en
Feedback
SwaeNyoe Team Novel Translation

SwaeNyoe Team Novel Translation

Open in Telegram
7 350
Subscribers
-124 hours
+37 days
+2630 days
Posts Archive
အဟွန်းဟွန်းးး ဟွန်းနော်... #CH
အဟွန်းဟွန်းးး ဟွန်းနော်... #CH

မောနင်းပါ...အဂျစ်တို့ရေ စက်တင်ဘာ ၁၀ ရက်နေ့လေးပါရှင်။ ‌သာယာတဲ့နေ့ရက်လေးကို ပိုင်ဆိုင်ရပါစေရှင်...

မောနင်း ပေါင်ပေ့တို့ စက်တင်ဘာ ၉ ရက်နေ့လေးပါနော်။ ကံပွင့်၊ စန်းပွင့်၊ လာဘ်ပွင့် အကုန်ပွင့်ပါစေရှင်။

မင်3က သိပ်မဘူလီတော့ဘူးနော်...🙃🙃
မင်3က သိပ်မဘူလီတော့ဘူးနော်...🙃🙃

မောနင်းပါ အဂျစ်တို့... လာ လာလာ...ဝယ်သူလေးတွေလာ...မမလှလှ ညီမလေးလှလှ ဝယ်သူလေးတွေ အကုန်လာ... လာဘ်ခေါ်တာပါ 😂

တစ္ဆေဘုရင်တွေကို ကယ်တင်ကြပါအုံး... မြေအောက်အရှင်ကို ကျိန်ဆဲတာများ 😂😂 IBFနဲ့မတူဘူး BWHက ရသစုံတယ် လူတွေထက် ရာထူးသိမ်းဖို့ လုပ
တစ္ဆေဘုရင်တွေကို ကယ်တင်ကြပါအုံး... မြေအောက်အရှင်ကို ကျိန်ဆဲတာများ 😂😂 IBFနဲ့မတူဘူး BWHက ရသစုံတယ် လူတွေထက် ရာထူးသိမ်းဖို့ လုပ်နေတဲ့ တစ္ဆေအုပ်စုက ပိုရယ်ရတာ 😂😂😂 #BWH

မင်3ရဲ့ တစ်နေ့တာ... အားးးးး ချီးမီးက မလာဘူးလားးးး... ဒီသောက်ခြင်က လာကိုက်နေတာလို့... ရာသီဥတတုကလည်း ငါ့ကိုငရဲအိုးထဒ ထည့်ထားသလိုပဲ... မီးက မလာသေးဘူးလား 🤌🤌🤌... လီဒါ မီလာလား...ဘာလို့လာတယလဲ ဘာလို့သမီးဆီကျ မလာတာလဲ...😒😒 လီဒါ- 😑😑😑 မင်2ရေ... မင်2- ငါမသိဘူး ငါမရှိဘူး။

မောနင်းပါ ဂျစ်တို့ရေ... လာဝယ်ကြနော် မင်2 မနိုးသေးဘူး နှိုးကြမယ်... ပြီးတော့ အံမယ် ရှင်တို့နော် sale channel ဆီလာပြီး မင်3ရေ အသားလေး စားချင်တယ် လာမလုပ်ကြနဲ့နော် လီဒါက မိန့်မိန့်ကြီးရှိတာ။ ပိုဆိုးတာက မင်3က saleကို မကိုင်ဘူးနော် 🤣🤣🤣

ရှင်တို့တွေနော် အသက်၂၀ကို ငယ်သေးတယ်လို့ ပြောတာ ရယ်ကြတယ်နော်။ ဟဟတွေချည်း လာပေးနေကြတယ်။ ကျမ ပြောတာ မဟုတ်ဘူး။ အဲဒါ Team Leader က သတ်မှတ်ထားတာ ကျမက သူပြောထားသလို စာရေးပြီး တင်ရတာရှင့်။ အဲလိုရီးတော့ မရယ်ကြနဲ့လေ။ Team Leader နဲ့ ယှဉ်ရင် အသက်၂၀က ငယ်သေးလို့ နေမှာပေါ့။ ကျမနဲ့ မင်၃ က‌တော့ ကိုယ့်ကိုယ်ကိုယ် အသက်၂၀တွေနဲ့ သိပ်မကွာဘူးလို့ပဲ သတ်မှတ်ထားတာ။ ၂၀ တွေကို မမလို့ လိုက်ခေါ်ပစ်အုံးမယ် ဟူး။

မရောင်းဘူးပို့စ် အသားကြိုက်တဲ့ သူတွေအတွက် သတင်းကောင်းလေးတစ်ခု ရှိပါမယ်။ အရောင်းပို့စ် မဟုတ်ပါဘူးနော်။ အသားဟင်း စားချင်တယ် ဆိုရင် အသားဟင်းတစ်ပွဲ ချက်ပေးပါမယ်။ အသားက အရော ၂မျိုး ပါပါမယ်။ BL ရော နော်မယ်ရောပါ။ စားလို့ ရမဲ့သူတွေက မင်မင်တို့ အသင်းက စာစဉ်တွေကို BL ဆိုရင် 30, Normal ဆိုရင် 30 ဝယ်ဖတ်ထားရပါမယ်။ လက်ဆောင်ရထားတာကို ထည့်မတွက်ပါဘူး။ ဘာလို့ ဒီလို သတ်မှတ်ချက် ရှိတာလဲ ဆိုတော့ အဓိကအားဖြင့် ဝယ်ဖတ်တဲ့ သူတွေက အများအားဖြင့် လူကြီးတွေ ဖြစ်လို့ပါ။ လူကြီးဖြစ်မှ အလုပ်လုပ်ကြမှာ ဖြစ်ပြီး အလုပ်လုပ်မှ ဝယ်နိုင်မှာလို့ တွေးမိလို့ပါ။ ဒီလထဲ အဲဒါလေး လုပ်ပေးမှာပါ။ မင်မင် ထပ်ပြောပါမယ်နော်။ မရောင်းပါဘူးနော်။ လုံးဝ မရောင်းပါဘူး။ အသားဟင်းချန်နယ်ထဲမှာ ၂ပုဒ် တင်ထားပေးမှာပါ။ ချန်နယ် ဖွင့်ချိန်က ၂ပတ်ပဲ ဖွင့်ထားမှာ ဖြစ်ပါတယ်။ ၂ပတ်ကျော်ရင် ချန်နယ်ကို ပြန်ပိတ်ထားမှာပါ။ အသားဟင်း ချန်နယ်လေးကို အစတည်းက လုပ်ပေးချင်ပေမဲ့ မင်မင်တို့က လူဘယ်လို စစ်ရမလဲ မသိဘူး မို့လို့ပါ။ ဖြစ်နိုင်ရင် အသက် ၂၁ အထက်မှာ ရှိတဲ့ သူတွေကိုပဲ ဝင်ခိုင်း စေချင်တာပါ။ ၂၀ အထိက ငယ်သေးလို့ပါ။

