en
Feedback
Toyota Aye and Sons - TTAS Co.,Ltd.Myanmar

Toyota Aye and Sons - TTAS Co.,Ltd.Myanmar

Open in Telegram

Toyota Aye & Sons (TTAS Co., Ltd.) is the very first official Toyota dealership in Myanmar.

Show more
704
Subscribers
No data24 hours
No data7 days
No data30 days
Posts Archive
လေးစားချစ်ခင်ရပါသော Toyota Aye and Sons Customer များရှင့် Toyota Aye and Sons ( TTAS Co.,Ltd ) အား မြန်မာအတာသင်္ကြန်ကာလ ရုံးပိတ်ရက်များဖြစ်သည့် ဧပြီ ၁၂ ရက်နေ့မှ ၂၁ ရက်နေ့အထိ ပိတ်သွားမှာဖြစ်ပါတယ်ရှင် ။ သို့ဖြစ်ပါ၍ Car Service များနှင့် ကား အရောင်းဝန်ဆောင်မှုများအားလုံးကို ဧပြီလ ၂၂ ရက်နေ့တွင် ပြန်လည်ဖွင့်လှစ်ပြီး ဝန်ဆောင်မှုများ ပေးသွားမည်ဖြစ်ကြောင်း ‌လေးစားစွာဖြင့် အသိပေးအကြောင်းကြားအပ်ပါတယ်ရှင် ။ မြန်မာ့နှစ်သစ်ကူး အတာသင်္ကြန်ကာလတွင် စိတ်၏ ချမ်းသာခြင်း ၊ ကိုယ်၏ ကျန်းမာခြင်းများနှင့် ပြည့်စုံနိုင်ကြပါစေကြောင်း Toyota Aye and Sons ( TTAS Co.,Ltd ) မိသားစုများမှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ရှင် ။ Showroom Available: Every Monday to Saturday ( 8:30 AM to 4:30 PM ) Closed Sunday and Public Holidays

ခရီးဝေးမောင်းရတော့မယ်ဆို ကားတာယာများ နှင့် ဘတ္ထရီ ကို မဖြစ်မနေ စစ်ဆေးပေးကြဖို့ အရေးကြီးပါတယ် ။ တာယာပန်းပါးနေတာကို မသိဘဲ ဆက်လက်မောင်းနှင်နေပါက အသက်အန္တရာယ်ထိခိုက်မှုများ ရှိနိုင်တာကြောင့် တာယာတွေကို စစ်ဆေးပေးရန်နှင့် လိုအပ်လျှင် လဲလှယ်ပေးကြဖို့ အကြံပြုပါရစေ ။ လမ်းမှာ ခဏခဏ ကားစက်ရပ်တာမျိုး ၊ ကားထိုးရပ်သွားပြီး ဘတ္ထရီထောက်နိုးရတာမျိုးတွေ မကြာခဏ ဖြစ်လာခဲ့လျှင် ဘတ္ထရီကိုပါ စစ်ဆေးပေးကြဖို့ လိုအပ်ပါတယ် ။ ကားများ ပုံမှန်ထက် စွမ်းဆောင်ရည်လျော့ကျနေပါက မလိုလားအပ်သည့် ပြဿနာများမဖြစ်ရလေအောင် ကားတာယာနှင့် ဘတ္ထရီများကို Service လုပ်ရင်း အခမဲ့ လာရောက်စစ်ဆေးနိုင်ပြီး လိုအပ်ပါက စစ်ဆေးလဲလှယ်ခြင်းများ ဆောင်ရွက်နိုင်ပါပြီ ။ Toyota Aye and Sons တွင် သတ်မှတ်ထားသော တာယာများကို ၂၀ % အထူးလျော့ဈေးများဖြင့် ဝယ်ယူနိုင်ဦးမှာမို့ Stock မကုန်ခင် အမြန်ဝယ်ယူထားဖို့တော့ လိုပါမယ်ရှင် ။ ✅Kabaraye Service : အမှတ် ၈၇(က)၊ ကမ္ဘာအေးဘုရားလမ်း၊ ဗဟန်းမြို့နယ်၊ရန်ကုန်မြို့ ၊ ပုလဲကွန်ဒိုရှေ့ ။ Phone : ဖုန်း 09 880 920 880 ✅Hlaing Thar Yar Service : အမှတ် ( ၈၅ ) မင်းဧရာလမ်းနှင့်သံလွင်လမ်း ၊ ရွှေသံလွင်စက်မှုဇုံ ၊ လှိုင်သာယာမြို့နယ် ။ Phone : 09 450 062 995, 09 425 756 264 Service Available: Every Monday to Saturday ( 8:30 AM to 4:30 PM ) Closed Sunday and Public Holidays.

