en
Feedback
Chindwin Reflexion(ချင်းတွင်းပုံရိပ်)

Chindwin Reflexion(ချင်းတွင်းပုံရိပ်)

Open in Telegram

To promote Democracy and Human rights in Myanmar

Show more
1 589
Subscribers
No data24 hours
-67 days
-3730 days
Posts Archive
စစ်ပြေးဆိုတာ ဒါပြောတာ😂 ရိုဝင်ဂျာစခန်းပို့ပေးလိုက်ကြပါ

ရုပ်ရှင်ပြသ၍ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြခဲ့ ➡️ ➡️ ➡️ ➡️ ➡️ ဖေဖော်ဝါရီ ၃ရက် ၂၀၂၄ ကနီမြို့နယ် တွင် နွေဦးတော်လှန်ရေးသပိတ်အင်အ
+6
ရုပ်ရှင်ပြသ၍ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြခဲ့ ➡️ ➡️ ➡️ ➡️ ➡️ ဖေဖော်ဝါရီ ၃ရက် ၂၀၂၄ ကနီမြို့နယ် တွင် နွေဦးတော်လှန်ရေးသပိတ်အင်အားစုမှ ဦးဆောင်၍ ပြည်သူအင်အား အများအပြားဖြင့် တော်လှန် ရုပ်ရှင်ပြသရင်း စစ်အာဏာရှင်ဆန့်ကျင်ရေးလူထုသပိတ်ကို ကျင်းပပြုလုပ်ခဲ့သည်။ မသောက်မိသောမိုးခါးရေ၊ ဆန် ၊ သစ္စာ ၊ The Way စသည့် ဇာတ်ကားများကိုပြသခဲ့ကြောင်း သိရှိရပါတယ်။ အလောင်းတော်ကဿပ နယ်မြေသတင်း

ကနီနယ် အသံတိတ်သပိတ်နှင့် အဖြူရောင်ကမ်ပိန်းလှုပ်ရှား

ယမန်နေ့က ယင်းမာပင်မြို့နယ် နဘူးတောရွာ ဘန့်ဘွေးနဲ့ အကျိုးအကန်းကုန်းမှ စကစ အကြမ်းဖက်များနှင် ပျူများက နဘူးတောရွာမှ အိမ် ၅ လုံးကို မီးရှိ့၊ ပြည်သူပိုင်းပစ္စည်းများကို အဓမ္မယူဆောင်သွား၍ ပြည်သူတဦးကို သတ်ဖြတ်သွားခဲ့ ဇန်နဝါရီ ၃၁ ရက် ၂၀၂၄ ယမန်နေ့ ရွှေတောင်ဦး အနီး အောင်ဇေယျကွက်သစ်ခေါ် အကျိုးအကန်း စခန်းနှင့် ဘန့်ဘွေးရွာမှ စကစ အကြမ်းဖက်များနှင့် ပျူစောထီများ ယင်းမာပင်နယ် နဘူးတောကို ဝင်ရောက်မွှေးနှောက်ခဲ့ပါတယ်။ ထိုသို့ မွှေနှောက်ပြီး အရပ်သားပြည်သူ ၅ အိမ်းကို မီးရှို့ဖျက်ဆီးခဲ့ပြီး စတိုးဆိုင်များမှ ပစ္စည်းများကို အဓမ္မယူဆောင်သွားကြကြောင်း သိရှိရပါတယ်။ ပစ္စည်းအယူခံရတဲ့ ဆိုင်များကတော့ ဒေါ်သီတာ နဲ့ ဒေါ်မချိုတို့ ဆိုင်များဖြစ်ကြပြီး ဆိုင်တဆိုင်က သိန်း ၂၀ ဖိုးခန့်ပါသွားကြောင်း သိရှိရပါတယ်။ “ မဝင်တာ ကြာတော့ ဆိုင်တွေက များများဝယ်ထားမှာရယ်” လို့ ဒေသခံ ပြည်တဦးကပြောပါတယ်။ ဘန့်ဘွေးရွာမမှ တောပြင်မှာ နေတဲ့ ကိုကောက်စိ(ခေါ်) ကိုဇော်ထက်( ၂၄) နှစ်အား မုံရွာမှအပြန် ကွေ့ချောင်း မိဘမေတ္တာစတိုးအနီးမှာ စကစ အကြမ်းဖက်များက သတ်ဖြတ်ထားခဲ့ပါတယ်။ အလောင်းတော်ကဿပ နယ်မြေသတင်း