ဈေးသည် လာပြီရှင့် ဟော့ဒီက ဈေးသည်ရှင့် ဘာတွေများ ယူကြအုံးမလဲရှင့် အတော်လေး စုံတယ်နော််။ ဟိုဘက်မှာက BL သီးသန့်လေးတွေ။ ချိုစေရမယ်။ မခါး‌စေရဘူးနော်။ ဒီဘက်မှာက နန်းတွင်း ဇာတ်လမ်းလေး။ အချိုလေးတွေ အတော်များတယ်ရှင့်။ ချိုတာများပြီး အီမှာစိုးလို့ အဖန်လေး အစပ်လေးရယ် အခါးနည်းနည်းလေးပါ ရောထားသေးတယ်ရှင့်။ မျက်နှာဖြတ်ရိုက်တဲ့ အခန်းများဆို ဖြတ်ခနဲ ဖြတ်ခနဲတောင် မြည်သေးတယ်တော့။ ဟောဒါလေးကတော့ သရဲတွေ ဖုန်းရွှေတွေလေ သရဲကိုကို တစ္ဆေကိုကိုတွေလည်း ပါသလို ဟော ... ဖုန်းသုအကြီးအကဲကြီးကလည်း ရုပ်တည်ကြီးနဲ့ အတော်လေး မြတ်နိုးတတ်တယ်တဲ့ရှင် ဒါလေးကလည်း ဖတ်လို့ကောင်းသားရှင့်၊ ကမ္ဘာပျက်ကပ်တဲ့လေ သူများတကာ ဒုက္ခသုက္ခတွေ တသီကြီး ကြုံနေရတာကို ဖတ်ရတာကလည်း အရသာတစ်မျိုးရှင်။ ဒါလေးကတော့ ကောအာလေးတွေ ကလေးလေးတွေပါ မွေးလိုက်သေးတယ်ရှင့်။ လယ်လုပ်မလား ဆိုင်ဖွင့်မလား ကြိုက်ရာရွေးလို့ ရတယ်ရှင့်။ လာကြနော် လာကြနော် ဟော့ဒီက ဈေးသည် ချို ချဉ် ဖန် ခါး ကြိုက်ရာရွေးလို့ ရတယ်နော်။ အစပ်အရသာလေးလည်း ရှိပါ့ရှင်။ ဘာလေး စားချင်လဲ... အသားစားတာလေးတော့ လျော့တယ်ရှင်။ ကျမဆိုင်က သားသတ်လွတ်လေးတွေ ပါနော်။ အသားဈေးက ကြီးပါဘိနဲ့နော်။ ရောင်းရတာနဲ့ မကာမိဘူးရှင်။ လာ လာ လာ ရွေး ရွေး ဘာလေး ဖတ်ချင်လဲ ဆိုတာ ရွေး။