ယာဥ်မတော်တဆမှုများ ဖြစ်လာခဲ့ရင် ကားပြုပြင်မှုများ နှင့် ဆေးမှုတ်ခြင်းများအတွက် အရည်အသွေးပြည့်မီပြီး ဆေးသားကောင်းမွန်သည့် Toyota Aye and Sons ဘော်ဒီရုံကြီး အသင့်ရှိနေပါပြီ ။ ဧပြီလအတွင်း အထူးအစီအစဥ်အနေဖြင့် Body Repair and Paint Service ရယူပါက Labor Charge 10% Discounts လျော့ဈေးရရှိပါမည်။ Toyota Aye and Sons Body Repair and Paint Service ကို ရွေးချယ်ဆောင်ရွက်သင့်တဲ့အချက်တွေကတော့ - ၁) အကြီးစား ၊ အလတ်စား ကားပြုပြင်မှုများအတွက်ဆို လှိုင်သာယာတွင် ဘော်ဒီပြုပြင်ရုံကြီးရှိပြီး အသေးစားကားပြုပြင်မှုများအတွက် ကမ္ဘာအေး Service ရှိခြင်း ။ ၂) Toyota ၏ စံချိန်စံညွှန်းများနှင့်အညီ ပြုပြင်ဆောင်ရွက်ပေးတာကြောင့် လူကြီးမင်းတို့၏ Luxury ကားတွေအတွက် ယုံကြည်စိတ်ချရခြင်း ။ ၃) ပြင်ပမှာဖြစ်လာတဲ့ ဆေးသားပြဿနာများကို ကူညီဖြေရှင်းပေးရန် အတွေ့အကြုံရှိသည့် Technician များ အသင့်ရှိခြင်း ။ ၄) သက်တမ်းကြာရှည်စွာ ဝန်ဆောင်မှုများပေးလာသည့် Authorized Dealerဖြစ်တာကြောင့် မည်သည့် ကားဆေးသားပြဿနာကိုမဆို ဖြေရှင်းဆောင်ရွက်နိုင်ခြင်း ။ ၅) warranty အပြည့်အဝရရှိနိုင်ခြင်းတို့ကြောင့် ကားပြုပြင်၊ဆေးမှုတ်တော့မယ်ဆို ဒီအချက်တွေကို ထည့်သွင်းရွေးချယ်ပေးဖို့လည်း အရေးကြီးလှပါတယ် ။ ဝန်ဆောင်ခ ဈေးနှုန်းများသည် ဆေးမှုတ်လိုသည့် ပမာဏနှင့် Repair ပေါ်မူတည်ပြီး ပျမ်းမျှတွက်ချက်ပေးရမှာမို့ မက်ဆေ့တွင် ကားဓာတ်ပုံ ၊ ဆောင်ရွက်လိုသည့် Panel နေရာ ၊ ဖုန်းနံပါတ်တို့ကို ပေးပြီး စုံစမ်းမေးမြန်းနိုင်ပါတယ်။ ဈေးနှုန်းများသည် Damage and Repair ပေါ်မူတည်ပြီး အသေးစိတ်တွက်ချက်ပေးရမှာမို့ မက်ဆေ့တွင် ကားဓာတ်ပုံ နှင့် ဖုန်းနံပါတ်များကို ပေးပို့ထားရန်လိုအပ်ပြီး သက်ဆိုင်ရာ Service Advisor မှ ဆက်သွယ်ရှင်းပြပေးပါမယ်ရှင် ။ လှိုင်သာယာဖုန်း : 09 450 062 995, 09 425 756 264 ကမ္ဘာအေးဖုန်း : 09 880 894 496 ဖွင့်လှစ်ချိန်: အပတ်စဥ် တနင်္လာ မှ စနေနေ့ထိ ( မနက် ၈ နာရီခွဲ မှ ညနေ ၄ နာရီခွဲ အထိသာ )

