en
Feedback
Dawei information center

Dawei information center

Open in Telegram

Dawei information center ပြည်သူ့သတင်းဌာနသည် ၂၀၂၁ခုနစ် ၊ ဧပြီလ ၁၁ ရက်နေ့မှာ စတင်ထူထောင်ခဲ့သော တနင်္သာရီတိုင်းအခြေစိုက်သတင်းဌာနတစ်ခုပင် ဖြစ်ပါသည်။

Show more
2 763
Subscribers
+224 hours
-27 days
+1130 days
Posts Archive
❝အနာဂတ်ပညာရေးအုတ်မြစ် ဘယ်လိုချမလဲ ❞ ထုဆစ်မျှော်ရည်တနင်္သာရီ (လူငယ်စကားဝိုင်းအစီအစဉ် - ၄) ❏ လက်ရှိကြားကာလပညာရေးဆောင်ရွက်အကောင်အထည်ဖော်မှုနဲ့ လက်လှမ်းမှီတဲ့ပညာရေးဖြစ်ဖို့အတွက်ကြိုးစားဆောင်ရွက်တဲ့အခါမှာ အခက်အခဲအမျိုးမျိုးနဲ့ရင်ဆိုင်ကြုံတွေ့နေရဆဲဖြစ်ပါတယ်။ • ဒီအခက်အခဲကဘာတွေဖြစ်မလဲ? • ဘယ်လိုရင်ဆိုင်ဖြေရှင်းနေကြသလဲ? • အနာဂတ်ပညာရေးအတွက်ဘယ်လိုစဉ်းစားထားကြသလဲ? စတဲ့အကြောင်းအရာတွေကို တနင်္သာရီဒေသရဲ့ ပညာရေးကဏ္ဍအသီးသီးမှာပါဝင်လှုပ်ရှားနေကြတဲ့ လူငယ်ခေါင်းဆောင်များရဲ့သဘောထားအမြင်နှင့် မျှော်ရည်ချက်များကိုဆွေးနွေးသွားမှာဖြစ်ပါတယ်။ ဤစကားဝိုင်းအစီအစဉ်ကို အောက်တိုဘာလ (၁၇)ရက်၊ မြန်မာစံတော်ချိန်ည (၇:၀၀) နာရီတွင် ထုတ်လွှင့်သွားမှာဖြစ်ပါတယ်။ ဆွေးနွေး‌ကြမယ့်သူတွေကတော့ • ဆရာဂျမ်း (တနင်္သာရီတိုင်းဒေသကြီးအခြေခံဆရာ၊ဆရာမများသမဂ္ဂ - TBETU) • ရဲဘော်ဟိန်းဆက် (ထားဝယ်မြို့နယ်အခြေခံပညာကျောင်းသားများသမဂ္ဂ - DTBESU) • ရဲဘော်စတီး (တနင်္သာရီအခြေစိုက်ကျောင်းသားသမဂ္ဂများကွန်ရက် -TSUN) • ဆရာ Aespa (ယာယီမော်ကွန်းထိန်း၊ ထားဝယ်နည်းပညာတက္ကသိုလ်ကောင်စီ - DTUC) တို့ကပါဝင်ဆွေးနွေးသွားကြမှာဖြစ်ပါတယ်။ လွတ်လပ်မှု၊ တရားမျှတမှု၊ သာတူညီမျှမှုနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အပြည့်အဝရှိသည့် အနာဂတ်ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအတွက် ကဏ္ဍပေါင်းစုံမှ ဦးဆောင်ပါဝင်နေကြသည့် တနင်္သာရီဒေသအတွင်းရှိ လူငယ်များ၏ အသံ၊ ရှုမြင်ချက်နှင့် မျှော်ရည်ချက်များကို လူထုကြားပြန့်နှံ့လာစေရန် နှင့် စုံလင်ကွဲပြားသည့် အစုအဖွဲ့များကြားဘုံမျှော်ရည်ချက်၊ မျှခြေရှာရာတွင် အထောက်အပံ့ပြုနိုင်ရန်၊ မူဝါဒ၊ ဆုံးဖြတ်ချက်များအထိ ထည့်သွင်းစည်းရုံးလုပ်ဆောင်သွားနိုင်ရန် ရည်ရွယ်ပြုလုပ်ကြရခြင်းဖြစ်ပါတယ်။ #အနာဂတ်ပညာရေးအုတ်မြစ်ဘယ်လိုချမလဲ #ထုဆစ်မျှော်ရည်တနင်္သာရီ #စကားဝိုင်းအစီအစဉ်

