Tarot Cafe’ By Alice
Open in Telegram
တားရော့မေးကြမယ် For More Personal Reading - Viber 09796327884
Show more2 205
Subscribers
+124 hours
+97 days
No data30 days
Data loading in progress...
Similar Channels
Tags Cloud
No data
Any problems? Please refresh the page or contact our support manager.
Incoming and Outgoing Mentions
---
---
---
---
---
---
Attracting Subscribers
September '26
September '26
+11
in 0 channels
August '26
+39
in 0 channels
Get PRO
July '26
+37
in 0 channels
Get PRO
June '26
+37
in 0 channels
Get PRO
May '26
+39
in 0 channels
Get PRO
April '26
+24
in 0 channels
Get PRO
March '26
+48
in 0 channels
Get PRO
February '26
+51
in 0 channels
Get PRO
January '26
+68
in 0 channels
Get PRO
December '25
+82
in 0 channels
Get PRO
November '25
+35
in 0 channels
Get PRO
October '25
+57
in 0 channels
Get PRO
September '25
+30
in 0 channels
Get PRO
August '25
+25
in 0 channels
Get PRO
July '25
+19
in 0 channels
Get PRO
June '25
+26
in 0 channels
Get PRO
May '25
+18
in 0 channels
Get PRO
April '25
+43
in 0 channels
Get PRO
March '25
+50
in 0 channels
Get PRO
February '25
+62
in 0 channels
Get PRO
January '25
+101
in 0 channels
Get PRO
December '24
+179
in 0 channels
Get PRO
November '24
+124
in 0 channels
Get PRO
October '24
+131
in 0 channels
Get PRO
September '24
+219
in 0 channels
Get PRO
August '24
+1 955
in 0 channels
| Date | Subscriber Growth | Mentions | Channels | |
| 07 September | 0 | |||
| 06 September | +1 | |||
| 05 September | +2 | |||
| 04 September | 0 | |||
| 03 September | +4 | |||
| 02 September | +4 | |||
| 01 September | 0 |
Channel Posts
| 2 | Alice ဆီမှာ Package ရွေးရတာ ခေါင်းမစားနဲ့တော့ရှင့် 😁🔮
“ငါက ဘာ Package ယူရမလဲ?” ဆိုပြီး စဉ်းစားနေရင် ကိုယ်သိချင်တဲ့အကြောင်းအရာအလိုက် ဒီလိုလေးရွေးလို့ရပါတယ် 👇🏻
💗 Single ဖြစ်နေတယ် — ရှေ့ဆက်အချစ်ရေးကို သိချင်တယ်
Next RS / Right Person အကြောင်း သိချင်တယ်ဆိုရင်
👉🏻 Love Discovery Solo Package ယူပါ။
🤫 တိတ်တခိုးသဘောကျနေတဲ့ Crush လေးရှိတယ်
Crush အကြောင်းလေး သိချင်တယ်ဆို
👉🏻 Little Secret Package
3Q / 5Q ကြိုက်ရာရွေးလို့ရပါတယ်။
🌹 လက်ရှိချစ်သူနဲ့ ပိုနားလည်ချင်တယ်
တစ်ဦးနဲ့တစ်ဦးရဲ့အမြင်၊ ခံစားချက်တွေကို ပိုနားလည်ပြီး ရေရှည်အဆင်ပြေဖို့ ဘာတွေလိုအပ်လဲ သိချင်ရင်
👉🏻 Rose Quartz Package
3Q / 5Q ကြိုက်ရာရွေးပါ။
💞 “သူနဲ့ လက်ထပ်ရမလား?” “ဒီလူနဲ့ ငါတို့ Energy က ဘာလဲ?”
အဲ့လိုမေးခွန်းမျိုးတွေက ရိုးရိုး Love Reading မဟုတ်ပါဘူးနော်။
ဒါက RS Energy စစ်တာ ဖြစ်လို့ သီးသန့် Package ရှိပါတယ်။
👉🏻 Swedaw Package 💚
ဒီ Package မှာတော့ ကိုယ်တို့နှစ်ယောက်ရဲ့ Connection / Energy / Relationship အခြေအနေတွေကို အစကနေအဆုံးထိ စစ်ပေးမှာပါ။
ကိုယ့်ဘက်ကလည်း အခြေအနေကို အမှန်အတိုင်း ရင်ဖွင့်ပြောပြပေးရင် ပိုကောင်းကောင်း ကြည့်ပေးလို့ရပါတယ်ရှင့်။
🦴 ပြီးပြတ်သွားလို့ မဖြစ်နိုင်တော့တဲ့ ဇာတ်လမ်းလေးတစ်ခုရှိတယ်
ဒါပေမယ့် ရှေ့ဆက် ဘာထူးခြားတာတွေ ဖြစ်လာနိုင်သေးလဲ သိချင်တယ်ဆို
👉🏻 To The Bone Package လေးယူပါ။
💰 စီးပွားရေးအကြောင်းပဲ သိချင်တယ်
Career / Business / Money ပိုင်းကိုပဲ မေးချင်ရင်
👉🏻 Tiger Eye Package
3Q / 5Q ကြိုက်ရာရွေးလို့ရပါတယ်။
🎓 ပညာရေးအကြောင်းပဲ သိချင်တယ်
👉🏻 Education Package
3Q / 5Q ရွေးလို့ရပါတယ်။
✈️ နိုင်ငံခြားကံလည်း စစ်ချင်တယ်
နိုင်ငံခြားသွားဖို့ကံ၊ Foreign-related အခြေအနေတွေကို သိချင်ရင်
👉🏻 Oversea Fortune Package
ဒီ Package ကတော့
• ကိုယ့်ရဲ့ နိုင်ငံခြားကံကို စစ်ပေးမယ်
• နိုင်ငံခြားနဲ့ပတ်သက်တဲ့ မေးခွန်း 3 ခု မေးလို့ရမယ်
🔮 ဘဝတစ်သက်တာအတွက် သိချင်တယ်
ကိုယ့်ဘဝတစ်လျှောက် အကျိုးပေးပုံ၊ ကိုယ်ရွေးချယ်နေတဲ့ လမ်းကြောင်းတွေ မှန်ကန်ရဲ့လားဆိုတာ သိချင်ရင်
👉🏻 တစ်သက်တာ ဇာတာစစ် Package ယူလို့ရပါတယ်။
📞 သေချာရင်ဖွင့်ပြီး တိုက်ရိုက်ပြောချင်တယ်
စာရိုက်ပြီးမေးရတာထက် ဖုန်းနဲ့ တိုက်ရိုက်ပြောချင်ရင်
👉🏻 Call Package ရွေးလို့ရပါတယ်။
⏰ 30 mins / 45 mins ကြိုက်ရာရွေးနိုင်ပါတယ်။
Oversea Fortune၊ Love Discovery Solo နဲ့ တစ်သက်တာဇာတာစစ်တဲ့အကြောင်းအရာတွေကလွဲရင်
ကျန်တဲ့အကြောင်းအရာတွေကို ကိုယ်သိချင်တာ ကြိုက်ရာမေးလို့ရပါတယ်ရှင့်။
🌙 ညဘက်ဆို လူမလစ်ဘူး၊ ဖုန်းလည်းမပြောချင်ဘူး ဆိုရင်တော့
👉🏻 Midnight Typing – 30 mins လေးရှိပါတယ်။
ဖုန်းမပြောဘဲ Typing လေးနဲ့ပဲ ရင်ဖွင့်မေးမြန်းလို့ရပါတယ်။
🚨 အရေးပေါ်သိချင်ရင်လည်း ရပါတယ်!
