စာပေ၊ဗဟုသုတ၊ရတ၊အောင်မြင်ရေးစာစု၊အလွမ်းအဆွေး၊ဟာသစုံစုံလင်လင် Group
Open in Telegram
3 965
Subscribers
-524 hours
-87 days
+2930 days
Posts Archive
"#စကားအကုန်မပြောမိစေနဲ့''
လူရင်းထိုးတဲ့ဓားက. ပိုနက်တယ်
ဘယ်သူ့ကိုမှ စကားအကုန်မပြောပါနဲ့ သင်ကတော့
ယုံကြည်လွန်းလို့ သင့်မိသားစုအကြောင်းတွေ
သင့်အလုပ်အကြောင်းတွေ သင့်ရဲ့ပြဿနာတွေ
သင့်ရဲ့ထင်မြင်ယူဆချက်တွေ ဘာရယ်မဟုတ်ဘူး
လွတ်လပ်စွာ ရင်းနှီးစွာ ပွင့်လင်းစွာနဲ့
ပြောဆိုရင်ဖွင့်လိုက်တာပဲ...
ဒါပေမယ့် သူတို့က သင့်ဆီကနေ
ပွင့်လင်းမှုတွေ ခံယူချက်တွေ အမြင်တွေကိုနားထောင်ရင်း.,..
သူတို့စိတ်ထဲမှာမင်းကို တဖြေးဖြေးပုံဖော်လာကြတာ
ဒါကို သင်မသိလိုက်ဘူး...။
သင့်ရဲ့အောက်ဖဲတွေကို တဖြေးဖြေးရိပ်မိလာကြတာကို
သင်မသိလိုက်ဘူး။
သင်ကတော့ ပုံမှန်ပဲ ဆက်ပြောနေတယ်. တစ်နေ့ပြီးတစ်နေ့ တစ်ရက်ပြီးတစ်ရက် တစ်နှစ်ပြီးတစ်နှစ်ကြာလာတဲ့အခါ...
သူတို့စိတ်အမြင်မှာ သင်ဟာ တံဆိပ်တစ်ခုကပ်ထားတဲ့
လူသားတစ်ယောက်ဖြစ်လာတယ် အဲဒီတံဆိပ်က
သင်ဟာ အရည်အချင်းထင်သလောက်မရှိဘူး။
သင် ဟာ ငွေမက်တယ် သင်ဟာ
ထင်သလောက် စိတ်ထားမကောင်းဘူး။
သင်ဟာ စိတ်မမှန်ဘူး သင်က ငပေါတစ်ယောက်ဖြစ်တယ်။
သင်က အရူးတစ်ယောက်ဖြစ်တယ်...
သင်က သိပ်အထင်ကြီးစရာမကောင်းဘူး။
သင်ဟာ တရားမရှိဘူး သင်ဟာ ပါးစပ်မလုံဘူး...။
စသည်စသည်ဖြင့် သူတို့ထင်ရာ မြင်ရာ တွေးမိရာ တံဆိပ်တစ်ခုကို ကပ်လိုက်ကြတယ်။
နောက်ပိုင်းမှာတော့ သူတို့ကပ်ထားတဲ့အဲဒီတံဆိပ်ကိုကြည့်ပြီး။
သင့်ကိုသူတို့က ရာသက်ပန်အဲဒီအတိုင်း
ဆက်ဆံသွားကြတော့တယ်...။
သင့်ကိုမြင်တာနဲ့ အဲဒီတံဆိပ်ကိုသူတို့မျက်လုံးထဲ
တန်းမြင်ကြတော့တာပါ။
အဲဒါဘာလဲ သိလား စကားကိုအကုန်ပြောခဲ့လို့. ရင်တွေအကုန်ဖွင့်ခဲ့မိလို့....
လူရင်းလုပ်ပြီး ဘာမှမဖြစ်လောက်ပါဘူးလေဆိုပြီး အရာရာကိုဖွင့်ပြောခဲ့လို့...
ဟုတ်ကဲ့ လက်ဆောင်လေးတစ်ခုပေးလိုက်ချင်ပါတယ်.