photo content

"ထားဝယ်တန်ဆောင်တိုင်မြိုင်ဆိုင်ဖို့ မမများနဲ့ဝန်းရံစို့" လက်နက်ကြီးကျည်ဝယ်ယူရန် ကျပ်သိန်းတစ်ထောင်ကမ်ပိန်း ------------------------------------- ပြည်သူ့ကာကွယ်ရေးတပ်မတော်၊တောင်ပိုင်းတိုင်းစစ်ဒေသ၊ စစ်ဒေသ အမှတ်(၃)၊ ထားဝယ်ခရိုင်အမှတ်(၂)တပ်ရင်း (T5-Zone) မှ ပွင့်လင်းရာသီမှ စစ်ရေးအရှိန်မြှင့်တင်နိုင်ရန် ဗျူဟာမြောက်တဲ့ လက်နက်ခဲယမ်းများဖြစ်တဲ့ ၆၀မမ ကျည်ဆံ၊ ၄၀မမကျည်ဆံများ ဝယ်ယူဖြည့်တင်းနိုင်ဖို့ ရည်ရွယ်၍ "ထားဝယ်တန်ဆောင်တိုင်မြိုင်ဆိုင်ဖို့ မမများနဲ့ဝန်းရံစို့" လက်နက်ကြီးကျည်ဝယ်ယူရန် ငွေကျပ် သိန်းတစ်ထောင်ရရှိရေး ကမ်ပိန်းကို T-T5မှ စတင်မိတ်ဆက်ထားပါသည်။ ဤကမ်ပိန်းအစီစဉ်လေးကို ထားဝယ်ခရိူင်အမှတ်(၂)တပ်ရင်း၏ ဦးဆောင်မှုဖြင့် ပြည်တွင်း/ပြည်ပမှ ထောက်ပို့ရဲဘော်များရဲ့ ဝိုင်းဝန်းကူညီမှုနှင့် တွဲလက်ညီညီ ပြုလုပ်သွားမည်ဖြစ်ပြီး ကမ်ပိန်းကာလကို 8.10.2023 မှ 23.11.2023အထိ (၄၅)ရက်တိတိ အချိန်သတ်မှတ်ထားကြောင်း သိရသည်။ ပြည်သူ့ကာကွယ်ရေးရဲဘော်တွေဟာ စစ်ရေးအရှိန်မြင့်လာတာနဲ့အမျှ ရိက္ခာမလုံလောက်တာက အဆင်ပြေတာနဲ့ ရှာဖွေစားသောက်လို့ရပေမဲ့ ကျည်ဆံနဲ့ လက်နက်ခဲယမ်းမလုံလောက်မှုတွေက ရန်သူတပ်တွေနဲ့ စစ်မြေပြင်မှာ ရင်ဆိုင်ထိတွေ့တိုက်ပွဲဖြစ်ပွားတိုင်း ရဲဘော်တွေရဲ့ အသက်တွေနဲ့ရင်းပြီး စိန်ခေါ်မှုတစ်ရပ်အကြီးကျယ်ဖြစ်ပေါ်နေသည်။ စစ်မြေပြင်မှာ လက်နက်ရှိပေမဲ့ "ကျည်"မရှိရင် ဘာမှလုပ်လို့မရတဲ့အတွက်ကြောင့် အသက်ပေးပြီးတိုက်ပွဲဝင်နေတဲ့ ကျတော်တို့ရဲဘော်တွေရဲ့ ကျည်လိုအပ်မှုကို တစ်စိတ်တစ်ဒေသက အားဖြည့်နိုင်ဖို့ ပြည်တွင်း/ပြည်ပမှာရှိတဲ့ ကျတော်တို့ရဲ့ချစ်ခင်လေးစာရပါသော တော်လှန်ပြည်သူများထောက်ပို့ရဲဘော်များအနေနဲ့ ဒီကမ်ပိန်းအစီစဉ်လေးမှာ ပူးပေါင်းပါဝင်အားဖြည့်ပေးပါကြောင်း အနူးအညွတ်မေတ္တာရပ်ခံထားပါသည်။ ကူညီထောက်ပံ့ပေးကြမယ့် ပြည်တွင်း/ပြည်ပက ထောက်ပို့ရဲဘော်များအနေနဲ့ ၆၀မမကျည်တစ်တောင့် - ၄၅၀၀ဘတ်၊ ၄၀မမကျည့်တစ်တောင် - ၂၈၀၀ဘတ်တို့ ကူညီထောက်ပံ့ပေးနိုင်ပြီး ကျည်တစ်တောင့်ဖိုး မတက်နိုင်တဲ့တော်လှန်ပြည်သူများအနေနဲ့ ငွေပမာဏအနည်းအများဆို ပဒါနမထားပဲ မိမိတက်နိုင်သလောက် ကူညီထောက်ပံ့ပေးနိုင်ကြောင်း 📌ကူညီထောက်ပံ့ပေးနိုင်မည့် Linkများ ထားဝယ်တန်ဆောင်တိုင်မြိုင်ဆိုင်ဖို့ မမများနဲ့ဝန်းရံစို့ https://www.facebook.com/profile.php?id=61552084200741 PDF Dawei District Battalion 2 - P23302 https://www.facebook.com/profile.php?id=100083191877740 ✳️ထိုင်းနိုင်ငံမှာဆိုလျှင် Kittima Aor - ☎️ 0626168935 Facebook Account ⬇️ https://www.facebook.com/aor.kittima.9 ✳️မလေးရှားနိုင်ငံမှာဆိုလျှင် Ma Phyo Phyo ( WhatsApp : 01112393421 ) ✳️ဂျပန်နိုင်ငံမှာဆိုလျှင် 🇯🇵 Ko Paing (DYJ) ( Viber : +817012433943 ) ✳️ တောင်ကိုးရီးယားနိုင်ငံမှာဆိုလျှင် 자니 (DRSK) ☎️ +821081319104 ✳️ USA 🇺🇸 Minmin Berwald (240) 217-8174 ဤ ကမ်ပိန်းအစီစဉ်နဲ့ပက်သက်ပြီး အသေးစိတ်သိရှိလိုပါက အောက်ဖော်ပြပါ Signal Number သို့ ဆက်သွယ်မေးမြန်းနိုင်ကြောင်း ဖော်ပြထားသည်။ +817012433943

