cookie

We use cookies to improve your browsing experience. By clicking «Accept all», you agree to the use of cookies.

avatar

Revolution News

revolution news သည် စစ်အာဏာရှင်တော်လှန်ရေးတွင် သတင်းမှန်များ မျှဝေပေးခြင်းဖြင့် တော်လှန်ရေးကို တစ်ဖက်တစ်လမ်းက ကူညီရန် ရည်ရွယ်ပါသည်။

Show more
The country is not specifiedThe language is not specifiedThe category is not specified
Advertising posts
275
Subscribers
No data24 hours
No data7 days
No data30 days

Data loading in progress...

Subscriber growth rate

Data loading in progress...

ကျွန်တော်တို့ရဲ့ revolutionnews Telegram channel ကိုဖျက်သိမ်းပါတော့မယ်ခင်ဗျာ သတင်းတွေဖတ်ပေးခဲ့ကြတဲ့ ပြည်သူတွေအားလုံးကိုလည်းကျွန်တော်တို့ adm team မှကျေးဇူးတင်ပါတယ် #revolutionnews_adm_team
Show all...
စစ်ကောင်စီတပ်များထောင်ခဲ့သော မိုင်းများကို ရှင်းလင်းစဉ် မိုင်းထိ၍ KNDF ရဲဘော်တစ်ဦး ခြေထောက်နှစ်ဘက်လုံး ဆုံးရှုံးခဲ့ရ ဧပြီ ၂၂ ရက် အကြမ်းဖက်စစ်ကောင်စီထောင်ထားခဲ့သော မြေမြုပ် နင်းမိုင်းများအား အများပြည်သူများ လုံခြုံရေးအတွက် ရှင်းလင်းပေးနေစဉ် KNDF B - 09 မှ ရဲဘော်တစ်ဦး ခြေထောက်နှစ်ဖက် ဆုံးရှုံးခဲ့ရသည်ဟု သိရသည်၊ ယနေ့ ဧပြီ ၂၂ ရက်၊ မနက် ၇:၀၀ ဝန်းကျင်ခန့်တွင် မိဘပြည်သူများ လုံခြုံမှုရှိစေရန်အတွက် KNDF B-09 နှင့် ပူးပေါင်းတပ်ဖွဲ့များ နယ်မြေရှင်းလင်းမှု ပြုလုပ်နေစဥ် KNDF B-09 ရဲဘော်တစ်ဦး မိုင်းနင်းမိပြီး ထိခိုက်ဒဏ်ရာ နှင့် ခြေထောက်နှစ်ဖက်လုံး ဆုံးရှုံးခဲ့ရသည်ဟု KNDF B-09 မှ ဖော်ပြထားသည်။ ကျေးရွာများနှင့် အများပြည်သူသွားရာ လမ်းများ၌ အကြမ်းဖက်စစ်တပ်မှ မြေမြုပ်နင်းမိုင်း အများအပြားထောင်ထားသဖြင့် ပြည်သူများ သတိထား သွားလာကြပါဟုလည်း အသိပေးထားသည်။ KNDF_B_09 HTY_Information #revolutionnews
Show all...
❗️စကစ မိသားစုဝင် နဲ့ ဆက်နွယ်သူတွေ နေပြည်တော်ကို ထွက်ပြေးမှုများလို့ နေပြည်တော်မှာ မြေစျေးတွေမြင့်တက် မြို့ပြတိုက်ပွဲ အရှိန်တက်နေသည့် ရန်ကုန်က လုံခြုံမှု နည်းပါးလာချိန်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်တို့၏ မိသားစုများက နေပြည်တော်တွင် နေထိုင်ရန် ရွေးချယ်လာကြသည်။ PDF တို့က စစ်ကောင်စီဘက်တော်သားတို့ကို တိုက်ခိုက်ရာတွင် မိသားစုဝင်များကို ပစ်မှတ်ထားခြင်း မရှိသော်လည်း ပြောင်းရွှေ့မှုများက သိသိသာသာ ရှိလာနေသည်။ ပုဗ္ဗသီရိမြို့နယ်သို့ ပြောင်းလာသူ များပြားလာရာ အိမ်ခြံမြေဈေးပင် မတန်တဆမြင့်တက်သွားသည်ဟု ဒေသခံများထံမှ သိရသည် bahaninformation #revolutionnews
Show all...