နွေရာသီမှာ အတပ်အများဆုံး ကား Window Film တွေကို အထူးလျော့ဈေး 10 % Discounts ဖြင့် Toyota Aye and Sons တွင် အပွိုင့်မန့်များရယူကာ တပ်ဆင်နိုင်ပါပြီ ။ ကားရပ်နားထားချိန်၌ ကားဟာ အကာအကွယ်တစ်ခုမှ ရှိမနေဘူးဆိုရင် ကားအတွင်းခန်းထဲသို့ အပူရှိန်ပြင်းထန်စွာကျရောက်နေပြီး ကားပြန်မောင်းတဲ့အခါတွင် သက်သောင့်သက်သာမရှိပဲ အပူများစုလှောင်နေသလို ခံစားရမှာပါ။ ဒါကြောင့် ကားထဲ အပူဝင်ရောက်မှု နည်းအောင် ကာကွယ်ထားနိုင်မယ့် အထိရောက်ဆုံးနည်းလမ်းကတော့ Window Film တပ်ဆင်ထားဖို့ပါ ။ ဒါ့အပြင် နေရောင်ခြည်တွင်ပါဝင်သည့် ပြင်းထန်သည့် UV ရောင်ခြည်ကိုလည်း ၉၉ ရာခိုင်နှုန်းအထိ ကာကွယ်ပေးနိုင်တာမို့ မိမိအသားအရေ နှင့် ကျန်းမာရေးကို အထူးထိန်းသိမ်းနိုင်ဖို့ဆို ကားမှာ Window Film မရှိမဖြစ် တပ်ဆင်ထားဖို့ လိုပါတယ် ။ တစ်ကြိမ်တပ်ထားပြီးလျှင် နှစ်အကြာကြီး အသုံးပြုနိုင်တာကြောင့် နေ့စဉ်ဘဝမှာ သက်သောင့်သက်သာဖြင့် လိုရာခရီးကို စိတ်အေးချမ်းသာစွာ ရောက်ရှိနိုင်စေရန် Window Film တပ်ဆင်ကြပါစို့။ ဧပြီလအတွင်းသာ 10% လျော့ဈေးရှိတာကြောင့် ကိုယ်တိုင် လာရောက်ကာ စမ်းသပ်လေ့လာပြီး ဝယ်ယူတပ်ဆင်နိုင်ပါပြီ။ Kabaraye Service : အမှတ် ၈၇(က)၊ ကမ္ဘာအေးဘုရားလမ်း၊ ဗဟန်းမြို့နယ်၊ရန်ကုန်မြို့ ၊ ပုလဲကွန်ဒိုရှေ့ ။ ဖုန်း 09 880 894 497, 09 880 920 877

Dunlop , Prinx , Continental အစရှိသည့် Dealer Recommended အရည်အသွေးမြင့်တာယာ 2022 Date များကို Up to 20% လျော့ဈေးဖြင့် ဧပြီလအတွင်း ဝယ်ယူနိုင်ပါမည်။ ဖော်ပြထားသော အမျိုးအစားများသည် Stock အနည်းငယ်သာရှိတော့တာကြောင့် အမြန်ဝယ်ဖို့တော့လိုမယ်နော် ။ တာယာများအခမဲ့စစ်ဆေးပြီး တာယာလေပေါင်ချိန်ခြင်း နှင့် နိုက်ထရိုဂျင်လေပေါင်ဖြည့်ခြင်းတွေကိုလည်း အခမဲ့ ဆောင်ရွက်ပေးဦးမှာ ဖြစ်ပါတယ်။ တာယာအမျိုးအစားများနှင့် ဈေးနှုန်းများကို မက်ဆေ့တွင်စုံစမ်းနိုင်သလို ဖုန်း 09 880 920 880 သို့လည်း တိုက်ရိုက်စုံစမ်းမေးမြန်းနိုင်ပါပြီ။ လိပ်စာ : အမှတ် ၈၇(က)၊ ကမ္ဘာအေးဘုရားလမ်း၊ ဗဟန်းမြို့နယ်၊ရန်ကုန်မြို့ ၊ ပုလဲကွန်ဒိုရှေ့ ။ ဖွင့်လှစ်ချိန်: အပတ်စဥ် တနင်္လာ မှ စနေနေ့ထိ ( မနက် ၈နာရီခွဲ မှ ညနေ ၄နာရီခွဲ အထိသာ )

