en
Feedback
မြင်းခြံလူထုလှုပ်ရှားမှုကော်မတီ

မြင်းခြံလူထုလှုပ်ရှားမှုကော်မတီ

Open in Telegram

မြင်းခြံလူထုလှုပ်ရှားမှုကော်မတီ၏သတင်းချန်နယ်ဖြစ်ပါသည်

Show more
1 971
Subscribers
-124 hours
+157 days
+14130 days
Posts Archive
စက်တင်ဘာ၂ရက် 🔺မနေ့က မြေစကောင်းရွာ ရောက်နေတဲ့စခတွေ နှပ်ချိုတောရွာရောက်နေ။ ပါလာတဲ့ဆန်အိတ်တွေကို နွားလှည်းနဲ့လိုက်ပို့ခိုင်းတယ်လို့ သိရ။ #မြင်းခြံလူထုလှုပ်ရှားမှုကော်မတီ

စက်တင်ဘာ၁ရက် 🔺မနက်က ကုက္ကဲတောင်ပေါ်ရောက်နေတဲ့စခတွေ မြေစကောင်းရွာစာသင်ကျောင်းထဲရောက်နေ။စခအင်အား၇၀ခန့်ရှိတယ်လို့ သိရ။ #မြင်းခြံလူထုလှုပ်ရှားမှုကော်မတီ

စက်တင်ဘာ၁ရက် 🔺မနက်၈နာရီခန့်က မြို့သာဘက်ကထွက်လာတဲ့ စခကား၂စီးပေါ်မှ စခတွေ ကုက္ကဲတောင်ပေါ်ရောက်နေ။ #မြင်းခြံလူထုလှုပ်ရှားမှုကော်မတီ

ဩဂုတ်၃၀ရက် 🔺နဘူးအိုင်က စခတွေ မြို့သာဘက်ဦးတည်ပြီး ကားကြီး၂စီး(၁၂ဘီးကား၁စီးပါ)၊ကားသေး၂စီးနဲ့ ထွက်သွား။ (1:30pmရရှိသတင်း) #မြင်းခြံလူထုလှုပ်ရှားမှုကော်မတီ

ဩဂုတ်၃၀ရက် 🔺မနက်က သစ်ရုံရွာမှ စစ်မှုထမ်းဟောင်း၊ပျူစုဆောင်းရေးခေါင်းဆောင် ထွန်းထွန်းကို MGN-35,ဒေါင်းမင်းတမာန်တပ်ဖွဲ့တို့မှ ရှင်းလင်းခဲ့တယ်လို့ ထုတ်ပြန်ခဲ့။ #မြင်းခြံလူထုလှုပ်ရှားမှုကော်မတီ

ဩဂုတ်၂၅ 🔺မနက်(၇)နာရီခန့်က ရွာသစ်ရွာမှ စခများက ထိန်ပန်းရွာမှ နေအိမ်(၃)လုံးကို မီးရှို့ဖျက်ဆီးခဲ့။တောင်ပုံရွာရောက်နေတဲ့စခများမှ ယုံထိုးရွာရောက်လာပြီး သားအမိ(၂)ဦးကို ဖမ်းဆီးခဲ့။ 🚩မြင်းခြံလူထုလှုပ်ရှားမှုကော်မတီ

ဩဂုတ်၂၃ -မြင်းခြံမြို့က စခ ကားကြီး၃စီး ကားသေး၂စီး၊နဘူးအိုင်က စခကားကြီး၁စီး မြို့သာဘက်ဦးတည်ထွက်သွား။(7:50pm)ရရှိသတင်း #မြင်းခြံလူထုလှုပ်ရှားမှုကော်မတီ

ဩဂုတ်၂၃ 🔺မနေ့က၊နေ့လည်ပိုင်း ကုက္ကဲဈေးတန်း၊ဈေးသွားဝယ်တဲ့ တပ်ရွာမှရွာသား၁တစ်ဦး စခတွေရဲ့ ပစ် thatခံရပြီး သေဆုံး။လက်ကျည်ထိမှန်၍ ဆိုင်ကယ်ပြန်လှည့်မောင်းပြေးရာမှ ပဲစိမ်းငုံခင်းထဲမှာ ပစ်သတ်ခံခဲ့ရတာလို့ သိရပြီး အလောင်း ပြန်မပေးဘူးလို့ သိရပါတယ်။ -ယခုရက်ပိုင်းအတွင်း မြင်းခြံမြို့နယ်အရှေ့ပိုင်းမှာ စခတွေ ခြေရှုပ်နေပြီး တောင်ပုံရွာမှာ ရောက်နေတဲ့ စစ်ကြောင်းက တောင်ပုံရွာသား၂ဦးကို ၂၁ရက်နေ့ထဲ့ကဖမ်းခေါ်ထားပါတယ်။ရွာသစ်ရွာရောက်နေတဲ့ စစ်ကြောင်းကလည်း မီးပေါက်ရွာက လင်မယား၂ဦးကို ၁၉ရက်နေ့ထဲက စစ်ကြောင်းတလျှောက် ဖမ်းခေါ်ထားတာပါ။ ကုက္ကဲစာသင်ကျောင်းတပ်စွဲနေတဲ့စခတွေက စာသင်ကျောင်းနဲ့ ရွာသာယာရွာဘက် ဖြန့်နေပြီး ပျားရွာ၊နဘူးအိုင်ဘက်မှာလည်း စခတွေက တပ်စွဲနေတာပါ။ -စစ်ကြောင်းထွက်တဲ့အခါမှာ စစ်ကြောင်းတစ်ခုက ၂နေရာဖြန့်ခွဲ အယောင်ပြပြီး အခြားစစ်ကြောင်းက ရွာတွေကို ဝင်ပြီးစီးနင်းတာမျိုးလုပ်လေ့ရှိပါတယ်။စစ်ကြောင်းထိုးချိန်မှာ လမ်းတွေတဲ့ တောင်ယာတောလုပ်ငန်းလုပ်နေသူများကို ရိုက်နှက်တာ၊ဖုန်းဆင်းကဒ်တွေဖြုတ်ယူသွားတာတွေ လုပ်လေ့ရှိပါတယ်။ ရွာသစ်ရွာဘက်ရောက်နေတဲ့စစ်ကြောင်းက စစ်ကြောင်းတလျှောက်ရွာတွေဝင်တဲ့အခါ ဖုန်းနဲ့ပိုက်ဆံတွေ အဓမ္မခိုးယူခဲ့ကြပါတယ်။မီးပေါက်ရွာ၊မြောက်တောချောင်ဘက်ဝင်ချိန်က ဖုန်း၁၈လုံး၊ဆိတ်ကုန်းရွာဘက်ဝင်ချိန်က ဖုန်း၂၂လုံးနဲ့ နေအိမ်တစ်အိမ်မှ ၁၈သိန်းကျပ် ခိုးယူသွားခဲ့ပြီး စာရင်းမသိရသေးတဲ့ ရွှေ၊ငွေ ယူသွားတာတွေ ရှိပါသေးတယ်။ 🚩မြင်းခြံလူထုလှုပ်ရှားမှုကော်မတီ

ဩဂုတ်၂၀ -မနေ့က စခတွေရွှေပေါ်ကျွန်းရွာကို ဝင်ရောက်ခဲ့ပြီး ရွာသူ၊ရွာသားများကို ဓာမ္မာရုံမှာ စုထိုင်ခိုင်းထားကာ ကြောက်လန့်ထွက်ပြေးတဲ့ စိတ်မနှံ့သူကိုလင်းကို သေနတ်ဖြင့် လိုက်လံပစ်ခတ်ခဲ့။‌သေနတ်ဖြင့် မထိမှန်၍ လိုက်ဖမ်းဆီးခဲ့ပြီး ရိုက်နှက်နှိပ်စက်ကာ ခြေထောက်ကို ဓားဖြင့်မွှန်းခဲ့။ ယ္ခင်တည်းက ကိုလင်းအား ပုဆိုးသစ်များဝတ်ဆင်ပေးလျှင် ဆုတ်ဖြဲပြီးမှ ဗြန့်လိုက်ဝတ်တတ်သူဖြစ်ပြီး ရွာတွင်းလျှောက်လည်ပတ်သွားလာနေတတ်သူ ဖြစ်သည်။ #မြင်းခြံလူထုလှုပ်ရှားမှုကော်မတီ

ဩဂုတ်၁၇ရက် -မြင်းခြံမြို့နဲ့မြို့အနီးဝန်းကျင်မှာ ပျူများက ညဘက်မှာ နေအိမ်ဝင်ရောက်ပြီး သေနတ်ဖြင့်ခြိမ်းခြောက်ငွေတောင်းယူတာတွေ ပြုလုပ်နေတယ်လို့သိရ။၁၄ရက်နေ့ညကလည်း ပျူများက ရှားတောရွာမှ နေအိမ်တစ်အိမ်ကို ဝင်ရောက်ပြီး ခြိမ်းခြောက်ကာ ပိုက်ဆံ၅သိန်းတောင်းယူခဲ့ပါသေးတယ်။ #မြင်းခြံလူထုလှုပ်ရှားမှုကော်မတီ

ဩဂုတ်၁၀ရက် -7:20amခန့်က မြင်းခြံ-နွားထိုးအစပ်မှာ စခကားကြီးတစ်စီးနဲ့ ချခဲ့ပြီး မြင်းခြံ-နွားထိုးကားလမ်း၊ညောင်ပင်ရွာမှာ ဆိုင်ကယ်၊ကား တားစစ်နေ။ #မြင်းခြံလူထုလှုပ်ရှားမှုကော်မတီ

ဩဂုတ်၉ရက် -ယမန်နေ့ညနေပိုင်းက လေးအိမ်တန်းရွာစကစခန့်အုပ်ကြီးကို စခများမှ ပစ် that ခဲ့။ #မြင်းခြံလူထုလှုပ်ရှားမှုကော်မတီ