Package တိုင်းမှာ Emergency Fee သီးသန့်ရှိပါတယ်။
Booking ရက်ကို မစောင့်ချင်ဘူး၊ အမြန်ဆုံးကြည့်ချင်တယ်ဆို Emergency နဲ့ယူလို့ရပါတယ်။
🪄 “ငါက အကုန်သိချင်တာ! ဘာမေးရမှန်းတောင် မသိဘူး” ဆိုရင်တော့—
👉🏻 Oracle နဲ့လား
👉🏻 Tarot နဲ့လား
ကြိုက်ရာရွေးပြီး အစုံသုပ်မေးလို့ရပါတယ်ရှင့်။ 😂🔮
ကဲ… အခုဆို Package ရွေးရတာ ခေါင်းမစားတော့ဘူးမလားရှင့်? 😆💗
ကိုယ်သိချင်တာကို အရင်ဆုံးရွေး → သက်ဆိုင်ရာ Package ကိုယူ → Alice ဆီလာခဲ့ပါ 💌 | 367 |
| 3 | No text... | 307 |
| 4 | No text... | 517 |
| 5 | Aliceဆီမှာ ဒီpackage လေးယူမယ်ဆိုရင်တော့ booking ယူရမှာဖြစ်ပါတယ်
ကြာချိန်လေးကတော့ bookingရက်ယူရတာဖြစ််ပါတယ်
ဒီpackage လေးကို မေးမယ်ဆိူရင်တော့ Relationship Affection Energy စစ်တာရယ် မေးချင်တဲ့မေးခွန်းလေး၂ခုကိုမှ 35000ကျပ်ကျပါမယ်ရှင့်(Oversea Clients များFeesသီးသန့်ပါ)
ဘာတွေလိုအပ်တယ်ဆိုတာကတော့ Page Messengerမှာမေးပေးပါနော်🥰
Pink Rose Package 💐
Pink Rose လေးကလဲ Swedaw Package နဲ့တူတူပါပဲရှင့်
သူကတော့ Relationship Affection Energy Checkရယ်မေးခွန်း ၄ခုကိုမှ 55000ကျပ်ကျသင့်ပါမယ်ရှင့် သူကတော့ အဖြေကို ၂၄နာရီအတွင်းရရှိမှာဖြစ်ပါတယ်💕 (Oversea Clients များFeesသီးသန့်ပါ) | 489 |
| 6 | 🌸Swedaw Package သို့ RS Energy Package🌷
Swedaw Two Leaves, One Branch 🍃
RS Energyကို “Swedaw Package” လို့ ခေါ်ဖြစ်တာကစွယ်တော်ရွက်လေးနှစ်ရွက်လိုပဲ လူနှစ်ယောက်ဟာ
တစ်ယောက်နဲ့တစ်ယောက် ဘယ်လောက်ထိ ပေါင်းစပ်လို့ရနိုင်မလဲ
အတူတူရှိတဲ့အခါ Energy တွေက ဘယ်လိုသက်ရောက်မှုရှိမလဲဆိုတာကို ကြည့်ပေးတဲ့ Reading ဖြစ်နေလို့ပါ💌
🍄စွယ်တော်ရွက်လေးတွေက
တစ်ရွက်တည်းနဲ့ ပြည့်စုံတာမဟုတ်ဘူးနော်
နှစ်ရွက်ပေါင်းစပ်ပြီးမှ ပုံသဏ္ဍာန်တစ်ခုဖြစ်လာပြီး ၂လွှာပေါင်းမှတရွက်တည်းပေါ့လေ
လူနှစ်ယောက်ကလည်း တစ်ယောက်ကိုတစ်ယောက် ဖြည့်ဆည်းပေးပြီး ချစ်ပေးနိုင်တဲ့ စွယ်တော်ရွယ်လေးတွေဖြစ်နိုင်ကြဖို့လိုအပ်ပါတယ်🌱
ဒါပေမဲ့
လူတိုင်းက ကိုယ့်ရဲ့ “စွယ်တော်ရွက်” တော့လဲမဟုတ်ပါဘူး🍁
တစ်ယောက်ကို ချစ်မိတာ၊
တစ်ယောက်နဲ့ အရမ်းရင်းနှီးတာ၊
တစ်ယောက်ကို လက်မလွှတ်နိုင်တာနဲ့
ဒီလူက ငါ့အတွက်ပဲ
ဒါငါရဲ့ ကံကြမ္မာကသတ်မှတ်ပေးတဲ့ပုစ္ဆာလို့ သတ်မှတ်လို့မရပါဘူးရှင့်🎀
တချို့ Connection တွေက
ပေါင်းစပ်ဖို့မဟုတ်ဘဲဖျက်ဆီးဖို့လဲဖြစ်နိုင်တယ်
ခဏတာသဘောစွယ်တော်ရွယ်လေးတခုလိုထပ်တူကျပြီး ကိုယ့်ကို ပင်ပန်းစေတာလဲဖြစ်နိုင်တယ်🥹
တချို့ကတော့ ကိုယ်ဘယ်လောက်ကြိုးစားကြိုးစား
Energy အရ တစ်ယောက်နဲ့တစ်ယောက် ဖြည့်ဆည်းပေးနိုင်တဲ့ပုံစံ မဟုတ်တာလည်း ရှိနေတတ်တယ်🥀
ဒါကြောင့် Swedaw Reading ဆိုတာကRs energy စစ်တာပါ
ဒီလူနဲ့ ညားမလား? ဆိုတာကိုပဲ ကြည့်ပေးတာမှန်ပေမဲ့🦋
လူတယောက်ရဲ့ အတွင်းစိတ် စိတ်ရင်းအမှန်တွေ အချစ်တွေ ရိုးသားမှုတွေကိုကြည့်ပေးတာအပြင်
ဒီလူဟာ ကိုယ့်ဘဝထဲမှာ ဘာကြောင့်ရောက်လာတာလဲ?
နှစ်ယောက်ရဲ့ Energy က ဘယ်လိုပုံစံနဲ့ ဆက်နွယ်နေလဲ?
တစ်ယောက်နဲ့တစ်ယောက် ဖြည့်ဆည်းပေးနိုင်ကြလား?
ဒါမှမဟုတ် လွှတ်ပေးလိုက်သင့်တဲ့ Connection လား?
