en
Feedback
မျိုးချစ်သတင်းမှန်

မျိုးချစ်သတင်းမှန်

Open in Telegram
907
Subscribers
No data24 hours
-77 days
-1630 days
Posts Archive
“အနောက်ဘက်မှ ရွေ့လျားလာသော လေပွေလှိုင်းများ၏ အရှိန်ကြောင့်လည်းကောင်း၊ အရှေ့ဘက်မှရွေ့လျားလာသော လေပွေလှိုင်းများ၏အရှိန်ကြောင့်လည်းကောင်း၊ အပူပျံတက်တိမ်များဖြစ်ထွန်းမှု အားကောင်းခြင်းကြောင့်လည်းကောင်း ယနေ့ညမှ ၁၉-၄-၂၀၂၅ ရက်နေ့အတွင်း နေပြည်တော်၊ မန္တလေး၊ မကွေး၊ ရခိုင်၊ ရှမ်းတို့တွင် နေရာကျဲကျဲနှင့် ရန်ကုန်၊ ပဲခူး၊ စစ်ကိုင်း၊ ၊ဧရာဝတီ၊ တနင်္သာရီ၊ ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာကာ အချို့‌ဒေသများတွင် နေရာကွက်၍မိုးကြီးနိုင်။ မိုး/ဇလ”

09400945324 KBZ Bank မှ ဝန်ထမ်းလို့ ပြောပြီး လိုက်လိမ်နေတဲ့ ဖုန်းနံပါတ်ပါ မိတ်ဆွေတို့ သတိထားနိုင်အောင် ပါ

🎖️Премьер-министр Мьянмы вручил Президенту Беларуси «Орден Союза Мьянмы» 1 степени. 📣 "Это аванс, я понимаю. Буду делать все, чтобы оправдать его!", - заверил коллегу Первый.

လူရွှင်တော် သရုပ်ဆောင်ဘဝကနေ ထင်ပေါ်​ကျော်ကြားလာ လူထုထောက်ခံ ဘာမှ အရည်အချင်း မရှိသူနဲ့ စီးပွားရေးလောကကို ငယ်ငယ်ကတည်းက ဦးဆောင်ပြီး အကွက်ကျကျ လုပ်တတ်သူတို့ ဆုံတွေ့ကြတဲ့ အခါ ထရမ့်ကြီးကို လေးစားတယ်။ အားကျမိတယ်။ ထောက်ခံတယ်။ ယူကရိန်းဆီကို ဂျိုးဘိုင်ဒင် ထောက်ပံ့တဲ့ ကိစ္စအဝဝ ပြန်ပြီး အကြွေးတောင်းလိမ့်မယ်။ သူ့နိုင်ငံသားတွေရဲ့ အခွန်ငွေတွေကို တစ်ခြားနိုင်ငံဆီ ထောက်ပံ့ပေးတာ ထရမ့်ကြီးက မကျေနပ် ကမ္ဘာ့ငမွှေသီး ဘဝက အမေရိကန်ကို လွတ်မြောက်အောင် လုပ်လိမ့်မယ်။ သူ့လက်အောက်မှာက နည်းပညာသမားတွေ စုစည်းထားတာ ခေတ်နဲ့ အညီပေါ့။ လုပ်လိမ့်မယ်။ မကြာမီမှာ မိမိနိုင်ငံကို သစ္စာမစောင့်ပဲ ခိုလှုံလာသူတွေဟာ နောင်တစ်ချိန်မှာ သူ့နိုင်ငံကိုလည်း ကျေးဇူး မသိသူတွေအဖြစ် သတ်မှတ်ပြီး နှင်ထုတ်လိမ့်မယ်။ ဂျိုးဘိုင်ဒင်လို CIA အလိုကျ OIC အလိုကျ ရုပ်သေးရုပ် မဟုတ်ဘူး။ ထရမ့်ကြီးရဲ့ လုပ်ရဲကိုင်ရဲတဲ့ စိတ်ကို လေးစားမိ။ သူ့နိုင်ငံသား သူ့ ပြည်သူအကျိုးကိုပဲ စီးပွားသမားပီပီ အကောင်အထည်ဖော်နေတာ သမ္မတရာထူးက ဆင်းခါနီး သူ့သားကို လွတ်ငြိမ်းခွင့် သူ့မိသားစုကို နောက်ကြောင်းပြန် အရေးမယူဖို့ လက်မှတ်ထိုးပေးသွားတဲ့ ဂျိုးဘိုင်ဒင်လို မဟုတ်ဘူး။ လေယာဥ်ပေါ် ဒူးခွေ လဲကျသူလို မဟုတ် အရာရာ စိတ်ဓါတ်က မာပြီးသား ထရမ့်ကြီး အိမ်နိမ့်စံ ဘဝမှာ သူ့အိမ်ကို ဝင်ရောက်စီးနင်းပြီး မီးခံသေတ္တာပါမကျန် အရယူသွားတဲ့ CIA သမိုင်းကို မကြာခင် လက်တုံ့ပြန်လိမ့်မယ်။ အခုလည်း အဂတိ ဝန်ထမ်းတွေကို စပြီး သမ နေပြီ ကြားမိ။ တွေးကြည့်ရင် ဖွဲ့စည်းပုံပြင်ပြီး အီလွန်မက်ကို သမ္မတ ရာထူးပေးလိမ့်မယ်။ နောင်တစ်ချိန်မှာ အစိုးရတိုင်းက ကိုယ့်နိုင်ငံရဲ့ အကျိုး ကိုယ့်ပြည်သူရဲ့ အကျိုး မိမိသမိုင်း ကောင်းအောင် လုပ်ကြလိမ့်မယ်။ စစ်အေးတိုက်ပွဲဆိုတာက စီးပွားရေး အမြင် ရှိသူတွေပဲ ဦးဆောင်ကြတာ ဘာ လက်နက်မှ မလိုဘူး။ အခု မြင်တွေ့ရတဲ့ လူရွှင်တော် ဇလန်စကီးလို လျှောက်လုပ်လို့ မရဘူး။ သေချာ အကွက်ကျကျ လုပ်မှ ရတာ။

“ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့မှ ‌လေနွေးများနှင့် တရုတ်ပြည်မကြီးပေါ်ရှိ လေဖိအားကြီးရပ်ဝန်းမှ ရွေ့လျားလာသောလေအေးများ၊ အနောက်ဘက်မှ ရွေ့လျားလာသော လေပွေလှိုင်းများနှင့် အရှေ့ဘက်မှ ရွေ့လျားလာသော လေပွေလှိုင်းများ၏ တွေ့ဆုံမှုအရှိန်ကြောင့် ၂၄ မှ ၂၇ရက်နေ့အတွင်း ရန်ကုန်၊ ပဲခူး၊ ဧရာ၀တီ၊ တနင်္သာရီ၊ ကချင်၊ ကယားနှင့်ရှမ်းတို့တွင် နေရာကျဲကျဲမှ နေရာစိပ်စိပ်နှင့် နေပြည်တော်၊ မန္တလေး၊ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ကရင်၊ချင်း၊မွန်နှင့် ရခိုင်တို့တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာနိုင်။ မိုး/ဇလ”

ဘဝတသက်တာ စရိတ်မကုန်သော ကျန်းမာရေး......., လေရူ … လမ်း လျှောက် .. ရေပိုသောက် ဆီ နဲ့ သကြား ရှော့ ၍ စား ....... ဝ၍ အေးသူ လူဖြူဖြ
ဘဝတသက်တာ စရိတ်မကုန်သော ကျန်းမာရေး......., လေရူ … လမ်း လျှောက် .. ရေပိုသောက် ဆီ နဲ့ သကြား ရှော့ ၍ စား ....... ဝ၍ အေးသူ လူဖြူဖြူ ရောဂါထူမည် မှတ်........ ပိန် ၍ သွက်သူ လှုပ်ရှားသူ ကျန်းမာသူဟု မှတ် …...... အစား များသူ ထိုင်နေသူ ရောဂါထူမည်မှတ်........... ရေသောက် နဲသူ ချွေးနည်းသူ ရောဂါထူမည်မှတ် …....... လမ်းလျှောက်နည်းသူ ပျင်းရိသူ ရောဂါထူမည်မှတ်….......

