5 345
Subscribers
-624 hours
-237 days
-7830 days
Posts Archive
5 344
+6
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် နိုင်ငံတော်အစိုးရ၏ ရက် ၁၀၀ စီမံချက်ကာလအတွင်း မြန်မာအာကာသအေဂျင်စီ(MSA)မှ ဆောင်ရွက်ပြီးစီးခဲ့သည့် နည်းပညာလုပ်ငန်းများအပ်နှံခြင်းနှင့် လက်တွေ့သရုပ်ပြခြင်း အခမ်းအနားသို့ တက်ရောက်၍ သုံးသပ်လမ်းညွှန်မှာကြား
မိမိတို့နေထိုင်သည့် ကမ္ဘာကြီးသည် နေ့စဉ်နှင့်အမျှ တိုးတက်ပြောင်းလဲနေသဖြင့် အာကာသနည်းပညာဆိုင်ရာများကို မဖြစ်မနေသိရှိနားလည်ရမည်၊ အကျိုးရှိအောင် အသုံးချနိုင်ရမည်ဖြစ်
နေပြည်တော်၊ဇူလိုင် - ၂၇
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်အစိုးရ၏ ရက် ၁၀၀ စီမံချက်ကာလအတွင်း မြန်မာအာကာသအေဂျင်စီ(MSA)က ဆောင်ရွက်ပြီးစီးခဲ့သည့် နည်းပညာလုပ်ငန်းများအပ်နှံခြင်းနှင့် လက်တွေ့သရုပ်ပြခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်ရှိ မြန်မာအာကာသအေဂျင်စီ(MSA)၌ကျင်းပပြုလုပ်ရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော် သမ္မတ ဦးမင်းအောင်လှိုင် တက်ရောက်၍ သုံးသပ်လမ်းညွှန်အမှာစကား ပြောကြားသည်။
Read More » https://myawady.net.mm/pnnytheaangcusmmttmnmaaniungngntteaa-niungngntteaasmmtt-uumngaeaangliung-niungngntteaaaciure-rk-100
5 344
+6
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဝဇီရာနိုင်ငံတကာအဆင့်မီ ဂုဏ်ပြုခံကဇာတ်ရုံ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ချီးမြှင့်
နေပြည်တော် ဇူလိုင် ၂၇
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်မြို့၊ ကျောက်တံတားမြို့နယ်၊ ဗိုလ်ချုပ် အောင်ဆန်းလမ်းရှိ နှစ်ပေါင်း ၁၀၃ နှစ်သက်တမ်းရှိ သမိုင်းဝင်အမွေအနှစ် အဆောက်အဦဖြစ်သည့် ဝဇီရာရုပ်ရှင်ရုံအား နိုင်ငံတကာ အဆင့်မီဂုဏ်ပြုခံကဇာတ်ရုံ (Red Carpet Theatre) အဖြစ် အဆင့်မြှင့်တင်ဖွင့်လှစ်ခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင်ကျင်းပရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် တက်ရောက်ချီးမြှင့်သည်။
Read More » https://myawady.net.mm/pnnytheaangcusmmttmnmaaniungngntteaa-niungngntteaasmmtt-uumngaeaangliung-13
5 344
ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်၏ တိုင်းမှူးဒိုင်းဘော်လီဘောပြိုင်ပွဲ ဖွင့်ပွဲကျင်းပ
နေပြည်တော် ဇူလိုင် ၂၇
ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်၏၂၀၂၆ ခုနှစ်၊ တိုင်းမှူးဒိုင်း ဘော်လီဘော ပြိုင်ပွဲဖွင့်ပွဲကို ယနေ့မွန်းလွဲပိုင်းတွင် တိုင်းစစ်ဌာနချုပ် တိုင်းရန်အောင်ခန်းမ၌ပြုလုပ်ရာ တိုင်းမှူး ဗိုလ်ချုပ်ကျော်ကျော်ဟန်နှင့် တာဝန်ရှိသူများ၊ အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ဒိုင်အဖွဲ့ဝင်များ၊ ပြိုင်ပွဲဝင်အားကစားသမားများနှင့် အားကစားဝါသနာရှင်များ တက်ရောက်ကြသည်။
Read More » https://myawady.net.mm/kmriuttndesttiungcctthaankhupe-ttiungmuudiungbheaaliibheaapiungpai-phngpaikngp
5 344
အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးဒိုင်းပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုပေးပွဲကျင်းပ
နေပြည်တော် ဇူလိုင် ၂၇
အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၏ ၂၀၂၆ ခုနှစ်၊ တိုင်းမှူးဒိုင်းပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲကို ယနေ့နံနက်ပိုင်းတွင် တိုင်းစစ်ဌာနချုပ်ရှိ အောင်ဇေယျခန်းမ၌ပြုလုပ်ရာ တိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိ သူများ၊ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ၊ ပြိုင်ပွဲဝင်အားကစားသမားများ၊ ဒိုင်အဖွဲ့ဝင်များနှင့်အားကစားဝါသနာရှင်များ တက်ရောက်ကြသည်။