ထုတ်ပြန်ချက်
ထုတ်ပြန်ချက်

ယင်းမာပင်မြို့နယ် pdf ခေါင်းဆောင်ဗိုလ်သံမဏိရဲ့ မေတ္တာရပ်ခံစာနဲ့ပတ်သက်လို့ မြို့ခံ ပြည်သူများက အပြစ်တင် ဆဲဆိုနေကြကြောင်း သိရှိရ ➡️ ➡️ ➡️ ➡️ ➡️ ဇန်နဝါရီ ၃၀ရက် ၂၀၂၄ ယခုလ ၁၃ ရက်နေ့က ယင်းမာပင်မြို့နယ် pdfခေါင်းဆောင် ဗိုလ်သံမဏိက မေတ္တာရပ်ခံစာ တစောင်ထုတ်ပြန်ခဲ့ပါတယ်။ ထုတ်ပြန်ချက်မှာ- “စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်ခရိုင်၊ ယင်းမာပင်မြို့တွင်းရှိ မိဘပြည်များအနေဖြင့် အချိန်မရွေးတိုက်ပွဲဖြစ်ပွားလာနိုင်သည့်အတွက် တိုက်ပွဲများကြား အသက်မဆုံးရှုံးကြစေရန်အလို့ငှာ မြို့တွင်းမှ အမြန်ဆုံး ဘေးကင်းလုံခြုံရာသို့ ထွက်ခွါပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။မြို့တွင်းသို့ သွားလာနေကြသည့် စျေးသည်များ၊ ကားများ လုံဝ အဝင်အထွက် မပြုလုက်ကြရန် အထူး တားမြစ်လိုက်သည်။ အကယ်၍ လုက်နာခြင်းမရှိပါက တိုက်ပွဲများကြောင့် ဒဏ်ရာရရှိခြင်း၊ အသက်သေဆုံးခြင်းများဖြစ်ပေါ်လာပါက လုံးဝ တာဝန်ယူ ဖြေရှင်းပေးမည် မဟုတတ်ကြောင်း ထပ်လောင်း သတိပေးလိုက်သည် “လို့ တပ်မဟာအနေဖြင့် ဗိုလ်သံဏိက ထုတ်ပြန်ထားပါတယ်။ ထိုထုတ်ပြန်ချက်ကြောင့် ယင်းမာပင်မြို့ပေါ်မှ ပြည်သူများ စိုရိမ်ထိပ်လန့်ပြီး တော်တော်များများ ထွက်ခွါနေကြကြောင်းသိရှိရပါတယ်။ ပြည်သူများ ရှောင်ထွက်နေရသည်မှာ ၃ ပတ်ခန့်ကြာပြီမို့ ပြည်သူများ စားရေး သောက်ရေး နေရေးထိုင်ရေးများ အခက်အခဲများကြုံနေကြပါတယ်။ မကြာခင်က ဗိုလ်နဂါး ပြောဆိုတုန်းကလည်း တကြိမ် ပြည်သူများ ရှောင်ပေးခဲ့ရလို့ အခက်အခဲ ကြုံခဲ့ရပြီးဖြစ်ပါတယ်။ “ ဗိုလ်နဂါးထုတ်တော့ တကြိမ်၊ ခုဗိုလ်သံမဏိက တကြိမ်းထုတ်ပြန်ပြီ၊ ပြည်သူတွေက နေစရာမရှိဘူး၊ အမိန့်ထုတ်ပြီး ဘာမှ မလုပ်ရင် ပြည်သူပဲ ဒုက္ခရောက်တာရှိတာ၊ မလုပ်ဘဲ မထုတ်ပြန်သင့်ဘူး၊ တကယ် မတိုက်ဘဲ ပြောတော့ နဂါးတုန်းကလည်း ဆဲတယ်၊ ခုလည်း ပြည်သူတွေကတော့ အပြစ်တင် ဆဲဆိုနေကြတာ”လို့ မြို့ခံ ပြည်သူတဦးက ပြောပါတယ်။ ဗိုလ်သံမဏိ မေတ္တာရပ်ခံစာနဲ့ပက်သက်လို့ ဘာတွေကြားထားလဲ မေးရာ” ဆဲနေကြတာ”လို့ LPDF ခေါင်းဆောင်တဦးကလည်း ပြောဆိုပါတယ်။ ပြည်သူအများစုက တကယ် မလုပ်ဘဲ ယခုလို ကန့်သတ်မဲ့ ထုတ်ပြန်မှုမျိုး မပြုလုပ်စေခြင်ကြောင်း သိရှိရပါတယ်။ အလောင်းတော်ကဿပ နယ်မြေသတင်း