တကယ်ကောင်းတဲ့စာလေး သေချာလေးဖတ်ကြည့်ကြပါ။ကျွန်တော်တို့ကတော့ ကိုယ့်ဒူးကိုယ်ချွန်တဲ့ဘဝကနေ လာခဲ့တာပါ။ဘာ Background မှ လည်းမရှိဘူး။ ဘယ်သူ့မှ လည်း မင်းဒီလိုလုပ် ဆိုပြီး လမ်းညွှန်မပြသခဲ့ပါဘူး။ မနေ့က ယောက်ျားကိုပြောမိတယ်။ "မိန်းမနဲ့ရွယ်တူတွေ အောင်မြင်နေကြပြီ"လို့ ပြောတော့ သူကပြန်ပြောတယ်။ "ပေးထားချက်တွေမှမတူတာ မိန်းမရဲ့" တဲ့။ ဘဝက ပုစ္ဆာ တစ်ပုဒ်ဆိုရင် အဲဒီပုစ္ဆာကိုဖြေရှင်းဖို့ ပေးထားချက်တွေလိုတယ်နော်။ တချို့ ပုစ္ဆာတွေက ပေးထားချက်တွေ အများကြီးနဲ့ တွက်ရလွယ်တယ်။ တချို့ ပုစ္ဆာတွေက ပေးထားချက် တစ်ခုတည်းနဲ့ ဟိုလိုတွက်ရမလိုလို ၊ ဒီလိုတွက်ရမလိုလိုနဲ့ တော်တော်နဲ့အဖြေရှာမရဘူး။ ဘဝမှာလည်း တချို့က မိဘအထောက်အပံ့ကောင်းကောင်းရတယ်။ တချို့က ကိုယ့်ဒူးကိုယ်ချွန် ကြိုးစားရတယ်။ တချို့က တစ်ယောက်တည်းရဲ့ ဝန်ကိုပဲထမ်းရတယ်။ တချို့က တစ်မိသားစုလုံးရဲ့ ဝန်ထုတ်ဝန်ပိုးကိုထမ်းရတယ်။ တော်တော်နဲ့ ရှေ့မရောက်ဘူး။ တစ်ယောက်နဲ့တစ်ယောက် မတူကြတဲ့ ဘဝပေးအခြေအနေတွေမှာ တခြားတစ်ယောက်နဲ့ ယှဥ်ပြီးစိတ်ဓာတ်ကျတာ မမှန်ပါဘူး။ ကိုယ့်ပေးထားချက်နဲ့ ကိုယ်တွက်ရတဲ့ ဘဝပုစ္ဆာကြီးကို တချို့က စောစောအဖြေရှာနိုင်လို့ အေးဆေးဖြစ်နေကြပေမယ့် တချို့ကတော့ အဖြေရှာတုန်း၊ တွက်တုန်း။ ကိုယ့်လိုပဲ အဖြေရှာနေကြသူတွေလည်းအများကြီးပဲ။ အရှုံးမပေးဖို့ပဲလိုပါတယ်။ သူများအကြောင်းခေါင်းထဲရောက်လာရင် ကြာကြာမထားနဲ့။ ထုတ်ပစ်လိုက်။ ကိုယ့်ပုစ္ဆာကိုယ်တွက်ဖို့ပဲအာရုံစိုက်ကြမယ်နော် အားလုံးက ကြိုးစားနေကြသူချည်းပဲမလား ဖိုက်တင်း 🫶🏻🌸

###ခရိုင်များပြောင်းလဲသတ်မှတ်ခြင်း..... ကျောက်တံတား မြို့နယ် ပန်းဘဲတန်း မြို့နယ် လသာ မြို့နယ် လမ်းမတော် မြို့နယ် ဒဂုံ မြို့နယ် ၅ မြို့နယ် ပေါင်း၍ ကျောက်တံတား ခရိုင်ဟုပြောင်းသည်။ အလုံ မြို့နယ် ကြည့်မြင်တိုင် မြို့နယ် စမ်းချောင်း မြို့နယ် ၃ မြို့နယ် ပေါင်း၍ အလုံ ခရိုင် ဟုပြောင်းသည်။ မရမ်းကုန်း မြို့နယ် လှိုင် မြို့နယ် မြောက်ဥက္ကလာ မြို့နယ် ၃ မြို့နယ် ပေါင်း၍ မရမ်းကုန်း ခရိုင် ဟုပြောင်းသည်။ ကမာရွတ် မြို့နယ် ဗဟန်း မြို့နယ် ၂ မြို့နယ် ပေါင်း၍ ကမာရွတ် ခရိုင် ဟုပြောင်းသည်။ သင်္ဃန်းကျွန်း မြို့နယ် တောင်ဥက္ကလာပ မြို့နယ် ရန်ကင်း မြို့နယ် တာမွေ မြို့နယ် ၄ မြို့နယ် ပေါင်း၍ သင်္ဃန်းကျွန်း ခရိုင် ဟုပြောင်းသည်။ ဗိုလ်တစ်ထောင် မြို့နယ် ဒေါပုံ မြို့နယ် မင်္ဂလာတောင်ညွန့် မြို့နယ် ပုဇွန်တောင် မြို့နယ် သာကေတ မြို့နယ် ၅ မြို့နယ် ပေါင်း၍ ဗိုလ်တစ်ထောင် ခရိုင် ဟုပြောင်းသည်။ ဒဂုံမြို့သစ် တောင်ပိုင်း မြို့နယ် ဒဂုံမြို့သစ် မြောက်ပိုင်း မြို့နယ် ဒဂုံမြို့သစ် အရှေ့ပိုင်း မြို့နယ် ဒဂုံမြို့သစ် ဆိပ်ကမ်း မြို့နယ် ၄ မြို့နယ် ပေါင်း၍ ဒဂုံမြို့သစ် ခရိုင် ဟုပြောင်းသည်။ သန်လျှင် မြို့နယ် ကျောက်တန်း မြို့နယ် သုံးခွ မြို့နယ် ခရမ်း မြို့နယ် ကိုကိုးကျွန်း မြို့နယ် ၅ မြို့နယ် ပေါင်း၍ သန်လျှင် ခရိုင် ဟုပြောင်းသည်။ တွံတေး မြို့နယ် ဆိပ်ကြီးခနောင်တို မြို့နယ် ဒလ မြို့နယ် ကော့မှူး မြို့နယ် ကွမ်းခြံကုန်း မြို့နယ် ၅ မြို့နယ် ပေါင်း၍ တွံတေး ခရိုင် ဟုပြောင်းသည်။ အင်းစိန် မြို့နယ် လှိုင်သာယာ အရှေ့ပိုင်း မြို့နယ် လှိုင်သာယာ အနောက်ပိုင်း မြို့နယ် ၃ မြို့နယ် ပေါင်း၍ အင်းစိန် ခရိုင် ဟုပြောင်းသည်။ မင်္ဂလာဒုံ မြို့နယ် ရွှေပြည်သာ မြို့နယ် ၂ မြို့နယ် ပေါင်း၍ မင်္ဂလာဒုံ ခရိုင် ဟုပြောင်းသည်။ မှော်ဘီ မြို့နယ် ထန်းတပင် မြို့နယ် ၂ မြို့နယ် ပေါင်း၍ မှော်ဘီ ခရိုင် ဟုပြောင်းသည်။ လှည်းကူး မြို့နယ် အား လှည်းကူး ခရိုင် ဟုပြောင်းသည်။ တိုက်ကြီး မြို့နယ် အား တိုက်ကြီး ခရိုင် ဟုပြောင်းသည်။

လှံဖျားပုစဥ်းနား လို့ ချေးထွက်ကြသူတွေဟာ အမေရိကမှာပဲလားဆိုရင် မှားမယ်ထင်ပါတယ် ပိတ်ကားပေါ်ဆက်လို့ကြည့်ရပါတော့မယ် သဒ္ဓါအားဖြင့် Pi Lon

