en
Feedback
Dr. Khin Maung Lwin (FAME)

Dr. Khin Maung Lwin (FAME)

Open in Telegram

Show more
Myanmar19 668The category is not specified
2 507
Subscribers
No data24 hours
No data7 days
No data30 days
Posts Archive
photo content

အပြည်ပြည်ဆိုင်ရာ ခဲဆိပ်သင့်ရောဂါ ကာကွယ်ရေး ရက်သတ္တပတ် (၂၂-၂၈ အောက်တိုဘာ ၂၀၂၃) International Lead Poisoning Prevention Week 2023 ယခုနှစ် အပြည်ပြည်ဆိုင်ရာ ခဲဆိပ်သင့်ရောဂါ ကာကွယ်ရေး ရက်သတ္တပတ်၏ ဆောင်ပုဒ်မှာ (End Childhood Lead poisoning) “ကလေးများ၏ ခဲဆိပ်သင့်ခြင်းဝေဒနာကို အဆုံးသတ်ကြစို့” ဟူ၍ဖြစ်ပါသည်။ ခဲဆိပ်သင့်ခြင်းသည် ကလေးများတွင် ပို၍အဖြစ်များပါသည်။ ခဲဆိပ်သည် ဦးနှောက်နှင့် အာရုံကြော အဖွဲ့အစည်းကို ထိခိုက်စေနိုင်ပါသည်။ ငယ်စဉ်ကလေးဘဝကတည်းက ခဲဆိပ်သင့်ရောဂါ ခံစားရပါက ဉာဏ်ရည် နိမ့်ပါးခြင်း၊ စာသင်ရခက်ခဲခြင်း၊ ဂျီကျခြင်းနှင့် ပေါင်းသင်းဆက်ဆံရေး မကောင်းခြင်းစသော အကျိုးဆက်များသည် ကလေး၏ ဘဝတစ်သက်တာလုံး ကျန်ရှိနေနိုင်ပါသည်။ ကလေးများသည် ကလေးတို့ဘာသာဘာဝ လက်စုပ်တတ်ပြီး၊ တွေ့ကရာပစ္စည်းများကိုလည်း ပါးစပ်ထဲကောက် ထည့်တတ်ပါသည်။ ထို့ကြောင့် ခဲဆိပ်သင့်ခြင်းမှ ကာကွယ်ရန်အတွက် ကလေးရဲ့ လက်ကလေးများကို မကြာခဏ ဆေးကြောပေးပါ။ နို့ဗူးနှင့် ကလေးဆော့သည့် အရုပ်များကိုလည်း သန့်ရှင်းအောင်ထားပါ။ ပတ်ဝန်းကျင်တွင် ခဲဓါတ်များပြန့်နှံ့နေပါက မြေကြီးနှင့် ဖုန်မှုန့်များတွင် ပါဝင်လာနိုင်သဖြင့် မြေကြီးပေါ်နှင့် မသန့်ရှင်းသော နေရာများတွင် ကလေးကို မထားသင့်ပါ။ သောက်ရေကိုလည်း ခဲဓါတ်ကင်းစင်သော ရေသန့်ကိုသာ တိုက်ပါ။ ပမာဏ နည်းစေကာမူ ခဲဓါတ်သည် ကလေးများအတွက် အလွန်အန္တရာယ်ကြီးပါသည်။ ခဲဓါတ်သည် အိမ်သုတ်ဆေးများတွင်လည်း ပါဝင်လာနိုင်သည်။ နေအိမ်များ၊ ကျောင်းများ၊ ကလေးကစားကွင်းများနှင့် အရုပ်များရှိ သုတ်ဆေးများတွင် ပါဝင်နေနိုင်ပါသည်။ ထို့ကြောင့် ခဲဓါတ်မကင်းစင်သော (သို့) ခဲဓါတ်ပါဝင်နေသော သုတ်ဆေးများကို တစ်ကမ္ဘာလုံးအတိုင်းအတာနှင့် တားမြစ်သင့်ပါသည်။ သုတ်ဆေးထုတ်လုပ်သူများကလည်း ခဲဓါတ်မပါဝင်သော သုတ်ဆေးများကိုသာ ထုတ်လုပ်ရောင်းချသင့်ပါသည်။ #ILPPW2023 ပိုမိုသိရှိလိုပါက: https://bit.ly/3Z13Got တွင်သွားရောက် လေ့လာနိုင်ပါသည်။

ဘယ်သူတွေမှာ ရင်သားကင်ဆာ ဖြစ်နိုင်ခြေ များလဲ❓❓ ရင်သားကင်ဆာ ဖြစ်နိုင်ခြေများစေသော အချက်များ ============================ ⚠️အသက်
ဘယ်သူတွေမှာ ရင်သားကင်ဆာ ဖြစ်နိုင်ခြေ များလဲ❓❓ ရင်သားကင်ဆာ ဖြစ်နိုင်ခြေများစေသော အချက်များ ============================ ⚠️အသက်ကြီး (အသက် ၅၀ ကျော်)မှ ပေါ်လာသော ရင်သားအကျိတ်များ ⚠️ အမေ၊ အစ်မ/ညီမ နှင့် သမီးများတွင် ရင်သားကင်ဆာနှင့် သားဥအိမ်ကင်ဆာ ဖြစ်ဖူးသူများ ⚠️ ယခင် ရင်သားကင်ဆာ ဖြစ်ဖူးသူများ ⚠️ အပျိုဖြစ်စောသူများ (အသက် ၁၂ နှစ်အောက်တွင် ရာသီသွေး စပေါ်သူများ)၊ သားသမီး မထွန်းကားသူများ၊ အသက်ကြီး (အသက် ၃၀ ကျော်) မှ သားဦးမွေးသူများ၊ သားသမီးကို မိခင်နို့ မတိုက်ကျွေးသူများနှင့် သွေးဆုံးနောက်ကျ (အသက် ၅၅နှစ်ကျော်) သူများ ⚠️ ကိုယ်ဝန်တားဆေးနှင့် အမျိုးသမီးဟော်မုန်း အစားထိုးကုသမှု ခံယူဖူးသူများ ⚠️ ဓာတ်ရောင်ခြည်သင့်ဖူးသူများနှင့် ဓာတ်ရောင်ခြည်နှင့် ကုသမှုခံယူဖူးသူများ ⚠️ အရက်၊ ဆေးလိပ် သောက်သုံးသူများ ⚠️ ကိုယ်လက်လှုပ်ရှားမှု နည်းသူများနှင့် အဝလွန်သူများ ဒေါက်တာခင်မောင်လွင် (FAME)