ဆိုတာတွေကို နားလည်နိုင်အောင် ကြည့်ပေးတာမျိူးပါ✨
❤️တစ်ခါတလေကျတော့ ကိုယ်က
ဒီလူက ငါ့စွယ်တော်ရွက်လေး ဖြစ်မယ်”လို့ ယုံကြည်ပြီးအတတ်နိုင်ဆုံး ဆုပ်ကိုင်ထားမိတယ်ဆို အမှန်ပြင်နိုင်ဖို့ပါ
တစ်ခါတလေကျတော့လဲ ကိုယ်လိုချင်တဲ့သူက ကိုယ့်ရဲ့စွယ်တော်ရွက် မဟုတ်နိုင်သလို
ကိုယ်မမျှော်လင့်ထားတဲ့သူကတော့ ကိုယ့်ရဲ့စွယ်တော်ရွက်လေး
ဖြစ်နေနိုင်ပါတယ်🍃
🍄🍄🍄🍄🍄
Swedaw Package🍀
📣အားလုံးတော်တော်များများ သိချင်နေကြတဲ့ RS Energy စစ်တာပါရှင့်
𝙾𝚛𝚊𝚌𝚕𝚎𝚁𝚎𝚕𝚊𝚝𝚒𝚘𝚗𝚜𝚑𝚒𝚙 𝙰𝚏𝚏𝚎𝚌𝚝𝚒𝚘𝚗 𝙴𝚗𝚎𝚛𝚐𝚢 𝙲𝚑𝚎𝚌𝚔
(RS Energy)✅
လူ၂ဦးကြားထဲမှာရှိတဲ့connection က အမြဲပြောင်းလဲ နေတတ်ပါတယ်
Energy နဲ့Connectionနဲ့ကမတူပါဘူး
Connection ဆိုတာ တယောက်နဲ့တယောက် ပက်သက်ဆက်နွယ်နေတဲ့ရင်းနှီးမှုပါ
Energy > Vibration >Frequency ပြီးမှ communicationနောက်မှConnectionဆိုတာဖြစ်တည်လာတာပါ
ဒါ့ပြင် လူတယောက်ထဲမှာတင် energy ပြောင်းလဲတတ်ပြီး အတွေးအခေါ် mindsetပြောင်းရင်လဲ energy ပြောင်းလဲတတ်ပါတယ်📣
Relationship 1ခုမှာ စစတွေ့ချင်း မျက်နှာဖုံးတွေနဲ့ အဆင်ပြေနေပေမဲ့ နောက်ပိုင်း အဆင်မပြေတာတွေဖြစ်လာတာက energy ပြောင်းသွားလို့ပါ🥰
လူတဦးနဲ့တဦးကြားထဲမှာရှိတဲ့ energy ကို Tarot, Oracleတို့နဲ့လဲ ခွဲပေးလို့မရပါဘူး
RS Energy ခွဲဖို့က လဲ အဲ့လောက်ထိမလွယ်ကူနေပါဘူးရှင့်😊
Energy ထဲမှာမှ Pure Energy တွေလဲ ရှိနေသလို Mixed Energy တွေလဲ ရှိနေတတ်ပါတယ်
ဒါ့ကြောင့် Relationship Affection Energy Checkလုပ်တာက လူ၂ဦးကြားထဲမှာရှိနေတဲ့ energy ကို Kindred,Lifepartner,Twinflame,SoulmateလားKarmicလားဆိုတာ
စစ်ထူတ်ရတာဖြစ်ပါတယ်ရှင့်
🔮Soulmate ဆိုတာကတော့ တယောက်အတွက်တယောက်က ရပ်တည်ပေးပြီး တယောက်နဲ့တယောက်ဆိုးပါစေ ရစ်ပါစေ မွှေပါစေ တယောက်လိုအပ်တိုင်း တယောက်က ready တည်ရှိပေးတဲ့ဆက်ဆံရေးမျိူးပါ
💕Twinflame ကတော့တယောက်နဲ့တယောက် ဆိုးမွေကောင်းမွေသိရှိပြီး တယောက်ကိုတယောက်နားလည်မယ် စိတ်တူကိုယ်တူနဲ့တွေ့ရတဲ့ အချိန်ခဏမှာ ပျော်လဲတူတူ ငိုလဲတူတူ အပေးအယူမျှတဲ့ ပုံစံမျိူးပါ
🍀Karmic ဆိုတာကတော့ တယောက်ကချစ်တယ်နားလည်ပေးတယ်ဆိုတဲ့အပေါ်မှာ အန်ုင်ယူတာ ဆိုးတာ စိတ်ညစ်အောင်လုပ်တာကိုယ်လဲ နေချင်သလိုနေတယ် သူနဲ့ဆိုစိတ်ညစ်ရတယ် သူကြောင့် အမြဲငိုရတယ် သူကြောင့်ကိုယ်မှာဆုံးရှုံးခဲ့ရတာချည်းပဲဆိုတဲ့ ပုံစံမျိူးပါ
💕Kindred ဆိုတာကတော့ အကောင်းဆုံး Relationshipမျိူးပါ စတွေ့ကတည်းက နောက်ဆုံးအချိန်ထိ ချစ်ခြင်းမေတ္တာ သံယောဇဉ် နားလည်မှူတွေနဲ့ ဖြတ်သန်းပြီး ခံစားချက်ချင်း အပြန်အလှန်
ဖလှယ်ပြီး ယုံကြည်မှုတွေနဲ့ chemistry မိတဲ့ relationship
မျိူးပါ
ဒါကတော့ General အနေနဲ့ရေးထားတာမျိူးဖြစ်ပါတယ်
RS energy စစ်တဲ့အခါ
✅နှယောက်ကြားမှာရှိတဲ့ energy ကို အထပ်ထပ် ဇကာစစ် စစ်ထုတ်ပေးခြင်း
✅တယောက်အပေါ်တယောက် ထားတဲ့ စိတ်သဘောထား
✅နှစ်ဦးသားရဲ့ ရှေ့ဆက် အခြေအနေ
✅ဘာတွေဆင်ခြင်ရမလဲ ဘာတွေပြင်ဆင်ရမလဲ
✅အပြန်အလှန်ဆွေးနွေးခြင်း
များပါဝင်ပါတယ်
ဒါ့ကြောင့် ဒီ packagesလေးယူပြီးရင်တော့ သက်ဆိုင်သူက ကိုယ်ရဲ့ဖူးစာဖက် ဟုတ်မဟူတ် လက်တွဲဖော် ဖြစ်နိုင်မဖြစ် နိုင် အပြင် အခြားသော ဆင်ခြင်ရမည့် ပြင်ဆင်ရမည့်အရာများကိုပါသိရှိ သွားရပါတယ် | 445 |
| 7 | No text... | 390 |
| 8 | 💗အခုတွေ့လိုက်ရတဲ့Readingလေးက မင်းကို ရည်ညွှန်းပြီး Universe ကပြောထားတဲ့ Message လေးတစောင်ပါ💌
💗ပြသာနာတွေကြားထဲမှာ လမ်းပျောက်နေတဲ့ ကလေးငယ်
တခါတလေ အားလုံးကိုမေ့ပျောက်ပြီး ရပ်တန့်ချင်ပေမဲ့ မနက်ဖန်တိုင်းအတွက် ရှေ့ဆက်နေရဦးမှာဆိုတော့ ဆက်သွားရဦးမယ်လေ တချိန်ကျ အဆင်ပြေသွားမှာပါဆိုပြီး ဇွတ်နှစ်သိမ့်နေပေမဲ့ တကယ်တမ်းရင်ဆိုင်ရရင်ကျ အရမ်းကြောက်နေတတ်တာကိုလဲ သိပါတယ်တဲ့👑
🐳ကိုယ့်ဘက်ဘာမှလုပ်လို့မရဘူးဆိုရင်
ကိုယ့်ဘက်က ဖန်တီးထားတဲ့ပြသာနာတွေမဟုတ်ဘူးဆိုရင်
မတွေးနဲ့နော် ဒါကတွေအချိန်တန်ရင်ပြီးသွားမှာပါပဲ တွေးလိုက်
အခုခံစားနေရတာတွေက နောက်တနှစ်ကျရှိနေပါ့ဦးမလား?