ဩဂုတ်၈ရက် -ရေစကြိုမြို့နယ်၊ကံဦးရွာအနီးတွင် MG-6တပ်ဖွဲ့ နှင့် ရေစကြိုမြို့နယ်ပကဖ၊ရေလည်ကျွန်းတပ်ပေါင်းစုတို့ အပြန်အလှန်ပစ်ခတ်မှ
ဩဂုတ်၈ရက် -ရေစကြိုမြို့နယ်၊ကံဦးရွာအနီးတွင် MG-6တပ်ဖွဲ့ နှင့် ရေစကြိုမြို့နယ်ပကဖ၊ရေလည်ကျွန်းတပ်ပေါင်းစုတို့ အပြန်အလှန်ပစ်ခတ်မှုဖြစ်စဉ် အပေါ် မြင်းခြံခရိုင်၊မြင်းခြံမြို့နယ်၊တောင်သာမြို့နယ်၊မြင်းခြံခရိုင်-ရင်း(၁)၊ရင်း(၂)၊ရင်း(၃)တို့မှ ပြည်သူသို့အသိပေးကြေငြာချက် ထုတ်ပြန်ခဲ့။ #မြင်းခြံလူထုလှုပ်ရှားမှုကော်မတီ

ဩဂုတ်၄ရက် -မနက်ပိုင်းက ညောင်ဝန်းရွာမှပျူတင့်နိုင် အရှင်းခံရ။နဘူးအိုင်လမ်းပိုင်းမှာ စခတွေနဲ့ပေါင်းပြီး ကားသမားတွေကို ငွေညှစ်တောင်း‌တဲ့ထဲ ပါသူဖြစ်ပြီး ပျူခေါင်းဆောင် ဝင်းကြိုင်ရဲ့ တပည့်လို့ သိရ။ #မြင်းခြံလူထုလှုပ်ရှားမှုကော်မတီ

ဩဂုတ်၂ရက် 🔺ယမုံနာတည်းခိုခန်းကို စခ၊ရခတွေချိတ်ပိတ်နေတယ်လို့ သိရ။ 🚩မြင်းခြံလူထုလှုပ်ရှားမှုကော်မတီ

ဩဂုတ်၁ရက် 🔺မြင်းခြံထောင်မှ အကျဉ်းသား၁၃၀လွှတ်ပေးမယ်လို့ သိရပြီး အမျိုးသမီး၂၁ဦးပါတယ်လို့ သိရ။ နိုင်ကျဉ်း-ဦးမိုး လွတ်တယ်လို့သိရ။ 🚩မြင်းခြံလူထုလှုပ်ရှားမှုကော်မတီ

ဇူလိုင်၃၁ရက် -ကန်စွယ်ရွာရောက်နေတဲ့ စခ၊ပျူများမှ ကန်စွယ်ရွာထိပ်ကြက်ခြံအနီးမှာ ဆိုင်ကယ်စီးလာသူ၂ဦးကို ဆိုင်ကယ်တားရာရပ်မပေး၍ဟုဆိုကာ ပစ်ခတ်ခဲ့ရာ တစ်ဦးသေဆုံး၊တစ်ဦးထိခိုက်ဒဏ်ရာရခဲ့ပါတယ်။ #မြင်းခြံလူထုလှုပ်ရှားမှုကော်မတီ

ဇူလိုင်၂၂ရက် -စခအင်အား၃၀ခန့် (7:30am)ခန့်က ဖက်ရင်းရွာဘက်ထွက်သွား။မနေ့ကလည်း စခတွေ ဖက်ရင်းရွာရောက်ပြီး လမ်းဖြတ်သွားသူ၊အလုပ်ပြန်လာသူများကို ဖမ်းဆီး၊ရိုက်နှက်၊ငွေတောင်းတာတွေ လုပ်ခဲ့။ #မြင်းခြံလူထုလှုပ်ရှားမှုကော်မတီ

ဇူလိုင်၂၁ရက် -မနက်က လယ်သစ်ရွာက ချိတ်ပိတ်ခံထားရတဲ့ ဦးအေးကိုရဲ့ နေအိမ်(လ္ဘက်ရည်ဆိုင်)အဆောက်အဦး သွပ်မိုးတွေကို စခ၊ပျူများမှ ဖျက်ယူနေတယ်လို့ သိရ။ #မြင်းခြံလူထုလှုပ်ရှားမှုကော်မတီ

ဇူလိုင်၁၉ရက် -မနေ့က ညနေ၃နာရီခန့်က ပြောင်းပြာတံတားထိပ်မှာ စခတွေဆိုင်ကယ်ဖမ်းစစ်နေချိန် ထွေအုပ်ရုံးတောင်ဖက်မှာ ဗုံးကွဲခဲ့တယ်လို့ သိရ။ #မြင်းခြံလူထုလှုပ်ရှားမှုကော်မတီ