ဘယ်သူ့ကိုမှ စကားကိုအကုန်မပြောပါနဲ့
သင့်ကို ဘယ်သူကမှ ရိုက်မစစ်ပါဘူး...။
ဘယ်သူကမှ ကြိုးတုပ်မမေးပါဘူး လူရင်းထိုးတဲ့ဓားက
ပိုနက်တယ်ဆိုတာ သတိထား စေလိုပါတယ်။
#ကိုယ်တိုင်ကြုံဖူးလို့စကားများများသိပ်မပြောကြပါနဲ့😊
Credit to original writer.
"လူတွေဟာ စာအုပ်လိုပဲ... အဖုံးလှပေမယ့်၊ ဇာတ်သိမ်းက ပြောင်းလဲတတ်တယ်။"
ဒီကမ္ဘာမှာ အရာရာဟာ အချိန်နဲ့အမျှ ပြောင်းလဲနေတယ်။ ကိုယ်ဒီနေ့ အယုံကြည်ရဆုံးဆိုတဲ့ လူဟာ မနက်ဖြန်မှာ ကိုယ့်အတွက် အစိမ်းသက်သက် ပြိုင်ဘက်တစ်ယောက် ဖြစ်လာနိုင်သလို၊ ကိုယ်အမုန်းဆုံး ရန်သူဟာလည်း မထင်မှတ်ဘဲ ကိုယ့်အနားမှာ ရှိပေးမယ့် မိတ်ဆွေတစ်ယောက် ဖြစ်လာတတ်တယ်။ ဘဝရဲ့ နိယာမက အဲဒီလောက်အထိ ထိရှလွယ်တယ်။
"ရန်သူဆိုတာ အမြဲမရှိဘူး" ... လူတွေရဲ့ စိတ်ထဲမှာ "ငါ" ဆိုတဲ့ အတ္တက ကြီးစိုးနေသရွေ့၊ ကိုယ့်အတွက် အကျိုးရှိမယ့်သူကိုပဲ အပေါင်းအသင်းလုပ်တတ်ကြတယ်။ ဒီနေ့ ကိုယ့်ကို ဝိုင်းပြီးချီးမွမ်းနေတဲ့သူတွေဟာ ကိုယ့်ဆီက ရစရာမရှိတော့တဲ့နေ့မှာ ကိုယ့်ကို ကျောခိုင်းဖို့ ဝန်မလေးကြဘူး။ အဲဒါက လူ့သဘာဝရဲ့ အမှန်တရားပဲ။
"ထာဝရ မိတ်ဆွေဆိုတာလည်း မရှိဘူး" ... ကိုယ့်ကို တကယ်ချစ်ပါတယ်၊ ယုံကြည်ပါတယ်လို့ ပြောနေတဲ့သူတွေတောင် ကိုယ့်ရဲ့ အကျိုးစီးပွားကို ထိခိုက်လာပြီဆိုရင်တော့ ကိုယ့်ကို ရန်သူလို သတ်မှတ်သွားနိုင်တယ်။ စိတ်နှလုံးထဲကလာတဲ့ သစ္စာတရားထက်၊ အကျိုးအမြတ်ကို ပိုပြီးကြည့်တတ်တဲ့ လူတွေရဲ့ လောကထဲမှာ ကိုယ်ဟာ သတိထားပြီး ရှင်သန်ရပါလိမ့်မယ်။
ဒါကြောင့်၊ "ဘယ်သူ့ကိုမှ စွဲစွဲလန်းလန်း မယုံကြည်နဲ့" ... ကိုယ့်ကိုယ်ကိုယ်ပဲ ယုံကြည်ပါ။ ကိုယ့်ရဲ့ စွမ်းရည်၊ ကိုယ့်ရဲ့ စေတနာ၊ ကိုယ့်ရဲ့ ကြိုးစားမှုတွေကိုပဲ ယုံကြည်ပါ။ လူတွေရဲ့ ပြောင်းလဲတတ်တဲ့ စိတ်ကို ယုံကြည်ပြီး အရာရာကို အားကိုးမနေပါနဲ့။ ကိုယ်အားကိုးရာက ကိုယ်ကိုယ်တိုင်ပဲ ဖြစ်ပါစေ။
