Chindwin Reflexion(ချင်းတွင်းပုံရိပ်)
Open in Telegram
1 589
Subscribers
No data24 hours
-67 days
-3730 days
Posts Archive
ကြမ္မာဆိုးဝင်နေပြီဖြစ်သော စကစ ခေါင်းဆောင် မင်းအောင်လှိုင်ဟာ ခြေထောက်သံစူး၍ ယတြာချေနိုင်ရန် မုံရွာ သစ်တောရုံးကို ဥသြငှက် ၁၀ ကောင်းဆီးခိုင်းကြောင်း သိရှိရပါတယ်။
ပြည်သူကို ရက်ရက်စက်စက်သတ်ဖြတ်နေတဲ့ စစ်မိစ္ဆာကောင်များ ချင်ချင်း အကျိုးပေးပုံများ
ကနီမြု့နယ် အနောက်ခြမ်းတွင် နှစ်နှစ်ကျော်ကြာ တိမ်းရှောင်နေရတဲ့ နယ်ပြောင်း စစ်ရှောင်စခန်းတွင် စားရေး သောက်ရေး ခက်ခဲနေ
➡️ ➡️ ➡️ ➡️ ➡️
ဒီဇင်ဘာ ၃၁ရက် ၂၀၂၃
ကနီမြို့နယ်အတွင်း (၂)နှစ်ကျော်ကြာ လာရောက်တိမ်းရှောင်နေတဲ့
နယ်ပြောင်း စစ်ရှောင်စခန်းတစ်ခုဟာ စားရေး သောက်ရေး ခက်ခဲနေကြောင်း သိရှိရပါတယ်။ ပျူရွာ ၅၂ ရွာရှိတဲ့ မင်းကင်းနယ်မှ ကနီနယ်သို့ပြောင်းလာတဲ့ နယ်ပြောင်း စစ်ရှောင်များဖြစ်ကြပါတယ်။
ထိုစစ်ရှောင်စခန်းမှာ စစ်ရှောင်ဦးရေ ၁၇၈ ဦးရှိပါတယ်။ စစ်ရှောင်များဟာ သူတို့ရဲ့ နေအိမ်းများကို မီးရှို့တာ ခံထားရသည့်အပြင် မိသားစုဝင်းအချို့လည်း သတ်ဖြတ်ခံထားရပါတယ်။
“ပတ်ဝန်းကျင်ရွာများက တတ်နို်သလောက်တော့ ထောက်ပံ့ကြပါတယ်၊ ဒါပေမဲ့ ၂နှစ်တာကာလဆိုတော့ မတတ်နို်ကြဘူး၊ အဖွဲ့အစည်းအချို့က ထောက်ပံ့တာကလည် နည်းနည်းပါးပါးပဲရတော့ အစားအသောက် ခက်ခဲနေကြတယ်”လို့ ကိုယ်တိုင်သွားရောက် ကူညီခဲ့တဲ့ ကနီမြို့နယ် သပိတ်ကော်မတီအဖွဲ့မှ သိရှိရပါတယ်။
မူးရင်းရွာတွေက ပျူရွာတွေဖြစ်တဲ့အတွက် ပြန်လည်နေထိုင်ဖို့လည်း မလွယ်သေးဘူးလို့ သိရှိရပါတယ်။
ထိုကဲ့သို့ ပျူရှောင်စခန်းမျိုး ကနီနယ် အနောက်ခြမ်းမှာ အနည်းဆုံး ၂ ခုရှိတယ် လို့ သိရှိရပါတယ်။
စစ်ဘေးရှောင်အိမ်ထောင်စု(၄၄)စုအတွက် စောင်(၄၄)ထည် ၊ စစ်ရှောင်ကျောင်းသားကျောင်းသူ (၃၁)ဦးအတွက် စာအုပ် (၃၁)ဒါဇင်ကို လှူဒါန်းခဲ့ပြီး အသက်(၂-၁၂)အထိ
ကလေးငယ် (၅၁)ဦးကို သံချဆေးများတိုက်ကျွေးခဲ့ခြင်းကို
ကနီမြို့နယ် နွေဦးတော်လှန်ရေးသပိတ်အင်အားစုနှင့် အလှူရှင်များစုပေါင်းလှူဒါန်းခဲ့ကြောင်း သိရှိရပါတယ်။
အလောင်းတော်ကဿပ နယ်မြေသတင်း
ဒဏ်ရာရ ရဲဘော်များအား MOD ဝန်ကြီး ဦးရည်မွန်သွားရောက် အားပေးထောက်ပံ့ခဲ့
ဒီဇင်ဘာ ၃၁ ရက် ၂၀၂၃
