en
Feedback
Heart & Language

Heart & Language

Open in Telegram

ဗဟုသုတရစရာများနှင့် အင်္ဂလိပ်စာပတ်သက်သော ဗဟုသုတများကို မျှဝေပေးနေသော Channel လေးပါ။

Show more
720
Subscribers
-124 hours
+27 days
+2530 days
Posts Archive
Good eveningပါနော် ချစ်သော‌တို့ရေ......👋 သံယောဉ်ဇဉ်တွယ်သည်ကို Englishလိုဘယ်လိုပြောကြမလဲ🤭 လေ့လာကြည့်လိုက်ကြရအောင်ပါ။ 1.To ha
Good eveningပါနော် ချစ်သော‌တို့ရေ......👋 သံယောဉ်ဇဉ်တွယ်သည်ကို Englishလိုဘယ်လိုပြောကြမလဲ🤭 လေ့လာကြည့်လိုက်ကြရအောင်ပါ။ 1.To have an attachment to 2.Attached to 3.Have a fondness for စသဖြင့်သုံးလို့ရပါတယ်ရှင့်။ Eg:As if I were such a mad boy, having a fondness for you is my fault. မင်းကိုအရူးတစ်ယောက်လိုမျိုး သံယောဇဉ်တွယ်(စွဲလမ်း)ခဲ့မိတာကိုက ငါ့အမှားပဲ။ Example sentence ဖတ်ပြီး ခံစားမနေကြနဲ့ဦးနော် မင်မင်က တစ်ခါတည်းမှတ်မိ‌သွားအောင်လို့ အဲ့လိုဉပမာပေးတာ😂 As if/As through + Sub + past tense. သလို၊လိုမျိူး လို့အဓိပ္ပါယ်ရပါတယ်။ တကယ်မဟုတ်တဲ့စိတ်ကူးယဉ်အခြေအနေဖြစ်ပါတယ်။ As if you didn't know! (ie You are pretending not to know. ) နားလည်မယ်လို့ယုံကြည်ပါတယ် အားလုံး have a nightmare ပါရှင့်။🤭 #ykchan

Good eveningပါနော် ချစ်သော‌တို့ရေ......👋 သံယောဉ်ဇဉ်တွယ်သည်ကို Englishလိုဘယ်လိုပြောကြမလဲ🤭 လေ့လာကြည့်လိုက်ကြရအောင်ပါ။ 1.To ha
Good eveningပါနော် ချစ်သော‌တို့ရေ......👋 သံယောဉ်ဇဉ်တွယ်သည်ကို Englishလိုဘယ်လိုပြောကြမလဲ🤭 လေ့လာကြည့်လိုက်ကြရအောင်ပါ။ 1.To have an attachment to 2.Attached to 3.Have a fondness for စသဖြင့်သုံးလို့ရပါတယ်ရှင့်။ Eg:As if I were such a mad boy, having a fondness for you is my fault. မင်းကိုအရူးတစ်ယောက်လိုမျိုး သံယောဇဉ်တွယ်(စွဲလမ်း)ခဲ့မိတာကိုက ငါ့အမှားပဲ။ Example sentence ဖတ်ပြီး ခံစားမနေကြနဲ့ဦးနော် မင်မင်က တစ်ခါတည်းမှတ်မိ‌သွားအောင်လို့ အဲ့လိုဉပမာပေးတာ😂 As if/As through + Sub + past tense. သလို၊လိုမျိူး လို့အဓိပ္ပါယ်ရပါတယ်။ တကယ်မဟုတ်တဲ့စိတ်ကူးယဉ်အခြေအနေဖြစ်ပါတယ်။ As if you didn't know! (ie You are pretending not to know. ) နားလည်မယ်လို့ယုံကြည်ပါတယ် အားလုံး have a nightmare ပါရှင့်။🤭 #ykchan

#Useful_phrasal_verbs #crd
+1
#Useful_phrasal_verbs #crd

Happy Valentine's Day!
+4
Happy Valentine's Day!

Happy 109th birthday to our Legend Aung San
Happy 109th birthday to our Legend Aung San

#Some_love_related_idioms #forward_only #By_Chan #Heart& Language https://t.me/HeartLanguage0
+6
#Some_love_related_idioms #forward_only #By_Chan #Heart& Language https://t.me/HeartLanguage0

photo content
+4

" စိတ်မပျော်တဲ့အခါ " - နားကြပ်တပ်ပြီး သီချင်းနားထောင်ပါ ။ - motivation ပေးတဲ့ စာအုပ် ဖတ်ပါ ။ - စိိတ်မထိန်းနိုင်တဲ့အခါ ငိုချင် ငိုလိုက်ပါ ။ - ဘာမှ မတွေးဘဲ တရေးလောက် အိပ်လိုက်ပါ ။ - အချိုဓာတ်လေး အနည်းငယ် ဖြည့်ပေးပါ ။ ဥပမာ ကိတ်စားတာ၊သကြားလုံးငုံပေးတာ ။ ဘဝက ခါးပေမဲ့ လက်ထဲမှာ သကြားလုံး ရှိတယ်လေ ။ - ဆရာလယ်တွင်းသားစောချစ်ရဲ့ စာပေ ဟောပြောပွဲတွေ နားထောင်ကြည့်ပါ ။ - ခံစားနေရတာ စာအုပ်ထဲ ချရေးလိုက်ပါ ။ စိတ်မပျော်တဲ့အကြောင်း သုံးခါလောက် ထပ်ခါထပ်ခါ ချရေးလိုက်ပါ ။ ဒီအရာက ထင်သလောက် အရေးမပါမှန်း သိသွားမယ် ။ - ဖုန်းထဲက Album ထဲ ကိုယ့်ဓာတ်ပုံတွေကို ပြန်ကြည့်ပါ ။အမှတ်တရကောင်းတွေကို ပြန်တွေးကြည့်ပါ ။ - ဘဝက ထင်သလောက် မလွယ်ကူဘူး ။ ကြိုးစားရှင်သန်ရတယ်ဆိုတာ သတိရပါ ။ - ကောင်းကင်ပေါ်က ငှက်လေးတွေကို ငေးကြည့်ပါ ။ တောင်တန်းတွေကို ကြည့်ပါ ။ - ဝါသနာပါရာ တစ်ခုခု လုပ်ပါ ။ ပန်းချီဆွဲတာ ၊ ဂီတာတီးတာ ၊ ဟင်းချက်တာ ၊ ဂိမ်းဆော့တာ ၊ ပန်းစိုက်တာ စသဖြင့် ။ - Run Your Race ကိုယ့်ဘဝရဲ့ လမ်းကြောင်းပေါ်မှာပဲ ပြေးနေပါ ။ - It's a bad day not a bad life ဆိုတဲ့ စကားကို ပြန်သတိရလိုက်ပါ ။ - ဘာမှ လုပ်ချင်စိတ်မရှိရင် ဒီတိုင်း စိတ်ကို လေလွင့်ခွင့်ပေးလိုက်ပါ ။ ခဏလောက် လွတ်ချလိုက်ပါ ။ ( ကိုယ့်ဘဝအတွက် ကိုယ်ဟာ အမြဲတမ်း ကြံ့ခိုင်သန်မာနေရမယ် ။ မောလာတဲ့အခါ စိတ်ရောကိုယ်ပါ ခဏအနားယူပြီး ပြန်ရှေ့ဆက်ကြမယ် ။ အေးