en
Feedback
KNDF/B-02

KNDF/B-02

Open in Telegram

Media outlet of KNDF/B-02

Show more
8 146
Subscribers
No data24 hours
-117 days
-9330 days
Posts Archive
လွိင်ကော်- ဒီးမော့ဆို လမ်းမကြီး နှင့် ပက်သက်၍ အများပြည်သူများသို အသိပေးခြင်း ၂၀၂၄ ခုနှစ် ၊ ဩဂုတ်လ (၇)ရက် ကရင်နီပြည်နယ် ၊ လွိင်ကော် - ဒီးမော့ဆို ပြည်ထောင်စုလမ်းမကြီး နှင့် စပ်ဆက်သည့် နေရာများ တစ်လျှောက်တွင် ဇူလိုင်လမှစ၍ ယနေ့ထိ မိမိတိုတော်လှန်ရေးတပ်များနှင့် စစ်ကောင်စီစစ်ကြောင်းများအကြား ထိတွေ့တိုက်ပွဲများ ရက်ဆက်ဖြစ်ပွားနေ၍ အထက်ပါလမ်းမကြီးနှင့် ဆက်စပ်သော လမ်းသွယ်များအား အများပြည်သူများအနေဖြင့် အသုံးပြုသွားလာခြင်းများ မပြုလုပ်ကြပါရန် မေတ္တာရပ်ခံ အသိပေးလိုပါသည်။ ဇူလိုင်လ မှစ၍ လွိင်ကော်မြိုတွင် မိမိတိုတော်လှန်ရေးတပ်များနှင့် စစ်ကောင်စီစစ်ကြောင်းများအကြား မိုင်းလုံး ၊ ရွာတန်းရှည် ၊နမ့်ဘော်ဝမ် ၊ ထူဒူငံသ၊ စိုက်ကွင်း(၃) ၊ ဒေါဆန်းဘွန်း နှင့် ပန်ကန်း ရပ်ကွက်/ကျေးရွာများ တစ်လျှောက် ထိတွေ့တိုက်ပွဲများ ယနေ့ထိနေ့စဉ်ဖြစ်ပွားနေပါသည်။ ထိုအတူ စစ်ကောင်စီတပ်ဖွဲများမှာ လမ်းမကြီးများဘေး နှင့် ရပ်ကွက်များအတွင်း ကင်းပုန်းများဝပ်၍ ဖြတ်သန်းသွားလာမိသော အရပ်သားပြည်သူများအား တားဆီးစစ်ဆေးခြင်းများမရှိသလို အမေးမြန်းမရှိ ပစ်ခက်မှုများပြုလုပ်နေ၍ ယခုရက်ပိုင်အတွင်း အကြောင်းမဲ့သေဆုံးနေရသော အရပ်သားလူထုများရှိနေသည့်အတွက် အထက်ပါ ရပ်ကွက်/ကျေးရွာများသို ဝင်ထွက်သွားလာခြင်း ၊ နေအိမ်ပြန်ကြည့်ခြင်း ၊ ပစ္စည်းပြန်လည်ဝင်ရောက် သယ်ယူခြင်းများကို မပြုလုပ်ကြပါရန် နှင့် လတ်တလောမြေပြင်စစ်ရေးအခြေနေများအရ လွိင်ကော်- ဒီးမော့ဆို ပြည်ထောင်စု လမ်းမကြီးအပါအဝင် လမ်းမကြီးနှင့် ဆက်စပ်နေသည့် လမ်းသွယ်များ (ပမာ- ဟိုဖိတ်- (၆)မိုင် -ပန်ကန်း လမ်း) ကိုပါ အသုံးပြုသွားလာခြင်းများမပြုလုပ်ကြပါရန် အထူးမေတ္တာရပ်ခံ အသိပေးလိုပါသည်။ KNDF ဗဟိုသတင်းနှင့်ပြန်ကြားရေးဌာန

ကျည်ဖြည့်ကြမယ် ။ ကျည်ဖြည့်ရမယ် ။ ကဗျာဆရာ ကြည်ဇော်အေးရေးထားတဲ့ ကဗျာထဲကလို "ကော်ဖီမရှိသော ကမ္ဘာကြီးသည် ကျည်ဆံကုန်နေသော သေနတ်တစ်လက်လိုပင် အဓိပ္ပါယ်ကင်းမဲ့နေပါလိမ့်မည် " တဲ့ဗျာ... ကျွန်တော်တို့လည်း ကော်ဖီကြိုက်တဲ့ လူငယ်တွေပါ သေနတ်လည်းကိုင်ရတယ်...ကျည်လည်းဖြည့်ရတယ်ပေါ့... ကျည်တစ်တောင့်စီတိုင်းရဲ့တန်ဖိုးကို ရှေ့တန်းရောက်ရဲဘော်တိုင်းကသိရှိနားလည်ကြပါတယ် ။ ပြည်သူ့ချွေးနဲစာများနဲ့ ဖြည့်နေရတဲ့ကျည်ဆံတွေအတွက် ကျေးဇူးတင်ပါတယ် ။ အောက်ကကမ်ပိန်းpageမှာ တိုက်ရိုက် ပါ၀င်အားဖြည့်ပေးပါ✊️💪 https://www.facebook.com/share/v/tdDp2Xodw2aERYSc/?mibextid=oFDknk #ONEMORESTRIKE