လောကရဲ့ လှည့်ကွက်တွေကို နားလည်ပြီး၊ ဘဝရဲ့ အပြောင်းအလဲတွေကို ကြံ့ကြံ့ခံနိုင်အောင် ပြင်ဆင်ထားပါ။ လူတွေအပေါ် အကြွင်းမဲ့မယုံကြည်ဘဲ၊ ကိုယ့်ကိုယ်ကိုယ်ပဲ ယုံကြည်ပြီး ခိုင်ခိုင်မာမာ လျှောက်လှမ်းပါ။ အဲဒါမှသာ ဘဝရဲ့ ခါးသီးတဲ့ သင်ခန်းစာတွေကနေ လွတ်မြောက်နိုင်မှာပါ။
Ink&soul ✍️
#crd_to_owner_with_respect_photo@kohmjg55468
လူတွေဟာ ဘယ်အချိန်ကျမှ
ရှင်သန်ခြင်းကို တန်ဖိုးထားတတ်လဲ။
ဘယ်နေ့ကို ဘာလုပ်မယ်၊
ဘယ်နေ့ကို ဘာလုပ်မယ်လို့
အလုပ်ကိစ္စတွေ၊ နေရေးတွေကိုချည်း အမြဲ စဉ်းစားမနေသင့်ဘူး။
"ဘယ်အချိန်မှာ ငါ့ခန္ဓာကိုယ်ဟာ ဖောက်ပြန်ပြီးတော့ ထပြီးတော့ တစ်မျိုးတစ်မည် ဖြစ်မယ် မသိဘူး"လို့ သေရေးကိုလည်း စဉ်းစားရတယ်တဲ့ ဉာဏ်ပညာရှိတဲ့လူဆိုတာ။ ပရိသတ်ရေ အတိတ်မရှိ နိမိတ်မရှိလို့ မထင်ပါနဲ့နော်။
သေခြင်းတရားကို စဉ်းစားရင်
အကုသိုလ်ကို ကြောက်ပြီးတော့ ကုသိုလ်ကို အားကိုးပြီးတော့ မြတ်နိုးပြီးတော့ လူကောင်း သူကောင်းတစ်ယောက် သေချာပေါက် ဖြစ်နိုင်တယ်။ အင်မတန်လည်း အားတက်လာတယ်။ ဘယ်လိုနည်းနဲ့ အားတက်လာသလဲဆိုတော့ ဘဝကို ပိုပြီးတော့ တန်ဖိုးထားလာတယ်။
"ငါ ဘယ်အချိန် သေရမယ် မသိဘူး"။ မသေခင်လေးကို အင်မတန် တန်ဖိုးထားလာတယ်။
အခု လူတွေက သေရတော့မယ်ဆိုတာက မစဉ်းစားတော့ ဒီနေရတဲ့အချိန်ကို သိပ်ပြီးတော့ တန်ဖိုးမထားဘူး။ ဆိုကြပါစို့ အခုအချိန်မှာလေ ရောဂါ အကြီးအကျယ်စွဲပြီးတော့ အိမ်မှာရှိတဲ့ စည်းစိမ်တွေ အကုန်ကုန်မှ ဒီရောဂါပျောက်မယ်။ ဒါမှ သင်မသေမှာလို့ ဆိုလို့ရှိရင် စည်းစိမ်းတွေနဲ့ လဲမှာနော်။ ဘာဖြစ်လို့လဲ ရှင်ချင်လို့,မသေချင်လို့။ ရှင်ခြင်းကို အဲသလောက် တန်ဖိုးထားတယ်နော်။
