803
Subscribers
+424 hours
+167 days
+4630 days
Posts Archive
"ကဲ ..အားလုံးတော်ကြတော့ ..သားငယ်က မြင့်ဦး အကြောင်းကိုဘာလို့မေးတာလဲဆိုတာကို စုံစမ်းကြ ..အဖေကသားငယ်ကို ဘာတွေပြောပြထားလဲဆိုတာကိုလဲစုံစမ်းရမယ် .. သားငယ်ကိုလဲရန်ကုန်ဖြစ်ဖြစ်ဘယ်ဖြစ်ဖြစ်သွားခိုင်းရမှာပဲ...သားကြီးနဲ့ ငုဝါကိစ္စကတော့ မနက်ဖြန်မင်းခိုင်နဲ့ စကားပြောပြီးရင် ပြေလည်အောင်ဖြေရှင်းလိုက်ကြ ..... အဲ့ဒီမိန်းခလေးကိုလွှတ်ပေးလိုက်တာပိုကောင်းမယ်... သုံးလကျော်တစ်အိပ်ရာထဲအိပ်ခဲ့ပြီး သဲလွန်စလေးတောင်မသိရတာတော့ သားကြီးညံ့တာပဲလေ...မိန်းမဆိုတာ လက်သီးနဲ့ စကားပြောရမှာ မဟုတ်ဘူးကွ ...နှုတ်ချိုချိုလေးနဲ့ စည်းရုံးသိမ်းသွင်းရမှာ ..အခုမှတော့ ဘာမှထပ်လုပ်ဖို့ စိတ်မကူး ကြနဲ့တော့ ..... "
ဦးမင်းလတ်ရဲ့စကားအဆုံးမှာ အခန်းကပြန်လည်တိတ်ဆိတ်သွားခဲ့ပြီး ခြေသံတွေထွက်ပေါ်လာတာမို့ ခက်ဝေလတ်တစ်ယောက် အခန်းရှေ့ကနေအမြန်ခွါလိုက်ရတယ်။
~~~~
ဦးမင်းခိုင်က တူမဖြစ်သူကိုကြည့်လိုက်ပြီး
" သေချာစဉ်းစားပါအုံး ငါ့တူမရယ်...ငါ့တူမက မိန်းခလေးပါ ...စိတ်လိုက်မာန်ပါမလုပ်ပါနဲ့...အိမ်ထောင်တစ်ခုပြိုကွဲရင်မိန်းခလေးဘက်ကပဲနစ်နာတာတူမလေးရဲ့ ..ပြီးတော့တူမလေးရဲ့ ဗီဒီယိုမှတ်တမ်းကလဲ သက်ဝေလတ်ဆီမှာရောက်နေတာကိုမမေ့နဲ့အုံး "
ဦးလေးဖြစ်သူရဲ့ စကားတွေကြောင့်ဦးလေးဖြစ်သူရဲ့မျက်နှာကို ငုဝါမော့ကြည့်လိုက်ပြီး
"လေးလေးပြောပုံက ကျွန်မကိုမကွာရှင်းစေချင်တာပေါ့နော် ....ဘာလဲ ကျွန်မကိုရိုက်နှက်နှိပ်စက်ဖို့ ...ကိုသက်ဝေလတ်ကို ဦးလေးကိုယ်တိုင်ခိုင်းထားတာများလား...ပြီးတော့ တလက်စတည်း မေးရအုံးမယ် ..ဦးလေးရဲ့အလှူမှာ ကျွန်မသောက်မဲ့ အချိုရည်ထဲကို ဘယ်သူဆေးခတ်ခဲ့တာလဲ ... ဦးလေးကိုယ်တိုင်များလား ပြောပါအူး"
" ဘာ..မင်းဘာပြောလိုက်တယ် ... မင်း ဒါဘာသဘောနဲ့ ပြောလိုက်တာလဲ ငုဝါ ...မင်းကလူတကာကို သံသယမျက်လုံးနဲ့ ကြည့်နေတာပဲလား "
" သံသယမဟုတ်ဘူးလေးလေး ... ငုဝါနေနေရတဲ့ ငရဲခန်းကလုပ်ကြံဖန်တီးထားတယ်ဆိုတာကိုသိလိုက်ရလို့ ပြောနေတာပဲ ....ငုဝါရဲ့အိမ်ထောင်ရေးကို ငုဝါစိတ်တိုင်းကျ ဆုံးဖြတ်မယ်..ငုဝါအိမ်ကိုပြန်လာတော့မယ်ဆိုတာကိုပဲလေးလေးသိထားလိုက်ပါ "
"မင်း အိမ်ကိုပြန်လာလို့မရသေးဘူး ငုဝါ ...."
"ရှင် ...ဘာဖြစ်လို့လဲ ..ဘာကြောင့် ပြန်လာလို့မရတာလဲ "
@@@@@@@@@@@@@@@@@@@@@
အပိုင်း(၂၁ ) ဆက်ရန်
#ဧကြည်ဖြူ
ဒေါ်ဝေဝေမာရဲ့ စကားအဆုံးမှာ ငုဝါကသူမတို့နေခဲ့တဲ့ အခန်းထဲကသူမရဲ့ ပစွည်းအသုံးအဆောင်တွေကို ယူဖို့ထထွက်သွားခဲ့တယ်။
~~~~~
" အသံတွေကြားတယ် ... ဒေါ်ခိုင်က တက်မသွားကြနဲ့ ပြောလို့လေ ... ကိုခက်ကိုစိတ်ပူလို့ အိပ်လို့တောင်မရဘူး..."
"ဘာစိတ်ပူစရာရှိလို့လဲ နွေရယ် .. ကိုယ်က မတရားလုပ်နေတာမှ မဟုတ်တာ .. ပြီးတော့ မငုဝါလေ သတ္တိတွေရှိနေလိုက်တာ ကိုယ်တောင်မယုံနိုင်ဘူးကွာ .. ဒီနေ့ညကစပြီး ကွာရှင်းခွင့်မရခင်အထိ... ဧည့်သည်အခန်းမှာပဲနေမယ်တဲ့လေ "
ခက်ဝေလတ်ရဲ့စကားကြောင့်ဖူးငုံပွင့်ရင်ထဲမှာလှိုက်ခနဲ ဝမ်းသာပျော်ရွှင်သွားမိတယ်။ငုဝါရဲ့ကိစ္စက သူမနဲ့ မဆိုင်ပေမဲ့လဲ မိန်းမသားအချင်းချင်းမို့ ငုဝါ အစားကျေနပ်အားရဖြစ်သွားမိတာအမှန်ပါပင်။
"ဘာပဲဖြစ်ဖြစ် ကိုခက်လဲ သတိထားအုံး ..မိဘတွေကပါ ကို ခက်ကို မုန်းနေအုံးမယ် "
" ဟုတ်ကဲ့ပါဗျာ..ခုလိုဖြစ်သွားတော့ နွေလဲစိတ်ချမ်းသာတယ် မဟုတ်လား...နွေ့အဖေရဲ့ သတင်းကိုလဲ မကြာခင်မှာသိရအောင် ကိုယ်ကြိုးစားပေးမှာပါ စိတ်ချပါ "
ချစ်သူကိုကြည့်ပြီး ဖူးငုံပွင့် သက်ပြင်းချလိုက်မိတယ်။ရင်ထဲမှာတော့ စိုးထိတ်ပူပန်နေမိပြီး မနက်ဖြန်ရောက်မှာကိုတောင် ကြောက်ရွံ့နေမိတယ်။
~~~~~~
တိတ်ဆိတ်နေတဲ့ ညသန်းခေါင်အချိန်မှာ ခက်ဝေလတ်လှေကားထစ်တွေအတိုင်း ခြေကို ဖွဖွနင်းပြီး အပေါ်ထပ်ကိုတက်ခဲ့လိုက်တယ်။ အပေါ်ထပ်ကို ရောက်လာတဲ့အခါ သူ့ခြေလှမ်းတွေရဲ့ ဦးတည်ရာအရပ်ကတော့ သူ့ရဲ့ အခန်းဆီသို့သာ ဖြစ်လေတယ်။
~~~~~~
"ဒီပုံအတိုင်းဆိုရင် ဘယ်လိုလုပ်မလဲ ခဲအို ... ညို့ဘက်ကတော့ ရှင်းတယ်နော် ..တူတွေသားတွေ မသိဘူး ..ကိုယ့်ကိုဒုက္ခပေးမဲ့သူဆိုရင် ရှင်းပစ်မှာပဲ "
ဒေါ်ညိုညိုမာရဲ့ အသံက တိုးတိတ်ပေမဲ့မာထန် ပြတ်သား နေတယ်။
"ဘယ်လိုပြောလိုက်တာလဲ ညိုညို ....သူက ငါဝမ်းနဲ့လွယ်မွေးထားရတဲ့ငါ့သားဟဲ့ ..နင်ဒီလိုပြောတာတောင် လွန်နေပြီ သိရဲ့လား ..ငါ့သားကိုတော့ နင်တို့မထိကြနဲ့နော် ..ကိုမင်းလတ်ရှင်လဲ အဖေ့ရင်းဆိုတာကို သတိရအုံး "
ဒေါ် ဝေဝေမာက စိတ်ဆိုးမာန်ဆိုးနဲ့ ပြောလိုက်တော့ ဦးမင်းလတ်က ဘာမှမပြောဘဲ သက်ပြင်းတွေသာချနေလေတယ်။
"ဒါဆို ..မမက ဘယ်လိုလုပ်ဖို့များ စိတ်ကူးထားလဲပြောပါအုံး...တစ်ယောက်နဲ့အများ လဲမလို့လား ..မမပြောသလို ပြောကြေးဆို ကိုသက်လေးကရောမမရဲ့သားမဟုတ်ဘူးလား "
" တော်တော့ မိညို .. ငါစဉ်းစားနေတယ် ... နင်တို့တွေ ငုဝါကိစ္စကို လက်လွတ်ပြီး အေးအေးဆေးဆေးကွာရှင်းပေးလိုက်ကြပေါ့ ..ပြီးတော့ သားငယ်ကို ရန်ကုန်ကသူ့ချစ်သူနဲ့ ပေးစားပြီး ရန်ကုန်မှာပြောင်းနေခိုင်းလိုက်မယ် ... ဒီကြားထဲတော့ ဘာပြဿနာမှမရှာကြပါနဲ့ "
ဒေါ်ဝေဝေမာရဲ့ စကားအဆုံးမှာ သက်ဝေလတ်ကဖြုန်းခနဲထရပ်လိုက်ပြီး
"အမေက ..အမြဲတမ်း အမေ့သားငယ်ဘက်ကချည်းပဲနော် .. သားကြီးဖြစ်တဲ့ ကျွန်တော့်ဘက်ကို တစ်ခါမှမကြည့်ခဲ့ဘူး...ငုဝါနဲ့ ကျွန်တော့်ကိစ္စက အမေ့သားဝင်ရှုပ်နေလို့ အခုလိုဖြစ်ရတာ..အဲ့ဒီဟာမ သူ့ဟာနဲ့သူဆိုရင် ကျွန်တော့်ကိုမော်တောင်မကြည့်ရဲဘူး အမေသိရဲ့လား ... အမေက အဖေနဲ့ကျွန်တော့်တို့အတွက်ကျ မတွေးဘဲ အမေ့သားအတွက်ပဲတွေးတယ်..ဘာလဲ အမေကဒီကိစ္စတွေမှာကိုယ်တိုင်မပါခဲ့တော့... ကျန်တဲ့သူတွေဘာဖြစ်ဖြစ်လို့ တွေးနေခဲ့တာလား "
" ဘာ ..ဘာပြောတယ် သက်ဝေလတ် ..မင်း ...မင်း ..ကဲဟာ ပြောချင်ရာပြောအုံး "
"ဖြန်း "
သက်ဝေလတ်ရဲ့ စကားမဆုံးခင်မှာဘဲ ဒေါ်ဝေဝေမာကသားဖြစ်သူရဲ့ ပါးတစ်ဖက်ကိုလက်ဝါးပြင်နဲ့ ရိုက်ချလိုက်ပြီး
"ဒိမှာ ငါ့ကိုကြည့်စမ်း သက်ဝေလတ်...ငါက မိန်းမတန်မဲ့ ဒီကိစ္စတွေကို ဘာလို့ဝင်ပါခဲ့လဲသိလား ...မင်းကြောင့်ပါခဲ့ရတာကွ ... လူကအရွယ်မရောက်သေးဘူး သူများသားသမီးကို မင်းသွားစော်ကားခဲ့လို့ ...ဒီပြဿနာတွေကို ဖြေရှင်းဖို့ စခဲ့ရတာသိရဲ့လား ..အဖေကဒုက္ခပေးလိုက်သားကဒုက္ခပေးလိုက်နဲ့ ...ခုချိန်ထိဒုက္ခပေးလို့ အားမရကြသေးဘူးလား ..မိညိုညည်းရောဘာထူးလဲ ...ငါအတန်တန်တားခဲ့တဲ့ကြားက မင်းခိုင်လိုကောင်နဲ့တွဲခဲ့တယ် .. ပြီးတော့ခဲ့အိုဖြစ်သူကို လောင်းကစားလောကထဲကိုဆွဲခေါ်ခဲ့တာမဟုတ်လား ...ညည်းတို့ အဲ့လောက်ရှင်းချင်နေရင် ငါ့ကိုပါရှင်းလိုက် "
" တော်ပါတော အစ်မရယ် ... ဒီကိစ္စတွေက အစ်မလဲသဘောတူလို့ ဖြစ်ခဲ့တာလေ .... လောင်းကစားကြောင့် ငွေရတော့ အစ်မကျေကျေနပ်နပ်နဲ့ယူတယ်မဟုတ်လား ..အခုအစ်မသားငယ်က ဟိုတောသားမြင့်ဦးအကြောင်းကို မေးနေပြီ ..သူဘာတွေသိထားသေးလဲ အစ်မသိလို့လား ... သူက ကိုသက်လိုမိသားစုနဲ့ ကောင်းတူဆိုးဖက်နေမယ်လို့ အစ်မထင်လို့လား ..ဒီကိစ္စကို အစ်မယောင်းမနဲ့ ကိုမင်းခိုင်မသိအောင်သာဖုံးဖိထားပါ ..သူတို့က ကျွန်မတို့ထက် ပိုဆိုးတာသိတယ်မဟုတ်လား "
ဒေါ်ညိုညိုမာရဲ့ စကားအဆုံးမှာ ဒေါ်ဝေဝေမာတစ်ယောက်နှုတ်ဆိတ်သွားခဲ့တယ်။ဒီအချိန်မှာပဲ ဦးမင်းလတ်က မိန်းမနဲ့ ခဲမဖြစ်သူ ကိုကြည့်လိုက်ပြီး
"တော်စမ်းပါ ..ဘာဆွေမျိုးသားချင်းလဲ ...မင်းရည်းစားဟောင်းနဲ့ အဆက်အသွယ်မလုပ်ရလို့မဟုတ်လား ..အဲ့ဒါတွေကိုသိလို့ ငါကတမင်မဝယ်ခိုင်းတာကွ "
" သားကြီး တိတ်စမ်းကွာ ..ဒီမှာအဖေပြောနေတယ်လေ "