Read More » https://myawady.net.mm/arealypiungttiungcctthaankhup-ttiungmuudiungpiukkeaakhngpiungpai-biullupainngchupepaikngp
5 344
အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၏ ၂၀၂၆ ခုနှစ်၊ တိုင်းမှူးဒိုင်းဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုပေးပွဲကျင်းပ
နေပြည်တော် ဇူလိုင် ၂၇
အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၏ ၂၀၂၆ ခုနှစ်၊ တိုင်းမှူးဒိုင်းဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲ နှင့်ဆုပေးပွဲကို ယနေ့ညနေပိုင်းတွင် တိုင်းစစ်ဌာနချုပ်ရှိ နန်းမြို့ကျောက်တိုင်အားကစားကွင်း၌ကျင်းပပြုလုပ်ရာ တိုင်းမှူး ဗိုလ်မှူးချုပ် အောင်ဌေးနှင့် တာဝန်ရှိသူများ၊ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ၊ ဒိုင်အဖွဲ့ဝင်များ၊ ပြိုင်ပွဲဝင်အသင်းများနှင့် အားကစားဝါသနာရှင်များ တက်ရောက်ကြသည်။
Read More » https://myawady.net.mm/alypiungttiungcctthaankhupe-2026-khunc-ttiungmuudiungbheaalunpiungpai-biullupainngchupepaikngp
5 344
အရှေ့မြောက်တိုင်းစစ်ဌာနချုပ်၏ (၅၄)နှစ်မြောက် တိုင်းနှစ်ပတ်လည်နေ့အထိမ်းအမှတ် အမှတ်တရလက်ဆောင်ပစ္စည်းများပေးအပ်ပွဲ ကျင်းပပြုလုပ်
နေပြည်တော် ဇူလိုင် ၂၇
အရှေ့မြောက်တိုင်းစစ်ဌာနချုပ်၏ (၅၄)နှစ်မြောက် တိုင်းနှစ်ပတ်လည်နေ့ အထိမ်းအမှတ် အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ခြင်းအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် တိုင်းစစ်ဌာနချုပ် ခန်းမ၌ပြုလုပ်ရာ တိုင်းမှူး ဗိုလ်ချုပ် အေးမင်းဦးနှင့် တာဝန်ရှိသူများ၊ အရာရှိ၊ စစ်သည်များ၊ မိသားစုဝင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
Read More » https://myawady.net.mm/aremeaakttiungcctthaankhupe-54ncmeaak-ttiungncpttlnnyneathimamtt-amttttrlkcheaangpccnnymaapeappai
5 344
နိုင်ငံတော်တည်ငြိမ်ရေးနှင့်နယ်မြေအေးချမ်းသာယာရေးအတွက်စစ်ဆင်ရေးတာဝန်များကိုကျေပွန်စွာထမ်းဆောင်ခဲ့သည့် ရှေ့တန်းပြန်နိုင်ငံ့သားကောင်းတပ်မတော်သားများအား ဂုဏ်ပြုကြိုဆိုပွဲအခမ်းအနားများကျင်းပ
နေပြည်တော် ဇူလိုင် ၂၇
နိုင်ငံတော်တည်ငြိမ်ရေးနှင့် နယ်မြေအေးချမ်းသာယာရေးအတွက် နယ်မြေလုံခြုံရေးတာဝန်များကို ကျေပွန်စွာထမ်းဆောင်ပြီး ပြန်လည်ရောက်ရှိလာသော ရှေ့တန်းပြန်နိုင်ငံ့သားကောင်းတပ်မတော်သားများအား ဂုဏ်ပြုကြိုဆိုခြင်းအခမ်းအနားကို ယနေ့ညနေပိုင်းတွင် မကွေးတိုင်းဒေသကြီး၊ပခုက္ကူမြို့ရှိ နယ်မြေခံ တပ်ဌာနချုပ်၌ပြုလုပ်ရာ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တာဝန်ရှိသူများ၊ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ၊ ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင်များနှင့် ဒေသခံပြည်သူများ တက်ရောက်ကြသည်။
Read More » https://myawady.net.mm/niungngntteaattnnyngimrenngnymeaekhmsaayaareattkccchngrettaawnmaakiukepncaathmcheaangkhaisnny
5 344
+1
All illegal buildings used in online scams/gambling in Shwe Kokko demolished
NAY PYI TAW July 26
As permanent demolition and systematic destruction of paraphernalia in Shwe Kokko and KK Park areas in Myawady Township in Kayin State, were carried out by interdepartmental teams, an illegal 17-storey building in Shwe Kokko area was systematically detonated today.