အဲကွန်းလေစစ်သည် အသက်ရှုလမ်းကြောင်းဆိုင်ရာရောဂါများဖြစ်စေနိုင်သည့် လေထဲရှိ အမှုန်အမွှားအများစုကို ဖယ်ရှားရှင်းလင်းပေးသော စွမ်းဆောင်ရည်မြင့် လေစစ်အမျိုးအစားဖြစ်သည်။ လတ်ဆတ်သောပြင်ပလေနှင့် ကားအတွင်းခန်းထဲရှိလေများတွင်ပါဝင်သော အမှုန်အမွှားများကို ဖယ်ရှားရှင်းလင်းပေးပြီး သန့်စင်သောလေများကို ကားအတွင်းခန်းထဲသို့ ဝင်ရောက်စေသည်။ ကာဗွန်ပါသော အဲကွန်းလေစစ်များသည် ကားအတွင်းရှိ မကောင်းတဲ့အနံ့အသက်တွေကို ဖယ်ရှားရှင်းလင်းပေးနိုင်သည်။ အဲကွန်းလေစစ်များကို ပုံမှန်မစစ်ဆေးမသန့်ရှင်းပေးပါက အမှုန်အမွှားအမှိုက်များသည် လေစစ်တွင်ပိတ်ဆို့နေတတ်ပြီး ကားအတွင်းခန်းထဲသို့ လေဝင်ရောက်မှုနည်းလာကာ အဲယားကွန်းမအေးခြင်း၊ Air-conမှ ဆူညံသံများထွက်ပေါ်လာခြင်း၊ Air-con အစိတ်အပိုင်းများ ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်လာနိုင်သည်။ အဲကွန်းလေစစ်သည် အမှုန်အမွှားများကိုစစ်ထုတ်မှု အားနည်းသွားသောကြောင့် ကားအတွင်းခန်းထဲသို့ အမှုန်အမွှားများ ရောက်ရှိကာ လူ၏အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါများလည်း ခံစားရနိုင်ပါသည်။ ထို့ကြောင့် အဲကွန်းလေစစ်များကို ပုံမှန်စစ်ဆေးသန့်ရှင်းရန်လိုအပ်ပြီး ကားကီလို ၂သောင်းပြည့်တိုင်းတွင် လဲလှယ်ပေးရန် လိုအပ်ပါသည်။ Service များကို အပွိုင့်မန့်များဖြင့်သာ ဆောင်ရွက်ပေးလျက်ရှိတာကြောင့် ကမ္ဘာအေးဖုန်း : 09 880 920 873, 09 880 920 874 သို့ဆက်သွယ်ပြီး ရက်ချိန်းများရယူနိုင်ပါပြီ။ မက်ဆေ့ချ်ကနေလည်း အပွိုင့်မန့်များ ရယူနိုင်ပါတယ်ရှင့် ။ လိပ်စာ : အမှတ် ၈၇(က)၊ ကမ္ဘာအေးဘုရားလမ်း၊ ဗဟန်းမြို့နယ်၊ရန်ကုန်မြို့ ၊ ပုလဲကွန်ဒိုရှေ့ ။ ဖွင့်လှစ်ချိန်: အပတ်စဥ် တနင်္လာ မှ စနေနေ့ထိ ( မနက် ၈ နာရီခွဲ မှ ညနေ ၄ နာရီခွဲ အထိသာ )

