cookie

We use cookies to improve your browsing experience. By clicking «Accept all», you agree to the use of cookies.

avatar

¯`*✿ ʄǟռƈʏ ƈʟօʊɖֆ ✿*´¯

:¨·.·¨: `·.. ➸ᴛʜᴀɴᴋꜱ ꜰᴏʀ ᴊᴏɪɴɪɴɢ ᴍʏ ᴄʜᴀɴɴᴇʟ❀ ᴅᴏɴ'ᴛ ʟᴇᴀᴠᴇ:( [𝖫𝖾𝖺𝗏𝖾 = 𝖻𝖺𝗇✓] ❀ (\ (\ ❀ („• ֊ •„) ╔─O─O────┓ 𝑫𝒂𝒕𝒆-30.1.2023 ┗────────╝ 𝗋𝖾𝗊 𝖻𝗈𝗍 --> @my_chuu_bot ᯾𝖮𝗐𝗇𝖾𝗋 𝖺𝖼𝖼 --> @Ren_isnt_urs

Show more
Advertising posts
373
Subscribers
No data24 hours
No data7 days
No data30 days

Data loading in progress...

Subscriber growth rate

Data loading in progress...

Photo unavailableShow in Telegram
စကားပုံဆက်မယ် ကွာအပျင်းပြေ~~~ အဖြေကိုအောက်ကချန်နယ်မှာပြောမယ်နော်ဂျိုင်းထားပေးပါ @CHANNELBYWILLIAM #AhJeon
Show all...
ရင့်ကျက်လာတယ်ဆိုတာ တကယ်တော့ ဟန်ဆောင်တတ်လာတာပါပဲ ။ တစ်ခုခုကို တမ်းတမ်းစွဲလိုချင်ပေမယ့် မျက်နှာလွဲ ဂဲပစ်ပြီး မလိုချင်ပါဘူးလို့ ခပ်တည်တည် ညာနိုင်တာမျိုးပေါ့ .... ။ ကိုယ် တကယ်လိုချင်ပေမယ့် ကိုယ်မရနိုင်မှန်းသိတဲ့အခါ မလိုချင်ပါဘူးလို့ ညာရတာလဲများပြီလေ ။ ဒါကိုပဲ ရင့်ကျက်လာလိုက်တာလို့ ခေါင်းစဉ်တွေ တပ်လာကြတာ ။ ရင့်ကျက်ဖို့အတွက် အသက်အရွယ်နဲ့လဲ မဆိုင်ဘူး ။ ဖိုမ သဘာဝနဲ့လဲ မဆိုင်ဘူး ။ ရင့်ကျက်လောက်တဲ့ ဒဏ်ရာဒဏ်ချက်တွေပဲ လိုတာပါ.... ။ ငယ်ငယ်ရွယ်ရွယ်နဲ့ ရင့်ကျက်သွားပါတယ်ဆိုတဲ့ လူတွေရဲ့ အတိတ်ကို ကြည့်တဲ့အခါ အသက်အရွယ်နဲ့ မမျှတဲ့ လောကဓံတွေ အများကြီး ရှိတယ် ။ သူများကလေးတွေ မိဘရင်ခွင်မှာ နွေးနွေးထွေးထွေး နေနေတဲ့အချိန် သူတို့မှာ ဘဝအတွက် ကြိုးစားရုန်းကုန်နေရခဲ့တာလေ.... ။ သူများကလေးတွေ လိုချင်တာ တလိုက်ရုံနဲ့ ရနေတဲ့အချိန် သူတို့ လိုချင်တာတွေကို မလိုချင်ယောင်ဆောင်ပြီး နေတတ်လာတာ ပြီးတော့ ကိုယ် တကယ်မပျော်တဲ့ အရပ်မှာတောင် ပြုံးပြီးနေတတ်လာတာပေါ့ .... ။ ခုဆို ကျွန်မလဲ တော်တော်လေး ရင့်ကျက်လာပါပြီ ။ ကိုယ် မပျော်တဲ့အရပ်မှာ ပြုံးပြုံးလေး နေတတ်လာသလို ကိုယ် လိုချင်တာတွေ ရမလာတဲ့အခါ မလိုချင်ပါဘူးလို့ ခပ်တည်တည်လေး ပြောတတ်လာပြီ ။ ရင့်ကျက်မှုလို့ ခေါင်းစဉ်တပ်ထားပေမယ့် တကယ်တမ်းကျတော့ ဟန်ဆောင်ရတာပါပဲ ။ 📖 “ မမျှော်လင့်တော့ဘူး ” စာအုပ်မှ သျှင်ယွန်း ဂျိုင်း- @by_library ✍ #AԋJҽσɳ #ဘဝရဲ့ခရီးသည် #credittooriginaltowriter
Show all...
