သွားမလို့လဲ ငြိမ်း ... ကိုယ့်ကို ထားခဲ့တော့မလို့လား ....မင်းကို တွေ့ရဖို့ ကိုယ်ဘယ်လောက် ကြိုးစားခဲ့ရလဲ ငြိမ်းရယ် ...ထွက်မသွားပါနဲ့နော် ...ငြိမ်း ကျေနပ်တဲ့အထိ ငြိမ်းပေးတဲ့ အပြစ်တွေကိုခံယူရင်း စောင့်နေပါရစေနော်....လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်က ငြိမ်းကို နှုတ်မဆက်ဘဲ ထွက်ခဲ့ရပေမဲ့ ငြိမ်းကို ကိုယ် တစ်ရက်လေးမှ မမေ့ခဲ့ပါဘူး ... ငြိမ်းနဲ့ တွေ့တဲအခါ ချမ်းချမ်းသာသာ ထားနိုင်အောင် တိုင်းတစ်ပါးမှာ ကိုယ်ကြိုးစားခဲ့တာပါ ...ထားမသွားပါနဲ့နော် ငြိမ်းရယ် "
ငြိမ်းသည် စိုင်းခွန်နောင်၏ ပြောစကားများကို တိတ်ဆိတ်စွာနားထောင်နေမိလေသည်။ပြီးလျှင် စိုင်းခွန်နောင်ဘက်သို့ လှည့်ကြည့်ပြီး ပြောလိုက်သည်။
" ငြိမ်းတို့ ကံမကုန်သေးရင် ပြန်ဆုံကြမှာပါ ...ကိုဆန်းလင်းအောင်က ပြောတယ် ... နင် ငါ့ကို တစ်ချိန်လုံးရှာခဲ့တာဆို ...ခုလည်း ငါပျောက်သွားတဲ့အခါ နင်လိုက်ရှာပေါ့ ... ဒီတစ်ခါပြန်တွေ့ရင် ထွက်မပြေးတော့ပါဘူး ...ခုတော့ ခွင့်ပြုပေးပါ "
"ငြိမ်းရယ် " စိုင်းခွန်နောင်သည် ခုတင်ပေါ်မှနေ ငြိမ်း၏ လက်ကလေးကို မလွှတ်တမ်း ခပ်တင်းတင်းဆုပ်ကိုင်ဆွဲထားလေသည်။
ငြိမ်းသည်လည်း ခုတင်ဘေးတွင် တောင့်တောင့်မတ်မတ်ဖြင့် ရပ်နှေမိလေသည်။
*****
စမ်းချောင်းလေးသည် ကြည်လင်အေးမြစွာ တသွင်သွင်စီးဆင်း၍နေလေသည်။ငြိမ်းသည် မြို့သာ ရွာသူလေးများဖြစ်ကြသော မော်မော်နှင့်သော် သော်တို့ ညီအစ်မ နှင့်အတူ စမ်းချောင်းထဲတွင် အဝတ်လျှော် ရေချိုးကြရင်း ရေဆော့ကစားနေကြရင်းမှ သော်သော်က ငြိမ်းကို မေးလိုက်လေသည်။
" မမငြိမ်း သမီးတို့ရွာမှာ နေတာ ပျော်ရဲ့လားဟင် .."
"ပျော်တာပေါ့ သော်သော်ရဲ့ ..."
ငြိမ်းက သော်သော် အမေးကို ခေါင်းငြိမ့်ပြပြီးပြန်ဖြေလိုက်သော်အခါ သော်သော် ရော မော်မော်ပါ ရွှင်မြူး သွားကြလေသည်။
"တကယ်နော် မမငြိမ်း ....ဒါဆို မြို့ကို မပြန်ရတော့ဘူးနော် သမီးတို့ရွာမှာပဲ တစ်သက်လုံး နေရမှာနော် "
"အင်းပေါ့ သော်သော်ရဲ့ နေမှာပေါ့ "
" ဟေး ... ပျော်လိုက်တာ "
ငြိမ်း၏ အဖြေကြောင့် ဆယ်ကျော်သက်အရွယ်လေးများဖြစ်ကြသော သော်သော် နှင့်မော်မော်တို့က ဟေးခနဲ ထအော်လိုက်ကြလေသည်။ယခုဆိုလျှင် ငြိမ်းသည် မြို့သာ ဆိုသော သည်ရွာလေးကို ရောက်ရှိနေသည်မှာ ရှစ်လပင်ကျော်လာခဲ့ပြီဖြစ်လေသည်။မြို့သာ ရွာလေးသို့ ငြိမ်းသည် အသိတစ်ယောက်၏အကူအညီဖြင့် ရောက်လာခဲ့ပြီးလျှင် ရွာထဲရှိ သော်သော်တို့ မိသားစု၏ အနီးဆုံးခြံထဲတွင် အိမ် ငှါး၍ နေခဲ့ခြင်းဖြစ်လေသည်။မြိုသာ ရွာလေးသည် မြို့နှင့် အင်မတန်မှ အလှမ်းကွာလှပြီး အေးချမ်းသော ရွာလေး ဖြစ်လေသည်။
*******
"ငြိမ်းရေ ... ဧည်သည် လာသကွဲ့ ... သူ့မှာ စာအုပ်တွေလည်း အများကြီးပါလာတယ်...ရွာလူကြီး အိမ်မှာ ငြိမ်းကို မေးနေတာ အရီကြားခဲ့တာပဲ "