"မကျေနပ်ဘူး" ဇန်နဝါရီလ၂၀ ရက်နေ့ကစပြီးထရမ့် သမ္မတဖြစ်ကတည်းကပစ်မှတ်ထားလုပ်လိုက်တာတွေ ဟာ လူပုဂ္ဂိုလ်တွေ အေဂျင်စီတွေ အင်စတီကျူးရှင်းတွေ အများအပြားကို ထိရောက်စေခဲ့တာတွေ့ရလိမ့်မယ် အက်ရှင်တွေဟာ လက်စားချေခြင်းတစိတ်တပိုင်း အဖြစ်ထင်စရာတွေရှိတယ်လို့ပြောကြပါတယ် (as part of a "revenge agenda." ) ပေါ့ သည်လိုအပြုအမူအရေးယူဆောင်ရွက်တာတွေဟာ အာဏာကို စုစည်းဖို့ သစ္စာခံသူများကို ဆုချဖို့ နဲ့ ကိုယ်ရေးကိုယ်တာ အကျိုးစီးပွားများ တိုးတက်စေရန် ကြိုးပမ်းမှုများရဲ့ လက္ခဏာရပ်များဖြစ်တယ်လို့ ထင်မြင်ကြပါတယ် ကြည့်ကြရအောင်ပါ xxxxxxxxxxxx တဦးချင်းနဲ့ အဖွဲ့အစည်းလိုက်ပစ်မှတ်များ ဆိုပါတော့ အမျိုးသားလုံခြုံရေး အရာရှိများ ထဲက John Bolton Mike Pompeo နဲ့ Brian Hook တို့အတွက် လျှို့ဝှက်ဝန်ဆောင်မှု အကာအကွယ်ကို အီရန်ရဲ့ hit list ထဲမှာပါနေသော်ငြားလည်း ရုပ်သိမ်းလိုက်ပါတယ် Dr. Anthony Fauci ဆိုတဲ့ ကူးစက်ရောဂါဒါရိုက်တာကို သူ့အတွက်ရထားတဲ့ လုံခြုရေးအစီအမံတွေဖယ်ရှားလိုက်ရုံသာမက သူ့ကိုဂုဏ်ပြုတည်တောက်ဖို့လုပ်နေတဲ့ပြတိုက် စီမံကိန်းကိုပါပယ်ဖျက်လိုက်ပါတယ် သမ္မတဟောင်းဂျိုးဘိုင်ဒင် ကိုပေးထားတဲ့ နေ့စဉ်ထောက်လှမ်းရေး အစီရင်ခံစာတင်ပြချက်တွေကို ဝင်ရောက်ဖတ်ရှုခွင့်ကိုပိတ်ပစ်လိုက်ပါတယ် ( ဘိုင်ဒင်လက်ထက်ကလည်းထရမ့်ကို အဲ့သည်လိုပိတ်ပင်ခဲ့ပါတယ်) Colleen Shogan အမျိုးသား မော်ကွန်းဌာနအကြီးအကဲကိုတော့ ဖြုတ်ပစ်ပါတယ် လုံခြုံရေးအဆင့်ရှိစာရွက်စာတမ်းတွေကိုလက်ဝယ်ထားရှိမှုကြောင့်ထရမ့် နဲ့ သူနဲ့ပြသနာရှိခဲ့တာပါ အဲ့သည့်ကိစ္စမှာထရမ့်အစစ်အဆေးခံခဲ့ရပါတယ် Mark Esper ကာကွယ်ရေးဝန်ကြီးဟောင်း ဖြစ်သူဟာ လုံခြုရေးတွေရုပ်သိမ်းခံရပါတယ် သူ့မှာယုံကြည်လောက်တဲ့ ခြိမ်းခြောက်မှုတွေရှိနေပေမင့် ရုပ်သိမ်းပစ်လိုက်တာပါ တရားရေးဌာနပြည်ထောင်စုအစိုးရဝန်ထမ်းအများအပြား ဟာ ( အများစုဟာ သည်အလုပ်နဲ့ ကြီးပျင်းလာကြသူတွေ career officials တွေဖြစ်ကြပါတယ်) ထွက်စာတင်ခိုင်းခံရတာရှိသလို ထုတ်ပစ်ခံရတာတွေရှိပါတယ် ထရမ့်ရဲ့အမှုတွေကိုစစ်ဆေးရာမှာပါခဲ့ကြသူတွေလို့သိရပါတယ် အရေးပါတဲ့ဖယ်ဒရယ်အေဂျင်စီတွေ နဲ့စစ်ရေးဌာနတွေ မှာခေါင်းကြီးပိုင်းအပြောင်းအလဲတွေ လုပ်ပစ်ပါတယ် အဓိကရ ဖြစ်တဲ့ မယအပြောင်းအလဲ တွေကိုကြည့်ရအောင်ပါ xxxxxxxxxxxxxxx စစ်ရေး Chairman of the Joint Chiefs of Staff: Air Force Gen. Charles Q. Brown Jr ကို ထုတ်ပစ်လိုက်ပါတယ် အငြိမ်းစား Lt. Gen. Dan "Razin" Caine ကို သူ့နေရာမှာအမည်စာရင်းသွင်းလိုက်ပါတယ် Chief of Naval Operations: Adm. Lisa Franchetti ကို အငြိမ်းစားပေးလိုက်ပါတယ် ကမ်းခြေစောင့် တပ်မှူး Admiral Linda Fagan လည်းဖယ်ရှားခံရပါတယ် လေတပ်ဦးစီးချုပ်လည်း ထုတ်ခံထိပါတယ် ထောက်လှမ်းရေးနဲ့အမျိုးသားလုံခြုံရေး FBI အကြီးအကဲတွေလဲလှယ်ပါတယ် Intelligence and National Security: NSA National Security Agency NSC National Security Council တို့မှာရာနဲ့ချီပြီးအပြောင်းအလဲလုပ်ထုတ်ပစ်ဖို့ရှိပါတယ် စီအိုင်အေ ချိဖ် ကတော့ပြောင်းပြီးပါပြီ Federal Agencies တွေဖြစ်ကြတဲ့ Federal Aviation Administration (FAA): National Aeronautics and Space Administration (NASA): တို့မှာလည်း လုပ်ငန်းပရောဂျက်တွေအပါအဝင်လူတွေ နည်းစနစ်တွေ ကိုပါပြောင်းလဲဖို့ရှိပါတယ် Department of Justice (DOJ Inspectors General တို့ကဝန်ထမ်း တွေဟာ ထုတ်ပစ်ခံထိပါတယ် သူတို့ကိုထုတ်ပစ်မယ်ဆိုရင်ကွန်ဂရက်မှာ နို့တစ်အရင်ပေးရပါတယ် အခုမပေးဘဲထုတ်ပစ်လိုက်တာပါ U.S. Agency for International Development (USAID)က စီနီယာ ဝန်ထမ်း ၆၀ ကျော်ဟာ ခွင်ခံစားစေပြီး လုပ်ငန်းစဥ်တွေကိုဆိုင်းထားလိုက်ပါတယ် အမေရိကန်ရဲ့ပြည်ပကိုအထောက်အပံ့ပေးရေးပေါ်လစီ ပြောင်းလဲမယဆိုတဲ့အချက်ပြဆစ်ကနယ်ပါပဲ ကလိုင်းမိတ်ချိန်း ကထွက်မယ် ယူအန်ကထွက်မယ် ဟိုငွေစာရင်းစစ်မယ် ရွှေတိုက်စစ်မယ် လူမှုဖူလုံရေး ရံပုံငွေတွေ ယိုစိမ့်ထွက်ပေါက်တွေပိတ်မယ် ဆိုတာတွေကလည်းရှိပါသေးတယ် စတာတွေပါပဲ အခုပြောပြထားတာတွေအပြင် ထပ်မံကြံစည်ထားတဲ့ အကွပ်အညှပ်တွေရှိမှာကတော့သေချာပါတယ် သူ့လေးနှစ်သက်တမ်းမှာ အဲ့သည့်လိုတွေပြောင်းလဲပစ်တာတွေကိုကြည့်ခြင်းအားဖြင့် ထရမ့်ဟာ အမေရိကန်မှာအာဏာရှင်လုပ်ပြဖို့ ရည်ရွယ်ချက်ရှိနေသလားဆိုပြီး မေးခွန်းတွေထွက်လာပါတယ် အမေရိကမှာ လူတချို့ဟာ လောင်မီးကျနေကြတယ်ဆိုတာတော့သေချာပါတယ် သူလုပ်သမျှတွေကလည်း ငြင်းမရတဲ့အချက်အလက်တွေကရှိနေလေတော့ ထရမ့်ကို အကြိုက်ဆောင်မယ့်သူတွေဖက်ကအရေးသာလာချိန်ဖြစ်နေပါတော့တယ် ထရမ့်ဘာလုပ်ချင်နေတာလဲဆိုတာကို တချို့ကရိပ်မိတယ်ပြောကြချိန်မှာ ထရမ့်ဟာယူကရိန်းစစ်မှာ ရုရှကိုအနိုင်ပေးတယ်ဆိုတဲ့ လမ်းပြမြေပုံကို ထုတ်လာပါတယ် အဲ့တာကိုတရုပ်ကြီးက ထောက်ခံတယ်ဖြစ်လာပါပြီ ထရမ့်ဟာ သူနာထားတာရှိဖူးရင် မလွတ်စတမ်းလက်စားချေမယ့်သူမျိုးလို့ အများကသတ်မှတ်လာကြသလို သည်လေးနှစ်မှာဘယ်လိုရှင်သန်နေထိုင်ကြမလဲ ဆိုတာကို အဖြေရှာနေကြသူတွေများလာပြီဆိုရမှာပါ

နောက်တစ်ခုက ထကြွလုံ့လမရှိခြင်းပဲ သမီး...ယောက်ျားတစ်ယောက်မှာ ထကြွလုံ့လမရှိခြင်းဟာ ထမင်းငတ်ဖို့အကြောင်းတရားပဲကွ...အေးအေးဆေးဆေးနေတယ် နေတယ်တဲ့ အချိန်တိုင်းမှာ ချောင်ထဲတိုးပြီး ဖုန်းပွတ်နေတဲ့ယောက်ျားဟာ ဘာမှသုံးစားမရဘူးကွ... အေးအေးနေချင်ရင် တစ်ယောက်တည်းနေလေ... အိမ်ထောင်ပြုပြီးပြီဆိုရင်တော့ နေရာတကာတိုင်းမှာ အေးချင်နေလို့မရတော့ဘူး...ပြေးနေလွှားနေရတော့မယ်...ခုန်နေပေါက်နေရတော့မယ်...မိသားစုတာဝန်တွေက ရှိလာပြီမဟုတ်လား... ယောက်ျားတစ်ယောက်ဟာ အနေအထိုင်အေးဆေးတည်ငြိမ်လှတယ်ဆိုပြီး တယ်ဟုတ်ပါလား...ငါ့ယောက်ျားက အိနြေ္ဒရတယ်ဆိုပြီး မာန်တက်မနေနဲ့...တချို့ယောက်ျားတွေ အေးဆေးတည်ငြိမ်တယ်ဆိုတာ လှုပ်ရမှာကိုပျင်းနေတာမျိုးတွေ... သောက်ပျင်းထူတဲ့ ယောက်ျားတွေဟာ လှုပ်ရမှာပျင်းလို့ ငြိမ်နေကြရာကနေ တည်ငြိမ်ခန့်ညားတဲ့ပုံပေါက်သွားတာ သမီးရဲ့...တကယ်တော့ အဲ့တာ တည်ငြိမ်တာမဟုတ်ဘူး...ဘာသောက်လုပ်မှမလုပ်ဘဲ အချိန်တိုင်း ကျောခင်းနေချင်ကြတာ... တချို့ယောက်ျားတွေရှိသေးတယ်...လူမှုရေးအရမ်းကောင်းတာ...နေရာတကာတိုင်းမှာ သဘောကောင်းတယ်...ကူညီတယ်...ရိုင်းပင်းတယ်...လူတကာနဲ့တည့်တယ်...ဒါပေမဲ့ ကိုယ့်အိမ်မှာတော့ ဘာမှအသုံးမကျဘူး... တလောကလုံးကို ကူညီလုပ်ကိုင်ပေးပြီး ကိုယ့်အိမ် ရောက်တော့ မောမောနဲ့အိပ်ပျော်သွားရော...လူတကာကိုကူညီနေပေမယ့် ကိုယ့်အိမ်ကလူတွေ ပင်ပန်းနေသလားဆိုတာလောက်တောင် သတိထားရကောင်းမှန်းမသိတဲ့ ပရဟိတကိုကိုတွေပေါ့... အထူးသတိထားပါ သမီး...လင်ယောက်ျားအရွေးမှားတာဟာ ဘဝပျက်တာနဲ့အတူတူပဲ သမီးရဲ့... #crd_to_owner_with_respect

