en
Feedback
𝑺𝑵 𝑪𝒊𝒏𝒊𝒎𝒆𝒂 𝑴𝒚𝒂𝒏𝒎𝒂𝒓

𝑺𝑵 𝑪𝒊𝒏𝒊𝒎𝒆𝒂 𝑴𝒚𝒂𝒏𝒎𝒂𝒓

Open in Telegram

🚩 Channel was restricted by Telegram

Show more
4 599
Subscribers
No data24 hours
No data7 days
-15330 days
Posts Archive
Captain Phillips (2013) ၂၀၀၉ ခုနှစ်မှာ အမေရိကန်တွေအတွက် အံ့အားသင့်ဖွယ်ရာကိစ္စတစ်ခု ဖြစ်ခဲ့ပါတယ်။ အဲဒါကတော့ နှစ်ပေါင်း ၂၀၀ အတွင်း ပထမဆုံးအကြိမ် အမေရိကန်ကုန်တင်သင်္ဘောတစ်စင်း ပြန်ပေးဆွဲခံရတာပဲ ဖြစ်ပါတယ်။ အိုမန် (Oman) နိုင်ငံ၊ ဆလာလဆိပ်ကမ်း (Port Of Salalah) ကနေ ကုန်ပစ္စည်းတွေသယ်ဆောင်လာတဲ့ အမေရိကန်ကုန်တင်သင်္ဘော အမ်ဗွီ မဲဆ်ခ် အာလဘာမား (MV Maersk Alabama) ဟာ ဆိုမာလီကမ်းရိုးတန်းကို ဖြတ်ကျော်ပြီး ကင်ညာနိုင်ငံ (Kenya)၊ မွမ်ဘာဆာမြို့ (Mombasa) ကို ခရီးအဆက်၊ လမ်းမှာ ဆိုမာလီပင်လယ်ဓားပြတွေရဲ့ ပြန်ပေးဆွဲခြင်းကို ခံလိုက်ရပါတယ်။ ဒီအခါ ဘာတွေဆက်ဖြစ်တယ်ဆိုတာကို စိတ်လှုပ်ရှားဖွယ် ရသအပြည့်နဲ့ ရိုက်ကူးတင်ပြထားတာဖြစ်ပါတယ်။ ထိုင်ရာမထတမ်း ကြည့်ရှုရလောက်အောင် ကောင်းမွန်တဲ့ အက်ရှင်၊ အတ္ထုပ္ပတ္တိဇာတ်ကားကောင်းတစ်ကား ဖြစ်ပါတယ်။ အကြိုက်ဆုံးကတော့ အခုမှ စပြီး ရုပ်ရှင်ရိုက်တဲ့ ဆိုမာလီဓါးပြဗိုလ် အဖြစ်သရုပ်ဆောင်တဲ့ (တကယ့် ဆိုမာလီလူမျိုး) Barkhad Abdi နဲ့ ၀ါရင့်မင်းသားကြီး Tom Hank တို့ကြားက စကားပြောခန်းတွေဖြစ်ပါတယ်။ #Movie Link👇 ဇာတ်ကားကြည့်ရန် 👇👇 Telegram Link https://t.me/SNcinimea #Hidden strike (2023) #𝕊ℕℂ𝕚𝕟𝕚𝕞𝕖𝕒𝕄𝕪𝕒𝕟𝕞𝕒𝕣

Kingdom of the planet of the apes (2024)

Kingdom of the Planet of the Apes (2024)