အခု ရှင်နေပါတယ်။ ဘာမှ မဖြစ်ဘူး။ ကဲ ရှင်နေပါတယ်။ အခု ရှင်နေတဲ့အချိန်မှာ ရှင်ခြင်းသဘောတရားကို တန်ဖိုးထားသလား။
လူတွေဟာ ဘယ်အချိန်ကျမှ ရှင်သန်ခြင်းကို တန်ဖိုးထားမှာလဲဆိုတော့ သေတော့မယ်ဆိုမှ ရှင်သန်ခြင်းကို တန်ဖိုးထားကြတာ။ အဲဒါ တော်တော် ဝမ်းနည်းစရာကောင်းတဲ့ကိစ္စ။
သေတော့မယ်ဆိုမှ စည်းစိမ်တွေ ကုန်ကုန်။ ဘာတွေဖြစ်ဖြစ် ငိုကြ ယိုကြ။ သေခြင်းတရားကို ရင်ဆိုင်ပြီးတော့ ရှင်သန်ခြင်းတရားကို ဆွဲဆန့်ချင်တယ်။ အဲဒီကျတော့ ရသေးလား၊မရတော့ဘူး။
သေခြင်းတရားကို စဉ်းစားလို့ရှိရင် နေရတဲ့အချိန်လေးကို သိပ်ပြီးတော့ တန်ဖိုးထားတယ်။ တန်ဖိုးရှိအောင်လည်း ကြိုးစားတယ်။
Credit.သစ္စာရွှေစည်ဆရာတော်
#𝑐𝑟𝑑_𝑡𝑜_𝑜𝑤𝑛𝑒𝑟_𝑤𝑖𝑡ℎ_𝑟𝑒𝑠𝑝𝑒𝑐𝑡@kohmjg55468 #crd_to_owner_with_respect@kohmjg55468
သူ့ကမ္ဘာထဲမှာကိုယ်က "အပိုလူ" ဖြစ်နေပြီးလား
***********
လူတစ်ယောက်ကို ကိုယ်ဘယ်လောက်ပဲ
အလေးအနက်ထားပြီးချစ်ချစ်၊
သူ့ဘက်က ကိုယ့်ကိုနေရာမပေးချင်တဲ့အခါ
ကိုယ်ဟာသူ့ဘက်ကြည့်ရင်
" အပိုလူ" တစ်ယောက်ဖြစ်သွားတတ်ပါတယ်။
ဆရာကြီးလယ်တွင်းသားစောချစ်ပြောဖူးသလိုပေါ့
"သူ့ကမ္ဘာထဲမှာ ကိုယ်ကအပိုလူဖြစ်နေမှန်းသိရင်
ဇွတ်တိုးပြီးနေရာမယူပါနဲ့" တဲ့
ကိုယ်မရှိလည်း သူ့ကမ္ဘာက
အေးအေးဆေးဆေးလည်ပတ်နေတာပဲ။
ကိုယ်ကသာ ဇွတ်တိုးဝင်ရှုပ်မိရင်
သူ့အတွက် အနှောင့်အယှက် ဖြစ်စေသလို၊
ကိုယ့်ဘက်ကလည်းပိုပြီးနာကျင်ရုံပဲရှိပါတယ်။
နေရာမရှ်ိတဲ့နေရာတစ်ခုမှာ
ဇွတ်တိုးပြီးနေရာလုနေမဲ့အစား
ကိုယ့်ရဲ့တန်ဖိုးရှိတဲ့အချိန်တွေ၊
ခံစားချက်တွေကို ကိုယ့်ကိုယ်ကိုယ်
ပြန်ပေးလိုက်တာပိုကောင်းပါတယ်။
နှလုံးသားတစ်ခုလုံး ပေးဆပ်ခဲ့ရတာမို့လို့ လက်လွှတ်ရမှာ ခက်ခဲမယ်ဆိုတာ သိပါတယ်။
ဒါပေမဲ့ မျက်ရည်တွေနဲ့
တည်ဆောက်ထားရတဲ့ ပတ်သပ်မှုတစ်ခုဟာ ဘယ်တော့မှ မပျော်ရွှင်နိုင်ပါဘူး။
ကိုယ့်ကို တန်ဖိုးမထားတဲ့သူဆီမှာ