ပြည်သူကို လ🎼က်🎼န🎼က်အားကိုးနဲ့ အ🎼နိုင်ကျ🎼င့်လို့မရဘူး ဆိုတာ နွေဦးတွေကသက်သေတည်နေလိမ့်မယ်... အာဏာရူးရင် ရှယ်ကြုံးခံရမယ် ရှယ်ဗျင်းခံရမယ် ငါတို့က လူငယ်တွေ 💀🔥 🎞️🎞️🎞️ကြည့်ရန်🔥 https://www.facebook.com/share/v/RpQYkexVCA8UgQy3/?mibextid=oFDknk #OneMoreStrike

မိမိတို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် တပ်ရင်း အမှတ်( ၂ ) (KNDF -B02 )အနေဖြင့် ၂၀၂၁ စစ်တပ်အာဏာသိမ်းဖြစ်စဥ်ကာလမှ ၁၁၁၁မြို့ပြ စစ်ဆင်ရေးအပါအဝင် ယနေ့အချိန်အထိ  ပေးအပ်သောတာဝန်များကို အင်တိုက်အားတိုက်တာဝန်ထမ်းဆောင်လျက်ရှိပါသည်။ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် တပ်ရင်း အမှတ်-၂ (KNDF -B02) စတင်ဖွဲ့စည်းခဲ့သည့်အချိန်မှစ၍ ယနေ့ ၁၁၁၁ မြို့ပြစစ်ဆင်ရေးကာလရောက်သည့်တိုင် မိမိတို့တပ်ရင်း၌ အာဇာနည်သူရဲကောင်းအဖြစ် တိုက်ပွဲဝင်ပေးဆပ်သွားသော ရဲဘော်စုစုပေါင်း( ၄၇ )ဦး ရှိခဲ့ပါသည် ။ တိုက်ပွဲဝင်‌နေတဲ့ ရဲဘော်‌တစ်ယောက်မှာ လက်ရှိစစ်မြေပြင်နဲ့လိုက်လျောညီထွေရှိတဲ့ စစ်အသုံးအဆောင်ကို တပ်ဆင်ထားနိုင်ခြင်းမရှိရင် မိမိမှာရှိတဲ့ စွမ်းရည်ကို အပြည့်အဝ အသုံးမချနိုင်သလိိိုတိုက်ပွဲများတွင်လည်း မလိုလားအပ်တဲ့ ထိခိုက်ဆုံးရှုံးမှုများရှိခဲ့ပါသည် ။ ထို့ကြောင့် ၎င်းဖြစ်စဥ်များကဲ့သို့ အလားတူဖြစ်ရပ်များထပ်မံမဖြစ်ပွားစေရန်လိုအပ်သောကျည်ကာနှင့်ကျည်ကာဦးထုပ်များကိုဖြည့်တင်းရန်မိမိတို့တပ်ရင်းမှ အဘက်ဘက်၌ ကြိုးစားအားထုတ်ခဲ့ကြသည်။ ထိုအထဲတွင် #Fight_Helmet_Campaign နှင့် #Project_KB2  တို့မှ တစ်စိတ်တစ်ပိုင်းအဖြစ် အားဖြည့်ပါဝင်ကူညီခဲ့ကြပြီး ၎င်းအစီအစဥ်များတွင် ပါဝင်ခဲ့ကြသော မိဘပြည်သူများကို မိမိတို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် တပ်ရင်းအမှတ် ( ၂ )( KNDF -B 02) အနေဖြင့်လည်း ကျေးဇူးအထူးတင်ရှိပါသည် ။ KNDF Battalion-02 သတင်းနှင့်ပြန်ကြားရေး ◾️KNDF/B-02 (Telegram Channel) https://t.me/Kndf_b_02 #KarenniNationalitiesDefenseForce #ကရင်နီအမျိုးသားများကာကွယ်ရေးတပ် #KNDF #ကရင်နီ #KNDFB02 #b02မူရင်းပိုစ့်👉 https://www.facebook.com/share/p/3hNn3BLKVhrgFcEw/?mibextid=oFDknk