ဦးမင်းလတ်က ပြောလိုက်တော့ သက်ဝေလတ်တစ်ယောက် ငြိမ်ကျသွားခဲ့သလို ဒေါ်ညိုညိုမာရဲ့ ဒေါသမျက်ဝန်းတွေကလဲ ငုဝါထံကို ရောက်ရှိနေခဲ့တယ်။ငုဝါကတော့ အခြားသူတွေရဲ့ မျက်နှာကို မကြည့်ဘဲ ဦးမင်းလတ်ရဲ့ မျက်နှာကိုသာကြည့်ပြီး ဆက်ပြောလိုက်တယ်။
" အဆိုးဆုံးက မင်္ဂလာဆောင်ပြီးဒီအိမ်ကို ရောက်လာတဲ့နေ့ကတည်းကကျွန်မကို ပိတ်လှောင်ထားသလို ထားခဲ့တာပါ ... သူမပါဘဲအခန်းပြင်ကို ခြေတစ်လှမ်းတောင်ထွက်ခွင့်မရပါဘူး ...သူအပြင်ထွက်တဲ့အခါ အခန်းကို အပြင်ကနေသော့ခတ်သွားပါတယ် .. အလုပ်ကိုခေါ်သွားတော့လဲအလုပ်ရောက်တာနဲ့ဘယ်သူမှ အသွားအလာမလုပ်တဲ့အခန်းထဲကို ခိုးကြောင်ခိုးဝှက်နဲ့ ခေါ်သွားပြီးသော့ခတ်ထားခဲ့တာပါ ..သူနဲ့ကျွန်မလက်ထပ်ခဲ့ရတဲ့ကိစ္စမှာ ကျွန်မရဲ့အမှားကြောင့်မှန်းသိလို့ သူ့ကိုအလျှော့ပေးသည်းခံခဲ့ပါတယ်...မပေါင်းချင်ရင်ကွာပေးဖို့ ပြောတော့ ကျွန်မကိုရိုက်နှက်နှိပ်စက်တယ် ... ကျွန်မမူးပြီး သူနဲ့ဖြစ်ခဲ့တဲ့ဗီဒီယိုတွေနဲ့အရှက်ခွဲမယ်လို့ခြိမ်းခြောက်ခဲ့ပါတယ် ... ကျွန်မမိကောင်းဖခင်သားသမီးပါ ...သူဘယ်လောက်နှိပ်စက်စက် ကျွန်မ သူ့ကိုပြန်မရိုင်းခဲ့ပါဘူး ....ကျွန်မတစ်ကိုယ်လုံးမှာ ကြည့်ပါ သူရိုက်ထားတဲ့ဒဏ်ရာတွေအပြည့်ပါပဲ ...ကျွန်မသူနဲ့ကွာရှင်းချင်ပါတယ် "
ငုဝါရဲ့စကားမဆုံးမီ သက်ဝေလတ်ကထိုင်နေရာက ဝုန်းခနဲထရပ်လိုက်ပြီး
"အောင်မယ် မင်းကများပြောရဲတယ် ..ငါကရော မင်းလိုမိန်းမကို ပေါင်းချင်လွန်းလို့ ပေါင်းနေတယ်ထင်လား "
"သားကြီးမင်းတိတ်တိတ်နေစမ်းကွာ "
ဦးမင်းလတ်က သားဖြစ်သူကို ဟန့်တားလိုက်ပြီး ချွေးမဖြစ်သူကို ပြောလိုက်တယ်။
"ငါ့သမီးက မပေါင်းချင်ဘူးဆိုတာတော့ဟုတ်ပါပြီ...ဒါပေမဲ့ သမီးရဲ့ဦးလေးကိုတော့ အသိပေးရမှာပေါ့ကွယ် ..ပြီးတော့ သမီးကမိန်းခလေးပါ... နစ်နာစရာရှိရင် ငါ့သမီးပဲနစ်နာမှာမို့ သေချာစဉ်းစားဆုံးဖြတ်ပါ... ကိုယ်လင်ကိုယ်မယား ပြန်ဆွေးနွေးကြပါကွယ် "
"ဟုတ်ကဲ့ ကျွန်မစဉ်းစားပြီးပါပြီး ..ဒီတက်ပိုပြီး ...ကျွန်မနှိပ်စက်မခံနိုင်တော့ပါဘူး ..ကွာရှင်းဖို့ကို ဆုံးဖြတ်ပြီးသွားပါပြီ "
" ဪ ..မင်းကွာရှင်းချင်တိုင်း ငါကကွာရှင်းပေးမယ်ထင်နေတာလား ... ဘယ်တော့မှ မကွာရှင်းပေးဘူးကွ .. လင်မယားပဲ စကားများရန်ဖြစ်တာထုံးစံပဲ ...လင်မယားချင်း ရန်ဖြစ်စကားများတာ ဘယ်သူ့ကိုဂရုစိုက်နေရမှာလဲ .. ပြီးတော့ ငါကမင်းကို နှိပ်စက်တယ်ဆိုတဲ့ သက်သေရောရှိလို့လား ပြောပါအုံး "
သက်ဝေလတ်က မခိုးမခန့် ပြောရင်း ခက်ဝေလတ်ကိုပါ လှောင်ပြုံးတစ်ချက်နဲ့ လှမ်းကြည့်လိုက်တယ်။ ဒီအပြုအမူအတွက် ခက်ဝေလတ်က ထပြောဖို့ ဟန်ပြင်လိုက်ချိန်မှာပဲ ငုဝါဆီမှ စကားသံထွက်လာခဲ့တယ်။
"ရှင်မကွာရှင်းပေးရင် အိမ်တွင်းအကြမ်းဖက်မှုပိတ်လှောင်ထားမှုတွေနဲ့ တရားရုံးကိုဦးတိုက် လျှောက်မှာပါ ....သက်သေ ကတော့ ကျွန်မကိုယ်တိုင်ပဲပေါ့ .. ကျွန်မကိုယ်ပေါ်က ရှင်ရိုက်ထားတဲ့ဒဏ်ရာတွေထက် ပိုပြီးတိကျခိုင်လုံတဲ့သက်သေရှိအုံးမလား ... "
ငုဝါရဲ့ ရဲရင့်ပြတ်သားတဲ့ စကားကြောင့် ခက်ဝေလတ် အပါအဝင် မိသားစုတွေအားလုံး အံ့ဩမင်သက်သွားကြသလို သက်ဝေလတ်တစ်ယောက်ဒေါသတကြီးနဲ့ ထိုးမယ်ကြိတ်မယ် ဟန်ပြင်နေတာမို့ မိဘနှစ်ပါးနဲ့ အဒေါ်ဖြစ်သူမှာ မနည်းပင် ဆွဲထားကြရလေတယ်။
"ပြီးတော့ ဒီညကျွန်မကိုဧည့်သည်အခန်းမှာနေခွင့်ပြုပါရှင် ... ကိုသက်ဝေလတ်ရဲ့ အခန်းထဲကိုပြန်မသွားပါရစေနဲ့ ... မနက်ဖြန်ကျရင် ဦးလေးကိုခေါ်ပေးပါ....ကျွန်မအိမ်ကိုပြန်ချင်ပါတယ် "
" အို ...အိမ်ပြန်လို့တော့ ဘယ်ရအုံးမလဲ ..မင်းတို့ကွာရှင်းပြီးမှ ပြန်လို့ရမှာပေါ့ ..မနက်ဖြန် ကိုမင်းခိုင်ကိုခေါ်ပေးမယ် ..အခုလဲ ဧည့်သည်ခန်းမှာနေချင်နေပါ ..ငါတို့ဘက်က ဒီလောက်ပဲခွင့်ပြုပေးလို့ရမယ် .. မင်းတို့နှစ်ယောက်မှာ ဘယ်သူ့အပြစ်ရှိလဲ ငါတို့လဲအမှန်သိတာမဟုတ်ဘူး"
ငုဝါရဲ့ စကားအဆုံးမှာ ဒေါ်ညိုညိုမာက အသံမာမာနဲ့ ၀င်ပြောလိုက်တယ်။
"ကျေးဇူးတင်ပါတယ် အန်တီညို ... ဒါဆိုရင် ဟိုအခန်းထဲက ကျွန်မအဝတ်အစားတွေသွားယူချင်လို့ ...ကိုသက်ဝေလတ်နောက်က မလိုက်လာနိုင်အောင်ထိန်းပေးထားပါ ..."
ပြောပြီးတာနဲ့ အခန်းဆီကို သွားဖို့ပြင်လိုက်တဲ့ငုဝါကို သက်ဝေလတ်က ဒေါသတကြီးကြိမ်းမောင်းပြောဆိုရင်း လှမ်းပြီး ကန်ကျောက်လိုက်တယ်၊၊
"ဘာကွ..မိန်းမယုတ်မ မင်းကများ ငါ့ကိုပြောရဲတယ်ပေါ့လေ တောက် .... ဒီနေ့တော့ မင်းအသေပဲ "
" တော်လိုက်တော့ ကိုသက်...မင်း မရပ်ရင်ငါရဲခေါ်လိုက်မယ် ... မခေါ်ဘူးမထင်နဲ့နော် ..မင်း ငါ့အကြောင်းသိပါတယ် .."
ခက်ဝေလတ်က သက်ဝေလတ်ကိုတားဆီလိုက်ရင်း လေသံတင်းတင်းနဲ့ ပြောလိုက်တယ်။ ဒီအခါသက်ဝေလတ်ဒေါသအကြီးအကျယ်ထွက်သွားသလို ဒေါ်ဝေဝေမာက စိတ်ဆိုးမာန်ဆိုးနဲ့ ထအော်လိုက်တယ်။
"ဟဲ့ .. မယ်မင်းကြီးမရယ် ယူစရာ ရှိတာကို မြန်မြန်သွားယူပါ ..ငါတို့သားကိုငါတို့နိုင်ပါတယ် ..ညည်းကြောင့် ငါ့သားတွေတော့ပြဿနာအဖြစ်မခံနိုင်ဘူး ...ညည်းစိတ်တိုင်း ကျ အမြန်ဆုံးကွာရှင်းပေးမယ် ဟုတ်ပြီလား "
#တိမ်ခိုးဝေတဲ့နွေ
အပိုင်း (၂၀)
******
"မင်းတို့ အဲ့ဒါဘာဖြစ်နေကြတာလဲ ...အိမ်မှာလူကြီးတွေရှိတာကို ရောသတိရကြရဲ့လား "
ဦးမင်းလတ်က သားနှစ်ယောက်ကို ဒေါသတကြီ အော်ဟစ်ပြောဆိုလိုက်တယ် ။ဖခင်ဖြစ်သူရဲ့အသံကြောင့် ခက်ဝေလတ်တို့ ညီအစ်ကိုနှစ်ယောက်က ရပ်တန့်လိုက်ကြတယ်။
"ကျွန်တော်တို့လင်မယား စကားများနေတဲ့ကြားကို သူဝင်ပါတာအဖေ "
သက်ဝေလတ်ရဲ့ အသံကဦးစွာထွက်ပေါ်လာခဲ့တယ်။ခက်ဝေ လတ်က အစ်ကိုဖြစ်သူကို ကြည့်လိုက်ပြီး
"လင်မယားချင်း စကားများနေတာလား ...မတရားအနိုင်ကျင့်နေတာလား အဖေတို့လဲမြင်တယ် မဟုတ်လား ... ပြန်မလုပ်နိုင်တဲ့သူကို မသေရုံတမယ်ထိုးကြိတ်ကန်ကျောက်နေတာလေ .. "
ခက်ဝေလတ်က ပြောရင်းနဲ့ လဲကျနေတဲ့ငုဝါကို ထူမလိုက်တယ်။ဦးမင်းလတ်အပါအဝင်
ဒေါ်ဝေဝေမာနဲ့ ဒေါ်ညိုညိုမာက ဒဏ်ရာတွေနဲ့လဲနေတဲ့ငုဝါကိုကြည့်ပြီး ရုတ်တရက်ဘာပြန်ပြောရမှန်းမသိဖြစ်နေကြတယ်။ဒေါ်ခင်မိုးတို့မိသားစုကတော့ အခန်းပြင်ကနေ ခဏတစ်ဖြုတ်ရပ်ကြည့်နေကြပြီး ပြန်ထွက်သွားကြတယ်။
"ဘယ်လိုဖြစ်ရတာလဲ သားကြီးရယ် ...ငါ့သားက စိတ်တယ်ကြီးတာကို... ကိုယ့်လင်မယားချင်းပဲ ဘာလို့ဒီလိုလုပ်ရတာလဲကွယ် ."
ဒေါ်ဝေဝေမာက ပြောရင်း သားဖြစ်သူကို ဆွဲခေါ်လိုက်တယ်။
"သူ့တို့ဒီလိုဖြစ်နေရင်လဲ ..လူကြီးတွေကိုခေါ် ပါလား ... အငယ်ဖြစ်ပြီး မင်းကဘာလို့ဝင်ပါရတာလဲ ခက်ဝေလတ်ရဲ့ "
ဒေါ်ညိုညိုမာက ခက်ဝေလတ်ကို ပြစ်တင်ပြောဆိုလိုက်တယ်။
" အဲ့ဒီစကားကို ကျွန်တော်ကပြောရမှာအန်တီညိုရဲ့ ... အန်တီညိုနဲ့အခန်းချင်းကပ်နေတာကို အန်တိညိုက မကြားဘူးလား ....သူ့နေရာမှာအန်တီညိုသာဆိုရင် ဘယ်လိုလုပ်မလဲ ကိုယ်ချင်းစာကြည့်ပါလား....ဒါကအိမ်တွင်း အကြမ်းဖက်မှုနော် ... "
" တော်တော့ သားငယ် ... ဒီကိစ္စကို အဖေတို့လူကြီးတွေပြောမယ် ...ကဲ အားလုံးဧည့်ခန်းကိုလာကြ "
ဦးမင်းလတ်က သားဖြစ်သူကိုပြောရင်း အားလုံးကိုလှည့်ပြောလိုက်တယ်။
"ပိန်သေးတို့ကိုခေါ်ပြီး မငုဝါကို ဆေးထည့်ခိုင်းလိုက်ပါအုံး အဖေ ....မငုဝါကိုကြည့်ရတာလမ်းလျှောက်နိုင်မဲ့ပုံမပေါ်ဘူး "
ခက်ဝေလတ်ရဲ့ စကားကြောင့် ဦးမင်းလတ်က မိန်းမဖြစ်သူကိုလှည့်ကြည့်လိုက်ပြီး ပြောလိုက်တယ်။
" ဒါဆိုလဲဝေဝေ မင်းပဲမင်းချွေးမ ကို ဆေးထည့်ပေးပြီးတွဲခေါ်လာခဲ့လိုက်ပါ ....မီးသားစုအတွင်းရေးကိစ္စတွေမှာ... အလုပ်သမားတွေမပါစေနဲ့ကွာ"
ဦးမင်းလတ်ကပြောပြီး ဧည့်ခန်းထဲကို ထွက်သွားခဲ့လိုက်တယ်။
~~~~~
"ကဲ ..ဘယ်လိုဖြစ်ကြတာလဲဆိုတာပြောကြအုံး .. ငါ့သားက အရင်ပြော .."