photo content
+3

ယနေ့ည ၇နာရီမှာ ကမ်ပိန်းဖွင့်ပွဲ Live ရှိတယ်နော် Dawei information center - 2 pageမှာကြည့်ရှုင်ပါတယ်ခံဗျား
ယနေ့ည ၇နာရီမှာ ကမ်ပိန်းဖွင့်ပွဲ Live ရှိတယ်နော် Dawei information center - 2 pageမှာကြည့်ရှုင်ပါတယ်ခံဗျား

photo content
+3

လောင်းလုံးက ကျေးရွာစျေးတစ်ခုမှာ တော်လှန်ရေးလူငယ်များမှလူထုစည်းရုံးလှုံ့ဆော်ရေး လှုပ်ရှားမှုပြုလုပ် ထားဝယ် ၊ စက်တင်ဘာလ ၂၄ ရက်န
+3
လောင်းလုံးက ကျေးရွာစျေးတစ်ခုမှာ တော်လှန်ရေးလူငယ်များမှလူထုစည်းရုံးလှုံ့ဆော်ရေး လှုပ်ရှားမှုပြုလုပ် ထားဝယ် ၊ စက်တင်ဘာလ ၂၄ ရက်နေ့ ထားဝယ်ခရိုင်၊လောင်းလုံးမြို့နယ်အတွင်းရှိကျေးရွာစျေးတစ်ခုတွင် ထားဝယ်ခရိုင်သပိတ်ကော်မတီမှ ဦးဆောင်၍ စက်တင်ဘာလ(၂၄)ရက်၊ နံနက်မှာ ရွှေဝါရောင်တော်လှန်ရေး(၁၆)နှစ်ပြည့်အထိမ်းအမှတ်လက်ကမ်းစာ‌စောင်များ ဖြန့်ဝေပြီးစစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြခဲ့ကြသည်။ #ဓာတ်ပုံ / DDMSC Dawei Information Center Dawei information Center - 2