Army Of The Dead (2021) ------------------------- IMDB (7.5/10) ဇာတ်လမ်းအကျဉ်းကတော့ လက်စ်ဗီးဂတ်စ်မြို့မှာ ဇွန်ဘီတစ်ကောင် လွတ်သွားရာကနေ ထိန်းမရတော့ဘဲ တစ်မြို့လုံး ဇွန်ဘီးဖြစ်သွားပါတယ်၊ ဒါကြောင့် တစ်မြို့လုံးကို LockDowm ပိတ်ချထားလိုက်ရပါတယ် နောက်ထပ် ၄ ရက်အကြာမှာပေါ့၊ အဲဒီမှာပဲ မြို့ရဲ့ ကာစီနိုအောက်မှာ ကျန်နေခဲ့တဲ့ ဒေါ်လာ သန်း ၂၀၀ ကို ယူပေးဖို့ အရင်က အထူးတပ်ဖွဲ့ဝင်ဟောင်း မစ္စတာ စကော့နဲ့ အဖွဲ့ကို ဒေါ်လာ သန်း ၅၀ နဲ့ အလုပ်လာအပ်ပါတယ် ဒီလိုနဲ့ ငွေလိုနေတဲ့ စစ်သားဟောင်းကြီးတွေနဲ့ လူတစ်စုဟာ ဗီးဂက်စ်မြို့ထဲကို ဝင်သွားတဲ့အခါ ဇွန်ဘီတွေနဲ့ ဘယ်လိုတွေ ဆက်ဖြစ်ကြမလဲဆိုတာကိုတော့ #Movie Link👇 ဇာတ်ကားကြည့်ရန် 👇👇 Telegram Link https://t.me/SNcinimea #Army Of The Dead (2021) #𝕊ℕℂ𝕚𝕟𝕚𝕞𝕖𝕒𝕄𝕪𝕒𝕟𝕞𝕒𝕣

တခုတ်တရ ဒုတိယပိုင်း

တခုတ်တရ ပထမပိုင်း

တခုတ်တရ ရုပ်ရှင်ဇတ်ကားကြီး မကြည့်ရသေးသူများအတွက် Credit orginal uploaders #Movie Link👇 ဇာတ်ကားကြည့်ရန် 👇👇 Telegram Link https://t.me/SNcinimea #တခုတ်တရ #𝕊ℕℂ𝕚𝕟𝕚𝕞𝕖𝕒𝕄𝕪𝕒𝕟𝕞𝕒𝕣