"အပိုလူ" အဖြစ်နဲ့ အနိမ့်ခံနေမဲ့အစား
ကိုယ့်ရဲ့ကမ္ဘာလေးထဲမှာပဲ
ကိုယ်တိုင်ဟာ အဓိကဇာတ်ဆောင်အဖြစ်နဲ့
တန်ဖိုးရှိရှိ ပြန်လည်ရှင်သန်လိုက်ပါ။
နာကျင်ရပေမဲ့ လှပတဲ့ နောက်ဆုတ်ခြင်းတစ်ခုနဲ့
ကိုယ့်ကိုယ်ကိုယ် ပြန်ချစ်ပေးလိုက်ပါ။
တစ်ယောက်ယောက်
ကိုယ့်အပေါ်ပြောင်းလဲသွားရင်
အဲ့လူနောက်ကို ကိုယ်တော့ပြေးလိုက်ဖြစ်မယ်
မထင်တော့ဘူး။
အဲ့လူကို တစ်ခုခုတုန့်ပြန်ဖို့ထက်
အဲ့လူအကြောင်းကို မတွေးတော့ပဲ
ဘဝကိုအလှပဆုံးဖြစ်အောင်ပဲ
ဆက်လက်တည်ဆောက်မယ်။
သူ့နောက်ကိုလည်း ပြေးမလိုက်ဘူး။
သူ့ကိုထိခိုက်အောင်လည်း မလုပ်ဘူး။
သူ့မကောင်းကြောင်းကိူလည်း မပြောဘူး။
သူ့အတိတ်ကိုလည်း အောက်ဖဲမလှန်ဘူး။
ကိုယ်ဟာအမြဲတမ်း ခွင့်လွှတ်နိုင်သူပဲဖြစ်ရမယ်။
#credit
#maythawtarzin
#𝑐𝑟𝑑_𝑡𝑜_𝑜𝑤𝑛𝑒𝑟_𝑤𝑖𝑡ℎ_𝑟𝑒𝑠𝑝𝑒𝑐𝑡@kohmjg55468
Repost from 𝗟𝗶𝗯𝗿𝗮 (𝟮𝗗 𝗪𝗼𝗿𝗹𝗱)
နှစ်ပတ်မွေး တကွက်ကောင်း 💯💯
သေချာပေါက် [17 နှစ်စာ] ပျက်ပင်မရှိ
ချပြပေးစရာရှိပါတယ် ‼‼‼
▶️ ဒီPost ကို အနည်းဆုံး
▶️ Group 3ခုမှာ Share ပြီး Ssနဲ့ အတူ
[ နှစ်ပတ်မွေး တကွက်ကောင်း Free ] 🔔
✉️ Telegram @Libra_Sun2D မှာယူပါ
✅ Formula Channel @Libra2D
✅ Telegram Channel @LibraTelegram
🍀#သံယောဇဉ်နွယ်မိရင်တော့.....
"သံယောဇဉ်" တဲ့...
ပြောလိုက်ရင်တော့ စကားလုံးလေး သုံးခွန်းတည်းပါပဲ။
ဒါပေမဲ့ ...အဲဒီစကားလုံးလေးရဲ့ အာနိသင်က လူတစ်ယောက်ကို ပြောင်းလဲပစ်နိုင်တဲ့အထိ ပြင်းထန်လွန်းတယ်။
#နွယ်မိရင်တော့...
မိုးလင်းတာနဲ့ ပထမဆုံး သတိရမိတဲ့သူက အဲဒီလူ ဖြစ်လာတတ်တယ်။
ကိုယ့်ရဲ့ ပျော်ရွှင်မှုတွေ၊ ဝမ်းနည်းမှုတွေက ကိုယ့်အပေါ်မှာ မူမတည်တော့ဘဲ သူပေးတဲ့ စကားတစ်ခွန်း၊ သူပြတဲ့ အမူအရာလေးတစ်ခုပေါ်မှာပဲ ပုံအောပြီး ဆိုင်သွားတတ်တယ်။
#နွယ်မိရင်တော့...