ကြိုက်လွန်းလို့ မျက်ရည်ဝဲမိပါတယ်။ ငါ-ကျေနပ်ပါပြီ ****** ဖတ်ကြည့်နော် ၁။ ငါအိပ်ရာထဲလဲခဲ့တဲ့အခါ မိုးလင်းတဲ့အခါ ငယ်စဉ်ကလေ မင်းတို့ရဲ့ မျက်နှာနုနုလေးကို အေးမှာဆိုးလို့ ငါ နေ့စဉ် ရေနွေးနဲ့ သစ်ပေးခဲ့ပေမယ့် ငါ့ကိုတော့ ရေအေးနဲ့ သစ်ပေးရင်ပဲ ငါ ကျေနပ်ပါပြီ။ ၂။ အစာကျွေးတဲ့အခါ ငယ်စဉ်ကလေ မင်းတို့ ကြီးထွားရှင်သန်ဖို့ ဈေးကြီးတဲ့ အာဟာရမုန့်တွေ ငါဝင်အောင် ကျွေးခဲ့ပေမယ့် ငါ့ကိုတော့ အစာကျေတဲ့ ဆန်ပြုတ်ကျဲလေး ကျွေးရင်ပဲ ငါ ကျေနပ်ပါပြီ။ ၃။ ငါအစားမဝင်တဲ့အခါ ငယ်စဉ်ကလေ ထမင်းတစ်ပန်းကန် စားကုန်ဖို့ အိမ်ရှေ့အိမ်နောက် လှည့်ပတ်ပြေးလွှားနဲ့ နာရီရှည်ကြာလို့ ငါ မညောင်းခဲ့ပေမယ့် ငါ့ကိုတော့ မိနစ်ပိုင်းလောက် အားစိုက်ကျွေးရင်ပဲ ငါ ကျေနပ်ပါပြီ။ ၄။ ငါအိပ်မပျော်တဲ့အခါ ငယ်စဉ်ကလေ လေထိုးလို့၊ ဖျားလို့၊ ဝမ်းလျောလို့ ရောဂါစုံဖြစ်တတ်တဲ့ မင်းတို့တစ်တွေကို ပြုစုယုယရင်း တစ်လမအိပ်ရလို့လည်း ငါ မညည်းညူခဲ့ပေမယ့် ဝေဒနာကြောင့် အိပ်မပျော်တဲ့ငါ့ကို တစ်ရက် နှစ်ရက် သည်းခံကြည့်ပေးရင်ပဲ ငါ-ကျေနပ်ပါပြီ။ ၅။ ငါမထနိုင်တဲ့ အခါ ငယ်စဉ်ကလေ ရက်ပေါင်းများစွာ ချိုမိုင်မိုင် ဆိုပေးရင်း လက်ကလေးတွေ သန်မာအောင် ကြိုးစားပေးခဲ့တဲ့ ငါ့ကို.... မင်းတို့ လက်ကလေးတွေကို ခဏတာအသုံးချပြီး ထူပေးကြရင်ပဲ ငါ-ကျေနပ်ပါပြီ။ ၆။ ငါတွေ့ချင်တဲ့အခါ ငယ်စဉ်ကလေ လပေါင်များစွာ ခြေကို ဖြောင့်ဆင်းပြီး သီချင်းဆိုပေးရင်း ခြေထောက်လေးတွေ သန်မာအောင် နှိပ်နယ်ပေးခဲ့တဲ့ ငါ့ဆီ..... မင်းတို့ ခြေထောက်လေးတွေ အသုံးချပြီး ခဏလာတွေ့ရင်ပဲ ငါ-ကျေနပ်ပါပြီ။ ၇။ ငါမလှုပ်ရှားနိုင်တဲ့အခါ ငယ်စဉ်ကလေ နူးညံ့ပေ့ဆိုတဲ့အဝတ်အထည်တောင်နာမှာစိုးလို့ အသာအယာ ဝတ်ပေးခဲ့ပေမယ့် အသိလွတ်တဲ့အချိန်အထိ အဝတ်အစားတွေ ငါ့ကို ဂရုတစိုက်ဖုံးပေးရင်ပဲ ငါ-ကျေနပ်ပါပြီ။ ၈။ ငါထွက်သွားတဲ့အခါ ထိုအချိန်မှာလေ ငါ့သား ငါ့သမီး ငါ့မြေး မြစ် တို့ နောင်တအမွေ မရစေချင်လို့ ပြုစုခွင့်ရတုန်း ပြုစုနိုင်ကြဖို့..... အခွင့်ပေးတာဝန် ကျေခဲ့ပါရစေ မိခင် ဖခင်တိုင်းအား ဤစာစုဖြင့် ပူဇော်ဦးညွတ်ပါသည်။ 🙏🙏🙏 ဂျိုင်း- @by_library #AԋJҽσɳ #credittooriginaltowriter #ဘဝရဲ့ခရီးသည် တွဲဖက်ရွှေကျင်သာသနာပိုင် ပါချုပ်ဆရာတော်ကြီး ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ။🙏🙏🙏 မူရင်း-Credit
Show all...
ကိုယ့်မိဘအတွက်ဘာမှရှက်စရာမလို ========================= ကိုယ့်ဘဝအတွက် ကိုယ်ဘာတွေလုပ်လုပ် ကိုယ့်ဖက်ကအမြဲရပ်တည်ပြီး အားပေးသင့်လျှင် အားပေးမယ် တားစီးသင့်လျှင် တားစီးမယ် ပညာသင်ချိန်မှာ မိဘတိုင်းက ငါ့သားငါ့သမီး ပညာတတ်ကြီး ဖြစ်ရမယ်လို့ ရည်စူး ထားသော်လည်း တတ်တဲ့ အဆင့်နဲ့ ကျေနပ်နေတတ်တယ် မိဘဆိုတာ သားသမီးများစီက သူတို့ ယူရတာထက် ပေးရတာကို ပိုပြီး ကျေနပ် နေတတ်ကြတယ် သူတို့ပေးကမ်းလိုက်တဲ့ အရာတိုင်းဟာ သားသမီးတွေရဲ့ ရှေ့ရေးအတွက်ပါ တချို့သော သားသမီးတွေက ပြောတတ်ကြတယ် ငါ့ဘဝမှာ မိဘလုပ်စာဆိုလို့ ဘာတပြားတကျပ်မှ မရှိဘူးတဲ့ ငါရသမျှ ငါရှိသမျှ ကိုယ်ဒူးကိုယ်ချွန် လုပ်ရတာ ကြီးပဲတဲ့ အတွေးမမှားကြပါနဲ့ ကိုယ့်ဒူးကိုယ်ချွန်တယ်လို့ ပြောနိုင်ရအောင် အဲဒီချွန်နေတဲ့ ဒူးနှစ်ချောင်းက ဘယ်နတ်သိကြား မပြောနဲ့ ဘုရားရှင်ကိုယ်တော်မြတ်တောင်မှ ပေးနိုင်တဲ့ အရာမဟုတ်ပါ ကိုယ့်အမိ ကိုယ့်အဖက ပေးလာတဲ့ အမွေဆိုတာလေးတော့ ပြန်ထည့်တွက်ပေးကြပါ ဘယ်မိဘမဆို ကိုယ့်သားသမီးကို သူများနဲ့ မျက်နှာမငယ်ရလေအောင် အကောင်းဆုံး ဖြစ်အောင်တော့ ထားချင်ကြတာပါပဲ ဘဝအခြေနေ အမျိုးမျိုးကြောင့်သာ မပြည့်စုံတဲ့ဘဝတခုမှာ ကိုယ်တွေကို ရင်နစ်စွာ ကြည့်ရင်း ထားခဲ့တာလေးပဲ ရှိမှာပါ မိဘဆိုတာ သားသမီးအတွက်ဆို ဘာမဆို လုပ်ရဲကြတဲ့ သူရဲကောင်းကြီးတွေပါ ကျွန်တော့်အမေက ရှက်တတ်တယ် ငယ်ရွယ်စဉ်အပျိုဘဝမှာ စျေးတောင်းခေါင်းတင် ရွက်ရဲတဲ့ သတ္တိတောင်မှ မရှိခဲ့ပါ ဒါပေမယ့် ဘဝပေးအခြေနေအရ သားသမီး တွေရဲ့ မျက်နှာနဲ့ ဗလုဗလတ်ခုန်နေတဲ့ ငါးတောင်း ကိုတောင် ငရဲမကြောက် ဝတ်မကြောက်ပဲ ရဲရဲကြီး ခေါင်းတင်ပြီး ရွာပတ်အော်ရောင်းရဲတဲ့ သတ္တိလည်းရှိခဲ့တယ်... ဒါတွေကို မသိစဉ်အချိန် ကျောင်းသားဘဝမှာ အပေါင်းဖော်တွေကြား ရှက်သလိုရှိန်သလိုနဲ့ သွားရလာရ အနေခက်သလိုလိုရှိခဲ့ပေမယ့် မိဘကျေးဇူးသိတတ်တဲ့နေ့မှစ၍ ငါ့အဖေငါ့အမေ ငါ့ကိုဒီလိုလေးလည်း ရှာကြွေးရဲခဲ့တယ် ဆိုတဲ့ အသိနဲ့ ဂုဏ်ယူပီတိ ဖြစ်မိတယ် ကိုယ့်မိဘကို ကိုယ်တကယ်ချစ်လျှင် ကိုယ့်မိဘ ဘာလုပ်လုပ် ဂုဏ်ယူရဲတဲ့ သတ္တိလည်းရှိရမယ် ဘဝအခြေနေအရ ရေတွင်းပဲ ငှားတူးတူး မြောင်းပဲ ငှားပေါက်ပေါက် အိမ်သာကျဉ်ပဲတူးစားစား အရက်သမားပဲဖြစ်ဖြစ် ကြက်သမားပဲဖြစ်ဖြစ် ငါးစိမ်းသည်ပဲ ဖြစ်ဖြစ် ပရာကျော်သည်ပဲ ဖြစ်ဖြစ် ကုန်ကုန်ပြောရရင် သူတောင်းစားဖြစ်နေလည်း မိဘဟာ မိဘပဲမို့ လူကြားသူကြား အပေါင်းဖော် ကြားမှာ ရှက်တဲ့စိတ်လေးတခုတည်းနဲ့ မိဘကို မမြင်သလို ကျော်သွားတာလေး မလုပ်မိစေနဲ့ ကိုယ့်သိက္ခာကို သူတို့ငဲ့လို့ ရှောင်သွားလျှင်တောင် ကိုယ့်မျက်နှာကအပြုံးလေး ခဏလေးတော့ ပေးလိုက်ပါ ကိုယ်ပေးလိုက်တဲ့အပြုံးလေးများက သူတို့အတွက် အားဆေးလေး ဖြစ်နေလို့ပါ ...သူငယ်ချင်း..... နားမလည်ရင်အစကပြန်ဖတ်ပါကွာ.. ဂျိုင်း- @by_lyrics #AԋJҽσɳ #ဘဝရဲ့ခရီးသည် #credittooriginaltowriter
Show all...
