1 618
Subscribers
+924 hours
+137 days
+1830 days
Posts Archive
IMDb-6.7/10
ငယ်ငယ်ကသွားကြီးလေး ကြီးမှခန့်ချောလေးဖြစ်လာတဲ့ Darsheel Safary ၊
အပြင်မှာခပ်လန်းလန်းနေတတ်ပြီး ရိုးအတဲ့ဇာတ်ကောင်နေရာနဲ့ Manasi Parekh ၊
ဆံဖြူသည်ထိ မပင်မပန်း ကျရာဇာတ်ကောင်မျိုးစုံလုပ်နိုင်နေသေးတဲ့
မင်းသမီးကြီးRatna Pathak Shah အရွယ်သုံးပါးစုံစုံလင်လင် ကြည့်ရှုရမဲ့ကားလေးဖြစ်ပါတယ်
ဇာတ်လမ်းအညွှန်း
ကိုယ့်မွေးနေ့မှာတောင် ကျန်တစ်အိမ်သားလုံးရဲ့အကြိုက်တွေကိုရွေးပြီး စုံနေအောင်ချက်ပေးတတ်တဲ့
မွန်ဂီဟာ သူ့ကိုယ်သူအိမ်ထောင်ရေးကံ မိသားစုကံကောင်းလွန်းသူပါဆိုပြီး ပျော်နေသူပေါ့
သူက မိသားစုအရေးနဲ့ မီးဖိုချောင်ထဲမှာပဲဘဝကိုမြှုပ်ထားပေမဲ့ ဘာမှမသိမတတ် နုံနုံအအတော့မဟုတ်ပါဘူး
သူ့ခင်ပွန်း ဒါမက်ရှ်ကတော့ ခပ်ရိုးရိုးပုံတုံးတုံးနေတဲ့အိမ်ရှင်မကို အထင်မကြီးလူရာမသွင်းပါဘူး
မွေးနေ့ကိုတောင် ဘေးလူပြောမှသိ ဟတ်ပီးဘတ်ဒေးပြောပေးဖို့တောင် နှုတ်ဆွံ့နေသတဲ့
ဒီလိုအိမ်ထောင်ရေးမှာဖြစ်လာမဲ့အဖုအထစ်ကတော့ ဖောက်ပြန်မှုကလွဲတခြားမရှိ….
ဒါမက်ရှ် ရုံးကလုပ်ဖော်ကိုင်ဖက်တစ်ယောက်နဲ့ဖောက်ပြန်နေမှန်းသိလိုက်ရချိန်
ဒီလူကိုပဲတစ်မျက်နှာတစ်ကမ္ဘာလုပ်ထားတဲ့ မွန်ဂီတစ်ယောက် ဘယ်လိုရှေ့ဆက်မလဲ…
အိမ်ထောင်ဆိုတာ မကုန်မခမ်းနိုင်အမျိုးစုံသုခဒုက္ခပေါင်းစုံရာကမ္ဘာပဲလေ
ဒီတော့ဒီကားမှာရော ဒီလိုပဲဖန်တရာထေဇာတ်လမ်းပုံစံဖြစ်နေပါ့မလား
ဘယ်လိုမတူညီတဲ့ရှုထောင့်တွေပါမလဲ…Pareshan 2023 ဇာတ်ကားသစ်
IMDb rating - 6.7/10
ခုတစ်ခါမှာတော့ ပေါ့ပေါ့ပါးပါးနဲ့ ရယ်ရတဲ့ တေလဂူးရုပ်ရှင်ကားတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။
သရုပ်ဆောင်တွေ အများကြီးနဲ့မြိုင်မြိုင်ဆိုင်ဆိုင်ကြည့်ရမှာဖြစ်ပြီး ဇာတ်အိမ်ကောင်းကောင်းနဲ့ တင်ဆက်ထားပါတယ်။
ဇာတ်လမ်းအနေနဲ့ကတော့ လူ့ဘောင်လူ့လောကမှာ ဖြစ်တတ်တဲ့ကိစ္စအဝဝကို ဟာသနှောပြီးကြည့်ရှုရမှာပါ။
မိန်းမရှိလျှက်နဲ့ အငယ်လေးတစ်ယောက်ကိုကြူးရင်း လူမိလို့ရဲစခန်းရောက်သွားတဲ့သူနဲ့၊ ဦးလေးဆီပြန်ပေးရမဲ့ငွေကို ဒုက္ခရောက်နေတဲ့ သူငယ်ချင်းကိုကူရင်း ငွေတွေပလုံသွားတဲ့သူနဲ့၊ ရည်းစားချိန်းတွေ့ရာမှ ဂွင်ဆင်ခံရပြီး တကယ်လက်ထပ်လိုက်ရတဲ့သူနဲ့၊
သားဖြစ်သူကိုထောင်ထဲကနေထုတ်ဖို့ အာမခံငွေမရှိသူနဲ့...