ထားဝယ်အရှေ့တောဒေသတွင် အင်အားစုစည်းနေသည့်စကစများ စနိုက်ပါနဲ့ ပ.စ်ခံရ၍ စစ်သား(၁)ဦး​ေ.သဆုံး ထားဝယ် ၊ စက်တင်ဘာလ ၂၃ ရက်နေ့ ထားဝယ်မြို့နယ်၊သင်္ကန်းတုံးရွာဘုန်းကြီးကျောင်းထဲတွင် အင်အားစုနေသော ဖက်ဆစ်တပ်များကို ကာကွယ်ရေးဖွဲ့တို့မှ ယမန်နေ့မွန်းလွဲပိုင်းမှာ ပ.စ်ခတ်တို-က်ခိုက်ခဲ့သည်။ စက်တင်ဘာ(၂၂)ရက်၊မွန်းလွဲ(၂)နာရီ(၂၀)မိနစ်တွင်၎င်းဘုန်းကြီးကျောင်းထဲမှာ စစ်သား(၁၃၀)ဦးခန့် နေရာယူနေစဥ်ထားဝယ်စုပေါင်းစစ်ကြောင်းမှ စနိုက်ပါဖြင့်သွားပ-စ်ခတ်ခဲ့ကြောင်း DCCစစ်ကြောင်းတာဝန်ရှိသူက ဆိုသည်။ "ကျွန်တော်ဖက်က စနိုက်ပါသမားပ.စ်တာ စစ်သား(၁)ဦးထိပါတယ်။သူတို့ဖက်ကလည်းလ.က်နက်ကြီး၊ငယ်တွေနဲ့ပြန်ပ.စ်လို့ခဏဆုတ်ပေးလိုက်တယ်။ကော်သူးလေးအာမီကရဲဘော်တွေကျွန်တော်တို့အနားရောက်လာပြီးမှ၄၀မမနဲ့စစ်သားတွေကိုထပ်ပ.စ်ခတ်ခဲ့တယ်"ဟု၎င်းမှပြောသည်။ ထိုဖက်ဆစ်တပ်များမှာ ယခုလ စက်တင်ဘာ(၁၉)ရက်မှစ၍ ထားဝယ် အရှေ့တောဒေသ၌ စစ်ကြောင်း(၂)ခုခွဲပြီးတောနင်းမှုများပြုလုပ်ကာဒေသခံ(၁၀)ဦးထက်မနည်းကိုလည်းလူသားဒိုင်းဖြင့် ဖမ်းဆီးခဲ့ကြောင်း သိရှိရပါသည်။ "မေတ္တာဖက်ကဆင်းလာမဲ့စစ်သားတွေကိုထားဝယ်ဖက်မှကောင်တွေကလာကြိုတာလို့ သိရပါတယ်။ဒီလမ်းတွေကိုသူတို့ မဖြတ်ရဲတော့ စစ်ကူခေါ်တဲ့ သဘောမျိုးပေါ့။သူတို့ကို PDFတွေလာပ.စ်မှာစိုးလို့လဲရွာခံတွေကိုဖမ်းပါတယ်။ဒီနေ့စစ်ကြောင်းထွက်တဲ့အချိန်မှအားလုံးကိုပြန်လွှတ်ပေးခဲ့ပါတယ်"ဟု၎င်းဒေသခံတစ်ဦးက DICသို့ပြောဆိုသည်။ အဆိုပါ သင်္ကန်းတုံးရွာဖက်မှထွက်ခွာလာခဲ့သောစစ်သားများသည် ယနေ့မွန်းလွဲပိုင်းမှာ ပကာရီဖက်ရောက်လာပြီးထိနာလာသောစစ်သားတို့ကိုအိမ်စီးကားဖြင့် ထားဝယ်သို့ပို့လိုက်၍ညနေပိုင်းမှာရေဝိုင်းရွာဖက်ကိုစစ်သား(၁၀၀)ဦးကျော်ဝင်သွားပြီးဒေသခံပြည်သူတို့မှာနီးစပ်ရာထွက်ပြေးနေရကြောင်း စစ်ရှောင်ကူညီနေသူတစ်ဦးမှ ရှင်းပြသည်။ #ဓာတ်ပုံ / ထားဝယ်စုပေါင်းစစ်ကြောင်းရဲဘော်များ။ Dawei Information Center Dawei information Center - 2

photo content
+1

ထားဝယ်-ရန်ကုန်ကားလမ်းမကို မိဘပြည်သူများညပိုင်းမသုံးပြုကြရန် ကာကွယ်ရေးအဖွဲ့(၃)ခုမှ ထပ်မံအသိပေး ထားဝယ် ၊ စက်တင်ဘာလ ၂၂ ရက်နေ့ ထားဝယ်-ရန်ကုန်ကားလမ်းမကြီးကိုအသုံးပြု၍သွားလာနေကြသောခရီးသွားမိဘပြည်သူများကိုစည်းကမ်းတချို့လိုက်နာပေးရန် PDFများ မှ ယနေ့ တောင်းဆိုထားသည်။ စက်တင်ဘာ(၂၃)ရက်မှစပြီး၎င်းလမ်းမပေါ်၌ည(၆)နာရီမှ နံနက်(၆)နာရီအတွင်းခရီးသွားလာခြင်းများရှောင်ကျဉ်ပေးကြရန် ၊ စကစယာဥ်တန်းများနှင့် အနီးကပ်မောင်းနှင်ခြင်းတို့ကိုရှောင်ကျဉ်ပေးကြရန်နဲ့ ပြည်သူ့ကာကွယ်ရေးဖွဲ့ဝင်များ ၏ စစ်ဆေးမှုများကို ကြည်ဖြူစွာလက်ခံပေးရန် DGRFအဖွဲ့၊ ဝေဟင်တပ်ဖွဲ့၊ DDTတပ်ဖွဲ့တို့မှ ယနေ့ညပိုင်း မှာအသိပေးထုတ်ပြန်ချက်(၁)စောင်ရေးသားထားသည်။ ထိုသို့ အသိပေးရခြင်းမှာ ရန်ကုန်-ထားဝယ် ကားလမ်းမကြီးတစ်လျှောက်မှာစစ်ကောင်စီတပ်ဖွဲ့ဝင်များမှအင်အားဖြည့်တင်းခြင်း၊ လက်နက်ခဲယမ်းများ/ရိက္ခာများသယ်ယူပို့ဆောင်နေခြင်းတို့​ကို နေ့/ည မရွေးလုပ်ဆောင်နေသဖြင့် ၎င်းတို့ကို ကာကွယ်ရေးဖွဲ့များမှတားဆီး/ဟန့်တားနိုင်ရေး အတွက်သာဖြစ်ပြီးပြည်သူတွေအနေဖြင့်လည်း လေးစားလိုက်နာခြင်းဖြစ် တော်လှန်ရေးအတွက် အထောက်အကူပြုနိုင်ကြောင်း ၎င်းပူးပေါင်းဖွဲ့ဖက်မှဖော်ပြထားပါသည်။ "အခုနောက်ပိုင်း ဘောလုံးကားနဲ့ကုန်ကားတွေကိုအသုံးချ ၍စစ်သားတွေသွားလာလှုပ်ရှားနေပါတယ်။ကျွန်တော်တို့လုပ်ဆောင်မဲ့မင်ရှင်တွေထဲမှာပြည်သူတွေကိုမထိခိုက်စေချင်လို့အခုလိုအသိပေးစာထုတ်ပြန်ရတာပါ။ပြည်သူတွေအနေနဲ့လိုက်နာမည်လို့ ကျွန်တော်တို့ယုံကြည်ပါတယ်"ဟု DDTအဖွဲ့ပြန်ကြားရေးတာဝန်ခံက DIC သို့ပြောဆိုသည်။ ယင်းထုတ်ပြန်ချက်နဲ့ ပတ်သက်၍ ခရီးသည်ယာဥ်မောင်းတစ်ဦးက "ကျွန်တော်တို့ကားသမားတွေရဲ့ဘဝကနှစ်ဖက်စလုံးကို ကြောက်နေရတယ်။ ဝမ်းစာရေးအတွက်ကြောင့်သာအခုလိုလုပ်နေရတာ အမှန်တော့ အရမ်းအန္တရယ်များတယ်။ ဒါပေမဲ့ PDFတွေရဲ့ တောင်းဆိုမှုများကို လေးစား လိုက်နာသွားမှာဖြစ်တယ်"ဟုDICသို့ထပ်မံ ပြောပြသည်။ အဆိုပါ ထားဝယ်-ရန်ကုန်ကားလမ်းမကို ညပိုင်းမသုံးပြုရန် ထားဝယ်ခရိုင် တပ်ရင်း(၁)မှ ယခုနှစ် သြဂုတ်လကုန်လောက်မှာ အသိပေးထုတ်ပြန်ခဲ့သော်လည်း ပြည်သူတွေအနေဖြင့် လိုက်နာမှု မရှိခဲဲ့ကြောင်း စုံစမ်း သိရှိရပါသည်။ Dawei information center Dawei information center - 2