မိသားစုတွေရှေ့မှာ ဦးမင်းလတ်က သားဖြစ်သူကိုစတင်ပြီး မေးလိုက်တယ်။ ဦးမင်းလတ်ရဲ့ မျက်နှာက တည်တည်ငြိမ်ငြိမ်ပဲမို့ သားနဲ့ချွေးမရဲ့ကိစ္စကို မျှမျှတတ ဆုံးဖြတ်ပေးမဲ့ပုံမျိုးလို့ ထင်ချင်စရာပုံပေါက်နေခဲ့တယ်။
ခက်ဝေလတ်မှာ စိတ်ရှုပ်စရာ ဒီအခြေအနေကနေ ထထွက်သွားချင်ပေမဲ့ မတရားလုပ်နေတဲ့ အစ်ကိုဖြစ်သူကြောင့် ဒီကိစ္စမှာ ဝင်မပါချင်ဘဲပါနေခဲ့ရတယ်။
"ကျွန်တော် ဒေါသကြီးတာကို သိသိနဲ့ သူအနေအထိုင်မတတ်တာအဖေ...သူက ရည်းစားဟောင်းကို လွမ်းပြီး တမှိုင်မှိုင်တတွေတွေဖြစ်နေတာကို ကြည့်မရလို့လက်ပါမိတာပါ "
သက်ဝေလတ်ရဲ့ စကားကြောင့် ခက်ဝေလတ်ကမရီးဖြစ်သူကိုကြည့်လိုက်တယ်။
"အို ...အဲ့ဒါဆိုရင်တော့ လွန်တာပေါ့ ....အိမ်ထောင်သည်ဖြစ်လာရင် ဒီလိုနေလို့ဘယ်ရမလဲကွယ် ... ကိုယ့်တူဘက်ကပါလို့ ပြောတာမဟုတ်ဘူး ...ဒီလိုမျိုးကတော့ အန်တီတို့လဲသည်းမခံနိုင်ဘူး "
ဒေါ်ညိုညိုမာက လေသံမာမာနဲ့ ဝင်ပြောလိုက်တယ်။
"မငုဝါပြောတာကိုလဲ နားထောင်လိုက်ပါအုံး အန်တီညို "
ခက်ဝေလတ်က ၀င်ပြောလိုက်တော့ ဒေါ်ညိုညိုမာကခက်ဝေလတ်ကိုမျက်စောင်းခဲကြည့်လိုက်တယ်။
"ကဲ ..ကဲ တော်ကြတော့ ... ငုဝါ သမီးလဲပြောပါ ...ဦးလေးတို့သားလွန်နေရင် ဦးလေးတို့ဘက်က ဆုံးမပေးပါ့မယ်"
ဦးမင်းလတ်ရဲ့ စကားအဆုံးမှာ ငုဝါကမျက်နှာကိုမော့လိုက်ပြီး မိသားစုတွေကိုတစ်ချက်ဝေ့ကြည့်လိုက်ပြီးမှ
"ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ် ဦးလေး .... ကျွန်မ ကိုသက်ဝေလတ်နဲ့လက်ထပ်ပြီးကတည်းက ခုချိန်ထိ ကျွန်မအိမ်ကို ခဏတစ်ဖြုတ်တောင် ပြန်ခွင့်မရ ခဲ့ပါဘူး "
" ဘာ ... ဒီကိစ္စက ငါမအားသေးလို့လို့... မင်းကိုပြောထားတယ်လေ ..မင်းဘာဖြစ်နေတာလဲ "
ငုဝါရဲ့ စကားမဆုံးခင်မှာဘဲ သက်ဝေလတ်က ဒေါသတကြီးနဲ့ ထပြောလိုက်တယ်။ခက်ဝေလတ်က သက်ဝေလတ်ရဲ့ မျက်နှာကို ခပ်စူးစူးတစ်ချက်ကြည့်လိုက်တယ်။သက်ဝေလတ်ကလဲ မျက်နှာထားတင်းတင်းနဲ့ ပြန်ကြည့်လိုက်တယ်။ ဦးမင်းလတ်က ဒီအခြေအနေကို သိမြင်လိုက်တာမို့ ဝင်ထိန်းလိုက်တယ်။
" ချွေးမလေး ပြောပါစေအုံး ..ပြီးမှငါ့သားကပြော ဟုတ်ပြီး လား ..ကဲ ..သမီးဆက်ပြောပါအုံး "
"ဟုတ်ကဲ့ပါ ဦးလေး ....မင်္ဂလာဆောင်ပြီးတဲ့နောက်မှာ... ဒီအိမ်ကိုလိုက်လာခဲ့ပြီး ... အဲ့ဒီနေ့မှာပဲ ကျွန်မရဲ့ဖုန်းပျောက်သွားခဲ့တယ် ..ဖုန်းပျောက်သွားတဲ့အကြောင်း ကိုသက်ဝေလတ်ကိုပြောပြပြီး ဖုန်းအသစ် သွားဝယ်ကြဖို့ပြောခဲ့တာကို... ဒီနေ့အထိ ဖုန်းမဝယ်ရသေးပါဘူး ..ဖုန်းမရှိတော့ ကျွန်မရဲ့ ဆွေမျိုးသားချင်းသူငယ်ချင်းတွေ နဲ့ပါ အဆက်အသွယ်ပြတ်ခဲ့ပါတယ် "
"ဟုတ်ကဲ့ သွားမှာပါအန်တီညို ....ဒါလေးမေးမိတာကို ဒီလောက်စိတ်တိုရအောင်... ဘာပြဿနာတွေများဖြစ်ခဲ့ကြလို့လဲ "
" တော်စမ်းခက်ဝေလတ် ...မင်းပါးစပ်ကိုပိတ်ပြီး ...ခုချက်ချင်းထွက်သွားလိုက်တော့နော် "
ဒေါ်ညိုညိုမာက အနီးရှိ အလှပန်းအိုးကို ကိုင်ရွယ်ရင်း ပြောလိုက်တာမို့ အဒေါ်ဖြစ်သူရဲ့ အခန်းထဲကနေ ခက်ဝေလတ်ပြန်ထွက်လာခဲ့လိုက်တယ်။
~~~~
"ရှင်တို့ ဘာရည်ရွယ်ချက်နဲ့ကျွန်မကို ပိတ်လှောင်ထားကြလဲဆိုတာကို ကျွမမသိချင်တော့ဘူး ..အခုကျွန်မအိမ်ပြန်ချင်တယ် ..အိမ်ကို မပြန်ရတာ လေးလကျော်နေပြီး .. ကျွန်မကိုအိမ်ပြန်ခွင့်ပြုပါ "
ငုဝါရဲ့ပုံစံကိုကြည့်ပြီး သက်ဝေလတ်က အကြီးအကျယ်အံ့ဩသွားပြီး
"ဘာကွ..မင်းဘာပြောလိုက်တယ် .. မင်းအခုပြန်ပြောစမ်း "
သက်ဝေလတ်က ဒေါသတကြီးပြောလိုက်ရင်း လက်ကိုရွယ်ကာ ငုဝါကိုရိုက်ဖို့ပြင်လိုက်တယ်။
"ဘာလဲ ..ကျွန်မအိမ်ကိုပြန်ဖို့ခွင့်တောင်းတာနဲ့ ရိုက်အုံးမလို့ပေါ့လေ ဟုတ်လား ..ရိုက်လေ ရိုက်လိုက်ပါ ... အချိန်ရှိသ၍ ကျွန်မကို အခန်းတွေထဲမှာပိတ်လှောင်ထားရအောင် ..ကျွန်မကတိရစ္ဆာန်တစ်ကောင်မဟုတ်ဘူး ...လူသားတစ်ယောက်ဆိုတာသိရဲ့လား "
" ဘာပြောတယ် ..မင်းကများ ငါ့ကို ပြန်ပြောရဲတယ်ပေါ့ ဟုတ် လား .. ဘယ်ကောင့်အားကိုးနဲ့ ပြောနေတာလဲ ပြောစမ်း ..ကဲကွာ .. ပြောချင်အုံး "
သက်ဝေလတ်က ဒေါသတကြီးပြောဆိုလိုက်ရင်း ငုဝါကို ကန်ကျောက်ထိုးကြိတ်လိုက်တယ်။ငုဝါက အံကိုတင်းတင်းကြိ တ်လိုက်ပြီး
"ရှင် ကျွန်မအပေါ် လုပ်ခဲ့တာတွေ အတွက် သေချာမှတ်ထားပါ ..ရှင့်ကို ကျွန်မကိုယ်တိုင်တရားစွဲပြမယ် ......ရှင်တို့ဘက်က ကျွန်မရဲ့ ဗီဒီယိုဖိုင်တွေနဲ့အရှက်ခွဲဖို့ကြံစည်ထားတယ်ဆိုရင်လဲ ခွဲလိုက်ပါ ..အဲဒီဗီဒီယိုကလဲ လုပ်ကြံထားတဲ့ ဗီဒီယိုဆိုတာကိုကျွန်မဖော်ထုတ်ပြမယ် "
" ဘာကွာ ..လူပါး၀တဲ့ဟာမ ..ကဲကွာ "
" ခွပ် .. ခွပ် ... "
သက်ဝေလတ်က ဒေါ်သတကြီးပြောဆိုရင်း ငုဝါကိုလက်သီးနဲ့ထိုးကြတ်ပြီး စိတ်ရှိလက်ရှိကန် ပစ်လိုက်တယ်။ငုဝါရဲ့ ကိုယ်လုံးသေးသေးလေးက အခန်းထောင့်မှာ ပုံရက်လဲကျသွားချိန်မှာပဲ အခန်းတံခါးကို အပြင်ကနေခပ်ပြင်းပြင်းထုသံနဲ့အတူ ခက်ဝေလတ်ရဲ့အသံပေါ်ထွက်လာခဲ့တယ်။
"ကိုသက် မင်းတံခါးမဖွင့်ဘူးလား ...မင်းလူလိုနားမလည်ဘူးလား ."
ခက်ဝေလတ်ရဲ့အသံကြောင့် သက်ဝေလတ်တံခါးကိုဝုန်းခနဲဆွဲဖွင့်လိုက်ပြီး
"ဟေ့ကောင်ဘာလဲ ...မင်းကဘာလုပ်ချင်လို့လဲ ..လင်မယားချင်းစကားများလို့ လက်ပါတာမင်းနဲ့ ဘာဆိုင်လို့လဲ ...ဘာလဲမင်းက ငါ့မိန်းမကို ကြိုက်နေတာလားခက်ဝေလတ် "
" ဘာကွ ..ကဲကွာ "
သက်ဝေလတ်ရဲ့ ရိုင်းစိုင်းတဲ့စကားကြောင့် ခက်ဝေလတ် စိတ်တိုသွားပြီး သက်ဝေလတ်ကို လက်သီးနဲ့ထိုးပစ်လိုက်တယ်။ ဒီအခါ သက်ဝေလတ်ကလဲ ပြန်လှန်ထိုးကြိတ်ရင်း ညီအစ်ကိုနှစ်ယောက်ကြား ရန်ပွဲဖြစ်ပေါ်လာခဲ့တယ်။ ဒီအချိန်မှာပဲ အခန်းဝဆီကို ပြေးလွှားလာကြတဲ့ ခြေသံများပေါ်ထွက်လာပြီး ဒေါသတကြီး အော်ဟစ်တားမြစ်လိုက်တဲ့ အသံထွက်ပေါ်လာခဲ့တယ်။
@@@@@#@@@@@@@@@@@
အပိုင်း (၂၀) ဆက်ရန်
#ဧကြည်ဖြူ
ဒီနေ့ စာမူတိုသွားပါတယ်။
ရေးပြီးသား စာမူပျက်သွားလို့ အသစ်ထပ်ရေးလိုက်ရလို့ပါရှင်
" ဒါလဲ ဟုတ်တာပဲ ..ဒီလိုလုပ်မလားနွေ ... ဒီကိစ္စကို ကိုယ့်ဘာသာစုံစမ်းကြည့်မယ် ....နွေဝင်မပါနဲ့လေ ..ဖြစ်နိုင်ရင် နွေ့ကိုရန်ကုန် ချက်ချင်းပြန်စေချင်တာ ...ဒီမှာနေခိုင်းရတာ စိတ်မချဘူး .. ပြီးတော့ အခုတလောကိုယ့်စိတ်ထဲမှာ တစ်မျိုးကြီးခံစားနေရတယ် .. ဘာမှန်းမသိတဲ့ တစ်ခုခုကိုစိုးရိမ်နေမိတယ်"
ဖူးငုံပွင့် ခက်ဝေလတ်ရဲ့ မျက်နှာကိုငေးကြည့်နေမိပြီး နှုတ်ဆိတ်နေမိတယ်။တကယ်ပဲ ခက်ဝေလတ်ပြောသလိုဘာမှန်းမသိတဲ့အဖြစ်တွေကဖူးငုံပွင့်တို့ရှေ့ကိုရောက်ရှိနေခဲ့ပြီလေ။
" ကိုခက်စုံစမ်းမယ်ဆိုရင်လဲ သတိထားပါနော် ...အဓိကက ..မငုဝါကိစ္စကိုလဲ သတိထားပါနော် ."
"အင်းပါ နွေရယ် .. ကိုယ့်အတွက် စိတ်မပူနဲ့နော် .... နွေသာတစ်ခုခုဆိုရင် .. ကိုယ့်ခိုင်းတာလို့ ပြောနော် "
စိုးရိမ်တကြီးမှာနေတဲ့ ခက်ဝေလတ်ကို ဖူးငုံပွင့် ငေးမောကြည့်နေမိတယ်။သူတကယ်ပဲ သူမကို အဆုံးစွန်ဆုံးထိကာကွယ်ပေးနိုင်ပါ့မလားဆိုတာကိုတော့ ဖူးငုံပွင့်လဲ မဆုံးဖြတ်နိုင်သေးပါ။ အချိန်ကပဲ ဆုံးဖြတ်ပေးပေလိမ့်မယ်။တစ်နေ့တစ်ခြား နှစ်ဦးသားကြားက သံယောဇဉ်တွေတိုးလာတာနဲ့ ပြဿနာတွေလဲ ပိုများလာတာကိုတော့ဖြင့် ခက်ဝေလတ်တစ်ယောက်မသိရှာပါပေ။
~~~~
ခက်ဝေလတ်က သူ့ရှေ့မှာထိုင်နေတဲ့ နန်းနွယ်နီကို နားမလည်နိုင်သလို မော့ကြည့်လိုက်ပြီး
"ကိုယ့်အချိန်တွေ အားနေတယ်လို နန်းနွယ်ကို ဘယ်သူပြောတာလဲ ...ကြည့်ရတာ အန်တီညိုဖြစ်မယ်ထင်တယ်...ကိုယ်အလုပ်လုပ် နေတာပါ .... နောက်လလောက်ဆိုရင် ရုံးပြန်တက်ရတော့မှာ ..ရုံးချုပ်ကတော့ ရန်ကုန်မှာပေါ့ .."
"ဘာလဲ ဒါဆိုကိုခက်ဆိုလိုချင်တဲ့ အဓိပါယ်က ..ကိုခက်အလုပ်များနေလို့.. နန်းနွယ်နဲ့အပြင်မလိုက်နိုင်ဘူးလို့ ပြောချင်တာလား ..."