သူမဟာ ဝေ့မင်းသား ကျီယန်းကို သေမတတ် ကြောက်ရွံခဲ့တယ်။ ကျီယန်းဆိုတာက ရက်စက်ကြမ်းကြုတ် လှသလို အိမ်ထောင်သည် အမျိုးသမီးတွေကိုမှ သိမ်းပိုက် တတ်တယ်ဆိုတဲ့ နာမည်ဆိုးနဲ့ ကျော်ကြားသူ။ ဒါပေမဲ့ ကံကြမ္မာက မျက်နှာသာမပေးဘဲ သူမဟာ ကျီယန်းနဲ့ စေ့စပ်ထားသူ ဖြစ်နေခဲ့တယ်။ ကျီယန်းရဲ့လက်ကနေ လွတ်မြောက်ဖိုအတွက် သူမဟာ အစ်မဖြစ်သူရဲ့ စီစဉ်ပေးမှုအတိုင်း လွတ်မောက်ဖို အစီအစဉ်ကို လက်ခံခဲ့တယ်။ ဒါပေမဲ့ မထင်မှတ်ထားဘဲ အဲဒီအရာတွေ အကုန်လုံးက အစ်မဖြစ်သူက မကောင်းကြံစည်ထားတာ ဖြစ်နေတာကို သိမနေခဲ့ဘူး။ ဒါပေမဲ့ ပူးပေါင်းကြံစည်မှု တစ်ခုကြောင့် ဝူရွှမ်း အဆိပ်ခတ်ခံရပြီး သေဆုံးရာကနေ ကံကြမ္မာရဲ့ မျက်နှာသာ ပေးမှုကြောင့် အသက် ၁၅ နှစ်အရွယ်ကို ပြန်ရောက်လာတဲ့အခါ၊ ဒီတစ်ဘဝမှာတော့ သူမဟာ ကံကြမ္မာကို ကိုယ်တိုင် ပြောင်းလဲဖို ဆုံးဖြတ်လိုက်ပါ‌တော့တယ်။ ဒီဇာတ်လမ်းဟာ ဘဝနှစ်ခုစာ ဖြတ်သန်းခဲ့ရတဲ့ အချစ်ဇာတ်လမ်း ဖြစ်ပေမဲ့ အရင်ဘဝရဲ့ခါးသီးမှုတွေနဲ့ သိမ်ငယ်မှုတွေကို ဝူရွှမ်းတစ်ယောက် ဘယ်လိုအတိုးချ ပြန်ယူမလဲ။ တစ်ယောက်ထဲ ရင်ဆိုင်ဖြတ်ကျော်နေရတဲ့ ဝူရွှမ်းရဲ့ဘဝထဲကို ဘယ်သူတွေက လက်တွဲဖေးမသွားမလဲ။ ဘဝနှစ်ခုအသိဉာဏ်တွေနဲ့ အခုဘဝကို ဘယ်လိုရင်ဆိုင် ဖြတ်သန်းသွားမလဲဆိုတာကို စာရေးသူက အတိတ်နဲ့ ပစ္စုပ္ပန်ကို အကူးအပြောင်း လှလှလေးတွေနဲ့ ရေးဖွဲထားပြီး ရသစုံတဲ့ နန်းတွင်းဝတ္ထုကောင်းလေး တစ်ပုဒ် ဖြစ်ပါတယ်။ Free ဖတ်ရန် https://t.me/swaenyoefreechannel/24796 95.🌹ယင်ချုန်း YC ဖန်းအာက ဘဝရဲ့အထွတ်အထိပ်ကို ရောက်ရှိခဲ့ပြီး ပြီးပြည့်စုံတဲ့ အောင်မြင်မှုတွေကို ရရှိခဲ့တဲ့ ယိအန်းဟွမ်ထိုက်ဟုပ် ဖြစ်လာခဲ့တဲ့သူ။ သူမရဲ့သားတော်က ဧကရာဇ်ဖြစ်လာပြီး သူမဟာလည်း ယခင်ဧကရာဇ်ရဲ့ တစ်ဦးတည်းသော ချစ်ရသူအဖြစ်နဲ့ ဘဝရဲ့နှောင်းပိုင်းကို ဂုဏ်သရေရှိရှိ ဖြတ်သန်းခဲ့ရတယ်။ ဒါပေမဲ့ နန်းတွင်းရဲ့ ပြိုင်ဆိုင်မှုတွေကြားမှာ ဘယ်သူကများ စိတ်မပင်ပန်းဘဲ နေနိုင်မှာလဲ။ အဲဒီလို အောင်မြင်မှုတွေရဲ့ အထွတ်အထိပ်ရောက်နေတဲ့ ယိအန်းဟွမ်ထိုက်ဟုပ်တစ်ယောက် အိပ်ရာကနိုးလာတဲ့အချိန်မှာ မထင်မှတ်ဘဲ သူမရဲ့အသက် ၁၅ နှစ်အရွယ် 'ဖန်းအာ' ဘဝကို ပြန်ရောက်သွားခဲ့တယ်။ အဲဒီအချိန်မှာ သူမက လူချမ်းသာတစ်ယောက်က ဝယ်ယူပြီး မြို့တော်ကို အသုံးတော်ခံဖို့ ပို့ဆောင်ခံရတဲ့ ရှို့မာတစ်ယောက်‌လေးသာ ဖြစ်‌နေပါသေးတယ်။ ဘဝကို အစကနေ ပြန်စရတဲ့ ဖန်းအာတစ်ယောက် နန်းတွင်းရဲ့အရှုပ်အထွေးတွေ၊ အမျိုးသမီးတွေကြားက အပြိုင်အဆိုင်တွေနဲ့ အောက်ခြေအစေခံတွေရဲ့ အထင်သေးမှုတွေကို သူမ ဘယ်လိုပြန်လည်ရင်ဆိုင်မလဲ။ ကြုံတွေ့လာရတဲ့ အတိုက်အခိုက်တွေကို အရင်ဘဝက နန်းတွင်းရေးရာမှာ ကျွမ်းကျင်ခဲ့တဲ့ သူမဟာ ဘယ်လို လက်တုန့်ပြန်သွားမလဲ။ ဒီဘဝမှာတော့ အစကနေ ပြန်စပြီး အရင်လို အောက်ကျနောက်ကျ မခံတော့ဘဲ ဉာဏ်ပညာနဲ့ အရာရာကို ကြိုတင်တွက်ဆကာ တည်တည်ငြိမ်ငြိမ်နဲ့ ဘယ်လိုတွေ ရင်ဆိုင်သွားမလဲ။ အိမ်ရှေ့စံရဲ့ အချစ်ကို ရရှိဖို့ ဘယ်လိုတွေ ကြိုးစားမလဲ။ အိမ်ရှေ့စံဟာ အေးတိအေးစက်နိုင်ပေမဲ့ ဖန်းအာရဲ့ ရဲတင်းမှုနဲ့ နူးညံ့မှုတွေကြောင့် ဘယ်လိုတွေ ပြောင်းလဲသွားမလဲ ဆိုတာကို ရင်ခုန်စွာနဲ့ ဖတ်ရှုရမဲ့ နန်းတွင်း အချစ်ဇာတ်လမ်းလေး ဖြစ်ပါတယ်။ Freee ဖတ်ရန် https://t.me/swaenyoefreechannel/24812 96.🌹ဒီဝမ်ဖေးက အထက်စီးကပဲ LFC ဇာတ်လိုက်မင်းသမီး ယန်ယန်းဟာ လောဘကြီးတဲ့ ဖခင်နဲ့ အလွန်ထုံပြီးပျော့ညံ့တဲ့ မိခင်တိုကြောင့် ငယ်စဉ်ကတည်းက စိတ်ဆင်းရဲမှုတွေကြား ကြီးပြင်းခဲ့ရသူ။ ဒါပေမဲ့ သူမဟာ မျက်စိထဲ သဲဝင်မခံတတ်တဲ့ ပြတ်သားသူပီပီ၊ သူမမောင်လေးကို ရေထဲတွန်းချခံရချိန်မှာ လက်တုန့်ပြန်ရင်း ဘဝအချိုးအကွေ့တွေ ပြောင်းလဲလာခဲ့တယ်။ မိခင်အရင်းကိုယ်တိုင်က အဘွားဖြစ်သူရဲ့ သွေးထိုးမှုကို ယုံကြည်ပြီး သူမကို ဘုရားကျောင်းဆောင်လေးထဲ ရက်ရှည်ပိတ်လှောင် အပြစ်ပေးခဲ့တဲ့ ဇာတ်ကွက်တွေနဲ့ နာကျင်မှုတွေကစ သူမကို ပြောင်းလဲလာဖို အထောက်အကူ ပြုခဲ့တယ်။ အဲဒီအရာတွေက ယန်ယန်းကို ပိုမိုကြံ့ခိုင်လာစေပြီး၊ အိမ်တွင်းရေး တိုက်ပွဲတွေကို အင်အားသုံး ဖြေရှင်းသွားရာကနေ ပါရမီဖြည့်ပေးမဲ့သူကို တွေ့ဆုံလာခဲ့တဲ့အခါ…. ဇာတ်လိုက်မင်းသား လော့ဟွိုင်ယွင်က အစပိုင်းမှာတော့ ပျင်းရိပြီး အသုံးမကျတဲ့ လူဝကြီးတစ်ယောက်လို ထင်ရပေမဲ့၊ တကယ်တော့ သူဟာ ခေတ်သစ်ကနေ ရှေးခေတ်ကို ကူးပြောင်းလာပြီး အတိတ်ဘဝကနေ ပြန်လည်မွေးဖွားလာသူ။ အရင်ဘဝက သူ့အတွက် အဆိပ်သောက် သေပေးခဲ့တဲ့ ဝမ်ဖေး ယန်ယန်းကို ဂရုမစိုက်ခဲ့မိလို အကြီးအကျယ် နောင်တရခဲ့ပြီး၊ ဒီဘဝမှာတော့ သူမကို ရတနာတစ်ပါးလို မြတ်နိုးယုယဖို ဆုံးဖြတ်ထားသူ ဖြစ်တယ်။ ဇနီးသည်က ရိုက်ရင်လည်း ပြန်မချ၊ ဆဲရင်လည်း ပြန်မပြောဘဲအလိုလိုက်မယ့်အပြင်၊ နောက်ပိုင်းမှာ ဗိုက်ကြွက်သား ရှစ်ကွက်နဲ့ အလွန်ချောမောတဲ့ မင်းသားတစ်ပါး ဖြစ်လာဦးမယ့် သူ့ရဲ့အချစ်ကြမ်းကြမ်းတွေကို ချိုချိုမြိန်မြိန် ဖတ်ရှုရမယ့် နန်းတွင်းဝတ္ထုကောင်းလေးတစ်ပုဒ် ဖြစ်ပါတယ်။ ပြတ်သားတဲ့ ဝမ်ဖေးနဲ့ ဝမ်ဖေးမျက်နှာ တစ်ကမ္ဘာလုပ်မဲ့ မင်းသားတို ဘယ်လိုတွေ တွေ့ဆုံပြီး လက်တုန့်ပြန်ကြမလဲဆိုတာ သိချင်ရင်တော့…. Freee ဖတ်ရန် https://t.me/swaenyoefreechannel/27171