photo content
+4

ထားဝယ်-ပုလောလမ်းပိုင်း၌ စစ်ကြေးတောင်းခံနေသည့်ပဲဒက်ရွာ ပျူခေါင်းဆောင်ကို စစ်တပ်မှပြန်ဖမ်းဆီးဟုဆို ထားဝယ် ၊ စက်တင်ဘာလ ၂၁ ရက်နေ့ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ပဲဒက်ရွာ စစ်ဆေးဂိတ်ရှိပျူစောထီးခေါင်းဆောင်တစ်ဦးအား ဖက်ဆစ်တပ် ဗိုလ်ကြီးမှ ယနေ့နံနက်ပိုင်းမှာ ရို-က်နှက်ဖမ်းဆီးခဲ့သည်။ စက်တင်ဘာ(၂၁)ရက် ၊နံနက်(၈)နာရီခန့်တွင် ဦးညဏ်လှအသက်(၅၀)ကျော်ကိုဖက်ဆစ်တပ်အရာရှိဗိုလ်လက်သီးမှရိုက်နှက်ဖမ်းဆီးပြီး ကာကွယ်ရေးဖွဲ့များနှင့်ပတ်သက်မှုရှိ ၊ မရှိစစ်ဆေးနေကြောင်း ဒေသခံ တစ်ဦးက ဆိုသည်။ "မိန်းလမ်းမဘေးက ဘုရားတောင်မှာ စစ်သားနှင့်ရွာခံပျူတွေပေါင်းပြီးတပ်စွဲထားကြပါတယ်။ဂိတ်မှာထိုင်တဲ့သူတို့အချင်းချင်းထ ဖမ်းကြတာပါ။ ဖမ်းတဲ့ စစ်သားကလည်းအသက်ငယ်ငယ်လေးပဲရှိသေးတယ်။ပျူကတော့ခြောက်ပေါက်ထဲမှာ ချုပ်ခံထားရပါတယ်။ပျူအချင်းချင်းဝေစုမတည့်လို့ခြောက်တွန်းခံရတာပေါ့"ဟု၎င်းကပြောပြသည်။ ယင်း ဦးညဏ်လှ သည် "၈၈"အရေးခင်းက ပြည်သူစစ်ဖွဲ့ဝင်တစ်ဦးဖြစ်သလိုအာဏာသိမ်းပြီးနောက်ပိုင်းမှာလည်းလ.က်နက်ကိုင် ပျူစောထီး ထပ်လုပ်ကြောင်း သိရသည်။ အဆိုပါ ကျောက်ဆည်ရွာမှာပျူစောထီးခေါင်းဆောင် ဦးတိုးဝင်း ကို ပြီးခဲ့သော(၂)ရက်ညက ကာကွယ်ရေးတပ်ဖွဲ့တို့ဝင်ရောက် ဖမ်းဆီးစဥ် ပ-စ်ခတ်မှုများဖြစ်ပွားကာ ပျူခေါင်းဆောင်လင်မယား​ေ.သဆုံးပြီးနောက်မှာ ပဒက်ရွာပျူခေါင်းဆောင်ကို ဖက်ဆစ်တပ်မှ ယခုလိုဖမ်းဆီးလိုက်ကြောင်း ဒေသခံများနှင့်ကာကွယ်ရေးဖွဲ့တို့မှရှင်းပြသည်။ #ဓာတ်ပုံ / ဖမ်းခံထားရသော ဦးညဏ်လှ ဖြစ်ပါသည်။ Dawei Information Center Dawei information Center - 2