စစသဖြင့် ဇာတ်ကားမှာ ပျင်းစရာတစ်ကွက်မှမပါဘဲကြည့်ရှုရမှာဖြစ်ပါတယ်။
မြန်မာစာတန်းထိုး ဇာတ်ကားများ
https://t.me/addlist/_UMN7xcv6305YTQ1Marakkar - Lion of the Arabian Sea ( 2022 )
Action, Drama ‧ 2h 55m
Imdb - 6.7/ 10
အိန္ဒိယနိုင်ငံကို ၁၅၂၀-၁၆၀၀လောက်ကကျူးကျော်ဝင်ရောက်လာတဲ့ပေါ်တူဂီတွေကို
ခုခံတိုက်ခိုက်ခဲ့တဲ့မာရာကာလေးယောက်ရှိခဲ့ပါတယ်။
ဒီကားလေးထဲမှာတော့လေးယောက်မြောက်မာရာကာဖြစ်တဲ့ ကွန်ဂျာလီမာရာကာရဲ့
အိန္ဒိယနိုင်ငံထဲကိုဝင်ရောက်လာတဲ့ပေါ်တူဂီတွေကိုဗျူဟာကောင်းကောင်းနဲ့ခုခံတိုက်ခိုက်ပုံတွေကို
တင်ပြထားပါတယ်။
ဒီကားလေးဟာဆိုရင်ဆုတွေလည်းအများကြီးရရှိထားတာဖြစ်ပြီးတော့ ဝင် ငွေ ၅၀၀ မီလီယံအထိရရှိထားတဲ့ဇာတ်လမ်းကောင်းလေးဖြစ်ပါတယ်။
ဇာတ်လမ်းအကြောင်းအရာလေးကတော့ကွန်ဂျာလီဟာအဘိုးဖြစ်သူကူတီရာလီမာရာကာရဲ့
ဦးဆောင်မှုအောက်မှာသူ့အမေနဲ့အတူအေးအေးချမ်းချမ်းနေထိုင်နေတဲ့သူဖြစ်ပါတယ်။
တစ်နေ့မှာတော့သူ့ရဲ့ချစ်သူကိုလက်ထပ်ဖို့အတွက်သွားတဲ့လမ်းမှာပဲအလစ်ဝင်တိုက်ခိုက်ခံရပြီး
မိသားစုဝင်တွေအားလုံးအသတ်ခံလိုက်ရပါတယ်။
တစ်ယောက်တည်းအသက်ရှင်ကျန်ခဲ့တဲ့ ကွန် ဂျာ လီတစ်ယောက်သူ့ဘဝကိုဘယ်လိုပြန်ပြီးရပ်တည်သွားမလဲ...
သူ့မိသားစုတွေအတွက်ဘယ်လိုလက်စားချေသွားမလဲဆိုတာကိုစိတ်ဝင်စားဖွယ် ကြည့်ရှုရမယ့်ဇာတ် ကားကောင်းလေးဖြစ်ပါတယ်။Fatafati (2023) ဇာတ်ကားသစ်
============
Fatafatiဇာတ်ကားမှာတော့ Pulloraဟာ ဖက်ရှင်ဒီဇိုင်နာတစ်ယောက်ဖြစ်လာချင်ပေမဲ့ လူတွေကတော့ သူ့မရဲ့ခန္ဓာကိုယ်၀၀ကြီးကိုဘဲ
အပြစ်ပြောနေတာကြောင့် စိတ်ညစ်နေသူဖြစ်တယ်။သူမအိမ်မက်တွေကို ထောက်ခံပေးနေတဲ့လူဆိုလို့ သူ့မယောကျာ်းBechuနဲ့ သူ့မသူငယ်ချင်းတွေပဲရှိပါတယ်။
လူတွေက သူမခန္ဓာကိုယ်ကို ကဲ့ရဲ့နေကြပေမဲ့ Pulloraဟာ လက်မလျှော့ဘဲနဲ့ ရပ်ကွက်ထဲက လူတွေအတွက် အင်္ကျီချုပ်ပေးကာ သူမအိမ်မက်ကို
အကောင်အထည်ဖော်ဖို့ ကြိုးစားနေတုန်းပါ။တစ်နေ့မှာတော့ သူမရေးလိုက်တဲ့ ဆောင်းပါးဟာ အင်စတာဂရမ်မှာနာမည်ကြီးသွားပြီးတော့ လူတွေက