အကျိုးအကန်းကုန်းနဲ့ ဘန့်ဘွေးရွာမှ စခများဟာ နိဗ္ဗူးတောရွာကို မနက်ကတည်းက မီးရှို့နေကြောင်း သိရှိရပါတယ်။

ရွှေတောင်ဦးအနီး အောင်ဇေယျကွက်သစ်ခေါ် အကျိုးအကန်းကုန်မှ စခများနဲ့ ဘန့်ဘွေးမှ စများ နိဗ္ဗူတောရွာမှာ ရောက်ရှိနေကြောင်း သိရှိရ ဇန်နဝါရီ ၃၀ရက် ၂၀၂၄ ယနေ့ မနက် ၉ နာရီမတ်တင်းခန့်က အောင်ဇေယျကွက်သစ်ခေါ် အကျိုးအကန်းကုန်းမှာ စခများနဲ့ ဘန့်ဘွေးရွာမမှ စခများ နိဗ္ဗူးတောရွာမှာ ရောက်ရှိနေကြောင်း သိရှိရပါတယ်။ “ စရိတ်ပို့ထာထင်တယ်၊ အကျိုးအကန်းကုန်းကလည်း ဆင်း၊ ဘန့်ဘွေးက စခတွေလည်း ထွက်တယ်”လို့ ကာကွယ်ရေး အဖွဲ့ခေါင်းဆောင် တဦးကပြောပါတယ်။ အလောင်းတော်ကဿပ နယ်မြေသတင်း

စခများ ပြေးပေါက်မှား၍ မောင်းထုတ်ခံရ

ကနီမြို့နယ်တွင် ကလေးငယ် ၃၈၀၀၀ ကျော်အား လူထုလှုပ်ရှားမှုအသွင်ဖြင့် သံချဆေးဝါးတိုက်ကျွေးခြင်းများပြုလုပ်နိုင်ခဲ့ ➡️➡️➡️➡️➡️ ဇန်နဝါရီ ၂၅ ရက် ကနီမြို့နယ်တွင် နွေဦးတော်လှန်ရေးသပိတ်အင်အားစု နှင့်ဒေသခံပြည်သူများဦးဆောင်၍ ကလေးငယ် ၃၈၀၀၀ ကျော်အား လူထုလှုပ်ရှားမှု အသွင်ဖြင့် သံချဆေးတိုက်ကျွေးခြင်းများကို ပြုလိုနိုင်ခဲ့ကြောင်း သိရှိရပါတယ်။ အသက် (၂-၁၂)နှစ် ရှိ ကလေးငယ်များကို သံချဆေးတိုက်ကျွေးခဲ့ရာတွင် ၂၀၂၁ ခုနှစ် ကျေးရွာ ၁၂ ရွာမှ ကလေးငယ် (၁၃၀၀)ကျော်၊ ၂၀၂၂ ခုနှစ်တွင် ကျေးရွာ (၅၂)ရွာမှ ကလေးငယ် (၅၅၁၂)ဦး ၊ ၂၀၂၃ ခုနှစ်တွင် ကျေးရွာပေါင်း(၇၂)ရွာမှ ကလေးငယ် (၆၃၀၀)ဦး၊ ယခု ၂၀၂၄ ခုနှစ် ဇန်နဝါရီလတွင် ကနီနယ်ကျေးရွာအုပ်စု(၄၀)မှ ကလေးငယ် ၂၅၀၀၀ ဦးကို သံချဆေးဝါးများ တိုက်ကျွေးခဲ့နိုင်ခဲ့ကြောင်း နွေဦးတော်လှန်ရေး သပိတ်အင်အားစုမှ သိရှိရပါတယ်။ ဆေးဝါးများကို ပြည်တွင်းပြည်ပမှ အလှူရှင်းများစုပေါင်းလှူဒါန်းခဲ့ကြပါတယ်။ သံချဆေးဝါး တိုက်ကျွေးသည့်လူထုလှုပ်ရှားမှု့များတွင် CDM ကျန်းမာရေးဆိုင်ရာဝန်ထမ်းများ၊ CDM ပညာရေးဝန်ထမ်းများ စေတနာ့ဝန်ထမ်းများ၊ ကနီမြို့နယ် ပ.က.ဖ၊ ပ.အ.ဖ နှင့် ဒေသခံပြည်သူများ တတ်ကြွစွာ ပါဝင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ အလောင်းတော်ကဿပ နယ်မြေသတင်း