ပြီးခါနီး၊ ပြီးလုဆဲဆဲ နန်းတွင်းဇာတ်လမ်းများ ရီဗျူးလေးတွေပါ။ 80.🌹အာဏာရှင်ဝမ်ရဲ့ ချစ်ဇနီးလေး TWBW တိုင်းပြည်ကို အုပ်ချုပ်မဲ့ အရှိန်အဝါမျိုးကို အပြည့်အဝ ပိုင်ဆိုင်ထားတဲ့ ကျင်းချင်ဝမ် လီဟုန်ယွမ်ဟာ အပြင်လူတွေအတွက်တော့ သွေးအေးရက်စက်တဲ့ အာဏာရှင်တစ်ဦး ဖြစ်တဲ့အပြင် ပြန်လည်မွေဖွားလာခဲ့တဲ့သူလည်း ဖြစ်နေခဲ့တယ်။ ဒါပေမဲ့ ဒီလို သက်ရှိငရဲမင်းလို တင်စားခံရတဲ့သူက တစ်စုံတစ်ဦးရှေ့မှာတော့ ဝပ်တွားခယဖို ဝန်မလေးပါဘူးတဲ့... သူ့အတွက်တော့ တိုင်းပြည်အာဏာထက် သူ့ရဲ့ဝမ်ဖေးဖြစ်သူ ကျင့်ဝမ်ရဲ့တည်ရှိမှုက ပိုပြီးအရေးပါလှပါတယ်။ "သူမ ရှိနေရင် ရှင်ဘုရင်က အမှန်တရားကို နားထောင်မယ်၊ သူမ မရှိရင်တော့ ရှင်ဘုရင်က အာဏာရှင် ဖြစ်လာလိမ့်မယ် "လို ဆိုခဲ့တဲ့အတိုင်း၊ ကျင့်ဝမ်အပေါ် ထားရှိတဲ့ သူ့ရဲ့အလေးထားမှုဟာ တိုင်းပြည်ထက်ကို ပိုကြီးမားနေတာကို တွေ့ရမှာ ဖြစ်ပါတယ်။ ဝမ်ဝမ်အတွက် ပန်းအိုးထိုးဖို ပန်းခက်တွေကို စိတ်ပါလက်ပါ ရွေးချယ်ခူးပေးနေတဲ့ မင်းသားရဲ့ပုံစံဟာ ကြောက်မက်ဖွယ်ကောင်းတဲ့ 'သက်ရှိငရဲမင်း' လိုတောင် မထင်မှတ်ရလောက်အောင် အေးချမ်းတည်ငြိမ်လွန်းနေပါတယ်။ ဒါပေမဲ့ ဒီအေးချမ်းမှုနောက်ကွယ်မှာတော့ သူ့ရဲ့ဝမ်ဝမ်ကို ထိခိုက်စေမယ့် ဘယ်ရန်သူကိုမဆို ပြာကျသွားအောင် ချေမှုန်းပစ်မယ့် ရူးသွပ်မှုတွေ ကိန်းအောင်းနေရင်း တစ်လောကလုံးရဲ့ အလှဆုံးရှုခင်းအဖြစ် ကျင့်ဝမ်ကိုသာ မျက်တောင်မခတ် စိုက်ကြည့်နေတတ်တဲ့ ဒီအာဏာရှင်ဝမ်က သူ့ရဲ့စိတ္တဇဆန်တဲ့ အချစ်တွေနဲ့ ကျင့်ဝမ်ရဲ့ နှလုံးသားကို ဘယ်လိုမျိုး အပိုင်သိမ်းသွားမှာလဲ။ တစ်ခါက ကျဆုံးခဲ့ရတဲ့ အတိတ်ဘဝရဲ့အငြိုးအတေးတွေကို ကုစားဖိုအတွက် လက်ရှိဘဝမှာ ဝမ်ဝမ်ကို အမြင့်ဆုံးနေရာ ရောက်အောင် ဘယ်လိုတွေ လမ်းခင်းပေးသွားမလဲ ဆိုတာကို စိတ်ဝင်စားဖွယ် ဖတ်ရှုရမှာ ဖြစ်ပါတယ်။ Free ဖတ်ရန် https://t.me/swaenyoefreechannel/21276 82.🌹အမတ်ချုပ်ရဲ့ ပြန်လည်မွေးဖွားခြင်း LFGS ရွှထင်းရှန်းဟာ ချစ်ရသူကို စွန့်ပစ်၊အာဏာမက်ပြီး ကောက်ကျစ်စဉ်းလဲမှုတွေနဲ့ နာမည်ကြီးခဲ့တဲ့ အမတ်ချုပ်ကြီး တစ်ယောက် ဖြစ်ခဲ့ဖူးပေမဲ့၊ အခုတော့ ဘာမှမရှိတဲ့ ဆင်းရဲမွဲတေလှတဲ့ မိဘမဲ့ငယ်ဘဝမှာ ပြန်လည်မွေးဖွားလာခဲ့ပါတယ်။ စာသင်ခွင့်တစ်နေရာစာအတွက်တောင် မိသားစုထဲမှာ ခေါင်းကွဲမတတ် လုယက်နေကြရတဲ့ အနှိမ်ခံဘဝလေးဖြစ်နေပေမဲ့ သူ အမြဲရွံရှာခဲ့တဲ့ ကလေးသတိုသမီးလေးကျောက်အာကတော့ သူ့ဘေးမှာ ရှိနေဆဲဖြစ်နေခဲ့တယ်။ ဒါပေမဲ့ ဒီတစ်ကြိမ်မှာတော့ ရွှထင်းရှန်းက အရင်ဘဝကလိုလူမျိုး မဟုတ်တော့ပါဘူး။ သူဟာ ကျောက်အာလေးကို နည်းလမ်းပေါင်းစုံနဲ့ အကောင်းဆုံးတွေ ပေးဆပ်ဖို ဆုံးဖြတ်လိုက်ပြီး မှိန်ဖျဖျမီးရောင်အောက်မှာ "ငါက မင်းယောကျ်ားဆိုတာ ဝန်ခံပြီလား" လို မေးရင်း ကျောက်အာလေးရဲ့မျက်နှာလေးကို ငရုတ်သီးနဲ့ ပက်ခံရသလို ပူထူနီရဲသွားအောင် စနောက်တတ်တဲ့ ကောင်လေးတစ်ယောက် ဖြစ်လာခဲ့ပါတယ်။ ရိုးရှင်းတဲ့ ကန်စွန်းဥ ညစာဝိုင်းလေးမှာတောင် ကျောက်အာလေးက သူ့အတွက် အကြီးဆုံးတစ်တုံးကို ရွေးပေးတတ်ပြီး သူကလည်း သူမကိုပဲ တမြတ်တနိုး စိုက်ကြည့်နေတတ်ရင်း သူတိုရဲ့အချစ်တွေက တကယ့်ကို တိုးပွားလာခဲ့ပါတယ်။ ဒါပေမဲ့ ဘဝဆိုတာ အမြဲအေးချမ်းနေမှာ မဟုတ်သလို အမတ်ချုပ်ကြီးဖြစ်ခဲ့ဖူးတဲ့ ရွှထင်းရှန်းတစ်ယောက် ဆင်းရဲတွင်းနက်‌နေမှာတော့မဟုတ်ပါဘူး။ သူက ဒီလို သူများအပြေအဆိုခံ၊ အနှိမ်ခံ ဘဝကနေ ဘယ်လိုရုန်းထွက်ပြီး သူ့ရဲ့ဇနီးလေးကို အမြင့်ဆုံးနေရာ ပိုပေးမလဲ။ အမတ်ချုပ်ကြီးရဲ့ဉာဏ်ပညာတွေနဲ့ မိသားစုကို နှိမ်ခဲ့တဲ့သူတွေကို ဘယ်လိုလက်တုန့်ပြန်မလဲဆိုတာကို ရင်ခုန်စိတ်လှုပ်ရှားဖွယ် ဇာတ်ကွက်တွေနဲ့အတူ ကျေးလက်ဇာတ်အိမ်ကို နောက်ခံထားရင်း နန်းတွင်းအရှုပ်တော်ပုံတွေကြားက ထိုးထွက်လာမဲ့ ပန်းရိုင်းလေးတစ်ပွင့်ရဲ့ကြိုးစားပုံတွေကို စိတ်ဝင်စားဖွယ် ဖတ်ရှုရမှာ ဖြစ်ပါတယ်။ Free ဖတ်ရန် https://t.me/swaenyoefreechannel/21274 89.