Photo unavailableShow in Telegram
#AԋJҽσɳ #ဘဝရဲ့ခရီးသည် #crd_photo
Show all...
Photo unavailableShow in Telegram
"ဖက်ထား သမီးလေး" 🤱🤱🤱🤱🤱 ဖက်ထား သမီးလေး ဘဝထဲက လွင့်ထွက်မသွားဖို့ ...။ ကိုယ်ချင်းစာတရားဆိုတာ ဆင်တံဆိပ် ဘိလပ်မြေလောက် မစေးကပ်ဘူးကွယ့် ... ။ လူတွေ တစ်ယောက်နဲ့တစ်ယောက် ပူးတွဲချည်နှောင်စေးကပ်ဖို့ ဘိလပ်မြေကောင်းကောင်းမရှိဘူး သမီး ...။ မည်ကာမတ္တ မေတ္တာတရားက ဖုံအလိမ်းလိမ်းတက်ပြီး အပြင်မှာ မာခေါက်နေပေမဲ့ အထဲမှာ သိုးနံ့ထွက်နေတဲ့ ရက်လွန်ကြက်ကြော်နဲ့ တူရဲ့ ...။ ငြိမ်းချမ်းရေးဆိုတာလည်း အမေတို့ဆောက်နေတဲ့ သံချောင်းတစ်ချောင်းမှ မပါတဲ့ နံကပ်အိမ်လောက်တောင် စိတ်မချရဘူး သမီး ... ။ ကတိကဝတ်တွေ စာချုပ်စာတမ်းတွေကလည်း ရေငန်အုတ်တွေလိုပါပဲ သမီးရယ် ... ။ ဖက်ထား သမီးလေး ဘဝထဲက လွင့်ထွက်မသွားဖို့ ...။ ဘဝက ပြဇာတ်တစ်ပုဒ်ဆိုရင် အမေတို့က ဇာတ်ရုံထဲတောင်ဝင်ခွင့်မရသူတွေပေါ့ ...။ ဘဝက ကန်ထရိုက်တိုက်တစ်လုံးဆိုရင် အမေတို့က တိုက်ရှေ့က ဗွက်အိုင်ခင်းဖို့ ထုခြေခံလိုက်ရတဲ့ အုတ်ကျိုးအပိုင်းအစတွေပေါ့ ...။ တဏှာဓာတ်ကလေး စဉ်းငယ်မျှ စေးကပ်ထားရုံနဲ့ လူဖြစ်ရ ချစ်ခြင်းမေတ္တာနဲ့ ဝေးကြ ...။ ဖက်ထား သမီးလေး ရေ ....... အဲ့ဒီ ဘဝထဲက လွင့်ထွက်မသွားရအောင် ....... ။ ဂျိုင်း- @by_library ✍ #AԋJҽσɳ #ဘဝရဲ့ခရီးသည် #credittooriginalwriter
Show all...