နွေရာသီတွင် ကားထဲ အပူထိုးဖောက်ဝင်ရောက်မှု လျော့ချပေးသည့် ကားတွေမှာ အတပ်များသည့် Window Film ကို အထူးလျော့ဈေး 10 % Discounts ဖြင့် Toyota Aye and Sons တွင် အပွိုင့်မန့်များရယူကာ တပ်ဆင်နိုင်ပါပြီ ။ ကားရပ်နားထားချိန်၌ ကားဟာ အကာအကွယ်တစ်ခုမှ ရှိမနေဘူးဆိုရင် ကားအတွင်းခန်းထဲသို့ အပူရှိန်ပြင်းထန်စွာကျရောက်နေပြီး ကိုယ်ပြန်မောင်းနှင်တဲ့အခါတွင် သက်သောင့်သက်သာမရှိပဲ အပူများစုလှောင်နေသလို ခံစားရမှာပါ။ ဒါကြောင့် ကားထဲ အပူမရောက်အောင် ကာကွယ်ထားနိုင်မယ့် အထိရောက်ဆုံးနည်းလမ်းကတော့ Window Film တပ်ဆင်ထားဖို့ပါ ။ Window Film သည် ကားအတွင်းသို့ နေရောင်ခြည်တိုက်ရိုက် ထိုးဖောက်ဝင်ရောက်မှုကို ကာကွယ်တားဆီးပေးနိုင်ပါတယ်။ ဒါ့အပြင် နေရောင်ခြည်တွင်ပါဝင်သည့် ပြင်းထန်သည့် UV ရောင်ခြည်ကိုလည်း ၉၉ ရာခိုင်နှုန်းအထိ ကာကွယ်ပေးနိုင်တာမို့ မိမိအသားအရေ နှင့် ကျန်းမာရေးကို အထူးထိန်းသိမ်းနိုင်ဖို့ဆို ကားမှာ Window Film မရှိမဖြစ် တပ်ဆင်ထားဖို့ လိုပါတယ် ။ တစ်ကြိမ်တပ်ထားပြီးလျှင် နှစ်အကြာကြီး အသုံးပြုနိုင်တာကြောင့် နေ့စဉ်ဘဝမှာ သက်သောင့်သက်သာဖြင့် လိုရာခရီးကို စိတ်အေးချမ်းသာစွာ ရောက်ရှိနိုင်စေရန် Window Film တပ်ဆင်ကြပါစို့။ မတ်လအတွင်းသာ လျော့ဈေးရှိတာကြောင့် ကိုယ်တိုင် လာရောက်ကာ စမ်းသပ်လေ့လာပြီး ဝယ်ယူတပ်ဆင်နိုင်ပါပြီ။ Kabaraye Service : အမှတ် ၈၇(က)၊ ကမ္ဘာအေးဘုရားလမ်း၊ ဗဟန်းမြို့နယ်၊ရန်ကုန်မြို့ ၊ ပုလဲကွန်ဒိုရှေ့ ။ ဖုန်း 09 880 894 497, 09 880 920 877