photo content

ကမ္ဘာ့ခွေးရူးပြန်ရောဂါနေ့ (World Rabies Day 2023) ယနေ့ ၂၀၂၃ ခုနှစ် စက်တင်ဘာလ ၂၈ ရက်နေ့သည် “ကမ္ဘာ့ခွေးရူးပြန်ရောဂါနေ့” (World Rabies Day) ဖြစ်ပါသည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး (WHO) က ကြီးမှူး၍ ကမ္ဘာတစ်ဝန်း နှစ်စဉ်ကျင်းပလာခဲ့သည်မှာ ယခုနှစ်ဆိုလျှင် ၁၇ ကြိမ်ပင် ရှိခဲ့ပြီဖြစ်သည်။ ခွေးရူးရောဂါမှာ ကမ္ဘာပေါ်တွင် ရှေးအကျဆုံးသော ရောဂါများတွင် တစ်ခုအပါအဝင်ဖြစ်သည်။ ကူးစက်ခံရပြီး ရောဂါလက္ခဏာပြလာပါက ရာနှုန်းပြည့် အသက်သေဆုံးနိုင်သော ရောဂါကြီးတစ်ခုလည်းဖြစ်ပါသည်။ နှစ်စဉ် လူပေါင်း ၅၉၀၀၀ ခန့်သည် ခွေးရူးရောဂါကြောင့် သေဆုံးနေရပါသည်။ ခွေးရူးရောဂါကြောင့် အချိန် ၉ မိနစ်တိုင်း လူတစ်ယောက် သေဆုံးနေရသကဲ့သို့ ဖြစ်သည်။ သေဆုံးသူများ၏ ၄၀ ရာခိုင်နှုန်းမှာ ကလေးများဖြစ်ပြီး အာရှတိုက်နှင့် အာဖရိကတိုက်များတွင် အများဆုံးကူးစက်မှုဖြစ်ပွားကြောင်းတွေ့ရပါသည်။ ထို့ကြောင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးအနေနှင့် ၂၀၃၀ ခုနှစ်တွင် ခွေးရူးရောဂါကြောင့် လူသေဆုံးမှု မရှိစေရေးအတွက် ရည်ရွယ်ချက်ထား၍ (With the Zero by 30: Global Strategic Plan for the elimination of dog-mediated human rabies deaths by 2030) အစီအစဉ်ကို လုပ်ဆောင်လျက်ရှိပါသည်။ ယနေ့ ကျရောက်သော ကမ္ဘာ့ခွေးရူးပြန်ရောဂါနေ့ အထိမ်းအမှတ်အဖြစ် ခွေးရူးရောဂါကာကွယ်ရေးနှင့် ပတ်သက်၍ အများသိရှိရန် လိုအပ်မည်ဟု ယူဆသော အချက်များကို အကျဉ်းပြောပြလိုပါသည်။ • ခွေးရူးရောဂါသည် ဖြစ်ပွားလာပါက ရာနှုန်းပြည့်သေဆုံးနိုင်သော ရောဂါဖြစ်သောကြောင့် ကာကွယ်ရေးသည် အသက်တမျှအရေးကြီးပါသည်။ • ခွေးကိုက်မခံရအောင်နေခြင်းနှင့် ကာကွယ်ဆေးထိုးခြင်းတို့ကို လုပ်ဆောင်နိုင်ပါသည်။ ကာကွယ်ဆေးဟုဆိုရာ၌ ခွေးကို ကာကွယ်ဆေး ထိုးပေးထားနိုင်သလို လူကိုလည်း ကာကွယ်ဆေးထိုးနှံနိုင်ပါသည်။ အိမ်မွေးခွေးများကို ကာကွယ်ဆေးထိုးနှံရသည်မှာ အဆင်ပြေသော်လည်း ခွေးလေခွေးလွင့်များကို ကာကွယ်ဆေးထိုးနှံပေးရန်မှာ မလွယ်ကူလှပါ။ ထို့ကြောင့် ခွေးကိုက်ခံရပြီဆိုလျှင် မိမိကိုယ်ကို ကာကွယ်ဆေးထိုးနှံမှုခံယူရန် အရေးကြီးပါသည်။ • ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး၏ ညွှန်ကြားချက်အရ ခွေးရူးကိုက်ခံရပြီဆိုလျှင် ခွေးရူးကာကွယ်ဆေးကို အနည်းဆုံး ၅ ကြိမ်မှ အများဆုံး ၆ ကြိမ်အထိ ထိုးနှံရန် လိုအပ်ပါသည်။ အကိုက်ခံရသည့် ပထမရက်တွင် တစ်ကြိမ်၊ နောက် ၃ ရက်မြောက်၊ ၇ ရက်မြောက်၊ ၁၄ ရက်မြောက်၊ ၂၈ ရက်မြောက်၊ နှင့် (၆ လုံးအထိဆိုလျှင်) ရက် ၉၀ ရက်မြောက်နေ့များတွင် ထိုးနှံပေးရပါမည်။ ခွေးရူး/မရူး မသေချာလျှင် ထိုးနှံခြင်းသည်သာ စိတ်ချရသဖြင့် ထိုးနှံကြရန်သာ တိုက်တွန်းလိုပါသည်။ ခွေးသည် မိမိကိုကိုက်ချိန်တွင် အကောင်းပကတိဖြစ်နေလျှင် (မရူးနေလျှင်) လည်း ထိုခွေးကို ၁၀ ရက်ကြာစောင့်ကြည့်ရန်လိုအပ်ပါသည်။ အကယ်၍ စောင့်ကြည့်ရန် အဆင်မပြေပါက ကာကွယ်ဆေးကိုသာ ထိုးနှံကြပါဟု အကြံပေးလိုပါသည်။ • မိမိကို ကိုက်သည့်ခွေး အမှန်တကယ်ရူးနေပါက ကာကွယ်ဆေးအပြင် အင်တီဘော်ဒီဖြစ်သော (Immunoglobulin) ကိုပါ တွဲဖက်ထိုးနှံရန် လိုအပ်ပါသည်။ • ခွေးများနှင့် အမြဲတစေ ထိတွေ့နေရပြီး ခွေးကိုက်ခံရနိုင်ခြေမြင့်မားသော ခွေးဂေဟာများတွင် အလုပ်လုပ်သူများ၊ ခွေးသင်တန်းကျောင်းများတွင် အလုပ်လုပ်သူများနှင့် တိရစ္ဆာန်ဆေးကုခန်းများတွင် အလုပ်လုပ်သူများသည် ခွေးကိုက်မခံရမီကတည်းက ခွေးရူးကာကွယ်ဆေးကို ကြိုတင်ထိုးနှံထားရန် လိုအပ်ပါသည်။ ပထမရက်တွင် တစ်ကြိမ်၊ နောက်ပိုင်း ၇ ရက်မြောက်၊ ၂၈ ရက်မြောက်တွင် တစ်ကြိမ်စီ အနည်းဆုံး ၃ ကြိမ်ထိုးနှံရန် လိုအပ်ပါသည်။ ထို့နောက် အားဖြည့်ဆေး (Booster) ကို ၁ နှစ်ပြည့်လျှင်တစ်လုံးနှင့် ၅ နှစ်ပြည့်တိုင်း တစ်လုံးစီ ထိုးနှံသွားရပါမည်။ • ခွေးကိုက်ခံရသည့်နေရာကို ချက်ခြင်း ရေနှင့်ဆပ်ပြာကို အသုံးပြု၍ ၁၅ မိနစ်ကြာ ဆေးကြောပေးရပါမည်။ အနာကို ဆေးထည့်ပေးရမှာဖြစ်ပြီး မေးခိုင်ကာကွယ်ဆေး (Tetanus Toxoid) ထိုးရန်လည်း လိုအပ်ပါသည်။ ထို့ကြောင့် နီးစပ်ရာ ဆေးရုံ၊ ဆေးခန်းတစ်ခုခုသို့ သွားရောက်ပြသခြင်းသည် အကောင်းဆုံးဖြစ်ပါသည်။ ဒေါက်တာခင်မောင်လွင် (FAME) References: https://www.who.int/.../default.../world-rabies-day-2023 https://www.who.int/publications/i/item/9789241513838 https://www.who.int/en/news-room/fact-sheets/detail/rabies

