Chindwin Reflexion(ချင်းတွင်းပုံရိပ်)
Open in Telegram
1 589
Subscribers
No data24 hours
-67 days
-3730 days
Posts Archive
+3
လက်နက်မဲ့ ပြည်သူကို သေရဲရင်ထွက်ခဲ့ဆိုတဲ့ကောင်တွေ ခုတော့ မင်းကိုယ်တိုင်ပါလား 😜
+8
ကနီမြို့နယ် ရေဘေးသင့်ပြည်သူများကို ဆန်လှူဒါန်း
ဇူလိုင် ၁၄ ရက် ၂၀၂၄
ကနီမြို့နယ်တွင် ကျေးရွာပေါင်း ၅၀ ခန့်ရေဝင်ရောက်လျက်ရှိပြီး
ဝက်ချောင်းလေး၊ ကနဲ ၊ အင်းလယ်ချောင် မင်းအို အိုင်တောင်၊ ကင်း၊ ယင်း ကျောက်လှေကား အစရှိရွာများမှာ အတော် ဆိုးတဲ့ အခြေအနေရှိတယ်လို့ သပိတ်အင်အားစုမှ သိရှိရပါတယ်။
ကနီ နွေဦးတော်လှန်ရေး အင်အားစုအဖွဲ့က ကနီမြို့နယ် ရေဘေးသင့် အိမ်ထောင်စု ၈၆ စုအတွက် တစ်အိမ်ထောင် ဆန် ၂ ပြည်နှုန်း သွားရောက်လှူဒါန်းခဲ့ကြောင်း သိရှိရပါတယ်။
အလောင်းတော်ကဿပ နယ်မြေသတင်း
+4
အညာဒီလှိင်းအထက်တန်းကျောင်းမှာ Grade – 12 အတန်းအတွက် စာသင်ဆောင် တဆောင်လိုအပ်နေ
➡️ ➡️ ➡️ ➡️ ➡️
ဇူလိုင် ၆ ရက် ၂၀၂၄
ဘုတလင်မြိုနယ် အနောက်ခြမ်းတွင် အညာဒီလှိင်း(Democratic Tide of Upper Myanmar)အဖွဲမှ ဘုန်းတော်ကြီးကျောင်းတွင် ဖွင့်လှစ်ထားတဲ့ အထက်တန်းကျောင်းတွင် Grade – 12 အတန်းအတွက် စာသင်ဆောင် တဆောင်လိုအပ်နကြောင်း သိရှိရပါတယ်။
ထိုအတက်တန်းကျောင်းကို ၁၆.၃.၂၀၂၂မှ စတင် ဖွင့်လှစ်ခဲ့ပါတယ်။ ကျောင်းစတင်ဖွင့်လှစ်ချိန်မှာ CDM ဆရာမ ၃ ဦး စေတနာ့ဝန်ထမ်း ၁၈ဦး စုစုပေါင်း ၂၁ ဦးဖြင့် ဖွင့်လှစ်ခဲ့ပြီး ယခုလက်ရှိတွင် ဆရာ/မ ၄၂ ယောက်တိုဖြင့် Grade-11 အတန်းထိ ကျောင်းသူ/သား ၂၀၀ကျော်ကို သင်ကြားပေးလျက်ရှိပါတယ်။
၁.၈.၂၀၂၄ မှာ Grate-12 အတန်းထိ ဖွင့်လှစ်သင်ကြားသွားမှာဖြစ်ပါတယ်။ သိုအတွက်ကြောင့် ထိုအတန်းအတွက် (ထန်းလက်မိုး၊ အုပ်ကြမ်းခင်း၊ အကာမပါ) စာသင်ဆောင် တဆောင်လိုအပ်လျက်ရှိကြောင်း ဦးဆောင်းပေးနေတဲ့ ဆရာတော်တပါးက ပြောပါတယ်။
အင်တာနက်မရတဲ့အတွက် အကူအညီအထောက်အပံ့များ ရရှိမှုနည်းပါးကြောင်းသိရှိရပါတယ်။
စေတနာရှင်ပြည်သူများအနေဖြင့်လည် ဝိုင်းကူညီပေးကြဖို တိုက်တွန်းအပ်ပါတယ်။
အလောင်းတော်ကဿပ နယ်မြေသတင်း
၁၀၁၄ လေကြောင်းရန်ကာကွယ်ရေးတပ်အား pdfများ တိုက်ခိုက်သိမ်းယူမှု
နမခ ကာကင်းအား ခြေမှုန်းသုတ်သင်ရုပ်သံ
ခရက်ဒစ် ဗျတ်တညီနောင်တီလီဂရမ်ချန်နယ်
အလောင်းတော်ကဿပမှ အများပြည်သူပိုင် CDM ဆင် ၃၆ ကောင်နဲ့ ထိန်းသိမ်းစောင့်လျှောက်နေတဲ့ ဝန်ထမ်းများ အကူအညီများလိုအပ်နေ . .
