en
Feedback
Ministry of Federal Union Affairs

Ministry of Federal Union Affairs

Open in Telegram
1 887
Subscribers
No data24 hours
+37 days
+2030 days
Posts Archive
ဒါအပြင် လူမျိုးရေး အသွင်ဆောင်တဲ့ ပဋိပက္ခ ထောင်ချောက်တွေကိုလည်း ရှောင်ရှားနိုင်ဖို့ သတိရှိရမှာ ဖြစ်ကြောင်း၊ တိုင်းရင်းသားပြည်သူလူထု အချင်းချင်းအကြား သဟဇာတဖြစ်မှု ကြီးမားလာအောင် လုပ်ရမှာဖြစ်ကြောင်းနဲ့ လက်နက်ကိုင် တော်လှန်ရေး အင်အားစုအချင်းချင်း စုစည်းညီညွတ်နိုင်အောင်လည်း အစဉ်တစိုက် ကြိုးစားအားထုတ် နေရမှာ ဖြစ်ကြောင်း ယာယီသမ္မတက တိုက်တွန်းပြောကြားခဲ့ပါတယ်။ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက “ဒီလပိုင်းအတွင်းမှာ နိုင်ငံရေး အခြေအနေ အဖြစ်အပျက်တွေ၊ တော်လှန်ရေးရဲ့ ဦးတည်ရာတွေက သိပ်ကို မြန်မြန်ဆန်ဆန်နဲ့ လှုပ်လှုပ် ခပ်ခပ်ဖြစ်နေတာကို တွေ့ရပါတယ်။ စစ်ကောင်စီအနေနဲ့ နောက်ဆုံးထွက်သက်အတွက် ရုန်းကန် နေတဲ့သူအလား ကယောင် ချောက်ချား ထင်ရာစိုင်းနေတာတွေကိုလည်း နေ့စဥ်နဲ့အမျှ ကြား သိမြင် တွေ့ နေရပါတယ်။ ရွှေဆိုင်ပိုင်ရှင်တွေကအစ ဆန်ကုန်သည်တွေပါမချန် ဘဏ်တွေအထိ စိတ်ကူးပေါက်သလို ဖမ်းဆီးပြီး စီးပွားရေးအခြေအနေတွေ မတည်မငြိမ်ဖြစ်အောင် လုပ်ဆောင် နေသလို တစ်ဘက် ကလည်း ပြည်ပရောက်အလုပ်သမားတွေ၊ အလုပ်အကိုင်အေဂျင်စီတွေကို ဘေးကြပ်နံကြပ် ဖြစ်အောင်ဆောင်ရွက်နေတာတွေ၊ CDM ဝန်ထမ်းတွေကို ပြန်မဲဆွယ်နေ တာတွေလည်း လုပ်‌ဆောင်နေတာ ရှိပါတယ်။ ခြုံငုံလေ့လာကြည့်လိုက်မယ်ဆိုရင် တိုင်းပြည်ကို အဆုံးထိ သူတို့နဲ့အတူ ဆွဲချသွားဖို့ ကြိုးစားနေတဲ့ပုံပဲ ဖြစ်ပါတယ်။ မြန်မာပြည်သူတွေအနေနဲ့လည်း တိုင်းပြည်အာဏာလုယူပြီး ဆိုးသွမ်းရမ်းကားနေတဲ့ စစ်ကောင်စီနဲ့ တွေ့ကြုံနေရတဲ့ အချိန်မှာ ရေကြီးရေလျှံကိစ္စတွေကလည်း ဖြစ်ပေါ်လာတော့ တစ်ပူပေါ် နှစ်ပူဆင့်သလိုပဲ ဒုက္ခရောက်နေ ကြရတဲ့ အခြေအနေပါ။ ဘာပဲဖြစ်ဖြစ် တစ်ဘက် ကလည်း စစ်ရေးအရှိန်တွေ မြှင့်လာနေတာမို့ ပြည်သူတွေလည်း အောင်ပွဲတွေကို မျှော်မှန်းပြီး စိတ်အားတက်ရတာတွေလည်း ရှိမယ်လို့ ထင်ပါ တယ်။ ကျွန်တော်တို့အစိုးရအဖွဲ့အနေနဲ့တော့ လုပ်နိုင်သမျှ အစွမ်းကုန် ပြည်သူကို