သြဇာသီးကို အင်္ဂလိပ်လို Sugar apple ဟုခေါ်ဆိုရခြင်းမှာ သကြား (Sugar) ကဲ့သို့ချိုသောကြောင့် ဖြစ်သည်။ သြဇာသီး ၁၀၀ ဂရမ်တွင် ကာဘိ
သြဇာသီးကို အင်္ဂလိပ်လို Sugar apple ဟုခေါ်ဆိုရခြင်းမှာ သကြား (Sugar) ကဲ့သို့ချိုသောကြောင့် ဖြစ်သည်။ သြဇာသီး ၁၀၀ ဂရမ်တွင် ကာဘိုဟိုက်ဒြိတ်ခေါ် သကြားဓာတ် ၂၃.၆၄ ဂရမ် ပါဝင်နေပါသည်။ ထို့ကြောင့် ချိုသောအရသာကို ပေးခြင်းဖြစ်သည်။ သို့ရာတွင် အဆိုပါ အချိုဓာတ်များကို တွဲလျက်ပါဝင်နေသော အမျှင်ဓာတ် (Dietary fiber) ၄.၄ ဂရမ်က တွဲကပ်ထားသဖြင့် သြဇာသီးစားပြီးနောက် သွေးထဲ၌ ချက်ချင်း ဂလူးကို့စ်ဓာတ် မတက်စေပါ။ တဖြည်းဖြည်းချင်းသာ အူနံရံမှ စုပ်ယူနိုင်သဖြင့် ဂလူးကို့စ်ဓာတ်လည်း တဖြည်းဖြည်းချင်းသာ တက်လေ့ရှိသည်။ သို့ရာတွင် အချိုဓာတ်များပြီး ကယ်လိုရီလည်းများသဖြင့် ဆီးချိုတက်နေချိန်တွင် သြဇာသီးကို ရှောင်ကြဉ်ရပါမည်။ ဆီးချို ပုံမှန်အနေအထားရောက်နေသူများအနေနှင့် သြဇာသီးကို စားသုံးလိုပါက တစ်နေ့လျှင်တစ်လုံးခန့်သာ စားနိုင်ပါသည်။ များများမစားသင့်ပါ။ ဒေါက်တာခင်မောင်လွင် (FAME) ကိုးကားချက်- "သစ်သီးများနှင့် ကျန်းမာရေး" စာအုပ် အခန်း(၁၉) ဩဇာသီးမှ ထုတ်နုတ်ဖော်ပြသည်။

သြဇာသီးတွင် ဗီတာမင် B6 သင့်တင့်စွာ ပါဝင်ပါသည်။ ယင်းဗီတာမင် B6 သည် သွေးကြောနံရံများကို ကျဉ်းမြောင်းစေသည့် ဟိုမိုစစ်စတင်း (Homo
သြဇာသီးတွင် ဗီတာမင် B6 သင့်တင့်စွာ ပါဝင်ပါသည်။ ယင်းဗီတာမင် B6 သည် သွေးကြောနံရံများကို ကျဉ်းမြောင်းစေသည့် ဟိုမိုစစ်စတင်း (Homocysteine) ဓာတ်များကို နှလုံးသွေးကြောနံရံ၌ တွယ်ကပ်မနေစေရန် ဟန့်တားနိုင်စွမ်းရှိသည်။ ဟိုမိုစစ်စတင်း ဆိုသည်မှာ အမိုင်နိုအက်ဆစ်တစ်မျိုးဖြစ်ပြီး ယင်းတို့ကြောင့် နှလုံးသွေးကြောကျဉ်းခြင်း၊ ပိတ်ခြင်းနှင့် လေဖြတ်ခြင်းတို့ ဖြစ်ရပါသည်။ အဆိုပါ ဟိုမိုစစ်စတင်းကို ဟန့်တားနိုင်သော သဘာဝသီးနှံများစားသုံးခြင်းဖြင့် နှလုံးသွေးကြောကျဉ်းရောဂါနှင့် လေဖြတ်ရောဂါတို့မှ ကာကွယ်ပေးနိုင်ကြောင်း သုတေသနစာတမ်းများအရ သိရှိရပါသည်။ ယင်းသစ်သီးများအနက် သြဇာသီးမှာ အစွမ်းထက်သောအုပ်စုတွင် ပါဝင်နေပါသည်။ ဒေါက်တာခင်မောင်လွင် (FAME) ကိုးကားချက်- "သစ်သီးများနှင့် ကျန်းမာရေး" စာအုပ် အခန်း(၁၉) ဩဇာသီးမှ ထုတ်နုတ်ဖော်ပြသည်။