photo content

ထားဝယ်ခရိုင်သပိတ်ကော်မတီမှဦးဆောင်၍လောင်းလုံး မှာ စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော် ထားဝယ် ၊ စက်တင်ဘာလ ၂၁ ရက်နေ့ ထ
+7
ထားဝယ်ခရိုင်သပိတ်ကော်မတီမှဦးဆောင်၍လောင်းလုံး မှာ စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော် ထားဝယ် ၊ စက်တင်ဘာလ ၂၁ ရက်နေ့ ထားဝယ်ခရိုင် ၊ လောင်းလုံးမြို့နယ်အတွင်းရှိ ပြည်သူလူ ထုနှင့် တော်လှန်ရေးလူငယ်များပူးပေါင်း၍ ယနေ့မွန်းလွဲပိုင်းတွင် "လူထုအကျပ်အတည်းအရင်းခံ၊စစ်အာဏာရှင် စနစ်အမြစ်လှန်" ခေါင်းစဉ်နှင့်အတူ စစ်အာဏာရှင်ဆန့်ကျင်ရေးကို နည်းမျိုးစုံသုံးကာ ဆန္ဒထုတ်ဖော် ခဲ့ပါသည်။ #ဓတ်ပုံ / DDMSC Dawei Information Center Dawei information Center - 2

လောင်းလုံးရဲစခန်းအနီးက စာသင်ကျောင်းမှာတပ်စွဲထားသောစကစများတို.က်ခိုက်ခံရ၍စစ်သား(၂)ဦး​ေ.သဆုံး ထားဝယ် ၊ စက်တင်ဘာလ ၂၁ ရက်နေ့ ထားဝယ်ခရိုင်၊လောင်းလုံးမြို့မ ရဲစခန်းအနီးရှိ(အထက) စာသင်ကျောင်း၌တပ်စွဲထားသော ဖက်ဆစ်တပ်သားများယနေ့နံနက်ပိုင်းက အလစ်ပ.စ်ခတ် တို-က်ခိုက်ခံရသည်။ စက်တင်ဘာ(၂၁)ရက် ၊ နံနက်(၆)နာရီခွဲဝန်းကျင်ခန့်တွင်လမ်းသွား၊လာတို့ကိုစစ်ဆေးရန်ပြင်ဆင်နေသည့်စစ်သား များကို DDTတပ်ခွဲ(၃)နဲဲ့ထားဝယ်မြို့ပြပြောက်ကျားတပ်ဖွဲ့တို့မှတို.က်ခိုက်ခဲ့ကြောင်း DDTပြန်ကြားရေးမှဆိုသည်။ "ကျောင်းထဲမှာတပ်စွဲထားတာစစ်သားနှင့်ပျူတွေ(၁၀)ဦး ကျော်လောက်ရှိတယ်၊သူတို့ထွက်လာချိန်ကိုကျွန်တော်တို့ ရဲဘော်တွေစောင့်၍ ၄၀မမနဲ့လ.က်နက်ငယ်တွေသုံးပြုပြီး ထိုးပစ်တယ်။ ထိတွေ့မှုဖြစ်နေတဲ့အချိန်မှာ ရဲစခန်းဖက်မှစစ်ကူလာလို့ပြန်ဆုတ်လာခဲ့တယ်"ဟု၎င်းက ပြောသည်။ ထိုထိတွေ့မှုမှာ(၁၀)မိနစ်ကြာ၍စစ်သား(၂)ဦး​ေ.သဆုံး၊အများအပြားဒဏ်ရာရရှိပြီး မိမိတို့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ဖက်မှထိ.ခိုက်မှုမရှိခဲ့ကြောင်း ၎င်းကပြောပြသည်။ ယင်း ပ.စ်ခတ်မှုဖြစ်ပွားပြီးနောက် စာသင်ကျောင်းအနီးရှိနေအိမ်တစ်ချို့ကိုဖက်ဆစ်တပ်များ စစ်ဆေးမှုပြုလုပ်ပြီး လောင်းလုံးမြို့ပေါ်၌ကင်းလှည့်နေ၍လုံခြုံရေးတင်းကြပ် ထားကြောင်း ဒေသခံများ အထံမှ စုံစမ်း သိရှိရပါသည်။ အဆိုပါလောင်းလုံးမြို့(စရဖ)ရုံးမှဗိုလ်ကြီးလိုက်ပါသည့်အိမ်စီး ကားအဖြူ(၁)စီး ကိုလည်း ပြီးခဲ့သော(၂)ရက်ခန့်က DDTတပ်ခွဲ(၃) နှင့် ထားဝယ်မြို့ပြပြောက်ကျားတပ်ဖွဲ့တို့မှတို.က်ခိုက်ခဲ့ရာတွင်စစ်သား(၃)ဦးခန့်ဆေးရုံရောက်၌ ​ေ-သဆုံးခဲ့ကြောင်း DDT ပြန်ကြားရေးကရှင်းပြသည်။ #ရုပ်/သံ = Dawei Defense Team - DDT Dawei Information Center Dawei information Center - 2