နန်းနွယ်နီက နှုတ်ခမ်းလေးစူပြီး မျက်ဆန်လေးထောင့်ကပ်ကာ ပြောလိုက်တယ်။
"ဆောရီးပါ နန်းနွယ်ရေ .. မင်းနဲ့ငါက သူချင်းတွေပဲ ..ပွင့်ပွင့်လင်းလင်းပဲပြောတော့မယ် ..အခုငါအလုပ်တွေ ကြိုးစားနေရတယ်....ဘာလို့လဲဆိုတော့ နောက်နှစ်မကုန်ခင် အိမ်ထောင်ပြုတော့မလို့လေ ... ကိုယ့်ဘဝကို ကိုယ်ပိုင်ငွေနဲ့ပဲထူထောင်ချင်လို့လေ "
ခက်ဝေလတ်ရဲ့စကားအဆုံးမှာ နန်းနွယ်နီရဲ့ မျက်နှာကွက်ခနဲ ပျက်ယွင်းသွားပြီး
"ကိုခက်က ချစ်ရမဲ့သူရှိနေပြီပေါ့လေ ..ဘာလဲ နိုင်ငံခြားမှာဆုံခဲ့ကြတာလား ..ဘယ်မြို့သူလဲ "
" အင်း ဟုတ်တယ် .. ရန်ကုန်ကပါ .. ဒါနဲ့ နန်းနွယ်ရော အိမ်ထောင်မပြုသေးဘူးလား "
"ဟင့်အင်း မပြုချင်သေးပါဘူး ..နန်းနွယ်အေးအေးဆေးဆေးပဲ နေချင်သေးလို့ လေ ...ကဲပါ ..နန်းနွယ်ပြန်လိုက်အုံးမယ်နော် "
နန်းနွယ်နီပြန်သွားတော့မှ ခက်ဝေလတ် သက်ပြင်းကိုချလိုက်မိတယ်။အလကားနေရင်း ချစ်ရသူက အထင်လွှဲမယ့်ကိစ္စကိုတော့ ခက်ဝေလတ်အားနာမနေဘဲ ငြင်းဆန်ပစ်လိုက်တယ်။ပြီးတော့ အဒေါ်ဖြစ်သူကိုလဲ စိတ်ထဲကမကျေမနပ်ဖြစ်သွားမိတယ်။
~~~~
"ဘာကိစ္စများလဲ ငါ့တူရဲ့ ..မင်းက ထူးထူးဆန်းဆန်း ...အန်တီညို့ အခန်းထဲလာတယ်ဆိုတော့... ဘာများပါလိမ့်ကွယ် "
ဒေါ်ညိုညိုမာက သူမအခန်းထဲထိ ၀င်လာတဲ့တူဖြစ်သူခက်ဝေလတ်ကိုကြည့်ပြီး တအံ့တဩ ပြောလိုက်တယ်။
ခက်ဝေလတ်က အဒေါ်ဖြစ်သူကို ဘာမှပြန်မပြောဘဲ ခုံမှာဝင်ထိုင်လိုက်ပြီးမှ လေသံအေးအေးနဲ့မေးလိုက်တယ်။
"နန်းနွယ်နီကို ကျွန်တော့်ဆီကို ဘာလို့လွှတ်လိုက်တာလဲ အန်တီညို "
ခက်ဝေလတ်ရဲ့အမေးကြောင့် ဒေါ်ညိုညိုမာရဲ့မျက်နှာတင်းသွားပြီး အသံမာမာနဲ့ ငြင်းဆိုလိုက်တယ်။
"အို ... သူ့ကို အန်တီက ဘာလို့ လွတ်ရမှာလဲ ...သူလာမေးလို့ မင်းအိမ်မှာရှိတဲ့အကြောင်းကို ပြောပြလိုက်ရုံပါ "
"ကဲပါ ထားလိုက်ပါတော့ ... နောက်ဆိုဒီလိုမလုပ်ပါနဲ့ ... ကျွန်တော့်မှာချစ်သူရှိပါတယ်အန်တီညို .. လာမဲ့နှစ်မှာ သူနဲ့လက်ထပ်ပြီး ရန်ကုန်မှာပဲနေမှာပါ "
ခက်ဝေလတ်ရဲ့ စကားကြောင့် ဒေါ်ညိုညိုမာရဲ့ မျက်နှာက ဝင်းပသွားပြီး
" ဟင် ...တကယ်လား တူလေး .. ကြည့်စမ်း ..အခုမှ ပြောရလား .. မမနဲ့ ခဲအိုကိုရော ပြောပြီးပြီလား ... ဒါနဲ့ ကောင်မလေးက ရန်ကုန်ကပေါ့ ဟုတ်လား "
ဒေါ်ညိုညိုမာက ဝမ်းသာသွားတဲ့စိတ်ကိုမထိန်းနိုင်ဘဲ တူဖြစ်သူကိုမေးလိုက်တယ်။
"အမေတို့ကို မကြာခင်ဖွင့်ပြောမှာပါ ..အခုက အလုပ်ကိစ္စလေးတွေ ရှိနေသေးလို့ပါ ...ဒါနဲ့အန်တီညို့ကို မေးရအုံးမယ် ....အန်တီညို ပိတောက်စုရွာက ဦးမြင့်ဦးဆိုတဲ့လူနဲ့ ဘယ်လိုပတ်သက်ခဲ့တာလဲ
"
"ဘာ ..ဘာပြောလိုက်တယ် ခက်ဝေလတ် ...မင်း ... မင်းဘာမေးလိုက်တာလဲ "
ခက်ဝေလတ်ရဲ့မေးသံအဆုံး မှာ ဒေါ်ညိုညိုမာတစ်ယောက် ထိုင်နေရာမှ ဝုန်းခနဲထရပ်ပြီး ပြန်မေးလိုက်တယ်။
"ပိတောက်စုရွာက ဦးမြင့်ဦးဆိုတဲ့ လူအကြောင်းကို မေးတာပါ .လွန်ခဲ့တဲ့ (၁၃)နှစ်က အန်တီနဲ့ တွဲခဲ့တဲ့ သူလေ ... "
" တော်စမ်း ကိုခက် .. မင်းဘာတွေလာမေးနေတာလဲ ..လွန်ခဲ့တဲ့ (၁၃)နှစ်ကျော်က ငါနဲ့ကိုမင်းခိုင် တွဲနေတာကို မင်းမိဘတွေအသိပဲ ..ငါ့ကို ဘာအကြောင်းတွေလာ မေးနေတာလဲ .. မင်းသွားတော့ ငါ့ အခု အိပ်ချင်နေပြီ "
ဒေါ်ညိုညိုမာ ဒေါသသံနဲ့ ပြောဆိုရင်း တူဖြစ်သူကိုမောင်းထုတ်လိုက်တယ်။
#တိမ်ခိုးဝေတဲ့နွေ
အပိုင်း (၁၉ )
******^*^*
"လိုရင်းပဲပြောမယ်နွေ... ဒေါ်ညိုမြတို့မိသားစုက လှိုင်သာယာမြို့စွန်ဘက်မှာ အချိန်အတော်ကြာနေခဲ့ကြတယ်... သေချာတာက ဒေါ်ညိုမြနဲ့ဦးမင်းခိုင်က အဲ့ဒီအချိန်ကတည်းက တိတ်တိတ်ပုန်းညားနေခဲ့ကြတဲ့ပုံပဲ ...သိတဲ့သူတွေကို ဦးမင်းခိုင်ပုံကို ပြကြည့်ပြီးမေးကြည့်တော့ သူတို့နှစ်ယောက်ဆိုတာသေချာတယ် ''
နေလင်းရဲ့ စကားကြောင့် ဖူးငုံပွင့်အံ့ဩသွားရပြီး အထိတ်တလန့် မေးလိုက်မိတယ်။
"ဒါ ..ဒါဆို .. ကျွန်မအဖေနဲ့ ပတ်သက်ခဲ့တဲ့ကိစ္စကရော..."
" အဲ့ဒီအကြောင်းကိုတော့ ဒေါ်ညိုမြ အသိဆုံးပဲနေမှာ ... သေချာတာက ဦးအောင်ဒင်ဟာ ... ဘွားကြည်ရဲ့ခြံစောင့်ကြီးဦးအောင်မိုးဆိုတာပဲ "
နေလင်းရဲ့စကားကြောင့် ဖူးငုံပွင့် သက်ပြင်းကိုချလိုက်ပြီး
" ဟုတ်မယ်ထင်ပါတယ် ...ဦးအောင်ဒင်ရဲ့ပေါင်တစ်ဖက်မှာ ကန့်လန့်ဖြတ်အမာရွတ်ရှိနေတယ် "
"ဟုတ်လား ...ဒါဆို သေချာပြီပဲ ... ကိုယ်ဒီမှာသုံးလေးရက်လောက်စုံစမ်ပြီးတာနဲ့ ..ပြန်လာတော့မှာ.... ကိစ္စတွေက ပိုပြီးရှုပ်ထွေးလာသလို အန္တရာယ်လဲရှိနိုင်တယ်နွေ ... မင်းအဲ့ဒီမှာ ဆက်နေဖို့မသင့်တော့ဘူးနော် ''
"ကျွန်မ ဒီမှာဆက်မနေဘဲ ဘယ်လိုစုံစမ်းမလဲ...အခုက ကျွန်မမိသားစုနဲ့ ပတ်သက်တာကို ရှာလို့ကို မရသေးဘူးလေ "
" ဒီမှာနွေ... ဒီကိစ္စတွေအားလုံးကဆက်စပ်နေတာပဲ... တစ်ခုကို ဖြေရှင်းနိုင်တာနဲ့ အားလုံးအဖြေပေါ်လိမ့်မယ် .... ရှင်းရှင်းပြောရရင် ဘွားကြည်ရဲ့သေဆုံးမှုက ကြံရာပါတွေ မနည်းလောက်ဘူး..နောက်ဆုံးပြောရရင် စိုင်းနော်ကောင်မလေးကိစ္စကလဲ ... ဘွား ကြည်ကိစ္စလို အရှုပ်အထွေးကြီးပဲ .ကောင်မလေးရဲ့ မိဘတွေသေဆုံးမှုကစပြီး ပြန်လိုက်ရမလိုဖြစ်နေပြီ ...အကောင်းဆုံးကတော့ မင်းအဲ့ဒီအိမ်မှာမနေတော့နဲ့နွေ "
" ဒါတော့ ကျွန်မပဲဆုံးဖြတ်ပါ့မယ် ...ဒါပဲနော် ကိုနေလင်း "
" မင်းသတိထားနော်နွေ "
နေလင်းရဲ့ သတိပေးစကားကို လျစ်လျူရှုပြီး ဖူးငုံပွင့်ဘက်က ဖုန်းအရင်ချပစ်လိုက်တယ်။ဖုန်းချပြီးချိန်မှာတော့ အံကိုတင်းတင်းကြိတ်ထားလိုက်မိတယ်။
~~~~~
"ကိုခက်တို့က ရန်ကုန်ဇာတိလို့ ပြောဖူးတယ်နော် ..ကိုခက်ရဲ့အဘိုးတို့လဲ ရန်ကုန်ဇာတိပဲလား "
ခက်ဝေလတ်မျက်နှာကို အကဲခတ်ကြည့်ရင်း ဖူးငုံပွင့်မေးလိုက်တယ်။
"အမေနဲ့ကိုယ်တို့ကတော့ ရန်ကုန်မွေးပေါ့...အဖေနဲ့အဘိုးကတော့ နယ်ဇာတိလို့ပြောတာကြားဖူးတယ်.....ကိုယ်တို့ငယ်ငယ်တုန်းက ဒီလိုအခြေအနေမဟုတ်ဘူးလေဆင်းရဲတယ် .. ကိုယ်ဆယ်နှစ်ကျော်လောက်မှာ အန်တီညိုက ဦးမင်းခိုင်နဲ့တွဲခဲ့ပြီး ချဲထီးရောင်းခဲ့ကြတယ်လေ .. အဲ့ဒီကနေ မိသားစုအဆင်ပြေလာတယ် .. နောက်တော့ ကိုယ့်အသက် (၁၄)နှစ်လောက်မှာ အဘိုးဘက် ကအမွေတွေရလိုက်လို့ ဒီအခြေအနေထိဖြစ်လာခဲ့တာပေါ့ ... အမွေရပြီးတော့ ဦးမင်းခိုင်ရဲ့ အဆက်အသွယ်နဲ့ဒီကိုပြောင်းလာခဲ့ကြတာလေ "
" ဪ ..အဘိုးက အသက်ကြီးမှ အမွေရတာပေါ့ "
"အင်း ..ဟုတ်တယ်နွေရဲ့ ... နယ်ဘက်က အဘိုးရဲ့ဘကြီးဆုံးသွားတော့ ...အမျိုးရင်းချာဆိုလို့ အဘိုးပဲရှိလို့ အဘိုးရလိုက်တာတဲ့ .. ဒါနဲ့ နွေရော ရန်ကုန်ဇာတိလား.. အဖေကပျောက်နေတယ်ဆိုတော့ အမေကရောဟင် ... ကျန်တဲ့မောင်နှမတွေရော ရှိသေးလား "
ခက်ဝေလတ်ရဲ့အမေးကြောင့် ဖူးငုံပွင့်ဖြုန်းခနဲ ဘာပြန်ဖြေရမှန်းမသိဘဲ နှုတ်ခမ်းလေးကို ဖိကိုက်လိုက်မိပြီး အသက်ကိုပြင်းပြင်းရှုလိုက်မိတယ်။ပြီးနောက် အံလေးကို ကြိတ်လိုက်မိပြီး
"အဖေပျောက်သွားတော့ ... အမေနဲ့ နွေရဲ့အစ်ကိုလဲ မတော်တဆမှုနဲ့ဆုံးသွားပါတယ် ... အခုတော့ နွေကအဒေါ်နဲ့ နေတာပါ "
"ဟာကွာ ..ဆောရီးပါနွေရယ် .... စိတ်မကောင်းလိုက်တာကွာ "
ခက်ဝေလတ်က ချစ်သူရဲ့ လက်ကလေးကို ဆုပ်ကိုင်လိုက်ပြီး စိတ်မကောင်းစွာပြောလိုက်မိတယ်။
"ရပါတယ်ကိုခက်ရယ်..ဒီကိစ္စတွေက ကြာခဲ့ပါပြိ ....ခုချိန်မှာနွေသိချင်တာက .. နွေ့ရဲ့အဖေက ဘယ်ကိုရောက်သွားတာလဲ ..ဘာဖြစ်သွားတာလဲပဲ သိချင်တာပါ ..အဖေ့အကြောင်းကို မမညိုသိချင်မှလဲသိပါလိမ့်မယ်...ဒါပေမဲ့ အဖေပျောက်ဆုံးသွားချိန်မှာစုံးစမ်းလိုက်တဲ့အခါ မမညိုနဲ့တွဲရိုက်ထားတဲ့ပုံကို ရလိုက်တာပါ "
"ဒီကိစ္စကို ကိုယ်သေချာစုံစမ်းပေးပါ့မယ်ကွာ .. ဒါနဲ့ နွေ့အဖေ ပျောက်သွားတာဘယ်နှစ်ကလဲ မှတ်မိလား "
" မှတ်မိတာပေါ့ ကိုခက်ရယ် ... နွေတို့မိသားစုအတွက် ငရဲကျခဲ့တဲ့နှစ်လေ ...လွန်ခဲ့တဲ့ (၁၃)နှစ်က ဖြစ်ခဲ့တာပေါ့ ... အဲ့ဒီတုန်းက နွေတို့က နယ်မှာပဲနေခဲ့ကြတာလေ "
" လွန်ခဲ့တဲ့ (၁၃) နှစ်ဟုတ်လား..အဲ့ဒါဆိုကိုယ့်အသက် (၁၂ ) ကျော်ကပေါ့ ... အင်း ..အဲ့ဒီအချိန်ကဆိုရင် အန်တီညိုနဲ့ ဦးမင်းခိုင်တို့ တပူးတွဲတွဲရှိနေကြတဲ့အချိန်ပဲ ... ကိုယ့်အထင် နွေ့အဖေနဲ့ ပတ်သက်မှုက ရိုးရိုးမိတ်ဆွေတွေ အဆင့်ပဲဖြစ်မယ်ထင်တယ် "
ခက်ဝေလတ်က တွေးတွေးဆဆနဲ့ ပြောလိုတယ်။
"အဲ့ဒါကိုပဲ နွေလဲသိချင်တာပါ ကို ခက်ရယ် ..ဒါပေမဲ့ မမညိုကိုမေးဖို့က အဆင်မပြေဘူး ..အထူးသဖြင့် နွေကိုယ်တိုင် မေးဖို့က ပိုပြီးအဆင်မပြေဘူးလေ "
" ခြံရှင်းဖို့ဟုတ်လား ...ဘယ်သူခိုင်းတာလဲ...ဒီလောက်ခြံကျယ်ကြီးကို ဘယ်သူကခိုင်းတာလဲ..."