နောက်တလကျ ရှိနေပါ့ဦးမလား?
နက်ဖန်ကျရင်ရောရှိနေပါ့မလား?
မနက်ဖန်ဆိုတာရှိနေသရွေ့ မျှော်လင့်ချက်ဆိုတာရှိတယ်တဲ့
အမြဲတမ်း မရပ်လိုက်ဘဲသွားနေသရွေ့ ကံကောင်းခြင်းတွေဆိုတာလဲရှိနေဦးမှာ🍄
🪻အဲ့လိုပဲပင်ပန်းခြင်းတွေဆိုတာလဲရှိနေဦးမှာ
ဒါတွေကို ကျော်ဖြတ်နိုင်ဖို့အားတင်းထားရဦးမယ်လေနော်
ဝမ်းနည်းတာလေးတခုအတွက်နဲ့ ပျော်ရွှင်ခဲ့တဲ့အခိုက်အတန့်တိုင်းကို မေ့နေပြီလား
ပင်ပန်းခဲ့တာတွေအတွက် ရယ်မောခဲ့ရတဲ့ အချိန်တွေကို လျစ်လျူရှုပစ်တော့မှာလား🥀
⌚️အချိိန်ဟာ သိပ်အရေးကြီးတယ်
သူကပဲကုစားသွားတတ်သလို သူကပဲပျက်စီးအောင်လုပ်နိုင်တယ်
မင်းက အချ်ိန်ကို အကောင်းဆုံးကိုင်တွယ်နိုင်ရင် ရပြီမို့ ရှိနေတဲ့ အချိန်လေးမှာတန်ဖိုးရှိတာတွေအတွက်ပဲ အသက်ရှင်ကြရအောင်နော်🌱
စိတ်မညစ်နဲ့🐚
ဘာမှမတွေးနဲ့💐
မနက်ဖန်တိုင်းဟာဒီနေ့အတွက်မျှော်လင့်ချက်တွေနဲ့ပြည့်နေတဲ့ အိပ်မက်တခုပဲ🌷 | 415 |
| 9 | No text... | 668 |
| 10 | 🔖 Full moon Collective Reading 🌕
🎁ဘဝမှာလေ တခါတလေ ငေးကြည့်ရုံပဲတတ်နိုင်တဲ့အချိန်တွေ အခြေအနေတွေ ကာလတွေ ရှိတတ်ကြပါတယ် ခုဒီလပြည့်လေးကနေစပြီး ကိုယ်တိုင်ကပိုင်ဆိုင်ချင်ပေမဲ့ မပိုင်ဆိုင်ဘူးလို့ထင်ခဲ့တဲ့အရာတွေ အဆင်ပြေချင်ပေမဲ့ မပြေတော့တဲ့ ကိစ္စတွေမှာ ကိုယ်ရဲ့ကြိုးစားမှုကြောင့်ရောပါအပါ ပြန်ပြေလည် ဦးမော့လာနိုင်တာမျိူးကိုတွေ့ရပါတယ် (အချစ်ရေးတော့မပါဘူးနော်)💓
ကိုယိ့အတွက်မလွယ်ကူခဲ့ ခက်ခဲခဲ့တဲ့အရာတွေကို ကိုယ်ရဲ့အားထုတ်မှုကြောင့် လွယ်လင့်တကူ ပိုင်ဆိုင်ရရှိနိုင်ပါတယ်
Alice သေချာပြောထားပါတယ်နော်ကိုယ်ရဲ့ကြိုးစားမှုလေးတော့ပါရပါမယ်✨
🔮လူတယောက်အကြောင်းက်ို ထည်ထည်ဝင်ဝင် ပိုသိလာရပြီး တဖက်သူကကိုယ့်အပေါ် စေတနာရှိတဲ့သူ ကူညီချင်တဲ့သူမှန်းသဘောပေါက်လာရတတ်လို့ ကိုယ်ကအထင်လွဲနေတဲ့သူတွေရှိရင် စေတနာအမှန်ကို မြင်ရနိုင်ပါတယ်
ကောင်းတာလူပ်တဲ့သူက ကောင်းတဲ့အကျိုးကို ချက်ချင်းလက်ငင်းခံစားရတတ်တဲ့ကာလမို့ အကျိူးပေးနှုန်းတွေမြန်နေတတ်ပါတယ်🎀
မိသားစု ကိစ္စလေးတွေကြောင့် စိတ်ညစ်ရတတ်ပေမဲ့ ကိုယ်ရဲ့ဆုံးဖြတ်ချက်နဲ့ ကိုယ့်ဘာသာနေရင် အဆင်ပြေပါတယ် တအားဝင်မပါမိစေနဲ့ပေါ့လေ🤎
🌼ရတနာပစ္စည်း ပန်းစည်း ရေဘူး စာအုပ် အဲ့လိုမျိူး လက်ဆောင်လေးတွေ ရတတ်ပါတယ်
ပထမတခါ ကျရှုံးခဲ့ရတဲ့ ကိစ္စတွေ ဒုတိယ တခေါက်မှာ အောင်မြင်မှုအပေါင်း သရဖူဆောင်းနေတတ်ပါတယ်
ဒီတော့ ကျရှုံးခဲ့ရင်ပြန်ကြိုးစားပါ🍀
✨အမျိုးသားတယောက်ယောက်ဆီက အကြံဉာဏ်ကောင်းတွေ ရရှိတတ်ပါတယ်
အခုချိန်ကစပြီးနောက် ၂လအတွင်း နောက်၂လရဲ့လပြည့် နားတွေရောက်
ရင် ထူးခြားတဲ့ အိပ်မက် မမြင်ဖူးတဲ့မျိူးသမီး တဦးဦးကို အိပ်မက်မက်ရင် စိတ်ထဲရှိရာကံကောင်းမဲ့အရာတခုခုကို အာရုံပြုပေးပါ
ထူးခြားတဲ့ ကံတရားလေးတွေဖြစ်ပေါ်လာဖို့ရှိပါတယ်တဲ့ရှင့်🌸
Tarot & Oracle မေးလိုပါက @Alice_TarotCafe မှာလာရောက်မေးမြန်းလို့ရပါတယ်ရှင့် | 708 |
| 11 | 🌼 တခါတလေ လူတွေက ကိုယ့်ကိုယ်ကိုထက် သူများကိုပဲ ပိုတွေးပေးတတ်ကြတယ်။ 🌼
ငါအဆင်ပြေရဲ့လား?ဆိုတာထက်
သူငါ့ကိုအပြစ်မြင်မှာလား?
သူစိတ်ဆိုးသွားမှာလား?