photo content

ကျောက်ဆည်ရွာရှိပျူခေါင်းဆောင်လင်မယား(၂)ဦးပ.စ်ခတ်ခံရပြီး လ-က်နက်များကို PDFတို့ သိမ်းဆီးရမိဟုဆို ထားဝယ် ၊ စက်တင်ဘာလ ၂၀ ရက်နေ့ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ ကျောက်ဆည်ရွာမှာဆိုးသွမ်းနေသော ပျူစောထီးခေါင်းဆောင်လင်မယား ယမန်နေ့ညက ​ေ.သနတ်နဲ့ ပ.စ်ခံရ၍ ေ.သဆုံးခဲ့သည်။ စက်တင်ဘာ(၁၉)ရက်၊ည(၈)နာရီခွဲဝန်းကျင်​ခန့်မှာဦးတိုးဝင်း အသက်(၅၆)နှစ်ဆိုသူကို သိမ်းဌက်ပြောက်ကျားဖွဲ့နဲ့မဟာမိတ်ဖွဲ့တို့ပူးပေါင်း၍ နေအိမ်အတွင်း ဝင်ဖမ်းဆီးစဥ် ပ-စ်ခ.တ်မှုဖြစ်ပွားခဲ့ကြောင်း ရဲဘော်တစ်ဦးကဆိုသည်။ "ပျူကိုအရှင်ဖမ်းချင်လို့ ကျွန်တော်တို့ရဲဘော်တွေဝင်ဝိုင်းတာပါ။ကိုယ့်ဖက်ကရဲဘော်တွေကိုသူအရင်မြင်သွားခဲ့ပြီး ​ကိုင်ထားတဲ့ ​ေ.သနတ်နဲ့ ထပ.စ်မလို့လုပ်တယ်။သူ့ကျည်မထွက်မှီကျွန်တော်တို့ဖက်ကခုခံရင်း ပ.စ်လိုက်တာလင်မ ယား(၂)ဦးလုံးကျည်ထိသွားတယ်"ဟု၎င်းကပြောသည်။ ထို ပျူခေါင်းဆောင် ဦးတိုးဝင်း နှင့် ဇနီး ဒေါ်ပပဝင်း တို့ လင်မယားမှာ အခင်းဖြစ်သည့်နေရာ၌ ပင်​ေ.သဆုံးခဲ့ပြီး ၎င်းပျူအိမ်မှာ AK​ေ.သနတ်(၁)လက်၊ ကျည်အိမ်(၂)ခု၊ ကျည်(၈၄)ထောင့် ၊ စကားပြောစက်(၁)လုံး၊ လက်ပစ်ဗုံး (၂)လုံး၊ဖုန်း(၃)လုံး၊ဓားမြှောင်(၂)လက်၊ကျည်ကာဝတ်စုံ (၁)စုံနှင့်ပုဆိန်(၁)လက်ကိုသိမ်းဆည်းရမိ၍ ပြန်ဆုတ်ခွာလာခဲ့ကြောင်း မင်ရှင်ထဲပါဝင် သူတစ်ဦးက ရှင်းပြသည်။ ယင်းအခင်းဖြစ်ပွားသည့်နေရာကို ပဲဒက်ရွာဖက်မှစကစနဲ့ ပျူအဖွဲ့ဝင်များ နာရီအနည်းငယ်ကြာမှာ ရောက်ရှိလာခဲ့၍ စစ်ဆေးမှုပြုလုပ်ကာ ၎င်းပျူလင်မယား အလောင်းအားယနေ့နံနက်ပိုင်းမှာရွာက သင်္ချိုင်းတွင်ပင် အမိန့်စာပြန်ပြီး မီးသင်္ဂြိုလ်ပေးခဲ့ကြောင်း ဒေသခံတစ်ဦးမှ ရှင်းပြသည်။ အဆိုပါ ဦးတိုးဝင်း သည် စစ်အာဏာသိမ်းပြီးနောက်တွင်လ.က်နက်ကိုင် အုပ်ချုပ်ရေးမှူး/ပျူစောထီးခေါင်းဆောင်တစ်ဦးဖြစ်လာ၍ ဒေသခံများအားလ.က်နက်အားကိုးဖြင့်ဖိနှိပ်နိုင်ကျင့်ခြင်း၊ စစ်တပ်စစ်ကြောင်းများမှာ ကိုယ်တိုင်လိုက်ပါလမ်းပြပေးခြင်းနဲ့တရားမဝင်လုပ်ငန်းများကိုလုပ် ဆောင်နေသဖြင့် ရပ်တန့်ကရပ်ပေးရန် ကာကွယ်ရေးအဖွဲ့များမှ သတိပေးစာ ပေးပို့ဖူးသော်လည်း လိုက်နာခြင်းမရှိသဖြင့်ယခုလိုဝင်ရောက်ဖမ်းဆီးရင်းပ.စ်ခတ်မိခဲ့ကြောင်း သိမ်းဌက်ပြောက်ကျားဖွဲ့နှင့် မဟာမိတ်ဖွဲ့ထံမှ သိရသည်။ #ဓာတ်ပုံ /ကာကွယ်ရေးအဖွဲ့များမှသိမ်းဆီးရမိလာသည့် ပျူခေါင်းဆောင် ဦးတိုးဝင်း ၏ လ-က်နက် ပစ္စည်းများ။ Dawei Information Center Dawei information Center - 2