လေးစားပါတယ် ပြည်သူ့ရဲမေ
+1
လေးစားပါတယ် ပြည်သူ့ရဲမေ

စစ်ရာဇဝတ်ကောင်ဗျူဟာမှူးကို ဒဏ်ရာများနဲ့ AA ဖမ်းမိ
စစ်ရာဇဝတ်ကောင်ဗျူဟာမှူးကို ဒဏ်ရာများနဲ့ AA ဖမ်းမိ

ဘုရားဒကာ မင်းအောင်လှိုင်နဲ့ ခေါမ ကြူကြူလှတို့ 😂😜
+7
ဘုရားဒကာ မင်းအောင်လှိုင်နဲ့ ခေါမ ကြူကြူလှတို့ 😂😜

ဗျူဟာရင်းများနဲ့ ဝန်းကြီးဌာန ပြေလည်မှု ပြန်လည်ရရှိ ➡️ ➡️ ➡️ ➡️ ➡️ ဇန်နဝါရီ ၁၈ ရက် ၂၀၂၄ MOD ဝန်ကြီးနဲ့ ဗျူဟာရင်းများ ဆွေးနွေးမှု မပြေမလည်ဖြစ်ခဲ့ပြီး ဗျူဟာရင်းများက လက်နက်များကို လက်မခံဘဲ COCအောက်မှာ ထွက်ခွါဖွယ်ရှိတယ်လို့ ၁၃ ရက်နေ့က တင်ပြခဲ့ပါတယ်။ အဆိုပါကိစ္စနဲ့ပတ်သက်၍ ဒီအပတ်ထဲမှာ မြေပြင်မှ ညှိနှိုင်းရေးမှုနှင့် ‌ဗျူဟာရင်းများမှ ရင်းမှူးများ ဆွေးနွေးညှိနှိုင်းခဲ့ကြရာ ပြေလည်မှု ရရှိခဲ့တယ်လို့ သိရှိရပါတယ်။ ဝန်ကြီးဌာနမှ တပ်ဆင်ပေးမည့် လက်နက်များကိုလည်း လက်ခံကြမယ်လို့ သိရှိရပါတယ်။ “မြေပြင်ခန့်ထားတဲ့ ညှိနှိုင်းရေးမှုနဲ့ ဆွေးနွေးတာ အဆင်ပြေပါတယ်ဗျ၊ ချပေးမည့် လက်နက်တွေလည်း လက်ခံကြမယ်၊ COCအောက်က ထွက်ဖို့လည်း မရှိပါဘူးဗျ၊ စိတ်ဆိုးတုန်း ခဏ ကလေးနဲ့ မိဘလို့ ဖြစ်တာပါ၊ မျှော်လင့်ထားတာက များပြီး မျှော်လင့်ထားတဲ့အတိုင်း ဖြစ်မလာတော့ စိတ်ဆိုးကြတာပါ”လို့ ဗျူဟာမှုး တဦးက ပြောပါတယ်။ အလောင်းတော်ကဿပ နယ်မြေသတင်း

