မြင်းခြံလူထုလှုပ်ရှားမှုကော်မတီ
Open in Telegram
1 971
Subscribers
-124 hours
+157 days
+14130 days
Posts Archive
ဇူလိုင်၁၈ရက်
-စက်မှုဇုန်ဘက်အထွက် သံလမ်းအကူး(မန်ကျဉ်းပင်ဂိတ်)မှာ စခတွေ စစ်နေ။((8:10amရရှိသတင်း)
#မြင်းခြံလူထုလှုပ်ရှားမှုကော်မတီ
ဇူလိုင်၁၇ရက်
-စစ်ကူမိုင်းဆွဲခံရလို့ မြင်းခြံမြို့နယ်တောင်ပုံရွာမှာ ကျန်နေတဲ့ စခစစ်ကြောင်း ညတွင်းချင်းထွက်ပြေး၊ ဒေသကာကွယ်ရေးအဖွဲ့က နယ်မြေရှင်းလင်းရေးလုပ်ဆောင်ရာ G-3 ကျည်များအပါအဝင် ဆက်စပ်ပစ္စည်းများသိမ်းဆည်းရမိတယ်လို့ ထုတ်ပြန်ခဲ့။
#မြင်းခြံလူထုလှုပ်ရှားမှုကော်မတီ
ဇူလိုင်၁၇ရက်
-စစ်ကူမိုင်းဆွဲခံရလို့ မြင်းခြံမြို့နယ်တောင်ပုံရွာမှာ ကျန်နေတဲ့ စခစစ်ကြောင်း ညတွင်းချင်းထွက်ပြေး၊ ဒေသကာကွယ်ရေးအဖွဲ့က နယ်မြေရှင်းလင်းရေးလုပ်ဆောင်ရာ G-3 ကျည်များအပါအဝင် ဆက်စပ်ပစ္စည်းများသိမ်းဆည်းရမိတယ်လို့ ထုတ်ပြန်ခဲ့။
#မြင်းခြံလူထုလှုပ်ရှားမှုကော်မတီ
ဇူလိုင်၁၇ရက်
-မနေ့ကနံနက်ပိုင်းက ထိန်ပန်းနှင့်ရွာသစ်ရွာအကြားမှာ စခကားမိုင်းဆွဲခံခဲ့ရပြီးနောက် အနီးအနားရှိ ကွမ်းခြံမှာခြံစိုက်လုပ်သား(၂)ဦးကို စခများမှ ဖမ်းဆီး သတ် ဖြတ် ခဲ့။
#မြင်းခြံလူထုလှုပ်ရှားမှုကော်မတီ
မြင်းခြံမြို့နယ်၊ တောင်ပုံရွာအနီးမှ စစ်ကား ၂ စီးကို MGN 35 အဖွဲ့က မိုင်း ၁၂ လုံးနဲ့ ၃ ကြိမ်ဆွဲ
စစ်သား ၁၇ ဦးခန့် ထိခိုက်သေနိုင်
(audio)
ဇူလိုင် ၁၆၊ ၂၀၂၃
ရွှေညာမြေ
မန္တလေးတိုင်း၊ မြင်းခြံမြို့နယ် တောင်ပုံရွာအနီးမှာ ကင်းလှည့်လာတဲ့ စစ်ကောင်စီတပ်နဲ့ ထိတွေ့တိုက်ပွဲငယ် ၂ ကြိမ်ဖြစ်ပွားခဲ့ပြီး အင်အားထပ်ဖြည့်လာတဲ့ ကား ၂ စီးကို မိုင်းဆွဲဖောက်ခွဲခဲ့တယ်လို့ မြင်းခြံအခြေစိုက် MGN 35 ပြောက်ကျားတပ်ဖွဲ့ရဲ့ ခေါင်းဆောင် ဗိုလ်နွေမိုက်က ပြောပါတယ်။
ဇူလိုင်လ ၁၆ ရက် ယနေ့မနက် ၈ နာရီလောက်မှာ မြင်းခြံမြောက်လက်ရှိ မီးပေါက်ရွာကနေတဆင့် တောင်ပုံရွာကို ထွက်လာတဲ့ အင်အား ၂၀ ကျော်ပါ စစ်တပ်စစ်ကြောင်းနဲ့ ထိတွေတိုက်ပွဲ ၂ ကြိမ်ဖြစ်ပွားခဲ့တယ်လို့ ဗိုလ်နွေမိုက်က ပြောပါတယ်။