စစ်အာသိမ်းပြီးနောက် ကရင်နီလူထုရဲ့လက်နက်ကိုင်ခုခံမှုကြီးတစ်ခုအဖြစ်နဲ့ပေါ်ပေါက်ခဲ့ပြီး ကျောက်ဆည်ကန်တိုက်ပွဲလို့‌အမည်တွင်ခဲ့တဲ့၂
+9
စစ်အာသိမ်းပြီးနောက် ကရင်နီလူထုရဲ့လက်နက်ကိုင်ခုခံမှုကြီးတစ်ခုအဖြစ်နဲ့ပေါ်ပေါက်ခဲ့ပြီး ကျောက်ဆည်ကန်တိုက်ပွဲလို့‌အမည်တွင်ခဲ့တဲ့၂၀၂၁ခုနှစ်၊ မေလ ၃၁ ရက်နေ့ကို KNDF စတင်တည်‌ထောင်တဲ့နေ့ အဖြစ်သတ်မှတ်ခဲ့ပါတယ်။ နောက်ပိုင်းမှာ နယ်မြေအလိုက်နောက်ထပ် တပ်ရင်းတွေနေရာအနှံ့မှာ ပိုပြီးတိုးချဲ့ဖွဲ့စည်းနိုင်ခဲ့တယ်။ စိန်‌ခေါ်မှုနဲ့ အတွေ့အကြုံအသစ်တွေကို .....။ ရှေ့တန်းစစ်မြေပြင်က တာဝန်ကျရဲဘော်တွေရဲ့လိုအပ်ချက်ကလည်း ကျနော်တို့အားလုံးရဲ့လိုအပ်ချက်ဖြစ်တဲ့အတွက် တစဉ်တစိုက် နားစွင့်ပြီး တတ်အားသ၍ဖြည့်ဆည်းပံ့ပိုးပေးနိုင်ဖို့ ကြိုးစားနေကြပါတယ်။ ပိုမိုကြီးမားတဲ့ အပြောင်းအလဲ အောင်မြင်မှုအတွက် အဓိကလိုအပ်ချက်တွေဖြစ်တဲ့လက်နက်ခဲယမ်းကို ကြိုးစားဖြည့်တင်းနိုင်ဖို့လည်း လိုအပ်ပါတယ်။ လွိုင်ကော်မြို့ရဲ့ရှေ့တန်းစစ်မြေပြင်မှာ (၆)လကျော် ကာလကို ကြံ့ကြံ့ခံဖြတ်သန်းနေကြဆဲဖြစ်တဲ့ ရဲဘော်တွေရဲ့ နေ့စဉ်ဘဝအစိတ်အပိုင်းအချို့ကို လူထုများမြင်တွေ့နိုင်ဖို့တင်ပြလိုပြီး ကျနော်တို့‌အတူတူဆက်ရှိနေကြဖို့လည်း အထူးမျှော်လင့်မိပါတယ်။ KNDF Battalion-02 သတင်းနှင့်ပြန်ကြားရေး

ယနေ့ လွိုင်​ကော် ........နဲ့ အမြောက်တပ်တို့တွင် သင်္ကြန်မိုးများရွာသွန်း ... မကြာခင်ကျရောက်တော့မဲ့ သင်္ကြန်အချိန်အခါသမယမှာ ကိုယ်တိုင်ကိုယ်ကျ သင်္ကြန်မိုးများရွာသွန်းနိုင်ပါပြီ ... ၁လုံး ၅သိန်းတန်တွေရှိတယ် ... ၂လုံး ၅သိန်းတန်တွေရှိတယ်... ဆက်သွယ် ရွာသွန်းပါ💀 Videoကြည့်ရန် https://www.facebook.com/100086114460869/posts/pfbid034TxLZoaERUnRVLNBwyYV2ME8eFqrL7fF8xrmPuD82KhzXfwXtDxWLoSPhuQiXQMRl/

ပြည်သူများအားလုံးကိုလည်း ရဲဘော်များမှကျေးဇူးအထူးပင်တင်ရှိပါတယ်။ https://www.facebook.com/share/v/iyBRankDGWTMQcbS/?mibextid=oFDknk KNDF Battalion-02 သတင်းနှင့်ပြန်ကြားရေး #KNDF #KNDFB02 #KarenniNationalitiesDefenseForce #ကရင်နီအမျိုးသားများကာကွယ်ရေးတပ်