Knowledge Level မတူရင် ရေရှည်လက်တွဲလို့မရပါဘူး။ ချစ်သူရည်းစား Relationshipတွေမှာဖြစ်ဖြစ် ၊ သူငယ်ချင်းအချင်းချင်းဖြစ်ဖြစ်၊ ပေါင်းသင်းဆက်ဆံရေးတွေမှာဖြစ်ဖြစ် တစ်ယောက်နဲ့တစ်ယောက်ကြားမှာရှိတဲ့ Knowledge Level တစ်ခုဟာ ကွာဟလွန်းရင် လူနှစ်ယောက်ရဲ့ ခံယူချက်တွေ၊ တန်ဖိုးထားမှုတွေ ၊ စဉ်းစားတွေးခေါ်ပုံတွေ ၊ ဦးစားပေးပုံတွေဟာ ညှိ နှိုင်းယူလို့မရအောင်ကို ပြသနာတွေဖြစ်လာမှာပါ။ ကိုယ့်အတွက်အရေးကြီးတာသည် သူ့အတွက်အရေးမကြီးဘူးလို့တွေးနေတာ၊ ကိုယ့်အတွက်တန်ဖိုးထားအပ်တဲ့အရာသည် သူ့အတွက် Nothing ဖြစ်နေတာ၊ ကိုယ့်အတွက် Serious ဖြစ်တယ်ဆိုတဲ့အရာတွေသည် သူ့အတွက် ဒါလေးကိုဘာဖြစ်နေတာလဲ လိုလို့လား လို့ တွေးနေတာ ... ဒီလိုအခြေနေမျိုးတွေမှာ... ပင်ကိုယ်အသိတရားကနေဖြစ်လာတဲ့ လူတစ်ယောက်ရဲ့စဉ်းစားတွေးခေါ်ပုံတွေ ၊ခံယူချက်တွေ၊ တန်ဖိုးထားမှုတွေကို သင်ပေးဖို့နဲ့ ပြောင်းလဲပေးဖို့ ဆိုတာ မတတ်နိုင်ပါဘူး။ သူ့ရဲ့ Knowledge Levelရှိသလောက်ပဲ သူနားလည်တာကြောင့်ပါ။ မှတ်မှတ်ရရ ကိုယ့်မှာကြုံခဲ့ဖူးတဲ့အခြေနေတစ်ခုဆို... ကိုယ့်အပေါ် လိမ်လည်လှည့်ဖျား သစ္စာမဲ့လို့ တောင်းပန်ပါလို့ပြောတာကို တောင်းပန်ဖို့လိုလို့လားလို့ပြန်မေးတဲ့ဦးနှောက်မျိုးနဲ့ကြုံခဲ့ရဖူးပါတယ်။ တချို့လူတွေသည် ဘယ်အရာကတော့ လုပ်သင့်တယ် ဘယ်အရာကတော့မလုပ်သင့်ဘူးဆိုတာ ကိုတောင် နားလည်နိုင်တဲ့ဦးနှောက်မျိုးပါမလာပါဘူး။ ကိုယ့်အတွက် လိမ်ညာခြင်း၊ဖောက်ပြန်ခြင်း၊ သစ္စာမဲ့ခြင်း၊ ချစ်ခြင်းမေတ္တာကို တန်ဖိုးမထားခြင်း တွေဟာ နဲနဲမှလက်ခံနိုင်စရာအကြောင်းမရှိတဲ့ ခံယူချက်မျိုးရှိနေရင်တောင် ... တချို့လူတွေအတွက်ကတော့ လူမှုရေးဖောက်ပြန်ခြင်းကို သာမန်လောက်ပါပဲ ဘာမှထွေထွေထူးထူးမဟုတ်ပါဘူးခံယူထားပြီး မလုပ်သင့်ဘူး မှားတယ်လိို့ကို တောင်သိနိုင်တဲ့အသိဉာဏ်ပါမလာတာမျိုးပါ။ တခြားကိစ္စတွေ မှာလဲအဲ့လိုပါပဲ။ ဘ၀အတွက်ကိုအလေးနက်ထားဖြတ်သန်းမယ်ဆိုတဲ့သူနဲ့ ဘ၀ကို ပေါ့ပျက်ပျက်ပဲ ကြုံသလို