MOD ဝန်ကြီး ဦးရည်မွန်၏ လူကြီးမဆန်တဲ့ စကားကြောင့် ယင်းမာပင်ခရိုင် ဗျူဟာများနဲ့ ခရိုင်တပ်ပေါင်းစု ၁၁ ရင်းမှ တပ်ရင်းများဟာ MODရဲ့ COCအောက်မှ ထွက်ခွါဖွယ်ရှိနေ ➡️ ➡️ ➡️ ➡️ ➡️ ဒီဇင်ဘာ ၁၃ ရက် ၂၀၂၄ ပြီးခဲ့ တပတ်ခန့်က ယင်းမာပင်ခရိုင် ဗျူဟာရင်းများလက်နက်တပ်ဆင်ရေးအတွက် အွန်လိုင်းဆွေးနွေးပွဲပြုလုပ်ခဲ့ပါတယ်။ ထိုဆွေးနွေးပွဲတွင် ဝန်းကြီး ဦးရည်မွန်၊ ဗျူဟာမှူးများအပြင် ရင်းမှူး/ဒုရင်းမှူးများလည်း ပါဝင်ခဲ့ကြပါတယ်။ ဗျူဟာအတွက် သင်တန်းပြီးရင် လက်နက်အလက် ၃၀ တပ်ဆင်ပေးမယ်လို့ ဝန်ကြီးဌာနက ပြောဆိုထားသော်လည်း တကယ့်လက်တွေ့မှာ ၁၀ လက်သာ တပ်ဆင်ပေးမလို့ ဝန်ကြီး ဦးရည်မွန်က ပြောဆိုလာတဲ့အတွက် ရင်းမှူးများနှင့် ဗျူးဟာမှူးများက မူလပြောဆိုထားတဲ့အတိုင်း ချပေးဖို့ ပြောဆိုရာမှ စကားအခြေအတင်ဖြစ်ခဲ့ပါတယ်။ ပြည်သူတင်မြှောက်ထားတဲ့ ဝန်ကြီး ဦးရည်မွန်က လူကြီးမဆန်ဘဲ အရပ်ထဲ ငါးစိမ်းသည်ဆန်ဆန် ပြောဆိုတယ်လို့ သိရပါတယ်။ “ခင်များတို့ လက်နက်မကျလို့ ထွက်မယ်ဆိုလည်း ကျွန်တော်က တားပိုင်ခွင့်မရှိပါဘူး”လို့ ဝန်ကြီးကပြောကြောင်း LPDF အဖွဲ့ခေါင်းဆောင်တဦးက ဆိုပါတယ်။ “ သို့အတွက်ကြောင့် လက်နက် ချပေးရင်လည်း ဗျူဟာမူးများက လက်ခံတော့မှာ မဟုတ် သလို MOD ရဲ့ COCအောက်မှ ထွက်ခွါကြမည့် အနေအထားရှိနေကြောင်း သိရှိရပါတယ်။ “MOD ချပေးတဲ့ လက်နက်လည်း မယူတော့ဘူးတဲ့ ရှိတာနဲ့ပဲ တိုက်မယ်တဲ့”လို့ ဗျူဟာမှူး တဦးက အတည်ပြု ပြောဆိုပါတယ်။ ဗျူဟာရင်များမှာ ပါဝင်ကြတဲ့ ယင်းမာပင် တပ်ပေါင်းစု ၁၁ ရင်းမှ တပ်ဖွဲ့အချို့ဟာလည်း MOD ကွက်ကဲမှုအောက်မှ နုတ်ထွက်ဖို့ရှိကြောင်း သိရှိရပါတယ်။ “ယမပ တပ်ပေါင်းစု ၁၁ ရင်းလည်း MOD လက်အောက် နှုတ်ထွက်ကြမယ်၊ နောက်ပြီး သူတို့ရွာတွေမှာ ရှိတဲ့ ပအဖ၊ ပကဖပါ နှင်မယ်လို့ ကြားတယ်၊ နောက် ၁/၂ ရက်ဆိုရင် အဖြေသိရလောက်တယ်”လို့ LPDF အဖွဲ့ ခေါင်းဆောင်တဦးက ပြောပါတယ်။ ထိုကိစ္စနဲ့ ပတ်သက်လို့ - “လက်နက်ကိုင်ထားရင် အုပ်ချုပ်ရေးပါ လုပ်ချင်လာကြတာ, တော်လှန်ရေးရဲ့ ဆန့်ကျင်ဘက်အတွေးတွေဆိုတာ နားမလည်းကြဘူး၊ ဝန်ကြီးနဲ့ အဆင်မပြေလို့ လက်နက်ရလိုမှုကြောင့်တော့ တော်လှန်ရေး ဦးတည်းချက် သွေဖယ်မသွားသင့်ဘူး, အခြားနည်းနဲ့ ဖိအားပေးသင့်တယ်၊ နောက်ပြီး ဝန်ကြီးဌာနအနေဖြင့်လည်း ပေါ့ပေါတန်တန် သဘောမထားပဲ အချိန်မီ ဆွေးနွေးအဖြေရှာဖို့လိုတယ်”လို့ ဗျူဟာမှာ မပါဝင်တဲ့ ရင်းမှူးတဦးက သုံးသပ်ပြောဆိုပါတယ်။ အလောင်းတော်ကဿပ နယ်မြေသတင်း

ထောင် ၁၀ နှစ် ချခံလိုက်ရတဲ့ ဗိုလ်ချုပ်ဟောင်း မြတ်သက်ဦး
ထောင် ၁၀ နှစ် ချခံလိုက်ရတဲ့ ဗိုလ်ချုပ်ဟောင်း မြတ်သက်ဦး

မကြူ နဲ့ မအလအတွက် အသေခံသွားတဲ့ သူတောင်းစားများ😂
မကြူ နဲ့ မအလအတွက် အသေခံသွားတဲ့ သူတောင်းစားများ😂

Chindwin Reflexion(ချင်းတွင်းပုံရိပ်) - Statistics & analytics of Telegram channel @chindwinreflexion