/// Fight - Helmet /// အားလုံးပဲ မင်္ဂလာပါ.... ရဲဘော်များအတွက် မြို့ပြတိုက်ပွဲဆင်နွှဲရာတွင် ဘေးအန္တရာယ်ကင်းစေဖို့နဲ့အကာအကွယ်ဖြစ်စေရန် မရှိမဖြစ်လိုအပ်တဲ့အရာတွေထဲက တစ်ခုဖြစ်တဲ့ ကျည်ကာဦးထုပ်ကို တပ်ဆင်ပေးနိုင်မဲ့ ကမ်ပိန်းလေးတစ်ခု စတင်လိုက်ပါပြီ။ ဒီကမ်ပိန်းရဲ့နာမည်က Fight - Helmet Campaign လို့ခေါ်ပါတယ် ။ ∆ Fight - Helmet Campaign ဆိုတာ ဘာလဲ ? ✓ Fight - Helmet Campaign ဆိုတာကတော့ မြို့ပြစစ်ဆင်ရေးများတွင် တိုက်ပွဲ၀င်နေရတဲ့ ရဲဘော်များကို helmet တပ်ဆင်ပေးနိုင်ရေးအတွက် ရည်ရွယ်ပြီး ပြုလုပ်ထားတာပဲဖြစ်ပါတယ် ။ ∆ ကမ်ပိန်းကို ဘယ်သူတွေက ဦးဆောင်တာလဲ ? ✓ ယခုကမ်ပိန်းကို တော်လှန်ရဲဘော်များ နဲ့ ပြည်တွင်း/ပြည်ပမှ တော်လှန်ပြည်သူများမှ ဦးဆောင်တာပဲဖြစ်ပါတယ် ။ ∆ ကမ်ပိန်းရဲ့ တားဂတ် ငွေအမောက်က ‌ဘယ်လောက်လဲ ? ✓ မြန်မာငွေကျပ် သိန်း ၁၀၀ တိတိပဲ ဖြစ်ပါတယ်။ ရရှိငွေ 100% အားလုံးကိုလည်း ရဲဘော်များအတွက်ကျည်ကာ ဦးထုပ်များဝယ်ယူပြီး တပ်ဆင်ပေးမှာပဲဖြစ်ပါတယ် ။ ∆ ကမ်ပိန်း ကာလ ဘယ်လောက်ကြာမလဲ ? ✓ ကမ်ပိန်း ကာလသည် 9.4.2024 မှ 22.4.2024 အထိ 14 ရက်၊ 2ပတ်တာကာလမျှသာ ပြုလုပ်မှာပဲဖြစ်ပါတယ်။ နေ့စဉ်နဲ့အမျှ အရှိန်မြင့်လာတဲ့ စစ်ရေးနဲ့အတူ ကျွန်တော်တို့ရဲ့ ပြည်သူ့ရဲဘော်တွေ အကာအကွယ်အပြည့်နဲ့ အောင်ပွဲယူနိုင်စေရန် Fight - Helmet Campaign မှာ အားဖြည့်ပါ၀င်ပေးဖို ပြည်သူများအားလုံးကို ဖိတ်ခေါ်လိုက်ပါတယ်။ #Fight-Helmet #တော်_လှန်ပြည်သူHelmetကူ #တော်_လှန်ပြည်သူမှတော်_လှန်ရဲ_ဘော်သို့ #ရဲဘော်အတွက်Helmetအသက် #Fight_Helmet_Campaign_Admin_Team မူရင်းပိုစ့်💀 https://www.facebook.com/share/p/uqYPHyaermTMN85u/?mibextid=oFDknk

ရန်သူ့စနိုက်ပါပစ်ကွင်း ဧရိယာထဲကို တိုး၀င်ကယ်ထုတ်ခဲ့ရတဲ့ ဖြစ်စဥ်တစ်ခု၊ တာဝန်တစ်ခုဖြစ်ပါတယ် ။ ဖက်ဆစ်စစ်တပ်နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေအကြား နှစ်ဖက်အပြန်အလှန်ပစ်ခတ်ကြမှုတွင် အရပ်သားတဦးသေနတ်ဒဏ်ရာရရှိခဲ့သဖြင့် ရန်သူ့စနိုက်ပါပစ်ကွင်း ဧရိယာထဲအထိ ကျွန်ုပ်တို့ရဲဘော်များမှ တိုး၀င်ကယ်ထုတ်ခဲ့ရပြီး ၎င်းဒဏ်ရာနှင့်လူနာကို အသက်ဘေးမှ ကယ်ထုတ်နိုင်ခဲ့တယ် ။ ဒီရွေးချယ်မှုဟာ အန္တရာယ်များတဲ့ရွေးချယ်မှုတစ်ခုဆိုတာသိပေမယ့် "ပြည်သူ့ အသက် အိုးအိမ် စည်းစိမ် ကို ကာကွယ်‌စောင့်ရှောက်ပါမည်" ဟု သစ္စာပြုကြသူတွေအဖို့ ရွေးချယ်မှုများစွာတော့ ရှိမနေခဲ့ပါ ။ Record - သံမဏိ (ကရင်နီတပ်ပေါင်းစုတပ်ဖွဲ့ဝင်များနှင့် လွိုင်ကော်မြို့ပေါ်ရှိ (၁၁၁၁)စစ်ဆင်ရေးအတွင်းလှုပ်ရှားမှုများ) https://www.facebook.com/share/v/siTKRvD8ymhFbGKa/?mibextid=oFDknk #သံမဏိ