ဖြတ်သန်းမယ်ဆိုတဲ့သူနဲ့ ချစ်သူရည်းစားဖြစ်စေ ၊ သူငယ်ချင်းအပေါင်းအသင်းဖြစ်စေ ရည်ရှည်မှာလက်တွဲလို့မရပါဘူး။ အတွေးအခေါ်ခံယူချက်တွေမတူရင် ဦးစားပေးလုပ်ကိုင်နေကြတာတွေလဲတူမှာမဟုတ်လို့ပါ။ ချစ်ခြင်းမေတ္တာ ၊ သစ္စာ ၊ ဂရုဏာ ၊ ကိုယ်ချင်းစာတရား ၊ လူ့ကျင့်ဝတ် ဒါတွေကိုတန်ဖိုးထားတဲ့သူနဲ့ တန်ဖိုးထားရကောင်းမှန်းမသိတဲ့သူနဲ့ ရေရှည်မှာအဆင်မပြေနိုင်ပါဘူး။ အရည်ချင်းရှိပြီးတော်တဲ့သူနဲ့ အရည်ချင်းမရှိ ညံံ့ဖျင်းတဲ့သူနဲ့ ရေရှည်မှာအဆင်မပြေနိုင်ပါဘူး။ ဘ၀ကိုဖြတ်သန်းနေတဲ့အချိန်တွေ မှာ ကိုယ့်ဘေးမှာရှိတဲ့လက်တွဲဖော်သည် ကိုယ်နဲ့အတူဟန်ချက်ညီနေဖို့လိုအပ်ပါတယ်။ တစ်ယောက်ကရှေ့ ရောက်လွန်းပြီး တစ်ယောက်က နောက်ရောက်လွန်းနေလို့မဖြစ်ပါဘူး။ အဲ့လိုညီနိုင်ဖို့ဆိုတာလဲ အသိဉာဏ် Knowledge Level တူညီမှပဲဖြစ်နိုင်ပါတယ်။ သိသင့်သိထိုက်တဲ့အတွေးအခေါ်ပိုင်းဆိုင်ရာ... တန်ဖိုးထားမှုတွေကို တန်ဖိုးထားတတ်တဲ့ ခံယူချက်ပိုင်းဆိုင်ရာ... ဖြစ်သင့်ဖြစ်ထိုက်တယ်ဆိုတဲ့ ဦးစားပေးမှုဆိုင်ရာ... ဒါတွေကို သိနိုင်တဲ့ဉာဏ်ရည် တူမှသာ လက်တွဲတွေလဲခိုင်မြဲပါလိမ့်မယ်။ ဂျိုင်း - @by_library ✍ #AԋJҽσɳ #ဘဝရဲ့ခရီးသည် #credittooriginalwriter
Show all...
- ဖုန်းခေါ်ရင် အားရဲ့လား စကားပြောလို့ရရဲ့လားမေး ... - ဖုန်းချခါနီး ဖုန်းချတော့မယ်လို့ အသိပေး ... - သူများအခန်းထဲဝင်လာမယ်ဆိုရင် ခွင့်တောင်းပြီးမှဝင် ... - သီချင်းနားထောင်ရင်ကိုယ်တစ်ယောက်ထဲ ကြားလောက်ရုံပဲ နားထောင် ... Earphone သုံး ... - တစ်ဖက်လူစကားပြောနေရင် ဆုံးတဲ့ထိ အရင် နားထောင်ပြီးမှ ကိုယ်ပြောချင်တာကို စပြော ... - Library လိုနေရာမျိုးမှာ ဘာကိစ္စပဲရှိရှိ တိတ်တိတ်ဆိတ်နေ ... - ကျေးဇူးတင်စရာရှိရင် မတုံ့မဆိုင်း ချက်ချင်းတင် ... - အမှားလုပ်ထားရင် ချက်ချင်း ပြန်တောင်းပန် .... - ရုပ်ရှင်ရုံမှာ ခြေထောက်ကို ငြိမ်ငြိမ်ထား ... ရှေ့ခုံကို မကန်နဲ့ ... - ခုံတန်းရှည်မှာ ဘေးလူနဲ့ထိုင်ရင် ဒူးမလှုပ်နဲ့ ... -လူကြားထဲ စတိုင်ကျသလိုလိုနှင့်ဆေးလိပ်တွေ ထထမဖွာနှင့် second smoker တွေဘဝကိုကိုယ်ချင်းစာပါ..