နွေဦးတော်လှန်ရေးကာလမှာ နွေဦးမောင်မောင်၊ နွေဦးမေ၊ မိရှုပ် နှင့် မေစုနိုင် အစရှိတဲ့ ဆင်ငယ်များပေါက်ဖွားထား - -
⏩ ⏩ ⏩ ⏩ ⏩
မေ ၂ရက် ၂၀၂၄
အလောင်းတော်ကဿပသည် ယင်းမာပင်ခရိုင်အတွင်းတွင် တည်ရှိသည်။ ထိုဒေသတွင် ဆင် ၃၆ ကောင်နဲ့ ဆင်ထိန်းသိမ်းစောင့်လျှောက် ဝန်ထမ်း ၃၀ ခန့်ရှိကြောင်း သိရှိရသည်။
၂၀၂၁ အာဏာသိမ်းပြီးနောက် ဆင်နဲ့ မိသားစုဝင်းများလည်း CDM ပြုလုပ်ခဲ့ကြောင်းလည်း သိရှိရသည်။
ဆင်များနဲ့ ဝန်ထမ်းများဟာလည်း CDMမှာ ပါဝင်ရုံမျှမက တပ်ရင်းတပ်ဖွဲ့များအတွက် သယ်ယူပို့ဆောင်ရေးကဏ္ဍမှာ တော်လှန်ရေးတာဝန်များကိုလည်း တဖက်တလမ်းမှ ထမ်းဆောင်လျက်ရှိကြောင်း တပ်ဖွဲ့ဝင် တဦးထံမှ သိရှိရပါတယ်။
နွေဦးတော်လှန်ရေးကာလမှာ နွေဦးမောင်မောင်၊ နွေဦးမေ၊ မိရှုပ် နှင့် မေစုနိုင် အစရှိတဲ့ ဆင်ငယ်များ ပေါက်ဖွားထားကြောင်း သိရှိရပါတယ်။
ဆင်းများကို လည်ချောင်းကာကွယ်ဆေး၊ မေးခိုင်ကာကွယ်ဆေး၊ ဒေါင်းသန်းရောဂါကွာကွယ်ဆေး ထိုးပေးရတယ်လို့ သိရှိရပါတယ်။ ဆေးဝါး မပြည့်စုံလို့ ဆင်ပေါက်လေး တကောင်း သေးဆုံးသွားကြောင်း ဝမ်းနည်းဖွယ်သိရှိရပါတယ်။
“စကစ လက်အောက်ခံ ဝန်ကြီးဌာနက ဆက်သွယ်တယ် ကျနော်တို့က ပြန်မဆက်သွယ်ဘူး၊ ကျနော်တို့ လုပ်ဆောင်ချက်တွေကို မှတ်တမ်းလိုချင်နေတာ”လို့ ဆင်းစခန်း ဦးဆောင်သူ ဦးဌေးအောင်က ပြောပါတယ်။
ဆင်ထိန်းဝင်ထမ်းများဟာ လစာမရဘဲ ပြည်သူပိုင် ဆင်များကိုထိန်းသိမ်းစောင်လျှောက်နေရတဲ့အတွက် အပြင်ဝင်ငွေရမည့် အလုပ်လည်း မလုပ်နိုင်ကြဘူးလို့ သိရှိရပါတယ်။
“ကျနော်တို့က ဆင်အတွက်တင် မကဘူး၊ ဆင်ထိန်း မိသားစုအတွက်ပါ စာဝတ်နေရေး အတွက် အကူအညီလိုတယ်ဗျ၊ ကျနော်တို့ ဝန်ထမ်းအိမ် ၄ လုံးလောက်လည်း စစ်တပ်မီးရှို့ထဲ ပါသွားတယ်၊ အစောကတော့ ဝန်ကြီးဌာနက ကမ်ပိန်းလုပ်ပြီးထောက်ပံ့ပေးဖူးတယ်, ဒါပေမဲ့ မိသားစုတွေက အစားအေသာက်၊ ကျန်းမာရေး၊ ကလေးတွေအတွက် ပညာရေး အစ အကုန်ဒီအပေါ်မှာ မှီတည်နေရတာဆိုတော့ အတော် ခက်ခဲတယ်ဗျ”လို့ ဦးဌေးအောင်က ဆက်ပြောပါတယ်။