မန္တလေးမှ စစ်ကိုင်းဘက်သို့ ရဲအင်အား ၂၀၀ နီးပါး ယနေ့ ပို့ဆောင်၊ မြစ်ငယ်လမ်းတွင် ကား ၂၄ စီးပါ ရဲယာဉ်တန်း ဖြတ်သန်းနေ ရန်ကုန်၊ ဧပြီ ၂၂ မန္တလေးမှ စစ်ကိုင်းဘက်သို့ ရဲအင်အား ၂၀၀ နီးပါးကို ယနေ့ နံနက်ပိုင်း ပို့ ဆောင်ပြီး ရဲယာဉ်တန်းများ ဖြတ်သန်းနေကြောင်း ဒေသခံများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ သတင်းပေးပို့သည်။ "ဒီမနက် ၉ နာရီ ၄၀ မိနစ်အချိန် စစ်ကိုင်း မြစ်ငယ်လမ်းကို ရဲယာဉ်တန်း ဖြတ် သန်းပါတယ်။ သံချပ်ကာ ကား ၁၀ စီး၊ Double Cab ၄ စီး၊ Faw ကား ၁၀ စီး စုစုပေါင်း ၂၄ စီးပါတယ်။ အကုန် ရဲယူနီဖောင်းတွေချည်းပါပဲ။မန္တလေးဘက်ကလာတာ" ဟု ဒေသခံတစ်ဦးက ပြောဆိုသည်။ ယမန်နေ့ညပိုင်းက အဆိုပါ ရဲအင်အား ၂၀၀ နီးပါးကို ဘုန်းကြီးတစ်ခုနှင့် စာသင်ကျောင်းများတွင် စုစည်းထားရှိခဲ့ပြီး ရိက္ခာများစုဆောင်းခြင်းနှင့် တာလပတ်အုပ်ထားသော ကုန်တင်ကားများ တပ်စွဲထားသော နေရာများသို့ အဝင်အထွက်များပြားကြောင်း သိရှိရသည်။ Khit thit #revolutionnews
Show all...
Photo unavailableShow in Telegram
အမ်းမြို့၊ စစ်ဆေးရုံ တဆရ ၂/၃၀၀ တပ်ရင်းမှ ဒုတပ်ကြပ် မြင့်သိန်း မိသားစုနှင့်အတူ CDF - Daai ထံ အလင်းဝင် ဧပြီ ၂၁၊ ၂၀၂၂။ #revolutionnews
Show all...
ဘီးလင်းမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်စခန်း ၂ ခု ရုတ်သိမ်းရန် KNDO ထုတ်ပြန် ================== သထုံခရိုင်၊ ကရင်အမျိုးသား အစည်းအရုံး KNU တပ်မဟာ (၁) နယ်မြေ၊ ဘီးလင်းမြို့နယ် လေးကေနှင့် ဝင်းတာပန်တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ် စခန်းနှစ်ခု သုံးရက်အတွင်း ထွက်ခွာ ရုတ်သိမ်းရန် ကရင်အမျိုးသား ကာကွယ်ရေးအဖွဲ့ KNDO က ဧပြီလ ၂၀ ရက်နေ့တွင် ထုတ်ပြန်သည်။ စစ်ကောင်စီတပ်များ ဧပြီလ ၂၃ ရက်နေ့ ညနေ ၆ နာရီ နောက်ဆုံးထား၍ ယင်းစခန်း နှစ်ခုမှ ထွက်ခွာသွားရန်နှင့် ထွက်ခွာခြင်း မရှိပါက စစ်ရေးအရ ထိရောက်စွာ အရေးယူမည် ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် နိုင်ငံ အနှံ့အပြားရှိ တိုင်းရင်သား ပြည်သူလူထု အပေါ် ဖမ်းဆီး သတ်ဖြတ်ခြင်း၊ ညဉ်းပန်းနှိပ်စက်ခြင်း၊ အိမ်ထောင်သည်နှင့် ကလေးသူငယ်များပါ မကျန် မုဒိမ်းကျင့်ခြင်း၊ အိုးအိမ် စည်းစိမ်များအား မထင်လျင် မထင်သလို မီးရှို့ဖျက်ဆီးခြင်း အစရှိသော