Sorry Not Sorry MMSub (2024)
Open in Telegram
6 135
Subscribers
No data24 hours
-347 days
-10530 days
Posts Archive
Mr. Plankton (2024)
အခုထွက်မဲ့ Mr. Plankton ကတော့ It’s Okay to Not Be Okay ရဲ့ ဇာတ်ညွှန်းရေးဆရာမနဲ့
Juvenile Justice ဒါရိုက်တာ နှစ်ဦး ပူးပေါင်းထုတ်လုပ်ထားတာမို့ ခံစားချက်တွေ ရောပြွန်းနေတဲ့
အချစ်ဒရမ်မာဟာသ စီးရီးတစ်ခုပဲဖြစ်ပါတယ်။
ကိုရီးယား အက်ရှင်ကားတွေရဲ့ ပင်တိုင်မင်းသားချော ဝူဒိုဟွမ်၊ Squid Game ထဲက သရုပ်ဆောင်ချက်ကြောင့်
နာမည်တက်လာတဲ့ မင်းသမီး အီယူမီနဲ့အတူ ဒိတ်ဒိတ်ကြဲ ဇာတ်လမ်းတွေမှာ ခက်ခဲတဲ့ ဇာတ်ကောင်တွေကိုပဲ
ရွေးသရုပ်ဆောင်တတ်တဲ့ မင်းသားကြီး အိုဂျောင်ဆယ်တို့ ပါဝင်ထားတာဖြစ်လို့ ဇာတ်လမ်းကတော့
သာမန်ဇာတ်လမ်းတွေနဲ့ မတူဘူးဆိုတာ မြေကြီးလက်ခတ်မလွဲပြောနိုင်ပါတယ်။
-ဇာတ်ကောင်မိတ်ဆက်-
• နောက်ဆုံးအဆင့် ဦးနှောက်အကြိတ်ရောဂါကို ရရှိနေပြီဖြစ်ကြောင်း သတင်းကြားထားတာကြောင့်
ကျန်ရစ်တဲ့ အချိန်တိုအတွင်းမှာ ဘဝကို ကိုယ်စိတ်ရှိတိုင်း ပျော်သလိုနေဖို့ ဆုံးဖြတ်ထားတဲ့ ဟယ်ဂျို။
• အမေတစ်ယောက်ဖြစ်ဖို့ အိပ်မက်ရှိသော်ငြား အချိန်မတိုင်ခင် သွေးဆုံးနေကြောင်း
မိမိကိုယ်ကို သိရှိလိုက်ရတဲ့ (ဟယ်ဂျိုရဲ့ ရည်းစားဟောင်းတစ်ဖြစ်လဲ) သတို့သမီးလောင်း ဂျယ်မီ။
• မင်္ဂလာဆောင်မဲ့နေ့မှာ ဟယ်ဂျိုက သူ့ဇနီးလောင်းလေးကို ပြန်ပေးဆွဲလိုက်တာကြောင့်
ခြေမကိုင်မိလက်မကိုင်မိ ဖြစ်သွားရတဲ့ ချစ်စရာ သတို့သားလေး အောဟွန်း။
မိသားစု တည်ထောင်လို့မရတဲ့ ဟယ်ဂျို၊ ကမ္ဘာ့ကံအဆိုးဆုံး သတို့သမီးလောင်း ဂျယ်မီ၊
ဖြူစင်တဲ့အချစ်ကို ရှာဖွေနေတဲ့ အမေကြောက်သားလေး အောဟွန်း....
သူတို့ ၃ ဦးရဲ့ သုံးပွင့်ဆိုင် အချစ်ဇာတ်လမ်းဟာ ဘယ်လိုရှေ့ဆက်မလဲ..။
ဘယ်လို ဟာသစွန့်စားခန်းမျိုးကို မြင်တွေ့ရမလဲဆိုတာ လက်မလွတ်စတမ်း ရှုစားလိုက်ရအောင်နော်။
Mr. Plankton (2024)
Genre: Comedy/Romance/Drama
Episodes: 10
Aired: 8 Nov
Aird On: Friday
Repost from N/a
မင်မင့် ချန်နယ်လေးမှာ ကြည့်ရတာအဆင်ပြေတယ်ဆိုရင် support လုပ်ချင်သူများ 💕💕💕 support လုပ်ပေးပါဦးနော် 🫶🫶🫶
Wave Acc Ph No - 095263419
KBZPay Acc Ph No - 095263419
AYA Pay Acc Ph No - 095263419
Ph Bill - 095263419
Support ပေးတဲ့သူတဦးချင်းစီကိုကျေးဇူးတင်ပါတယ် ❤️
ကိုယ်ရောစိတ်ရော ကျန်းမာချမ်းသာကြပါစေ 🙏
Korean Series VIP Link
https://t.me/+fMQLRfrYF2pmMjg1
KSeries Ongoing ❣️
K_Movie Love 💕
