Chinese VIP Series List
Open in Telegram
5 791
Subscribers
-224 hours
-197 days
-10730 days
Posts Archive
1043. Pull Strings (2026)
Season 1
နတ်ဘုရားရာထူးခန့်အပ်ပွဲဆိုင်ရာ ယှဉ်ပြိုင်ပွဲကြီးမတိုင်မီ ရှေးဟောင်းခေတ်ဦးမှာ ဘဝသစ်နဲ့ ပြန်လည်နိုးထလာခဲ့သူ လီချန်ရှို့ဟာ အထုံပါရမီလုံးဝမပါတဲ့ သာမန်ကျင့်ကြံသူလေးတစ်ယောက်ပါ။ သူဟာ ကြီးမားတဲ့ကံကြမ္မာနဲ့ မွေးဖွားလာတာမျိုးမရှိသလို ကြီးမားတဲ့ဘေးဒုက္ခတွေ ရင်ဆိုင်ရဖို့လည်း မရှိပါဘူး။ သူ့ရဲ့တစ်ခုတည်းသောအိပ်မက်ကတော့ ဒီရက်စက်လှတဲ့လောကကြီးထဲမှာ အသက်ရှည်တဲ့ကျင့်ကြံသူတစ်ယောက်အဖြစ် အေးအေးဆေးဆေးနေသွားဖို့ပါပဲ။ ဒါပေမဲ့ ရက်စက်လှတဲ့လောကအလယ်မှာ ရှင်သန်နိုင်ဖို့အတွက် လီချန်ရှို့ဟာ ကြမ္မာရဲ့ဖိနှိပ်မှုမခံရအောင် မကောင်းတာအကုန်လုံးကို ရှောင်ရှားခဲ့ပါတယ်။ ဘာလို့ဆို သတ်ဖြတ်ခြင်းက ရန်ငြိုးရန်စတွေကိုပဲ မွေးဖွားပေးတာမို့လို့ပေါ့။ ဒါကြောင့်မို့လို့ သူဟာ ဘာပဲလုပ်လုပ် မလုပ်ခင်မှာ အကွက်စိပ်စိပ်နဲ့ သေချာတွက်ချက်ပြီး ကြိုတင်ပြင်ဆင်လေ့ရှိပါတယ်။ အန္တရာယ်ရှိတဲ့အခြေအနေတွေဆီကို လုံးဝမသွားဘဲ အစွမ်းထက်ဝှက်ဖဲတွေကို ဖုံးကွယ်ထားပြီး ထွက်ပြေးလွတ်မြောက်နိုင်တဲ့ဗျူဟာတွေကိုလေ့ကျင့်ခဲ့ပါတယ်။ နောက်ပြီး အဆိပ်ဆေးပြားတွေကို ဖော်စပ်တယ်။ အဲလိုကနေ နက်နဲတဲ့ပညာရပ်တွေကို ကျွမ်းကျင်အောင်သင်ယူခဲ့ပါတော့တယ်
💫ဤဇာတ်လမ်းတွဲကြည့်ရန်နှိပ်ပါ💫
1042. The Road to Splendor (2026)
Season 1
ကျောက်လင်ဆိုတဲ့လူငယ်လေးဟာ ဆင်းရဲနွမ်းပါးတဲ့မိသားစုကနေ မွေးဖွားလာခဲ့ပေမဲ့ ရင်ထဲမှာ ကြီးမားတဲ့ရည်မှန်းချက်တွေ ကိန်းဝပ်နေပြီး သဘောထားကြီးသလို သံယောဇဉ်ကြီးလှတဲ့ လျှို့ဝှက်ဆားကုန်သည်လေးပါ။ တစ်နေ့မှာတော့ မတရားအကွက်ဆင်စွပ်စွဲခံရပြီး ဖောက်ပြန်သူအဖြစ်စွပ်စွဲခံလိုက်ရတဲ့ အထက်တန်းလွှာအမျိုးသမီးလေး ဖုထင်ယွင်နဲ့ မထင်မှတ်ဘဲဆုံခဲ့မိပါတယ်။
ဒါပေမဲ့ ဆုံတွေ့မှုက ကောင်းသောဆုံတွေ့ခြင်းမဟုတ်တာမို့ အသက်ဘေးကနေ လွတ်မြောက်ဖို့အတွက် သူတို့နှစ်ဦးဟာ အတူတကွစွန့်စားပြီး ထွက်ပြေးခဲ့ကြရပါတယ်။ လမ်းခရီးတစ်လျှောက်မှာ မိသားစုတွေရဲ့ဖိအား၊ နန်းတွင်းအာဏာလုပွဲတွေရဲ့ခေါင်းပုံဖြတ်မှုနဲ့ ကံကြမ္မာရဲ့စမ်းသပ်ချက်ပေါင်းစုံကိုရင်ဆိုင်ခဲ့ကြရပေမဲ့ သူတို့နှစ်ယောက်ဟာ အလျှော့မပေးဘဲ ကံကြမ္မာကို အတူတကွစိန်ခေါ်တွန်းလှန်ရင်း အဆုံးသတ်မှာတော့ လူအများက လေးစားအားကျရတဲ့စုံတွဲတစ်တွဲ ဖြစ်လာခဲ့ကြပါတော့တယ်။
💫ဤဇာတ်လမ်းတွဲကြည့်ရန်နှိပ်ပါ💫
1041. Mystic Nine (2026)
Season 1
ကျန်းမိသားစုရဲ့အမှတ် (၄၀၁) တပ်ဖွဲ့တစ်ခုလုံးဟာ မေးခွန်းထုတ်စရာပဟေဠိဆန်းကြီးအဖြစ် အစအနမရှိပျောက်ဆုံးသွားခဲ့ပါတယ်။ အဲဒီလို ပျောက်ဆုံးသွားတဲ့တပ်ဖွဲ့ကို လိုက်လံရှာဖွေဖို့အတွက် ကျန်းချီရှန်းဟာ ကိုးတံခါးအဖွဲ့ဝင်တွေဖြစ်ကြတဲ့ ဝူလောင်ကုန်း၊ ဟော့ရှန်းကု၊ ချီထျယ်ကျွေ့တို့နဲ့လက်တွဲပြီး လျှို့ဝှက်ဆန်းကြယ်လှတဲ့ ကမ္ဘာခြားမျှော်စင်ထဲကို ဝင်ရောက်ခဲ့ကြပါတယ်။
အဲဒီမျှော်စင်ကြီးရဲ့အတွင်းထဲမှာတော့ ထိမိတာနဲ့ အသက်ပျောက်နိုင်တဲ့ သေမင်းထောင်ချောက်တွေ၊ ကြောက်စရာကောင်းလှတဲ့ ဖြစ်ရပ်ဆန်းတွေနဲ့ ပုံမှန်မဟုတ်တဲ့အချိန်လေဟာနယ်တွေ လိမ်ဖိန်းဖရိုဖရဲဖြစ်နေတာကို သူတို့ ရင်ဆိုင်ခဲ့ကြရပါတယ်။ မုန်တိုင်းထန်လုဆဲဆဲအခြေအနေမှာ ကျန်းချီရှန်းတစ်ယောက် သွေးဆာနေတဲ့ တခြားအင်အားစုအဖွဲ့အစည်းပေါင်းများစွာနဲ့ပါ ထိပ်တိုက်ရင်ဆိုင်လိုက်ရတာမို့ ကိုးတံခါးအဖွဲ့ရဲ့ကံကြမ္မာဟာ ဘယ်လိုအလှည့်အပြောင်းတွေနဲ့ ရင်ဆိုင်ရမလဲဆိုတာ
💫ဤဇာတ်လမ်းတွဲကြည့်ရန်နှိပ်ပါ💫
1040. The Shadow Sovereign (2026)
Season 1
ဇာတ်လမ်းအစမှာတော့ ဆင်းရဲတဲ့မိသားစုကနေ ပေါက်ဖွားလာတဲ့ ဉာဏ်ပညာထက်မြက်သူ ပညာရှင်လေး ရှန်ရှောက်(Shen Xiao) ဟာ သူ့ဖခင်သေဆုံးမှုရဲ့ နောက်ကွယ်က အမှန်တရားကို ဖော်ထုတ်ဖို့နဲ့ နိုင်ငံ့ဝန်ထမ်းဖြစ်လာဖို့အတွက် ကြိုးစားပမ်းစား စာပေသင်ယူနေသူပါ။ တစ်နေ့မှာတော့ သူဟာ ကျောင်းယန်မင်းသမီးလေး လီရှု (Li Shu) နဲ့ မထင်မှတ်ဘဲ တစ်ညတာ အတူနေမိခဲ့ကြပါတယ်။ ဒါပေမဲ့ မင်းသမီးလေးက သူ့ကို တာဝန်မယူဘဲ ရက်ရက်စက်စက် ပစ်ချသွားခဲ့ပါတော့တယ်။
ကံကြမ္မာရဲ့ အလှည့်အပြောင်းကတော့ သိပ်မကြာခင်မှာပဲ ရှန်ရှောက်ဟာ နိုင်ငံတော်အဆင့် စာမေးပွဲမှာ ပထမ (ကျွမ့်ယွမ်) ရရှိသွားခဲ့ပါတယ်။ အောင်ပွဲခံ ညစာစားပွဲမှာ ဧကရာဇ်ကြီးက ထိပ်တန်းစာသင်တန်းသား ရှန်ရှောက်ကို သဘောကျလွန်းလို့ သူ့ရဲ့အချစ်တော်သမီးတော်နဲ့ လက်ဆက်ပေးဖို့ စီစဉ်တဲ့အခါမှာတော့... မင်းသမီးလေး လီရှုတစ်ယောက် သူမ ပစ်ချခဲ့တဲ့ကောင်လေးမှန်း သိလိုက်ရလို့ အံ့သြမှင်တက်သွားခဲ့ရပါတယ်။
💫ဤဇာတ်လမ်းတွဲကြည့်ရန်နှိပ်ပါ💫
1039. Overdo (2026)
Season 1
Republican ခေတ်ဦး ရှန်ဟိုင်းမြို့ကြီးရဲ့မုန်တိုင်းထန်လှတဲ့ အာဏာလုပွဲတွေကြားမှာ စစ်ဘုရင်တစ်ဦးရဲ့အငယ်ဆုံးမွေးစားသားဖြစ်သူ မုရုန်ချင်းယီဟာ မှားယွင်းခေါ်ဆောင်ခံလိုက်ရပါတယ်။ ဒါမို့ ငယ်စဉ်ကတည်းက မွေးစားဖခင်ရဲ့ရက်စက်စွာနှိပ်စက်ညှဉ်းပန်းမှုကို ခံခဲ့ရရှာပါတယ်။ ဆယ်ကျော်သက်အရွယ်မှာတော့ အဲဒီငရဲခန်းကနေ ထွက်ပြေးလွတ်မြောက်လာခဲ့ပြီး သေလုမျောပါးဖြစ်နေတဲ့သူ့ကို မိန်းမငယ်လေး ရန်စူးစူးက ကယ်တင်ပေးခဲ့ပေမဲ့ အဲဒီကယ်တင်မှုကြောင့်ပဲ စူးစူးရဲ့မိသားစုတစ်ခုလုံး ကပ်ဘေးသင့်ပြီး ပျက်စီးသွားခဲ့ရပါတယ်။
နှစ်ပေါင်းများစွာကြာပြီးတဲ့နောက်မှာတော့ သူတို့နှစ်ယောက်ဟာ ပြန်လည်ဆုံတွေ့ခဲ့ကြပြီး နှလုံးသားချင်း တိတ်တဆိတ်ငြိတွယ်ခဲ့ကြပါတော့တယ်။ ဒါပေမဲ့ ကံကြမ္မာရဲ့အလှည့်အပြောင်းကြောင့် ရန်စူးစူးဟာ တခြားသူတွေကို ကယ်တင်ဖို့အတွက် သေဆုံးသွားဟန်ဆောင်ကာ ထွက်ပြေးတိမ်းရှောင်သွားခဲ့တာမို့ မုရုန်ချင်းယီခမျာ ချစ်ရသူကို ဆုံးရှုံးလိုက်ရတဲ့သေရာပါဒဏ်ရာကို အသဲခိုက်အောင်ခံစားနာကျင်ခဲ့ရပါတယ်။
💫ဤဇာတ်လမ်းတွဲကြည့်ရန်နှိပ်ပါ💫
1038. My Mr. Ostrich (2026)
Season 1
ငယ်စဉ်ကလေးဘဝတုန်းက မတော်တဆဖြစ်ရပ်တစ်ခုကြောင့် လက်တစ်ဖက်ဆုံးရှုံးလိုက်ရတဲ့ ကောင်လေးတစ်ယောက်နဲ့ အမြဲတမ်း တက်ကြွရွှင်လန်းနေတဲ့ ကောင်မလေးတစ်ယောက်တို့ဟာ အိမ်နီးချင်းတွေအဖြစ် နှစ်ပေါင်း (၂၀) နီးပါး အတူတူကြီးပြင်းလာခဲ့ကြပါတယ်။ ဘဝရဲ့ခက်ခဲကြမ်းတမ်းတဲ့စမ်းသပ်ချက်တွေ၊ အနိမ့်အမြင့်တွေကြားထဲမှာ သူတို့နှစ်ယောက်ဟာ အပြန်အလှန်ကူညီကြရင်း အတူတကွရင့်ကျက်လာကြပါတယ်။
အချိန်တွေကုန်လွန်ပြီးနောက်မှာတော့ My Crab Girl ဆိုတဲ့ကာတွန်းစာအုပ်လေးက သူတို့နှစ်ယောက်ကိုပြန်လည်ဆုံစည်းပေးခဲ့ပြီး ရင်ထဲမှာ နှစ်ပေါင်းများစွာ လျှို့ဝှက်သိမ်းဆည်းထားခဲ့ကြတဲ့ ဆယ်စုနှစ်တစ်ခုစာအချစ်တွေကို အချင်းချင်း ဖွင့်ဟထုတ်ဖော်ကြရင်း ဘဝလမ်းကြမ်းထက်က ချစ်မေတ္တာနေရောင်ခြည်ကို ရှာတွေ့သွားကြပါတော့တယ်။
────── • • ──────
👑 Member ဝင်ရန် - 👉 @vip_subscribe_rmc_bot
💳 Payment - 👉 KBZPay, WavePay, CBPay, AYAPay, uabpay
🧑🏻💻 Admin Account - 👉 @nas0055 ထံသို တိုက်ရိုက်ဆက်သွယ်ပြီးလည်း Member ဝင်လိုရပါတယ်ဗျ။
1037. Auspicious Nobles (2026)
Season 1
ခေတ်သစ်ကမ္ဘာက ဘဏ္ဍာရေးဆိုင်ရာပါရမီရှင်မလေး လီချင်းချင်းဟာ မထင်မှတ်ဘဲ ရှေးခေတ်ကာလဆီကို အချိန်ခရီးသွားခဲ့မိပြီး စစ်သူကြီးဖန်းယန်ရဲ့ဇနီးသည် ဖြစ်လာခဲ့ပါတယ်။ အေးအေးဆေးဆေးနဲ့ ငြိမ်းချမ်းတဲ့ဘဝလေးကိုပဲ ပိုင်ဆိုင်ချင်ခဲ့သူဖြစ်ပေမဲ့ သုံးနှစ်အကြာမှာတော့ လင်ယောက်ျားဖြစ်သူက လီမုယန်ဆိုတဲ့ အမြှောင်မယားလေးကို အိမ်ပေါ်ခေါ်လာခဲ့လို့ သူ့ခမျာ မထင်မှတ်ဘဲသစ္စာဖောက်ခံလိုက်ရပါတယ်။ ဒါ့ပြင် လျှို့ဝှက်ထားတဲ့ မိသားစုဆိုးတစ်ခုပေါ်ထွက်လာခဲ့ပြီး အမှန်တကယ်တော့ လီမုယန်ကမှ လီမိသားစုရဲ့သမီးအရင်းစစ်စစ် ဖြစ်နေခဲ့တာပါ။
အရာရာမှာ ဘက်ပေါင်းစုံက သစ္စာဖောက်ခြင်း ခံလိုက်ရပေမဲ့ လီချင်းချင်းကတော့ လုံးဝ စိတ်ဓာတ်မကျဘဲ တည်ငြိမ်စွာတုံ့ပြန်ခဲ့ပါတယ်။ တကယ်တော့ သူဟာ တိုင်းပြည်ရဲ့အင်အားအကြီးမားဆုံးသတင်းအချက်အလက်နဲ့ စီးပွားရေးကွန်ရက်ဖြစ်တဲ့ ဝမ်းရှီဆောင်ကို တိတ်တဆိတ်ထိန်းချုပ်ထားသူတစ်ယောက်ပါ။ လီချင်းချင်းဟာ ခေတ်သစ်ဘဏ္ဍာရေးကျွမ်းကျင်မှုပညာတွေကို အသုံးချပြီး အိမ်တွင်းရေးပြဿနာတွေကို ပါးနပ်စွာဖြေရှင်းခဲ့သလို ရက်စက်လှတဲ့အိမ်ရှေ့စံမင်းသားနဲ့လည်း ဉာဏ်ချင်းပြိုင်ခဲ့ပါတယ်။
💫ဤဇာတ်လမ်းတွဲကြည့်ရန်နှိပ်ပါ💫
1036. The Outlaw (2026)
Season 1
ပျောက်ဆုံးသွားတဲ့ စေ့စပ်ထားသူအမျိုးသမီးလေးကိုလိုက်လံရှာဖွေနေတဲ့ ကျိုးယန်ဟာ လူကုန်ကူးသူတွေရဲ့ပြန်ပေးဆွဲခြင်းကို အမှတ်မထင်ခံလိုက်ရပြီး မတရားစွပ်စွဲချက်တွေနဲ့ ထောင်ကျသွားခဲ့ပါတယ်။ အရာရာကိုဆုံးရှုံးလိုက်ရတဲ့ ကျိုးယန်ဟာ အမှောင်ထုထဲကနေ ပြန်လည်ရုန်းထွက်ဖို့အတွက် ဒုစရိုက်လောကရဲ့ ဩဇာကြီးမားလှတဲ့ခေါင်းဆောင်တစ်ယောက်ရဲ့အထောက်အထားကို ရယူကာ ဟန်ဆောင်ခဲ့ပါတော့တယ်။ အဲဒီနောက်မှာတော့ အဆိပ်ကို အဆိပ်နဲ့ ခတ်ဆိုသလိုပဲ သူဟာ လျှို့ဝှက်ထောက်လှမ်းရေးရဲတပ်ဖွဲ့နဲ့ အကွက်ကျကျပူးပေါင်းလိုက်ပြီး သူ့ဘဝကို ဖျက်ဆီးခဲ့တဲ့ရာဇဝတ်ကွန်ရက်ကြီးတစ်ခုလုံးကို အမြစ်ပြတ် သုတ်သင်ရှင်းလင်းဖို့ အသက်နဲ့လဲရမဲ့ကစားပွဲကြီးကို စတင်ခဲ့ပါတော့တယ်။
💫ဤဇာတ်လမ်းတွဲကြည့်ရန်နှိပ်ပါ💫
1035. Royal Betrothal (2026)
Season 1
ဇာတ်လမ်းအစမှာတော့ မိဘမဲ့ကောင်မလေး Meng Tinghui ဟာ သေဘေးကနေ သီသီလေးလွတ်မြောက်လာပြီးနောက်မှာ ပညာကိုသာ ကြိုးစားပမ်းစား သင်ယူခဲ့ပါတယ်။
သူမရဲ့ ထက်မြက်တဲ့ ဉာဏ်ပညာနဲ့ ရဲရင့်တဲ့ တွေးခေါ်မှုတွေကြောင့် တာ့ဖျင် (Daping) မင်းဆက်မှာ ဂုဏ်သိက္ခာအကြီးမားဆုံးဖြစ်တဲ့ ဟန့်လင်ကျောင်းတော်ကို ဝင်ရောက်ခွင့်ရတဲ့ ပထမဆုံး အမျိုးသမီးဖြစ်လာခဲ့ပါတယ်။
နန်းတွင်းနိုင်ငံရေး လှည့်ကွက်တွေကြားထဲကို ရောက်ရှိလာတဲ့အခါမှာတော့ Meng Tinghui ဟာ သူမရဲ့ ရည်မှန်းချက်တွေ အောင်မြင်ဖို့အတွက် ဘာမဆိုလုပ်ရဲတဲ့၊ လိုအပ်ရင် လက်ရဲဇက်ရဲ
လုပ်ရဲတဲ့အထိ ရည်မှန်းချက်ကြီးမားတဲ့ အမျိုးသမီးတစ်ဦးအဖြစ် ရပ်တည်လာပါတော့တယ်။သူမနဲ့ အပြိုင် ဇာတ်လမ်းကို အသက်သွင်းပေးမယ့်သူကတော့ အိမ်ရှေ့စံမင်းသားဘဝကနေ
ဧကရာဇ်ဖြစ်လာတဲ့ Ying Gua ပါပဲ။
💫ဤဇာတ်လမ်းတွဲကြည့်ရန်နှိပ်ပါ💫
1034. Genius Girlfriend (2026)
Season 1
ဉာဏ်ရည်ထက်မြက်လွန်းတဲ့ ပါရမီရှင်မလေး လင်ကျစ်ရှားဟာ ပွင့်လင်းပေမဲ့ ပေါင်းသင်းဆက်ဆံရေးညံ့ဖျင်းလို့ ငယ်စဉ်ကတည်းက သူငယ်ချင်းဆိုတာ မရှိခဲ့ပါဘူး။ ဒါပေမဲ့ ကံတရားရဲ့အကူအညီကြောင့် ပြည်နယ်ရဲ့ထိပ်တန်းအထက်တန်းကျောင်းကို တက်ရောက်ရင်း ပုစ္ဆာဖြေရှင်းပြိုင်ပွဲတစ်ခုကနေတစ်ဆင့် နာမည်ကြီးသွားခဲ့ပါတယ်။ အဲလိုနဲ့ ဆိုရှယ်ကောင်းတဲ့ထိပ်တန်းကျောင်းသား ကျန်းယွီပိုင်နဲ့ စတင်ဆုံတွေ့ခဲ့ပြီး အတန်းဖော်တွေဖြစ်လာကြပါတယ်။
ပေါင်းသင်းဆက်ဆံရေးကောင်းလွန်းတဲ့ ကျန်းယွီပိုင်ဟာ လင်ကျစ်ရှားကို လူမှုဆက်ဆံရေးကောင်းမွန်လာအောင် ကူညီပေးခဲ့ပြီး ထန်တင်းတင်း၊ သွမ့်ချီယန်၊ ရှန်ဖုရွှမ်နဲ့ ကျင်းပိုင်ဟွေ တို့လိုသူငယ်ချင်းကောင်းတွေနဲ့ပါ မိတ်ဆက်ပေးခဲ့ပါတယ်။ လင်ကျစ်ရှားကလည်း ကျေးဇူးတုံ့ပြန်တဲ့အနေနဲ့ ကျန်းယွီပိုင်ကို စာပြန်ပြပေးခဲ့ပြီး သူတို့နှစ်ယောက်ရဲ့ဆက်ဆံရေးဟာ ပြိုင်ဆိုင်မှုကနေတစ်ဆင့် အပြန်အလှန်ကူညီဖေးမကြတဲ့အကောင်းဆုံးသူငယ်ချင်းတွေ ဖြစ်လာခဲ့ကြပါတော့တယ်။
💫ဤဇာတ်လမ်းတွဲကြည့်ရန်နှိပ်ပါ💫
1033. The Legend of Rosy Clouds (2026)
Season 1
ဒဏ္ဍာရီလာကိုးမြို့တော်ကြီးထဲမှာ အရှိန်အဝါညှိုးမှိန်သွားခဲ့တဲ့ မှူးမတ်မျိုးနွယ်စုဝင် အမျိုးသမီးလေးဖန့်ယွင်ဟာ လည်လည်ဝယ်ဝယ်ရှိပြီး ရည်မှန်းချက်ကြီးမားလှတဲ့ မြို့စားမင်းချီကျန်းနဲ့ မထင်မှတ်ဘဲဆုံတွေ့ခဲ့ကြပါတယ်။ အစပိုင်းမှာတော့ တစ်ယောက်ကိုတစ်ယောက်မယုံကြည်နိုင်ဘဲ သံသယမျက်လုံးတွေနဲ့စတင်ခဲ့ကြပေမဲ့ မာယာတွေ၊ လျှို့ဝှက်ကြံစည်မှုတွေနဲ့သစ္စာဖောက်ဖျက်မှုတွေ ပြည့်နှက်နေတဲ့အာဏာလုပွဲကြီးထဲကို ဖြတ်သန်းရင်းနဲ့ သူတို့နှစ်ယောက်ဟာ မဟာမိတ်တွေအဖြစ် လက်တွဲဖြစ်သွားခဲ့ကြပါတော့တယ်။
သူတို့နှစ်ယောက်ဟာ ကိုယ့်ယုံကြည်ချက်တွေကိုစိန်ခေါ်လာမဲ့ ဘေးအန္တရာယ်မှန်သမျှကိုရင်ဆိုင်ရင်းနဲ့ အခက်အခဲတွေကြားထဲကနေ စစ်မှန်တဲ့ယုံကြည်မှု၊ ကူညီဖေးမတတ်မှုတွေနဲ့ တစ်ဦးအပေါ် တစ်ဦးထားရှိတဲ့အချစ်စစ်ကိုပါ ရှာဖွေတွေ့ရှိသွားကြပါတယ်။
💫ဤဇာတ်လမ်းတွဲကြည့်ရန်နှိပ်ပါ💫
1032. Where Colors Dream (2026)
Season 1
၁၉၃၀ ပြည့်လွန်နှစ်တွေတုန်းက တိုးတက်စည်ကားပြီး အရှေ့ဖျားရဲ့ပါရီလို့တင်စားကြတဲ့ ရှန်ဟိုင်းမြို့ကြီးမှာ လျှို့ဝှက်ဆန်းကြယ်တဲ့ပန်းချီအတုအမှုတစ်ခု ဖြစ်ပွားခဲ့ပါတယ်။ အဲဒီပန်းချီအတုအမှုဟာ သာမန်အတုအမှုတွေနဲ့ လုံးဝကွာခြားနေတာမို့ သက်ဆိုင်ရာတွေကပါ ခေါင်းစားခဲ့ရပါတော့တယ်။ အဲဒီပန်းချီအတုရဲ့နောက်ကွယ်က ပဟေဠိတွေ၊ ငွေကြေးဈေးကွက်ထဲက လှည့်စားမှုတွေနဲ့အတူ အထက်တန်းလွှာအမျိုးသမီးတွေကြားထဲက တစ်ယောက်ကိုတစ်ယောက်အကွက်ချ၊ မာယာသုံးပြီး အားပြိုင်ကြတဲ့ နက်နဲရှုပ်ထွေးလှတဲ့ပတ်သက်မှုတွေကိုပါ အစဆွဲထုတ်မိခဲ့ကြပါတယ်။
💫ဤဇာတ်လမ်းတွဲကြည့်ရန်နှိပ်ပါ💫
1031. Archives: The Nanyang Mystery (2026)
Season 1
တရုတ်သမ္မတနိုင်ငံခေတ်ဦးကာလတုန်းက နန်ယန်ဒေသမှာ ထူးဆန်းဆန်းပြားတဲ့ဖြစ်ရပ်ဆန်းတွေ ဆက်တိုက်ဆိုသလိုဖြစ်ပွားခဲ့ပါတယ်။
ကျန်းဟိုင်ယန့်နဲ့ကျန်းဟိုင်ရှတို့နှစ်ယောက်ဟာ စစ်ဗိုလ်ချုပ်တွေ နောက်ကွယ်ကနေကြံစည်နေကြတဲ့ လျှို့ဝှက်ချက်ကြီးတစ်ခုကို လိုက်လံဖော်ထုတ်ခဲ့ကြပါတယ်။ အဲဒီကြံစည်မှုကတော့ Dusk Grass လို့ခေါ်တဲ့ အဆိပ်ပင်တစ်မျိုးကိုအသုံးချပြီး အာဏာလုဖို့ ကြိုးစားနေကြတာပါ။ စုံစမ်းရေးလမ်းကြောင်းတစ်လျှောက်မှာ အသက်အန္တရာယ်ပေါင်းများစွာနဲ့ ရင်ဆိုင်ခဲ့ရပေမဲ့ သဲလွန်စအားလုံးကို သေချာစစ်ဆေးကြည့်လိုက်တဲ့အခါမှာတော့ ဖြစ်ပျက်ခဲ့သမျှအမှုမှန်သမျှဟာ နန်အန်းလို့ခေါ်တဲ့ ဧရာမပင်လယ်ကူးသင်္ဘောကြီးတစ်စင်းပေါ်မှာ ဆုံမှတ်လာတည့်နေတာကို မထင်မှတ်ဘဲရှာဖွေတွေ့ရှိသွားပါတော့တယ်။
💫ဤဇာတ်လမ်းတွဲကြည့်ရန်နှိပ်ပါ💫
1030. Never-Ending Summer (2026)
Season 1
စာတော်ပြီး စိတ်ဓာတ်ကြံ့ခိုင်လှတဲ့ကျောင်းသူလေး ကျိုးဝမ်ဟာ အသည်းအသန်ဖျားနာနေတဲ့အဘွားကို ကယ်တင်နိုင်မဲ့နည်းလမ်းကို အပူတပြင်းရှာဖွေနေခဲ့ပါတယ်။ လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတည်းက သူ့ကိုစွန့်ပစ်သွားခဲ့တဲ့ မိခင်ဖြစ်သူဆီကနေတောင် အကူအညီမရခဲ့တဲ့နောက်မှာတော့ ကျိုးဝမ်ဟာ မိခင်ရဲ့လင်ပါသားဖြစ်သူ ဂျစ်လည်းဂျစ် ဆိုးလည်းဆိုးတဲ့လူငယ်လေး လုရှီးရှောင်ဆီကို တမင်ချဉ်းကပ်ခဲ့ပါတော့တယ်။ အဲလိုလုပ်ရတဲ့ရည်ရွယ်ချက်ကတော့ လုရှီးရှောင်ကတစ်ဆင့် အဘွားရဲ့ခွဲစိတ်မှုအတွက် လိုအပ်တဲ့ငွေကြေးကို ရယူဖို့ပါပဲ။
ဒါပေမဲ့ ကျောင်းပြီးသွားတဲ့နွေရာသီကာလအတွင်းမှာတော့ ကျိုးဝမ်နဲ့လုရှီးရှောင်တို့ဟာ မရေရာမှုတွေ၊ ရင်ထဲကအတားအဆီးတွေကို အတူတူဖြတ်သန်းရင်းနဲ့ တစ်ယောက်အပေါ်တစ်ယောက် သံယောဇဉ်တွေ တဖြည်းဖြည်းတိုးလာခဲ့ကြပါတယ်။ လမ်းခရီးတစ်လျှောက် ဘဝရဲ့အခက်အခဲနဲ့အလှည့်အပြောင်းတွေကိုပါ အပြန်အလှန်ကူညီကျော်ဖြတ်နိုင်ခဲ့ကြပါတယ်။ ဒါပေမဲ့ ခါးသီးလှတဲ့လူ့လောကရဲ့လက်တွေ့အရှိတရားတွေက ပျိုမျစ်ဆွတ်ပျံ့နေတဲ့အချစ်ခရီးလမ်းလေးကို ရိုက်ချိုးဖျက်ဆီးပစ်ခဲ့တဲ့အပြင် ကြီးမားတဲ့အထင်လွဲမှားမှုတွေကြောင့်
💫ဤဇာတ်လမ်းတွဲကြည့်ရန်နှိပ်ပါ💫
1029. Blossoms of Power (2026)
Season 1
သွေးချောင်းစီးသတ်ဖြတ်မှုကြီးတစ်ခုထဲကနေ တစ်ဦးတည်းသောရှင်သန်ကျန်ရစ်သူဖြစ်ခဲ့တဲ့ကုချင်းကျစ်ဟာ ပြန်လည်နိုးထလာချိန်မှာတော့ အနောက်မြောက်ဒေသရဲ့မင်းသမီးလေး ရှန်ရှီးဟယ်ဆိုတဲ့ မတူညီတဲ့ဘဝအသစ်တစ်ခုကို ပိုင်ဆိုင်သွားခဲ့ပါတယ်။ တစ်ချိန်ကတော့ သူဟာ နယ်စပ်ဒေသရဲ့ဂုဏ်ယူဝံ့ကြွားပြီး တက်ကြွလန်းဆန်းတဲ့နှင်းဆီနီလေးတစ်ပွင့် ဖြစ်ခဲ့ဖူးပေမဲ့ အခုအချိန်မှာတော့ ကံကြမ္မာကို ကိုယ်တိုင်ကြိုးကိုင်ပြီး အာဏာကစားပွဲကြီးကိုလွှမ်းမိုးချုပ်ကိုင်နိုင်ဖို့အတွက် အေးစက်စက်နဲ့ အကွက်စိပ်စိပ်တွက်ချက်တတ်တဲ့လူတစ်ယောက်အဖြစ် လုံးဝပြောင်းလဲသွားခဲ့ပါပြီ။
တစ်ဖက်မှာလည်း အိမ်ရှေ့စံမင်းသား ရှောင်ဟွားယုံဟာ အပြင်ပန်းမှာ ခန္ဓာကိုယ်ပိုင်းဆိုင်ရာ အားနည်းချို့တဲ့ပြီး အသည်းအသန်ဖြစ်နေပုံရပေမဲ့ ဦးနှောက်ကတော့ ဓားသွားထက်မက ထက်မြက်လှတာမို့ နန်းတွင်းထဲက သစ္စာဖောက်မှုတွေနဲ့လှိုင်းတံပိုးတွေကို အကုန်အစင်ထိုးထွင်းမြင်နိုင်သူပါ။
💫ဤဇာတ်လမ်းတွဲကြည့်ရန်နှိပ်ပါ💫
1028. Blooms for Her (2026)
Season 1
အရိပ်အဖွဲ့အစည်းရဲ့လျှို့ဝှက်အဖွဲ့ဝင်တစ်ယောက်ဖြစ်သူ မေလင်ဟာ ရင်ထဲမှာ ကြီးမားလှတဲ့သွေးကြွေးဒဏ်ရာကို သိမ်းဆည်းထားရသူပါ။ အဲဒီသွေးကြွေးကိုပြန်ဆပ်ဖို့အတွက် အသက်ကိုပါလောင်းကြေးထပ်ပြီး အန္တရာယ်များလှတဲ့ကစားပွဲကြီးထဲကို သက်စွန့်ဆံဖျားဝင်ရောက်ခဲ့ပါတယ်။
ဒီအာဏာလုပွဲကြီးထဲမှာ မေလင်ဟာ အမျိုးသားအများအပြားရဲ့ကြားထဲမှာ ပါးနပ်စွာကစားနိုင်ခဲ့ပါတယ်။ သူဟာ သွေးအေးရူးသွပ်လှတဲ့ မင်းသားမုရုံကျင့်ဟယ်ရဲ့လက်ထဲက ထက်မြက်ဆုံးသောဓားတစ်လက် ဖြစ်ခဲ့သလို ရက်စက်တတ်တဲ့ အိမ်ရှေ့စံမင်းသားကြီးရဲ့မျက်လုံးထဲမှာလည်း ဆုံးရှုံးသွားခဲ့ရတဲ့ အချစ်ဦးရဲ့အစားထိုးရာတစ်ယောက်သာသာပါပဲ။ ဒါပေမဲ့ ကျောက်တိုင်းပြည်ကနေ ဓားစာခံအဖြစ်ရောက်ရှိနေတဲ့ မင်းသားယွဲ့ချင်းအတွက်တော့ သူဟာ အသက်နဲ့လဲပြီး အပြင်းအထန် ကာကွယ်ချင်ရလောက်တဲ့စွဲလမ်းရာတစ်ခု ဖြစ်နေပြန်ပါတယ်။
💫ဤဇာတ်လမ်းတွဲကြည့်ရန်နှိပ်ပါ💫
1027. Key to the Phoenix Heart (2026)
Season 1
သာ့ယုံတိုင်းပြည်ရဲ့အင်အားကြီးနယ်စားတစ်ဦးက ပုန်ကန်ခြားနားလိုက်တာမို့ တစ်တိုင်းပြည်လုံးဟာ ဖရိုဖရဲဖြစ်ပြီး စစ်ဘုရင်တွေ နေရာအနှံ့ ထကြွလာခဲ့ကြပါတယ်။ အဲဒီလိုပရမ်းပတာဖြစ်နေတဲ့အခြေအနေထဲမှာ မြောက်ပိုင်းစစ်တပ်ရဲ့သွေးအေးရက်စက်တဲ့ စစ်သေနာပတိချုပ်ရှောင်းဝူယီဟာ ချန်းရှမြို့စားမင်းရဲ့ပုန်ကန်မှုကို နှိမ်နင်းနိုင်ဖို့အတွက် ပရိယာယ်တစ်ခုဆင်ခဲ့ပါတယ်။ အဲဒါကတော့ ပိုက်ဆံသာရမယ်ဆိုရင် သေလူကိုတောင်ထခိုင်းမယ့် ဉာဏ်များလှတဲ့နန်းတွင်းပညာရှိကြီး ရှဲ့ဟွိုင်ကွေ့ရဲ့တစ်ဦးတည်းသောသမီးပျိုလေး ရှဲ့ကျားယွီကို လက်ထပ်ဖို့ပါပဲ။
တော်ဝင်အမိန့်တော်အရထိမ်းမြားလိုက်ရတဲ့ သူတို့နှစ်ယောက်ရဲ့မင်္ဂလာပွဲဟာ အချစ်ကြောင့်မဟုတ်ဘဲ နောက်ကွယ်က လျှို့ဝှက်ချက်တွေကို အသုံးချဖို့အတွက်ပဲ ဖန်တီးထားတာဖြစ်လို့ တကယ့်ကိုကစားကွက်တစ်ခုပါပဲ။ သူတို့နှစ်ယောက်ရဲ့အမူအရာတိုင်းမှာ မာယာတွေဖုံးကွယ်ထားသလို ခြေလှမ်းတိုင်းကလည်း နန်းအာဏာလုပွဲကြီးရဲ့တွက်ချက်မှုတွေပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ တော်ဝင်အမိန့်အရ ထိမ်းမြားထားရတဲ့ဘဝကနေတစ်ဆင့် ဘဝလက်တွဲဖော်တွေဖြစ်လာချိန်မှာတော့
💫ဤဇာတ်လမ်းတွဲကြည့်ရန်နှိပ်ပါ💫
🇷🇺 - подпишитесь на 2 лучших телеграмм канала
🇬🇧 - Subscribe to the 2 best Telegram channels
1. @XneoNews
2. @FreebiesHack
1026. Love For You (2026)
Season 1
၁၉၉၀ ပြည့်လွန်နှစ်တွေတုန်းက မိဘချင်း ခင်မင်ကြရာကနေတစ်ဆင့် ချန်ယိနဲ့မြောင်ကျင့်တို့နှစ်ယောက် စတင်သိကျွမ်းခဲ့ကြပါတယ်။ အစပိုင်းမှာတော့ ချန်ယိက မြောင်ကျင့်အပေါ် အမြဲရန်လိုသဘောမကျဖြစ်နေခဲ့တာပါ။ ဒါပေမဲ့ သူ ဒဏ်ရာရသွားတဲ့အချိန်မှာ မြောင်ကျင့်လေးက ဘေးနားကနေ ကြင်ကြင်နာနာနဲ့ အနီးကပ်ပြုစုပေးခဲ့လို့ နှစ်ဦးကြားက ဆက်ဆံရေးဟာ တဖြည်းဖြည်းနွေးထွေးလာခဲ့ပါတယ်။
ဒါပေမဲ့ ဒီပျော်စရာအချိန်လေးက သိပ်တော့မကြာလိုက်ပါဘူး။ ချန်ယိရဲ့အဖေကွယ်လွန်သွားခဲ့သလို မြောင်ကျင့်ရဲ့အမေကလည်း အစအနမရှိပျောက်ဆုံးသွားခဲ့ပါတယ်။ လူကြီးနှစ်ယောက်ကတော့ အကြောင်းအမျိုးမျိုးကြောင့် ပေါင်းဖက်ခွင့်မရခဲ့ကြပေမဲ့ ကျန်ရစ်ခဲ့တဲ့ကလေးနှစ်ယောက်ကတော့ ဘဝကို အတူတူရုန်းကန်ရင်း တစ်ယောက်ကိုတစ်ယောက် အပြန်အလှန်မှီခိုအားထားခဲ့ကြပါတယ်။
💫ဤဇာတ်လမ်းတွဲကြည့်ရန်နှိပ်ပါ💫
1025. Road to Success (2026)
Season 1
ဒေါက်တာဘွဲ့တက်နေတဲ့ကျောင်းသူလေး လင်ဝမ်ရှင်းဟာ ဇာတိမြို့လေးကိုပြန်လာခဲ့ပြီး ဟုန်ကျင်း အမှတ် (၈) အထက်တန်းကျောင်းမှာ အားကစားပစ္စည်းထိန်းသိမ်းစောင့်ရှောက်သူအဖြစ် အလုပ်ဝင်ခဲ့ပါတယ်။ တစ်ဖက်မှာလည်း ဗြိတိန်ဘောလုံးကလပ်တစ်ခုရဲ့နည်းပြဟောင်း ဖြစ်ခဲ့ဖူးတဲ့ ဝမ်ဖာဆိုသူက သူ့အိမ်မှာ အိမ်ငှားအဖြစ်နေရင်း ဝမ်ဖာရဲ့နောက်ကြောင်းက လျှို့ဝှက်နက်နဲလွန်းမှန်း အမှတ်မထင်သိလိုက်ရပါတယ်။
ကျောင်းရဲ့တာဝန်ပေးချက်အရ လင်ဝမ်ရှင်းဟာ ဖျက်သိမ်းခံထားရတဲ့ ကျောင်းရဲ့ဘောလုံးအသင်းကိုပြန်လည်အသက်သွင်းဖို့ တာဝန်ယူခဲ့ရပါတယ်။ ပထမဆုံးပွဲမှာတင် အသင်းက အလဲအကွဲရှုံးနိမ့်သွားခဲ့ရပြီးနောက် ကွယ်ရာကနေစောင့်ကြည့်နေတဲ့ ဝမ်ဖာတစ်ယောက် နည်းပြအဖြစ်ဝင်ရောက်ကိုင်တွယ်ပေးခဲ့လို့ နောက်ဆုံးမှာတော့ အသင်းကို အောင်ပွဲဆီ ဦးဆောင်ပေးနိုင်ခဲ့ပါတယ်။
💫ဤဇာတ်လမ်းတွဲကြည့်ရန်နှိပ်ပါ💫