🌹စစ်ထန် CT ဇာတ်လိုက်မင်းသမီး စုလော့ဝေးဟာ ချစ်ရတဲ့ ငယ်သူငယ်ချင်း အိမ်ရှေ့စံမင်းသား လုပ်ကြံခံရပြီးနောက် တိုင်းပြည်ငြိမ်သက်ဖို့အတွက် မင်းသားရဲ့ညီတော် စုန့်လန်ကို နန်းတင်ပေးပြီး ဧကရီအဖြစ် စိတ်ရောကိုယ်ပါ ပံ့ပိုးကူညီခဲ့တယ်။ ဒါပေမဲ့ ချစ်ရသူရဲ့လုပ်ကြံခံရမှုကို စုံစမ်းရင်း ၃ နှစ်အကြာမှာတော့ သူမ အသက်တမျှ ကာကွယ်ပေးခဲ့တဲ့ စုန့်လန်ကိုယ်တိုင်က အိမ်ရှေ့စံကို လုပ်ကြံခဲ့တဲ့ တရားခံအစစ် ဖြစ်နေမှန်း သိလိုက်ရတဲ့အခါ... လှည့်ဖြားခံရုံတင်မက ကြံရာပါတောင် ဖြစ်ခဲ့မှန်း သိသွားတဲ့ ဧကရီစုလော့ဝေးဟာ အိမ်ရှေ့စံအတွက် အရာအားလုံးကို ရင်းပြီး ကလဲ့စားချေဖို့ ဆုံးဖြတ်လိုက်ရင်း စုန့်လန် အယုံကြည်ရဆုံးဖြစ်တဲ့ အမတ်ကြီး ရဲ့ထင်ယန့်ကို ခြေခုတုံးအဖြစ် အသုံးချဖို့ ရွေးချယ်လိုက်တော့တယ်။ လက်စားချေဖို့အတွက် ခန္ဓာကိုယ်ကိုပါ ပေးဆပ်ဖို့ ပြင်ထားတဲ့ စုလော့ဝေးတစ်ယောက် ရဲ့ထင်ယန့်ကို ကိုယ့်ဘက်ပါအောင် အပြင်းအထန် ကြိုးစားရာကနေ၊ ရဲ့ထင်ယန့်ရဲ့ လုပ်ရပ်တွေကြားမှာ အတိတ်က ချစ်ရသူ အိမ်ရှေ့စံရဲ့ အရိပ်အယောင်တွေကို စတင်ခံစားမိလာတဲ့အခါ ဇာတ်လမ်းဟာ ပိုပြီး လျှို့ဝှက်ဆန်းကြယ်လာပါတယ်။ ရုတ်တရက်ကြီး ပေါ်လာတဲ့ ထူးဆန်းတဲ့ဟန်ပန်တွေနဲ့ ရဲ့ထင်ယန့်က တကယ်ပဲ ဘယ်သူလဲ။ ရန်သူတွေရဲ့ ချောင်ပိတ်ဖိအားပေးမှုတွေကို သွေးမြေကျခံပြီး ကစားကွက် ပြောင်းပစ်မယ့် သူတို့နှစ်ဦးရဲ့ ဦးသူစားတမ်း ရန်ကြွေးတွေ၊ ရင်နင့်စရာသစ္စာဖောက်ခံရမှုရဲ့ နာကျင်မှုတွေ၊ အရာအားလုံးကို ပုံအောပြီး ပြန်လည်ပေးဆပ်ချင်တဲ့ ကလဲ့စားချေလိုစိတ်တွေနဲ့အတူ နန်းတွင်းအာဏာလုပွဲရဲ့ ဉာဏ်နီဉာဏ်နက် ကစားကွက်တွေကြားမှာ စာဖတ်သူကို ရင်တထိတ်ထိတ်နဲ့ ဆွဲခေါ်သွားမယ့် ဇာတ်လမ်းတစ်ပုဒ် ဖြစ်ပါတယ်။ ချစ်ရသူကို ဆုံးရှုံးလိုက်ရတဲ့ မိန်းမတစ်ယောက်ရဲ့ အသည်းကွဲနာကျင်မှုကနေ အစပြုပြီး မထင်မှတ်ထားတဲ့ အလှည့်အပြောင်းတွေ၊ သွေးထွက်သံယို လျှို့ဝှက်ချက်တွေနဲ့အတူ ဇာတ်ကောင်တွေရဲ့ စိတ်ခံစားချက် အတက်အကျတွေကို အသက်ဝင်လွန်းလှအောင် ခံစားဖတ်ရှုရမှာ ဖြစ်ပါတယ်။ Free ဖတ်ရန် https://t.me/swaenyoefreechannel/24826 90. 🌹ဝိညာဉ်ဆင့်သံ SS ရွှဟဲရွှယ်ဆိုတာ တောက်ပတဲ့ လူငယ်စစ်သူကြီးဘဝကနေ တိုင်းပြည် ပုန်ကန်သူအဖြစ် သတ်မှတ်ခံရပြီး ကွပ်မျက်ခံခဲ့ရတာ ၁၅ နှစ်တောင် ကြာခဲ့ပြီ။ ဒါပေမဲ့ လမ်းတကာ ဈေးတကာမှာ သူ့ရဲ့မကောင်းသတင်းတွေက ဟိုးလေးတကျော် ရှိနေတုန်းပဲ။ သူ အသက်ပေးပြီး ကာကွယ်ပေးခဲ့တဲ့တိုင်းပြည်၊ သူယုံကြည်အားကိုးခဲ့တဲ့ လူတွေဆီက ရရှိလိုက်တဲ့တစ်ခုထဲသော စကားက “တိုင်းပြည်သစ္စာဖောက်ကောင်’ တဲ့။ ဘယ်သူမှ မယုံလည်းဖြစ်တယ်။ သူ့လမ်းစဉ်က သူ့လုပ်ရပ်က လူတွေကို ကာကွယ်နိုင်မယ်ဆိုရင် ထိုက်တန်ပါတယ်လို ယူဆထားတဲ့သူ။ မတရားသဖြင့် သေဆုံးသွားခဲ့ရတာတောင် အထွန့်တက်ခြင်း၊နာကျည်းခြင်း မရှိတဲ့ ဒီလူငယ်စစ်သူကြီးလေးအတွက် မခံမရပ်နိုင်ဖြစ်ပြီး သွေးမျက်ရည် ကျမတတ် ငိုကျွေးရင်း အမှန်တရားကို ရှာဖွေပေးမဲ့ မိန်းမငယ်လေးတစ်ယောက် ပေါ်လာခဲ့တဲ့အခါ…. တိုင်းပြည်ပုန်ကန်သူအဖြစ် စွပ်စွဲခံခဲ့ရပေမဲ့ တကယ်တမ်းမှာတော့ တိုက်ကျိုးရိက္ခာအမှုနဲ့ မုရှန်တောင် တိုက်ပွဲမှာ စစ်ကူမရရှိခဲ့တဲ့ နောက်ကွယ်က အကျင့်ပျက် အရာရှိတွေရဲ့ လုပ်ကြံမှုကြောင့်သာဖြစ်ကြောင်း၊ နောက်ကွယ် ဘယ်လိုလူတွေက ဘာအကြောင်းပြချက်လေးအတွက်နဲ့ ကောင်းမွန်တဲ့ လူတွေကို စတေးဖို အသင့်ဖြစ်နေတဲ့အကြောင်းတွေ တဖြည်ဖြည်း ‌ပေါ်‌ပေါက်လာရင်း ငယ်ရွယ်တဲ့စစ်သူကြီးလေးကို ချောက်ချသေဆုံးစေခဲ့ရတယ်ဆိုတာ ထွက်ပေါ်လာခဲ့တဲ့အခါ... တိုင်းပြည်နဲ့ လူမျိုးအတွက် အများအကျိုးကို ရှေးရှုပြီး အသက်ပေးခဲ့ပေမဲ့ သမိုင်းမှာ နာမည်ဆိုးနဲ့ ကျန်ရစ်ခဲ့တဲ့ ရွှဟဲရွှယ်ရဲ့အဖြစ်အပျက်တွေက စာဖတ်သူတွေကို ရင်နင့်စေပြီး ဘာလိုများခွင့်လွှတ်နိုင်ရက်ရတာလဲဆိုတဲ့ အမေးတွေ၊ အေးချမ်းလွန်းတဲ့ ရွှဟဲရွှယ်ကို ဒေါသမရှိဘူးလားဆိုတဲ့ အားမလိုအားမရမှုတွေနဲ့အတူ ပေးဆပ်ခြင်းဆိုတာကလည်း ချစ်ခြင်းမေတ္တာပါဆိုတာကို သက်သေပြမဲ့ နိုင်ငံရေးနဲ့ စစ်ရေး အကွက်အဆင်တွေနဲ့ ဇာတ်လမ်းလေး တစ်ပုဒ်ဖြစ်ပါတယ်။ Free ဖတ်ရန် https://t.me/swaenyoefreechannel/24823 92.🌹ဖုန့်ရှန်း FX ဖန်းဖုန့်ရှန်းဟာ ရှောက်ရှင်းမှာ နာမည်အကျော်ကြားဆုံး အကြံပေးအရာရှိ ဖန်းမိသားစုရဲ့ တစ်ဦးတည်းသော သခင်မလေး ဖြစ်တယ်။ ဒါပေမဲ့ ကံဆိုးစွာနဲ့ပဲ လျန်ဟွိုင် ဆားသယ်ယူပို့ဆောင်ရေးအရာရှိရဲ့ အကြံပေးအဖြစ် တာဝန်ထမ်းဆောင်နေတဲ့ ဖခင်ဖြစ်သူဟာ အာဏာလုပွဲတွေကြားမှာ ကြားညှပ်ပါသွားပြီး ထောင်တွင်းမှာ ရက်ရက်စက်စက် အသတ်ခံလိုက်ရတယ်။ မတရားမှုကို သည်းမခံနိုင်တဲ့ ဖန်းဖုန့်ရှန်းဟာ အရှုံးမပေးဘဲ ဖခင်အတွက် အမှုမှန်ပေါ်ပေါက်စေဖို့ ယောက်ျားလေးအသွင်ယူကာ စုံစမ်းဖို့ ဆုံးဖြတ်လိုက်ပြီး နိုင်ငံရေးထဲ ခြေစုံပစ်ဝင်လိုက်ပါတော့တယ်။ အမှုမှန်ဖော်ထုတ်ဖို့ ကောင်းကင်အထိ လွှမ်းမိုးနိုင်မယ့် အစီအစဉ်ကြီးကို ချမှတ်ပြီး ဆားလုပ်ငန်း ပြုပြင်ပြောင်းလဲရေးကို ဓားတစ်လက်လို အသုံးချကာ လူတွေရဲ့ စိတ်နှလုံးကို တွက်ချက်ကစားဖို့ ပြင်ဆင်လာပါတော့တယ်။ ဒါပေမဲ့ သူမ မျှော်လင့်မထားတာက ဒီလမ်းအတိုင်း ဆက်လျှောက်သွားတဲ့အခါမှာ မင်းသားတွေရဲ့ အာဏာလုပွဲလှိုင်းတံပိုးတွေကြားကို မမျှော်လင့်ဘဲ ကျရောက်သွားခဲ့ရတာပါပဲ။ ဒီအရှုပ်အထွေးတွေကြားမှာ ဖန်းဖုန့်ရှန်းရဲ့ နောက်ပြန်လှည့်လို့မရအောင် လမ်းကြောင်းတွေပိတ်ဆို့ပြီး အတင်းအကျပ် လက်ထပ်ယူခဲ့တဲ့ မင်းသားကျုံးယွဲ့ဟာ သူမရဲ့ ခန္ဓာကိုယ်ရော နှလုံးသားကိုပါ သိမ်းပိုက်နိုင်ဖို့ ဘယ်လိုတွေ အကွက်ချကြိုးကိုင်မလဲ။ အဂတိလိုက်စားတဲ့ အရာရှိတွေ၊ နောက်ခံလျှို့ဝှက်ဆန်းကြယ်တဲ့ ဇာတ်ကောင်တွေကြားမှာ ဖန်းဖုန့်ရှန်းရဲ့ ထက်မြက်တဲ့ ဉာဏ်ရည်ဉာဏ်သွေးတွေကို အားရကျေနပ်ဖွယ် ဖတ်ရှုရမယ့်အပြင်၊ ဖခင်ရဲ့အမှုမှန်က ဘယ်လိုပေါ်ပေါက်လာမလဲ။ ဒါ့အပြင် အမုန်းနဲ့စတင်ပြီး အချစ်နဲ့ အဆုံးသတ်မယ့် သူတို့နှစ်ဦးရဲ့ ရိုမန့်တစ်ဇာတ်ကွက်တွေကိုပါ ခံစားရမှာဖြစ်လို့ နိုင်ငံရေးနဲ့ အချစ် ဇာတ်လမ်းကြိုက်သူတွေအတွက် ကြိုက်နှစ်သက်ရမဲ့ဝတ္ထုလေးပဲ ဖြစ်ပါတယ်။ Free ဖတ်ရန် https://t.me/swaenyoefreechannel/24804 93.🌹တုနှုန်းမဲ့အလှတရား UB အတိတ်ဘဝတုန်းက မေ့ဝူရွှမ်းဆိုတာ သူမရဲ့အစ်မဖြစ်သူရဲ့ တောက်ပလွန်းတဲ့ အရိပ်အောက်မှာ နေခဲ့ရတဲ့ အသုံးမကျတဲ့ သခင်မလေးတစ်ယောက်။ ပြိုင်ဘက်ကင်းတဲ့ အလှအပလေး တစ်ခုကလွဲရင် ဘာမှထူးထူးခြားခြား မရှိခဲ့ဘဲ တစ်နေ့နေ့မှာ တစ်ယောက်ယောက်နဲ့ လက်ထပ်ပြီး ဘဝကို အေးအေးဆေးဆေး ကုန်ဆုံးသွားရုံပဲလို သူမက ထင်ခဲ့မိတယ်။