ခက်ဝေလတ်စိတ်တိုသွားပြီး မေးလိုက်တယ်။
"တစ်ယောက်တည်းမဟုတ်ပါဘူး ....ပိန်သေးတို့လဲပါပါတယ် "
" ကျွတ် .. ဘာတွေမှန်းလဲမသိဘူး ကွာ ..အိမ်မှာခြံစောင့်လဲမထားကြဘူး ... အရမ်းမလုပ်နဲ့နိုင်သလောက်ပဲလုပ်နော် ... ကိုယ်အပြင်သွားပြီး နေ့စားအလုပ်သမားသွားရှာလိုက်အုံးမယ်"
"မဟုတ်တာ ...အဲ့ဒီလိုလုပ်ရင်လူကြီးတွေစိတ်ဆိုးသွားလိမ့်မယ် .. နွေလုပ်နိုင်ပါတယ် .. ခြံထဲဆင်းမလာနဲ့နော်.... ပိန်သေးတို့ညှပ်စိတို့ ရိပ်မိသွားလိမ့်မယ် "
ဖူးငုံပွင့်မှာပြီးထွက်လာခဲ့တော့ ခက်ဝေလတ်တစ်ယောက်မျက်နှာပုတ်ပုတ်နဲ့ ကျန်ခဲ့တော့တယ်။
~~~~~~~
ဖူးငုံပွင့် အလုပ်လုပ်နေချိန်မှာ ဖုန်းမြည်လာတာမို့ ပိန်သေးတို့နဲ့ ခပ်ဝေးဝေးထိလျှောက်လာခဲ့ပြီး ဖုန်းကိုင်လိုက်တယ်။
"ဟယ်လို ...ကိုနေလင်းဘာသတင်းထူးလို့လဲ "
ဖူးငုံပွင့်ဖုန်းကိုကိုင်လိုက်ပြီး ခပ်တိုးတိုးမေးလိုက်တယ်။
"အင်း စကားပြောလို့ရရဲ့လား ...အနားမှာဘယ်သူရှိလဲ .."
"ရတယ်ပြောပါ ... ခြံထဲမှာအလုပ်လုပ်နေကြတာ"
ဖူးငုံပွင့်က တိုးတိုးပြန်ဖြေလိုက်တယ်။
"ဒေါ်ညိုညိုမာရဲ့ အကြောင်းကိုသိခဲ့ရပြီ...သူတို့နေခဲ့တဲ့ရပ်ကွက်ကလူတွေ သူ့ကိုသိတဲ့နာမည်ကမညိုမြတဲ့ .. ပုံပြပြီးရှာလိုက်တော့မှ ညိုမြမိသားစုဆိုပြီးသိကြတာ ... "
@@@@@@@@@@@@@@@@@@@@@
အပိုင်း (၁၉) ဆက်ရန်
#ဧကြည်ဖြူ
စာမူတိုသွားရင် သည်းခံပေးကြပါရှင် / စာအုပ်အ၀ယ်ထွက်နေရလို့
ဖူးငုံပွင့်တံခါးရှေ့မှာ ရပ်နေချိန်မှာပဲ တံခါကပွင့်ဟလာပြီး တံခါးဝမှာ ငုဝါကိုတွေ့လိုက်ရတယ်။ အခန်းထဲကို ဖူးပုံပွင့် မသိမသာလှမ်းကြည့်လိုက်တော့ သက်ဝေလတ်တစ်ယောက် လက်တော့တစ်လုံးနဲ့အလုပ်ရှုပ်နေတာကိုတွေ့လိုက်ရတယ်။ ငုဝါက နွားနို့ခွက်ကိုလှမ်းယူရင်း ဖူးငုံပွင့်လက်ထဲကို တစ်စုံတစ်ခုကို ထည့်ပေးလိုက်တာမို့ ဟန်မပျက်အောင် ယူလိုက်ပြီး ပြန်ထွက်ခဲ့လိုက်တယ်။
~~~~~
ညဆယ်နာရီကျော်။သုခမြိုင်စံအိမ်တစ်အိမ်လုံးက အိပ်ပျော်နေခဲ့ပြီ။ ပိန်သေးလဲ ခေါင်းအုံးပေါ်ကို ခေါင်းချလိုက်တာနဲ့ အိပ်ပျော်သွားခဲ့ပြီဖြစ်တယ်။ ပိန်သေးအိပ်ပျော်သွားတော့မှ ငုဝါပေးလိုက်တဲ့စာလေးကိုဖူးငုံပွင့်ထုတ်ဖတ်လိုက်တယ်။
"ဟိုဟာရပြီးတဲ့နေ့ကစပြီး ငြိမ်နေတယ် ..အရင်လောက် အရိုက်မခံရဘူး .. သက်သေအလုံအလောက်ရပြီရင် ... သူ့နဲ့ပြဿနာတက်အောင်လုပ်လိုက်မယ် .. အဲ့ဒီအချိန်ကျရင် ရဲကိုခေါ်ပေးပါရှင် ...ကျွန်မရဲ့ဗီဒီယိုတွေကိုဖြန့်လိုက်လို့ အရှက်ကွဲရင်လဲကွဲပါစေ တော့ ...ဒီငရဲမှာဆက်ပြီး မနေနိုင်တော့ပါဘူး "
စာကတိုပေမဲ့စာထဲမှာ ငုဝါရဲ့ သတ္တိတွေကိုမြင်နေရပြီဖြစ်တယ်။ငုဝါရဲ့ဆုံးဖြတ်ချက်က ဒီ ယောကျာ်းရဲ့လက်ကအပြီးတိုင် လွတ်မြောက်အောင်ဆုံးဖြတ်ထားပြီးသားဖြစ်ပုံပင်။ဖူးငုံပွင့်စာရွက်လေးကိုလုံးချေဖျက်ဆီးလိုက်ပြီး နှေးကွေးလေးလံတဲ့ခြေလှမ်းတွေနဲ့ အခန်းပြင်ကိုထွက်လာခဲ့လိုက်တယ်။ ဒီညတော့ ဝရံတာဆီကို ဖူးငုံပွင့်မသွားဖို့ဆုံးဖြတ်ထားပေမဲ့ စိတ်ကဘယ်လိုမှတားဆီလို့မရနိုင်ခဲ့။ဒေါ်ညိုညိုမာတို့ ပြောနေကြတဲ့ စကားတွေကိုကြားလိုက်ရတော့ရင်ထဲမှာ နေမထိထိုင်မသာ ဖြစ်လာရတယ်။ဘာအကြောင်းကြောင့်မှန်းမသိ ခက်ဝေလတ်ကို အဝေးပို့ချင်နေကြတဲ့ မိသားစုတွေ။ဒီမိသားစုကြားမှာ တစ်ယောက်တည်းလိုလိုဖြစ်နေရှာတဲ့ ချစ်သူအကြောင်းကိုတွေးလိုက်မိတော့ရင်ထဲက သံသယအစိုင်အခဲကြီးကလဲ ဝေဝါးလွင့်ပြယ်သွားခဲ့ရပြန်တယ်။ဖူးငုံပွင့်ရဲ့ ခြေလှမ်းတွေကဝရံတာဘက်ဆီကို ဦးတည်လျှောက်လှမ်းလိုက်တယ်။
~~~~~~
"တစ်ညနေလုံးမတွေ့ရလို့ စိတ်ပူနေတာ ဘာတွေလုပ်နေရတာလဲ... နေရောကောင်းရဲ့လားကွာ ..."
ခက်ဝေလတ်က စိုးရိမ်ပူပန်စွာမေးလိုက်ရင်း ဖူးငုံပွင့်ရဲ့နဖူးပြင်လေးကို ခပ်ဖွဖွလေးစမ်းလိုက်တယ်။
"နေကောင်းပါတယ်ကိုခက်ရယ် .. အလုပ်တွေများနေလို့ပါ ....ဒါနဲ့
ကိုခက်ကို မေးစရာရှိတယ်မှန်မှန်ဖြေနော် .."
"နွေ့ကို ကိုယ်ဘယ်တော့မှမညာပါဘူးကွာ စိတ်ချပါ..ဘာမေးမှာလဲ မေးလေ "
" ဒီ ..ဒီလိုပါ ....နန်းနွယ်နီကို ကို ခက်ချစ်ခဲ့တာလားဟင် "
ဖူးငုံပွင့်ရဲ့မေးခွန်းကြောင့် ခက်ဝေလတ်မှာအံ့ဩသွားရပြီး
"မဟုတ်တာကွာ ... ကိုယ်တို့ကသူငယ်ချင်းတွေပါ ....နန်းနွယ်နီက သူ့ဘာသာအိမ်ကိုလာလည်တာပါ..ရှင်းရှင်းပြောရရင် ... ကိုယ်ကလဲ အန်တီညိုမကြိုက်မှန်းသိလို့ကို နန်းနွယ်နီကိုတမင်မတားခဲ့တာ...နွေကဘာလို့မေးတာလဲဟင်...အန်တီညိုကဘာတွေပြောလိုက်လို့လဲ .."
ခက်ဝေလတ်ရဲ့ အမေးကြောင့် ဖူးငုံပွင့်အဖြေရခက်သွားမိတယ်။သူ့မိဘတွေနဲ့သူ့အဒေါ် ပြောခဲ့တဲ့အကြောင်းတွေကို သူမ ဘယ်လိုပြန်ပြောပြရမှာတဲ့လဲ။ သိသွားခဲ့ရင်လဲ သူပဲစိတ်မကောင်းဖြစ်ရမဲ့ကိစ္စကို ဘယ်လိုပြောထွက်ပါ့မလဲ။ဖူးငုံပွင့်သက်ပြင်းချလိုက်ပြီး
"ဒီလိုပဲ မေးကြည့်လိုက်တာပါ...မနေ့ကလဲ ဘယ်သွားမယ်လို့ မှ မပြောသွားတာ "
"ဘာလဲ ဒါဆို ..ကိုယ့်ကိုသဝန်တိုလို့ မေးနေတာလား "
ခက်ဝေလတ်က ကြည်နူးစွာမေးလိုက်ရင်း ဖူးငုံပွင့်ရဲ့မျက်နှာလေးကို စူးစိုက်ပြီးကြည့်လိုက်တယ်။
ဖူးငုံပွင့်မှာ ခက်ဝေလတ်ရဲ့မျက်နှာကြည့်ရင်း ငိုချင်စိတ်ကို မနည်းပင်ထိန်းထားရတယ်။
"နောက်ဆိုရင် ညတိုင်းတွေ့ဖို့ အဆင်ပြေပါ့မလားဟင် ... တစ်ယောက်ယောက်တွေ့သွားမှာစိုးတယ်ကိုခက်ရယ် "
"စိတ်မပူပါနဲ့ကွာ ...ညဘက်မတွေ့ရတော့လဲ ... နေ့ဘက်ပဲတွေ့ကြတာပေါ့ .. ကိုယ်မပါပဲ နွေလဲအပြင်မထွက်ရဘူးနော် စိတ်ပူလို့ပါ "
" အင်းပါ ..မထွက်ပါဘူး ...ကိုခက်လဲ ဂရုစိုက်အုံး... မနေ့ကသွားတဲ့ ကိစ္စကရော ဘာတွေသိခဲ့ရသေးလဲ "
" ကိစ္စကတော့ ကိုယ်တို့ထင်တဲ့ အတိုင်းပဲ မသင်္ကာစရာတွေချည်းပဲ ...အိမ်ကိုအပိုင်သိမ်းချင်ရုံတင်တော့မဟုတ်လောက်ဘူး.... စာထဲမှာပါတဲ့ တစ်ယောက်ကိုလဲစုံစမ်းလို့ရခဲ့တယ်... ကိစ္စတွေကိုတိတိကျကျသိရဖို့ မငုဝါနဲ့ စကားပြောရမှဖြစ်မယ် ...တကယ်ပဲ မတရားနှိပ်စက်ခံနေရတာဆိုရင်တော့ ဒီကိစ္စကိုရပ်တန့်အောင်လုပ်မှာပါ ..."
"သတိလဲထားအုံးနော် ...ကိုသက်ဝေလတ်နဲ့အန်တီညိုသိသွားရင် ပြဿနာအကြီးအကျယ်တက်လိမ့်မယ်..."
ဖူးငုံပွင့်စိုးရိမ်စိတ်နဲ့ ပြောလိုက်မိတယ်။
"ကိုယ့်အတွက်စိတ်ချပါ.... ကိုယ်က မင်းကိုပဲစိတ်ပူတာ... ကိုယ်မရှိတဲ့အချိန်တွေဆိုပိုဂရုစိုက်ပါကွာ "
နှစ်ယောက်သားတစ်ယောက်ကိုတစ်ယောက်စိတ်ပူနေမိကြပြီး မှာနေမိကြတယ်။ညဆယ့်နှစ်နာရီ ကျော်တဲ့အထိနှစ်ယောက်သား တစ်ယောက်မျက်နှာကို တစ်ယောက်ကြည့်ပြီး တိတ်ဆိတ်နေမိကြတယ်။
~~~~~
"ဒီနေ့ခြံထဲမှာအမှိုက်တွေ ရှင်းခိုင်းထားတယ်....သွားလုပ်လိုက်အုံးမယ် "
ဖူးငုံပွင့်က ဦးအောင်ဒင်ရဲ့ အခန်းထဲက လျှော်ဖို့အဝတ်တွေကိုယူရင်းကနေ ခက်ဝေလတ်ကို ခပ်တိုးတိုးကပ်ပြောလိုက်တယ်။
ဒေါ်ညိုညိုမာရဲ့အမေးကြောင့် ဖူးငုံပွင့်ဖြုန်းခနဲ ဘာပြန်ဖြေရမှန်းမသိဖြစ်သွားမိပြီးမှ အလိုက်သင့် ပြန်ဖြေလိုက်တယ်။
"ဟုတ်ကဲ့ သွားပါတယ် မမညို "
" ဘယ်အချိန်ကသွားပြီး... ဘယ်အချိန်မှပြန်ရောက်တာလဲ "
" နေ့လယ်လောက်ကသွားတာပါ .. ညနေငါးနာရီထိုးခါနီးလောက်ပြန်ရောက်ပါတယ် "
" ဟုတ်လား ..အေး ..သွားတော့ ..."
~~~~~~
"ပိန်သေး .. မနွေဘာလုပ်နေလို့လဲ ... အဘိုးကိစ္စက သူ့တာဝန်လေ .."