ဆင်များဟာ ပြည်သူတို့အတွက် ဘက်ပေါင်းစုံမှ အတော် အသုံးဝင်သော သတ္တဝါများဖြစ်ကြပါတယ်။ သယ်ယူပို့ဆောင်ရေး၊ ထွက်ယက်စိုက်ပျိုးခြင်းအပြင် တော်လှန်ရေးပြီးပါက ပြည်တွင်းပြည်ပ ခရီးသွားလာရေးလုပ်ငန်းအတွက် အဓိက အခန်းကဏ္ဍမှ ပါလိမ့်မည်ဖြစ်ပါတယ်။
ထိုကဲ့သို့ အများပြည်သူများအတွက် ပြည်သူ့သက်ရှိသယံဇာများ ရေရှည်ထိန်းသိမ်းစောင့်လျှောက်နိုင်အောင် ပြည်သူများအနေဖြင့် တတ်နိုင်သမျှ ကူညီထောက်ပံ့ကြဖို့လည်း တိုက်တွန်းအပ်ပါတယ်။
ပါဝင်ထောက်ပံ့လိုပါက အောက်ပါ NUG payမှာ ပါဝင်လှူဒါန်းနိုင်ပါတယ်။
အလောင်းတော်ကဿပ နယ်မြေသတင်း
အလောင်းတော်ကဿပ ကျောက်ဂူတံခါးနှင့် ပသက်၍ ရုပ်သံဖိုင်မှာ ရေးသားဖော်ပြထားသလို့ ဖြစ်စဉ် မရှိကြောင်း လုံခြုံရေးတာဝန်ယူထားသောအဖွဲ့မှ ထုတ်ပြန်
ဧပြီ ၂၉ ရက် ၂၀၂၄
အလောင်းတော်ကဿပ ကျောက်ဂူတံခါးမှ ရွှေများကို မသမာသူများက ခွာယူထားသယောင် ဖော်ထားသည်များကို တွေ့ရတယ်။ သို့အတွက်ကြောင့် သတင်းဌာနအနေဖြင့် သက်ဆိုင်ရာ အဖွဲ့များကို ဆက်သွယ်မေးမြန်းထားပါသည်။ ရုပ်သံဖိုင်မှာ ကိုဗစ်မတိုင်မီနှင့် ယခုအခြေအနေကို နှိုင်းယှဉ်ဖော်ပြထားသည်ဟု သိရှိရသည်။
အလောင်းတော်ကဿနယ်မြေတွင် လက်ရှိမှာ သံဃာတော် ၆ ပါးအပြင် ယင်းမာပင်ခရိုင်တပ်ရင်း ၃၆ တပ်ဖွဲ့ဝင်များနှင့် သစ်တောနှင့် သံယာဇာတဝန်ကြီးဌာမှ ဆင်ထိန်းဝန်ထမ်း ၃၀ ကျော် စောင့်လျှောက်လျက်ရှိကြောင်း သိရှိသည်။ ၂၀၂၁ မှ ၂၀၂၂ အထိ စုပေါင်းတာဝန်ယူ စောင့်လျှောက်ခဲ့ကြပြီး ၂၀၂၃တွင် တပ်ရင်း ၃၆ မှ တာဝန်ယူထားလျက်ရှိကြောင်း သိရှိရသည်။
မအလ အာဏာ မသိမ်းခင်အထိ အလောင်းတော်ကဿပဂေါပကအဖွဲ့က စီမံအုပ်ချုပ် စောင့်လျှောက်ခဲ့ကြောင်း သိရှိရသည်။ ထိုအဖွဲ့ရဲ့ လုပ်ရိုး လုပ်စဉ်မှာ -