photo content
+3

“ဆေးဖက်ဝင်အပင်ဖြစ်လာသည့် သံမဏိကဲ့သို့ မာကြောသော ပျဉ်းကတိုးပင်” မြန်မာနိုင်ငံတွင် အဓိကပေါက်ရောက်သော သစ်မာများအနက် ပျဉ်းကတိုးပင်၏ သစ်သားသည်လည်း အဖိုးထိုက်တန်ဆုံးသော သစ်မာမျိုးတွင်ပါဝင်ပါသည်။ ပျဉ်းကတိုးပင်၏သစ်သားသည် အလွန်ခိုင်ခံ့သောကြောင့် အဆောက်အအုံများ၊ တံတားများ နှင့် သင်္ဘောများ တည်ဆောက်ရန်အတွက် အများဆုံးအသုံးပြုကြသလို မီးရထားလမ်းဖောက်လုပ်ရာတွင် ဇလီဖာတုံးများအနေဖြင့်လည်း အသုံးပြုကြပါသည်။ ပျဉ်းကတိုးပင်သည် အပူပိုင်းအာရှနိုင်ငံများဖြစ်ကြသော မြန်မာနိုင်ငံ၊ အိန္ဒိယနိုင်ငံ၊ ဗီယက်နမ်နိုင်ငံ နှင့် ကမ္ဘောဒီးယားနိုင်ငံ တို့တွင် အရေးကြီးသောသစ်ပင်အဖြစ် အထူးစိုက်ပျိုးလေ့ရှိပါသည်။ ပျဉ်းကတိုးပင်သည် နှစ်စဉ်ရာသီအလိုက် အရွက်ကြွေသော နှစ်ရှည်ခံအပင်ကြီး သစ်မာမျိုးဖြစ်၍ အမြင့်ပေ ၁၂၀ ခန့် ရှိနိုင်ပါသည်။ ပျဉ်းကတိုးပင်သည် ပဲမျိုးရင်း (𝐅𝐚𝐛𝐚𝐜𝐞𝐚𝐞) ဖြစ်၍ ရုက္ခဗေဒအမည်မှာ “𝑿𝒚𝒍𝒊𝒂 𝒙𝒚𝒍𝒐𝒄𝒂𝒓𝒑𝒂 (𝐑𝐨𝐱𝐛.) 𝐓𝐚𝐮𝐛.” ဖြစ်ပါသည်။ ပျဉ်းကတိုးပင်၏သစ်သားသည် သံမဏိကဲ့သို့ မာကြောကျစ်လစ်ပြီး မြန်မာပြည်တွင်သာ အဓိကပေါက်ရောက်သည့်အတွက် “𝐁𝐮𝐫𝐦𝐚 𝐢𝐫𝐨𝐧𝐰𝐨𝐨𝐝” ဟုခေါ်ဆိုပါသည်။ ပျဉ်းကတိုးပင်၏ အရွက်များသည် နှစ်ဆင့်ငှက်မွေးရွက်ပေါင်းဖြစ်ပြီး ရွက်ပေါင်းတစ်ခုတွင် ရွက်မွှာ ၄ စုံ မှ ၁၂ စုံ အထိပါရှိသည်။ ပျဉ်းကတိုးပင်၏ ပန်းပွင့်သည် မတ်လတွင် ဖူးပွင့်၍ သေးငယ်သောပန်းကလေးများ သည် ဦးခေါင်းငယ်ပန်းခိုင်ပုံစံဖြင့် ဖြူဝါရောင်ရှိပြီး ရနံ့မွေးပါသည်။ ပျဉ်းကတိုးပင်၏ အနှစ်သားသည် နီညိုရောင်ရှိပြီး ခြောက်သွေ့သွားသည့်အခါ အရောင်မှာပို၍ ညိုလာပါသည်။ ပျဉ်းကတိုးပင်တွင် ပါဝင်သော ဆေးဖက်ဝင်သည့် ဒြပ်ပေါင်းနှင့် အာနိသင်များကို ၂၀၁၆ ခုနှစ်မှ စတင် ၍ ထိုင်းနိုင်ငံ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဗီယက်နမ်နိုင်ငံ နှင့် တောင်ကိုရီးယားနိုင်ငံရှိ တက္ကသိုလ်များမှ ဓာတ်ခွဲခန်းအတွင်း နှင့် တိရစ္ဆာန်များတွင် သုတေသနများစွာကို လုပ်ဆောင်လာကြပါသည်။ ပျဉ်းကတိုးပင်၏ ဆေးဖက်ဝင် သည့်အပိုင်းမှာ အရွက်၊ ပန်းပွင့်နှင့် ပင်စည်အနှစ်သားဖြစ်ပြီး ဆေးဖက်ဝင် ဒြပ်ပေါင်းများဖြစ်ကြသော 𝐠𝐚𝐥𝐥𝐢𝐜 𝐚𝐜𝐢𝐝, 𝐬𝐲𝐫𝐢𝐧𝐠𝐢𝐜 𝐚𝐜𝐢𝐝, 𝐜𝐚𝐭𝐞𝐜𝐡𝐢𝐧, 𝐚𝐟𝐳𝐞𝐥𝐞𝐜𝐡𝐢𝐧, 𝐦𝐚𝐧𝐨𝐲𝐥 𝐨𝐱𝐢𝐝𝐞, 𝐬𝐚𝐧𝐝𝐚𝐫𝐚𝐜𝐨𝐩𝐢𝐦𝐚𝐫𝐚𝐝𝐢𝐞𝐧𝐞 တို့ပါဝင်မှုကြောင့် ဓာတ်တိုးမှုကို ဆန့်ကျင်နိုင်သောအာနိသင်၊ ရောင်ရမ်းမှုကို ကျဆင်းစေသောအာနိသင်၊ ဘက်တီးရီးယားပိုးမွှား များကိုသေစေပြီး အနာကျက်စေသောအာနိသင်တို့ရှိကြောင်း လေ့လာတွေ့ရှိရပါသည်။ သို့သော် လူအများ တွင် စိတ်ချစွာအသုံးပြုနိုင်ရန်အတွက် သုတေသနများစွာ ဆက်လက်လုပ်ဆောင်ရန် လိုအပ်ပါသေးသည်။ ထိုကြောင့် ပျဉ်းကတိုးပင်သည် ရှေးယခင်ကတည်းက သစ်အဖြစ်သာ အသုံးပြုခဲ့ကြသော်လည်း ယခုအချိန်အခါတွင် ဆေးဖက်ဝင်အာနိသင်များပါရှိကြောင်းကို သုတေသနစာတမ်းများက ဖော်ပြလာပြီဖြစ်သောကြောင့် ဗဟုသုတအနေဖြင့် ရေးသားတင်ပြအပ်ပါသည်။ ဒေါက်တာခင်မောင်လွင် (FAME)

“ဆေးဖက်ဝင်အပင်ဖြစ်လာသည့် သံမဏိကဲ့သို့ မာကြောသော ပျဉ်းကတိုးပင်” မြန်မာနိုင်ငံတွင် အဓိကပေါက်ရောက်သော သစ်မာများအနက် ပျဉ်းကတိုးပင်၏ သစ်သားသည်လည်း အဖိုးထိုက်တန်ဆုံးသော သစ်မာမျိုးတွင်ပါဝင်ပါသည်။ ပျဉ်းကတိုးပင်၏သစ်သားသည် အလွန်ခိုင်ခံ့သောကြောင့် အဆောက်အအုံများ၊ တံတားများ နှင့် သင်္ဘောများ တည်ဆောက်ရန်အတွက် အများဆုံးအသုံးပြုကြသလို မီးရထားလမ်းဖောက်လုပ်ရာတွင် ဇလီဖာတုံးများအနေဖြင့်လည်း အသုံးပြုကြပါသည်။ ပျဉ်းကတိုးပင်သည် အပူပိုင်းအာရှနိုင်ငံများဖြစ်ကြသော မြန်မာနိုင်ငံ၊ အိန္ဒိယနိုင်ငံ၊ ဗီယက်နမ်နိုင်ငံ နှင့် ကမ္ဘောဒီးယားနိုင်ငံ တို့တွင် အရေးကြီးသောသစ်ပင်အဖြစ် အထူးစိုက်ပျိုးလေ့ရှိပါသည်။ ပျဉ်းကတိုးပင်သည် နှစ်စဉ်ရာသီအလိုက် အရွက်ကြွေသော နှစ်ရှည်ခံအပင်ကြီး သစ်မာမျိုးဖြစ်၍ အမြင့်ပေ ၁၂၀ ခန့် ရှိနိုင်ပါသည်။ ပျဉ်းကတိုးပင်သည် ပဲမျိုးရင်း (𝐅𝐚𝐛𝐚𝐜𝐞𝐚𝐞) ဖြစ်၍ ရုက္ခဗေဒအမည်မှာ “𝑿𝒚𝒍𝒊𝒂 𝒙𝒚𝒍𝒐𝒄𝒂𝒓𝒑𝒂 (𝐑𝐨𝐱𝐛.) 𝐓𝐚𝐮𝐛.” ဖြစ်ပါသည်။ ပျဉ်းကတိုးပင်၏သစ်သားသည် သံမဏိကဲ့သို့ မာကြောကျစ်လစ်ပြီး မြန်မာပြည်တွင်သာ အဓိကပေါက်ရောက်သည့်အတွက် “𝐁𝐮𝐫𝐦𝐚 𝐢𝐫𝐨𝐧𝐰𝐨𝐨𝐝” ဟုခေါ်ဆိုပါသည်။ ပျဉ်းကတိုးပင်၏ အရွက်များသည် နှစ်ဆင့်ငှက်မွေးရွက်ပေါင်းဖြစ်ပြီး ရွက်ပေါင်းတစ်ခုတွင် ရွက်မွှာ ၄ စုံ မှ ၁၂ စုံ အထိပါရှိသည်။ ပျဉ်းကတိုးပင်၏ ပန်းပွင့်သည် မတ်လတွင် ဖူးပွင့်၍ သေးငယ်သောပန်းကလေးများ သည် ဦးခေါင်းငယ်ပန်းခိုင်ပုံစံဖြင့် ဖြူဝါရောင်ရှိပြီး ရနံ့မွေးပါသည်။ ပျဉ်းကတိုးပင်၏ အနှစ်သားသည် နီညိုရောင်ရှိပြီး ခြောက်သွေ့သွားသည့်အခါ အရောင်မှာပို၍ ညိုလာပါသည်။ ပျဉ်းကတိုးပင်တွင် ပါဝင်သော ဆေးဖက်ဝင်သည့် ဒြပ်ပေါင်းနှင့် အာနိသင်များကို ၂၀၁၆ ခုနှစ်မှ စတင် ၍ ထိုင်းနိုင်ငံ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဗီယက်နမ်နိုင်ငံ နှင့် တောင်ကိုရီးယားနိုင်ငံရှိ တက္ကသိုလ်များမှ ဓာတ်ခွဲခန်းအတွင်း နှင့် တိရစ္ဆာန်များတွင် သုတေသနများစွာကို လုပ်ဆောင်လာကြပါသည်။ ပျဉ်းကတိုးပင်၏ ဆေးဖက်ဝင် သည့်အပိုင်းမှာ အရွက်၊ ပန်းပွင့်နှင့် ပင်စည်အနှစ်သားဖြစ်ပြီး ဆေးဖက်ဝင် ဒြပ်ပေါင်းများဖြစ်ကြသော 𝐠𝐚𝐥𝐥𝐢𝐜 𝐚𝐜𝐢𝐝, 𝐬𝐲𝐫𝐢𝐧𝐠𝐢𝐜 𝐚𝐜𝐢𝐝, 𝐜𝐚𝐭𝐞𝐜𝐡𝐢𝐧, 𝐚𝐟𝐳𝐞𝐥𝐞𝐜𝐡𝐢𝐧, 𝐦𝐚𝐧𝐨𝐲𝐥 𝐨𝐱𝐢𝐝𝐞, 𝐬𝐚𝐧𝐝𝐚𝐫𝐚𝐜𝐨𝐩𝐢𝐦𝐚𝐫𝐚𝐝𝐢𝐞𝐧𝐞 တို့ပါဝင်မှုကြောင့် ဓာတ်တိုးမှုကို ဆန့်ကျင်နိုင်သောအာနိသင်၊ ရောင်ရမ်းမှုကို ကျဆင်းစေသောအာနိသင်၊ ဘက်တီးရီးယားပိုးမွှား များကိုသေစေပြီး အနာကျက်စေသောအာနိသင်တို့ရှိကြောင်း လေ့လာတွေ့ရှိရပါသည်။ သို့သော် လူအများ တွင် စိတ်ချစွာအသုံးပြုနိုင်ရန်အတွက် သုတေသနများစွာ ဆက်လက်လုပ်ဆောင်ရန် လိုအပ်ပါသေးသည်။ ထိုကြောင့် ပျဉ်းကတိုးပင်သည် ရှေးယခင်ကတည်းက သစ်အဖြစ်သာ အသုံးပြုခဲ့ကြသော်လည်း ယခုအချိန်အခါတွင် ဆေးဖက်ဝင်အာနိသင်များပါရှိကြောင်းကို သုတေသနစာတမ်းများက ဖော်ပြလာပြီဖြစ်သောကြောင့် ဗဟုသုတအနေဖြင့် ရေးသားတင်ပြအပ်ပါသည်။ ဒေါက်တာခင်မောင်လွင် (FAME)