Read More » https://myawady.net.mm/all-illegal-buildings-used-online-scamsgambling-shwe-kokko-demolished
5 344
+4
ရွှေကုက္ကိုလ်နယ်မြေအတွင်း အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်ရာတွင် အသုံးပြုခဲ့သည့်တရားမဝင်အဆောက်အအုံအားလုံး စနစ်တကျဖြိုချဖျက်ဆီးပြီးဖြစ်
နေပြည်တော် ဇူလိုင် ၂၆
အွန်လိုင်းလိမ်လည်လောင်းကစားမှုများကို အခြေချလုပ်ကိုင်ခဲ့ကြသည့် ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ ရွှေကုက္ကိုလ်နယ်မြေနှင့် KK Park နယ်မြေများရှိ တရားမဝင် အဆောက်အအုံများအား အပြီးတိုင်ဖြိုချဖျက်ဆီးခြင်းများနှင့် လုပ်ငန်းလုပ်ဆောင်ရာတွင် အသုံးပြုခဲ့သည့်ပစ္စည်းများအား စနစ်တကျဖျက်ဆီးခြင်းများကို ဌာနဆိုင်ရာပူးပေါင်းအဖွဲ့များဖြင့် ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် ရွှေကုက္ကိုလ်နယ်မြေအတွင်းရှိ တရားမဝင် ၁၇ ထပ် အဆောက်အအုံ ၁ လုံးကိုထပ်မံ၍ စနစ်တကျ ဖောက်ခွဲဖြိုချဖျက်ဆီးခဲ့ကြောင်း သိရှိရသည်။
Read More » https://myawady.net.mm/rekukkiulnymeattng-anliunglimlnnyleaangkcaamukuulnraattng-asunpukhaisnnyttraamwngacheaakaaunaaalun
5 344
+2
Electricity supply has been restored in the region as damaged power infrastructure is being rebuilt following destruction caused by acts of sabotage by terrorist groups
Nay Pyi Taw July 25
The electricity sector is a vital and indispensable lifeline for a country, bringing numerous benefits by contributing to socio-economic development, improving the living standards of the people, and ensuring secure and sustainable socio-economic progress. The government and the Ministry of Electricity and Energy are making utmost efforts to increase and expand electricity supply as a priority area in order to improve the daily social and economic lives of the people across the country.
Read More » https://myawady.net.mm/electricity-supply-has-been-restored-region-damaged-power-infrastructure-being-rebuilt-following
5 344
Vice President Daw Nan Ni Ni Aye delivers address at the opening ceremony of the Tastes of the Golden Land-2026
Nay Pyi Taw July 25
The opening ceremony of the Tastes of the Golden Land-2026, jointly organized by Myanmar Restaurant Association (MRA)under the supervision of Ministry of Hotels, Tourism and Culture took place at the Yangon Convention Center in Yangon this morning, addressed by Vice President of the Republic of the Union of Myanmar Daw Nan Ni Ni Aye.
Read More » https://myawady.net.mm/vice-president-daw-nan-ni-ni-aye-delivers-address-opening-ceremony-tastes-golden-land-2026
5 344
+2
ဒုတိယသမ္မတ ဒေါ်နန်းနီနီအေး မြန်မာ့ရိုးရာအစားအစာပြိုင်ပွဲနှင့်ပြပွဲ -၂၀၂၆ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက် အမှာစကားပြောကြား
ရန်ကုန် ဇူလိုင် ၂၅
ဟိုတယ်၊ ခရီးသွားလာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ကြီးကြပ်မှုဖြင့် မြန်မာနိုင်ငံစားသောက်ဆိုင်လုပ်ငန်းရှင်များအသင်းနှင့် ပူးပေါင်း၍ကျင်းပသည့် မြန်မာ့ရိုးရာအစားအစာပြိုင်ပွဲနှင့်ပြပွဲ-၂၀၂၆ (Tastes of the Golden Land-2026) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ရှိ ရန်ကုန်ကွန်ဗင်းရှင်းစင်တာ၌ကျင်းပရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဒေါ်နန်းနီနီအေး တက်ရောက်အမှာစကားပြောကြားသည်။
Read More » https://myawady.net.mm/duttiysmmtt-dennniiniiae-mnmaariuraaacaaacaapiungpainngppai-2026-phngpaiakhmanaasiu-ttkreaak
5 344
နိုင်ငံတော်တည်ငြိမ်ရေးနှင့် နယ်မြေအေးချမ်းသာယာရေးအတွက် စစ်ဆင်ရေးတာဝန်များကိုထမ်းဆောင်ခဲ့သည့် ရှေ့တန်းပြန်နိုင်ငံ့သားကောင်း တပ်မတော်သားများအား ဂုဏ်ပြုကြိုဆိုပွဲအခမ်းအနားကျင်းပ
နေပြည်တော် ဇူလိုင် ၂၅
နိုင်ငံတော်တည်ငြိမ်ရေးနှင့် နယ်မြေအေးချမ်းသာယာရေးအတွက် နယ်မြေလုံခြုံရေးတာဝန်များကို ထမ်းဆောင်၍ ပြန်လည်ရောက်ရှိလာသော ရှေ့တန်းပြန် နိုင်ငံ့သားကောင်း တပ်မတော်သားများအား ဂုဏ်ပြုကြိုဆိုခြင်းအခမ်းအနားကို ယနေ့ မွန်းလွဲပိုင်းတွင် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဆီဆိုင်မြို့ရှိ နယ်မြေခံတပ်ရင်း၌ ပြုလုပ်ရာ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူများ၊ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ၊ ဆရာ/ဆရာမများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ တိုင်းရင်းသားရိုးရာယဉ်ကျေးမှုအကအဖွဲ့များနှင့် ဒေသခံတိုင်းရင်းသားပြည်သူများ တက်ရောက်ကြသည်။
Read More » https://myawady.net.mm/niungngntteaattnnyngimrenng-nymeaekhmsaayaareattk-ccchngrettaawnmaakiuthmcheaangkhaisnny-3
5 344
+1
မှော်ဘီမြို့နယ်နှင့် ချမ်းအေးသာစံမြို့နယ်တို့ရှိ သံဃာတော်များနှင့်ပြည်သူများအားကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများဆောင်ရွက်
နေပြည်တော် ဇူလိုင် ၂၅
တပ်မတော်အနေဖြင့် ပြည်သူလူထု၏ ကျန်းမာရေးကဏ္ဍ တိုးတက်မြင့်မားစေရန်အတွက် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများတွင် တစ်ဖက်တစ်လမ်းမှ ကူညီစောင့်ရှောက်မှုများဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းစစ်ဌာနချုပ်နယ်လှည့်ဆေးကုသရေးအဖွဲ့က ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၊ နှောကုန်းကျေးရွာနှင့်ပတ်ဝန်းကျင်ကျေးရွာများရှိ သံဃာတော်များနှင့် ဒေသခံပြည်သူများအား အဆိုပါကျေးရွာရှိ မိုးကောင်းပရိယတ္တိကျောင်းတိုက်၌ အခြေပြု၍ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးသည်။
Read More » https://myawady.net.mm/meaabhiimiunynng-khmaesaacnmiunyttiuri