စောင့်ရှောက် ကူညီပေးကြဖို့လည်း တိုက်တွန်းလိုပါတယ်။” လို့ ပြောကြားပါတယ်။ ဆက်လက်ပြီးတော့လည်း “အစိုးရအနေနဲ့တော့ စစ်ရေးအရှိန်မြှင့်မှုတွေရဲ့ နောက်ဆက်တွဲအနေနဲ့ အုပ်ချုပ်ရေး ဆိုင်ရာကိစ္စတွေ အပါအဝင် နိုင်ငံရေးဆိုင်ရာကိစ္စတွေအတွက် ကျယ်ကျယ်ပြန့်ပြန့် စဥ်းစား ထားကြရမယ့် အချိန်လည်း ဖြစ်ပါတယ်။ ကျွန်‌တော်တို့နိုင်ငံရဲ့ ပထဝီအနေအထား၊ ရှည်လျားတဲ့ သမိုင်းကြောင်းတို့ကြောင့် နိုင်ငံရေးကိစ္စတွေ အဖြေရှာကြတယ်ဆိုရာမှာ တော် တော်လေးရှုပ်ထွေးပြီး ခက်ခဲနိုင်ပါတယ်။ အချိန်လည်း ယူရနိုင်ပါတယ်။ ဒါပေမယ့်လည်း ရင်ဆိုင်ကျော်လွှားကြရမယ့် ကိစ္စလည်း ဖြစ်တာကြောင့် အစိုးရအဖွဲ့အတွင်းက အတွေ့အကြုံ များကြတဲ့ ဝန်ကြီး၊ ဒုဝန်ကြီးတွေအနေနဲ့ စုပေါင်းစဥ်းစားအဖြေရှာကြမယ်ဆိုရင် တန်ဖိုးရှိတဲ့ ရလဒ်တွေ ထွက်လာမယ်လို့လည်း ယုံကြည်ပါတယ်။အချိန်က အကန့်အသတ်ဖြစ် လာတာ ကြောင့် ကျွန်တော်တို့က သွက်သွက်လက်လက် သွားပါမှ အောင်ပွဲကို မြန်မြန်တက် လှမ်းနိုင်မှာ ဖြစ်ပါတယ်။ ” လို့ ပြည်ထောင်စုဝန်ကြီးချုပ်က ပြောကြားခဲ့ပါ တယ်။ အစည်းအဝေးမှာ ကာကွယ်ရေးဝန်ကြီးဌာန ၊ ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က လက်ရှိဖြစ်ပေါ် တိုးတက်နေမှု အခြေအနေများကို တင်ပြဆွေးနွေးခဲ့ပါတယ်။ အဲဒီနောက် ပြည်ထောင်စုဝန်ကြီးချုပ်က တင်ပြလာတာတွေကို ပြန်လည်ရှင်းလင်း ဆွေးနွေးပြီး ယာယီသမ္မတက နိဂုံးချုပ်အမှာ စကားပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းခဲ့ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ ၂၀/၂၀၂၄ အစိုးရအဖွဲ့အစည်းဝေးပြုလုပ် ◾️ တိုင်းရင်းသားဒေသတွေရဲ့ အမျိုးသားလွတ်မြောက်ရေးလှုပ်ရှားမှုအားလုံးဟာ စစ်အာဏာရှင်စနစ် ပြိုလဲခြင်းရဲ့ သင်္ကေတတစ်ခု ဖြစ်တယ်လို့ ယာယီသမ္မတပြောကြား ဇူလိုင် ၁၆ ၊ ၂၀၂၄ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ၂၀/၂၀၂၄ အစိုးရအဖွဲ့အစည်းအဝေးကို ဒီနေ့မနက် ၁၀ နာရီမှာ ပြုလုပ်ခဲ့ကြပါတယ်။ အစည်းအဝေးကို ယာယီသမ္မတ ဒူဝါလရှီးလ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းတို့ အပါအဝင် ပြည်ထောင်စုဝန်ကြီးတွေ၊ ဒုဝန်ကြီးတွေ တက်ရောက်ခဲ့ကြပါတယ်။ အစည်းအဝေးမှာ ယာယီသမ္မတ ဒူဝါလရှီးလက အဖွင့်မိန့်ခွန်းပြောကြားခဲ့ပြီးနောက် ပြည်ထောင်စု ဝန်ကြီးချုပ်က မိန့်ခွန်း ပြောကြားခဲ့ပါတယ်။ ယာယီသမ္မတ ဒူဝါလရှီးလက “တိုင်းရင်းသားတော်လှန်ရေး မဟာမိတ်အဖွဲ့ကြီးတွေရဲ့ လက်တွဲ ခေါ်ဆောင်မှုနဲ့ လက်နက်ကိုင် တော်လှန်ရေးအတွေ့အကြုံကို ကျွန်တော်တို့ရဲ့ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေဟာ ကောင်းစွာသင်ယူ လေ့လာနိုင်ခဲ့ကြတယ်ဆိုတာ သိသာထင်ရှားပါတယ်။ အထူး သဖြင့် ၁၀၂၇ စစ်ဆင်ရေး - ဒုတိယလှိုင်းလို့ ပြောနိုင်တဲ့ မန္တလေး - ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ တွေရဲ့ ပါဝင်လှုပ်ရှားမှုဟာ နိုင်ငံရေးအရရော၊ စစ်ရေးအရပါ အောင်အောင်မြင်မြင်ဖြစ်တာကို တွေ့ရပါတယ်။ အဲသည့်အတွက် မြောက်ပိုင်းမဟာမိတ် ညီနောင်အဖွဲ့ကိုလည်း လှိုက်လှဲစွာ ကျေးဇူး တင်ကြောင်း ပြောချင်ပါတယ်။ နွေဦးတော်လှန်ရေးအတွင်းက လက်နက်ကိုင်တော်လှန် ရေးဟာ အစကနဦး အချိန်မှာတော့ “မုဆိုး စိုင်သင် - သဘာမျိုး” နဲ့ တဖြည်းဖြည်းချင်း လေ့လာသင်ယူ ကြရတာကို တွေ့ရပါတယ်။ တစ်ဖက်မှာလည်း တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းတွေရဲ့ လက်ကမ်းကြိုဆိုမှုနဲ့ ရှေ့ဆောင် လမ်းပြသင်ကြားပေးမှုတွေဟာ နွေဦးတော်လှန်ရေးရဲ့ ခုခံ တော်လှန်စစ်ရေး အခြေအနေကို အတိုင်းအထက်အလွန် မြှင့်တင်ပေးနိုင်ခဲ့တာကို တွေ့ရပါတယ်။ ဒါဟာ ကျွန်တော်တို့ ပြည်သူလူထုရဲ့ မျှော်လင့်ခြင်း ရောင်ခြည်ဖြစ်လာတယ်လို့ ပြောနိုင်ပါတယ်။ ဒီနေရာမှာ ကျွန်တော်တို့ အစိုးရအဖွဲ့ဝင်အားလုံး သတိချပ်ဖို့လိုတဲ့ကိစ္စ တစ်ခုကို ပြောချင်ပါတယ်။ အဲဒါကတော့ စစ်ရေးအရ အောင်မြင်မှုဆိုတာမှာ စခန်းသိမ်းတိုက်ပွဲတွေနဲ့ မြို့သိမ်း တိုက်ပွဲတွေ ဆင်နွှဲနိုင်ရုံနဲ့ ပြီးမြောက်မှုရှိပြီလို့ မပြောနိုင်သေးဘူးဆိုတဲ့ အချက်ဖြစ်ပါတယ်။ “သိမ်းပြီးရင် ထိန်းနိုင်ဖို့ လိုတယ်” ဆိုတာကို မမေ့မလျော့ကြဖို့ ဖြစ်ပါတယ်။ ” လို့ ပြောကြားပါတယ်။ ဆက်လက်ပြီးတော့လည်း “ အထူးသဖြင့် လွတ်မြောက်ဒေသတွေ၊ လွတ်မြောက်ဧရိယာတွေ ဆိုတာဟာ စစ်ရေးအခြေခံဒေသကို ပီပီပြင်ပြင် ခိုင်ခိုင်မာမာ တည်ဆောက်ပြီးမှ ပေါ်ပေါက်လာ တာဖြစ်ပါတယ်။ ဒါ့ကြောင့် စစ်ရေးအရ အမြော်အမြင်ရှိမှုနဲ့ နိုင်ငံရေးအရ ကြိုတင်ပြင်ဆင်မှု တွေဟာ ခုခံတော်လှန်စစ်မှာ အင်မတန် အရေးကြီးတယ်လို့ ယူဆပါတယ်။ ကျွန်တော်တို့ အစိုးရ အဖွဲ့ဝင် အားလုံးလည်း လူထုနဲ့ တစ်သားတည်း ရပ်တည်ပြီးတော့ ခုခံတော်လှန်စစ် အခြေခံ ဒေသတွေ အပြိုင်းအရိုင်း ပေါ်ပေါက်ရေးကို အလေးအနက်ထား ကြိုးစားကြဖို့ တိုက်တွန်းလို ပါတယ်။ အခု နွေဦးတော်လှန်ရေးဟာ စစ်အာဏာရှင်စနစ် အမြစ်ဖြတ် ချေမှုန်းရေးနဲ့ တိုင်းရင်း သားလွတ်မြောက်မှု တော်လှန်ရေးကို ပေါင်းစပ်ထားတယ်ဆိုတာ ၂၀၂၃ နဲ့ ၂၀၂၄ ခုနှစ်အတွင်းမှာ ပိုပြီး သိသာထင်ရှားလာပါတယ်။ ဒါဟာ ပြည်သူလူထုအတွက် အားအတက်ရဆုံးသော လူထုတော်လှန်ရေးကြီးအတွက် အဓိက အသက်ဖြစ်တယ်လို့ ယူဆနိုင်ပါတယ်။ ကျွန်တော်တို့ဟာ စစ်အာဏာရှင်စနစ် အမြစ်ဖြတ် ချေမှုန်းရေးကို လုပ်ဆောင်ရင်းနဲ့ တိုင်းရင်းသား လွတ်မြောက်ရေး တိုက်ပွဲတွေ အောင်ပွဲခံလာနိုင်တာကို တွေ့ရပါတယ်။ ဒါ့အပြင် တိုင်းရင်းသားဒေသတွေရဲ့ အမျိုးသားလွတ်မြောက်ရေးလှုပ်ရှားမှုအားလုံးဟာ စစ်အာဏာရှင်စနစ် ပြိုလဲခြင်းရဲ့ သင်္ကေတ တစ်ခု ဖြစ်တာတွေ့ရပါတယ်။ ဒါဟာ အပြန်အလှန် သက်ရောက်မှု ရှိနေတာ ဖြစ်တာကြောင့် ကျွန်တော်တို့ဟာ နွေဦးတော်လှန်ရေးနဲ့ တိုင်းရင်းသားလွတ်မြောက်ရေးလှုပ်ရှားမှုတွေကို တိုက်ရိုက်ချက်ကြိုး ဆက်နိုင်ပြီလို့ မှတ်ယူရမှာ ဖြစ်ပါတယ်။ ဒီအခြေအနေကို ဆက်လက်ပြီး ခိုင်မာ ကျယ်ပြန့်အောင် လုပ်နိုင်လေလေ၊ နွေဦးတော်လှန်ရေးရဲ့ ခုခံတော်လှန်စစ်ဟာ အရှိန်မြှင့်နိုင် လေလေ ဆိုတာ ကျွန်တော်တို့ အားလုံး သဘောပေါက်ဖို့ လိုပါတယ်။ ကျွန်တော်တို့ အနေနဲ့ ခုခံ တော်လှန်စစ်အခြေအနေအရပ်ရပ်ကို အစဉ်တစိုက် လေ့လာသုံးသပ်နေဖို့လည်း တိုက်တွန်းချင်ပါ တယ်။ အထူးသဖြင့် နွေဦးတော်လှန်ရေးဟာ လူထုတော်လှန်ရေးကို နိုင်ငံရေးအရ၊ စစ်ရေးအရ ပေါင်းစပ်ထားတာဖြစ်သလို၊ လူမှုတော်လှန်ရေးအနေနဲ့လည်း အသွင်ဖော်ဆောင်ထား နိုင်တာကို တွေ့ရပါတယ်။ ဒါ့ကြောင့် နယ်ပယ်တိုင်း ကဏ္ဍတိုင်းမှာ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်မှုတွေဟာ အင်မတန်များပြား ကျယ်ဝန်းတာကို တွေ့ရပါတယ်။ ” လို့ ယာယီသမ္မတ ဒူဝါလရှီးလက ပြောပါတယ်။