💨 သင့်ကားအဲကွန်းက အပူဒဏ်ကို တွန်းလှန်နိုင်ပြီလား? ...😰 🚗 ကားအဲကွန်းက ပြင်ပအပူဒဏ်ကို မတွန်းလှန်နိုင်ဘူးဆိုရင် ဘယ်လောက်ပဲ ဇိမ်ခံကားကြီးဖြစ်နေပါစေ စီးရတာ လုံးဝအဆင်မပြေပါဘူးနော်… 🤨 👉 ကားအဲကွန်းလေက အရင်ကလောက် အေးမြမှုမရှိတော့ဘူး 👉 အဲကွန်းလေက အနံ့အသက်လည်းမကောင်းတော့ဘူး 👉 အဲကွန်းကနေ အသံတွေ ထွက်နေပြီဆိုရင်တော့ သင့်ကားအဲကွန်းကို စစ်ဆေးကြည့်ဖို့ လိုအပ်နေပါပြီ…🚗 ဒီအတွက်တော့ ဘာမှစိတ်မပူပါနဲ့ … 𝐓𝐨𝐲𝐨𝐭𝐚 ချစ်သူတွေအတွက် အေးမြပြီး လတ်ဆတ်သန့်ရှင်းတဲ့ လေကို ရှုရှိုက်ရင်း မောင်းနှင်နိုင်ဖို့ Toyota Aye and Sons Service မှ ကားအဲကွန်းစစ်ဆေးပေးခြင်းကို အခမဲ့ပြုလုပ်ပေးနေပါပြီ…🤗✨ ကားအဲကွန်းအခမဲ့စစ်ဆေးရင်း၊ (၆) လအတွင်း အသုံးပြုနိုင်တဲ့ “အင်ဂျင်ဝိုင် 𝟏𝟎% 𝐃𝐢𝐬𝐜𝐨𝐮𝐧𝐭 ကူပွန်” လည်း ရရှိဦးမှာပဲ ဖြစ်ပါတယ်… 🤗 ဒါ့အပြင် နွေရာသီတွင် ကားထဲ အပူထိုးဖောက်ဝင်ရောက်မှု လျော့ချပေးသည့် ကားတွေမှာ အတပ်များကြတဲ့ Window Film ကိုလည်း 10% Discounts ဖြင့် အပွိုင့်မန့်များရယူကာ တပ်ဆင်နိုင်ပါပြီ။ ဒီ 𝐏𝐫𝐨𝐦𝐨𝐭𝐢𝐨𝐧 ကို မတ်လ (၁) လတည်းသာ ရရှိနိုင်တာမို့လို့ ကြိုတင်ရက်ချိန်းများ ရယူလိုက်ပါနော်...🙌 👉Kabaraye Service : အမှတ် ၈၇(က)၊ ကမ္ဘာအေးဘုရားလမ်း၊ ဗဟန်းမြို့နယ်၊ရန်ကုန်မြို့ ၊ ပုလဲကွန်ဒိုရှေ့ ။ Phone : 09 880 920 873, 09 880 920 874 Service Available: Every Monday to Saturday ( 8:30 AM to 4:30 PM ) Closed Sunday and Public Holidays. #toyotaayeandsons #ToyotaMyanmar #Airconcheck #Campaign #March

ကားဘော်ဒီမှာ အသေးစား အစင်းရာ၊အခြစ်ရာများနဲ့ ကားအရောင်မှိန်ပြီး ရုပ်ထွက်မလှဘူးဖြစ်နေတယ်ဆို Auto Detailing Service မှာ လူကြိုက်များတဲ့ Polishing နှင့် Coating ဝန်ဆောင်မှုကို ဆောင်ရွက်နိုင်ပါတယ်။ Coating က ဘယ်အခြေအနေမျိုးမှာ ဆောင်ရွက်ပေးသင့်လဲ? အဖြစ်များလေ့ရှိတဲ့ ဌက်ချေးကွက်တွေ ကားဘော်ဒီမှာ အလွယ်တကူ စိမ့်ဝင်ပြီး ကျန်မသွားအောင် Coating က အလွှာတစ်ခုအနေနဲ့ အကာအကွယ်ရှိစေမှာပါ။ ဒါ့အပြင် ကားအရောင်ပြန်တက်လာပြီး အရောင်မကျသွားအောင်လည်း Coating Effect က ထိန်းသိမ်းထားနိုင်ပါတယ် ။ တော်ယုံအစင်းရာ ၊ အခြစ်ရာတွေ ထပ်မဖြစ်အောင်လည်း ဆေးသားကို အကာအကွယ်ပေးတာကြောင့် တန်ဖိုးကြီးတဲ့ Luxury ကားတွေမှာ ဒီ Coating ဝန်ဆောင်မှုကို မဖြစ်မနေလုပ်ထားဖို့ လိုပါတယ် ။ ကားကိုလည်း ထိန်းသိမ်းထားပြီး ပုံမှန် ရေဆေးတာ Wax တင်တာ စတဲ့ အပတ်စဥ်ထိန်းသိမ်းပြုပြင်နေရတဲ့ စရိတ်စကတွေကို Coating လုပ်ခြင်းဖြင့် Cover ဖြစ်စေပါတယ် ။ ဒါ့အပြင် Polishing ကလည်း ကားအတွက် ဘာကိုကောင်းစေသလဲ ? Polishing လုပ်ခြင်းဖြင့် ကားမှာဖြစ်နေတဲ့ အသေးစား အခြစ်ရာ ၊ အစင်းရာတွေကို ပေါ်လစ်တိုက်ပြီး သက်သာအောင်ဆောင်ရွက်နိုင်ပြီး တချို့ Clear Coat ပေါ်မှာပဲ ဖြစ်နေတဲ့ အစင်းရာလေးဆိုရင်တော့ ပျောက်ကင်းနိုင်ပါတယ် ။ ကားအရောင်မှိန်နေတာတွေကို အရောင်ပြန်တက်လာအောင် အဓိက လုပ်ဆောင်ပေးပါတယ် ။ Polish ကို သပ်သပ်စီဆောင်ရွက်နိုင်သလို Coating လုပ်မယ်ဆိုရင်လည်း Polish ဝန်ဆောင်မှုက တစ်ခါတည်း ပါပီးသားပါ။ ဝန်ဆောင်မှုများကို အပွိုင့်မန့်များဖြင့်သာ လက်ခံဆောင်ရွက်ပေးတာကြောင့် အောက်ပါဖုန်းနံပါတ်များကို ဆက်သွယ်နိုင်သလို မက်ဆေ့ချ်ကနေလည်း စုံစမ်းမေးမြန်းနိုင်ပါတယ်ရှင် ။ လှိုင်သာယာဖုန်း : 09 450 062 995, 09 425 756 264 ကမ္ဘာအေးဖုန်း : 09 880 894 496 ဖွင့်လှစ်ချိန်: အပတ်စဥ် တနင်္လာ မှ စနေနေ့ထိ ( မနက် ၈ နာရီခွဲ မှ ညနေ ၄ နာရီခွဲ အထိသာ )