photo content
+3

ပုလောမြို့နယ်တိုက်ပွဲမှာ PDF(၇)ဦးထိ ကျ.ဆုံးခဲ့ရဟုဆို ထားဝယ် ၊ စက်တင်ဘာလ ၂၀ ရက်နေ့ မြိတ်ခရိုင်၊ပုလောမြို့နယ်၊မြဒေါင်ရွာဖက်ကို စစ်ကြောင်းထိုးလာသည့်ဖက်ဆစ်တပ်များနှင့်PDFတို့ ပြီးခဲ့သော(၂) ရက်ခန့်က တို.က်ပွဲဖြစ်ပွား၍ နှစ်ဖက်ကျ.ဆုံးမှုရှိခဲ့သည်။ စက်တင်ဘာ(၁၈)ရက်၊နံနက်(၈)နာရီခန့်မှာ၎င်းရွာဖက်သို့ ဖက်ဆစ်တပ်သား(၈၀)ဦးခန့်စစ်ကြောင်းထိုးဝင်လာခဲ့စဥ်မြိတ်ခရိုင်တပ်ရင်း(၁)ရဲဘော်များနဲ့ (၁)နာရီကျော်ကြာထိတွေ့ ပ.စ်ခတ်မှုဖြစ်ခဲ့ကြောင်း ရဲဘော်တစ်ဦးက ဆိုသည်။ "အဲဒီနေ့ကရွာထဲကိုစစ်ကြောင်းရောက်လာပြီးအိမ်တွေကိုမီ.းလိုက်ရှို့ပါတယ်။ ကျွန်တော်ဖက်က ရဲဘော်တွေသွားစောင့်တာရန်သူဖက်မှသတင်းကြိုရသွားပြီး ပြန်ဆော်ခံရပါတယ်။ အင်အားချင်းမမျှလို့ ပြန်ဆုတ်တဲ့လမ်းမှာ လူစုကွဲသွားတယ်။အဲဒီနေ့ကပျောက်သွားတာ ရဲဘော်အားလုံး (၁၆)ဦးပေါ့။(၆)ဦးကတော့ ညနေပိုင်းမှာထိခိုက်မှုမရှိပြန် တွေ့ရှိ၍(၇)ဦးမှာကျ.ဆုံးခဲ့ရတယ်"ဟု၎င်းက ပြောသည်။ ယင်းကျဆုံးခဲ့သောရဲဘော်(၇)ဦးမှာ ရဲရင့်၊ဂျွိုင်း၊ရဲရင့်နိုင်၊ ဝဏ္ဏ၊ပြောင်ပြောင်၊နေဖြိုး၊အောင်ကြီးမ တို့ဖြစ်၍ နောက် ထပ် ရဲဘော် ပျောက်ဆုံးရှိ နေသေးကြောင်း သိရှိရသည်။ အဆိုပါပုလောမြို့နယ်၊လက္ကူးရွာမှနေအိမ်(၁၂)လုံး၊ပြင်းဖြူရွာမှနေအိမ်(၃)လုံးနှင့် မြဒေါင်ရွာမှနေအိမ်တစ်ချို့ကို ဖက်ဆစ်တပ်မှမီ.းရှို့ထား၍ပြင်းဖြူရွာခံ(၄)ဦးကိုလည်းအကြောင်းပြချက်မရှိ ​ေ.သနတ်နဲ့ ပ.စ်သ-တ်ခဲ့ပါသည်။ Dawei Information Center Dawei information Center - 2

photo content