ဓာတ်ပုံ-အခြေခံစစ်သင်တန်း အပတ်စဉ်(၃)၊ လေ့ကျင့်မှုများ။
+7
ဓာတ်ပုံ-အခြေခံစစ်သင်တန်း အပတ်စဉ်(၃)၊ လေ့ကျင့်မှုများ။

အခြေခံစစ်သင်တန်းမှာ သင်တန်းသားများအနေဖြင့် စစ်ရေးပြလေ့ကျင့်ခြင်းကို စတင်သင်ကြားကြရတာဖြစ်ပါတယ်။ စစ်ရေးပြလေ့ကျင့်ခြင်းဟာ တစ်ဦးချင်းထက် အဖွဲ့အစည်းလိုက် လုပ်ဆောင်နိုင်ရန်အတွက် လေ့ကျင့်တဲ့ သင်ခန်းစာဖြစ်ပါတယ်။ တစ်ဦးနဲ့တစ်ဦး၊ တစ်စုနှင့်စုက ချိန်သားကိုက်ညှိပြီး ညီညာအောင် လုပ်‌ဆောင်ကြရတဲ့အတွက် ဟန်ချက်ညီမှုကိုဖြစ်ပေါ်စေတယ်၊ ထိုမှတစ်ဆင့် စုစည်းမှုရှိပြီး ဟန်ချက်ညီလုပ်ဆောင်နိုင်တဲ့ အလေ့အကျင့်ကိုရရှိကာ စည်းစနစ်ကျတဲ့ရဲဘော်တွေ ဖြစ်လာနိုင်ပါတယ်။ သင်တန်းသားတွေအနေနဲ့ စစ်ရေးပြသင်ခန်းစာကို အတော်အတန် ကျွမ်းကျင်အောင် ရက်‌ပေါင်းအတော်ကြာကြာ လေ့ကျင့်ရမှာဖြစ်ပေမယ့် ထိုသင်ခန်းစာ တစ်ခုတည်းအတွက် ကုန်ကျမယ့် စားရိတ်များရဲ့ အကန့်အသတ်ကြောင့် ရက်တိုလောက်နဲ့သာ အဆုံးသတ်လိုက်ရတာမျိုးဖြစ်ပါတယ်။ မိမိတို့အနေနဲ့လည်း ရရှိလာတဲ့ အခြေအနေပေါ်မှာ အကောင်းဆုံးကြိုးစားလုပ်ဆောင်သွားဖို့ရှိပါတယ်။ မိမိတို့၏လှုပ်ရှားမှုများကိုပြည်သူလူထုများအနေနှင့် မြင်တွေ့နိုင်အောင်ရည်ရွယ်ပြီး နောက်ထပ်အကြောင်းအရာများကိုလည်း ဆက်လက်တင်ပြသွားပါမယ်။ KNDF Battalion-02 သတင်းနှင့်ပြန်ကြားရေး

ဓာတ်ပုံ-လေ့ကျင့်ရေးသင်တန်းကွင်းတစ်ခုတွင်တွေ့ရသော ဥက္ကဌခွန်းဘီထူး
ဓာတ်ပုံ-လေ့ကျင့်ရေးသင်တန်းကွင်းတစ်ခုတွင်တွေ့ရသော ဥက္ကဌခွန်းဘီထူး