လူသားမဆန်သည့် ကိစ္စရပ်များ ပြုမှု ဆက်ဆံလျက် ရှိသည်ကို တွေ့ရှိရသဖြင့် မိမိတို့ နယ်မြေအတွင်း လုံးဝ နေထိုင်ခွင့် မပြုနိုင်ကြောင်း ဖော်ပြသည်။ KNDO နှင့် ပူးပေါင်း ဆောင်ရွက်လိုပါက သတ်မှတ်ရက် မတိုင်မီ ဆက်သွယ်ရန်၊ ထွက်ခွာရန် လမ်းကြောင်းနှင့် အချိန်အား တိကျစွာ ကြိုတင် ညှိနှိုင်းရန်နှင့် ထုတ်ပြန်ထားသည့် နံနက် ၆ နာရီမှ ညနေ ၆ နာရီအတွင်း သွားလာခွင့်အား အထူးဂရုစိုက်ရန် လိုအပ်ကြောင်း ဆိုထားသည်။ လေးကေစခန်းနှင့် ဝင်းတာပန်စခန်းတွင် စစ်ကောင်စီတပ်နှင့် BGF တပ်တို့ ပူးပေါင်း တပ်စွဲထားပြီး စခန်းအနီးရှိ ကျေးရွာများကို လက်နက်ကြီးများဖြင့် ပစ်ခတ်မှုများ ရှိနေကြောင်း သိရသည်။ KNDO ၏ ထုတ်ပြန်ချက်နှင့် ပတ်သက်၍ စစ်ကောင်စီတပ်ဘက်မှ တုံ့ပြန်မှု မရှိသေးကြောင်း သိရသည်။ Mizzima #revolutionnews
Show all...
မြောက်ဥက္ကလာ စည်ပင်ရုံးအနီးမှာ ပေါက်ကွဲမှုဖြစ် ရန်ကုန်၊ ဧပြီ (၂၀) ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ်၊ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံး အနီးမှာ ဒီနေ့ ညနေပိုင်းက ပေါက်ကွဲမှုဖြစ်ပွားခဲ့တယ်လို့ ဒေသခံပြည်သူတွေရဲ့ ပြောပြချက်အရ သိရပါတယ်။ "စည်ပင်ရုံးက အိမ်နားနဲ့ နီးတော့ ပေါက်ကွဲသံကြားရတယ်။ လက်လုပ်ဗုံးပေါက်တာလို့တော့ ပြောတယ်။ စည်ပင်ရုံးကလူတွေကို မကျေနပ်လို့ ဗုံးလာထောင်သွားတာထင်တယ်။" လို့ ရပ်ကွက်နေပြည်သူတစ်ဦးက C8 News ကို ပြောပါတယ်။ ဒီနေ့ ညနေပိုင်း မြောက်ဥက္ကလာပမြို့နယ်၊ စည်ပင်ရုံးအနီးက ပေါက်ကွဲမှုဖြစ်စဉ်နဲ့ ပတ်သက်ပြီး ဘယ်အဖွဲ့အစည်းက ပြုလုပ်ခဲ့တယ်ဆိုတာကို အခုအချိန်ထိ ထုတ်ပြန်ကြေညာထားတာ မရှိသေးပါဘူး။ ပြီးခဲ့တဲ့ ဧပြီ (၁၆) ရက်နေ့ကလည်း မြောက်ဥက္ကလာပမြို့နယ် မဏ္ဏပ်အနီးမှာ ဗုံးတွေ့လို့ ဗုံးလာရှင်းတဲ့ စစ်ကောင်စီတပ်သား စနက်တံကို ဖြုတ်မိပြီး ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့လို့ စစ်ကောင်စီတပ်ဖွဲ့ဝင် တချို့ ထိခိုက်ဒဏ်ရာရှိခဲ့ပါသေးတယ်။ ဧပြီ (၁၄) ရက် သင်္ကြန်အကျနေ့ ညပိုင်းက ဝေဘာဂီမြို့သစ်မှာ ပစ်ခတ်မှုတွေဖြစ်ခဲ့သလို သင်္ကြန်အကြိုနေ့ကလည်း မြို့နယ်မဏ္ဏပ်အနီးမှာ စစ်တပ်က လူငယ်တစ်ဦးကို ထိုးကြိတ်ကာ ဖမ်းဆီးခေါ်ဆောင် သွားတာမျိုးတွေရှိခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။ C8News #revolutionnews
Show all...