တိုက်ပွဲဖြစ်ပွားနေစဥ် မနက် ၉ နာရီ ၁၅ မိနစ် ခန့်အချိန်မှာ မြင်းခြံမြို့မှ အိမ်စီးကားတစ်စီး ၊ ကန်တာကားနဲ့ အင်အား ၂၀ ကျော် ထပ်မံအင်အားဖြည့်လာတဲ့ စစ်အုပ်စုကို အသင့်ထောင်ထားတဲ့ မိုင်းကွင်းထဲသို့ ဝင်အလာကို အသင့်စောင့်ကြိုပြီး မိုင်း ၁၂ လုံးနဲ့ ၃ ကြိမ် ဆက်တိုက် ထိထိမိမိမိုင်းဆွဲတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
"မြင်းခြံမြို့နယ် မီးပေါက်ရွာကနေ မီးပေါက်မြောက်တောချောင်ကနေ စကစ ၂၁ ကောင် တောင်ပုံရွာကို ဝင်တဲ့အချိန် ကျနော်တို့ ရှေ့ပြေးကင်းထုတ်တဲ့ ကင်းသမားတွေနဲ့ ထိတွေ့မှုအနည်းငယ်ဖြစ်တယ်။ နှစ်ကြောင်းသူတိုက ခွဲထိုးတာနဲ့ ကင်းသမားလေးတွေဆုတ်ပေးပြီး ပြန်ပါတ်လာပြီးတော့ သူတို့တောင်ပုံရွာထဲအရောက်ကျမှ ထပ်ပြီးတော့ ပွဲဖြစ်လိုက်သေးတယ်။ပွဲဖြစ်တဲ့အချိန်မှာ သူတို့ကနေပြီးတော့ ထပ်ပြီးတော့ မြင်းခြံမြို့ကနေ ထိန်ပန်းရွာကို ဖြတ်ပြီး ကားလေးတစ်စီး၊ ကန်တာတစ်စီးနဲ့ အင်အားထပ်ဖြည့်လာတယ်ဗျ။ အဲဒီအချိန်မှာ ဝင်လာတဲ့ကားတွေ ကျနော်တို့ အသင့်ဆင်ထားတဲ့ မိုင်းကွင်းထဲ ဝင်လာအချိန်မှာ မိုင်း ၁၂ လုံးပွိုင့် ခွဲလိုက်တယ်။ ပထမတစ်ပွိုင့်ဆွဲတယ်။ ထိတယ်။ ထိတော့ သူတို့ဆင်းပစ်တယ်ဗျ။ ဆင်းပစ်တော့ နောက်တစ်ပွိုင့် ထပ်ဆွဲတယ်။ နောက်တစ်ပွိုင့်ထပ်ဆွဲတော့ နောက်ပွိုင့်ဆီကိုကားက အတိုး ကျန်တဲ့ကောင်တွေက ပြန်အပစ်ကို ထပ်ဆွဲတယ်ဗျ။ ကားပေါ်ပါတဲ့ ထဲက ၄ ကောင်လောက်ပဲ ကျန်တယ်။ ကားတွေပါပျက်စီးသွားတယ်။ " လို့ ဗိုလ်နွေမိုက်က ပြောပါတယ်။
"မိုင်းမိတဲ့ ကောင်တွေကို တောင်ပုံရွာထဲကို သယ်နေကြတယ်။ ၁၇ ကောင်လောက်တော့ ထိထိမိမိပဲ။ အကောင် ၂၀ ကျော်လောက်တော့ ထိမယ်ဗျ။ ကားတွေကတော့ မိုင်းဆွဲခံရတဲ့နေရာမှာပဲ ရှိသေးတယ်။ တောင်ပုံမှာ လက်ရှိ အင်အား ၂၀ လောက်ရှိတယ်။ မိုင်းဆွဲခံရတဲ့နေရာမှာ အကောင် ၃၀ လောက်ရောက်နေတယ်ဗျ။ ရွာထဲကတော့ အတော်များများ ဘေးလွတ်ရာ ရှောင်နေကြရတယ်ဗျ။" လို့ ဒေသခံသတင်းရင်းမြစ်တစ်ဦးကလည်း တိုက်ပွဲဖြစ်ပွားမှုကို ရွှေညာမြေကို အတည်ပြုပြောဆိုပါတယ်။