(၁၄၉) နှစ်မြောက် ကရင်နီအမျိုးသားနေ့အခမ်းအနားသို့ အမျိုးသားညီညွတ်ရေးအစိုးရမှ ပေးပို့သည့်သဝဏ်လွှာ ၂၀၂၄ ခုနှစ်၊ ဇွန်လ ၂၁ ရက်
+1
(၁၄၉) နှစ်မြောက် ကရင်နီအမျိုးသားနေ့အခမ်းအနားသို့ အမျိုးသားညီညွတ်ရေးအစိုးရမှ ပေးပို့သည့်သဝဏ်လွှာ ၂၀၂၄ ခုနှစ်၊ ဇွန်လ ၂၁ ရက်

တီမောလက်စ်တီနိုင်ငံ၏ သမ္မတ Jose Ramos Horta နှင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ ကိုယ်စားလှယ်အဖွဲ့ တွေ့ဆုံခြင်း ၂၀၂၄ ခုနှစ်၊ ဇွန်လ (၂၀) ရက် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာနှင့် ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာဇော်ဝေစိုးသည် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်နှင့်အတူ ဇွန်လ (၁၈) ရက်နေ့တွင် တီမောလက်စ်တီ ဒီမိုကရက်တစ် သမ္မတနိုင်ငံ၏ မြို့တော် Dili ရှိ သမ္မတနန်းတော်၌ တီမောလက်စ်တီ သမ္မတ Jose Ramos Horta အား ဂါရဝပြုတွေ့ဆုံခဲ့ပြီး မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေများအပါအဝင် နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်ရန် ကိစ္စရပ်များနှင့်စပ်လျဉ်း၍ (၂) နာရီခန့်ကြာအောင် ရင်းနှီးနွေးထွေးစွာ ဆွေးနွေးဖလှယ်ခဲ့ကြပါသည်။ တွေ့ဆုံမှုအပြီး၌ သတင်းစာရှင်းလင်းပွဲတစ်ရပ်ကျင်းပခဲ့ရာ ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာဇော်ဝေစိုးက "တီမောလက်စ်တီနိုင်ငံနှင့် သမ္မတနန်းတော်၌ ယခုလို ရောက်ရှိနေခြင်းသည် မိမိတို့အတွက် ဂုဏ်ပြုမှုတစ်ရပ်ဖြစ်ကြောင်း၊ သမ္မတကြီးနှင့် ဂါရဝပြုတွေ့ဆုံရာ၌ မြန်မာနိုင်ငံမှ တော်လှန်ရေးအင်အားစုများ စိုးမိုးထိန်းချုပ်ထားသော နယ်မြေများ၌ ကျန်းမာရေး၊ ပညာရေးနှင့် တော်လှန်ရေးကိစ္စရပ်များအကြောင်း၊ ထိုဒေသရှိ ပြည်သူများအတွက် မိမိတို့ ဆောင်ရွက်ပေးလျက်ရှိသော ဝန်ဆောင်မှုများအကြောင်းကို ဆွေးနွေးဖလှယ်ခဲ့ကြကြောင်း၊ ကျန်းမာရေးနှင့် ပညာရေးကိစ္စရပ်များအတွက် နှစ်နိုင်ငံကြား ပူးပေါင်းဆောင်ရွက်ရန် ဆွေးနွေးခဲ့ကြောင်း" ပြောကြားခဲ့ပါသည်။ ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်ကလည်း "မြန်မာပြည်သူများနှင့် မြန်မာ့တော်လှန်ရေး၏ ကိုယ်စား အသိပေးဆောင်ရွက်ပေးသည့် သမ္မတကြီးကို ကျေးဇူးတင်ရှိကြောင်း၊ မြန်မာစစ်တပ်၏ အာဏာသိမ်းမှုကို အဆုံးသတ်စေပြီး မြန်မာနိုင်ငံ၌ ဒီမိုကရေစီ ပြန်လည်ထွန်းကားစေရေးအတွက် စီးပွားရေးအရ ပိတ်ဆို့မှုများနှင့် သံတမန်ရေးအရ ဖိအားပေးမှုများကို လုပ်ဆောင်ရန် ဆက်လက်တောင်းဆိုကြောင်း၊ မိမိတို့ စိုးမိုးထိန်းချုပ်နိုင်သော ဒေသများလည်း ပိုမိုကျယ်ပြန့်လာကြောင်း၊ စိုးမိုးထိန်းချုပ်နယ်မြေသစ်များ၌ လူသားချင်းစာနာမှုအကူအညီများကို NUG အစိုးရက ထောက်ပံ့ပေးလျက်ရှိကြောင်း၊ အဓိကစိန်ခေါ်မှုမှာ အရပ်ဘက်ပြည်သူများအပေါ် အကြမ်းဖက်စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများ ဖြစ်ကြောင်း" ပြောကြားခဲ့ပါသည်။ တီမောလက်စ်တီ သမ္မတ Jose Ramos Horta ကလည်း "မိမိအနေဖြင့် အမျိုးသားညီညွတ်ရေးအစိုးရကို ကူညီဆောင်ရွက်ရန် သန္နိဋ္ဌာန်ချထားကြောင်း၊ အထူးသဖြင့် NUG ၏ သံတမန်ရေးရာကို ကမ္ဘာအနှံ့ ဖြန့်ကျက်နိုင်မှုကို ပိုမိုအားကောင်းစေရေးအတွက် အသိပေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း" ကတိပြုပြောကြားခဲ့ပါသည်။ ထို့နောက် မြန်မာကိုယ်စားလှယ်အဖွဲ့သည် တီမောလက်စ်တီ နိုင်ငံခြားရေး၀န်ကြီး Mr. Bendito Freitas နှင့်လည်း ၄င်း၏ ရုံးခန်းတွင် ရင်းနှီးစွာ တွေ့ဆုံဆွေနွေးခဲ့ကြပါသည်။