နွားနို့ခွက်ကိုကိုင်ပြီး အခန်းထဲဝင်လာတဲ့ ပိန်သေးကို ခက်ဝေလတ်မေးလိုက်တယ်။သူအပြင်က ပြန်ရောက်ပြီးကတည်းက တစ်ညနေ့လုံးဖူးငုံပွင့်ကို မတွေ့ရသေး။ဘိုးအေးဖြစ်သူကို ညနေစာလာပို့ပေးတော့လဲပိန်းသေးဖြစ်နေခဲ့ပြန်တယ်။တစ်ခုခုကို အကြောင်းပြပြီး ခေါ်ခိုင်းလိုက်ရင်လဲ အပြေး ရောက်လာသူကပိန်သေး။ အခုလဲ လာပို့နေကျ သူမကရောက်မလာဘဲ ပိန်းသေးပဲရောက်လာတာမို့ ခက်ဝေလတ်မေးလိုက်မိခြင်းဖြစ်တယ်။
"မနွေကို မမညိုကခိုင်းနေလို့ပါ အစ်ကိုလေး "
ပိန်သေးရဲ့စကားကြောင့် ခက်ဝေလတ်စိတ်ထဲ တင်းခနဲဖြစ်သွားရပြီး အခန်းပြင်ကိုခြေသံပြင်းပြင်းနဲ့ ထွက်ခဲ့လိုက်တယ်။
~~~~~
"ညည်းပြောတာဖြစ်နိုင်ပါ့မလား အေ "
ဒေါ်ဝေဝေမာက စိတ်ပူပြီးညီမဖြစ်သူကို ပြောလိုက်တယ်။
"ဘာလို့ မဖြစ်နိုင်ရမှာလဲ မမရယ် ..မမသားကဘာသားနဲ့ ထုထားတာမို့လို့လဲ ....ယောကျာ်းပဲ ကြာကြာမခံနိုင်ပါဘူး ..နန်းနွယ်နီလေးကဒီလောက်လှတာ .. ပြီးတော့ မမသားဘယ်လိုငြင်းငြင်း ...နိုင်ငံခြားကိုမသွားခင်ကတော့ နန်းနွယ်နီကိုသူချစ်နေခဲ့တာသေချာပါတယ် .. ခဲအို သဘောကရောဘယ်လိုလဲ ...."
ဒေါ်ညိုညိုမာက ခဲအိုဖြစ်သူကို မေးလိုက်တယ်။
"ငါ့သဘောကတော့ ...သူ့ကိုရန်ကုန်ပဲဖြစ်ဖြစ် .. နိုင်ငံရပ်ခြားပဲဖြစ်ဖြစ်ပို့လိုက်ချင်တာ ..."
" အမယ်လေး သူ့ကိုအဲ့ဒီလိုသွားမပြောလိုက်ပါနဲ့နော် ..ရှင့်သားအကြောင်းကို သိတယ်မဟုတ်လား ... ညိုညိုပြောတာက ဖြစ်နိုင်တယ် ....ကောင်မလေးကို ကြည့်ရတာလဲ သားကိုသဘောကျနေပုံပါပဲ ... သူ့မှာကောင်မလေးနဲ့ အလုပ်ရှုပ်နေရင် အိမ်ကိစ္စတွေကို စိတ်ဝင်စားနိုင်မှာမဟုတ်ဘူး .. နောက်ရက်ကစပြီး ...ညိုညိုပြောသလိုသာလုပ်ကြတာပေါ့ ..ပြီးတော့ သူပြန်ရောက်လာကတည်းက ရှင့်အဖေနားကိုတောင်ရှင်ကပ်လို့ရလို့လား ....ဒီလိုသာဆို ရှင့်အဖေသာတစ်ခုခုဖြစ်သွားရင်... ဟိုပျောက်နေတဲ့ ပစ္စည်းတွေက ဘယ်လိုလုပ်မလဲ ..တော်ကြာရှင့်ညီမလက်ထဲကို ရောက်သွားရင် ဘယ်လိုလုပ်မလဲ ..အခုတောင်ရှင့်ညီမနဲ့ ရှင့်တူမက အိမ်နဲ့ ခြံကိုတစ်ဝက်ခွဲဖို့ပြောနေကြပြီ ...ပျောက်နေတဲ့ ပစ္စည်းတွေကြောင့်သာ လောလောဆယ် ငြိမ်နေကြတာ ...ဒီအိမ်နဲ့ ခြံကို ခွဲလိုက်တယ်ထားအုံး....သူတို့က သားအမိနှစ်ယောက်တည်းလေ ..ကျွန်မတို့က တစ်ပြုတစ်မကြီးသိတဲ့အတိုင်းပဲ ..အဲ့ဒါကြောင့် ရှင့်အဖေဘယ်နားဝှက်နိုင်သလဲ သေချာစဉ်းစားပါတော် ... ရှင်တို့က အနီးကပ်နေခဲ့တဲ့သားအဖေတွေမဟုတ်လား "
ဒေါ်ဝေဝေမာက ယောကျာ်းဖြစ်သူကို အားမလိုအားမရနဲ့ပြောလိုက်တာ။ ဒီအခါ ညီမဖြစ်သူ ဒေါ်ညိုညိုမာကပါ ဝင်ပြောလိုက်ပြန်တယ်။
" မမပြောလို့ပြောရအုံးမယ် ..ဘာပဲဖြစ်ဖြစ်ဒီအိမ်နဲ့ ဒီခြံကိုခွဲရင် ညိုလဲပါတယ်ဆိုတာကို ... ခဲအိုရဲ့ ညီမနဲ့တူမကိုပါ ပြောထားလိုက်အုံးနော် ... ဖြစ်လာမှ ကကျိုးကကြောင်လုပ်ဖို့တော့မတွေးနဲ့လို့ ပြောထားလိုက်အုံး "
" အေးပါ မိညိုရာ ...ငါသိပါတယ် မပူပါနဲ့ .. ဒါပဲမဟုတ်လား ....နင်လဲ နင့်အခန်းကိုသွားတော့ ငါအိပ်ချင်ပြီး "
ဦးမင်းလတ်က ခယ်မဖြစ်သူကို စိတ်မရှည်စွာအော်လိုက်ပြီး ဟူးခနဲသက်ပြင်းကိုချလိုက်တယ်။
~~~~~
ဖူးငုံပွင့်မှာ ဒေါ်ဝေဝေမာတို့ အခန်းရှေ့မှာ ခြေစုံရပ်ပြီးငြိမ်သက်ကာနားထောင်နေမိရာမှ အခန်းထဲက ခြေသံကြားလိုက်ရတာမို့ ခြေလှမ်းတွေကိုခပ်မြန်မြန်ပြန်ဆုတ်လိုက်ရတယ်။ ဒီလိုနဲ့ဒေါ်ညိုညိုမာ အခန်းပြင်ကိုရောက်ချိန်မှာ ဖူးငုံပွင့်ကနွားနို့ခွက်ဗန်းကို ကိုင်ပြီး စင်္ကြန်လမ်းပေါ်က လမ်းလျှောက်လာတဲ့ ပုံစံမျိုးဖြစ်နေခဲ့တယ်။
"မိနွေ .. နွားနို့လာပို့တာလား "
" ဟုတ်ကဲ့ ..မမညို "
" အေး .. အေး ..ပို့စရာရှိတာပို့ပြီး ရင် သွားတော့ "
"ဟုတ်ကဲ့ပါ မမညို "
~~~~
" ဒေါက် ..ဒေါက် "
သက်ဝေလတ်တို့ရဲ့အခန်းတံခါးကိုခေါက်လိုက်ရင်း ဖူးငုံပွင့်ရင်တွေတုန်နေမိတယ်။စပိုင်ကင်မရာလေးပေးလိုက်တာသုံးလေးရက်ရှိသွားမဲ့ ငုဝါတို့ရဲ့အခန်းက ငြိမ်သက်လွန်းနေခဲ့တယ်။ ကြားရက်တွေမှာ ငုဝါတို့အခန်းကို ဖူးငုံပွင့်မလာဘဲ ပိန်သေးကိုပဲခိုင်းခဲ့တာ။တစ်ယောက်တည်း နေ့စဉ်လုပ်ပေးနေရင် သက်ဝေလတ်ဘက်က သင်္ကာမကင်းဖြစ်မှာကို စိုးရိမ်လို့ အလှည့်ကျလုပ်ပေးနေခဲ့တာ။ခက်တာက သက်ဝေလတ်တို့အခန်းက တခြားအခန်းတွေလို သန့်ရှင်းရေးလဲ မလုပ်ပေးရ၊ အဝတ်လဲမလျှော်ပေးရတော့ ဆက်သွယ်ဖို့က ခက်ခဲနေတာ။ ဒီအိမ်မှာ ငုဝါကိုမျက်နှာချင်းဆိုင်တွေ့ရဖို့ဆိုတာ မနက်အဆာပြေစားချိန်နဲ့ ညစာစားချိန်ရယ် အလုပ်သွားအလုပ်ပြန်ချိန်ပဲရှိတာ။ အဲ့ဒီအချိန်တွေကလဲ ဘေးနားမှာသက်ဝေလတ်က အမြဲရှိနေတာမို့ မျက်ရိပ်မျက်ကဲပြဖို့ပင် မလွယ်ကူတဲ့ အခြေအနေဖြစ်နေခဲ့ရတာမဟုတ်ပါလား ။
#တိမ်ခိုးဝေတဲ့နွေ
(အခန်းဆက် ဝတ္ထု )
အပိုင်း (၁၈)
*****
ဖူးငုံပွင့်မြင်လိုက်ရတဲ့မြင်ကွင်းကိုကြည့်ပြီး ကြောင်အသွားမိတယ်။ရင်ထဲမှာလဲ အမည်မဖော်နိုင်တဲ့ စိတ်ရှုပ်ထွေးမှုတွေ ဖြစ်ပေါ်ခံစားလိုက်ရတယ်။ဖူးငုံပွင့်ရဲ့ ကြောင်အအ အမူအရာကိုကြည့်ပြီး ဒေါ်ခိုင်ကစိတ်တိုပြီး ထပ်အော်လိုက်တယ်။
"မိနွေ ...အဲ့ဒါ ဘာလုပ်နေတာလဲ ....ကဲဟယ် ....သွားတော့ ...ဖယ်တော့ ... နောက်ဆို ဝင်မပါနဲ့တော့ ..သွား "
ဒေါ်ခိုင်ပြောပြောဆိုဆိုနဲ့ ဖူးငုံပွင့်ခန္ဓာကိုယ်လေးကို တွန်းလိုက်တာမို့ ဖူးငုံပွင့်လဲခုတင်နဲ့ခပ်ဝေးဝေးထိရောက်လာခဲ့ပြီး အခန်းပြင် ကိုငူငူငိုင်ငိုင်နဲ့ ထွက်လာခဲ့မိတယ်။ရင်ထဲမှာတော့ ကျင်စက်နဲ့ အတို့ခံလိုက်ရသလို ကျိန်းစက်နာကျင်သွားရပြီး မျက်လုံးအိမ်ထဲမှာတော့ ဦးအောင်ဒင်ရဲ့ပေါင် တစ်ဖက်က အမာရွတ်ကြောင်းကြီးကိုမြင်ယောင်နေမိတယ်။တကယ်လို့များ ဦးအောင်ဒင်ကဦးအောင်မိုးဖြစ်ခဲ့ရင် စည်းစိမ်ချမ်းသာတွေက ဘယ်ကရလာတာလဲ။ဦးအောင်မိုးက နေလင်းတွေးထင်ယူဆထားသလိုဖြစ်နေခဲ့ပြီးလား။ ဒါဆိုရင် သူမမိဘတွေရဲ့သေဆုံးမှုကရော ဦးအောင်မိုးရဲ့လက်ချက်ပေပဲလား ။ ဒီလိုဆိုရင်ဖြင့် ခက်ဝေလတ်နဲ့ သူမရဲ့ ဇာတ်လမ်းက ဘယ်လိုရှေ့ဆက်ရမလဲ။ အကြောင်းအရာတချို့ကို ဆက်စပ်တွေးကြည့်နေရင်းနဲ့ ဖူးငုံပွင့်ရဲမျက်ဝန်းအိမ်ထဲမှာ မျက်ရည်တွေက ရစ်ဝဲတက်လာသလို အံကိုလဲ တင်းတင်းကြိတ်ထားလိုက်မိတယ်။
~~~~~~
ဖူးငုံပွင့် အလုပ်လုပ်ရတာစိတ်နဲ့လူမကပ်ဖြစ်နေပြီး လူကငေးတိငေးငိုင်နဲ့ဖြစ်နေခဲ့တယ်။
"တီ..တီ...တီ "
ခြံရှေ့ကကားဟွန်းတီးသံကို ကြားနေပေမဲ့ ခြံပြင်ကိုထွက်ဖို့ရာ ဖူးငုံပွင့်ရဲ့ ခြေထောက်တွေ လေးလံနေခဲ့တယ်။ ခြံရှေ့က ကားသံဟာ ခက်ဝေလတ်ရဲ့ ကားသံမှန်းသိနေတာမို့ ခြံဝဆီကိုသွားဖို့ရာ ဖူးငုံပွင့်ရဲ့ခြေလှမ်းတွေ လေးလံနေခဲ့တယ်။
~~~~
ဖူးငုံပွင့် ခြံတံခါးကိုသော့ဖွင့်ပြီးချိန်မှာပဲ ခက်ဝေလတ်က ခြံတံခါးဝမှာရပ်နေခဲ့ပြီး တံခါးတွေကို ကူပြီးဖွင့်လိုက်တယ်။တံခါးဖွင့်နေရင်းက ခက်ဝေလတ်ရဲ့ အကြည့်တွေက ဖူးငုံပွင်ဆီမှာရောက်နေခဲ့ပြီး စိုးရိမ်တကြီးနဲ့ မေးလိုက်တယ်။
"နွေ မင်းနေမကောင်းဘူးလား ...ဘာဖြစ်လို့လဲ မျက်နှာလဲ မကောင်းဘူး ...အိမ်မှာဘာပြဿနာဖြစ်လို့လဲဟင် "
ခက်ဝေလတ်ရဲ့ စိုးရိမ်တကြီး မေးသံကြောင့် ဖူးငုံပွင့် ပစ္စုပ္ပန်ကိုပြန်လည်သတိရသွားမိပြီး ခက်ဝေလတ်ရဲ့မျက်နှာကို ငေးငေးရီရီနဲ့ ကြည့်လိုက်မိတယ်။
"ဘာဖြစ်လို့လဲ ..နေမကောင်းဖြစ်နေတာလား ... ဘာဆေးသောက်ထားသေးလဲ "
" အို ... မလုပ်ပါနဲ့ ..တစ်ယောက်ယောက်မြင်သွားပါ့မယ်
ခက်ဝေလတ်က စိုးရိမ်စိတ်နဲ့ ဖူးငုံပွင့်ရဲ့ နဖူးပြင်လေးအနှံ့ကို သူ့လက်ဖဝါးနဲ့ စမ်းလိုက်တာမို့ ဖူးငုံပွင့်အလန့်တကြားတားမြစ်လိုက်ရင်း ဦးခေါင်းကို အမြန်ငုံ့ရှောင်လိုက်ရတယ်။
"အင်းပါကွာ ... ဘယ်သူမှမမြင်ပါဘူး ....နေမကောင်းရင်လဲ အခန်းထဲမှာ သွားနားနေလိုက်နော် .. အိမ်က ကားတွေပြန်လာရင် ကိုယ်ပဲ တံခါးဖွင့်ပေးလိုက်ပါ့မယ် "
" အို ..မဟုတ်တာ .. ဘယ်ဖြစ်မလဲ ...ရပါတယ် နွေနေကောင်းပါတယ်ကိုခက်ရယ် .. .ညနေရောက်လာတော့ အိပ်ချင်သလိုဖြစ်လာလို့ပါ ..."
ဖူးငုံပွင့် ပြန်ရှင်းပြလိုက်ပြီး ငြင်းဆန်လိုက်တယ်။
"နေကောင်းရင်ပြီးတာပါပဲကွာ ..စိတ်ပူလို့ပါ နေမကောင်းဖြစ်ချင်နေရင်လဲ ပြောနော်....ကိုယ့်ကိုယ်ကိုယ်လဲ ဂရုစိုက်အုံးနော် ..."