ကျွန်တော့်ထံ မေးမြန်းထားကြတဲ့ မေးခွန်းတွေထဲကနေ Lipid Profile စစ်လိုက်တဲ့အခါမှာ မကောင်းတဲ့အဆီဓါတ် Triglyceride(TG) တွေ များနေရင် ဘာတွေဖြစ်တတ်လဲ❓ ဘာလို့များလာရတာလဲ❓ ဘယ်လို အပြုအမူတွေက လျှော့ချနိုင်မလဲ❓ ဘာတွေ စားသောက်မှီဝဲသင့်လဲ❓ ဒါတွေကို ရှင်းပြပေးလိုက်ပါတယ်။

photo content

လမ်းဘယ်လောက်လျှောက်သင့်သလဲ❓❓ ပြီးခဲ့တဲ့ရက်က လမ်းလျှောက်ခြင်းရဲ့ အကျိုးကျေးဇူးတွေကို တင်ပေးတော့ အများစုက “လမ်းဘယ်လောက်လျှောက်သင့်သလဲ” ဆိုတဲ့မေးခွန်းကို မေးလာကြတာ တွေ့ရပါတယ်။ ဒါကြောင့် ဒီ Post လေးနဲ့ ပြန်လည်ဖြေကြားလိုက်ရပါတယ်။ အမေရိကန်အစိုးရ၊ အမျိုးသားကျန်းမာရေးသိပ္ပံ (National Institutes of Health) ရဲ့ အဆိုအရ 🚶‍♂️ အရွယ်ရောက်ပြီးသူတွေဟာ နေ့စဉ် ခြေလှမ်း ၈၀၀၀ နှင့်အထက် လှမ်းလျှောက်သင့်တယ်လို့ ဆိုပါတယ်။ သုတေသနတွေ့ရှိချက်အရ ခြေလှမ်း ၈၀၀၀ နှင့်အထက် လျှောက်သူတွေဟာ၊ ခြေလှမ်း ၄၀၀၀ သာ လျှောက်လေ့ရှိသူတွေထက် လာမယ့် ၁၀ နှစ်အတွင်း သေဆုံးနိုင်မှုနှုန်းကို သိသိသာသာ ကျဆင်းစေပါတယ်။ ခြေလှမ်း ၈၀၀၀ နှင့်အထက် လျှောက်တဲ့သူတွေဟာ နှလုံးရောဂါနဲ့ ကင်ဆာရောဂါတွေကြောင့် သေဆုံးမှုနှုန်း သိသိသာသာ လျော့နည်းတာကို တွေ့ရပါတယ်။ ခြေလှမ်းများများလျှောက်လေ သေဆုံးမှုနှုန်း နည်းလေပါပဲ။ ဥပမာ - ခြေလှမ်း ၄၀၀၀ လျှောက်သူတွေနဲ့ ယှဉ်ရင် ခြေလှမ်း ၈၀၀၀ လျှောက်သူတွေက ၅၀%၊ ခြေလှမ်း ၁၂၀၀၀ လျှောက်သူတွေက ၆၅% စသဖြင့် အသီးသီး သေဆုံးမှုနှုန်း လျော့နည်းတာကို တွေ့ရပါတယ်။ ဒါ့ကြောင့် တစ်နေ့ကို အနည်းဆုံး ခြေလှမ်း ၈၀၀၀ တော့ လျှောက်ပေးသင့်ပါတယ်။ ယခုခေတ်ပေါ် စမတ်လက်ပတ်နာရီများ (Smart watches) နဲ့ Fitness trackers လို့ခေါ်တဲ့ ကျန်းမာရေးခြေရာခံ လက်ပတ်နာရီများမှာ ခြေလှမ်းမှတ်တဲ့ လုပ်ဆောင်ချက်ပါလို့ အလွန်အဆင်ပြေစေပါတယ်။ 🚶‍♂️ အထက်ပါအကျိုးကျေးဇူးတွေက လမ်းလျှောက်မှုအမြန်နှုန်း (တစ်မိနစ်လျှင် လျှောက်လှမ်းသည့် ခြေလှမ်းအရေအတွက်) ပေါ်မူတည်၍ ကွာခြားမှုမရှိတာကို တွေ့ရပါတယ်။ ဒါ့ကြောင့် ခြေလှမ်းအရေအတွက်ကသာ ပို၍ အရေးပါတယ်လို့ ဆိုလိုပါတယ်။ ဒေါက်တာခင်မောင်လွင် (FAME)