တီမောလက်စ်တီနိုင်ငံ၏ သမ္မတ Jose Ramos Horta နှင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ ကိုယ်စားလှယ်အဖွဲ့ တွေ့ဆုံခြင်း မှတ်တမ်းဓာတ
+3
တီမောလက်စ်တီနိုင်ငံ၏ သမ္မတ Jose Ramos Horta နှင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ ကိုယ်စားလှယ်အဖွဲ့ တွေ့ဆုံခြင်း မှတ်တမ်းဓာတ်ပုံ ၂၀၂၄ ခုနှစ်၊ ဇွန်လ (၂၀) ရက်

အမျိုးသားညီညွတ်ရေးအစိုးရ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ (၇၉)နှစ်ပြည့် မွေးနေ့ အထိမ်းအမှတ်အဖြစ် ပဲခူးရိ
+7
အမျိုးသားညီညွတ်ရေးအစိုးရ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ (၇၉)နှစ်ပြည့် မွေးနေ့ အထိမ်းအမှတ်အဖြစ် ပဲခူးရိုးမစစ်ဘေးရှောင်စခန်း၊ မကွေးခရိုင် အမှတ်(၂)တပ်ရင်း(ရေနံချောင်း PDF)၊ ရေနံချောင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ သရက်ခရိုင်တပ်ရင်း၊ အမှတ်(၁) စစ်ဒေသ တပ်ရင်း (၅၁၀)၊ ရန်ကုန်တိုင်းစစ်ဌာန တပ်ရင်း (၅၁၀၁) နှင့် ဟင်္သာတခရိုင်အမှတ်(၁) တပ်ရင်း တို့ကို အာဟာရဒါန ကျွေးမွေးလှူဒါန်းခြင်းများပြုလုပ်ခဲ့ပါသည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားညီညွတ်ရေးအစိုးရ https://www.nugmyanmar.org “အီဒုလ်အသွဟာ" ကုရ်ဘာနီစွန့်လွှတ်လှူဒါန်
+1
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားညီညွတ်ရေးအစိုးရ https://www.nugmyanmar.org “အီဒုလ်အသွဟာ" ကုရ်ဘာနီစွန့်လွှတ်လှူဒါန်းမှုအိးဒ်ပွဲတော်နေ့ အထိမ်းအမှတ် ပေးပို့သော သဝဏ်လွှာ ၂၀၂၄ ခုနစ်၊ ဇွန်လ (၁၇) ရက်

ပြည်သူများထံသို့ သတင်းစကား ၂၀၂၄ ခုနှစ်၊ ဇွန်လ (၁၅) ရက် “တကယ်တော့ ဒီအချိန်ဟာ အကြမ်းဖက်စစ်တပ်ရဲ့ အင်အားအချိနဲ့ဆုံးအချိန်လို့ ပြ
ပြည်သူများထံသို့ သတင်းစကား ၂၀၂၄ ခုနှစ်၊ ဇွန်လ (၁၅) ရက် “တကယ်တော့ ဒီအချိန်ဟာ အကြမ်းဖက်စစ်တပ်ရဲ့ အင်အားအချိနဲ့ဆုံးအချိန်လို့ ပြောလို့ရတဲ့ အချိန်ပါ။ ဘာကြောင့် ဒီလိုပြောတာလဲဆိုရင် တခေတ်တခါမှာမှ မကြုံခဲ့ဖူးတဲ့ ပြည်သူတွေရဲ့ စုပေါင်းအားနဲ့ နည်းမျိုးစုံ ဆန့်ကျင်ခဲ့ကြတာကြောင့်ပါပဲ” ဒူဝါလရှီးလ နိုင်ငံတော်ယာယီသမ္မတ အမျိုးသားညီညွတ်ရေးအစိုးရ (၁၃/၂၀၂၃) အစိုးရအဖွဲ့အစည်းအဝေး မိန့်ခွန်းကောက်နုတ်ချက်