"ဟုတ် ...ဟုတ်ကဲ့ပါ "
" အဲ့ဒါဆို ...ကိုယ်ကားသွင်းလိုက်အုံးမယ် ... ဪ ..ဒါနဲ့လေ ငုဝါ တို့အိမ်ကို ကိုယ်ရောက်ခဲ့သေးတယ်...အဲ့ဒီအိမ်မှာ ဦးဗလနဲ့ဒေါ်သီလဲမရှိတော့ဘူး .. အလုပ်သမားအားလုံးက လူသစ်တွေချည်းပဲ ..သူတို့တွေကို ငုဝါအကြောင်း မေးကြည့်လိုက်တော့လဲ ငုဝါကဘယ်သူလဲလို့ ပြန်မေးကြတယ် .ထူးဆန်းတာက ဒီလောက် ခြံနဲ့အိမ်သေးသေးလေးကို ခြံစောင့်အလုပ်သမားတွေချည်းပဲသုံးလေးယောက်ရှိနေတယ်သိလား ... အိမ်ထဲမှာပဲလုပ်ငန်းလုပ်နေလို့လား ..လုပ်ငန်းလုပ်တယ်ထားပါအုံး ...ဘာပဲဖြစ်ဖြစ်ဒီအိမ်လေးလောက်အတွက်နဲ့ တူမတစ်ယောက်ကိုတခြားသူလက်ထဲထိုးထည့်ပေးရလောက်အောင် အိမ်ကတန်ဖိုးမရှိပါဘူး ..." .
ခက်ဝေလတ်က တတွတ်တွတ်ပြောနေပေမဲ့ ဖူးငုံပွင့်ခေါင်းကိုသာငြိမ့်ပြနေမိတယ်။ခက်ဝေလတ်ကားပေါ်တက်ပြီး ခြံထဲကို မောင်းဝင်သွားချိန်မှာတော့ ဖူးငုံပွင့်မျက်ဝန်းမှာစို့တက်လာတဲ့ မျက်ရည်စတွေကို မျက်တောင်တွေနဲ့ ပုတ်ခတ်ဖယ်ရှားပစ်လိုက်မိတယ်။
~~~~
ခြံထဲကို ကားတွေတစ်စီးပြီး တစ်စီးမောင်းဝင်လာခဲ့ပြီး ညနေစာပြင်ဆင်ချိန်အထိ ခက်ဝေလတ်နဲ့မတွေ့အောင် ဖူးငုံပွင့်ရှောင်နေမိတယ်။ဦးအောင်ဒင်အတွက်လုပ်ပေးရမဲ့ အလုပ်တွေကိုပိန်သေးကိုပဲခိုင်းလိုက်တယ်။ ပြီးတော့ ဖူးငုံပွင့်ကမီးဖိုခန်းထဲမှာပဲအလုပ်လုပ်နေခဲ့လိုက်တယ်။
" မိနွေ ... အပေါ်ထပ်ကို လာခဲ့အုံး "
"ဟုတ်ကဲ့ မမညို"
ပြောပြီးရှေ့ကတက်သွားနှင့်တဲ့ မမညိုရဲ့နောက်ကနေ ဖူးငုံ ပွင့်နှုတ်ဆိတ်ပြီး တက်လိုက်လာခဲ့တယ်။
~~~~~.
"မိနွေ .. နေ့လယ်က ငါ့တူ အပြင်သွားသေးတာလား "
နေလင်းကသတိတွေ အကြိမ်ကြိမ်ပေးပြီး ဖုန်းချသွားခဲ့တယ်။
~~~~~
ဦးအောင်ဒင်ဆီကို နေ့ခင်း အဆာပြေစာအတွက် မုန့်တွေပို့ဖို့
ဖူးငုံပွင့်ထွက်လာခဲ့လိုက်တယ်။ဦးအောင်ဒင်ရဲ့အခန်းထဲကို ဖူးငုံပွင့် ၀င်လိုက်တော့ အခန်းထဲမှာရောက်နေတဲ့ခက်ဝေလတ်ကိုတွေ့လိုက်ရတယ်။ခက်ဝေလတ်က ဖူးငုံပွင့်ကို မြင်တော့ ကြည်ကြည်နူးနူးတစ်ချက်ပြုံးပြလိုက်တယ်။ ပြီးတော့
မှ အသံကျယ်ကျယ်နဲ့ ပြောလိုက်တယ်။
" ရောက်လာတာအတော်ပဲ... အဘိုးအတွက်ဆေးသွားဝယ်မလို့ အဘိုးကို ကြည့်ပေးထားအုံးနော် "
"ဟုတ်...ဟုတ်ကဲ့ပါ ''
ဖူးငုံပွင့်ပြန်ဖြေလိုက်ရင်း ခက်ဝေလတ်ကိုစိတ်ပူပြီး ကြည့်လိုက်မိတယ်။ခက်ဝေလတ်က မျက်လုံးတစ်ဖက်မှိတ်ပြပြီး ခပ်ပြုံးပြုံးမျက်နှာနဲ့ ထွက်သွားတာမို့ ဖူးငုံပွင့်ရှက်စိတ်မွန်ပြီး ဦးအောင်ဒင်ကို လှမ်းကြည့်လိုက်မိတယ်။ဒီအချိန်မှာဦးအောင်ဒင်က ဖူးငုံပွင့်တို့ကိုကြည့်မနေဘဲ စားပွဲပေါ်က ဆေးလိပ်ပြာခွက်လေးကို ကြည့်နေတာကို သတိထားလိုက်မိတယ်။
~~~~~
အဆာပြောမုန့်စားပြီးတော့ ပြန်အိပ်ပျော်သွားတဲ့ ဦးအောင်ဒင်ကို ကြည့်ပြီး အမာရွတ်ကိုကြည့်ခွင့်ရဖို့ ဖူးငုံပွင့်အကြံထုတ်နေမိတယ်။ဒီအချိန်မှာ ဦးအောင်ဒင် အပေါ့အလေးသွားပါစေလို့ စိတ်ထဲကကြိတ်ပြီးဆုတောင်းနေမိတယ်။
ဒီလိုနဲ့ဦးအောင်ဒင်ရဲ့ အခန်းနားကိုဖူးငုံပွင့် မကြာမကြာလာကြည့်နေမိပြီး သိပ်မကြာခင်မှာပဲ ဦးအောင်ဒင်တစ်ယောက်နိုးလာခဲ့ ကာ စားပွဲဘေးကဘဲလ်ကိုတီးလိုက်တာမို့ ဖူးငုံပွင့်ဝမ်းသာသွားမိတယ်။ဦးအောင်ဒင်ရဲ့ အခန်းထဲကနေဘဲလ်တီးသံကြားရပြီဆိုရင် ဒါဟာ ဦးအောင်ဒင်တစ်ယောက် အပေါ့အလေးသွားချင်လို့ပဲဖြစ်တယ်။ ဒီလိုအချိန်မှာ ဦးအောင်ဒင်ရဲ့အခန်းထဲကို ဒေါ်ခိုင်နဲ့ ညှပ်စိတို့သာ သွားလေ့ရှိကြတယ်။ ဒီနေ့တော့ ဒေါ်ခိုင်နဲ့ ညှပ်စိတို့နောက် ခပ်လှမ်းလှမ်းကနေ ဖူးငုပွင့် မသိမသာလိုက်ခဲ့လိုက်တယ်။
~~~~~~~~
ဖူးငုံပွင့်က ဦးအောင်ဒင်ရဲ့ မီးပူတိုက်ပြီးသား အင်္ကျီတွေကို ယူဆောင်လာခဲ့ရင်း အခန်းထဲကို လှမ်းဝင်လိုက်တယ်။ဒေါ်ခိုင်နဲ့ ညှပ်စီကဦးအောင်ဒင်ရဲ့ ခနွာကိုယ်ပေါ်ကိုစောင်ပါးလေးတစ်ထည်ကို လွှမ်းခြုံပေးပြီးဝတ်ထားတဲ့ ဘောင်းဘီပွပွကြီးကိုလဲပေးဖို့ပြင်နေကြတယ်။ဖူးငုံပွင့်က အင်္ကျီတွေကို ဗိရိုထဲထည့်လိုက်ပြီး ဒေါ်ခိုင်တို့အနားကို ခပ်မြန်မြန်လေးလျှောက်သွားလိုက်ပြီး ဝတ်လက်စဘောင်းဘီကိုလှမ်းဆွဲလိုက်တယ်။
"ဒါက မလျှော်ရသေးဘူး ဒေါ်ကြီး ...ဘယ်လိုရောသွားလဲမသိဘူး ..မလျှော်ရသေးတာကို ပြန်ဝတ်မိလို့ အဘိုးမှာယားနာတွေပေါက်ကုန်မှ ကျွန်မအလုပ်ပြုတ်မယ်ထင်တယ် .. ဒါလေးကလျှော်ပြီးသားပါ...ဒါလေးဝတ်ပေးလို့ရတယ် ဒေါ်ကြီး "
ဖူငုံပွင့်ပြောလိုက်ရင်း ဘောင်းဘီအသစ်ကို ဒေါ်ခိုင့်လက်ထဲကိုထည့်ပေးလိုက်တယ်။ပြီးတော့ ဝတ်လက်စဘောင်းဘီကို လျင်လျင်မြန်မြန်ချွတ်လိုက်ရင်း က စောင်ပါးကိုပေါင်းလယ်လောက်ထိ ဖျက်ခနဲလှပ်ပြီးကြည့်လိုက်တယ်။ ဒီအချိန်မှာပဲ ဒေါ်ခိုင့်ဆီက အသံကျယ်ကျယ်အော်တာကို ခံလိုက်ရတယ်။
"ဟဲ့ ..ဟဲ့ကောင်မလေးရဲ့ ..စောင်ကို အပေါ် ထိဘာလို့ လှန်လိုက်ရတာလဲ ..သူဌေးကြီးမကြိုက်ဘူးဟဲ့ ..မြန်မြန်ပြန်ဖုံးလိုက်စမ်း "
@@@@@@@@@@@@#@@@@@@@@@@@#@@@
အပိုင်း (၁၈) ဆက်ရန်
#ဧကြည်ဖြူ
မခံစားနိုင်လွန်းလို့ ဒီစာတွေကိုရေးနေပေမဲ့ ကျွန်မရဲ့အဖြစ်ကိုရှက်လွန်းလို့ အဖြစ်မှန်တွေကို တစ်သက်လုံးဖုံးဖိပြီး နေသွားဖို့ကိုဆုံးဖြတ်လိုက်ပါပြီ။
စာအုပ်ကလေးအဆုံးသတ်သွားချိန်မှာ ဖူးငုံပွင့်အသက်ရှုဖို့ တောင်မေ့လျော့သွားမိတယ်။အဖြစ်အပျက်တွေက မယုံကြည်နိုင်စရာတွေဖြစ်ခဲ့ပြီး ဒီအဖြစ်အပျက်တွေက ကြိုတင်ကြံစည်ထားမှုတွေပါ၀င်နေမှန်း သတိထားလိုက်မိတယ်။ငုဝါကလဲ သူမကြုံတွေ့ခဲ့ရတဲ့အဖြစ်တွေကို အခုချိန်မှာ သံသယဝင်လာခဲ့ပုံပင်။ဒါကြောင့်မို့လဲ တစ်သက်လုံး သိမ်းထားဖို့ရည်ရွယ်ထားတဲ့ စာအုပ်လေးကို သူမဆီကိုအရဲစွန့်ကာပေးလိုက်ခြင်းပင်ဖြစ်လိမ့်မယ်။
ဖူးငုံပွင့်စာအုပ်လေးကိုပိတ်လိုက်ပြီး တံခါးဝကိုလျှောက်လာခဲ့မိတယ်။တံခါးကိုဖွင့်လိုက်ချိန်မှာ စင်္ကြန်ထောင့်တစ်နေရာကခုံမှာထိုင်ပြီး လက်တော့သုံးနေတဲ့ ခက်ဝေလတ်ကို လှမ်းကြည့်လိုက်တယ်။ခက်ဝေလတ်ကလဲ ဖူးငုံပွင့်ရှိရာကိုလှမ်းအကြည့်မို့ နှစ်ယောက်သား အကြည့်ချင်းဆုံမိသွားချိန်မှာ ခက်ဝေလတ်ကဖူးငုံပွင့်ရှိရာဆီကို လျှောက်လာခဲ့တယ်။
"ဖတ်ပြီးပြီလား "
ခက်ဝေလတ်ရဲ့ အမေးကိုဖူးငုံပွင့်ခေါင်းငြိမ့်ပြလိုက်တယ်။ခက်ဝေလတ်က ဖူးငုံပွင့်လက်ထဲက စာအုပ်လေးကို ပြန်ယူလိုက်ရင်း
"ဒီကိစ္စက မူးယစ်ဆေးတစ်မျိုးမျိုးနဲ့ လုပ်ကြံမှုပဲဖြစ်လိမ့်မယ် ... ဒီကိစ္စမှာဦးမင်းခိုင်နဲ့အတူအန်တီညိုနဲ့ကိုသက်ပါ ပါနေခဲ့တာထားပါအုံး...ကိုယ့်မိဘတွေရောပါနေတာလား ...ဒီကိစ္စကို ကိုယ်သေချာစုံစမ်းရမယ် ....မင်းကိုတော့ ဘာမှမလုပ်ဖို့တောင်းပန်ပါတယ် .."
ခက်ဝေလတ်ရဲ့စကားကို ဖူးငုံ ပွင့်ခေါင်းငြိမ့်ပြလိုက်မိတယ်။ သူမအနေနဲ့ငုဝါကို မကူချင်လို့မဟုတ်ဘဲ သူမကြောင့် ပြဿနာတွေ ပိုရှုပ်သွားမှာစိုးလို့ ဝင်မပါဖို့ဆုံးဖြတ်လိုက်တာဖြစ်တယ်။ဖူးငုံ ပွင့်ရဲ့ကိစ္စက ဒေါ်ညိုညိုမာဆီမှာဖခင်ဖြစ်သူရဲ့အကြောင်းကိုသိရဖို့သာဖြစ်တယ်။ရှုပ်ထွေးလှတဲ့ ဒီပြဿနာတွေထဲကိုတော့ ဖူးငုံပွင့်ဝင်မပါလို့ပါ။သို့ပေမဲ့ နောက်ဆုံးအနေနဲ့တော့ ငုပါကိုဖူးငုံပွင့်ကူညီချင်မိ၏။
"တကယ်လို့ ကျွန်မပြန်တော့မယ်ဆိုရင် စာအုပ်လေးကျွန်မကို ပေးလိုက်ပါလားဟင် ... ဒီစာအုပ်ထဲမှာပါတဲ့ တစ်ယောက်သောသူဆီကို စာအုပ်လေးကို ပို့ပေးချင်လို့ပါ "
ဖူးငုံပွင့်ရဲ့ စကားကိုခက်ဝေ လတ် စဉ်းစားဟန်ပြုလိုက်ပြီးမှ
"သူဘယ်သူလဲဆိုတာကို စုံစမ်းပြီး ကိုယ်ပဲပေးလိုက်မယ် ...ဒီကိစ္စမှာ မင်းကို အန္တရာယ်တစ်မှုန်တောင်မကျရောက်စေချင်ဘူး "
ခက်ဝေလတ်က ဆုံးဖြတ်ချက်ခိုင်ခိုင်မာမာချပြီး ပြောလိုက်တယ်။
~~~~~~
"မိနွေ.. ညည်းအပေါ်ထပ်ကိုလာခဲ့အုံး "
"ဟုတ်ကဲ့ မမညို "
ဒေါ်ညိုညိုမာပြောပြီးတာနဲ့ အပေါ်ထပ်ကိုတက်သွားတာမို့ ဖူးငုံပွင့်မှာ ရင်တုန်တုန်နဲ့ပဲ အပေါ်ထပ်ကိုတက်လိုက်လာခဲ့ရတယ်။မြို့ထဲဆိုင်က ပြန်လာတာမကြာသေးတာမို့ မိသားစုညစာပင်မပြင်ဆင်ရသေးပါ။ဒေါ်ညိုညိုမာကိုကြည့်ရတာ မျက်နှာကရွှင်ရွှင်ပျပျသိပ်မရှိလှ။သူမပုံစံကတစ်ယောက်ယောက်နဲ့ပြဿနာတက်လာတဲ့ပုံစံမျိုးပေါက်နေခဲ့တယ်။
~~~~~
ဖူးငုံပွင့်အခန်းထဲရောက်ချိန်မှာ ဒေါ်ညိုညိုမာကအဝတ်အစားပင်မလဲနိုင်ဘဲ ဧည့်ခန်းထဲမှာ စိတ်ပျက်လက်ပျက်ပုံစံနဲ့ထိုင်နေတာကို တွေ့လိုက်ရတယ်။ဖူးငုံပွင့် အခန်းထဲကို ရောက်တာနဲ့ တစ်ပြိုင်နက် ဒေါ်ညိုညိုမာဆီက အလောတကြီးမေးသံထွက်ပေါ်လာခဲ့တယ်။
"...မိနွေ လာအုံး ... ဒီနေ့ ငါ့တူ အပြင်သွားသေးလား ...ဖုန်းဆက်တာတွေဘာတွေရောတွေ့လား "
"ဟင့်အင်း မသွားပါဘူး မမညို ... အရင်လို့ပဲ လက်တော့နဲ့ပဲ အလုပ်လုပ်နေတာပါ ...."