photo content

အရိုးအဆစ်များသန်မာစေရန်အတွက် နေ့စဉ်ပုံမှန်လှုပ်ရှားရန်လိုအပ်ပါသည်။ အကယ်၍ လှုပ်ရှားမှုနည်းခဲ့လျှင် အရိုးထဲ၌ရှိသောကယ်လ်စီယမ်ဓာတ်များသည် တဖြည်းဖြည်းချင်း အပြင်ကိုထွက်ကုန်ပြီးအရိုးပါး၊ အရိုးပွရောဂါ ဖြစ်လာတတ်ပါသည်။ အထူးသဖြင့် အသက်ကြီးသော သူများတွင် ပိုသိသာပါသည်။ ကျွန်တော်တို့ မြန်မာလူမျိုးများ အထူးသဖြင့် အမျိုးသမီးများသည် ကိုယ်လက်လှုပ်ရှားမှု လေ့ကျင့်ခန်းလုပ်ခြင်းတွင် အားနည်းကြပါသည်။ ထို့ကြောင့် အသက်ကြီးလာသောအခါ အရိုးပါး၊ အရိုးပွ ဖြစ်လာသည့်အပြင် အဝလွန်ရောဂါပါ ဖြစ်လာသောကြောင့် အရိုးများသည် ဝန်ပိပြီး ပိုမိုပျက်စီးကြရပါသည်။ အိပ်ရာထဲတွင်လဲနေသည့် နာတာရှည်လူမမာများသည် ကိုယ်လက် လှုပ်ရှား၍မရသောကြောင့် အရိုးများပါးလာ၊ ပွလာလေ့ ရှိပါသည်။ ထို့ကြောင့် ယခုကဲ့သို့ လူနာများဆိုလျှင် အိပ်ရာပေါ်တွင်ဖြစ်စေ ကိုယ်လက်လှုပ်ရှားမှုများလုပ်ခိုင်းရပါသည်။ ကိုယ်တိုင် မလုပ်နိုင်လျှင်လည်း တခြားသူတစ်ယောက်က ခြေလက်များကို မြှောက်ပေး၊ လှုပ်ရှားပေးခြင်းများ လုပ်ပေးရပါသည်။ ဒေါက်တာခင်မောင်လွင်(FAME) ကိုးကားချက် - "အရိုးပါး၊ အရိုးပွရောဂါ" စာအုပ် အခန်း(၃) အရိုးပါး၊ အရိုးပွရောဂါ ဖြစ်ပွားရသောအကြောင်းရင်းများမှ ထုတ်နုတ်ဖော်ပြသည်။