ကြားကာလ ဖက်ဒရယ်ပညာရေးကောင်စီ ဖွဲ့စည်းပေါ်ပေါက်လာရေးအတွက် တိုင်းရင်းသား ညီနောင်မောင်နှမ နိုင်ငံရေးအင်အားစုများနှင့် ပညာရေးဆိုင
+1
ကြားကာလ ဖက်ဒရယ်ပညာရေးကောင်စီ ဖွဲ့စည်းပေါ်ပေါက်လာရေးအတွက် တိုင်းရင်းသား ညီနောင်မောင်နှမ နိုင်ငံရေးအင်အားစုများနှင့် ပညာရေးဆိုင်ရာအဖွဲ့အစည်းများအားလုံး အတူတကွ ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြပါရန် တိုက်တွန်းနှိုးဆော်လွှာ

အမျိုးသားညီညွတ်ရေးအစိုးရ ကျန်းမာရေးဝန်ကြီးဌာနက စိုးမိုးနယ်မြေများရှိ ဆေးရုံ၊ ဆေးခန်းပေါင်း ၇၀၀ ကျော်တွင် ကျန်းမာရေးစောင့်ရှော
+4
အမျိုးသားညီညွတ်ရေးအစိုးရ ကျန်းမာရေးဝန်ကြီးဌာနက စိုးမိုးနယ်မြေများရှိ ဆေးရုံ၊ ဆေးခန်းပေါင်း ၇၀၀ ကျော်တွင် ကျန်းမာရေးစောင့်ရှောက်မှုများပေးလျက်ရှိ - ပုံ - စိုးမိုးနယ်မြေများရှိ ဆေးရုံများတွင် အသေးစား၊ အကြီးစား ခွဲစိတ်မှုများ ပြုလုပ်နေပုံ

”အကြမ်းဖက်စစ်အုပ်စုအနေနဲ့ ယနေ့အချိန်ထိ အသိတရားမရှိဘဲ နည်းလမ်း ပေါင်းစုံ၊ ရှုထောင့်ပေါင်းစုံကနေ ပြည်သူလူထု နှင့် တော်လှန်ရေးအင
”အကြမ်းဖက်စစ်အုပ်စုအနေနဲ့ ယနေ့အချိန်ထိ အသိတရားမရှိဘဲ နည်းလမ်း ပေါင်းစုံ၊ ရှုထောင့်ပေါင်းစုံကနေ ပြည်သူလူထု နှင့် တော်လှန်ရေးအင်အားစုတွေကို တိုက်ခိုက်နိုင်ဖို့အတွက် စဥ်ဆက်မပြတ် ကြိုးပမ်းနေတာကြောင့် သူတို့ကို ပြင်ဆင်ချိန် အချိန်များများ ထပ်ပေးလို့မရဘူးဆိုတာ ကျွန်တော်တို့အားလုံး သဘောပေါက်နားလည်စွာနဲ့ ဒီနှစ်ကို ရုန်းကန်ကြရမှာ ဖြစ်ပါတယ်။” အမျိုးသားညီညွတ်ရေးအစိုးရ၏ အစိုးရအဖွဲ့ အစည်းအဝေး အမှတ်စဉ် (၁၈/၂၀၂၄) တွင်ပြောကြားခဲ့သော ပြည်ထောင်စုဝန်ကြီးချုပ်၏ မိန့်ခွန်းမှ #MahnWinnKhaingThann #MyanmarPrimeMinister #NationalUnityGovernment #TogetherWeWillWin

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားညီညွတ်ရေးအစိုးရ https://www.nugmyanmar.org “အကြမ်းဖက်စစ်အုပ်စုက အင်တာနက်ဖြတ်တောက်ခ
+1
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားညီညွတ်ရေးအစိုးရ https://www.nugmyanmar.org “အကြမ်းဖက်စစ်အုပ်စုက အင်တာနက်ဖြတ်တောက်ခြင်း၊ ပိတ်ဆို့ခြင်းတို့နှင့် စပ်လျဥ်း၍ ထုတ်ပြန်ကြေညာချက်” ၂၀၂၄ ခုနစ်၊ ဇွန်လ (၇) ရက်

The Republic of the Union of Myanmar National Unity Government https://www.nugmyanmar.org Statement Regarding Internet Shutdo
+1
The Republic of the Union of Myanmar National Unity Government https://www.nugmyanmar.org Statement Regarding Internet Shutdown by Terrorist Myanmar Military Council 8 June 2024

အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်နှင့် သြစတြေးလျနိုင်ငံ၊ South Australian
အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်နှင့် သြစတြေးလျနိုင်ငံ၊ South Australian Government Minister H.E. Zoe Bettison၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များဖြစ်သည့် the Honourable Tung Ngo MLC၊ the honourable John Fulbrook တို့နှင့်တွေ့ဆုံ https://mofua.nugmyanmar.org/article-details/amyaothanyinyutyaeasoya-naingngankhyayaewankyitaan-pyitaaungsuwankyi-dawzinmaaaungnhin-thystyelyanaingngan-pyinelwhattawkoesalhemyaa-totwesaon

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားညီညွတ်ရေးအစိုးရ ပညာရေးဝန်ကြီးဌာန ကြေညာချက်အမှတ် (၁၃/၂၀၂၄) ၂၀၂၄ ခုနှစ်၊ ဇွန်လ (၆) ရ
+1
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားညီညွတ်ရေးအစိုးရ ပညာရေးဝန်ကြီးဌာန ကြေညာချက်အမှတ် (၁၃/၂၀၂၄) ၂၀၂၄ ခုနှစ်၊ ဇွန်လ (၆) ရက် စာသင်ကျောင်းများကို ပစ်မှတ်ထားတိုက်ခိုက်ခြင်းနှင့် ပတ်သက်၍ ကြေညာချက်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားညီညွတ်ရေးအစိုးရ ပညာရေးဝန်ကြီးဌာန ကြေညာချက်အမှတ် (၁၃/၂၀၂၄) ၂၀၂၄ ခုနှစ်၊ ဇွန်လ (၆) ရ
+1
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားညီညွတ်ရေးအစိုးရ ပညာရေးဝန်ကြီးဌာန ကြေညာချက်အမှတ် (၁၃/၂၀၂၄) ၂၀၂၄ ခုနှစ်၊ ဇွန်လ (၆) ရက်

”တိုင်းပြည် စီးပွားရေး ပျက်ကပ်မှသည် စစ်အာဏာရှင်စနစ် ကျဆုံးခန်း ဆီသို့” မှာတင်ပြခဲ့သလို စစ်အုပ်စုအတွက် ဘဏ္ဍာရေးကဏ္ဍဘက် ပြိုလဲပ
”တိုင်းပြည် စီးပွားရေး ပျက်ကပ်မှသည် စစ်အာဏာရှင်စနစ် ကျဆုံးခန်း ဆီသို့” မှာတင်ပြခဲ့သလို စစ်အုပ်စုအတွက် ဘဏ္ဍာရေးကဏ္ဍဘက် ပြိုလဲပြီဆိုရင်တော့ စစ်ရေးကဏ္ဍ၊ အုပ်ချုပ်ရေးကဏ္ဍတွေပါ နလန်ထူဖို့ လွယ်ကူတော့မှာ မဟုတ်တဲ့အတွက် ကျွန်တော်တို့အားလုံးက ဟန်ချက်ညီညီ ရှေ့ဆက်နိုင်ကြဖို့ပဲ လိုအပ်မှာ ဖြစ်ပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရ၏ အစိုးရအဖွဲ့ အစည်းအဝေး အမှတ်စဉ် (၁၇/၂၀၂၄) တွင်ပြောကြားခဲ့သော ပြည်ထောင်စုဝန်ကြီးချုပ်၏ မိန့်ခွန်းမှ #MahnWinnKhaingThann #MyanmarPrimeMinister #NationalUnityGovernment #TogetherWeWillWin

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားညီညွတ်ရေးအစိုးရ https://nugmyanmar.org “အကြမ်းဖက်စစ်အုပ်စုက ရခိုင်ပြည်နယ်၊ စစ်တွေမ
+1
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားညီညွတ်ရေးအစိုးရ https://nugmyanmar.org “အကြမ်းဖက်စစ်အုပ်စုက ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ ဗျိုင်းဖြူရွာတွင် ကျူးလွန်ခဲ့သော အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုဖြစ်စဉ်နှင့်ပတ်သက်သည့် ထုတ်ပြန်ကြေညာချက်” ၂၀၂၄ခုနှစ်၊ ဇွန်လ (၃)ရက်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားညီညွတ်ရေးအစိုးရ www.nugmyanmar.org “ဝမ်းနည်းကြောင်း သဝဏ်လွှာ” ၂၀၂၄ခုနှစ်၊ ဇွန်လ ၁
+1
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားညီညွတ်ရေးအစိုးရ www.nugmyanmar.org “ဝမ်းနည်းကြောင်း သဝဏ်လွှာ” ၂၀၂၄ခုနှစ်၊ ဇွန်လ ၁ ရက်