ဘယ်လောက်ပဲ စိတ်နာပါတယ်ပြောပြော၊ မျက်နှာလေး မြင်လိုက်ရရုံနဲ့တင် အမုန်းတွေက အရည်ပျော်ကျသွားတာမျိုးပေါ့။
ကိုယ့်ဘက်က နစ်နာနေတာ သိသိကြီးနဲ့တောင် "သူရှိရင် ပြီးတာပါပဲ" ဆိုတဲ့ စိတ်နဲ့တင် အရာရာကို ခွင့်လွှတ်ပေးဖို့ အဆင်သင့် ဖြစ်နေတတ်ပြန်ရော။
#နွယ်မိရင်တော့...
အနားမှာ ရှိနေရင်တောင် ပျောက်သွားမှာ ကြောက်ရသလို၊ ဝေးနေပြန်ရင်လည်း တစ်စိမ့်စိမ့် လွမ်းနေရတတ်တယ်။
တစ်ခါတလေ အဲဒီနွယ်ပင်လေးက ကိုယ့်ကို အသက်ရှူကျပ်စေပေမဲ့ အဲဒီအကျပ်အတည်းလေးကိုပဲ မြတ်မြတ်နိုးနိုးနဲ့ ဖက်တွယ်ထားမိတာမျိုးပါ။
တကယ်တော့ သံယောဇဉ်ဆိုတာ...
ရုန်းလေ မြဲလေ၊ နွယ်မိလေ ရုန်းထွက်ရ ခက်လေပါပဲ။
#စိတ်ကြည်နွယ်
#crd_to_owner_with_respect@kohmjg55468 @kohmjg55468
#လူတွေက
မင်းအကြောင်း မကောင်းပြောလျှင်
စိတ်မဆိုးပါနဲ့။
ဟောင်ပါစေ
#crd_to_owner_with_respect@kohmjg55468 @kohmjg55468
Pin ထောက်းထားကနေစဖတ်ပေးပါ
များများလေးတင်ထားတယ်နော်
💪💪
🌾🌾🌾 လုပ်ငန်းခွင်မှာဖြစ်ဖြစ်၊
မိသားစုထဲမှာဖြစ်ဖြစ်
ကိုယ်ပြောတဲ့စကားကို
အလေးမထားတာ၊
လူအများရဲ့ ငြိုငြင်မှုကို ခံရတာဟာ
ကိုယ့်ရဲ့ မေတ္တာဓာတ်လှိုင်း
အားနည်းနေလို့ပါ။
မနက်နိုးနိုးချင်း မျက်နှာသစ်တဲ့အခါ
ဒီဂါထာတော်နဲ့ စွမ်းအင် မြှင့်တင်ပါ။
မနက်ခင်း မျက်နှာသစ်မယ့်
ရေခွက်ကို ကြည့်ပြီး
မေတ္တာသုတ်လာ ဂါထာတော်ကို (၃) ခေါက်
ရွတ်ဆိုပါ။
ဂါထာတော်အတို -
မေတ္တံ သဗ္ဗလောကသ္မိံ၊
မာနသံ ဘာဝယေ အပရိမာဏံ။"
ထိုရေနဲ့ မျက်နှာသစ်ရင်း
“ငါ့ကို မြင်သူတိုင်း
ချစ်ခင် သနားစေရမယ်၊
ငါပြောတဲ့ စကားတိုင်းဟာ
အောင်မြင်မှုနဲ့ ကြွယ်ဝမှုကို
ဆွဲဆောင်စေရမယ်” လို့
စိတ်ထဲက ခိုင်မာစွာ သတ်မှတ်ပါ။
👉 ပိုမိုထိရောက်တဲ့
ကံဓာတ်သန့်စင်မှုစနစ်နဲ့
ရေရှည် ကြီးပွားလာဘ်ပွင့်ချင်သူများ
လာမယ့် ဝါဆိုလလပြည့်နေ့
ကံဓာတ်သန့်စင်ပွဲမှာပါဝင်ချင်တယ်ဆိုရင်
ဘုန်းဘုန်းရဲ့မက်ဆင်ဂျာမှာ