ကိုယ်မလုပ်ပဲရောဂါခံရအောင်..ဖြစ်သင့်မဖြစ်သင့်တွေး.. -စားသောက်နေတဲ့လူတေ ွရှိတဲ့ဆိုင်မှန်သမျှ တဝေါ့ဝေါ့တထွီထွီသလိပ်မဟပ်နှင့်..နှပ်မညှစ် နှင့်..နီတိထဲမှာ ဒါတွေပါတယ်.. ဒင်းတို့က ခေတ်နဲ့အညီ အထာလည်း ကျချင်သေးတယ် ...ယဉ်ကျေးမှုက တစ်စက်မှ မရှိ ... အထာကျတယ်ဆိုတာသူများကိုစိတ်အနှောက်အယှက်မပေးဘဲ နေထိုင်တတ်တာကို ခေါ်တယ် ... ဗရမ်းဗတာ နေထိုင်ရင်ဗရမ်းဗတာ ဘဝပဲရမယ် ... သင် ပြုမူနေသမျှ အပြုအမူအားလုံးဟာ သင့်ရဲ့ ယဉ်ကျေးမှုအဆင့်အတန်းပဲ ... ဂျိုင်း- @by_library ✍ #AԋJҽσɳ #ဘဝရဲ့ခရီးသည် #Credittooriginalwriter
Show all...
Photo unavailableShow in Telegram
စောက်တွဲတွေကိုကျေးဇူးတင်ပါတယ်လို့ တင်တာလေးတွေသဘောကျရင်ချန်နယ်လေးကိုလဲဂျိုင်းပေးနော်🥹💗 /\ /\ (• - •) /つつ ~╭─────•♡•─────╮ @black_cloud_ch #Maysi #funny #forword_only #crd
Show all...
အစ်ကို လိုချင်သူရှိပါတယ်ရှင့်🤍 အစ်ကိုလိုချင်လို့ပါ နာမည် >>> မြရိပ်ညို အသက် >>> 13 လိုချင်တဲ့အစ်ကိုက ချောပြီး အသေးအမွှားလေးကအစ ဂရုစိုက်ပေးရမယ် ရည်းစားလုံး၀လုံး၀မရှိရပါ။ [ပြဿနာဖြစ်မှာစိုးလို့တားမြစ်တာပါနော်] အရေးအကြီးဆုံးက နေ့ဘက်လိုင်းတက်တဲ့သူကိုပဲ လိုချင်တာပါနော်။ [ ဒီလိုလေးပြောထားပါတယ်ရှင့်🙈🤍 ] @Mya_Yeit_Nyo ဒါလေးကသူလေးရဲ့ username လေးပါနော် မြန်မြန်သွားလိုက်တော့နော်🤭✨ ✦✦    ⚬    ♡     ⚬    ✦✦    ⚬    ♡     ⚬   ဘေဘီတို့bff တို့ဘာတို့လိုချင်ရင် @brown_cloud_ch ရဲ့ pin မှာဖတ်ပေးနော်💕 နိုရာကအတွဲတွေကိုသေချာရှာပေးမှာမို့ @brown_cloud_ch @black_cloud_ch ကိုဂျိုင်းထားပမှရမယ်နော်🥺🫶 #𝙽𝚘𝚛𝚊 #cupid
Show all...
Choose a Different Plan

Your current plan allows analytics for only 5 channels. To get more, please choose a different plan.