2018 (2023) မြန်မာစာတန်းထိုး ===================== (IMDb 8.8/10,RT 100%) ယခုတစ်ခါ ပရိသတ်ကြီးကို ၂၀၂၃ မေလမှာထွက်ရှိလာတဲ့ ဖြစ်ရပ်မှန်အခြေခံ survival ရုံတင်ဇာတ်ကားကောင်းလေးတစ်ကားနဲ့ မိတ်ဆက်ပေးပါရစေ Vaashi,Neelavelicham တို့မှာကျရာဇာတ်ရုပ်က ပီပြင်စွာသရုပ်ဆောင်ခဲ့တဲ့ Tovino Thomas ဟာဆိုရင်ဖြင့် ဒီကားထဲမှာလည်း ပိုင်နိုင်စွာ သရုပ်ဆောင်ထားပြန်ပါတယ် ရုံတင်ငွေဟာလည်း 171ကုဋေအထိ ပြန်ရခဲ့တဲ့ကားဖြစ်လို့ Survival ကားကြိုက် ပရိသတ်တွေအတွက် အလန်းစားဇာတ်ကားတစ်ကားပါပဲ အိန္ဒိယတောင်ပိုင်း ကယ်ရာလာမှာ လွန်ခဲ့တဲ့နှစ်နှစ်ဆယ် ဝန်းကျင်မှာ ဖြစ်ပွားခဲ့တဲ့ရေကြီးမှုကြောင့် တစ်ပြည်နယ်လုံး ရေထဲမြုပ်သွားပြီ တောင်ကုန်းပါမကျန် ဘာဆိုဘာမှ မကျန်အောင် အကုန်ရေထဲ နစ်မြုပ်ပျက်စီးခဲ့ပါတယ် အဆိုပါရေလွှမ်းမိုးမှုဟာ မိုးရေချိန်များပြားစွာ ရွာသွန်းမှု ဆည်ရေလျှံမှု ‌ မြစ်ရေကြီးမှု စသည်ဖြင့် အကြောင်းရင်းများစွာရှိခဲ့ပါတယ် ယခုအချိန် ၂၀၁၈ မှာ အဆိုပါရေကြီးမှုမျိုးထပ်မံဖြစ်လာတဲ့အခါ ရုန်းကန်လှုပ်ရှား ကယ်ဆယ်ကြရတာကို ဇာတ်လမ်းကောင်းကောင်းလေးနဲ့ ဖြစ်ရပ်မှန်အခြေပြု ရိုက်ပြလိုက်တဲ့အခါမှာ အခုလို rating တွေ လန်ပြန်ထွက် ရှယ်ကောင်းတဲ့ ဇာတ်ကားတစ်ကားဖြစ်လာပါတော့တယ် Survival ကားကောင်းကောင်း ကြည့်ချင်တဲ့ပရိတ်သတ်တွေအဖို့ လက်မလွှတ်သင့်တဲ့ ဇာတ်ကားလေးဖြစ်ကြောင်း ညွှန်းဆိုရင်း သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းပေးဖို့ပါ တိုက်တွန်းပေးလိုက်ရပါတယ်ဗျာ (အညွှန်းရေးသားသူကတော့ Sai ဖြစ်ပြီး ဘာသာပြန်တွေကတော့ Sai~Thaik~Chiclon3~YH~Aditiနဲ့ Yunni တို့ပဲဖြစ်ပါတယ်) #Movie Link👇 ဇာတ်ကားကြည့်ရန် 👇👇 Telegram Link https://t.me/SNcinimea #2018 (2023) #𝕊ℕℂ𝕚𝕟𝕚𝕞𝕖𝕒𝕄𝕪𝕒𝕟𝕞𝕒𝕣

Arcadian (2024) ဒီဇာတ်ကားလေးကတော့ ၂၀၂၄ မှာ ထွက်ရှိလာတဲ့ မင်းသားကြီး Nicolas Cage ရဲ့ သဘာဝလွန်ဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်။ ပေါလ်က သူ့ရဲ့ အမွှာသားနှစ်ယောက်ဖြစ်တဲ့ ဂျိုးဆပ်၊ သောမက်စ် တို့နဲ့ အတူ လယ်ယာလုပ်ငန်းလုပ်ကိုင်ပြီး နေထိုင်ကြတာဖြစ်ပါတယ်။ ဒါပေမယ့် သူတို့နေထိုင်ရာနေရာက နေ့ဘက်ဆို အေးချမ်းတည်ငြိမ်နေပေမယ့် ညဘက်ရောက်လာတဲ့အခါ ဆိုးရွားတဲ့ အကောင်တွေ ထကြွသောင်းကျန်းတတ်ကြပါတယ်။ ဒါကြောင့် နေဝင်တဲ့အခါ လူတိုင်း အိမ်ထဲမှာနေရာကနေ ဒီအကောင်တွေက အိမ်ရဲ့ ကြမ်းပြင်ထိ ဖောက်ပြီး အိမ်ထဲ ဝင်ရောက်လာကြတဲ့အခါ သူတို့ သားအဖသုံးယောက် ဒီ အန္တရာယ်ကနေ အသက်ရှင်ဖို့ ဘယ်လို ကြိုးစားရုန်းကန်ကြမလဲဆိုတာ စိတ်ဝင်တစားကြည့်ရှုရမှာပဲဖြစ်ပါတယ်။ #Movie Link👇 ဇာတ်ကားကြည့်ရန် 👇👇 Telegram Link https://t.me/SNcinimea #Arcadian (2024) #𝕊ℕℂ𝕚𝕟𝕚𝕞𝕖𝕒𝕄𝕪𝕒𝕟𝕞𝕒𝕣