ရွာငံမြို့နယ်တွင် PDF စခန်း ၁ ခု ဝင်စီးခံရပြီး အကြမ်းဖက်စစ်ကောင်စီက အင်အားအများအပြားသုံး ဖိနှိပ်မှုများပြုလုပ်နေ ဧပြီလ ၂၀ ရက် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ရွာငံမြို့နယ် နွားဘန်းကြီးကျေးရွာ အနောက်ဘက်ရှိ တောင် ကြားသို့ အင်အားအများအပြားသုံးပြီး ထိုးစစ်ဆင်ကာ PDF စခန်းတစ်ခုကို သိမ်းပိုက်လိုက်ကြောင်း သိရ သည်။ အကြမ်းဖက်စစ်ကောင်စီဘက်မှ ထိုးစစ်ဆင်ရာတွင် ကုန်းကြောင်းသာမကဘဲ ရာသီဥတုဆိုးရွားနေသည့် ကြားမှ တိုက်လေယာဉ်သုံးစင်းဖြင့် အဆိုပါတောင်ကြားတွင် ထိုးစစ်ဆင်နေခြင်းဖြစ်ကြောင်းလည်း သိရ သည်။ “လက်ရှိမှာတော့ အတွင်းကအဆက်အသွယ်ရှိတဲ့သူတွေကို ဆက်သွယ်လို့မရသေးလို့ပါ။ ဖြစ်နိုင်တာ ကတော့ TPDF နဲ့ YUG စခန်းဖြစ်ဖို့များတယ်" ဟု ရှမ်းတောင်တော်လှန်ရေးအင်အားစုမှတာဝန်ရှိသူက မဇ္ဈိမကိုပြောသည်။ ရွာငံမြို့ပြပြောက်ကျားတပ်ဖွဲ့ (YUG)နှင့် တောင်ကြီးမြို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (TPDF) ပူးပေါင်း တပ်ဖွဲ့ တို့ ဝင်စီးခံရခြေများသည်ဟု သိရသည်။ အကြမ်းဖက်စစ်ကောင်စီမှ ရွာငံမြို့နယ်အတွင်း လူနေအိမ်များမီးရှို့ဖျက်ဆီးခြင်း၊ ပြည်သူများအား ဖမ်းဆီး ခေါ်ဆောင်ပြီး ဖိနှပ်ခံနေရခြင်းအပေါ် ရှမ်းပြည်နယ်တောင်ပိုင်းတော်လှန်ရေးအင်အားစုမှ တာဝန်ရှိသူက လည်း ယခုကဲ့သို့ဆက်သွယ်ပြောဆိုသည်။ “ အခု ရွာငံမှာ ဒီလိုဖိခံနေရတာကို မီဒီယာတွေ လူထုက သိပ်မသိကြဘူး။ ရွာငံကတော်လှန်ရေးတပ်ဖွဲ့ တွေကလည်း ထောက်ပံ့မှုအလုံအလောက်မရတဲ့အပြင် အခုလို ထိုးစစ်ဆင်ခံနေရတာများလာတော့ ကြာရင်မလွယ်တော့ဘူးလို့မြင်မိတယ်။ ရှမ်းတောင်ဟာလည်း တော်လှန်ရေးမှာ တစိတ်တပိုင်းကနေ ပါဝင် နေတယ်ဆိုတာကို ပြည်သူလူထုကိုသိစေချင်တယ်။ အခုလို ရွာငံဘက်မှာ ဖိခံနေရတာတွေကို များများ speak out လုပ်ပေးစေချင်တယ်။ ရှမ်းတောင်ကို ပစ်မထားကြပါနဲ့လို့ ရှမ်းတောင်မှာ ဘာသိ ဘာသာ နေ နေသူတွေများပေမဲ့ တကယ်လုပ်နေသူတွေ အခက်အခဲဖြစ်နေကြတယ်။ အကူအညီ လိုနေ ကြပါတယ်" ဟု မဇ္ဈိမကိုပြောသည်။ Mizzima #revolutionnews
Show all...