🍀ယောက်ျားဆိုတာ သိပ်အေးလွန်း သိပ်အိ‌ေန္ဒြရလွန်းတာ အဓိပ္ပါယ်မရှိဘူး သမီး..... အရက်မသောက်ဘူး...ဆေးလိပ်မသောက်ဘူး... မိန်းမကိစ္စမပွေရှုပ်ဘူးအနေအထိုင်အေးဆေးတယ်... တစ်ယောက်တည်း အေးအေးချမ်းချမ်းနေတတ်တယ်... စကားပြောရင်လည်း အိနြေ္ဒရတယ်... သွားသွားလာလာသိပ်မရှိဘူး...သူတပါးကို ကူညီတတ်တယ်... ရန်ဖြစ်တာသိပ်မရှိဘူး... အော်ကြီးဟစ်ကျယ် မပြောတတ်ဘူး... အဝတ်အစားကို သေသေသပ်သပ်ဝတ်တတ်တယ်... အားနာတတ်တယ်...စကားအရမ်းမများဘူး... အမြဲလိုလို ပြုံးပြုံး ပြုံးပြုံးနဲ့ သဘောကောင်းပုံပေါက်တယ်... အနေအထိုင် လှို့ဝှက်တယ်... အပြောအဆိုယဉ်ကျေးတယ်...ဆန့်ကျင့်ဘက်တွေ သိပ်မပြောဘူး...ဘာပြောပြောထောက်ခံတယ်... ဒါတွေဟာ လူကောင်းတစ်ယောက်မှာရှိသင့်တဲ့အရည်အချင်းတွေပေါ့ သမီး...လူတွေမှာ အခုလိုအရည်အချင်းတွေရှိနေတာဟာ ကောင်းတယ်ဆိုတဲ့သဘောပေါ့... ဒါပေမဲ့ ဒီကောင်းလှပါတယ်ဆိုတဲ့ အရည်အချင်းတွေ အကုန်လုံးဟာ လူတစ်ယောက်တည်းမှာ သွားရှိနေရင်တော့ ထိုလူဟာ လူကောင်းလို့ပြောမရတော့ဘူး သမီးရဲ့... အထူးသဖြင့် ဒီအရည်အချင်းတွေဟာ ယောက်ျားတွေမှာ များများစားစားရှိနေလို့မရဘူးကွ...ယောက်ျားတစ်ယောက်ဟာ အခုန ဖေဖေ ပြောပြခဲ့တဲ့အရည်အချင်းတွေ အများအပြားရှိနေရင် ထိုယောက်ျားဟာ ယောက်ျားကောင်းမဟုတ်တော့ဘူး သမီး... ပိုဆိုးတာက အဲ့လိုယောက်ျားမျိုးဟာ အိမ်ထောင်ဖက်ကောင်းတစ်ယောက် ဘယ်လိုမှမဖြစ်နိုင်ဘူး သမီးရဲ့... 🍀ယောက်ျားတွေဟာ အနေအထိုင် သိပ်အေးဆေးလို့မရဘူး သမီး...နည်းနည်းပါးပါးတော့ ပူပူလောင်လောင် ထထကြွကြွရှိနေမှ ယောက်ျားပီသတာကွ... 🍀ယောက်ျားတွေဟာ နေရတကာတိုင်းမှာ အပြောအဆိုတွေ နူးညံ့ငြင်သာနေလို့လည်းမရဘူး...လူတကာနဲ့ ယဉ်ကျေးပျူငှာနေလို့လည်းမရဘူး သမီး... ယဉ်ကျေးတာကောင်းတယ်...နူးညံ့ငြင်သာတာ ကောင်းပါတယ်...ဒါပေမဲ့ နေရာတကာတိုင်းမှာ နူးညံ့နေတာကတော့ အဓိပ္ပါယ်မရှိဘူးကွ...အော်ရမယ့်နေရာမှာ အော်ရမယ်...ပေါက်ကွဲရမယ့်နေရာမှာ ပေါက်ကွဲရမယ်..သမီး... ယဉ်ကျေးသိမ်မွေ့လွန်းတာ သည်းခံလွန်းတာဟာ လူတကာအနိုင်ကျင့်တာခံရဖို့သက်သက်ပဲ...ကိုယ်နဲ့ဘာမှ မပတ်သက်သူတစ်ယောက်ရဲ့ ယဉ်ကျေးသိမ်မွေ့မှု သည်းခံနိုင်မှုတွေဟာ ချီးကျူးစရာဖြစ်တတ်ပေမယ့် ကိုယ့်လင်ယောက်ျား အိမ်ထောင်ဖက်အနေနဲ့တော့ ထိုအရာတွေဟာ အသုံးမဝင်တဲ့အရည်အချင်းတွေပဲ သမီး... အသုံးမဝင်တာအပြင် ကိုယ့်ကိုစိတ်ဆင်းရဲမှုတွေပေးတဲ့ အရည်အချင်းတောင်ဖြစ်နေနိုင်သေးတယ် သမီးရဲ့...သူဟာ လူတာကို ယဉ်ကျေးပျူငှာနေလေ သမီးအတွက် စိတ်အနှောင့်အယှက်ဖြစ်စရာတွေ ပေါ်ပေါက်နိုင်လေပဲ... ယောက်ျားကောင်းဆိုတာ ရန်သူတွေအပေါ် ဓါးသံ လျှက် ကြင်နာသူအပေါ် ပျားရည်စက်တဲ့ သမီးရဲ့... ကြားဖူးတယ်မဟုတ်လား...လူတကာအပေါ် ဆိုးနေလည်း သမီးအပေါ်မှာကောင်းတယ်ဆိုရင် ယောက်ျားကောင်းပဲ သမီး...အိမ်ထောင်ဖက်ကောင်းဆိုတဲ့သဘောပေါ့... အရေးကြီးတာက ကိုယ့်အပေါ်ကြင်နာဖို့ပဲလေ...တလောကလုံးနဲ့မတည့်တဲ့သူဖြစ်နေရင်တောင် ကိုယ်နဲ့အဆင်ပြေတယ်ဆို အိမ်ထောင်ဖက်ကောင်းပဲလို့ပဲ သတ်မှတ်ရမှာပေါ့...သူနဲ့ကိုယ်နဲ့ပေါင်းမှာလေ...ကိုယ်နဲ့ကျအဆင်မပြေဘဲ တလောကလုံးနဲ့ ပြေလည်နေတာ ဘာလုပ်ရမှာလဲ... နောက်ပြီး အားနာတတ်တဲ့ယောက်ျား...ဘာမှသုံးစားမရဘူး သမီး...အထူးသဖြင့် မိန်းမတွေနဲ့ပတ်သက်ရင် အားနာတတ်တဲ့ယောက်ျား ပိုဆိုးပေါ့...အဲ့လိုယောက်ျားနဲ့များ ညားလို့ကတော့ ညည်း ဒူးနဲ့မျက်သုတ်ရမယ်... ယောက်ျားတော်တော်များများမှာ မိန်းမတွေနဲ့ပတ်သက်ရင် မပြတ်သားတဲ့စိတ်ထားရှိတယ်...အဲ့စိတ်ထားဟာ ယောက်ျားတွေမှာ အန္တရာယ်ကိုဖိတ်ခေါ်နေတဲ့စိတ်ထားပဲ သမီး... ယောက်ျားတွေဟာ သူ့အမေနဲ့ပတ်သက်ရင် မပြတ်သားဘူး...အစ်မတွေ ညီမတွေနဲ့ ပတ်သက်ရင် မပြတ်သားဘူး...သူငယ်ချင်းမိန်းမတွေနဲ့ ပတ်သက်ရင်လည်းမပြတ်ဘူး...ဘာမှမဆိုင်တဲ့မိန်းမတွေအပေါ်မှာလည်း မပြတ်သားဘူး...ကုန်ကုန်ပြောရရင်ကွာ ယောက်ျားတွေဟာ တခါမှမမြင်ဖူးတဲ့ မိန်းမတွေအပေါ်မှာတောင် မပြတ်သားတတ်ကြဘူး သမီး... နောက်ပြီး ယောက်ျားတွေမှာ တလွဲဆံပင်ကောင်းတဲ့ အချက်လေးတစ်ခုရှိတယ်...အဲ့တာဘာလဲဆိုတော့ သူတို့အနီးအနားက မိန်းမတွေကို ပျော်စေချင်တဲ့စိတ်ပဲ သမီး... ဟုတ်တယ်...ယောက်ျားတွေဟာ သူတို့နဲ့ပတ်သက်သမျှမိန်းမတိုင်းကို ပျော်စေချင်ကြတယ်ကွ...အမေ့ကို ပျော်စေချင်တယ်...မယားကိုလည်းပျော်စေချင်တယ်...သူငယ်ချင်းမတွေတွေကိုလည်း ပျော်စေချင်တယ် အိမ်ကမိန်းမကိုလည်းပျော်စေချင်တယ်... သူတို့ရဲ့အဲ့လိုပျော်စေချင်တဲ့စိတ်ဟာ ထိုမိန်းမတွေအားလုံးကို စိတ်ဆင်းရဲစရာတွေ ပေးနေတာမှန်း သူတို့မသိကြဘူး...သူတို့က မိန်းမတိုင်းကိုပျော်အောင်ထားနိုင်တယ်ဆိုပြီး သူတို့ကိုယ်သူတို့ ဂုဏ်ယူနေကြတာကွ...တကယ်တော့ ဘယ်ယောက်ျားမှ မိန်းမနှစ်ယောက်ကို တပြိုင်တည်း ပျော်နေအောင် မစွမ်းဆောင်နိုင်ကြပါဘူး... အမေ့ကိုပျော်အောင်ထားရင် အိမ်ကမိန်းမ စိတ်ဆင်းရဲနေရမယ်...အိမ်ကမိန်းမကိုပျော်အောင်ထားရင် အမေကလည်းကြည်မှာမဟုတ်ဘူး...ဒီသဘောတရားတွေကို သိတဲ့ယောက်ျားက ခပ်ရှားရှားပဲ...သူတို့ကိုယ်သူတို့ မိန်းမတိုင်းကို ပျော်အောင်ထားနိုင်တယ်ဆိုပြီး မာန်တက်နေတဲ့ယောက်ျားတွေကသာ ခပ်များများဖြစ်နေတာ...