မောနင်းပါ ပေါင်ပေ့တို့ ဒီနေ့က တင်းဂွေနေ့လေးပါ။ မင်မင်က ဒီနေ့ ဘာတွေ ရောင်းချင်လဲ ဆိုတော့... အချိုရော အခါးပါ အရသာရှိတဲ့ နန်းတွင်းဇာတ်လမ်းလေးတွေ ရောင်းချင်ပါတယ်။

မင် 3- 😒😒😒😒 ဟမ့်...
မင် 3- 😒😒😒😒 ဟမ့်...

photo content

ဒါပေး ပေးဂရုလေး ရပါပြီ ဂျစ်တို့ရေ... ရွမ်မန်ကြိုက်တယ်၊ ရဲရဲဖတ်ရတာ ကြိုက်တယ်၊ စိတ်လည်းလှုပ်ရှားရမယ်၊ အချစ်ရေးလည်းပါရမယ် ဟော BLလေးပါ ကြိုက်တတ်တဲ့သူဆိုရင်တော့...လက်မနှေးနဲ့တော့နော်... 98.🌈မြေအောက်ပြည်သို့ခေါ်ဆိုခြင်း CH မိတ်ဆက် စိတ်သဘောထားကြီးကာ အနည်းငယ်ကြောက်တတ်သော အကောင်းမြင်ဝါဒီ လက်ကိုင်စွဲသူ ရှို့နှင့် စိတ်မမှန်သော လူသားမဟုတ်သည့် ကုန်… ကုကျုံ့ကျင်သည် တစ်ပတ်ရစ်ပစ္စည်းများ ရောင်းချသော နေရာမှ ကိုးဆယ်ရာခိုင်နှုန်း အသစ်နီးပါးရှိသော အမှတ်တံဆိပ်ကြီးတစ်ခုမှ လက်ကိုင်ဖုန်းတစ်လုံးကို ဝယ်ယူခဲ့သည်။ သို့သော် ထိုဖုန်းသည် သင်္ချိုင်းသူခိုးများ တူးဖော်ထားသော မကြာသေးမီကမှ သေဆုံးသွားသူတစ်ဦး၏ မြေမြှုပ်အသုံးအဆောင်ပစ္စည်း ဖြစ်နေလိမ့်မည်ဟု သူ မထင်မှတ်ထားခဲ့ပေ။ မကြာသေးမီကမှ သေဆုံးသွားသည့်ထိုသူမှာ အလယ်တန်းကျောင်းတုန်းက ကုကျုံ့ကျင်နှင့် ပတ်သက်မှုရှိခဲ့ဖူးသော မေဘတ်ကားပိုင်ရှင် လူငယ်လေးပင် ဖြစ်နေခဲ့သည်။ မြေအောက်ခန်း၏ အောက်ထပ်တွင် နေထိုင်သော ဝေ့ရှင်း(ဝီချက်)မိတ်ဆွေ၊ ညဘက်လမ်းလျှောက်ချိန် နားနားကပ်၍ တီးတိုးရေရွတ်သံများ၊ သန်းခေါင်ယံအချိန်ရောက်တိုင်း ပြည့်လျှံနေတတ်သော လူမှုကွန်ရက်စာမျက်နှာ၊ နေ့စဉ် အိပ်မက်ထဲတွင် တွေ့ဆုံရသော လူငယ်လေး... ထို့အပြင် ငရဲပြည် အစိုးရဝန်ထမ်းစနစ်နှင့် အကြောင်းရင်းမရှိ ချိတ်ဆက်နိုင်သော လက်ကိုင်ဖုန်းတစ်လုံးလည်း ပါဝင်နေသည်။ ထိုထူးဆန်းသော တစ်ပတ်ရစ်ဖုန်းကို ရရှိပြီးချိန်မှစ၍ ကုကျုံ့ကျင်၏ ဘဝသည် တစ်နေ့တခြား ပိုမိုထူးဆန်းလာသည်။ သီချင်းဆိုပြိုင်ပွဲ ဝင်ပြိုင်သည်ဖြစ်စေ၊ သန်းခေါင်ယံအချိန်တွင် တိုက်ရိုက်ထုတ်လွှင့်မှု ပြုလုပ်သည်ဖြစ်စေ အခြားသူများထက် ဝင်ရောက်ကြည့်ရှုသူ အရေအတွက်က ပုံမှန်မဟုတ်လောက်အောင် ပိုမိုများပြားနေတတ်သည်။ ဇာတ်လမ်းအမျိုးအစား- ဝိညာဉ်နှင့် နတ်ဘုရားများ၊ စိတ်ကျေနပ်ဖွယ်ဇာတ်လမ်း၊ အဆင့်မြှင့်တင်ခြင်း၊ နာမ်ပိုင်းဆိုင်ရာပညာရပ် ** ပေးဂရုမှာ အပိုင်း 50 အထိ တင်ထားပြီးဖြစ်ပြီး ကျန်တာတွေကို Ongoing update သွားပါမယ်။ အခုပဲ မင်မင့်ဆီကို လာခဲ့လိုက်တော့နော်! 😉 📩 ဝယ်ယူရန်: [https://t.me/swaesaleschannel] Free ဖတ်ရန် https://t.me/swaenyoefreechannel/27764

ဒီနေ့တစ်ခု တွေးမိတာလေး ရှိလို့ သိတဲ့သူ ရှိရင် ဖြေသွားပေးကြပါအုံး။ Tom & Jerry ထဲက Tom က ဘာကြောင်မျိုးစိတ် အမျိုးအစားလဲနော်။

မောနင်းပါ...သာယာတဲ့နေ့လေးတစ်နေ့ ဖြစ်ပါစေ အဂျစ်တို့ရေ... လစာထုတ်ကြပြီမလား...မင်3 မုန့်မုန့် စားရဖို့ မျှော်နေမယ်နော် 😁😁

မင်3နှင့် သရဲစာစဉ် ပုံရိပ်ဖော်ခြင်းဂယက်ကို လီဒါမှ ကူညီ ဖြည့်စွက်ပုံ... 🤣🤣🤣🤣 #CH
မင်3နှင့် သရဲစာစဉ် ပုံရိပ်ဖော်ခြင်းဂယက်ကို လီဒါမှ ကူညီ ဖြည့်စွက်ပုံ... 🤣🤣🤣🤣 #CH