5 787
Subscribers
-524 hours
-447 days
-4430 days
Posts Archive
5 787
အကျဉ်းချုပ်
Haejo ဟာ အဆိပ်ရှိတဲ့ ငှက်မျိုးဖြစ်တဲ့ Jimsae နဲ့ လူမျိုးနွယ်တစ်ဖက်စပ်ကနေ မွေးဖွားလာတဲ့ မျိုးစပ်သတ္တဝါ တစ်ကောင်ပါ။
သူ့ရဲ့ အဆိပ်ရှိတဲ့ အမွေးတွေကြောင့် မတော်တဆဖြစ်ရပ်တစ်ခု ဖြစ်ပွားခဲ့တာကြောင့် လူ့လောကကို နှင်ထုတ်ခံခဲ့ရပါတယ်။ သူ့ကို မိတ်လိုက်ရာသီရောက်တဲ့အချိန်မှာပဲ နတ်ဘုံကို ပြန်ဝင်ခွင့် ပေးထားပါတယ်။
ဒါပေမယ့် သူက အဆိပ်ရှိတဲ့ငှက်ရဲ့ မျိုးဆက်ဖြစ်တဲ့ မျိုးစပ်သွေးသား ဖြစ်နေတာကြောင့် သူနဲ့ မိတ်လိုက်ချင်တဲ့သူ ဘယ်သူမှ မရှိပါဘူး။
အဲဒီအတွက် Haejo ဟာ ဒီအချိန်အထိ အိမ်ထောင်မပြုရသေးဘဲ တစ်ယောက်တည်း နေထိုင်လာခဲ့ပါတယ်။
မျိုးစပ်သွေးသားတွေဟာ လူသားတွေလောက်ပဲ သက်တမ်းတိုတယ် ဆိုတာကို ကြားသိပြီးနောက် Haejo က အဖော်ရှာဖို့ကို လက်လျှော့လိုက်ပြီး ဥတစ်လုံး ခိုးယူဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ဒါပေမယ့် ဥတစ်လုံးကိုတောင် ကောင်းကောင်းမခိုးနိုင်ခဲ့ပါဘူး။
နောက်ဆုံး လက်လျှော့တော့မယ့်အချိန်မှာတော့ ဥတစ်လုံးနဲ့တူတဲ့ အရာတစ်ခုကို ရုတ်တရက် တွေ့ရှိလိုက်ပါတယ်…