☯️ Nay Zin Latt 🐹 🐹 🐲 #ဖြစ်နိုင်ခြေရှိသော #တရုတ်မဟာဗျူဟာထွက်ပေါက် ဒီရက်ပိုင်းတွေမှာ တရုတ်ရဲ့မဟာဗျူဟာထွက်ပေါက်ကို ထိုင်းကဖြတ်ထွက်နိုင်တယ်ဆိုတဲ့ အယူအဆ တချို့ကိုတွေ့လိုက်ရတယ်၊ နိုင်ငံတကာ Opinion တခုကို မှီးလိုက်တယ်လို့ယူဆရပါတယ်၊ နိုင်ငံတကာမှာတော့ " မဖတ်နိုင် လောက်အောင်" ကလောင်အကြီး အသေး စုံလင်အောင်ရေးသားနေကြ တာတွေ့ရပါလိမ့်မယ်၊ 🐠 ပစိဖိတ်ထွက်ပေါက် တရုတ်ကို Containment ထက်ပိုပြီး Confinement အဆင့်လုပ်လာတာ ကို သတိပြုမိတဲ့သူရှားတယ်၊ နှစ်ပေါင်းများစွာကထဲက ပစိဖိတ် ထွက်ပေါက်ကို အထပ်ထပ်ပိတ်ဆို့ ထားတဲ့အတွက် အဲ့ဒီဖက်က ထွက်ပေါက်မသာဘူး၊ တောင်တရုတ်ပင်လယ် Spartly ကျွန်း အပါအဝင် ကျွန်းတော်တော်များများ ကို တရုတ်က ဖေါက်ထွက်ပြီး စစ်စခန်းတွေဆောက်လုပ်ထားပေမဲ့ တဖက်က စစ်အခြေစိုက်စခန်းတွေ ရှိ တာကြောင့် အန္တရာယ်လမ်းကြောင်းလို့ တရုတ်ဖက်က သတ်မှတ်ထားတယ်၊ ပစိတ်ဖိတ်မျက်နှာစာ ထွက်ပေါက်က တရုတ်အတွက်စိတ်မချရဘူး၊ 🐠 ပါကစ္စတန်ဖက်ထွက်ပေါက် ဒုတိယ အယူအဆ၊ Option ထဲက တခုဖြစ်ပေမဲ့ တည်နေရာအရ ဝေးလွန်းနေတယ်၊ ဖြစ်နိုင်ခြေ Possibility အရ နည်းလွန်းတဲ့နေရာ၊ 🐠 တတိယ အယူအဆအရ ဘင်္ဂလားဒေ့ချ်ဖက်ထွက်ပေါက် ဖြစ်လာတယ်၊ ဒီအယူအဆအရ အိန္ဒိယနယ်မြေကိုဖြတ်ရမဲ့ လမ်း ကြောင်း ဖြစ်လို့ တရုတ်အနေနဲ့ ဘယ်လိုမှရွေးမှာမဟုတ်ပါဘူး၊ နင်လား ငါလားဖြစ်လာရင် ဘယ်သူကမှ ကိုယ့်အသက်ကို ပြိုင်ဖက်လက်ထဲ တဝက်တစိပ် ပေးထားမယ်မထင်ပါ၊ 🐠 စတုတ်ထအယူအဆက ထိုင်းကိုဖြတ်ဆင်းတဲ့လမ်းကြောင်းပါ၊ မြန်မာ့မြေကို မသုံးချင်လို့ လာအိုက တဆင့် ထိုင်းကိုဖြတ်ပြီး ပင်လယ်ထွက်ပေါက် တခုကို စဉ်းစားနိုင်ပါတယ်၊ အဲ့ဒီအယူအဆက အခုရက်ပိုင်း အတော်ရေးကြသားကြ တာ တွေ့ရတဲ့ အယူအဆပါ၊ ထွက်ပေါက်အဆုံးဘယ်ကိုရောက် မလဲလို့ စဉ်းစားရပါ့မယ်၊ Gulf of Thailand ကိုရောက်ပါမယ်၊ ပစိဖိတ် အခြမ်းဖက်မှာ အကြုံးဝင်ပါ မယ်၊ မစ်ဇိုင်းတကမ်းတွေပါ၊ ဒါကြောင့် အဲ့ဒီအယူအဆဟာ စာဖတ်သူတွေ စိတ်ဝင်စားမှု အပြောင်းအလဲတခုထက် မပိုဘူးလို့ပဲ ယူဆရပါတယ်၊ တခုတော့ရှိတယ်၊ ထိုင်းဖက်ကနေ ထားဝယ်ရေနက်ဆိပ်ကမ်းဝန်းကျင် ကတဆင့် အဒမ်မန်ပင်လယ်ဖက် ဖြတ်ထွက်ရင်တော့ ပစိဖိတ်အန္တရာယ်နဲ့ ဝေးနိုင်ခွင့်ရှိနေပါတယ်၊ Kra တူးမြောင်းဖေါက်ပြီးရင်တော့လဲ အဲ့ဒီကတဆင့် အဒမန်ဖက်ဖေါက်ထွက် နိုင်တယ်၊ တခုထပ်တွေးရမှာက တူးမြောင်းတွေဆိုတာ သာမန်အခြေအနေတွေမှာပဲ အသုံးပြုလို့သင့်ပြီး စစ်ကာလမှာ တူးမြောင်းတွေကိုပိတ်ဆို့ရတာ အလွန်လွယ်ကူလှတာကို တရုတ်က မတွေးပဲ မနေပါဘူး၊ ဒါကြောင့် ထိုင်းကိုဖြတ်ပြီး တရုတ်ရဲ့ပင်လယ်ထွက်ပေါက် ဆိုတာဟာ ဖြစ်တန်စွမ်းနဲ့တွက်ရင် အမှတ်ပေးလို့မရပါဘူး၊ (ထိုင်းအထဲ ကနေ မြန်မာကိုပြန်ဖြတ်မှသာ ပစိဖိတ်အန္တရာယ်က လွတ်ပြီး မှန်ကန်တဲ့ထွက်ပေါက်တခုဖြစ်လာမှာပါ၊ ထိုင်းနိုင်ငံသက်သက်နဲ့ ပင်လယ်ထွက်ပေါက်ကတော့ ဖြစ်နိုင်ခြေနည်းလွန်းနေပါတယ်၊ 🐠 အကောင်းဆုံးထွက်ပေါက် အသင့်လျော်ဆုံးထွက်ပေါက်ကတော့ အရင်အစီအစဉ်အတိုင်း ကျောက်ဖြူ ကနေ ဘင်္ဂလားပင်လယ်အော်၊ အဲ့ဒီကတဆင့် အိန္ဒိယသမုဒ္ဒရာနဲ့၊ ရန်ကုန်ကတဆင့် အဒမန်၊ အဲ့ဒီကတဆင့် အိန္ဒိယသမုဒ္ဒရာကသာ အကောင်းဆုံးဖြစ်ပါတယ်၊ နိုင်ငံကိုတည်ငြိမ်အေးချမ်းအောင် အမြန်ဆုံးလုပ်ပြီး၊ အခွင့်အရေးကို ထိထိရောက်ရောက်အသုံးချနိုင်ရင် မြန်မြန်ထက်ထက် တိုးတက်ဖွံ့ဖြိုးမှုကို ရနိုင်ပါမယ်၊ အခွင့်အလမ်းဟာ မြန်မာတွေလက်ထဲမှာပဲ ရှိနေပါသေးတယ်၊ BaMg ☯️