သူအဆင်ပြေပါ့မလား? ဆိုတာတွေကိုပဲ အရင်တွေးမိကြတယ်🫧
ဘာလို့ ကိုယ့်ဘဝကို ကိုယ်နေပြီး
သူများအမြင်တွေကို ဒီလောက်အထိ ဂရုစိုက်နေကြတာလဲနော်😅
Alice ဆီလာပြီး Reading လာလုပ်တဲ့သူတွေအများစုမှာလည်း ဒီလိုအခြေအနေမျိုးကို မကြာခဏတွေ့ရတယ်
တချို့က Unhealthy Relationship တွေ၊ Toxic Relationship တွေ၊ Abusive Relationship တွေထဲမှာ ရှိနေတာကို ကိုယ်တိုင်လည်း သိတယ်✅
ဒီ Relationship က မကောင်းဘူး
ဒီလူက ငါ့ကိုနာကျင်စေတယ်
ဒီလိုဆက်သွားရင် ပိုပြီးပင်ပန်းလာမယ်
ဆိုတာကို သိနေပေမယ့်လေ ညီမထွက်သွားလိုက်ရင် သူအဆင်ပြေပါ့မလား
သူက ညီမမရှိရင် ဘယ်လိုလုပ်မလဲ
သူပြောင်းလဲလာမှာပါ Aliceကပါသေးတယ်နော်
သူက နောက်တစ်ခါမလုပ်တော့ဘူးလို့ ကတိပေးထားတယ်
ဆိုပြီး တစ်ဖက်လူအတွက်ပဲ အမြဲတွေးပေးနေတတ်ကြတယ်
ဒါပေမဲ့လေ ကိုယ့်အတွက် ဘယ်နှစ်ခါလောက် တွေးပေးဖူးလဲ?
ကိုယ့်နှလုံးသားက ဘယ်လောက်နာကျင်နေလဲ
ကိုယ့်စိတ်က ဘယ်လောက်ပင်ပန်းနေလဲ
ကိုယ်နေ့တိုင်း ဘယ်လောက်ထိ အားကုန်နေပြီလဲ
ဒါတွေကိုတော့ မေ့ထားမိကြတယ်😢
အမှန်တော့
ဒါဟာ Self Love မလုံလောက်သေးတဲ့ လက္ခဏာတစ်ခုလို့ ပြောလို့ရပါတယ်
🌸Self Love ဆိုတာ ကိုယ့်ကိုယ်ကို လက်ဆောင်ဝယ်ပေးတာ၊ Spa သွားတာ၊ စားချင်တာစားတာ၊ Shopping ထွက်တာတင် မဟုတ်ဘူးနော်
Self Love ဆိုတာ
🤍 ကိုယ့်ခံစားချက်ကို တန်ဖိုးထားပေးနိုင်တာ
🤍 ကိုယ့်ကို နာကျင်စေတဲ့အရာကို ငြင်းပယ်နိုင်တာ
🤍 လိုအပ်တဲ့နေရာမှာ “မလုပ်နိုင်ဘူး” လို့ ပြောရဲတာ
🤍 ကိုယ့်စိတ်ချမ်းသာမှုကို ဦးစားပေးနိုင်တာ
🤍 ကိုယ့်ကို မလေးစားတဲ့သူကို လက်မခံတော့တာ
ဒါတွေအားလုံးလည်း Self Love ပါပဲ💓
“သူ” ဆိုတဲ့ နာမ်စားထက် “ငါ” ဆိုတဲ့ နာမ်စားလေးကိုလည်း ထည့်စဉ်းစားပေးဖို့ လိုတယ်
ငါ အဆင်ပြေရဲ့လား?
ငါ ပျော်ရဲ့လား?
ငါ ဒီ Relationship ထဲမှာ တန်ဖိုးထားခံရရဲ့လား?
ငါ့ဘဝက ဒီထက်ကောင်းနိုင်သေးလား?🦋
ဒီမေးခွန်းတွေကို ကိုယ့်ကိုယ်ကို ပြန်မေးကြည့်ဖို့လိုပါတယ်
🌝 တချို့လူတွေက False Hope တွေပေးတတ်ကြတယ်
Over Promise တွေလုပ်တတ်ကြတယ်။
ဒီတစ်ခါတော့ တကယ်ပြောင်းမယ်
နောက်တစ်ခါ မဖြစ်တော့ဘူး
ယုံပါဦး ဆိုတဲ့စကားတွေကို အကြိမ်ကြိမ်ပြောပေမဲ့
လုပ်ရပ်တွေကတော့ မပြောင်းလဲဘူး
စကားက ခဏပဲ ကြားလို့ကောင်းတယ်
အပြုအမူကပဲ လူတစ်ယောက်ရဲ့ အမှန်တရားကို ပြတယ်
တစ်ခါခွင့်လွှတ်တာက သနားခြင်းဖြစ်နိုင်တယ်💘
ဒါပေမဲ့လေ အကြိမ်ကြိမ် ခွင့်လွှတ်နေတာက
သူ့ကို ထပ်ပြီး နာကျင်စေဖို့ အခွင့်အရေးပေးနေသလို ဖြစ်သွားနိုင်တယ်
တစ်ယောက်ယောက်ကို ချစ်တာကောင်းပါတယ်
ဒါပေမဲ့လေ ကိုယ့်ကိုယ်ကို ဆုံးရှုံးသွားတဲ့အထိ ချစ်နေဖို့တော့ မလိုဘူး
Relationship တစ်ခုဟာ လူနှစ်ယောက်စလုံး အေးချမ်းရမယ့်နေရာပါ
တစ်ယောက်တည်းကပဲ ကြိုးစားနေရပြီး
တစ်ယောက်တည်းကပဲ ငိုနေရရင်
အဲဒါ အချစ် မဟုတ်တော့ဘူး
ပင်ပန်းမှုတွေဖြစ်လာပြီ
Alice က အမြဲပြောနေကျပါနော်
Energy မတူရင်
Frequency မတူရင်
လက်ခံတတ်ဖို့ လိုပါတယ်
လူတိုင်းက ကိုယ့်ဘဝထဲမှာ အမြဲရှိနေဖို့ မဟုတ်ပါဘူး
ဗုဒ္ဓတရားတော်တွေမှာလည်း ဘုန်းကံမတူရင် မပေါင်းစည်းနိုင်ဘူး
ရေစက်ကုန်ရင် ခွဲခွာရတယ်
အရာအားလုံးကို အတင်းဆွဲထားလို့ မရပါဘူး
တစ်ခါတလေ လွှတ်ပေးလိုက်ခြင်းက
ကိုယ့်ဘဝအတွက် အကောင်းဆုံးရွေးချယ်မှု ဖြစ်တတ်ပါတယ်
ဒါကြောင့်
ကိုယ့်အနားက လူတွေ အဆင်ပြေဖို့ပဲ မတွေးပါနဲ့
ငါလည်း အဆင်ပြေရမယ်
ငါလည်း ပျော်ရွှင်ခွင့်ရှိတယ်
ငါလည်း လေးစားခံရဖို့ ထိုက်တန်တယ်
ငါလည်း ချစ်ခြင်းမေတ္တာကောင်းကောင်းကို ရပိုင်ခွင့်ရှိတယ်
ဆိုတဲ့ “ငါ” ဆိုတဲ့ နာမ်စားလေးကိုလည်း မမေ့ပါနဲ့နော်💕
Self Love ဆိုတာ ကိုယ့်ကိုယ်ကို ဦးစားပေးတာမဟုတ်ဘူး