ဝန်းသိုနယ် ဂျိုးတောင်ရွာမှာ စကစနှင့် PDF တွေ ခြောက်ရက်ဆက် တိုက်ပွဲဖြစ်ပြီး စကစ(၂၀)ဝန်းကျင် သေ၊ ဧပြီ - ၂၀ စစ်ကိုင်းတိုင်း ကောလင်းခရိုင် ဝန်းသိုမြို့နယ်ရှိ ဂျိုးတောင်ကျေးရွာမှာ စစ်အုပ်စုနှင့် ဒေသခံ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ (PDF)တွေ ခြောက်ရက်ဆက် တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က (၂၀)နီးပါး သေကာ အများအပြား ထိခိုက်ဒဏ်ရာ ရရှိသွားတယ်လို့ ဝန်းသို PDF နဲ့ နီးစပ်သူတစ်ဦးက MFP ကို ပြောပါတယ်။ ဧပြီ(၁၅)ရက်ကနေ့ ဒီကနေ့ ဧပြီ(၂၀)ရက်အထိ ဂျိုးတောင်ကျေးရွာမှာ စစ်အုပ်စုနှင့် PDF တွေ ခြောက်ရက်ဆက် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး စစ်အုပ်စုဘက်က အထိနာ အသေများခဲ့တာလို့ ဆိုပါတယ်။ "ဝန်းသိုမှာ တိုက်ပွဲဖြစ်တာ ခြောက်ရက်လောက်ရှိပြီ။ မနေ့တိုက်ပွဲမှာ စကစဘက်က (၂၀)နီးပါးလောက် ကျတယ်လို့ သိရတယ်။ အဲဒါကတော့ Confirm (အတည်ပြုနိုင်) ဖြစ်တယ်" လို့ PDF နှင့် နီးစပ်သူတစ်ဦးက MFP ကို ပြောပါတယ်။ ဧပြီ(၁၇)ရက်က ညနေပိုင်းက ဝန်းသိုမြို့နယ် ဂျိုးတောင်တိုက်နယ်၊ သင်္ချိုင်းကုန်းအရှေ့ခြမ်းမှာ တိုက်ပွဲပြင်းထန်ခဲ့ပြီး အဲ့ဒီ တိုက်ပွဲမှာလည်း စစ်အုပ်စုဘက်က ခြောက်ဦး သေကာ ထိခိုက်ဒဏ်ရာရသူတွေ ရှိသလို PDF ရဲဘော်တွေဘက်ကလည်း ထိခိုက်ဒဏ်ရာရသူတွေ ရှိခဲ့တယ်လို့ သတင်းကြားရကြောင်း ကောလင်း ဒေသခံတွေက ဆိုပါတယ်။ ဝန်းသိုနယ်ထဲ စစ်အုပ်စုနှင့် PDF တပ်ဖွဲ့တွေကြား ခြောက်ရက်ဆက် ဖြစ်ပွားနေတဲ့ တိုက်ပွဲနှင့် ပတ်သက်ပြီး နှစ်ဖက် ထိခိုက်ကျဆုံးမှု အခြေအနေ အသေးစိတ်ကိုတော့ မသိရသေးပါဘူး။ တိုက်ပွဲတွေ ပြင်းထန်နေတာကြောင့် ဂျိုထောင်တိုက်နယ် အပါအဝင် ဝန်းသိုနယ် ကျေးရွာ (၁၆)ရွာက လူဦးရေ တစ်သောင်းကျော် စစ်ဘေးရှေင် ထွက်ပြေးနေရတယ်လို့ နီးစပ်သူတွေက ဆိုပါတယ်။ စစ်အုပ်စုဘက်ကတော့ ကောလင်းခရိုင်အတွင်းက မြို့နယ်တွေကို ဖုန်းလိုင်းနဲ့ အင်တာနက်တွေ ဖြတ်တောက်ထားပြီး ထိုးစစ်ဆင်နေသလို ရွာစဉ်ပတ်မွှေ သောင်းကျန်းကာ လူသတ်၊ ဓားပြတိုက်လုယက်၊ နေအိမ်မီးရှို့၊ ဖမ်းဆီးငွေညှစ် တာတွေ လုပ်ဆောင်နေပါတယ်။ ဧပြီလဆန်းပိုင်းက ကောလင်းခရိုင်အတွင်းက ပင်လည်ဘူးမြို့မှာလည်း စစ်အုပ်စုနှင့် ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကြား (၁၀)ရက်ကြာ တိုက်ပွဲပြင်ထန်ခဲ့ပြီး စစ်ကောင်စီဘက်က (၄၀)နီးပါး သေကာ PDF တွေဘက်က ရှစ်ဦး ကျဆုံးခဲ့တယ်လို့ မြေပြင်တိုက်ပွဲတွေမှာ ပါဝင်တိုက်ခိုက်နေတဲ့ PDF ရဲဘော်တစ်ဦးကပြောပါတယ်။ MFP #revolutionnews
Show all...