သက်ဆိုင်ရာ တိုင်းနဲ့ ပြည်နယ်အလိုက် မြေကွက်လွတ်တွေမှာ တန်ဖိုးနည်း အိမ်ရာ တိုက်ခန်းတွေ ဆောက်ပြီး အမှုထမ်းသက် ၅ နှစ်အထက် ညစောင့် / ရုံးအကူ ကနေ ဦးစီးအရာရှိ အဆင့်အထိ ပဲ အရစ်ကျနဲ့ ချထားပေး။ လက်/ညွှန်နဲ့ အထက်တွေ မပေးနဲ့ဦး။ လစဥ် တစ်လ ၅၀၀၀၀ သွင်း စနစ်နဲ့ အနှစ် ၂၀ လောက် လစာထဲက သွင်း အဆင်ပြေလို့ ပိုသွင်းနိုင်ရင်လည်း သွင်း ထီပေါက်လို့ အမွေရလို့ တစ်ခါတည်း သွင်းနိုင်ရင်လည်း သွင်း ဘယ်လိုမှ မသွင်းနိုင်ရင် ထောက်ပံ့ကြေး ၂ ကြိမ်ရတဲ့အထဲက သွင်း ငွေကျေမှ တိုက်ခန်းကို အမည်ပေါက် လွှဲပြောင်းပေး ၊ ငွေမကျေရင် ဌာနက ကိုင်ထား ငွေကျေလို့ မနေချင်ရင် ရောင်းစားပါစေ အစိုးရဘက်က တန်ဖိုးအတိုင်း ရနေပြီပဲ။ ပြီးရင် သက်ဆိုင်ရာ တိုင်း/ပြည်နယ် အစိုးရအဖွဲ့ရဲ့ စီမံကွပ်ကဲမှုအောက် တိုက်ရိုက် ကြီးကြပ်ဆောင်ရွက်ရင် အတော်အဆင်ပြေမယ်။ မြေကို ဘယ်ကရှာမလဲဆိုရင် မြို့ထဲက ဌာနဆိုင်ရာပိုင် ဂိုဒေါင်နေရာတွေ အသုံးမပြုတဲ့ နေရာတွေ၊ ဆေးရုံဟောင်းတွေ ပြီးရင် အခု သမဝါယမပိုင် နေရာတွေကို လေလံပစ်နေတာလည်း တွေ့မိ။ အဲဒီနေရာတွေကို လေလံဆွဲ ရှာဝယ်။ ဌာနအချင်းချင်းဆိုတော့ ပိုအဆင်ပြေတာပေါ့။ ဘဏ္ဍာနှစ်မကုန်မီ မြေဖိုးငွေကို လွှဲပေး။ ဟိုဘက်ဌာန ဒီဘက်ဌာန အဆင်ပြေ။ အဲဒီ နှစ်ထဲမှာပဲ ၁၂ ခန်းတွဲ ၆ ထပ် အဆောက်အဦတွေဆောက် အဆောက်အဦး ၁ လုံးကို အခန်း ၇၂ ခန်း ဝန်ထမ်းမိသားစု ၇၂ ဦး နေရာချပေးလို့ ရပါတယ်။ အချို့ အမှုထမ်းငယ်တွေမှာ ပင်စင်ရတဲ့ အထိ နေစရာ အိမ်မရှိ အိမ်ငှားဘဝနဲ့ တစ်သက်လုံး နေကြရတာ စားဖို့ရှာရ၊ အိမ်ငှားစရိတ်ရှာရနဲ့ ကိုယ်ချင်းစာမိလို့ ပါ။ မျိုးဆက်တစ်ခုကို မြှင့်တင်ပေးဖို့က စားဖို့ထက် နေဖို့က ပိုပြီး အဓိက ကျပါတယ်။ ကိုယ်ပိုင် နားခိုရာလေး ရှိရင် စားသောက်ဖို့က နေ့စဥ် ရှာလို့ရပါတယ်။ ကိုယ်စား အကြံပြု တင်ပြပေးတာပါ။ ကိုယ်ပိုင် တိုက်ခန်းလေးနဲ့ အခြေတကျ တာဝန်ထမ်းဆောင်စေလိုတဲ့ ဆန္ဒနဲ့ပါ။ #TheinWinOo

ဝန်ကြီးချုပ်ဦးနု ကိုယ်တိုင်က ဖဆပလ ပါတီကြီးကို ချစားနေတဲ့ အိမ်အိုကြီးလို့ သုံးနှုန်းခဲ့တာပါ ။ သူ့လူတွေအပေါ်မှာ သူကိုယ်တိုင် မထိန်းနိုင်တော့တဲ့အတွက် ဗိုလ်ချုပ်နေဝင်းလက်ထဲကို တိုင်းပြည်ရဲ့အာဏာအရပ်ရပ်အား သူကိုယ်တိုင်ကပဲ လိုလိုလားလား အပ်ပေးခဲ့ရတာပါ ။ ဗိိုလ်ချုပ်နေဝင်းက တိုင်းပြည်ရဲ့အခြေအနေတွေကို ထိန်းသိမ်းကြပ်မက်ပြီး ရွေးကောက်ပွဲ လုပ်ပေးခဲ့တာပါ ။ လူတည်မြဲ မဲသန့်ရှင်းဆိုတဲ့ ခေတ်ပေါ့ ။ အောက်ခြေမှာ ရှင်သန်လှုပ်းရှားနေကြရတဲ့ ကျောမွဲပြည်သူတွေဟာ ပျူစောထီးတွေကို ကြောက်ကြရပါတယ် ။ ဒါကြောင့်မို့လည်း နင်းပြားပြည်သူတွေဟာ ပါးစပ်ကနေ တည်မြဲဖဆပလကို ထောက်ခံပါတယ်လို့ ကြွေးကြော်ကြရတာပါ ။ ထိုသို့မကြွေးကြော်ရင် ပျူစောထီးတွေရဲ့သမခြင်းကို ပယ်ပယ်နယ်နယ်ကြီး ခံစားရမှာပါ ။ ထိုစဉ်အချိန်တုန်းက တည်မြဲနဲ့သန့်ရှင်းဟာ အာဏာလုပွဲကြီးကို အကြီးအကျယ် ဆင်နွှဲနေကြရတာကြောင့် တိုင်းပြည်တိုးတက်အောင် ဘာတစ်ခုမှ မယ်မယ်ရရ မလုပ်နိုင်ခဲ့ပါဘူး ။ ဖဆပလ အစိုးရအဖွဲ့ဝင်တွေ ထိုစဉ်အချိန်တုန်းက အားကြိုးမာန်တတ် လုပ်ဆောင်ခဲ့ကြတာဟာ သူတို့ရဲ့ပါတီတွေ အာဏာရရေးပါပဲ ။ အာဏာအတွက် အစတေးခံလိုက်ကြရတဲ့ မြို့သူမြို့သားတွေ ၊ ရွာသူရွာသားတွေ အများကြီးရှိခဲ့ကြပါတယ် ။ တည်မြဲနဲ့သန့်ရှင်း ကျွဲမိုက်နှစ်ကောင်ခတ်တဲ့ကြားမှာ အားကိုးရာမဲ့တဲ့ပြည်သူတွေဘဝက မြေစာပင်တွေပါပဲ ။ ဖဆပလ အစိုးရသာ မြန်မာနိုင်ငံတော်ကြီးကို ဆက်လက်ပြီးအုပ်ချုပ်သွားမယ်ဆိုရင် ဒီအချိန်မှာ ကျွန်တော်တို့တွေဟာ မြစ်ကြီးနားသွားလည်း ဗီဇာ လျှောက်ရမှာပါ ။ တာချီလိတ်သွားလည်း ဗီဇာလိုမှာပါ ။ မော်လမြိုင်သွားလည်း ပတ်စပို့စ်လေး ကိုင်သွားရမှာပါ ။ စာမဖတ်တဲ့သူတွေ သမိုင်းမလေ့လာတဲ့သူတွေကို လူလည်နိုင်ငံရေးသမားတွေက စကားတစ်ခွန်း အမြဲတမ်း နားသွင်းပါတယ် ။ ဘာစကားလည်းဆိုတော့ မြန်မာနိုင်ငံကို စစ်တပ်ကအုပ်ချုပ်လို့ စစ်အာဏာရှင်တွေက အုပ်ချုပ်ခဲ့လို့ တိုင်းပြည်ပျက်ရတာပါ တဲ့ ။ စစ်တပ်အုပ်ချုပ်လို့ တိုင်းပြည် ပျက်ရတယ်ပေါ့ဗျာ ။ 🇲🇲🇲🇲🇲🇲🇲🇲🇲🇲 တကယ်ကတော့ မြန်မာပြည်မှာ စစ်တပ်ဆိုတဲ့ အဖွဲ့အစည်းကြီးသာ ရှိမနေခဲ့ဘူးဆိုရင် မြန်မာပြည်ကြီး တစ်စစီဖြစ်နေတာ ကြာပါပြီ ။ တိုင်းပြည်က စစ်တပ်ဖျက်စီးလို့ ပျက်စီးတာ မဟုတ်ပါဘူး ။ ခေတ်အဆက်ဆက်မှာ နိုင်ငံရေးသမားလူရှုပ်တွေ နိုင်ငံရေးသမားလူလည်တွေ နိုင်ငံရေးသမားလူညာတွေ က ပြည်သူတွေအပေါ်မှာ လိမ်ညာလှည့်စား ယုတ်မာခဲ့ကြတဲ့ အတွက် တိုင်းပြည်ပျက်ခဲ့ရတာပါ ။ ဖဆပလခေတ်မှာ မြန်မာနိုင်ငံကြီးဟာ အရှေ့တောင်အာရှမှာ ထိပ်ဆုံးရောက်နေလေသလား ။ ဒါမှမဟုတ် ပြည်တွင်းစစ်မီးတွေ အာဏာလုပွဲတွေ ချစားမှုတွေကြောင့် ရွှေမြန်မာပြည်ကြီး ဒုက္ခပင်လယ် ဝေနေလေသလားဆိုတာကို ထိုခေတ်တုန်းက နေ့စဉ်ထုတ်ဝေခဲ့တဲ့ ပြည်တွင်း သတင်းစာတွေကို ရှာဖတ်ကြည့်လိုက်တာနဲ့တင် လွယ်လင့်တကူသိနိုင်ပါတယ်ဗျာ ။ တိုင်းပြည်ပျက်စီးအောင် ဖျက်စီးခဲ့ကြသူတွေဟာ စစ်တပ်ကလူတွေ မဟုတ်ပါဘူး ။ ခေတ်အဆက်ဆက်မှာ တည်ရှိခဲ့ကြတဲ့ နိုင်ငံရေးသမား လူလည်လူရှုပ်တွေပါပဲ ခင်ဗျာ…… ။ ။ #မင်းအုပ်စိုး