ဒဏ်ရာရ တော်လှန်ရေးရဲဘော်များနှင့် ကာကွယ်ရေးဝန်ကြီး သွားရောက်တွေ့ဆုံ အားပေးပြီး ခွန်အားဖြည့်အစားအစာများ ဖြည့်စွက်ကျွေးမွေးရန် ဆေးရုံတာဝန်ရှိသူများထံသို့ လိုအပ်သည်များ ထောက်ပံ့ပေးခဲ့ကြောင်း
၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ (၃၀) ရက်နေ့တွင် ကာကွယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားပါတယ်။
အလောင်းတော်ကဿပ နယ်မြေသတင်း
သတင်းပုံ၊ MOD သတင်းစာမျက်နှာ
BNRA နဂါးဦးဆောင်တဲ့ တပ်ဖွဲ့က မြို့သိမ်းတိုက်ပွဲဆင်နွဲရန် ယင်းမာပင်မြို့ပေါ်မှ ပြည်သူများအား ခေတ္တရှောင်တိမ်းခိုင်းပြီး ဘာမှမလုပ်နိုင်သဖြင့် ပြည်သူများ စိတ်ပျက် အပြစ်ပြောနေနေ
➡️➡️➡️➡️➡️
ဒီဇင်ဘာ ၂၇ရက် ၂၀၂၃
လွန်ခဲ့တဲ့နိုဝင်ဘာ ၂၇ ရက်တွင် နဂါးဦးဆောင်တဲ့ BNRA အဖွဲ့နဲ့ အခြား ၄ ဖွဲ့တို့က ယင်းမာပင်မြို့သိမ်းတိုက်ပွဲ ဆင်နွဲရန် မြို့ပေါ်မှ ပြည်သူများအား ၁၀ ရက်အတွင်း ခေတ္တရှောင်တိမ်းရန် ထုတ်ပြန်ခဲ့ပါတယ်။ ထိုသို့ ထုတ်ပြန်ပြီး ပြည်သူများ အထိတ်တလန့်ဖြစ်ကြပြီး နီးစပ်ရာ ကျေးရွာများနဲ့ မုံရွာဘက်သို့ ရှောင်တိမ်းကြကြောင်း သိရှိရပါတယ်။ ၁၀ ရက်မက တလကာလ ရှိချိန်အထိ ဘာမြို့သိမ်းတိုက်ပွဲမှ ဖြစ်မလာတဲ့အတွက် ရှောင်တိမ်းနေရတဲ့ ပြည်သူများက စိတ်ပျက် အပြစ်တင်ပြောဆိုနေကြကြောင်း သိရှိပါတယ်။
“ တကယ် မလုပ်ဘဲနဲ့ ပြည်သူတွေ အထိတ်တလန့်ဖြစ်အောင် မလုပ်သင့်ဘူး”လို့ ရှောင်တိမ်နေတဲ့ ပြည်သူတဦးက ပြောပါတယ်။
“ ဒီကောင်က အလှူခံစားကောင်းအောင် လုပ်နေတာ, တကယ် တိုက်ချင် သိမ်းချင်ရင် ပုလဲနယ်က ပျူရွာတွေနဲ့ ပုလဲကို အရင်သိမ်းသင့်တယ်”လို့ ယင်းမာပင် pdf အဖွဲ့ ခေါင်းဆောင် တဦးက ပြေပါတယ်။
“ဒီကောင်က တကယ် မလုပ်ဘဲနဲ့ ဟန်ရေးပြနေတာပါ၊ တကယ်တော့ အစကတည်းက သူက ဖောက်ပြန်ရေးသမားပါ”လို့ ပုလဲနယ်မှ pdf တပ်ဖွဲ့ ခေါင်းဆောင် တဦးက ဆိုပါတယ်။
“နဂါးက ပြဿနာပဲ၊ PDF တွဲ့ မတိုက်ချင်ဘူး၊ အချို့တိုက်ပွဲတွေမှာဆိုရင် PDF မဟာမိတ်အဖွဲ့တွေက ရန်သူကို ကိုက် ၅၀၀/၆၀၀အတွင် ချည်းကပ်နေတာ၊ သူက နောက်က ကိုက် ၇၀၀/၈၀၀ မှ နေပြီး ဒရုန်းနဲ့ တိုက်သွားတာ၊ အဲ့လိုကျတော့ ရှေ့က အဖွဲ့တွေအနေနဲ့ လုပ်ရကိုင်ရ ခက်တယ်”လို့ ယင်းမာပင်ခရိုင် တပ်ပေါင်းစု ၁၁ ရင်းမှ တပ်ရင်းမှူး တဦးက ပြောပါတယ်။