၁၁ နာရီကျော်ခန့်အချိန်အထိ မိုင်းမိထားတဲ့ ကား ၂ စီးဟာ မိုင်းကွင်းထဲမှာပဲ ရှိနေသေးပြီး တောင်ပုံရွာက စစ်ကောင်စီအဖွဲ့တွေတော့ မိုင်းဆွဲခံရတဲ့နေရာကို ရောက်ရှိနေပြီး ကင်းပုန်းဝပ်နေကြတယ်လို့ သိရပါတယ်။ ထိထိမိမိမိုင်းဆွဲလိုက်နိုင်တာကြောင့် ကားပေါ်ပါ စစ်အုပ်စုမှ အများစု သေဆုံးထိခိုက်ခဲ့ပြီး ၄ ဦးခန့်သာ ပြန်လည်ပစ်ခတ်နိုင်ခဲ့တယ်လို့ ပြောပါတယ်။ မိုင်းဆွဲ ပြီးတဲ့နောက်မှာ MGN 35 အဖွဲ့သားတွေ အထိအခိုက်မရှိပြန်လည် ဆုတ်ခွာလာခဲ့တယ်လို့လည်း ဆိုပါတယ်။
#မြင်းခြံလူထုလှုပ်ရှားမှုကော်မတီ
#ရွှေညာမြေ
ဇူလိုင်၁၆ရက်
🔺တောင်သာမြို့မှလာတဲ့စခတွေ နန်းမြင့်ရွာမှာ ဝင်မွှေနေပြီး ဖမ်းဆီးပတ်ရမ်းနေ အနည်းဆုံး၃ဦးဖမ်းဆီးခံထားရပြီး အမျိုးသမီးတွေပါ ဖမ်းခံနေရတယ်လို့သိရ။ယခုထိပြန်မထွက်သေး။(7:25pm)
#မြင်းခြံလူထုလှုပ်ရှားမှုကော်မတီ
ဇူလိုင်၁၄ရက်
🔺တောင်သာမြို့နယ်၊နန်းမြင့်ရွာမှ ကျား၆ဦး စခများဖမ်းဆီး။
#မြင်းခြံလူထုလှုပ်ရှားမှုကော်မတီ
ဇူလိုင်၁၃ရက်
🔺 ZERO ပြောက်ကျားတပ်ဖွဲ့မှ ဦးဆောင်းပြီး မြင်းမူမြို့နယ်ဘက်မှာ ပွဲကခဲ့ရာ စခ၃၂ကောင်ဂန့်တယ်လို့ ZERO အဖွဲ့ခေါင်းဆောင်ကိုသက်ကြီးထံမှ သိရ။
🚩မြင်းခြံလူထုလှုပ်ရှားမှုကော်မတီ
ဇူလိုင်၉ရက်
-မနေ့က မြင်းခြံမြို့နယ်၊ယုန်ထိုးရွာနားမှာ ကင်းပုန်းဝတ်ပီး ရဲဘော်တွေကို ပစ်ခတ်ခဲ့တဲ့ စခစစ်ကြောင်းနဲ့ မြင်းခြံခရိုင်တပ်ရင်း၄ (Natogyi PDF)အဖွဲ့နဲ့ တိုက်ပွဲဖြစ်ခဲ့ပါတယ်။နွားထိုးကြီးမြို့နယ် ပဲကြီးခင်း ရွာအရှေ့ဘက်နားမှာ ၂၀ မိနစ်ခန့်ကြာ ဖြစ်ခဲ့တာဖြစ်ပြီး စခအသေအပျောက်ရှိတယ်လို့သိရပါတယ်။Natogyi PDFဘက်မှ ဒရုန်းတစ်ဆင်း ဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။
#မြင်းခြံလူထုလှုပ်ရှားမှုကော်မတီ