ကိုယ့်ကိုယ်ကို မပစ်ထားတော့တာပါ🌷 | 640 |
| 12 | No text... | 454 |
| 13 | No text... | 715 |
| 14 | ⭐️ထူးခြားတဲ့ဒီMessage လေးကို မြင်ရတဲ့အခါ.……
သေချာပေါက် ဖတ်ကြည့်လိုက်ပါ📖
⚡️9လပိုင်းမှာ အကောင်အထည်ဖော်ဖို့ ရည်ရွယ်ထားတဲ့အရာတွေ အစီအစဉ်တွေ စာမေးပွဲတွေ ခရီးသွားဖို့တွေစသဖြင့်ကွာ အစစအရာရာ စီစဉ်ထားတဲ့ကိစ္စမှန်သမျှ သူ့အစီအစဉ်နဲ့သူ အောင်မြင်ပါလိမ့်မယ်
ကိုယ့်ဘက်မှာကောင်းတဲ့Energy တွေ အများကြီး ရှိနေတာမို့ တခုခုကို ချပြဖို့ စီစဉ်နေတာဆိုလဲ အင်းအားကြီးကြီးနဲ့ ချပြနိုင်ပါလိမ့်မယ်🍀
💘သွေးမတော် သားမစပ်တဲ့ လူတချို့ဆီက အခွင့်အလမ်းကောင်းတွေနဲ့ ပံ့ပိုးမှုကောင်းတွေ ရရှိတတ်ပါတယ်
အိမ်မွေးတိလေးတွေ အထူးသဖြင့် အာဝုလေးတွေရှိတဲ့အိမ်မှာ ၁၀လပိုင်းထဲ သတင်းကောင်းကြားရတာ ပစ္စည်းကောင်းလေးတွေ လက်ဆောင်ရတတ်တာ တွေ့ရပါတယ်
အဲ့လိုလက်ဆောင်ရတဲ့ထဲ အာဝုလေးတွေအတွက်ပါ ပါရင် ပိုကံကောင်းပါတယ်🐕
မပါခဲ့ရင်တောင် ကိုယ်က သူတ်ို့အတွက် အဝတ်အစားအသစ်လေးတွေ ဝယ်ပေးသင့်ပါတယ်တဲ့🐩
📚ပညာရေး လေ့လာသင်ယူနေတဲ့ ပညာရပ်တွေနဲ့ပက်သက်ပြီး အဆင်မြင့်ရတတ်တာ ထက်တိုး သိခွင့်ရတာ ပညာစစ် ပညာမှန်ကို ရှာတွေ့ရတတ်ပါတယ်တဲ့✅
✨ဒါနဲ့ လုပ်ငန်းခွင်ထဲမှာ ကိုယ်ကတော့မပြောငိးပေမဲ့ အထက်အောက် ရာထူးအပြောင်းအလဲတွေ ရှိတာမို့ Communication ပိုင်း Operationပိုင်းတွေမှာ ခေါင်းစားရပါတယ် ရေရှည်အတွက်ကြည့်ရင်တော့ ကောင်းဖို့အတွက် ဖြစ်လာတာလို့တော့ပြောလို့ရပါတယ်🧠
🎀ခုMessages ကိုတွေ့တဲ့အချိန် phone နာရီ သော်လည်းကောင်း ကိုယ့်ဘေးမှာ ဂဏန်းပါတဲ့ ပစ္စည်းတခုခုထဲမှာ ၉ဂဏန်းကိုတွေ့ရင်အသစ်တခု စတင်ဖို့ အချိန်တန်ပြီလို့ သတိပေးလိုက်တာပါ
ကြောက်နေတဲ့အရာတွေကို လွှတ်ချလိုက်ပါ ဘဝကို ဒီတိုင်းပဲရှင်သန်နေမှာလားတဲ့?
ကိုယ့်ဘာသာ တက်လမ်းကို ရှာဖွေဖို့သင့်ပါပြီတဲ့🦋
😘အမျိုးသမီးလေးတွေ Energy အရမ်းကောင်းနေတာမို့ မိန်းကလေးအချင်းချင်း စိတ်ဝင်စားတာခံရတတ်ပါတယ်
ဒါ့အပြင်လဲ အမျိူးသမီးလေးတွေ ဦးဆောင်တဲ့ project တွေ စီးပွါးရေး တွေ business တွေ အောင်မြင်နေရတတ်ပါတယ်တဲ့🌸
ကောင်းမွန်သောနေ့ရက်လေးဖြစ်ပါစေရှင့်🫧🫧 | 734 |
| 15 | No text... | 485 |
| 16 | 💗မပွင့်သေးတဲ့ ပန်းတစ်ပွင့်ကို သေသွားပြီလို့ မပြောနိုင်သလို
မရသေးတဲ့ ဆန္ဒတစ်ခုကိုလည်း မဖြစ်နိုင်ဘူးလို့ မသတ်မှတ်လိုက်ပါနဲ့။ 🌸
⏰တချို့အချိန်တွေမှာ ဘဝက ရှေ့ဆက်မတိုးတော့ဘူးလို့ ထင်နေမိတတ်ပါတယ်။ လိုချင်တဲ့အရာတွေ မရသေးတာ၊ ဆုတောင်းထားတဲ့အရာတွေ အကောင်အထည်မပေါ်သေးတာကြောင့် ကိုယ့်ကိုယ်ကို မေးခွန်းထုတ်မိတတ်ကြပါတယ်။ ဒါပေမဲ့ စောင့်ဆိုင်းရတဲ့ကာလတိုင်းဟာ အလဟဿကုန်ဆုံးသွားတဲ့ အချိန်တွေ မဟုတ်ပါဘူး။
💐အဲဒီအချိန်တွေက ကိုယ့်ကို ပိုရင့်ကျက်လာစေတယ်၊ ပိုသန်မာလာစေတယ်၊ ပိုကောင်းတဲ့အရာတွေကို လက်ခံနိုင်ဖို့ ပြင်ဆင်ပေးတယ်။ ပန်းတစ်ပွင့် ပွင့်ဖို့ အချိန်လိုသလို၊ ကိုယ့်ဘဝရဲ့ လှပတဲ့အရာတွေ ရောက်လာဖို့လည်း သင့်တော်တဲ့အချိန်တစ်ခု လိုအပ်ပါတယ်။
🪷တချို့အရာတွေဟာ အချိန်တန်မှ လှပလာတာပါ။ ပန်းတစ်ပွင့်ကို မျိုးစေ့စိုက်ပြီး နောက်တစ်နေ့မှာ ပွင့်လာဖို့ မမျှော်လင့်နိုင်သလို၊ နေ့ချင်းညချင်း ကြီးမားတဲ့အောင်မြင်မှုတွေကိုလည်း မရနိုင်ပါဘူး
မျိုးစေ့လေးဟာ မြေကြီးအောက်မှာ ကိုယ်မသိဘဲတိတ်တိတ်လေး အမြစ်တွယ်နေသလို၊ ကိုယ်တိုင်ကလည်း သူများတွေမမြင်နိုင်တဲ့ အခြေအနေတွေမှာ တဖြည်းဖြည်း တိုးတက်အောင်ကြိုးစားပါ
🖤အလုပ်အကိုင်တစ်ခုကို စောင့်နေရတာပဲဖြစ်ဖြစ်၊ ချစ်ခြင်းမေတ္တာတစ်ခုကို မျှော်လင့်နေရတာပဲဖြစ်ဖြစ်၊ ဘဝရဲ့ အလှည့်အပြောင်းကောင်းတစ်ခုကို တောင့်တနေရတာပဲဖြစ်ဖြစ် စောင့်ဆိုင်းရတဲ့ကာလဟာ အဓိပ္ပာယ်မရှိတဲ့အချိန် မဟုတ်ပါဘူးနော်