''ပါဝင်ပါမယ်''လို့စာရင်းပေးစာပို့ထားပါ။
#crd_to_owner_with_respect@kohmjg55468 @kohmjg55468
ဘယ်လောက်ပဲ ချစ်ခင်ရင်းနှီးပါစေ
စကားကို လက်လွယ်စပယ်
မပြောပါနဲ့။
ခံစားတတ်တဲ့ ဝေဒနာဆိုတာ
လူတိုင်းမှာ ရှိပါတယ်။
ဘယ်လောက်ပဲ မုန်းတီးနေပါစေ
အခြားသူရဲ့ပုဂ္ဂိုလ်ရေးကို
နှိမ့်ချစော်ကား
တာမျိုး မပြုလုပ်ပါနဲ့။
လေးစားမှုဆိုတာ
လူတိုင်းနဲ့ထိုက်တန်သလို
မိမိကိုယ်တိုင်နဲ့လည်း ထိုက်တန်ပါတယ်။
ဘယ်လောက်ပဲ
သဘောကောင်းတဲ့သူနဲ့တွေ့ပါစေ
အခွင့်အရေးကို တဆုံးမနှိုက်ပါနဲ့။
မိမိကိုယ်ကိုယ်
ထိန်းသိမ်းတတ်ပါစေ
အခွင့်အရေးသမားကို လူတိုင်းက
ရွံ့မုန်းကြပါတယ်။
ဘယ်လောက်ပဲ
အလကားရနေပါစေ
မိမိရသင့်တဲ့ အတိုင်းအရှည် ပမာဏကို
အသိစိတ်နဲ့ ဆင်ခြင်တတ်ပါစေ။
သိက်ခာတရား ဆိုတာ
မွေးမြူသင့်ပါတယ်။
ဘယ်လောက်ပဲ
အခက်အခဲပြဿနာနဲ့ ကြုံရပါစေ
မိမိကိုယ်ပိုင် အစွမ်းအစနဲ့ အရင်ဖြေရှင်းတတ်ပါစေ။
အကူအညီကို အလွယ်
တကူ လိုချင်တဲ့သူ မဖြစ်ပါစေနဲ့။
ဘယ်လောက်ပဲ
ရိုးသားတဲ့လူကို တွေ့ပါစေ
သင့်အကျိုးအမြတ်အတွက်အသုံးမချပါနဲ့။
ရိုးသားမှုဆိုတာ အရည်အသွေးတစ်ခုဖြစ်ပြီး
အခြားသူအတွက် ဖြစ်တည်နေတာ
မဟုတ်ပါဘူး။
ဘယ်လောက်ပဲ
အင်အားကြီးမားတဲ့သူ သင်ဖြစ်နေလည်း အလွယ်တကူ အနိုင်ကျင့်
ချင်တဲ့ စိတ်ဓာတ်မျိုး မမွေးပါနဲ့။
ဒီကနေ့ အင်အားကြီးမားသူဟာ
နောင်တစ်နေ့မှာ
အင်အား ပျောက်ဆုံးသွားနိုင်လို့ပါ
သံသရာဆိုတာ လည်ပတ်နေပါတယ်။
ဘယ်လောက်ပဲ
အတွေးအခေါ်တွေ
ဆန့်ကျင်ဖက် ဖြစ်နေပါစေ
ကိုယ်ပဲ မှန်နေတယ်လို့ မထင်ပါနဲ့
မကျင့်သုံးနိုင်ရင် ပယ်လိုက်ပါ။
အခြားသူရဲ့ အတွေးအခေါ်ထဲ သင်လည်း
မနေနိုင်သလို သူလည်း နေမှာမဟုတ်ပါဘူး။
သင်ဘယ်လောက်ပဲ
ထူးချွန်ထက်မြက်နေပါစေ
တခြားသူကို ညံ့ဖျင်း တုံးအတယ်လို့
အလွယ်တကူ မှတ်ချက်မပေးပါနဲ့။
နောက်ခံအခြေအနေဆိုတာ
တသမတ်တည်းရရှိနိုင်တာမဟုတ်လို့
အရည်အချင်းတွေ
ကွဲပြားနေတာကို သတိပြုမိပါစေ။