သူမကို Miss Fatafatiအဖြစ် ထောက်ခံလာကြတယ်။Pulloraဟာ ဒီအကြောင်းကို အလုပ်ပြုတ်သွားတဲ့ယောကျာ်းဖြစ်သူကိုလဲ မပြောရဲတာကြောင့်
သူမမျက်နှာကိုဖုံးကွယ်ကာ Miss Fatafatiအနေနဲ့ ဖက်ရှင်influencerအဖြစ်ဆက်လက်လုပ်ကိုင်ခဲ့တယ်။တစ်နေ့မှာတော့ ဖက်ရှင်ရှိုးပွဲတစ်ခုက
သူမကို ရှိုးပွဲမှာမော်ဒယ်လုပ်ပေးဖို့ ကမ်းလှမ်းလာတဲ့အခါPulloraတစ်ယောက် သူမအိမ်မက်တွေကို အကောင်အထည်ဖော်နိုင်ဖို့အတွက်
ဒီအခွင့်အရေးကိုလက်ခံမလား။လူအဖွဲ့အစည်းက အပြစ်တင်ကဲ့ရဲ့သံတွေကိုရော Pulloraတစ်ယောက် ကြံ့ကြံ့ခံနိုင်ပါ့မလားဆိုတာကို ကြည့်ရှူကြပါအုံး။Vimanam (2023) ဇာတ်ကားသစ်
==============
ဒီတစ်ခါမှာတော့ အိန္ဒိယဇာတ်ကားလေး တစ်ကားဖြစ်တဲ့ Vimananဆိုတဲ့ ဇာတ်ကားလေးနဲ့မိတ်ဆက်ပေးချင်ပါတယ်။
ရာဂျူးဟာ လေယာဉ်တွေကို အလွန်နှစ်သက်မြတ်နိုးတဲ့ ခြေတစ်ဖက်မသန်တဲ့ဗီရာရာဆိုတဲ့ ဖခင်ကြီးရဲ့သားပါ။၊ရာဂျူးလေးက ကျောင်းစာတွေမှာလည်းထူးချွန်တယ်။
အဖေ့အပေါ်မှာလည်း သိတတ်တယ်။တစ်နေ့ကျရင် ပိုင်းလော့လုပ်မယ်ဆိုတဲ့ရည်မှန်းချက်ကြီးလည်းရှိတဲ့လူပါ။အဲ့လိုနဲ့တစ်နေ့ ရာဂျူးကျောင်းမှာ မူးလဲပြီး
ဆေးရုံတင်လိုက်ရပါတယ်။ဆေးစစ်ချက်အဖြေအရ ရာဂျူးမှာ သွေးကင်ဆာနောက်ဆုံးအဆင့်ရှိနေခဲ့ပါတယ်။အဲ့ဒီအခါမှာ ဗီရာရာတစ်ယောက် သားရဲ
့နောက်ဆုံးဆန္ဒဖြစ်တဲ့လေယာဉ်စီးချင်တယ်ဆိုတာကို ဖြည့်ဆည်းပေးချင်ခဲ့ပါတယ်။ဒါပေမဲ့ချို့တဲ့တဲ့မိသားစုဖြစ်တဲ့အတွက်ကြောင့် မတတ်နိုင်ဖြစ်နေခဲ့ပါတယ်။
ရာဂျူးနဲ့သူ့အဖေတို့ရဲ့ချစ်ခြင်းမေတ္တာတွေ အဖေတစ်ယောက်ရဲ့ယူကျုံးမရဖြစ်မှုတွေ မြေနိမ့်ရာလှံစိုက်ချင်ကြတဲ့လူတွေရဲ့သဘောသဘာဝကို
ရိုက်ပြထားတာဖြစ်တဲ့အတွက် ကြည့်ရှုလို့ကောင်းမယ့် ရင်နင့်ဖွယ်ဒရမ်မာဇာတ်ကားလေးပါ။Puli [2015]
ဒီဇာတ်ကားလေးမှာတော့ ဗီဂျေး ရဲ့ ဇာတ်ကားဟောင်းလေးတစ်ခု တင်ဆက်ပါရစေ.. ဇာတ်ကားအမည်က "ပူလီ". ပူလီဆိုတာ ကျားလို့ ဆိုလိုတာပါ...
