Chindwin Reflexion(ချင်းတွင်းပုံရိပ်)
Open in Telegram
1 589
Subscribers
No data24 hours
-67 days
-3730 days
Posts Archive
ကနိမြို့နယ် ကျောင်းတကျောင်းတွင် ကံလေးငယ်များ သံချဆေးတိုက်ကျွေးခြင်းနဲ့ ဖက်ဒရယ်ပညာရေးအကြောင်း ဟောပြောပွဲကျင်းပခဲ့
➡️ ➡️ ➡️ ➡️ ➡️
ဒီဇင်ဘာ ၁၂ရက် ၂၀၂၃
ကနီမြို့နယ်နွေဦးတော်လှန်ရေးသပိတ်အင်အားစုမှ ဦးဆောင်၍ ကနီမြို့နယ် ပြည်သူ့အခြေပြုကျောင်း တစ်ကျောင်း၌ ဖက်ဒရယ်ပညာရေး အကြောင်းဟောပြောပွဲခဲ့ကြပါတယ်။
ထို့နောက် ကျောင်းကျန်းမာရေးအနေနှင့် ကျောင်းတက်နေကြသော ကျောင်းသားကျောင်းသူ (၇၉)ဦး ၊ အဆိုပါ ကျောင်းရှိရာ ရွာအတွင်းမှ ကလေးငယ် (၂၅)ဦးအား သံချဆေးများတိုက်ကျွေးခဲ့ကြသည်။
အဆိုပါကျောင်းတွင် စေတနာဝန်ထမ်းဆရာဆရာမ (၉)ဦးသည် KG မှ G5အထိ ပညာသင်ကြားပေးလျက်ရှိရာ ကျောင်းဆောင်ပြန်လည် တည်ဆောက်ရန်
အကူအညီ များလိုအပ်အလျက်ရှိကြောင်း သပိတ်အင်အာစုထံမှ သိရှိရပါတယ်။
အလောင်းတော်ကဿပ နယ်မြေသတင်း
ကနီမြို့နယ် ကျေးရွာ (၁၀)ရွာရှိ ကလေးငယ် ၁၂၇၅ ဦးအား သံချဆေးတိုက်ကျွေး
ဒီဇင်ဘာ ၈ ရက် ၂၀၂၃
(၇၅)နှစ်မြောက် အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့ကို ကြိုဆို ဂုဏ်ပြုသောအားဖြင့် ကနီမြို့နယ် နွေဦးတော်လှန်ရေးသပိတ်အင်အားစု နှင့် ဒေသခံပြည်သူများစုပေါင်း၍ ကနီမြို့နယ် ကျေးရွာ (၁၀)ရွာရှိ အသက်(၂-၁၂)နှစ် ရှိ ကလေးငယ်(၁၂၇၅)ဦးကို သံချဆေးတိုက်ကျွေးခဲ့ကြောင်း သိရှိရပါတယ်။
အလောင်းတော်ကဿပ နယ်မြေသတင်း
စခတပ်မှ ထွက်ပြေးလာသူများကို လေကြောင်းဖြင့် တိုက်ခိုက်၍ pdfများက ပြန်လည်းကယ်ထုတ်ပေးရ
ကနီမြို့နယ်မှာ စစ်ဘေးသင့်ကျောင်း ကျောင်းဆောင်သစ်ဖွင့်ပွဲ့ ယမန်နေ့က ပြုလုပ်ခဲ့
ဒီဇင်ဘာ ၃ရက် ၂၀၂၃
ကနီမြို့နယ် စစ်ဘေးသင့်ကျောင်းကျောင်းဆောင်သစ်ဖွင့်ပွဲကို ယမန်နေ့က ကျင်းပပြုလုပ်ခဲ့ပါတယ်။ အလှူရှင်ကတော့ အနာဂတ်အလင်းတန်းများအဖွဲ့ နဲ့ အညာပစ်တိုင်းထောင်လေးများ၏ ကျောင်းဆောင်အလှူ ဒို့ဝိုင်းကူကမ်ပိန်း ပါ။ မနေ့က ကျောင်းဖွင့်ပွဲမှာ ကလေး ၂၀၀ ကျော်ကို ကြာဇံဟင်းအလှူပေးလှူခဲ့ပြီး ဆရာကန်တော့ပွဲ တစ်ခုကိုလည်း ဆရာဆရာမ တစ်ဦးလျှင် နှစ်သောင်းနှုန်းနဲ့ ၁၇ ဦးစာပေးလှူခဲ့ကြောင်း သိရှိရပါတယ်။
အလောင်းတော်ကဿပ နယ်မြေသတင်း
ကနီမြို့နယ် ရွာသုံးရွာမှာ ၃ ညတိုင်တိုင် တော်လှန်ရေး ရုပ်ရှင်များ ပြသ၍ စစ်အာဏာရှင်ဆန့်ကျင်ရေးပြုခဲ့ကြ
ဒီဇင်ဘာ ၂ ရက် ၂၀၂၃
ကနီမြို့နယ် နွေဦးတော်လှန်ရေးသပိတ်အင်အားစု နှင့် ဒေသခံပြည်သူများဦးဆောင်၍ ကနီမြို့နယ်ကျေးရွာ(၃)ရွာတွင် (၃)ညတိုင် စစ်အာဏာရှင်ဆန့်ကျင်ရေးညသပိတ်နှင့် ေတာ်လှန်ရုပ်ရှင်ပြပွဲကို ကျင်းပပြုလုပ်ခဲ့ကြောင်း