ဇူလိုင်၉ရက်
🔺ယနေ့လည်း နဘူးအိုင်ရွာလမ်းခွဲမှာ စခတွေစစ်နေ။
#မြင်းခြံလူထုလှုပ်ရှားမှုကော်မတီ
ဇူလိုင်၈ရက်
🔺နဘူးအိုင်ကားလမ်းမှာ စခတွေစစ်နေပြီး ပျူဝင်းကြိုင်ပါ ရှိတယ်လိုသိရ။
#မြင်းခြံလူထုလှုပ်ရှားမှုကော်မတီ
ဇူလိုင်၇ရက်
-လူထုလှုပ်ရှားမှုကော်မတီတောင်သာမှ ငွေကြေးလိမ်လည်မှုအတွက် ထုတ်ပြန်ချက် ထုတ်ပြန်ခဲ့
=>>လှည်းကူးမအုပ်စု၊ ငွေသောင်ကျေးရွာမှာ ပြည်သူများကို ခြိမ်းခြောက်ပြီး ငွေကြေးလိမ်လည်မှု့ဖြစ်ပွားခဲ့ပါသည်။
အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင် စခများ ဝင်ရောက်နေထိုင်ခဲ့သော ပြည်သူ့အိမ်များကို ပစ်စာရေးပြီး ခြိမ်းခြောက်တောင်းယူခဲ့ကြောင်း၊ နေအိမ်တစ်အိမ်ချင်းစီအလိုက် စာချကာ ဖော်ပြပါ Wave pay account ထံငွေလွဲပေးဖို့၊ ငွေလွှဲပို့ပြီးလျှင် သတင်းမပေါက်ကြားဖို့နဲ့ အကယ်၍သတင်းပေါက်ကြားလျှင်အသတ်ခံရမည်ဖြစ်ကြောင်း ခြိမ်းခြောက်ထားကာ ပုံ PDF ဟု ရေးသားထားကြောင်းသိရသည်။
နေအိမ်စာချခံရသော ပြည်သူများမှ 6.7.2023 နေ့တွင် Zin Min Htet (09985513608) Wave pay သို့ စုစုပေါင်း ၁၂သိန်း လွှဲပို့လိုက်ရကြောင်းသိရသည်။
၎င်းဖြစ်စဥ်နှင့်ပါတ်သတ်ပြီး နွေဦးတော်လှန်ရေးအင်အားစုများနှင့် သက်ဆိုင်ရာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များမှ ပြုလုပ်ကျူးလွန်ခြင်းမရှိကြောင်းသိရှိရသည်။
ထို့အတွက်အကြမ်းဖက်စစ်ကောင်စီနှင့် ၎င်းလက်ဝေခံများမှ နွေဦးတော်လှန်ရေးကို ပြည်သူများအထင်အမြင်လွဲမှာစေရန် ရည်ရွယ်ချက်ရှိရှိကျူးလွန်ပြုလုပ်ခြင်းဖြစ်သည့်အတွက် ပြည်သူများအနေဖြင့် သတိကြီးစွာထားရှိကြဖို့ လိုအပ်ပါသည်။
ယခု ငွေလွှဲကိစ္စနှင့်ပါတ်သတ်ပြီး ၎င်း Wave account ပိုင်ရှင်လာရောက်ထုတ်ယူပါက တောင်သာမြို့နယ်နှင့် အခြားမြို့နယ်များရှိ Wave pay အေးဂျင့်များမှ သတိထားစောင့်ကြည့်ပြီး ထုတ်ဖော်ပေးကြပါရန် မေတ္တာရပ်ခံပါသည်။
#လူထုလှုပ်ရှားမှု့ကော်မတီ တောင်သာ