ကျားတကောင်လို သန်မာ ဖျတ်လတ်ပြီး ရဲစွမ်းတယ်လို့ ဆိုလိုချင်ပုံရပါတယ်...
ဇာတ်လမ်းက ထရီဗယ်ဆိုတဲ့ ရွာလေးကို စမ်းချောင်းလေးအတိုင်း ကလေးတယောက်မျောလာပါတယ်...
ဒါကို ရွာလူကြီးကတွေ့ပြီး မွေးစားလိုက်ပါတယ်...
ကလေးနာမည်ကိုလဲ မက်ယူဒီယမ်လိုခေါ်ပါတယ်...
သူတို့ရွာတွေကိုတော့ အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ ဗီသယ်လာပူရမ်က လူေ
တွက လာရောက်အနိုင်ကျင့် ဆက်ကြေးတောင်းကြပါတယ်...
သူတို့တွေဟာ ဒေါသထွက်ရင် မျက်လုံးတွေပြာပြီး အစွယ်တွေထွက်လာတတ်ပါတယ်...
အစွမ်းလဲ အလွန်ကြီးလို့ ထရီဗယ်ရွာကအစ ရွာနီးချုပ်စပ်တွေက အကုန် ကြောက်နေရပါတယ်...
မက်ယူဒီယမ်လေး အရွယ်ရောက်လာတာနဲ့ အမျှ ရွာလေးကို ကာကွ
ယ်စောင့်ရှောက်နေပါတယ်... ဒီလိုနဲ့ .... တစ်နေ့မှာတော့ .....Kandahar (2023)
ဇတ်ကားသစ်
=============
IMDB: 6.1/10
ဖြစ်ရပ်မှန်ကို အခြေခံထားတဲ့ နောက်ထပ် စစ်ကားကောင်းတစ်ခုလာပါပြီ။ ဒီကားက ဂျိတ်ယီလင်ဟောရဲ့ နာမည်ကြီးစစ်ကား The Covenant နဲ့ ဆင်တူပါတယ်။ ကောင်းတာချင်းလည်းတူပါတယ်။ မင်းသားကတော့ အက်ရှင်ကားကောင်းတွေအများကြီးရိုက်ထားတဲ့ ဂျရက်ဘတ်တလာပါပဲ။ ဒါရိုက်တာကတော့ Angel Has Fallen နဲ့ Greenland ကို ရိုက်ခဲ့တဲ့ Ric Roman Waugh ဖြစ်ပြီး ဒီရုပ်ရှင်တစ်ခုလုံးကို ဆော်ဒီမှာပဲ ရိုက်ကူးထားတာပါ။
ဇာတ်လမ်းကိုတော့ အမေရိကန်တွေ အာဖဂန်ကနေ ဆုတ်ခွာအပြီး တာလီဘန်တွေကြီးစိုးနေချိန်မှာ တည်ထားပါတယ်။ အီရန်နိုင်ငံနဲ့အနောက်နိုင်ငံတွေ အနုမြူလက်နက်လျှော့ချရေး သဘောတူညီချက်ရဖို့ ကြိုးစားနေဆဲကာလပါ။ တွမ်ဟားရစ်ဆိုတဲ့ စစ်ပြန် အမ်အိုင်-၆ လူဟောင်းဟာ စီအိုင်အေမှာ အငှားအေးဂျင့်အနေနဲ့ လုပ်နေပြီး အီရန်စစ်ဆင်ရေးတွေကို လျို့ဝှက်ဆောင်ရွက်နေသူဖြစ်ပါတယ်။ သူ့ရဲ့စစ်ဆင်ရေးကတော့ အီရန်နိုင်ငံထဲမှာအသွင်ယူပြီး အနုမြူဓာတ်ပေါင်းဖိုတွေကို ဖျက်ဆီးရတဲ့အလုပ်ပါပဲ။ ဒါပေမဲ့ နောက်ဆုံးစစ်ဆင်ရေးတစ်ခုစခါနီးမှာပဲ ပင်တဂွန်က သတင်းပေါက်ကြားမှုဖြစ်ပြီး သူ့နာမည်နဲ့ပုံဟာ အီရန်၊ အာဖဂန် တဝှမ်းမှာပြန့်သွားပါတော့တယ်။ တာလီဘန်၊ အိုင်းစစ်၊ အီရန်၊ အယ်ကိုင်ဒါ အဖွဲ့ပေါင်းစုံက သူ့ကိုလိုက်ဖမ်းဖို့ကြိုးစားတဲ့အချိန်မှာ သူနဲ့ စကားပြန် မိုဟာမက်တို့ နှစ်ယောက်တည်း ဘယ်လိုအသက်လုပြီး လွတ်မြောက်အောင် တိုက်ခိုက်ထွက်ပြေးကြမလဲဆိုတာ ကြည့်ရမှာပါပဲ။