ငြိမ်းက ခြံထဲက အပင်လေးများကို ရေလောင်း နေရင်းမှ ခြံဝရှိ အရီးလေးကို ပြန်အော်ပြောလိုက်သည်။
ဧကြည်ဖြူ
" ချစ်ဆိပ် "(ချူ )
( ဇာတ်သိမ်းပိုင်း )
******
ငြိမ်းသည် အခန်းထဲသို့ ကြည့်ပြီး မယုံနိင်စွာ မေးလိုက်မိပြီးနောက် တုန်တုန်လှုပ်လှုပ်နှင့် နောက်သို့ ပြန်လှည့်ပြေးခဲ့မိလေသည်။
ဒေါ်ငြိမ်းဝေတို့ မှာလည်း ရုတ်တရက်ပေါ်လာသော ငြိမ်းကို ကြည့်ပြီး ထိတ်လန့် တုန်လှုပ်သွားကြရကာ ကြက်သေသေလျက် ရှိနေကြလေသည်။ပြီးနောက် စိုင်းခွန်နောင်သည် ဦးစွာသတိဝင်လာပြီးနောက် လှည့်ထွက်ပြေးသွားသော ငြိမ်းနောက်သို့ ထ၍ပြေးလိုက်ခဲ့လေသည်။
****
ငြိမ်သည် ထိတ်လန့်တုန်လှုပ်စွာ ဆိုင်ထဲမှ ပြေးထွက်ခဲ့လေရာ ဆိုင်ရှေ့ လမ်းပေါ်သို့ ရောက်သောအခါ လူတစ်ယောက်နှင့်ဝင်တိုက်မိပြီး မြေပြင်ပေါ်သို့ ပစ်လဲကျသွားရလေသည်။ငြိမ်း လဲကျနေရာမှ ကုန်းထပြီး ဝင်တိုက်မိသော တစ်ဖက်လူကိုကြ ည့်လိုက်မိရာ မိမိအား စားတာ့ဝါးတော့ မတတ် စူးစူးဝါးဝါးစိုက်ကြည်နေသော့ မူယာဟန်ကို တွေ့လိုက်ရလေသည်။
"နင့်ကို ငါစောင့်နေတာ ခင်ငြိမ်းစံရဲ့...သူများဘဝကို ဖျက်ဆီးပြီးတော့ နင့်အလှည့် ရောက်မှာစိုးလို့ အိမ်ထဲကအိမ်ပြင် မထွက်ဘဲ ပုန်းနေတယ်ပေါ့ ဟုတ်လား... နင် ငါ့ကို ဒီလိုလုပ်လိုက်တော့ နင်ဘာပြန်ရလဲ ...ရဲရင့်ကို ငါသတ်လိုက်တာလားပြော....နင်အခု ငါနဲ့လိုက်ခဲ့ လာ...."
မူယာဟန်သည် ပြောပြောဆိုဆိုနှင့် ငြိမ်း၏လက်ကို ဆောင့်ဆွဲကာ ခေါ်လေသည်။
မူယာဟန်၏ အပြုအမူကြောင့် ငြိမ်း တစ်ကိုယ်လုံး တဆတ်ဆတ်တုန်သည်အထိ ဒေါ်သထွက်လာမိပြီး မူယာဟန်ကို့ အားကုန် ဆောင့်တွန်းထုတ်ပစ်လိုက်သည်။ပြင်းလွန်းသောအရှိန်ကြောင့် မူယာဟန်မှာ နောက်ပြန်လဲကျသွားလေ၏။
မူယာဟန်သည် လဲကျသွားရာမှ ပြန်ထလိုက်ပြီးလျှင် မီးဝင်းဝင်းတောက်နေသော မျက်လုံးများဖြင့် ငြိမ်းကိုကြည့်လိုက်ပြီးနောက် အိတ်ထဲမှ ဓါးကို ထုတ်ယူလိုက်ပြီး ငြိမ်းကို ပြေး၍ ထိုးလိုက်လေသည်။
"ငြိမ်း"
စိုင်းခွန်နောင်သည် ငြိမ်းနောက် ပြေးလိုက်လာရာမှ မြင်လိုက်ရသော မြင်ကွင်းကြောင့် စိုးရိမ်တကြီး အော်ဟစ်လိုက်မိပြီးလျှင် ငြိမ်း၏ ခန္ဓာကိုယ်လေးကို ဘေးသို့ တွန်းထုတ်ပစ်လိုက်သည်။
" အား "
မူယာဟန်၏ လက်ထဲမှ ဓါးသည် စိုင်းခွန်နောင်၏ ခန္ဓာကိုယ်ထဲသို့ စိုက်ဝင်သွားလေသည်။
"ဟာ ဓါးနဲ့ ထိုးလိုက်ပြီး ...."
"ဆေးရုံကား ခေါ်ကြပါအုံးဟဲ့ "
"ရဲစခန်းကိုပါ ဖုန်း ဆက် "
လူအချို့ဆီမှ အသံများ ထွက်လာကြသလို ဆိုင်ထဲမှ ပြေးထွက်လာသော ဒေါ်ငြိမ်းဝေတို့ အုပ်စုမှာလည်း လန့်ဖျပ်ပြီး စိုင်းခွန်နောင် အနားသို့ အပြေး အလွှား ရောက်ရှိ လာကြ လေသည်။
ငြိမ်းမှာ နေရာတွင်ပင် မလှုပ်မယှက် ရပ်လျက် ဓါးဒဏ်ရာဖြင့် လဲကျနေသော စိုင်းခွန်နောင်ကို မမှိတ်မသုန် စိုက်ကြည့်နေမိပြီး ကြက်သေသေနေမိလေသည်။
*******
"သမီး .... ရေသောက်လိုက် အုံး......သမီးအရမ်းလန့်သွားတယ် မဟုတ်လား .."