🙋စစ်တပ်ဖျက်လို့ ပျက်တဲ့တိုင်းပြည်❤️‍🔥 🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲 (၁၉၆၂)ခုနှစ်မှာ ဗိုလ်ချုပ်နေဝင်းက တိုင်းပြည်အာဏာကို သိမ်းခဲ့ပါတယ် ။ မဆလ ပါတီက တိုင်းပြည်ကို အုပ်ချုပ်ခဲ့ပါတယ် ။ (၁၉၈၈)ခုနှစ်မှာ ဗိုလ်ချုပ်မှူးကြီးစောမောင် ဦးဆောင်တဲ့ တပ်မတော်က တိုင်းပြည်ရဲ့အာဏာကို သိမ်းခဲ့ပါတယ် ။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေက အာဏာကို လက်ဆင့်ကမ်းရယူပြီး တိုင်းပြည်ကို ဆက်လက် အုပ်ချုပ်ခဲ့ပါတယ် ။ ယခုလက်ရှိမှာလည်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က တိုင်းပြည်ရဲ့အာဏာက်ို ထိန်းခဲ့ပါတယ် နစက အစိုးရက တိုင်းပြည်ကို အုပ်ချုပ်နေပါတယ် ။ (၁၉၆၂)ခုနှစ်ကနေစပြီး ဒီနေ့အထိ မြန်မာပြည်ကြီးကို စစ်ခေါင်းဆောင်တွေက အစိုးရဖွဲ့ပြီး အုပ်ချုပ်ခဲ့ကြပါတယ် ။ တိကျအောင်ပြောရရင်တော့ ရွှေမြန်မာပြည်ကြီးဟာ စစ်တပ်က အုပ်ချုပ်ခြင်းကို အစဉ်တစိုက် ခံလာခဲ့ရတာမျိုးတော့လည်း မဟုတ်ပြန်ပါဘူး ။ တိတိကျကျ ပြောရရင်တော့ (၁၉၆၂)ခုနှစ်ကနေ(၂၀၂၅)ခုနှစ်အတွင်း ကြားကာလမှာ ဒီမိုကရေစီအစိုးရလို့ နာမည်တပ်ထားတဲ့ ဦးသိန်းစိန် ဦးဆောင်ပါဝင်ပါသော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီနှင့် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်ပါဝင်ပါသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီတို့က (၅)နှစ်စီ အုပ်ချုပ်ခဲ့ပါတယ် ။ ယခုလက်ရှိအချိန်မှာ စာမဖတ်သူအတော်များများရဲ့ သိမှုလက်ခံတဲ့ နေရာတွေဆီကို သမိုင်းအမှားတွေ ထည့် ထည့်ပေးနေတဲ့ အကြောင်းအရာလေးတွေကို ခဏခဏ ဖတ် ဖတ်လာရပါတယ် ။ ဒီနေ့ဒီအချိန်အထိ မြန်မာပြည်ကြီး မတိုးတက်တာ မဖွံ့ဖြိုးတာ အရှေ့တောင်အာရှမှာ ပါဝင်နေတဲ့ အခြားသောနိုင်ငံတွေနဲ့ ရင်ဘောင်မတန်းနိုင်တာ ကျော်မတက်နိုင်တာ အမှီမလိုက်နိုင်တာဟာ ရွှေပြည်တော်ကြီးမှာ စစ်တပ်က ခေတ်အဆက်ဆက် အုပ်ချုပ်ခဲ့လို့ပါတဲ့ ။ စစ်တပ်မအုပ်ချုပ်ခင် ဖဆပလ ခေတ်တုန်းကဆိုရင် မြန်မာနိုင်ငံကြီးဟာ အရှေ့တောင်အာရှမှာ အတိုးတတ်ဆုံး အစည်ကားဆုံး အကြွယ်ဝဆုံး တိုင်းပြည်ကြီး ဖြစ်ခဲ့ပါတယ် တဲ့ ။ မင်္ဂလာဒုံလေဆိပ်ကြီးဟာ အရှေ့တောင်အာရှမှာ ခေတ်အမှီဆုံးပါ တဲ့ ။ သမ္မတရုပ်ရှင်ရုံကြီးဟာ အကောင်းဆုံးပါ တဲ့ ။ ရန်ကုန်တက္ကသိုလ်ကြီးဟာ အခမ်းနားဆုံးပါ တဲ့ ။ ဒီစကားတွေ ဒီအရေးအသားတွေ ဒီအကြောင်းအရာတွေကို နိုင်ငံရေးသမားလူလည်တွေရဲ့ ပါးစပ်ဖျားကနေ လူယုတ်မာစာရေးဆရာတွေရဲ့ ဟောပြောပွဲစင်မြင့်ပေါ်ကနေ ကြိမ်ဖန်များစွာ ကြားလာခဲ့ရပါတယ် ။ ထိုစကားတွေကို အမှန်ထင်ပြီး ယုံနေကြတဲ့ မျိုးဆက်သစ်တွေလည်း အများကြီရှိပါတယ် ။ အမှန်တကယ်ကတော့ မြန်မာနိုင်ငံဟာ အရှေ့တောင်အာရှမှာ ဘယ်တုန်းကမှ ဘယ်နေရာမှာမှ တူတူတန်တန် လူလားမမြောက်ခဲ့ပါဘူး ။ မြန်မာပြည်ကြီးဟာ ဆရာသမား ကိုအောင်ဆန်းရဲ့ နာမည်ကောင်း လိုချင်မှုကြောင့် လွတ်လပ်ရေးကို လျော်ကြေးတွေ အဆမတန်ပေးပြီး ယူလိုက်ချိန်ကစပြီး ကံဆိုးမိုးမှောင် ကျခဲ့ရတာပါ ။ အကြွေးနွံထဲမှာ နစ်ခဲ့ရတာပါ ။ လွတ်လပ်ရေးရပြီး ဖဆပလ အစိုးရတက်လာချိန်မှာ မြန်မာပြည်ရဲ့အခြေအနေက အမြှောက်ဆံ မှန်ထားတဲ့ အမှိုက်ကား တစ်စီးလိုပါပဲ ။ အချိန်မတန်မှီယူလိုက်တဲ့ လွတ်လပ်ရေးကြောင့် ပြည်တွင်းစစ်မီးကလည်း အရှိန်အဟုန်နဲ့ကို တောက်လောင်နေခဲ့တာပါ ။ အာဏာရလာတဲ့ ဖဆပလ အစိုးရဟာ တိုင်းပြည် တည်ငြိမ်တိုးတက်ဖွံ့ဖြိုးစေဖို့ မကြိုးစားနိုင်ပါဘူး ။ ပြည်တွင်းစစ်မီး အရှိန်လျော့ဖို့ ကိုပဲ အားထည့်ကြရတာပါ ။ ပြည်တွင်းစစ်မီး အရှိန်လျော့သွားတော့လည်း တိုင်းပြည်တိုးတက်ဖို့ မကြိုးစားနိုင်ပါဘူး ။ သူတို့ပါတီ အာဏာမြဲဖို့ ။ အစိုးရအဖွဲ့ထဲမှာ ပါဝင်နေကြတဲ့ လူကြီးပိုင်းတွေရဲ့အာဏာကြီးထွားစေဖို့ စည်းစိမ်ဥစ္စာ တိုးပွါးစေဖို့ကိုပဲ ကြိုးစားနေခဲ့ကြတာပါ ။ ပျူစောထီး ဆိုတဲ့ ဝေါဟာရဟာ ထိုကာလတွေတုန်းက အင်မတန် ခေတ်စားခဲ့ပါတယ် ။ ဖဆပလပါတီကို ဆန့်ကျင်ရှုံ့ချတဲ့ သာမန်ပြည်သူတွေကို ညင်းပန်းနှိပ်စက် သတ်ဖြတ်ခဲ့တဲ့ အဖွဲ့အစည်းတစ်ခုပေါ့ ။ နိုင်ငံရေးသမားလူလည်တွေရဲ့ နိုင်ငံရေးအာဏာကို မက်မောလွန်းသူတွေရဲ့ လက်ကိုင်တုတ် အဖွဲ့အစည်းတစ်ခုပေါ့ ။ ဖဆပလခေတ်မှာ အာဏာလုပွဲတွေ ပြင်းထန်ခဲ့ပါတယ် ။ လာဘ်ပေးလာဘ်ယူမှူတွေ ပေါများခဲ့ပါတယ် ။ ကျားကြီးဗဆွေနဲ့ နိုင်ငံရေးပါးဝလွန်းသူ ကိုကျော်ငြိမ်းတို့ရဲ့ လက်စောင်းကလည်း အင်မတိအင်မတန် ထက်ခဲ့ကြပါတယ် ။ လူပေါ်လူဇော်လုပ်နည်းကို အရည်ကြိုသောက်ထားတဲ့ ကိုကြီးနုကလည်း နိုင်ငံရေးဇာတ်ခုံပေါ်မှာ ပါးပါးလေးပဲလှုပ်ပြီး ကပြနေခဲ့တာပါ ။ နိုင်ငံရေးသမားလူလည်တွေ အာဏာငန်းဖမ်းနေကြတဲ့ ဖဆပလအစိုးရလက်အောက်မှာ ပြည်သူတွေရဲ့ဘဝက ကံဆိုးမသွားရာကို မိုးလိုက်လို့ရွာနေယုံတင်မကဘဲ ဟာရီကိန်းမုန်တိုင်းပါ အမွှေခံနေကြရတာပါ ။ တိုင်းပြည်ကို တိုးတက်စေချင်တာကြောင့် လမ်းမှန်ကိုရေးပြခဲ့ပါသော စာရေးဆရာကြီးတွေဖြစ်တဲ့ ဗန်းမော်တင်အောင် မြသန်းတင့် သခင်မြသန်းတို့ဆိုရင်လည်း ကိုကိုးကျွန်းမှာ တစ်ကျွန်းစံတွေအဖြစ်နဲ့ ပင်လယ်လေကိုရှူရင်း သောင်ပြင်ပေါ်မှာ လမ်းလျှောကိနေခဲ့ကြရတာပေါ့ ။ အခွံကြီးပဲရှိနေတဲ့ တိုင်းပြည်ကို လာဘ်စားလွန်းတဲ့ အစိုးရအဖွဲ့ဝင် နိုင်ငံရေးသမား လူလည်ကြီးတွေက အုပ်ချုပ်နေလေတော့