photo content
+2

အရိုးပါး၊ အရိုးပွရောဂါမဖြစ်အောင် စားသုံးသင့်သောအစားအစာများ ကျွန်တော်တို့မြန်မာလူမျိုးများသည် ထမင်းကို အဓိကထား စားသူများဖြစ်သောကြောင့် ထမင်းစား သည့်အခါတွင် အရိုးပါး၊ အရိုးပွရောဂါမဖြစ်အောင်ကာကွယ်ပြီး စားတတ်ရန် အရေးကြီးပါသည်။ ထိုသို့ စားသောက်ရာတွင် နံပါတ် (၁) အရေးကြီးဆုံးမှာ သဘာဝကယ်လ်စီယမ်ဓာတ်များပါရန် လိုအပ်ပါသည်။ ကျွန်တော်တို့တိုင်းပြည်တွင် သဘာဝကယ်လ်စီယမ်ဓာတ်ကို ပေါများစွာရနိုင်သည့် အစားအစာများမှာ အခွံပါဝါးစားနိုင်သော ပုစွန်အသေးလေး(ပုစွန်ဆိတ်) များဖြစ်ပါသည်။ ယင်း၏အခွံတွင် ကယ်လ်စီယမ်ဓာတ်များ ပေါများစွာပါဝင်သည့် အပြင် ဂလူကိုမင်း(Glucosamine) ဓာတ်များလည်း ပါဝင်ပါသည်။ ကယ်လ်စီယမ်နှင့် ဂလူကိုစမင်းသည် အရိုး"အဆစ်"များ ကျန်းမာသန်စွမ်းစေရန်အတွက် များစွာအထောက်အကူပြုပါသည်။ ဒုတိယအနေနှင့် မြန်မာနိုင်ငံတွင် ပေါပေါများများရှိသည့် ငါးသလဲထိုးများဖြစ်ပါသည်။ ငါးသလဲထိုးကို ကျွန်တော်တို့မြန်မာလူမျိုးများအနေဖြင့် အိုးကပ်လည်းချက်စားကြသကဲ့သို့ ကြော်လည်းစားကြပါသည်။ ကြော်စားပါက အရိုးခိုင်မာဖို့ အကျိုးမရှိနိုင်သဖြင့် ဟင်းချက်၍သာ စားသင့်ပါသည်။ ထိုငါးလေးများသည် အရိုးပါ ဝါးစားနိုင်သည့်အတွက် အရိုး၌ပါဝင်သော ကယ်လ်စီယမ်ဓာတ်များနှင့် အခြားသတ္တုဓာတ်များသည် ကျွန်တော်တို့ ခန္ဓာကိုယ်အတွက် များစွာအကျိုးရှိပါသည်။ ရှေးယခင်လူကြီးများပြောကြသော အသက်ကြီးရင် ခေါင်းတစ်ရာသား စားပါ ဆိုသည်မှာ ငွေကြေးကုန်ကျမှုလည်း သက်သာ၊ အာဟာရတန်ဖိုးလည်း မြင့်မားပြီး အရိုးအဆစ်များ သန်မာရန် အတွက်ကိုလည်း များစွာအထောက်အကူဖြစ်သော ပုစွန်ဆိတ်လေးများ၊ ငါးလေးများကို စားခိုင်းခြင်းဖြစ်ကြောင်း သိကြပြီးဖြစ်သည်။ နောက်တစ်ခုက ကြက်ဥ၊ ဘဲဥ စားလျှင် ဗီတာမင်ဒီ ဓာတ်နှင့်ကယ်လ်စီယမ်ဓာတ်များ ရပါသည်။ အရိုးတွင် ကယ်လ်စီယမ်များကောင်းမွန်စွာတည်ဆောက်နိုင်စေရန် ဗီတာမင်ဒီဓာတ်သည် မရှိမဖြစ်လိုအပ်ပါသည်။ ပဲမျိုးစုံသည်လည်း အရိုးများသန်မာစေရန် အထောက်အကူပြုပါသည်။ ထမင်းစားသည့်အခါတွင် ပဲဟင်းနှင့် စားလိုက်မည်ဆိုလျှင် ပဲ၌ပါဝင်သော ကယ်လ်စီယမ်ဓာတ်များနှင့် အခြားပရိုတင်းဓာတ်များသည် အရိုးများသန်မာစေရန်အတွက် အထောက်အကူပြုပါသည်။ ပဲမျိုးစုံထဲတွင် ပဲပုပ် သို့မဟုတ် ပဲပိစပ်များသည် အရိုးခိုင်မာစေရန် အခြားပဲများထက်ပို၍အစွမ်းထက်ပါသည်။ နောက်ထပ်အရေးပါသည်မှာ ဟင်းသီးဟင်းရွက်များ ဖြစ်ပါသည်။ ကျွန်တော်တို့မကြာခဏစားလေ့ရှိသည့်ကန်စွန်းရွက်၊ ဟင်းနုနယ်ရွက်များတွင် ကယ်လ်စီယမ်ဓာတ်အပြင် အရေးပါသော ဗီတာမင်ကေ-၁ (Vitamin K1)များလည်း ပါဝင်ပါသည်။ ဗီတာမင်ကေသည် အရိုး၏အောက်ခံသားများပြုလုပ်ရာတွင် အဓိကလိုအပ်သည့် ဓာတ်ပစ္စည်းအော်စတီရို ကယ်လ်စင်(Osteocalcin) ကို အားပေးပါသည်။ ဗီတာမင်ကေ ချို့တဲ့လျှင် အော်စတီရိုကယ်လ်စင်များ မရသောကြောင့် အရိုး၏အောက်ခံသားများမကောင်းဘဲ အရိုးများပျက်စီးခြင်း ဖြစ်နိုင်ပါသည်။ နိုင်ငံတကာလေ့လာချက်များအရ အသီးအနှံစားသောသူများ၊ အသီးအရွက်များ စားသော သူများသည် အရိုးပါး၊အရိုးပွရောဂါဖြစ်ပွားနှုန်းကို အလွန်နည်းစေနိုင်သည်ဟု ဆိုပါသည်။ နောက်တစ်ခုမှာ အသီးအရွက်များတွင်ပါဝင်သော အင်တီအောက်ဆီဒင့် ဓာတ်ပစ္စည်းများသည် အရိုးများပျက်စီးခြင်းကို ဟန့်တားနိုင်စွမ်း ရှိပါသည်။ အရွက်များတွင်ဘိုရွန် (Boron) ဆိုသည့် ဓာတ် ပစ္စည်း လည်းပါဝင်သည်။ ဘိုရွန်ဆိုသည်မှာ အနည်းငယ်သာလိုသည့် သတ္တုဓာတ်တစ်မျိုး(Trace element) ဖြစ်ပြီး ကျွန်တော်တို့ ခန္ဓာကိုယ်ထဲတွင်ရှိသောကယ်လ်စီယမ်နှင့် အခြားဓာတ်ပစ္စည်းများ အလုပ်ကောင်းမွန်စွာ လုပ်နိုင်စေရန် ကြားခံအနေဖြင့် လုပ်ဆောင်ပေးပါသည်။ ထို့ကြောင့်ထမင်းစားသည့်အခါ ကယ်လ်စီယမ် ဓာတ်များသော အစားအစာများစားခြင်း၊ ဗီတာမင်ဒီ ဓာတ်ပါသော အစားအစာများစားခြင်းနှင့် အသီးအရွက်များစားခြင်းသည် အရိုးများ ခိုင်မာရန်အတွက် များစွာအကျိုးပြုပါသည်။ ဒေါက်တာခင်မောင်လွင် (FAME) ကိုးကားချက် - "အရိုးပါး၊ အရိုးပွရောဂါ" စာအုပ် အခန်း(၄) အရိုးပါး၊ အရိုးပွရောဂါ မဖြစ်အောင် နေထိုင်စားသောက်နည်းများမှ ထုတ်နုတ်ဖော်ပြသည်။

သင်္ဘောရွက်ရဲ့ ဆေးဖက်ဝင်အဆီအနှစ်ပါဝင်တဲ့ "Papaya(သင်္ဘောရွက်ဆေး)" ကင်ဆာရောဂါ အမျိုးမျိုးကို ကာကွယ်ကုသရေးမှာ ဘယ်လို အကျိုးပြုနေလဲ❓ ခန္ဓာကိုယ်မှာ သွေးဥမွှားနည်းပါးတဲ့ အခြေအနေတွေမှာ ဘယ်လို တိုးတက်ကောင်းမွန်အောင် ဆောင်ရွက်ပေးနေလဲ❓ ဘယ်လို သောက်သုံးရမလဲ❓ ဘာတွေကို သိထားရမလဲ❓ ဒါတွေကို ရှင်းပြပေးထားပါတယ်။ အခြား FAME ဆေးဝါးများနှင့် ပတ်သက်ပြီး သိလိုသော အကြောင်းအရာ မေးခွန်းများကို 𝗖𝘂𝘀𝘁𝗼𝗺𝗲𝗿 𝗦𝗲𝗿𝘃𝗶𝗰𝗲 (𝟬𝟵-𝟵𝟱 𝟱𝟬𝟬 𝟱𝟬𝟬𝟬) သို ဆက်သွယ် မေးမြန်း ပြောကြားထားနိုင်ပါတယ် ခင်ဗျာ။

အုန်းလွဲခြင်း
အုန်းလွဲခြင်း