ဒေါ်ငြိမ်းဝေက လက်ထဲမှ ရေဘူးကို ငြိမ်း၏ လက်ထဲသို့ထည့်ပေးလိုက်လေသည်။
ငြိမ်းက ငြင်းဆန်ခြင်းမပြုဘဲ ရေဘူးကိုယူထားလိုက်ပြီး ဆေးရုံ၏ ခုံတန်းပေါ်တွင် ထိုင်လျက် မှ စိုင်းခွန်နောင်ကိုခွဲစိတ်ကုသပေးနေသော ခွဲစိတ်ဆောင်သို့သာ ကြည့်နေ့မိလေသည်။
ဒေါ်ငြိမ်းဝေမှာ သမီးဖြစ်သူ၏ အေးစက်တင်းမာနေသော မျက်နှာကို ငေးကြည့်နေမိ ပြီး ခပ်လှမ်းလှမ်းတွင် ထိုင်နေသည်။အနီးအပါးတွင် ဆန်းလင်းအောင် နှင့် မိတ်ဆွေအချို့လည်း ရှိနေကြပြီး အားလုံးမှာ ခွဲစိတ်ခန်းဆီသို့သာ အာရုံရောက်နေကြလေသည်။ထိုစဉ်မှာပင် ခွဲစိတ်ခန်းတံခါးပွင့်လာပြီး အထဲမှ သူ့နာပြုတစ်ယောက်ထွက်လာပြီး လှမ်း၍ ခေါ်လေသည်။
"ကိုတင်ထူးအောင် ခွဲစိတ်လို့ ပြီးပါပြီ ....အသက်အန္တရာယ် မစိုးရိမ်ရတော့ပါဘူး "
သူနာပြု၏ စကားကြောင့် ငြိမ်းရင်ထဲ လှိုက်ခနဲ ဆောင့််ခုန်ပြီး ပျော်ရွှင်သွားမိသလို ပါးပြင်ပေါ်သို့ ပူနွေးစွတ်စိုသော မျက်ရည်စများလည်း စီးကျ၍လာလေသည်။
*****
" သမီး "
ဒေါ်ငြိမ်းဝေသည် ခုတင်ပေါ်တွင် ထိုင်ချလိုက်ပြီး ငြိမ်းကို မဝံ့မရဲခေါ်လိုက်သည်။
ငြိမ်းသည် မှန်တင်ခုံရှေ့တွင် ထိုင်လျက်မှ မိခင်ဖြစ်သူ၏ အသံကို ကြားသော်လည်း လှည့်၍ မကြည့်ဘဲ နေမိလေသည်။
" အမေ တောင်းပန်ပါတယ် သမီးရယ်....အဲ့ဒီတုန်းက ထမင်းနပ်မှန်အောင် မစားရဘဲ လမ်းဘေးမှာနေ လမ်းဘေးမှာ အိပ်နေရတဲ့ စည်သူ လေးကိုကြည့်ပြီး အမေ့ရင်ထဲမှာ သမီးငယ်ငယ်က အဖြစ်တွေကိုပဲ မြင်ယောင်နေမိတာမို့ သနားပြီး လက်ခံခဲ့မိတာပါ ...."
ဒေါ်ငြိမ်းဝေက ငြိမ်း၏ ကျောပြင်ကို ငေးမောကြည့်လျက် တတွတ်တွတ် တောင်းပန်နေမိလေသည်။ ငြိမ်းသည် မနေ့က အဖြစ်အပျက်များ ပြီးကတည်းက မည်သူ့ကို မျှ စကား မပြောဘဲ ငြိမ်သက်တိတ်ဆိတ်လျက်ရှိလေသည်။စည်သူ့ခမျာ အစ်မဖြစ်သူ၏ တင်းမာ အေးစက်နေသော အမှုအရာကြောင့် သူ့အခန်းထဲမှပင် မထွက်ရဲဘဲရှိလေသည်။
"အမေ ..စည်သူ လေးကို ပြန်ပို့လိုက်ရတော့မလား ...သမီး သဘောအတိုင်း လုပ်ပါနော် ...."
ဒေါ်ငြိမ်းဝေက သမီးဖြစ်သူကို ကြည့်ပြီး ခပ်တိုးတိုးပြောလိုက်သည်။
"ငြိမ်း ခရီးသွားမလို့ ပါ "
ငြိမ်း၏ စကား ဒေါ်ငြိမ်းဝေ ထိတ်လန့်အံ့သြသွားပြီး အထစ်ထအငေါ့ငေါ့နှင့် မေးလိုက်မိသည်။
"ဘာ...ဘယ်လို ...သမီး ခရီးသွားမလို့ဟုတ်လား ...ဘယ်ကို သွားမှာလဲ ... ဘယ်လောက်ကြာမှာလဲ ..."
ငြိမ်းသည် လက်ထဲမှ ငွေထုတ်ကို စားပွဲခုံပေါ်သို့ ချလိုက်ပြီး ရှေ့ကလူဆီသို့ ပေးနေစဉ်မှာပင် အထပ်သား ခပ်ပါးပါးတစ်ချပ်သာ ခြားထားသော တစ်ဖက်ခန်းဆီမှ စကားသံများကို နားထောင်ပြီး ရင်တွေ တဒိန်းဒိန်းဆောင့်ခုန်လာမိလေသည်။မိခင်ဖြစ်သူ၏ အသံနှင့် အတူ ကြားလိုက်ရသော စကားသံများကြောင့် ငြိမ်းသည်ဘေးအခန်းဆီသို့ ခြေဦးလှည့်လိုက်မိလေသည်။
****
" ကဲ .. စည်သူပြန်ကြရအောင်ကွယ် ... ဒေါ် လေးတို့ပြန်မယ် ထူးထူး မင်းသူငယ် ...."
"အမေ "
ဒေါ်ငြိမ်းဝေ၏ အသံမဆုံးခင်မှာပင် အခန်းဝမှ လိုက်ကာစလေးမှာ လွှင့်ခနဲ မြောက်တက်သွားပြီး ထွက်ပေါ်လာသော ငြိမ်း၏အသံကြောင့် ဒေါ်ငြိမ်းဝေတို့ အားလုံး လန့်ဖျပ်သွားကြလေသည်။
"သမီး "
"ငြိမ်း"
"မမငြိမ်း "
ငြိမ်းသည် လိုက်ကာစကို မလိုက်ချိန်၌ တွေ့မြင်လိုက်ရသော မြင်ကွင်းကို ထိတ်လန့်တုန်လှုပ်စွာကြည့်နေမိရင်းမှ နှုတ်မှလည်းလှမ်းမေးလိုက်မိလေသည်။
" ရှင်က ထူးထူးပေါ့ ဟုတ်လား ကိုစိုင်းခွန်နောင် ... ဒါနဲ့ စည်သူ မင်းအဖေကရော ဘယ်သူလဲ..."
@@@@@@@@@@@@@@@@
ဇာတ်သိမ်းပိုင်း ဆက်ရန်
ဧကြည်ဖြူ
ငြိမ်းပြောနေစဉ်မှာပင် မူယာဟန်က တက်တစ်ချက် ခပ်ပြင်းပြင်းခေါက်ပြီး ဖုန်းချသွားသော ကြောင့် ငြိမ်းလက်ထဲမှ ဖုန်းကို စားပွဲပေါ်သို့တင်လိုက်စဉ် မှာပင် နောက်ထပ် ဖုန်းဝင်လာသောကြောင့် ကြည့်လိုက်သော အခါ " စိုင်းခွန်နောင် "ဆိုသော နာမည်ကြောင့် ရင်ထဲ ဒိန်းခနဲ ဆောင့်ခုန်သွားပြီး ငြိမ်း တုန်တုန်လှုပ်လှုပ် နှင့် ဖုန်း ပါဝါကို ပိတ်ချပစ်လိုက်လေသည်။
*****
ဒေါ်ငြိမ်းဝေ သည် ငြိမ်းရှိရာ စာကြည့်ခန်းထဲသို့ ဝင်လာခဲ့ပြီးနောက် ငြိမ်းကို လှမ်းမေးလိုက်သည်။
"သမီး ဘယ်သွားစရာရှိသေးလဲ ... အမေအပြင် ခဏလောက်သွားမလို့ ...."
ငြိမ်းကစာဖတ်နေရာမှ မိခင်ဖြစ်သူ၏ အသံကြောင့် မော့ကြည့်လိုက်ပြီး ခေါင်းကို ခါယမ်းပြရင်း ပြန်ဖြေလိုက်သည်။
"သမီး သွားစရာမရှိပါဘူး ...ဒါနဲ့ အမေက ဘယ်သွားမလို့လဲ "
ငြိမ်း၏ အမေးကြောင့် ဒေါ်ငြိမ်းဝေမှာ ဆတ်ခနဲ တုန်လူပ်သွားမိသော စိတ်ကို ထိန်းလိုက်ပြီး ဟန်မပျက် ပြန်ဖြေလိုက်သည်။
"စည်သူကျောင်းပိတ်ရက်ဆိုတော့ ....သူ့အဖေဆီ သွားပို့ပေးမလို့ ... ပြီးတော့ ကျောင်းကြီးပိတ်မှပဲ ပြန်ပို့ပေးမယ့်အကြောင်း ပြောမလို့လေ...."
" ဟုတ်ကဲ့ အမေ .သွားလေ ... သမီးလည်း စည်သူလေးရဲ့ အဖေကို တစ်ခါမှကို မတွေ့ဖူးသေးဘူး.... တစ်ခါလောက် တွေ့ပြီး လိုအပ်တာတွေ နည်းနည်းပါးပါး ကူညီပေးလိုက်အုံးမယ်....."
"အင်း ....အင်းပါ ... တစ်နေ့လောက် ... အိမ်ကို ခေါ်လိုက်မယ်လေ.... အခုတော့ အမေ သွားလိုက်အုံးမယ် ...."
"ဟုတ်ကဲ့ အမေ...တက္ကစီစီးသွားနော် အမေ...လိုင်းကားစီးမနေနဲ့အုံး .."
******
မိခင်ဖြစ်သူ ထွက်သွား သည်နှင့် ငြိမ်းလည်း စာကြည့်စားပွဲမှ ထလာခဲ့ပြီး ဖုန်းကိုဆက်လိုက်ရင်းမှ အပေါ်ထပ်သို့ တက်ခဲ့လေသည်။
"ဟယ်လို "
" ကဲ့ ..အစ်မရေ ... ဘယ်လိုလဲ သတင်းတွေကြား တယ် မဟုတ်လား...သူ့အိမ်မှာလဲ နေခွင့်မရတော့ဘူးဗျ ....သူ့ဘိုးတော်ကြီးက ရှက်လို့ ဆိုပြီး အိမ်ကို အလာမခံဘူးတဲ့ ...ဆိုင်လည်းပိတ်ထားရတယ်... ပြီးတော့ ဟိုတိုက်ခန်းကိုလည်းရတဲ့ဈေးနဲ့ရောင်းထုတ်ပစ်လိုက်ပြီတဲ့ ...."
.. တစ်ဖက်မှ
လူ၏စကားသံကို နားထောင်ရင်း ငြိမ်းက သိချင်တာကို မေးလိုက်သည်။
"သူနဲ့ တိတ်တိတ်ပုန်း ဖြစ်နေတဲ့ သူက ရော "
" ဟာ ... သူက အဆိုးဆုံးပေါ့ ..သူ့ကိုတော့ ဟိုနေ့ ယူမယ်... ဒီနေ့ယူမယ်နဲ့ အပျော့ဆွဲဆွဲထားပြီး .....လူမသိအောင် ရှုပ်နေတာတွေကို အခုသိသွားတော့ အဘိုးကြီးကလူကိုယ်တိုင်တောင် ဆင်းမတွေ့ဘဲ ခြံစောင့်ကတဆင့် မောင်းထုတ်ခဲ့တာဗျ ... ဘွားတော်ကြီးက ငရှုပ်ပါဗျာ... ခုတော့ တည်းခိုခန်းတစ်ခုမှာ တည်းနေတယ်..."
"ဟုတ်လား ...ကျေးဇူးပဲ... ကျန်တဲ့ငွေနဲ့ အပိုဆုငွေပါ ပေးမယ်....."
ငြိမ်း လက်ထဲမှဖုန်းကို ချပြီး အပြင်သွားရန် ပြင်ဆင်လိုက်သည်။
*****
" ဒီမှာ ကိုအောင်မင်း ... ရှင် ဒီရက်အတွင်း ရှင့်သားနဲ့မတွေ့နဲ့အုံး ....တော်ကြာ သမီးလေး မတော်တဆတွေ့သွားရင်မလွယ်ဘူး ..ခုချိန်မှာ သမီး စိတ်က ကြည်တာ မဟုတ်ဘူး....ခုလည်းထူးထူးက တိုင်ပင်စရာရှိတယ်ဆိုလို့သာ လာခဲ့ရတာ ...သမီးကို အိမ်မှာ ထားခဲ့ရတာ စိတ်ကမဖြောင့်ဘူး...ဒါကြောင့်မို့ဒီမှာပဲ ချိန်းလိုက်တာ ..... ထူးထူးက ဒေါ်လေးကို ဘာပြောချင်လို့လဲ ....မြန်မြန်ပြောပြီး မြန်မြန်ပြန်ကြတာပေါ့ကွယ်....."
ဒေါ်ငြိမ်းဝေက စားပွဲခုံမှာ ဝင်ထိုင်လိုက်သည်နှင့် အလောသုံးဆယ် ပြောလိုက်လေသည်။
"ဟုတ်ကဲ့ ...ကိစ္စက ငြိမ်းကိစ္စပါပဲ ....ခုဆိုမမူယာဟန်က ....သူ့အသိုင်းဝိုင်းမှာရော..လူ့ပတ်ဝန်းကျင်မှာပါ အရုက်တကွဲဖြစ်နေပြီ... အိမ်ကလဲ နှင်ချခံလိုက်ရသလို.....စီးပွားရေးတွေလည်း ဘာမှလုပ်မရတော့တဲ့ အခြေအနေထိ ရောက်သွားတာ ....အဲ့ဒီအတွက် သေချာတာက ငြိမ်းကို အငြိုးထားလိမ့်မယ်...အဲ့ဒါကြောင့် ငြိမ်းကို စောင့်ကြည့်မှ ဖြစ်မယ်ထင်တယ် ဒေါ် လေး...ကျွန်တော်လည်း မမူယာဟန်ကို စောင့်ကြည့်ဖို့ လူတစ်ယောက်ဆီမှာ အကူအညီတောင်းထားတယ် ...ညီလေးကလဲ အိမ်ရောက် တာနဲ့ မင်းမမငြိမ်းနားမှာကပ်နေနော် ..."
"ဟုတ်ကဲ့ပါ ကိုကြီး "
" အေးပါကွယ် ...ထူးထူးရယ် သားရှိလို့သာပေါ့ ...မဟုတ်ရင် အဒေါ်တော့ ဘာလုပ်ရမှန်းမသိဘူး ... မွေးထားတဲ့အဖေက ပေးခဲ့တဲ့ စိတ်ဒုက္ခတွေကြောင့် ..... မင်းသူငယ်ချင်း ငြိမ်းက ဒီလိုဖြစ်နေတာပါ...တကယ်တမ်းပင်ကိုယ်စိတ်က တစ်ဖက်သားကို သနားကြင်နာတတ်တဲ့သူပါ ...အဲ့ဒါတွေအားလုံးက ရှင့်ကြောင့်ပဲ ကိုအောင်မင်း ...ထူးထူးရယ် သားကိုတော့ အားနာပါတယ်... ဒီကိစ္စတွေအားလုံးပြီးရင် ဒေါ်လေးတော့ မင်းတို့နဲ့ အဆက်အသွယ်ဖြတ်ပြီးနေချင်တယ်...သမီးကို စိတ်ပျော်ရွင်နေတာပဲမြင်ချင်တယ်
ဒေါ်ငြိမ်းဝေ၏ စကားကြောင့် စိုင်းခွန်နောင်မှာ မျက်နှာကို အောက်သို့ ငုံ့ချလိုက်မိသလို ဦးအောင်မင်းကလည်း ဒေါ်ငြိမ်းဝေကိုကြည့်ပြီး ခပ်တိုးတိုးပြန်ပြောလိုက်လေသည်။
"အေးပါ ငြိမ်းဝေရာ .... နင်ကလဲ ကလေးရှေ့မှာ ဒီလိုပြောရလား ....သားလေးက သူ့အစ်မကို သံယောစဉ် တွယ်နေပြီဟ ..."
****
"ကိုဆန်း ...ကျွန်တော်ကို ဒီရက်ပိုင်း အလုပ်ပျက်ခွင့်ပေးပါဗျာ...ဆိုင်ကိစ္စတွေကို ကိုဆန်းပဲ တာဝန်ယူပေးပါ..."
"ဟ ...မင်းက ဘာလုပ်အုံးမလို့လဲကွ "
စိုင်းခွန်နောင် စကားကြောင့် ဆန်းလင်းအောင်က ယောင် နနနှင့် ခေါင်းငြိမ်းပြလိုက်ရင်းပြန်မေးလိုက်သည်။
"ဒီပုံအတိုင်းဆို ငြိမ်းမှာအန္တရာယ်ရှိလောက်တယ် ကိုဆန်း...မူယာဟန်က ငွေရှိရုံတင်မဟု တ်ဘူး ကြောက်ဖို့ကောင်းတဲ့စိတ်ဓါတ်ပါရှိတဲ့သူပဲ ..ဒီထဲက စာတွေအရဆို သူက ရဲရင့်ကို ခြိမ်းခြောက်ခဲ့တာပဲ....သူ့သဘောက သူကရဲရင့်ကို စိတ်အပန်းပြေရုံ အပျော်တွဲမယ် ... ဒါပေမဲ့ ရဲရင့်က ငြိမ်းနဲ့ဝေးရမှာကို ကြောက်ပြီး သူနဲ မပတ်သက်ဖို့ဆုံးဖြတ်ခဲ့ပုံပဲ...ဒါကြောင့် သူက ငြိမ်းရိပ်မိအောင် တမင်လုပ်ခဲ့တာပဲ....ကြားထဲက မလည်ရှုပ်လုပ်ခဲ့မိတဲ့ ရဲရင့်က အသက်ပါဆုံးခဲ့ရတာပေါ့....သူတို့ထက်ပိုဆိုးသွားတာက ငြိမ်းပဲ....ရဲရင့်ကို ရွံရှာ ဒေါသထွက်နေချိန်မှာ ရုတ်တရက် ရဲရင့်ဆုံးသွားတော့ သူ့မှာ ဒေါသဖြေစရာလူမရှိတော့တဲ့အပြင် ရဲရင့်အမေကိုပါ စောင့်ရှောက်ပေးရတဲ့ဘ၀ကို ရောက်ခဲ့ရတယ်လေ. ..ပြီးတော့ ငြိမ်းက သူ့အဖေကို လက်စားချေမယ်ဆိုပြီး စိတ်တင်းပြီးနေလာခဲ့ရာက ...လမ်းဘေးမှာ သူ့အဖေကို ပြန်တွေ့ခဲ့ရတော့ သူတော်တော်စိတ်ထိခိုက်ခဲ့တာဆိုတော့...."