ကရင်နီအမျိုးသားများကာကွယ်ရေးတပ်၊ တပ်ရင်းအမှတ်(၂) ဟာ KNDFရဲ့စစ်ဗျူဟာအမှတ်(၂)မှာပါဝင်ပြီးတော့လွိုင်ကော်အပါအဝင်အခြားဆက်စပ်နေရာများမှာ အခြေပြုတာဝန်ထမ်းဆောင်လျက်ရှိပါတယ်။ ကရင်နီပြည်နယ် လွိုင်ကော်မြို့နှင့်အနီးဝန်းကျင်အတွင်း ရပ်ရွာဒေသပေါင်းစုံမှ လူအများနှင့် အခြားနီးစပ်ရာပြည်နယ်များမှ လူမျိုးဘာသာပေါင်းစုံ လူငယ်အများစု စု‌စည်းပါဝင်နေကြတဲ့တပ်ရင်းဖြစ်ပါတယ်။ နိုင်ငံအတွင်းက စစ်အုပ်ချုပ်မှုအောက်မှာနေထိုင်နေရဆဲ ပြည်သူလူထုအတွက် လက်ရှိအခြေအနေမှာ စစ်ကောင်စီညစ်လုံးဖြစ်တဲ့ စစ်မှုထမ်းဥပဒေရဲ့ ဆိုးဝါးတဲ့ဖိနှိပ်မှုကြောင့် နောက်ထပ်ကြပ်တည်းမှုကြီးတစ်ရပ်ကို ကြုံနေကြရတာဖြစ်ပါတယ်။ ဒီလိုအခြေအနေမှာစစ်ကောင်စီရဲ့ဘက်တော်သားအဖြစ် မခံယူချင်တဲ့ လူငယ်လူရွယ်အများအပြားဟာ ရွေးချယ်စရာလမ်းကြောင်းနည်းပါးလာပြီး နိုင်ငံကနေထွက်ခွာရှောင်တိမ်းခြင်းမပြုလုပ်နိုင်လျှင် စစ်ကောင်စီအလိုကျ ဖိနိပ်မှုယန္တရားကို တနည်းနည်းဖြင့်အားဖြည့်ပါဝင်ရခြင်းတို့ကို မလွဲရှောင်သာလုပ်ရတော့မှာဖြစ်ပြီးတော့ နောက်ထပ်ရွေးချယ်မှုတစ်ခုအနေနဲ့ လွတ်‌မြောက်နယ်မြေတွေပိုင်ဆိုင်ထားပြီး ဆက်လက်ဖော်ဆောင်တိုက်ပွဲဝင်နေကြတဲ့တော်လှန်ရေးအဖွဲ့အစည်းတွေဆီမှာ အားဖြည့်ပါဝင်ကြတာပါ။ မိမိတို့တပ်ရင်းအနေနှင့် မီဒီယာပလက်ဖောင်းများပေါ်မှ တရားဝင်တပ်သားသစ်ခေါ်ယူခြင်းများမကြေညာဖြစ်ခဲ့သော်လည်း မြေပြင်အဆက်အသွယ်နှင့်စည်းရုံးရေးများမှတစ်ဆင့် တပ်ရင်းတွင်တာဝန်ထမ်းဆောင်လိုသော ရဲဘော်သွေးသစ်များကို အစီအစဉ်တကျ လက်ခံစီမံကာအခြေခံစစ်သင်တန်း၊ မွမ်းမံသင်တန်းများကို တတ်နိုင်သ၍ ပြုလုပ်နေခဲ့တာဖြစ်ပါတယ်။ စစ်ကောင်စီ စစ်အုပ်ချုပ်မှုကိုဆန့်ကျင်ကြသူများအတွက် ခုခံတွန်းလှန်ခြင်းလမ်းစဉ်ကနေ ကျနော်တို့က ကြိုဆိုပြီးတော့ နယ်ပယ်အလိုက် အကောင်းဆုံးကူညီနိုင်ဖို့ တတ်နိုင်သ၍ ကြိုးစားသွားမှာဖြစ်ပါတယ်။ စစ်မှုထမ်းဥပဒေပြဌာန်းပြီးနောက်တွင်တာဝန်ထမ်း‌ဆောင်လိုသောအတွက် တပ်ရင်းကိုဆက်သွယ်လာသူများရှိနေပြီးတော့ မိမိတို့ဘက်မှလည်း စိစစ်လက်ခံလျက်ရှိပါတယ်။ ယခု အချိန်ထိ တပ်ရင်းတွင် အခြေခံစစ်သင်တန်း(၃)ခု၊ မွမ်းမံစစ်သင်တန်း(၂)ခုကို ပြုလုပ်ပြီးစီးထားခဲ့ပြီး သင်တန်းဆင်းရဲဘော်များ သက်ဆိုင်ရာ နေရာနယ်ပယ်တွေမှာ တာဝန်ထမ်းဆောင်လျက်ရှိနေပါတယ်။ ဆက်လက်ပြီး တာဝန်ထမ်းဆောင်ရန် ရှိနေသော နယ်ပယ်အစုံမှ ရဲဘော်သစ်များအတွက်လည်း ပြင်ဆင်မှုတွေအဆက်မပြတ်ပြုလုပ်နေပါတယ်။ စစ်ရေးအရှိန်တွေ နေရာအနှံမြင့်တက်လာပြီး ရလဒ်အသစ်တွေရရှိနေတာ သိမြင်ကြတဲ့အတိုင်းဖြစ်ပါတယ်။ ပြည်သူလူထုအားဟာ ကျနော်တို့ရဲ့အားပဲဆိုတာ ကျနော်တို့ယုံကြည်ပါတယ်။ KNDF Battalion-02 သတင်းနှင့်ပြန်ကြားရေး