တကယ်တော့အဲဒီအချိန်တွေက ကိုယ့်ကို ပိုရင့်ကျက်လာစေတယ်၊ ပိုသန်မာလာစေတယ်၊ ရောက်လာမယ့် ကောင်းမွန်တဲ့အရာတွေကို လက်ခံနိုင်ဖို့ ပြင်ဆင်ပေးပါတယ်
✅ဒါ့ကြောင့် အခု စောင့်နေရတဲ့အချိန်ကို စိတ်မပျက်ဘဲ အနားယူပါ၊ ကိုယ့်ကိုယ်ကို ပြုစုပါ၊ ဆက်လက်တ်ိုးအောင်ကြိုးစားပါ
တစ်နေ့မှာတော့ ဒီစောင့်ဆိုင်းမှုတွေက ဘာကြောင့် လိုအပ်ခဲ့တယ်ဆိုတာ ကိုယ်တိုင် နားလည်လာပါလိမ့်မယ် | 700 |
| 17 | No text... | 586 |
| 18 | No text... | 730 |
| 19 | 💘 Fire Signs တွေရဲ့ ချစ်မှုရေးရာအဖြာဖြာ 🔥
🔥Fire Signs လို့ဆိုလာရင် ဇိုးတွေကိုပဲသွားသွားပြေးမြင်နေတတ်လို့ တခါတလေလဲ Fire Signs လေးတွေကလဲ အချစ်နဲ့ပက်သက်ပြီး ချစ်တတ်ပြီး ခံစားချက်လေးတွေ အရမ်းအလေးအနက်ထားတတ်တာကိုပြောပြပေးချင်တယ်
အကောင်းနဲ့အဆိုးက ဒွန်တွဲရှိတတ်လို့ ဘယ်signs မဆို ဘယ်လူမဆို ညဉ်ဆိုးဆိုတာရှိစမြဲပါပဲ
ဒါမဲ့Aliceကတော့အကောင်းတွေချည်းပဲ ရွေးပြောလိုက်မယ်နော် သတိထားသင့်တာလေးလဲထည့်ပြောပေးမှာပေါ့
💘ဒီတော့ Fire Signs (Aries,Leo,Sagittarius)လေးတွေက စိတ်လှုပ်ရှားရတာကို ကြိုက်တတ်ကြတဲ့သူတွေဆိုတော့ သူတို့နဲ့တွဲရင် ဒီ RS က ပျင်းရမှာမဟုတ်ဘူး ပျော်ပျော်ရွှင်ရွှင် ဂီတနဲ့ ရုပ်ရှင်ပေါ့ စိတ်လှုပ်ရှားစရာလေးတွေဖန်တီးပေးတတ်ကြတယ်
💘ချစ်မိပြီဆိုရင် ဖုံးကွယ်မထားချင်ဘူး
ရင်ဘတ်ထဲက အချစ်တွေကို ထုတ်ဖော်ပြသတတ်ကြတယ်
💘ချစ်တဲ့သူကို အားပေးဖို့ ရှေ့ရောက်ဖို့ အမြဲတူတူ အရွေ့တခု ဖြစ်နေအောင်တွန်းအားပေးတတ်တယ်
အဲ့လိုအားပေးနေရင် ကိုယ်ရဲ့ချစ်ရတဲ့သူတိုးတက်အောင်မြင်ပျော်ရွှင်နေတာကို မြင်ချင်ကြတယ်
✨Fire Signs တွေနဲ့တွဲမယ််ဆို သေချာပေါက် သူတို့ရဲ့ ယုံကြည်မှုရပြီဆို မင်းက်ို official ချပြဖို့ဝန်မလေးသလို ဘယ်သူရှေ့မှာမဆိုချစ်ပြဖို့လဲ ဝန်မလေးတတ်ကြဘူးတဲ့လေ
⭐️ကာကွယ်ပေးချင်စိတ်အပြည့်အဝနဲ့ ချစ်သူကို ပျော်ရွှင်အောင်ထားချင်တယ်သူတို့နဲ့တူတူရှိနေရင် နွေးထွေး လုံခြုံစေချင်နေတာမျိူးကို ဖြစ်စေချင်တာ
🖤နောက်ဆုံးတခုက ချစ်ရတဲ့သူအတွက်ဆို ၂ခါမစဉ်းစားဘူး လိုအပ်တဲ့ဟာကိုဖြည့်ဆည်းပေးတယ် Suprise လား Gifts လားရတယ်ပေါ့
🌹ကဲ အဲ့လိုချစ်တတ်တာတောင်မှ တခါတလေ အချစ်ကြီးတယ်တို့ attention လိုချင်တာတို့ ပြောချင်ကြပါတယ်နော်
ဒါမဲ့လဲ သူတို့အဲ့တာကို သက်သက်ကြီး လုပိတာမဟုတ်ဘဲ ဖြစ်မှန်းမသိဖြစ်သွားတတ်တာမို့ သေချာနားချမယ်ဆို နာခံတတ်ပါတယ်
🚨အဲ့တော့ Fire Signs နဲ့ချစ်မိပြီဆို သတိထားရမှာက သူတို့ချစ်ပေးနေတာကို သူတို့ချစ်ပေးသလို အလေးအနက်ထားသင့်တယ် တဖက်က အေးတိအေးစက်လုပ်နေရင် ပွဲကြမ်းလိမ့်မယ် တခါတလေ သူတို့ဘက်က စိတ်လက်မာန်ပါ ပြောချင်ပြောပြီးရင် ချက်ချင်း ခဏလောက်ငြိမ်ပြီး ခဏနေတာနဲ့ ပြေးသာချော့ Fire Signs တွေကြိတ်ငိုရင် မျက်ရည်တွေက မကုန်သလောက်ပဲ
အနိုင်ယူချင်စိတ်က မသ်ိမသာလေးပါနေတတ်တော့ ကဲ မပြောနဲ့ ချစ်ပြီဆို ပါးပါးလေးအလျှော့ပေးလိုက် အဲ့တာဆို သူတို့သဘောကျလိမ့်မယ်
လိုတာထက်တော့ပို အလိုမလိုက်မိစေနဲ့ အဲ့တာဆို တအားကြီးဆိုးလိမ့်မယ် ကိုယ့်ကလဲ ပြန်ပြန်ပြောပြ ဆုံးမပြပေါ့✅
🔥Fire Signs + 🔥Fire Signs(Aries,Sagittarius,Leo)
✅စိတ်အားထက်သန်မှုအပြည့်နဲ့ ပွင့်လင်းကြမယ် တယောက်ကိုတယောက် supportive အပြည့်အဝပေးနိုင်မယ် တခုခုဆို ရှေ့ဆုံးက အပြေးအလွှား စပ်စုမယ်
သတိထားရန်လေးကတော့ Egoတွေမပြိုင်ပါနဲ့ ပြီးတော့ဒေါသထွက်ရင် တယောက်ဘက်ကလျှော့ပေးရပါမယ် မာနချင်းပြိုင်ရင်ဝေးရတတ်ပါတယ်ဆိုတာမမေ့ပါနဲ့