နှစ်စဉ်နှစ်တိုင်း ဘုရားဖူးရာသီချိန် အစတွင် ကျောက်ဂူကို ရွှေမှင်သုတ်ပြီးကြည်ညိုဖွယ် မွမ်းမံပေးရသည်။ ထိုရွှေမှင်များအပေါ်တွင် ဘုရားဖူးဧည့်သည်များက ရွှေသင်္ကန်းကပ်လှူကြသည်။ ထိုရွှေသင်္ကန်းများကို ပထမလတွင် တကြိမ် ဝါဂွမ်းဖြင့် ပွတ်ယူ သိမ်းဆည်းသည်။ အလယ်လ ဒုအကြိမ်းနှင့် တန်ခူးလမှာ နောက်ဆုံး တ-အကြိမ်းဝါဂွမ်းဖြင့် ပွတ်ယူသိမ်းဆည်းပြီး ဘုရားဂေါပက အဖွဲ့က ရန်ပုံငွေအဖြစ် လေလံတင်ရောင်းချမြဲဖြစ်ကြောင်း သိရှိရသည်။( ထိုသို့ရောင်းချပြီး ဘဏ်မှာ အပ်နှံတဲ့အတွက် စကစရဲ့ ကျည်ဆန်ဖိုးဖြစ်သွားလောက်ပြီဖြစ်ကြောင်း ခန့်မှန်းရသည်)။
ဘုရားဖူးရာသီချိန်အတွင်း ဘုရားဖူးပြည်သူများမှ ကပ်လှူကြသော ရွှေသင်္ကန်းများကို ပထမလတွင် ပထမတကြိမ်ဝါဂွမ်းများဖြင့်ပွတ်ယူပြီးသိမ်းဆည်းခြင်း၊
ဒုတိယလတွင် ဒုတိယအကြိမ်ရွှေသင်္ကန်းများကို ဝါဂွမ်းများဖြင့်ပွတ်ယူသိမ်းဆည်းခြင်း၊
ဘုရားဖူးရာသီနောက်ဆုံးလတွင် တကြိမ်ရွှေများကို ဝါဂွမ်းဖြင့်ပွတ်ယူ သိမ်းဆည်းပြီး၊ အစိုးရအဆက်ဆက် ဘုရားဂေါပကအဖွဲ့များက အလောင်းတော်ကဿပ ရန်ပုံငွေအဖြစ် လေလံတင် ရောင်းချမြဲ ဖြစ်ပါသည်။
ထိုကဲ့သို့ သိမ်းဆည်း မယူပါကလည်း မိုးရာသီ ရေများသောအခါ ရေတိုက်စား၍ အချည်းနှီးဖြစ်သွားမည်ဟု သိရှိရသည်။ ထိုအခြေအနေကို ဘုရားရောက်ဖူးသူတိုင်း သိရှိနိုင်သည့် အနေအထားဖြစ်သည်ကို သိရှိရသည်။
ဒီနှစ် တပ်ရင်းနှင့် ဒေသခံများက သံဃာတ်ောများကို ပင့်ဖိတ်ပြီး ဘုရားအနေကဇာတင်ခြင်းနှင့် ဆွမ်းဆန်စိမ်းလောင်းပွဲကို 2024 ဖေဖော်ဝါရီလပိုင်းတွင် ကျင့်ပခဲ့ကြောင်းလည်း သိရှိရသည်။ အာဏာ မသိမ်းခင် တာဝန်ထမ်းဆောင်ခဲ့သော ဂေါပက အဖွဲ့ဝင်တဦးဦးကို မေးမြန်းတင်ပြနိုင်ဖို့ ကြိုးစားနေပါသည်။
အလောင်းတော်ကဿပ နယ်မြေသတင်း
တ္တရာမြိုနယ် စစ်မိစ္ဆာဗိုလ်မှူးတကော သေနတ် ၄ ချက်ပစ်ခံရပြီး သေဆုံး
KIA အဖွဲ့တွေ အရှင်ဖမ်းမိတဲ့ စစ်မိစ္ဆာ အကောင်းကြီးတကောင်(ကြည့်ရတာ အရသာ အတော်ရှိ😅)
မအလ မိသားစုအတွက် အသက်ပေးသွားသော စစ်မိစ္ဆာကောင်များ(ပုံ။ ရခိုင်ပြည်နယ်)
အညံ့ခံရင် အသက်ရှင်နိုင်သားနဲ့ မအလ အပေါ် သစ္စာ ရှိတဲ့ကောင်တွေ ခုတော့ သေကုန်ပြီ (ဖြစ်စဥ် ရခိုင်ပြည်နယ် ပုဏ်ဏားကျွန်း)