ဂန့်ဂေါတွင် စစ်ကောင်စီကား တိုက်ခိုက်ခံရပြီး မြို့နယ်ရဲမှူး အပါဝင် ၄ ဦး သေဆုံးကြောင်း YDF ပြော မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့၊ စည်ပင်ရပ်ကွက်ရှိ အုပ်ချုပ်ရေးမှူးရုံးအနီးတွင် စစ်ကူသွားပေးသော စစ်ကောင်စီလက်အောက်ခံ ရဲကားတစ်စီး ကြားဖြတ်တိုက်ခံရပြီး မြို့နယ်ရဲမှူးအပါအဝင် လေးဦးသေဆုံး သွားကြောင်း ယောဒေသကာကွယ်ရေးတပ်ဖွဲ့ (YDF) ဗဟို၊ ပြန်ကြားရေးတာဝန်ရှိသူက ယနေ့ဧပြီလ ၂၀ ရက်နေ့ နံနက်ပိုင်းတွင် မဇ္ဈိမကို ပြောသည်။ အဆိုပါ ရဲကားသည် ဧပြီလ ၁၈ ရက်နေ့၊ နံနက် ၁၀ နာရီဝန်းကျင် တိုက်ခိုက်ခံခဲ့ရခြင်း ဖြစ်သည်။ ဂန့်ဂေါမြို့အဝင် Welove တံတားထိပ်တွင် အင်အား ၃၀ ဝန်းကျင်ဖြင့် လုံခြုံရေးယူနေသော စစ်ကောင်စီ တပ် ဂိတ်စခန်းကို ယောဒေသကာကွယ်ရေးတပ် (YDF) က ဧပြီလ ၁၈ ရက်နေ့ နံနက်ပိုင်းတွင် တိုက်ခိုက်ခဲ့ ရာ ထိုနေရာသို့ စစ်ကူလာသော ရဲကား လမ်းခုလတ်တွင် ကြားဖြတ် တိုက်ခိုက်ခံလိုက်ရခြင်းဖြစ်ကြောင်း YDF က ပြောသည်။ “ကားသမားက သိပ်မထိဘူး။ မောင်းပြေးနိုင်တာပေါ့။ ကျန်တဲ့ကောင်တွေကတော့ အတုံးအရုံးပဲ။ မြို့နယ် ရဲမှူး သေတယ်။ တစ်ဗွင့်ဗိုလ်လေး သေတယ်။ ပြီးတော့ ရဲတပ်သားနှစ်ဦး သေတယ်။ စုစုပေါင်းကတော့ လေးဦးသေတယ် ” ဟု YDF က ပြောသည်။ အဆိုပါ ရဲကားပေါ်တွင် မြို့နယ်ရဲမှူးအပါအဝင် ရဲတပ်ဖွဲ့ဝင် ၁၀ ဦးပါရှိပြီး တိုက်ခိုက်ခံရမှုကြောင့် လေးဦး သေဆုံးကာ နောက်ထပ်ခြောက်ဦးလည်း အပြင်းအထန် ထိခိုက်ဒဏ်ရာများ ရရှိသွားကြောင်း ဆိုသည်။ ယင်းသို့မြို့နယ်ရဲမှူးအပါအဝင် လေးဦးသေဆုံးမှုကို အဆင့်ဆင့်စိစစ်ပြီး အခိုင်အမာအတည်ပြုနိုင် ကြောင်းလည်း YDF တာဝန်ရှိသူက ပြောသည်။ ပြီးခဲ့သည့် ဧပြီလ ၁၆ ရက်နေ့၊ နံနက်ပိုင်းကလည်း ထီးလင်းမြို့နယ်၊ ဆေးမင်းတော ကျေးရွာရဲစခန်းကို ထီးလင်းကာကွယ်ရေးတပ်ဖွဲ့က အလစ်အငိုက် ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ရဲတပ်ဖွဲ့ဝင်လေးဦး သေဆုံးသွား ကြောင်း ထီးလင်း YDF က သတင်းထုတ်ပြန်ထားသည်။ ယောဒေသသည် စစ်အာဏာရှင်ဆန့်ကျင်ရေး အားကောင်းရာ ဒေသတစ်ခုဖြစ်သကဲ့သို့ ဒေသကာကွယ် ရေးတပ်များနှင့် စစ်ကောင်စီတပ်တို့အကြား နေ့စဉ်တိုက်ပွဲများလည်း ဆက်ရှိနေဆဲဖြစ်သည်။ Mizzima #revolutionnews
Show all...