🔥Fire Signs+💨Air Sign (Gemini, Libra, Aquarius)
✅မီးလောင်ရာ လေပင့်သလိုမျိုး Fire နဲ့ Air က တယောက်နဲ့တယောက်က communicateလုပ်ရတာအရမ်းအဆင်ပြေမယ် အကြံတူ အတွေးတူ စိတ်ကူးစိတ်သန်းလေးတွေကို တယောက်ကပြောရင်တယောက်ကလဲလက်ခံနိုင်တယ် သတိထားစရာလေးက Fire Signs တွေက တခုခုကိုဆို စိတ်မရှည်ချင်ဘူး ဟိုလိုဒီလိုလုပ်ဆိုပြီး ရှေ့ကဆရာကြီးလုပ် Air တွေက အပြောကအရင်လာပြီး အလုပ်ကနောက်မှာဆိူတော့ ကွိုင်တက်ရရော 😁
စိတ်ဆိုးရင်ချော့ရတာထက် မီးလောင်ရာလေပင့်ပေးတတ်တာမို့ တယောက်တခွန်းပြောနေရင်းနဲ့အမှားတွေပါနေတတ်တော့ကြည့်ကြပ်သာပြော
🔥Fire Sign + 💦Water Sign (Cancer, Scorpio, Pisces)
✅ကဲမီးနဲ့ရေ ဘာကိုရွေးမလဲ ဒီအတွဲလေးကတော့ Alice သဘောကျတယ်
Signs တခုချင်းစီမှာအားနည်းချက်အားသာချက်ရှိလို့ General ဆန်ကောင်းဆန်နိုင်ပေမဲ့ များသောအားဖြင့်ဒီ Couple လေးက matchဖြစ်တယ် ရေရဲ့တည်ငြိမ်အေးဆေးမှုနဲ့ မီးရဲ့ပြင်းထန်အရှိန်ပြင်းမှု ၂ခုပေါင်းစပ်လိုက်တာက အချစ်ကြီးပြီး Romantic ဆန်တယ် (မတည့်တဲ့သူကမတည့်တာပါပဲ)
တယောက်ကိုတယောက်နားလည်နေရင်ဘာပြသာနာမှမရှိ
Fire Signs တွေက Water Signs တွေကို စိတ်လုံခြုံမှုမရှိအောင်မလုပ်မိစေနဲ့ အပြောမကြမ်းနဲ့
Water တွေကလဲ Fireတွေကို နားလည်လွယ်တဲ့ပုံစံနဲ့ချစ်ပေး ရင်ထဲမှာပဲကြိတ်မခံစားမိစေနဲ့
🔥Fire Sign + 🌎Earth Sign (Taurus, Virgo, Capricorn)
✅ရှူမြင်ပုံချင်း မတူတဲ့ နှယောက်မို့ အတော်လေး တည်တည်ငြိမ်ငြိမ်ဖြစ်အောင်တွဲရမယ် Earth Signs တွေက တိကျသေချာပြီး တည်ငြိမ်တယ် Fire Signs တွေက တခုခုကိုဆို မြန်မြန်သာလူပ်လိူက်တယ် ဘာဖြစ်ချင်မှန်းမသိကြဘူး ဒါမဲ့ တည်ငြိမ်နေတဲ့ Earth Signs ရဲ့ဘဝထဲကို Fire Signs တွေက အလင်းသဖွယ်ပျော်ရွှင်မှုတွေ ယူဆောင်ပေးမှာပါသတိထားဖို့က Eath Signs တွေက တခုကနေ တခုပြောင်းလဲရတာမကြိုက် Fire Signs တွေက အသစ်အဆန်းတွေကို အမြဲပြောင်းလဲနေရတာကြိုက်တော့ တကယ်တမ်း မွန်းကျပ်စရာလို့မတွေးဘဲ ဒါလဲစမ်းကြည့်ချင်စရာလို့တွေ့ရင်တော့Okမှာပါ | 605 |
| 20 | 🌧️ June လလေး ရောက်လာပြန်ပြီ…
တစ်နှစ်ရဲ့ တစ်ဝက်နီးပါးကို ဖြတ်သန်းလာပြီးတဲ့အချိန်မှာ ကိုယ်ဟာ ဘယ်လောက်ပဲ နှေးနှေးသွားခဲ့ပါစေ၊ ဘယ်လောက်ပဲ ပင်ပန်းခဲ့ပါစေ ဒီနေ့ထိ ရောက်လာခဲ့တာကိုယ်တိုင်က ဂုဏ်ယူစရာတစ်ခုပါပဲ။
🌿 June လဟာ အပြေးမပြိုင်ရတဲ့လတစ်လ ဖြစ်ပါစေ။
သူများနဲ့ နှိုင်းယှဉ်စရာမလိုတဲ့လတစ်လ ဖြစ်ပါစေ။
ကိုယ့်ရဲ့ အရှိန်အတိုင်း၊ ကိုယ့်ရဲ့ အချိန်အတိုင်း ဖြည်းဖြည်းချင်း လျှောက်လှမ်းနိုင်တဲ့လတစ်လ ဖြစ်ပါစေ။
✨ June လမှာ ကိုယ်မမြင်ရသေးတဲ့ ကောင်းမွန်တဲ့အရာတွေ ကိုယ့်ဆီ ချဉ်းကပ်လာပါစေ။
✨ June လမှာ စိုးရိမ်မှုတွေထက် မျှော်လင့်ချက်တွေ ပိုများပါစေ။
✨ June လမှာ မဖြစ်နိုင်ဘူးလို့ ထင်ထားတဲ့အရာတချို့တောင် ဖြစ်လာပါစေ။
✨June လမှာ ကိုယ့်ကိုယ်ကို ပိုချစ်တတ်ပါစေ။
✨June လမှာ စိတ်ချမ်းသာစေမယ့် သတင်းကောင်းတွေ ကြားရပါစေ။
✨June လမှာ ကိုယ်စိုက်ခဲ့တဲ့ မျှော်လင့်ချက်လေးတွေ အပွင့်ပွင့်လန်းလာပါစေ။
မိုးရေစက်တွေဟာ မြေကြီးကို အေးမြစေသလို…
June လဟာလည်း ပင်ပန်းနေတဲ့ နှလုံးသားတွေကို အေးချမ်းစေပါစေ။
🌙 အတိတ်က ဝမ်းနည်းမှုတွေကို ခွင့်လွှတ်နိုင်ပါစေ။
🌙 လက်ရှိအချိန်ကို တန်ဖိုးထားနိုင်ပါစေ။
🌙 အနာဂတ်အတွက် ယုံကြည်မှုတွေ ပြန်မွေးဖွားနိုင်ပါစေ။
June လရဲ့ နေ့ရက်တိုင်းမှာ
ကံကောင်းခြင်းတွေ တိတ်တဆိတ်ရောက်လာပါစေ။
ပျော်ရွှင်ခြင်းတွေ ဖြည်းဖြည်းချင်း စုဆောင်းနိုင်ပါစေ။
ကိုယ့်နှလုံးသားက တောင်းဆုတိုင်းဟာ အချိန်တန်ရင် အလှဆုံးပုံစံနဲ့ အကောင်အထည်ပေါ်လာပါစေ… ✨🌿 | 582 |