ကားအတွင်းခန်းရှိ အညစ်အကြေးများနှင့် အနံ့ဆိုးတွေကို ဖယ်ရှားရှင်းလင်းပြီး တကိုယ်ရည်သန့်ရှင်းရေးကို အထူးအလေးထားသူများအနေဖြင့် Interior Cleaning ဝန်ဆောင်မှုကို Toyota Aye and Sons Service တွင် ဆောင်ရွက်နိုင်ပါပြီ။ ကားက တစ်ယောက်တည်းအသုံးများပြီး သာမာန် အညစ်အကြေးနှင့် အနံ့အသက်အနည်းငယ်လောက်ပဲ ရှိနေမယ်ဆိုပါက ၁ရက်အတွင်း အမြန်ဆောင်ရွက်နိုင်သည့် Quick Interior Cleaning ‌ဆောင်ရွက်နိုင်သလို ကားအတွင်းခန်းမှာ စားကြွင်းစားကျန်များ နှင့် ထိုင်ခုံစွပ်များ ၊ အမိုးမျက်နှာကြက်များက ညစ်ပတ်နေပြီး အနံ့အသက်များလည်း အရမ်းစွဲနေပါက အချိန် ၂ ရက်ခန့် ပေးပြီး ထိုင်ခုံ ၊ ကြမ်းခင်းတွေကအစ ဖြုတ်လျှော်ပေးသည့် Deep Interior Cleaning ဝန်ဆောင်မှုကို လူကြီးမင်းတို့၏ ကားအတွင်းခန်းပေါ်မူတည်ပြီး ရွေးချယ်ဆောင်ရွက်နိုင်ပါပြီ။ Service များကို အပွိုင့်မန့်များဖြင့်သာ ဆောင်ရွက်ပေးလျက်ရှိတာကြောင့် ကမ္ဘာအေးဖုန်း : 09 880 920 873, 09 880 920 874 သို့ဆက်သွယ်ပြီး ရက်ချိန်းများရယူနိုင်ပါပြီ။ မက်ဆေ့ချ်ကနေလည်း အပွိုင့်မန့်များ ရယူနိုင်ပါတယ်ရှင့် ။ လိပ်စာ : အမှတ် ၈၇(က)၊ ကမ္ဘာအေးဘုရားလမ်း၊ ဗဟန်းမြို့နယ်၊ရန်ကုန်မြို့ ၊ ပုလဲကွန်ဒိုရှေ့ ။ ဖွင့်လှစ်ချိန်: အပတ်စဥ် တနင်္လာ မှ စနေနေ့ထိ ( မနက် ၈ နာရီခွဲ မှ ညနေ ၅ နာရီခွဲ အထိသာ )