Extraction 2 (2023)
Thor မင်းသားရဲ့ကားသစ်လေး
Extraction (2020) ရဲ့ အဆက် Extraction 2 လာပါပြီ။
မင်းသားက Chris Hemsworth ပဲဖြစ်သလို ဒါရိုက်တာကလည်း Sam Hargrave ပါပဲ။
Extraction (2020) ဟာ အတော်ကောင်းပါတယ်။
မဖြစ်နိုင်တဲ့ စစ်ဆင်ရေးကို အသေခံပြီး လုပ်သွားတဲ့ ကြေးစားကြီးတစ်ယောက်အကြောင်းပေါ့။
သေနတ်ဒဏ်ရာ ဗလပွနဲ့ မြစ်ထဲကိုကျသွားတာ မသေစရာတော့မရှိပါဘူး။
ဒါပေမဲ့ မသေပါဘူး။ မသေတော့ အငြိမ်းစားယူသွားပါတယ်။
အငြိမ်းစားဆိုကတည်းက သေချာပေါက် ပြန်ချရမယ်ဆိုတာ အားလုံးသိပြီးသားပါပဲ။
အခုလည်း သူ့အငြိမ်းစားဘဝကနေ မငြင်းနိုင်ဘဲ သေချာပေါက်ပြန်လုပ်ခိုင်းနိုင်တဲ့သူ ပေါ်လာပါတယ်။ သူ့မိန်းမပါ။ ဖြစ်တတ်ပါတယ်။
သူ့မိန်းမရဲ့ ညီမကို ဂျော်ဂျီယာရဲ့ အကြီးဆုံးလူဆိုးဂိုဏ်းကြီးလက်ကနေ သွားကယ်ထုတ်ရတာပါ။
ဒါပေမဲ့ လူဆိုးဂိုဏ်းက ရိုးရိုး သေနတ်နဲ့ကားအဆင့်မဟုတ်ပါဘူး။
ကျည်ကားကား၊ လက်နက်ကြီး၊ ရဟတ်ယာဉ်တွေအထိပါပြီး
မိုးအဆုံးမြေအဆုံးလိုက်သတ်တာကြောင့် ၂ နာရီစာလောက် မနားတမ်း ချရပါတော့တယ်....
ထုံးစံအတိုင်း ဇာတ်လမ်းရော အက်ရှင်ရော ကြည့်လို့ကောင်းပါတယ်။ ကြည့်လိုက်ကြပါ။
Extraction 1 (2020)
သောရ် မင်းသားကြီး ခရစ် ဟမ်းဆွာ့ ရဲ့ အက်ရှင်ကား အသစ်ရပါပြီ ထင်ထားတာထက် ကောင်းပါတယ် ခရစ်စ်ဟာ အနီးကပ် တိုက်ခိုက်ခန်းတွေ သေနတ်ပစ်ခန်းတွေ ဒီလောက်ထိကြမ်းပြနိုင်တာ အားရစရာပါပဲ Combat ခန်းတွေ အရမ်းကြမ်းပါတယ် ကြည့်ရတာ အားရကြမှာပါ...
ဇာတ်လမ်းအကျဉ်း.....
တိုင်လာ ဟာ စစ်ပြန်ကြေးစားစစ်သား ဖြစ်ပြီးအိန္ဒိယက ဘိန်းဘုရင်တစ်ယောက်ရဲ့ ကလေးကိုကယ်ထုတ်ပေးရမယ့် အလုပ်ကို လက်ခံလိုက်ပါတယ်...
အဲဒီကလေးကို ဖမ်းထားတဲ့သူကလည်းပြိုင်ဘက် ဘိန်းဘုရင် ဂန်းစတား ဖြစ်နေပြီး တိုင်လာနဲ့ကလေးကို ရဲတွေအကူအညီနဲ့ တစ်မြို့လုံးပိတ်ဆို့ပြီး ဖမ်းဖို့ကြိုးစားပါတော့တယ်...
ဒီကလေးကို မြို့ကနေ မရမက ကယ်ထုတ်ဖို့တစ်မြို့လုံးနဲ့ တစ်ယောက် တိုက်ခိုက်ပြီး ကြိုးစားရပါတော့တယ်.....