မိဘနဲ့ တန်းတူသွားရမှာ မိဘကို အခမ်းအနားတွေကို ခေါ်သွားရမှာ မိဘနဲ့ သူငယ်ချင်းတွေကို မိတ်ဆက်ပေးရမှာ ဘယ်တော့မှ မရှက်နဲ့ ။ သူတို့မွေးလာလို့ လူဖြစ်လာရတာ ငါ့မိဘက တောသူတောင်သား မလို့ ခင်ဗျားတို့ ဘာသိမလဲ လို့ မပြောမိစေနဲ့ ဆရာကြီးဦးဖိုးကျားရေးတဲ့ မင်းကတော် ညွန့်မေလို စိတ် ဘိလပ်ပြန် မောင်သောင်းဖေလို စိတ် မမွေးနဲ့။ မိဘကို မသေခင် လုပ်ကျွေး သားသမီးကြောင့် ဂုဏ်တက်သလို မိဘကြောင့်လည်း ဂုဏ်တက်တာ ရှိတယ်။ သူတို့ ကျွေးမွေးပြုစုလို့ ကြီးလာတာ သူတို့ ငွေကြေးစိုက်ထုတ်လို့ ပညာတတ်လာတာ သူတို့က အခရာ ၊ ပြန်တွေးကြည့်ရင် မိဘဆိုတာ သက်ရှိဘုရားပဲ။ မိဘက အတတ်ပညာသင်ပေးလို့ နေရာ ရာထူး တစ်ခု ရောက်လာရင် တည်ရှိလာရင် ဖြစ်တည်လာရင် ဘယ်တော့မှ မစော်ကားမိစေနဲ့။ ရတဲ့ ဝင်ငွေရဲ့ ၁၀ ပုံ ၁ ပုံကို လစဥ်ထောက်ပံ့ပေးရတယ်။ မိဘ ဆိုတာ လက်ရှိ အသက် ၆၀ တွက်ကြည့် လူ့ဘဝမှာ နေရလှ နောက်ထပ် အနှစ် ၂၀ ကျော်ပဲ ။ လနဲ့မြှောက် ကြည့်ရင် လပေါင်း ၂၄၀ ပဲ အဲဒီကြားထဲ သူတို့မွေးထုတ်ထားတဲ့ သစ်ပင်လိုမျိုး သားသမီးရဲ့ ကျေးဇူးသိတတ်မှု ခံစားချင်ကြတာ မိဘ တိုင်းပဲ။ မယုံမရှိနဲ့။ လူပျိုဘဝက ရတဲ့ ပင်စင်ကဒ်ကို မိဘ နှစ်ပါးထံ ရာသက်ပန် ပေးထားတာ။ မိဘနှစ်ပါး သက်ရှိထင်ရှားရှိနေချိန် အာဟာရဖိုး၊ ကျန်းမာရေးစရိတ် ရပါစေ ဆိုတဲ့ ဆန္ဒအမှန်နဲ့။ လစဥ် ထုတ်သုံးပါစေပေါ့။ ၂၀၀၇ ကနေ ပေးထားတာ ကြာပြီ။ ဇနီးနဲ့က ၂၀၁၀ မှ အိမ်ထောင်ပြုတော့ ပွင့်ပွင့်လင်းလင်း ပြောထားတယ်။ အစ်ကို့မိဘတွေကို ပင်စင်ကဒ်ပေးထားတယ်။ ကြာပြီလို့ သူကလည်း ကြည်ဖြူပါတယ်။ နှစ်ဖက်မိဘ ထောက်ပံ့ရင်တောင် ပြောင်းပြန် လုပ်ထားတာ။ ကိုယ့်မိဘကို ထောက်ပံ့ရင် သူက ပို့ သူ့မိဘကို ထောက်ပံ့ရင် ကိုယ်က ပို့ သား ပေးတာ ချွေးမ မသိ သမီး ပေးတာ သားမက် မသိ မဖြစ်စေရဘူး ပွင့်ပွင့်လင်းလင်း လုပ်ထားလို့ သာဓု နှစ်ခါ ကုသိုလ်နှစ်ခါ ရတယ်။ မိမိကိုယ်တိုင် မိဘအရွယ်ရောက်လာမှ ဗိမ္မိသာရဇာတ် မခင်းရဘူး။ အဇာသတတ် မဖြစ်ရဘူး။ နုပျိုစဥ်မှာ ကြွေးဟောင်းလည်းဆပ် သားသမီးတွေအတွက် ကြွေးသစ်လည်း ချ ဘေးက မသိသေးသူတွေကို လမ်းမှန်ပြသ သမာအာဇီဝကျတဲ့ အလုပ်နဲ့သာ မိဘ နှစ်ပါးကို ကျွေးမွေး စောင့်ရှောက် ဘဝက ထွန်းလင်းတောက်ပတယ်။ မယုံမရှိနဲ့။ ငါ့မိဘက ဘယ်လိုကြီး စာမတတ် ပေမတတ်မလို့ မခေါ်ချင်ဘူး ဘာညာ မပြောမိစေနဲ့။ ဝဇီဗေဒထက် မနောကံက ပိုဆိုးတယ်။ မလုပ်နဲ့။ ဆရာကြီးဦးသုခ ပြောသလို အမေဟာ မိန်းမရွှင်ကြီး ဖြစ်နေပါစေ အမေ့လုံချည်ကို ခေါင်းပေါ်တင်ပြီး လျှော်ဖွပ်ပေးပါရစေ ဆိုတာလို စိတ်တွေး အဖေလည်း ထို့အတူပဲ။ သူ့ရဲ့ ဥာဏ်စွမ်းရှိသလောက် မိသားစုအတွက် လုပ်ကိုင် ကျွေးမွေးနေရတာ။ အဲဒါကို သိတတ်ပါ။ ကျေးဇူးဆပ်ပါ။ ဓါတ်ပုံ - ကျွန်တော့်အဖေ ဘုန်းကြီးကျောင်းထွက် အညာသားကြီးကို အထင်ကရ ရုံးတွေ လိုက်ခဲ့ဖို့ခေါ်ဆောင် သူ့သားကျွန်တော် အစည်းအဝေးလုပ်နေတုန်း ကားထဲကထွက် အပြင်ကနေ စောင့်နေတဲ့ ပုံ #TheinWinOo

မိမိအား မလိုမုန်းထားရှိနေသူများ သူတို့၏ဘဝတွင် မလိုမုန်းထားမဖြစ်ဘဲ ဘဝကို အေးချမ်းစွာ ဖြတ်သန်းလိုစိတ်ဖြစ်သည်အထိ အသိဉာဏ်ဗဟုသုတပေးသော ဆရာကောင်း သမားကောင်း သူတော်ကောင်းများနှင့် တွေ့ပါစေ။ လုံလောက်သော အကြည်ဓာတ်၊ အငြိမ်းဓာတ် ရပါစေ။ ယခု သူတို့တွင် ရှိနေသည့် စိတ်၏ချို့တဲ့ခြင်း၊ ရုပ်၏ချို့တဲ့ခြင်း၊ ဥစ္စာဓနချို့တဲ့ခြင်းတို့မှ ကင်းဝေးပါစေ။ လူတန်းစေ့ နေနိုင်စားနိုင်ပါစေ။ သူတစ်ပါးကို ရန်ပြု၊ အမျက်ပြုခြင်းဖြင့် ဝမ်းမီးငြိမ်းရသော ဘဝမှ လွတ်ကင်းပါစေ။ အိမ်ထောင်ဖက်ကောင်း၊ အိုးအိမ်ကောင်းနှင့် နေနိုင်စားနိုင်ပြည့်စုံနိုင်ပါစေ။ ဣဿာမစ္ဆရိယ မပါဘဲ ဘဝကို အသက်ရှင်ရပ်တည်နိုင်ပါစေ 🙏🏻🙏🏻🙏🏻