"ဟုတ်လား ...အဘိုးကြီး အခြေအနေဘာထူးလဲ ..စကားတွေဘာတွေပြောနိုင်ပြီလား ... ခြေလက်တွေရော လှုပ်ရှားနိုင်ပြီလား "
" စကားကောင်းကောင်းမပြောနိုင်သေးပါဘူး မမညို ..ဒါပေမဲ့ အရင်ထက်စာရင်တော့ စကားလဲနည်းနည်းပိုပီလာပြီး ပိုလဲကျန်းမာလာပါတယ်... အစားလဲ အရင်ထက်ပိုစားလာပါတယ် မမညို "
"ဟုတ်လား ... မြေးကအပြုအစုကောင်းတော့ ကျန်းမာလာတာပေါ့လေ ..ဒါနဲ့အဘိုးကြီးပါးစပ်က ပိတောက်စုရွာလို့များ ပြောသံကြားသေးလား "
"ရှင် "
ဒေါ်ညိုညိုမာရဲ့အမေးကြောင့် ဖူးငုံပွင့်ကိုယ်ထဲကသွေးတွေ အေးခဲသွားသလိုခံစားလိုက်ရတာမို့ မျက်နှာပျက်မသွားအောင် အမြန်ထိန်းလိုက်ရတယ်။
"ဟဲ့ ..မေးနေတာဖြေလေ .. အူတူတူ အတတနဲ့ဘာဖြစ်နေတာလဲ "
ဒေါ်ညိုညိုမာက စိတ်မရှည်သလို ထပ်မေးလိုက်မှဖူးငုံပွင့်ထစ်ထစ်ငေါ့ငေါ့နဲ့ ပြန်ဖြေလိုက်ရတယ်။
'ဟို ..ဟို ..မမညိုမေးတာကို သိပ်နားမလည်လို့ပါရှင် "
" ဪ ..အေ... ညည်းနဲ့ အလိုက်တာအေ .. အဘိုးကြီးက စကားပြောနိုင်လာတော့ သူ့ပါးစပ်ကနေ ပိတောက်စုရွာဆိုတဲ့အကြောင်းပြောသေးလားမေးတာ "
" ဟုတ် ...ဟုတ်ကဲ့ ... မပြောပါဘူး မမညို ... "
" အေး ..အေး မပြောလဲပြီးတာပဲ ... နောက်ရက်လဲ သူတို့မြေးအဘိုးကို စောင့်ကြည့်ထား... ကို ခက်အပေါ်ထပ်တက်တာတွေ့ရင်လဲ ဘယ်အခန်းတွေထဲဝင်လဲ မသိမသာလိုက်ကြည့်ထားကြားလား "
" ဟုတ် ... ဟုတ်ကဲ့ပါမမညို "
" အေး ..ဒါပဲ ...သွားတော့ "
#တိမ်ခိုးဝေတဲ့နွေ
(အခန်းဆက်ဝတ္ထု )
အပိုင်း (၁၇)
********* အလှူဆိုပေမဲ့ သိပ်ကြီးကြီးကျယ်ကျယ် အလှူကြီးတော့ မဟုတ်ပါဘူး။ အလှူမှာ ဦးလေးရဲ့ သူငယ်ချင်းအသိမိတ်ဆွေတွေနဲ့ ဒေါ်ညိုညိုမာတို့မိသားစုပဲရှိတယ်။ကျွန်မလဲ အလှူမှာဝိုင်းလုပ်ပေးရင်းနဲ့ နေ့လယ်လောက်ရောက်တော့ ခေါင်းမထူချင်အောင် ဖြစ်လာခဲ့တယ်။အစားရယ်လို့ မယ်မယ်ရရမစားဘဲ အအေးတစ်ဘူးပဲသောက်ထားမိလို့များလားဆိုပြီး မုန့်အမြန်စားလိုက်ပေမဲ့ မသက်သာလို့ အိမ်ကိုပြန်ဖို့ဦးလေးကိုပြောလိုက်တယ်။ ဒါပေမဲ့ သိမ်းဆည်းလို့မပြီးသေးတာနဲ့ ဒေါ်သီနဲ့ဦးဗလက ပြန်လိုက်လို့မရသေးလို့ တစ်ယောက်တည်း ပြန်ဖို့ဖြစ်လာခဲ့တယ်။ တစ်ယောက်တည်း ပြန်ဖို့ ကအဆင်မပြေတာနဲ့ ဒေါ်ညိုညိုမာက သူ့တူကိုလိုက်ပြန်ပို့ခိုင်းခဲ့တယ်။ကိုသက်ဝေလတ်လိုက်ပို့မယ်ဆိုတော့ ကျွန်မငြင်းခဲ့ပါသေးတယ်။ဒါပေမဲ့ အဲ့ဒီအချိန်မှာ ဦးလေးရောကျန်တဲ့သူတွေပါ အားလုံးအလုပ်တွေရှုပ်နေကြပြီး ကိုသက်ဝေလတ်ကလဲ ပြန်တော့မှာမို့ လမ်းကြုံလိုက်ခဲ့တယ်။ ကိုသက်ဝေလတ်က လူရှုပ်လူပွေဆိုပေမဲ့ ကျွန်မကိုစိတ်ဝင်စားဟန်လဲမပြသလို သူ့အလုပ်သမားတစ်ယောက်လိုသာ ဆက်ဆံပြောဆိုခဲ့တာမို့ ကျွန်မလဲအားနာနာနဲ့ပဲလိုက်သွားခဲ့လိုက်မိတယ်။တကယ်လို့ များ မယုံကြည်နိုင်စရာကောင်းပြီးရှက်စရာကောင်းတဲ့ ဒီလိုအဖြစ်တွေသာ ကြုံခဲ့ရမယ်မှန်းသိရင်အလှူကိုတောင် ကျွန်မသွားခဲ့မှာမဟုတ်ဘူး။
ကိုသက်ဝေလတ်နဲ့ပြန်ခဲ့တဲ့လမ်းမှာ ကျွန်မကားနောက်ခန်းကပဲ ထိုင်ပြီးလိုက်ခဲ့တယ်။ကားစီးလာတုန်းမှာ ကျွန်မရဲ့သွေးကြောတွေထဲမှာ တစ်ခါမှမဖြစ်ဘူးတဲ့ ခံစားမှုမျိုးကိုခံစားနေခဲ့ရတာကို မှတ်မိနေခဲ့တယ်။စိတ်ကပျော်နေသလိုလို ရင်တွေလဲတထိတ်ထိတ် ခုန်နေခဲ့တယ်။အဲ့ဒီနေ့က ကျွန်မ နောက်ဆုံးမှတ်မိလိုက်တာက ရှင့်ကို ပြင်းပြင်းပြပြနဲ့ လွမ်းဆွတ်နေခဲ့တယ်ဆိုတာကိုပဲ ကောင်းကောင်းသတိရတော့တယ်။အဲ့ဒီနောက်ပိုင်း ဘာတွေဖြစ်ခဲ့လဲဆိုတာကို ကျွန်မကိုယ်တိုင်မမှတ်မိချင်တာလား တကယ်ပဲမမှတ်မိတာလားဆိုတာကိုတော့ ကျွန်မလဲခုချိန်ထိမဝေခွဲနိုင်ခဲ့ပါဘူး။ သေချာတာကကျွန်မ ခုပြောပြမဲ့ အကြောင်းအရာတွေက ကျွန်မကိုယ်တိုင်မှတ်မိလို့ မဟုတ်ဘဲ ကျွန်မတို့အိမ်မှာ တပ်ထားတဲ့စောင့်ကြည့်ကင်မရာတွေ ထဲက ကြည့်ပြီးသိခဲ့ရတာတွေပါ။ ဒီကင်မရာတွေကလဲ တပ်ထားတာတော့သိပ်မကြာသေးပါဘူး။အိမ်မှာ နေ့ခင်းတွေဆိုရင် ကျွန်မရော ဦးလေးပါအလုပ်သွားနေရတာမို့ အိမ်ကိုစောင့်ကြည့်ဖို့ဆိုပြီး ဦးလေးကိုယ်တိုင်တပ်ထားခဲ့တာတွေပါ။ဒီအကြောင်းတွေကို ကျွန်မရင်ထဲမှာ မခံစားနိုင်လွန်းလို့ ချရေးလိုက်ရပေမဲ့ဒီစာတွေကို ရေးနေရင်းနဲ့ ကိုယ့်ကိုယ်ကိုယ် အရမ်းကို ရွံ့ရှာမုန်းတီးနေမိတယ်။ဖြစ်နိုင်ရင်လောကကြီးထဲကပါ ထွက်သွားချင်နေမိတယ်။ကျွန်မ ဘာတွေဖြစ်ခဲ့လဲ၊ ဘာတွေကြုံခဲ့လဲဆိုတာကို တစ်ခုမကျန်ပြောပြချင်တယ်။
ကျွန်မသတိဝင်လာပြီး ဖျတ်ခနဲလန့်နိုးလာတော့ ခေါင်းထဲက မူးဝေကိုက်ခဲတာမျိုးကိုမခံစားရတော့ဘဲ အတော်လေးသက်သာနေခဲ့ပြီ။ဒါပေမဲ့ ကျွန်မလန့်နိုးလာချိန်မှာ ကျွန်မရဲ့အခန်းထဲမှာ ကျွန်မတစ်ယောက်တည်းမဟုတ်ဘဲ ခုတင်ပေါ်မှာကျွန်မနဲ့အတူကိုသက်ဝေလတ်ပါရှိနေခဲ့တယ်။ပြီးတော့ အခန်းဝမှာဦးလေးနဲ့ ဒေါ်ညိုညိုမာအပြင် ဒေါ်သီနဲ့ ဦးဗလပါရောက်နေခဲ့တယ်။ဘာတွေဖြစ်နေတာလဲ ဘာတွေဖြစ်ခဲ့တာလဲကို ဖြုန်းခနဲကျွန်မ သဘောမပေါက်နိုင်ပေမဲ့ ကျွန်မခုတင်ပေါ်မှာ ရောက်နေတဲ့ ကိုသက်ဝေလတ်နဲ့ အဝတ်အစားမဲ့နေတဲ့ ကျွန်မရဲ့ခန္ဓာကိုယ်ကိုကြည့်ပြီး ကျွန်မသွေးပျက်အောင်အော်ဟစ်လိုက်မိသလို ကိုသက်ဝေလတ်ကိုလဲပါးတွေအကြိမ်ကြိမ်ရိုက်လိုက်မိတယ်။ကိုသက်ဝေလတ်က ကျွန်မကိုတောင်းပန်ပြီး သူလက်ထပ်ယူ ပါ့မယ်လို့ ပြောခဲ့တယ်။ဒီစကားတွေကိုကျွန်မလက်မခံခဲ့ဘဲ ကိုသက်ဝေလတ်နဲ့ ပြဿနာတွေဖြစ်ခဲ့တယ်။ ကိုသက်ဝေလတ်က သူစမှားတာမဟုတ်ဘဲ ကျွန်မဘက်ကစလို့ မှားယွင်းခဲ့မိတာပါလို့ ပြောလို့ ကျွန်မတို့ ပြဿနာတွေ အကြီးအကျယ်ဖြစ်ကြတယ်။
နောက်ဆုံးမှာ ဦးလေးကအိမ်မှာတပ်ထားတဲ့ ကင်မရာတွေကိုဖွင့်ကြည့်ခဲ့တယ်။အဲ့ဒီမှာပဲ ကျွန်မရဲ့ အရှက်သိက္ခာတွေ ရစရာမရှိအောင်ပျက်စီးခဲ့ရတော့တယ်။ကင်မရာထဲက မှတ်တမ်းဗီဒီယိုတွေကို ကြည့်လိုက်တဲ့အခါ ကိုသက်ဝေလတ်ပြောတဲ့စကားတွေက အမှန်တွေဖြစ်နေခဲ့တယ်။ကျွန်မတို့နှစ်ယောက်အိမ်တံခါးကို ဖွင့်ပြီးဝင်လိုက်တဲ့အချိန်မှာ သူက ပြန်ဖို့ပြင်နေတာကို ကျွန်မကအိမ်ထဲကို အတင်းဆွဲခေါ်ခဲ့တယ်။ပြီးတော့ အိမ်ထဲကိုရောက်တဲ့အခါ ကျွန်မကစပြီး သူ့ကိုနမ်းခဲ့တယ်။ သူကအတင်းရုန်းပြီး ပြန်ဖို့ပြင်နေတာကို ကျွန်မကပဲအတင်းတားဆီးခဲ့တယ်။နောက်ပိုင်း အကြောင်းတွေကိုတော့ မပြောပါရစေနဲ့တော့နော်။ မှတ်တမ်းတွေကို ကြည့်ပြီးရှက်လွန်းလို့ ကျွန်မသတိလစ်မေ့မျောသွားခဲ့ရတယ်။ သေချာတာက အဲ့ဒီအဖြစ်အပျက်တွေကို ကျွန်မလုံးမမှတ်မိဘူးဆိုတာပါပဲ။ ဦးလေး ပြောပုံအရတော့ ကျွန်မအလှူမှာ အချိုရည်နဲ့အရက်မှားသောက်ခဲ့မိလို့ ဖြစ်နိုင်တယ်တဲ့လေ။အရက်က လူတစ်ယောက်ကို သတိလက်လွတ်ဖြစ်စေအောင်ဒီလောက်တောင်ဆိုးဝါးလွန်းတာလား။ကျွန်မဘ၀တစ်ခုလုံး ပျက်စီးသွားခဲ့ပါပြီ။ကျွန်မရင်ထဲက နှလုံသားကလဲဒီစာနဲ့အတူ သေဆုံးသွားခဲ့ပါပြီ။တစ်ချိန်မှာ ကျွန်မရဲ့ အဖြစ်အပျက်တွေကို ရှင့်ကိုပြောပြချင်တယ်။ပြီးတော့ ရှင့်ကိုနှုတ်ဆက်ပါတယ်။မနက်ဖြန်ဆိုရင်ကျွန်မလက်ထပ်ရတော့မယ်။ ကျွန်မရင်ထဲမှာ