ကနီမြို့နယ် နွေဦးတော်လှန်ရေးသပိတ်အင်အားစုထံမှ သိရှိရပါတယ်။
အလောင်းတော်ကဿပ နယ်မြေသတင်း
ရှမ်းမြောက်မှာ အမှန်တရားကို ရင်မဆိုင်ရဲတဲ့ သေမင်းနဲ့ ရင်ဆိုင်သွားရတဲ့ စစ်ခွေးများ
စခ အရာရှိများ ခုထိ စိတ်ထားမပြောင်းကြတဲ့အတွက် ကရင်နီဘက်မှာ အလောင်းဖြစ်သွား
ယယားပြည်နယ်မှာ စစ်ရှောင်များ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများ အရေးတကြီးလိုအပ်နေ
➡️➡️➡️➡️➡️
နိုဝင်ဘာ ၂၅ ရက် ၂၀၂၃
1027 operation ရဲ့ နောက်ဆက်တွဲအဖြစ် ကရင်နီပြည်နယ်မှာလည်း တော်လှန်ရေးအဖွဲ့များကလည်း ၁၁၁၁ အမည်ဖြင့် ပြင်းပြင်းထန်ထန်တိုက်ပွဲဝင်နေလျက် တော်လှန်ရေးအဖွဲ့များ အောင်ပွဲများရရှိထားသည်မှာလည်း အများအသိပင်ဖြစ်ပါတယ်။
ထိုကဲ့သို့ တိုက်ပွဲများ၊ အောင်ပွဲများနဲ့ အတူ ထိခိုက်မှုများလည်း ရှိတဲ့အတွက် လွုင်ကော်မြို့ပေါ်နှင့် နီးစပ်ရာ ဒီမောဆိုး၊ ကုန်းသာ၊ ငွေတောင်နှင့် ၆ မိုင် ဒေသများမှ ပြည်သူအများအပြား စစ်ရှောင်လျက်ရှိပါတယ်။ ထိုကဲ့သို့ စစ်ရှောင်ပြည်သူများဟာ စကစ အကြမ်းဖက်များထိန်းချုပ်ရာ လမ်းများမှ ဖြတ်သန်း၍ စစ်ရှောင်ခွင့် မပေးဘူးလို့ သိရှိရပါတယ်။ သို့အတွက်ကြောင့် တော်လှန်ရေးအဖွဲ့များ ထိမ်းချုပ်ရာနေရာများမှ ဖြတ်သန်းပြီး ညောင်ရွှေမြို့နယ် အင်းလေးဒေသသို့ ထွက်ပြေးလာကြရတယ်လို့ သိရှိရပါတယ်။
“ စစ်ခွေးတွေက မှော်ဘီလမ်းစုံက အဖြတ်မခံဘူးဗျ၊ အဲ့ဒါကြောင့် မဖြတ်ရဲကြဘူး၊ ဒါကြောင့် ပြည်သူ့ကာကွယ်တပ်တွေ ထိမ်းချုပ်နယ်တွေက ဖြတ်ပြေးခဲ့ရတာ”လို့ လွုင်ကော်မှ စစ်ရှောင် တဦးက ပြေပါတယ်။
ညောင်ရွှေမြို့နယ်မှ စစ်ရှောင်စခန်းအချို့မှာ-
၁။ မြို့မရန်ကုန်ကျောင်း(ညောင်ရွှေမြို့ပေါ်)= ၃၀၀ ဦး
၂။ မဟာရန်အောင်ဘုရား= ၁၃၅ ဦး
၃။ သာစည်ဓမ္မာရုံ= ၂၁၅ ဦး
၄။မြို့ဦးစေတီ(ရွှေဗောဓိ)= ၁၀၀ ဦး
၅။ ကံသားဓမ္မာရုံ=၅၁ ဦး
၆။ ရွှေဇာလီ= ၁၈၀ ဦး
၇။ ရွှေချမ်းသာ= ၁၀၂ ဦး
၈။ ဖောင်တော်သီ= ၉၄ ဦး
၉။ ဖောင်တော်ဆိပ် = ၆၃ ဦး
၁၀။ ဘုရားနီ(မိန်လီရပ်) = ၁၃၇ ဦး
၁၁။ မြစေတီ= ၄၀ ဦး
၁၂။ နှစ်ကျိန်ရှစ်ဆူဘုရား= ၅၉ ဦး
၁၃။ ကျောင်းတော်= ၁၅၀ ဦး
၁၄။ မိုင်းပျိုး၊ သိမ်းထောင့်နဲ့ နန်းသဲရွာများမှာ = ၃၀၀-၄၀၀ ဦး
စတဲ့ စခန်းများဟာ လက်လှမ်းမီသလောက်ဖြစ်တယ်လို့ ကူညီပေးနေသူ တဦးက ပြောပါတယ်။
တချို့နေလက်လှမ်းမမီတဲ့ စခန်းများလည်း အများကြီးရှိသေးလို့ သိရှိရပါတယ်။ စုစုပေါင်း ၁၂၀၀၀နှင့် ၃၀၀၀၀ ကြားမှာရှိနိုင်တယ်လို့ ကူညီပေးနေသူ တဦးက ပြောပါတယ်။
“ပြည်သူတွေက အဝတ်တထည် ကိုယ်တခုနဲ့ ထွက်ပြေးလာရတာဆိုတော့ အဝတ်အစားများအပြင် အစားအသောက်၊ ဆေးဝါးများလိုအပ်နေတယ်’လို့ စစ်ရှောင်များကို ကူညီပေးနေသူ တဦးက ပြောပါတယ်။
အလောင်းတော်ကဿပ နယ်မြေသတင်း