မိမိကြိုက်နှစ်သက်တဲ့ လူ
အရာဝတ္ထု
အတွေးအခေါ် အခြေအနေ တစ်ခုကို
မိမိဘာသာ စိတ်ကြိုက် နှစ်သက်ခွင့်ရှိပါတယ်။
ဒါပေမယ့်
သူတစ်ပါးကြိုက်နှစ်သက်တဲ့အရာ
တွေကိုတော့ ကဲ့ရဲ့ရှုတ်ချပြီး
သင်ကြိုက်တဲ့အရာတွေကို
ဂုဏ်တင်ပြီး ပြောတာမျိုးတော့မဖြစ်သင့်ပါ။
__
#ဘဝအတွတ်စာဖတ်ပါ
#ခွန်အားရှိသောစာတ်ိုများ
#ဆရာအောင်သင်းစာပေ
#စာပေဗဟုသုတများ
#crd_to_owner_with_respectcrd
ဘဝသစ် စာပေ
#HTHT@kohmjg55468 #crd_to_owner_with_respect@kohmjg55468
🌷🌷🌷 လူတွေဟာ ဘုရားရှေ့မှာ
ဝတ်ပြုကန်တော့တဲ့အခါ
စိတ်ကို ငြိမ်းချမ်းအောင်
ထားရမယ့်အစား•••
"ဘုရားတပည့်တော် စီးပွားရေးတွေ
ပျက်နေလို့ ကူညီပါ၊
အကြွေးတွေ တင်နေလို့
ကယ်တော်မူပါ ဘုရား" ဆိုပြီး
ကိုယ့်ရဲ့ အဆင်မပြေမှုတွေကိုပဲ
တတွတ်တွတ် လျှောက်ထားတတ်ကြပါတယ်။•••
ဒါဟာ ဘုရားကန်တော့ရင်း
ကိုယ့်ရဲ့ မသိစိတ်ထဲကို
ဆင်းရဲခြင်းပုံရိပ်တွေ
ထပ်ခါတလဲလဲ ရိုက်သွင်းနေမိမှန်း
သတိမမူမိကြတာပါ။•••
ဘုရားရှေ့ဟာ ကိုယ့်ရဲ့ စိတ်လှိုင်း
အမြင့်ဆုံးနဲ့ အသန့်ရှင်းဆုံး
အချိန်ဖြစ်သင့်ပါတယ်။
အဲဒီအချိန်မှာ အပူသောကတွေကို
ဘုရားရှေ့ ယူမလာပါနဲ့။•••
အရင်ဆုံး ကုသိုလ်စိတ်နဲ့ စိတ်ကို
ကြည်လင်အောင် ထားပြီးမှ
"ငါ့ဘဝဟာ အဆင်ပြေချမ်းသာဖို့
လမ်းစတွေ ပွင့်နေပြီ" ဆိုတဲ့
သမ္မာဒိဋ္ဌိ အသိနဲ့သာ
မသိစိတ်ကို အမိန့်ပေးပါ။•••
လောကမှာ အောင်မြင်တဲ့
လုပ်ငန်းရှင်ကြီးတွေဟာ
အလုပ်ကိုပဲ မိုက်မဲစွာ
ဒုန်းစိုင်းလုပ်ကြတာမဟုတ်ဘဲ
သူတို့ရဲ့ မသိစိတ်စွမ်းအားကို
စနစ်တကျ အသုံးချပြီးမှ
စီးပွားရေးကို လွယ်လွယ်ကူကူ
မောင်းနှင်ကြတာပါ။
ဒါကို သာမန်လူတွေက
ကံကောင်းလို့ပဲလို့
ထင်နေကြတာ ဖြစ်ပါတယ်။
ဓမ္မစိတ္တဆရာတော်
အရှင်ဉာဏောဘာသ
🅲🆁🅴🅳🅸🆃
#HtweHtweမှပြန်လည်မျှဝေပါသည်🙏
#htwehtwevlog #htwehtweပုဂံမြေစာပေချစ်သူ #htwehtweblog #htweandaung
#HtweHtwe #HT #Htwe #HTHT@kohmjg55468