တိုက်ပွဲ‌တွေကို ရင်ဆိုင်တဲ့အခါ စစ်ရေးနဲ့သက်ဆိုင်တဲ့‌ မြေပြင်တပ်ဖွဲ့တိုင်းက ကိုယ်တာဝန်ယူထားတဲ့ ‌နေရာမှာ အသီးသီးလှုပ်ရှားကြတယ်။
+9
တိုက်ပွဲ‌တွေကို ရင်ဆိုင်တဲ့အခါ စစ်ရေးနဲ့သက်ဆိုင်တဲ့‌ မြေပြင်တပ်ဖွဲ့တိုင်းက ကိုယ်တာဝန်ယူထားတဲ့ ‌နေရာမှာ အသီးသီးလှုပ်ရှားကြတယ်။ ကိုယ့်မှာရှိတဲ့ ကိုယ်စွမ်းဉာဏ်စွမ်းကို အရင်းအနှီးလုပ်ပြီး ကျွမ်းကျင်အားသန်ရာ နယ်ပယ်မှာ ရွေးချယ်လုပ်ကိုင်ကြတာများပါတယ်။ အရေးပေါ်ဆေးတပ်ဖွဲ့တွေက စစ်မြေပြင်ရဲ့ရှိသင့်တဲ့နေရာမှာရှိရသလိုပါပဲ၊ အခြားသယ်ယူပို့ဆောင်ရေး၊ ဆက်သွယ်ရေးလို ထောက်ပို့တပ်ဖွဲ့တွေလည်း အချိန်အခါနဲ့အခြေအနေပေါ်လိုက်ပြီး နေရာစုံမှာ လှုပ်ရှားကြရတယ်။ ဒါကြောင့် ရဲဘော်တိုင်းမှာ အသက်နဲ့ကျန်းမာရေးထိခိုက်နိုင်တဲ့ အတိုင်းအတာ မတူကြပါဘူး။ ထိခိုက်မှုတွေအနည်းဆုံးဖြစ်အောင် မြေပြင်မှာတတ်နိုင်သလောက် ရှောင်ကွင်းလှုပ်ရှားကြပေမယ့်လို့ တိုက်ပွဲပြင်းထန်မှုပေါ်မူတည်ပြီး အန္တရာယ်များတဲ့ရွေးချယ်မှုတွေကိုလည်း မကြာခန လုပ်ကြရတာပေါ့။ စစ်ဆင်ရေးတွေနဲ့ ခုခံတိုက်ပွဲတွေမှာ စစ်ကောင်စီရဲ့ မော်တာအမြောက်ဆံတွေကအချိန်တိုင်းမှာ အန္တရာယ်အပေးနိုင်ဆုံးအရာပဲဖြစ်ပါတယ်။ အပြင်းထန်ဆုံးအခြေအနေမှာဆိုရင် နာရီပိုင်းကိုရာဂဏန်းနီးပါးထိ အမြောက်ဆံတွေပစ်နိုင်တဲ့ စစ်ကောင်စီအမြောက်တပ်... အပြည့်အစုံဆက်လက်ဖတ်ရှုရန် https://www.facebook.com/share/p/VaUp1Vfy4xD4rh9k/?mibextid=oFDknk

ခုခံတွန်းလှန်‌ခြင်းနွေဦးမြို့ရှုခင်း အပျက်အစီးအစအန‌‌တွေပြန့်ကြဲနေတဲ့ တစ်ချို့ ရပ်ကွက်လမ်း‌မတွေပေါ်မှာ ရဲဘော်တွေ သွားလာလှုပ်ရှ
ခုခံတွန်းလှန်‌ခြင်းနွေဦးမြို့ရှုခင်း အပျက်အစီးအစအန‌‌တွေပြန့်ကြဲနေတဲ့ တစ်ချို့ ရပ်ကွက်လမ်း‌မတွေပေါ်မှာ ရဲဘော်တွေ သွားလာလှုပ်ရှားနေတာမြင်ရတယ်။ ကရင်နီမှာစစ်အာဏာရှင်တော်လှန်ရေးလှုပ်ရှားမှု‌အဆက်ဆက်ရဲ့ စာမျက်နှာအသစ်တစ်ခုလို့သတ်မှတ်ရတဲ့ လွိုင်ကော်မြို့သိမ်းတိုက်ပွဲကို ကျနော်တို့တွေကြံ့ကြံ့ခံဖြတ်သန်းနေကြတာ ၂၀၂၃ခုနှစ် နိုဝင်ဘာလ ၁၁ရက်နေ့ကစပြီး ယခုချိန်ထိ ဖြစ်ပါတယ်။ Facebook post link👇👇👇 https://www.facebook.com/share/p/THyiq2paa8tAAzYK/?mibextid=Nif5oz