"အေး ငါလဲ ခုမှတွေးမိတယ် ... မူယာဟန်ကများ ငြိမ်းကို ရန် လာပြုခဲ့ရင် ...ငြိမ်းရဲ့ စိတ်ထဲက ဒေါ်သတွေ ပွင့်ထွက်သွားလောက်တယ်ကွ ..."
ဆန်းလင်းအောင်က စိုးရိမ်တကြီးနှင့်ပြောလိုက်သည်။
"ဟုတ်တယ် ကိဆန်း ကျွန်တော် စိုးရိမ်တာ အဲ့ဒါပဲ ..."
စိုင်းခွန်နောင်က ပြောရင်းမှ အပြင်သို့သွားရန် အမြန်ဆုံးပြင်ဆင်လိုက်လေသည်။
*****
"မမငြိမ်း ....အိမ်ထဲမှာ သွားနေလေ ...ဆိုင် အတွက် စိတ်ချပါ...ဒီနေ့ ဆိုင်ထဲကို မလာနဲ့တော့နော်..."
ဆိုင်မှ အလုပ်သမားကောင်မလေးတွေက ဆိုင်ဝတွင် မသိမသာတစ်မျိုး သိသိသာသာတစ်မျိုး စူးစမ်းအကဲခတ်နေကြသော လူအချို့ကို ကြည့်ပြီး ငြိမ်းကို အိမ်ထဲဝင်နေရန်ပြောလာလေသည်။ငြိမ်းက ခေါင်းကို အသာငြိမ့်ပြလိုက်ပြီး အိမ်တွင်းသို့ ဝင်ခဲ့လိုက်လေသည်။
******
"သမီး ...အမေ၀င်ခဲ့မယ်နော် "
ခေါ် ငြိမ်းဝေက ငြိမ်း၏ အခန်းဝမှ အသံပေးလိုက်ပြီး ငြိမ်း၏ အခန်း ထဲသို့ဝင်ခဲ့လေသည်။
ငြိမ်းက မှန်တင်ခုံရှေ့တွင် ထိုင်နေရင်းမှ နောက်သို့ ပြန်လှည့်ပြီးမိခင်နှင့်မျက်နှာချင်းဆိုင်ထိုင်လိုက်လေသည်။
"သမီး ... ဘာတွေဖြစ်နေကြတာလဲဟင် ...ရဲရင့်နဲ့ မူယာဟန်နဲ့ဗီဒီယိုဆိုတာ ဘာကိုပြောတာလဲ ... ဒီနေ့မှ ဆိုင်ကိုလဲ ...လူတွေ လာလှချည်လား..."
"ဘာမှမဟုတ်ဘူး အမေ...မသိချင်ယောင်ဆောင်နေလိုက်ပါ ..."
ဒေါ်ငြိမ်းဝေက ငြိမ်း၏ အေးစက်စက် မျက်နှာကို အကဲခတ်ကြည့်လိုက်သည်။
" အမေတို့ အိမ်ပြောင်းကြမလား သမီး ...."
"ရှင် ... ဘာလို့လဲ အမေ ....ဘာလို့ ပြောင်းရမှာလဲ ...သမီးတို့က ဘာအပြစ် လုပ်ထားလို့လဲ ...."
ငြိမ်းက မိခင်ကို ကြည့်ပြီး အေးစက်စက် ပြန်ပြောလိုက်သည်။
"အင်းပါ သမီးအဆင်ပြေရင် ပြီးတာပဲ ... လူတွေ ဘာတွေပြောပြော အချိန်တန်လို့ မောသွားရင် ပါးစပ်ပိတ်သွားကြမှာပဲလေ..."
"ရပါတယ် အမေရယ် ... သမီး ဘာမှမဖြစ်ပါဘူး...တကယ်လို့ ဒီနေ့ ရဲရင့်အမေ လာခဲ့ရင် သမီးမတွေ့ချင်လို့ အမေပဲ ပြောလိုက်တော့ ...."
"အင်းပါ ..အမေပဲပြောလိုက်ပါ့မယ် ...ဒါဆို အမေ အောက်ထပ် သွားတော့မယ် "
ဒေါ်ငြိမ်းဝေက ပြောပြီး ငြိမ်း၏အခန်းထဲမှ ပြန်ထွက်ခဲ့သည်။
*******
" ချစ်သူ့ဆီကို... အတောင်ပံ ...ဖြန့်ကျက်လို့သွားချင်တယ်...."
ငြိမ်း မှန်တင်ခုံရှေ့တွင် ထိုင်နေစဉ် မှသင် ဖုန်းသံက ထမြည်လာလေသည်။ငြိမ်းက ဖုန်းကို ကောက်ယူ နားထောင်လိုက်သည်။
"ဟယ်လို.."
"ခင်ငြိမ်းစံ ... နင်လုပ်တာမဟုတ်လား ...နင့်ကို အသရေဖျက်မှုနဲ့ တရားစွဲမယ် "
ငြိမ်းဖုန်းကို ကောက်ကိုင်လိုက်သည်နှင့် တစ်ဖက်မှာဒါသတကြီးနှင့် ပြောလာသော မူယာဟန်၏ အသံကို ကြားလိုက်ရလေသည်။ငြိမ်းက နှုတ်ခမ်းကို တွန်၍ ပြုံးလိုက်ပြီး
"ဒီမှာ မမူယာ...လုပ်ချင်ရင်လုပ်လိုက်လေ...ရှင်တို့ကြောင့် ... ငြိမ်းလည်း အခု အိမ်ထဲက အိမ်ပြင်မထွက်ရဲအောင် ရှက်နေရတာမို့ ...လူသိရှင်ကြားဖြစ်သွားအောင် သွားတိုင်လိုက်ပါ....ပြီးတော့ ခုဖုန်းပြောတာကို သက်သေအဖြစ် အသံသွင်းထားမို့ သက်သေတစ်ခု တိုးတာပေါ မမူယာ..."
ငြိမ်းက မူယာဟန်ကို ခပ်ရွဲ့ရွဲ့ပြန်ပြောလိုက်ပြီး တစ်ယောက်တည်းသဘောကျစွာ ရယ်လိုက်မိလေသည်။
"ဘာ ... ခင်ငြိမ်းစံ....နင်...နင်ကြောင့် ငါ့ဘဝပျက်စီးသွားစီးသွားပြီဟဲ့ သိရဲ့လား...ငါ့မိသားစု ငါ့အသိုင်းအဝိုင်းမှာလည်း မျက်နှာမပြရဲတော့ဘူး ....နင့်ကို ခွင့်မလွှတ်ဘူး ...နင် မကြာခင် ငါ့အကြောင်း သိစေရမယ် ခင်ငြိမ်း စံ ..."
"ဟုတ်ကဲ့ ....စောင့်မျှော်နေပါ့မယ် ဒေါ် မူယာဟန်...ရှင့်ရဲ့ အပျော်တွေ အပျက်ဖြစ်သွားလို့ စိတ်မကောင်းပါဘူးရှင်.... ဒါပေမဲ့ရှင်တို့လို မိန်းမတွေက ဒီထက်ဆိုးဝါးတဲ့ ဘ၀မျိုးနဲ့ အဆုံးသတ်ရမှာ .... အခုတော့ ရှင်ဘဝ နေစရာမဲ့မဲ့...စားစရားမဲ့မဲ့ဘ၀ကို မရောက်သေးတော့ စိတ်ထဲမကျေနပ်သေးဘူး ..."
" တောက် "
ဧကြည်ဖြူ
" ချစ်ဆိပ် " (ချူ )
အပိုင်း ( ၂၂ )
******
"ငြိမ်း ...ဘယ်ကို လာတာလဲ "
စိုင်းခွန်နောင်၏ အမေးကြောင့် ငြိမ်း အထစ်ထစ်အငေါ့ငေါ့နှင့် ပြန်ဖြေလိုက်သည်။
" ဟို ..ဟို ကော်ဖီခဏဝင်သောက်တာပါ... ကိုစိုင်းရော ဘယ်လာတာလဲ..."
"ကျွန်တော်လည်း ကိစ္စရှိလို့ ဒီဘက် လာတာပါ ...ငြိမ်း ဘယ်သွားမှာလဲ ကျွန်တော်လိုက်ပို့ပေးမယ် ..."
"ဟို ..ဟို ရတယ် ...ငြိမ်းက တက္ကစီငှားပြန်မှာ "
ငြိမ်းက စိုင်းခွန်နောင်ကို ငြင်းလိုက်ပြီး ကားသွားငှါးရန်ပြင်လိုက်လေသည်။
စိုင်းခွန်နောင်က ငြိမ်း ရှေ့တွင် ပိတ်ရပ်၍ တားဆီးလိုက်လေသည်။
"ငြိမ်း ကျွန်တော်လိုက်ပို့ပေးပါရစေ ... ကားပေါ်ကိုတက်ပါနော်.... ဒီနေ့ ငြိမ်းသွားချင်တဲ့နေရာမှန်သမျှကို လိုက်ပို့ပေးမယ် ... အခုတော့ ကားပေါ်တက်ပါ ...လူတွေ ကြည့်ကုန်ကြပြီး..."
ငြိမ်းက စိုင်းခွန်နောင်၏ မျက်နှာကိုတစ်ချက် စိုက်ကြည့်လိုက်ပြီးကားပေါ်သို့တက်လိုက်သည်။
စိုင်းခွန်နောင်သည် ကားကိုမောင်းနေရင်းမှ ငြိမ်းကို မသိမသာ အကဲခတ်နေမိသည်။
ငြိမ်းသည် ကားပေါ်တွင် တိတ်ဆိတ်စွာလိုက်ပါလာပြီးနောက် အတန်ကြာလျှင် စိုင်းခွန်နောင်ကို ကြည့်လိုက်ပြီး မေးလိုက်သည်။
"ကိုစိုင်း ရဲရင့်တို့ အကြောင်းကိုဘယ်ချိန်ကတည်းက သိနေတာလဲ ..."
" ဗျာ ...."
စိုင်းခွန်နောင်မှာ ငြိမ်း၏ မေးခွန်းကြောင့် ကြောင်အသွားရလေသည်။
" အဲဒီနေ့က မမူယာ ဟန်ရဲ့ တိုက်ခန်းရှေ့မှာ ကိုစိုင်းရဲ့ ကားကို တွေ့လိုက်တယ်"
"အဲ့ ... အဲ့ဒါက ..."
စိုင်းခွန်နောင်က ငြိမ်း၏စကားကြောင့် ရုတ်တရက် ဘာပြန်ပြောရမည်မသိ ဖြစ်သွားမိလေသည်။
" မဖြေလည်း ရပါတယ် ....ကိုစိုင်းမသိဟန်ဆောင်နေရမှာစိုးလို့ ငြိမ်းက ပြောတာပါ "
ငြိမ်းက စိုင်းခွန်နောင်ကို ပြောလိုက်ရင်း တစ်ဖက်သို့မျက်နှာကိုလွှဲလိုက်သည်။
"ငြိမ်းကို ပြောစရာရှိတယ်... ဒါပေမဲ့ ကျွန်တော့် စကားကြောင့် ငြိမ်း တစ်မျိုးတော့ မထင်စေချင်ဘူး..."
စိုင်းခွန်နောင်က ငြိမ်းကိုကြည့်ပြီး မဝံ့မရဲ ပြောလိုက်မိသည်။
"ဟုတ်ကဲ့ ... ပြောလေ ကိုစိုင်း ..."