#မြင်းခြံလူထုလှုပ်ရှားမှုကော်မတီ
ဇူလိုင်၆ရက်
🔺မနေ့က ငွေပေါ်ကျွန်းရွာကအဖမ်းခံရသူ၂ဦးကို စခများမှ မီးရှို့သတ်ဖြတ်ခဲ့ အရိုးစုတွေကို တွေ့ရ။ဖွားစိ အသက်၅၀ခန့် ကျော်စိုး အသက်၅၅ခန့်။
#မြင်းခြံလူထုလှုပ်ရှားမှုကော်မတီ
ဇူလိုင်၅ရက်
🔺မနေ့ည၁၁နာရီခန့်က မြင်းခြံမြို့နယ်၊ရွှေပေါ်ကျွန်းရွာကို ဝက်လူးမှစခ၊ရခများ မီး ရှို့ ခဲ့။ငွေပေါ်ကျွန်းမှ ကျား၁၊မ၁-၂ဦးကိုလည်း ဖမ်းဆီးသွားတယ်လို့ သိရ။
#မြင်းခြံလူထုလှုပ်ရှားမှုကော်မတီ
ဇူလိုင်၄ရက်
🔺၁ရက်နေ့က မြင်းခြံထောင်မှ နိုင်ကျဉ်း၁၇ဦးကို သရက်ထောင်၊မကွေးထောင်ပြောင်းရွှေ့ခဲ့ပြီး မေလထဲက ခမရ၁၅တပ်ထဲ ခေါ်စစ်ခဲ့တဲ့ နိုင်ကျဉ်း၁၄ဦး ပါဝင်။မကွေးထောင်၉ဦး သရက်ထောင်၈ဦး ရွေ့ပြောင်းခံရတာလို့ သိရ။
🚩မြင်းခြံလူထုလှုပ်ရှားမှုကော်မတီ
ဇူလိုင်၃ရက်
🔺ဇွန်လနောက်ဆုံးပတ်က စခများမှဖမ်းဆီးခဲ့တဲ့ ထိန်ပန်းရွာမှကိုထွန်းမင်းကို ဇူလိုင်၂ရက်နေ့က စခများမှ that ဖြတ် ပြီး ကျောက်ကန်ရွာအနီးမှာ စွန့်ပစ်ခဲ့။
#မြင်းခြံလူထုလှုပ်ရှားမှုကော်မတီ
ဇူလိုင်၂ရက်
🔺မန်ကျဉ်းစုရွာမှနိုင်ငံရေးပုဒ်မဖြင့် မြင်းခြံထောင်အတွင်းအကျဉ်းကျခံနေရသည့် နိုင်ကျဉ်းဦးစိန်ဝင်း
ထောင်တွင်းမှာ သေဆုံးခဲ့တယ်လို့ သိရ။ရခများမှ အစာအိမ်သွေးကြောပေါက်သေဆုံးခဲ့တာ လို့ ပြောခဲ့တယ်လို့ သိရ။
#မြင်းခြံလူထုလှုပ်ရှားမှုကော်မတီ
ဇူလိုင်၁ရက်
🔺မြင်းခြံထောင်မှ ဗကသကျောင်းသားဟောင်းစိုးရာဇာထွန်းလွင် ကို သရက်ထောင်သို့ ထောင်ပြောင်းရွေ့ခဲ့တယ်လို့ သိရ။
#မြင်းခြံလူထုလှုပ်ရှားမှုကော်မတီ
ဇွန်၂၅ရက်
🔺ယုံတိုး အနောက်ဖက် သုသန် ထဲမှာ ယခုစခကင်းပုန်း ၁၅ ကောင် ဝန်းကျင်ရှိပါတယ် အဖွဲ့များ အသွားလာသတိရှိကြဖို့ သတိပေးအပ်ပါတယ်။
#မြင်းခြံလူထုလှုပ်ရှားမှုကော်မတီ
ဇွန်၂၃ရက်
-ယုန်ထိုးက စခတွေ (တောင်ဘက်)ပျိုးကန်ဘက် ဦးတည်ထွက်သွားနေ။နောက်က ကင်းပုန်း တဖွဲ့စောင့်နေတယ်လို့ သိရ။
#မြင်းခြံလူထုလှုပ်ရှားမှုကော်မတီ