5 344
မြိတ်မြို့ ပြည်သူ့ဆေးရုံကြီး၌စုပေါင်းသန့်ရှင်းရေးဆောင်ရွက်
နေပြည်တော် ဇူလိုင် ၂၅
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့ ပြည်သူ့ဆေးရုံကြီးပတ်ဝန်းကျင် သန့်ရှင်းသာယာလှပရေးအတွက် ယနေ့နံနက်ပိုင်းတွင် ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်မှ နယ်မြေခံတပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ဌာနဆိုင်ရာဝန်ထမ်းများ၊ ကျန်းမာရေးဝန်ထမ်းများ၊ ဆရာ၊ ဆရာမများနှင့် ရပ်ကွက်နေပြည်သူများစုပေါင်း၍ ဆေးရုံပတ်ဝန်းကျင်သန့်ရှင်းရေးဆောင်ရွက်ခြင်း၊ ပေါင်းမြက်များရှင်းလင်းခြင်း၊ အမှိုက်များရှင်းလင်းခြင်း၊ ရေမြောင်းများတူးဖော်ခြင်း၊ သစ်ပင်သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းခြင်းတို့ကို စုပေါင်းလုပ်အားပေးဆောင်ရွက်ပေးခဲ့သည်။
Read More » https://myawady.net.mm/mittmiu-pnnysuucherunkiincupengsnrngrecheaangrk
5 344
မြိတ်မြို့ တောင်သာဘိုးဘွားရိပ်သာမုခ်ဦးနှင့်ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲနှင့် ဘိုးဘွားများအားအာဟာရပြည့်စားသောက်ဖွယ်ရာများပေးအပ်လှူဒါန်းပွဲကျင်းပ
နေပြည်တော် ဇူလိုင် ၂၅
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့ တောင်သာဘိုးဘွားရိပ်သာမုခ်ဦးနှင့်ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲနှင့်ဘိုးဘွားများအား အာဟာရပြည့်စားသောက်ဖွယ်ရာများ
ပေးအပ်လှူဒါန်းပွဲကို ယနေ့နံနက်ပိုင်းတွင် အဆိုပါဘိုးဘွားရိပ်သာ၌ ပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဇော်နိုင်ဦး၊ ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ကျော်ကျော်ဟန်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့မှ တာဝန်ရှိသူများ၊ တိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူများ၊ခရိုင်/မြို့နယ်မှတာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
Read More » https://myawady.net.mm/mittmiu-tteaangsaabhiubhaaripsaamukhuunngknkrclmscphngpainng
5 344
+5
အကြမ်းဖက်သောင်းကျန်းသူများ၏ အဖျက်အမှောင့်လုပ်ရပ်များကြောင့် ပျက်စီးဆုံးရှုံးခဲ့ရသည့် လျှပ်စစ်အခြေခံအဆောက်အအုံများ ပြန်လည်တည်ဆောက်ရေး ဆောင်ရွက်လျက်ရှိမှုကြောင့် ဒေသတွင်း လျှပ်စစ်ဓာတ်အားများပြန်လည်ရရှိ
နေပြည်တော် ဇူလိုင် ၂၅
လျှပ်စစ်စွမ်းအားကဏ္ဍသည် နိုင်ငံတစ်နိုင်ငံအတွက် များစွာအကျိုးဖြစ်ထွန်းပြီး လူမှုစီးပွားဘဝများဖွံ့ဖြိုးတိုးတက်ရန်၊ ပြည်သူလူထု၏လူနေမှုဘဝ မြင့်မားစေရန်နှင့် လူမှုစီးပွားဘဝ လုံခြုံတိုးတက်စေရန်အတွက် အဓိကမရှိမဖြစ်လိုအပ်သော အသက်သွေးကြောဖြစ်ပြီး နိုင်ငံတော်အစိုးရနှင့် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနတို့အနေဖြင့် တိုင်းရင်းသားပြည်သူများ၏ နေ့စဉ်လူမှု ဘဝတိုးတက်စေရေးအတွက် လျှပ်စစ်ဓာတ်အားတိုးမြှင့်ဖြန့်ဖြူးပေးနိုင်ရေးကို ဦးစားပေးနယ်ပယ် တစ်ခုအဖြစ် အစွမ်းကုန်ကြိုးပမ်းဆောင်ရွက်ပေးလျက်ရှိသည်။
Read More » https://myawady.net.mm/akmphkseaangknsuumaae-aphkameaangluprpmaakeaang-pkciichunrunkhairsnny-lpccakhekhnacheaakaaunmaa