ကနီနယ် တိုက်ပွဲ တခုမှာလည်း BRNR ရဲဘော်တဦးက အခြားတိုက်ပွဲဝင် PDFအဖွဲ့ ရှိရာကို လောင်ချာနဲ့ ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်သည့် ရုပ်သံအား တင်ပြခဲ့ပြီးဖြစ်ပါတယ်။
အလောင်းတော်ကဿပ နယ်မြေသတင်း
ကနီမြို့နယ်တွင် စစ်ဘေးရှောင်ကျောင်း တကျောင်းမှ ကျောင်းသူ/သားများနှင့်
သံချဆေးတိုက်ကျွေးခြင်းနဲ့ အာဟာရကျွေးမွေးခြင်းပြုလုပ်ခဲ့
ဒီဇင်ဘာ ၂၃ ရက် ၂၀၂၃
ကနီနယ်တွင် စစ်ဘေးရှောင်ကျောင်းတစ်ကျောင်းသို့ အလှူရှင်များ စုပေါင်းပြီး ကျောင်းအတွက်လိုအပ်နေတဲ့ အရာအချို့ကို ယနေ့ လှူဒါန်းပေးခဲ့ပါတယ်။
ကနီမြို့နယ် နွေ- ဦး- တော်- လှန်- ရေး- သပိတ်အင်အားစု မှ ကျောင်းအတွက် လိုအပ်နေသော စာရေးစားပွဲ(ဖိုက်ဘာ) (၁၂)လုံး၊ ဆရာ ဆရာမ (၄)ဦးအတွက် စောင် (၄)ထည် ၊ ကျောင်းသားကျောင်းသူများအား အာဟာရမုန့်များ၊ ကျောင်းကျန်းမာရေးအတွက် သံချဆေးတိုက်ကျွေးခြင်း များ ပြုလုပ်ခဲ့ပါတယ်။
အလှူရှင်များက ကြာဇံဟင်းအာဟာရ၊ ကျောင်းသုံး စာအုပ်နှင့် စာရေးကိရိယာများလှူဒါန်းပြီး ဆရာဆရာမများအတွက် မေတ္တာလက်ဆောင် ပစ္စည်းများပေးအပ်လှူဒါန်းခဲ့ကြပါတယ်။
အဆိုပါကျောင်းမှာ စေတနာ့ဝန်ထမ်း (၄)ဦးက ကျောင်းသားကျောင်းသူ (၆၀) ဦးကို ပညာသင်ကြားပေးနေကြောင်း သိရှိရပါတယ်။
အလောင်းတော်ကဿပ နယ်မြေသတင်း
ဗိုလ်နဂါး ဦးဆောင်တဲ့ BNRA ရဲဘော် တဦးမှ တိုက်ပွဲအတွင်း အခြား PDFတပ်ဖွဲ့များကို လုပ်ကြံပစ်ခတ် ရုပ်သံ
ဒီဇင်ဘာ ၂၀ရက် ၂၀၂၃
ဒီဖြစ်စဉ်ဟာ မကြာသေးခင်က ကနီနယ် ချင်းတွင်းမြစ်ကြောင်းမှာ သောင်တင်နတဲ့ စကစ အကြမ်းဖက်များအား မဟာမိတ်များစုပေါင်းတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။
ရုပ်သံပါ ရဲဘော်ဟာ ယင်းမာပင်နယ် အနောက်ခြမ်းမှာ အခြေစိုက်ပြီး နဂါးဦးဆောင်တဲ့ BNRA အဖွဲ့မှ ဖြစ်ပါတယ်။ဗိုလ်နဂါး ဦးဆောင်တဲ့ BNRA ရဲဘော် တဦးမှ တိုက်ပွဲအတွင်း အခြား PDFတပ်ဖွဲ့များကို လုပ်ကြံပစ်ခတ် ရုပ်သံ
ဒီဇင်ဘာ ၂၀ရက် ၂၀၂၃
ဒီဖြစ်စဉ်ဟာ မကြာသေးခင်က ကနီနယ် ချင်းတွင်းမြစ်ကြောင်းမှာ သောင်တင်နတဲ့ စကစ အကြမ်းဖက်များအား မဟာမိတ်များစုပေါင်းတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။
ရုပ်သံပါ ရဲဘော်ဟာ ယင်းမာပင်နယ် အနောက်ခြမ်းမှာ အခြေစိုက်ပြီး နဂါးဦးဆောင်တဲ့ BNRA အဖွဲ့မှ ဖြစ်ပါတယ်။