ကရင်နီရောက် သူငယ်ချင်းများ
ကရင်နီရောက် သူငယ်ချင်းများ

ငါတို့ရဲ့အိမ်တွေစီ ပြန်ခွင့်ပေးခဲ့ကြတဲ့ တစ်ဦးတစ်ယောက်စီတိုင်းကို ကျေးဇူးတင်ပါတယ်... #သံမဏိ https://m.facebook.com/story.php?story_fbid=pfbid02oWyxLNEnF9bxqtpZQmTymkLpfpLr4qRbnF9p4iWuS4FmbfEo6WAJGDYGzJVP5uiVl&id=61553140504866&mibextid=2JQ9oc

ရေ​မြောင်းထဲက ခြောက်ကေ_ ာင် ဘေးကင်းပါစေ💀 မုဆိုး-The Hunter တွင်တိုက်ရိုက်ပါ၀င်အားဖြည့်ပါ💀 #မုဆိုး #TheHunter #မြို့တော်လွိုင်ကော်ရရှိဖို့မုဆိုးတွေကိုပံ့ပိုးစို့ #ဗျူဟာအမှတ်၂ #သံမဏိ_record

မုဆိုးတစ်ယောက် ခရီးသွားခြင်း🍀🌻🌼🍀 ကရင်နီ တဲ့ ဒီ ပြည်နယ်လေးက သိပ်ကိုလှတယ် ... တောင်ငူသား တစ်ယောက်ဖြစ်တဲ့ ကျွန်တော် အရင် ဒီပြည်နယ်လေးနဲ့ နီးပါလျက် တစ်ခါမှမရောက်ဖြစ်ခဲ့ဘူး တော်လှန်ရေးကာလမှာတော့ ဒီပြည်နယ်မှာ တာ၀န်ထမ်းဆောင်ခွင့်ကြုံကြိုက်ခဲ့ရပါတယ် ။ ဟိုအရင်ရောက်ခါစ အချိန်တွေမှာ စိတ်မှာတွေးမိပါသေးတယ် ဒီလောက်လှတဲ့ ဒီနေရာကို ငါ ဘာကြောင့်မရောက်ဖြစ်ခဲ့ရတာလဲပေါ့... ကရင်နီပြည်က သိပ်ကိုလှပါတယ် ဒီပြည်နယ်ရဲ့ တော်လှန်ရဲတဲ့ သွေးတွေကလည်း ရဲလွန်းကြတယ် ။ အခုဆိုရင် ၁၁၁၁စစ်ဆင်ရေးကြီးနဲ့အတူ ကရင်နီရဲဘော်(မုဆိုး)တွေက ကိုယ့်အိမ်ကို ကိုယ်ပြန်နေကြပီး ကိုယ့်ပြည်နယ်ကို ကိုယ် ပြန်ယူနေကြပြီ...ကျွန်တော်ကိုယ်တိုင်လည်း ကရင်နီပြည်သူ/သား တွေနဲ့အတူ ကရင်နီပြည်အတွက် တိုက်ပွဲ၀င်နေရင်း ကိုယ့်မြို့ ကိုယ့်ဒေသ ကိုယ့်နေရာလေးကိုလည်း လွမ်းမိရပါကြောင်း အားယူရင်း ဒီစာလေးကို အဆုံးသတ်လိုက်ပါတယ် ။ 🎞️ဗွီဒီယိုရုပ်သံက ကရင်နီပြည် လွိုင်ကော်မြို့ အနီးက ဒီရက်ပိုင်း ဆောင်းတွင်းမနက်ရဲ့အလှ တိမ်ပင်လယ်လေး တခုမှာ ဖြစ်ပါတယ်🎞️ #သံမဏိ #မုဆိုး #TheHunter #မြို့တော်လွိုင်ကော်ရရှိဖို့မုဆိုးတွေကိုပံ့ပိုးကြပါစို့ #ဗျူဟာအမှတ်၂ video ကြည့်ရန်👇👇👇 https://fb.watch/oZgYs5wCol/?mibextid=RtaFA8

နောက်ပိုင်းပိုကြမ်းမဲ့ မုဆိုးသစ်များ🔥 👇👇👇 https://m.facebook.com/story.php?story_fbid=pfbid0362kXBQsFekcQQ4dib8NyYjBwE5w41yQW3SfMvSogMEJM3RaCjHWWR5xVrKg4QDMGl&id=61553140504866&mibextid=RtaFA8