"ဟို...ဒီလိုပါ ငြိမ်း...ရဲရင့် အမေရဲ့ တာဝန်တွေကို ကျွန်တော် ယူပေးပါရစေ...အခုချိန်မှာ ရဲရင့်ရဲ့အမေကို တွေ့နေရတာ ငြိမ်းများစိတ်ပင်ပန်းနေမလာလို့ပါ ...."
စိုင်းခွန်နောင်၏ စကားဆုံးသောအခါ ငြိမ်းက အံကိုတင်းတင်းကြိတ်လိုက်မိပြီး စိုင်းခွန်နောင်ဘက်ကို လှည့်ကြည့်ပြီးပြန်ပြောလိုက်သည်။
"ငြိမ်းက ဘာအပြစ်မှ မလုပ်ရပါဘဲ...လူတစ်ယောက်ကို မုန်းဖို့ အခွင့်အရေးလေးတောင် ကံတရားက မပေးဘူး...တကယ်အဖြစ်လုပ်ခဲ့တဲ့သူတွေကတော့ အနေအစား မပျက်ဘဲ ပျော်ရွှင်နေလိုက်ကြတာနော်...."
"ငြိမ်းရယ် " စိုင်းခွန်နောင်စိတ်ထဲမှ သနားကြင်နာစ္စာ ရေရွတ်လိုက်မိပြီး ငြိမ်း၏ တင်းမာ အေးစက်နေသော မျက်နှာလေးကို ကြည့်လိုက်မိပြီး နှစ်သိမ့်စကားပြောလိုက်မိသည်။
" အားလုံးကို ဥပေက္ခာပြုလိုက်ပါ ငြိမ်းရယ်.. သူတို့အတွက် ကံ ကြမ္မာက ထိုက်သင့်တဲ့ အဖြစ်ဒဏ်ရှိပြီးသားပါ ..."
"နေချင်တာပေါ့ ...မူယာဟန်လို မိန်းမမျိုးတွေကြောင့် ဘ၀ပျက်သွားရတဲ့ မိသားစုတွေ...ဒုက္ခပင်လယ်ဝေခဲ့ရတဲ့ မိသားစုတွေ အများကြီးရှိတယ်....ဒါပေမဲ့ အဲ့ဒီလို မိန်းမတွေအတွက် ထိုက်သင့်တဲ့ အပြစ် ဒဏ်ရယ် မရှိဘဲ အားလုံးက ကံတရားကိုလွှဲချနေပြီး သူတို့ရဲ့ အပြစ်တွေကို လျစ်လျူရှုနေကြတော့ ...."
စိတ်ထဲရှိတာတွေကို ပြောချလိုက်ပြီးနောက် ငြိမ်းက ကားပြတင်း မှန်မှတဆင့် အဝေးသို့ငေးကြည့်နေမိလေသည်။
စိုင်းခွန်နောင်လည်း ငြိမ်းကိုကြည့်ကာ မလုံမလဲစိတ်ကြောင့် နှုတ်ဆိတ်လျက် ကားကို မောင်းခဲ့လေသည်။
*****
"စိုင်း...ထအုံး ....လိုင်းဖွင့်ကြည့်အုံး....လိုင်းပေါ်မှာ မူယာဟန်နဲ့ရဲရင့်ရဲ့ ဗီဒီယိုဖိုင်တွေနဲ့ ပုံတွေ ပလူပျံနေတာပဲ..."
"ဗျာ ...ဘာ ...ဘာပြောတယ် ကိုဆန်း.. ဘာဗီဒီယိုတွေလဲ...."
ကိုဆန်း၏ စကားကြောင့် စိုင်းခွန်နောင် အိပ်နေရာမှ အမြန်ထလိုက်သည်။
" ဘာရမှာလဲ ဟိုဗီဒီယိုတွေပေါ့ကွ...ဗီဒီယို ဖိုင်တွေကတော့ ကြည်လင်ပြတ်သားနေရောပဲ ...ခုချိန်လောက်ဆို ငြိမ်းလဲ သိပြီး လောက်ပြီထင်တယ် အခြေအနေ သွားကြည့်လိုက်အုံး...ဒါနဲ့ဒါတွေကို ဘယ်သူ တင်လိုက်တာလဲကွ ...မူယာဟန်ကိုယ်တိုင်တော့ မဟုတ်လောက်ဘူးထင်တယ်..သူ့ ဇယားကြီးသိသွားရင် အသတ်ခံရမယ့်ကိန်းကွ ...ဒါနဲ့ငြိမ်း များတင်လိုက်တာလား..."
စိုင်းခွန်နောင်မှာ ဆန်းလင်းအောင် ပြောနေသော စကားများကို ဂရုမပြုနိုင်ဘဲ ကွန်ပျူတာရှေ့တွင် ထိုင်ချလိုက်ပြီး ဖွင့်ကြည့်လိုက်လေသည်။ဆန်းလင်းအောင်က ခုံကိုဆွဲယူကာ စိုင်းခွန်နောင်ဘေးတွင် ဝင်ထိုင်ရင်း ပြောလိုက်သည်
" အကြမ်းတွေချည်းပဲ စိုင်းရ ...မင်းကြည့်နိုင်မှာမဟုတ်ဘူး .... အရှက်အကြောက်ကြီးတဲ့ မိန်းမဆိုရင် ဓါတ်ပုံတွေနဲ့တင် သေနိုင်တယ်... ဒီကြားထဲ မူယာဟန်က သူ့အသိုင်းအဝိုင်းပတ်ဝန်းကျင်နဲ့ အဝတ်အထည် ဖက်ရှင်လောကမှာ လူသိများတဲ့ သူဋ္ဌေး ဆိုတော့ သွားပြီပေါ့ကွာ "
စိုင်းခွန်နောင်သည် ကွန်ပျူတာ ဖန်သားပြင်ကို ကြည့်နေရင်းမှ ကွန်ပျူတာကို ပိတ်လိုက်ပြီး ခုံမှ အမြန်ထကာ ဆန်းလင်းအောင်ဆီ ခွင့်တိုင် လိုက်လေသည်။
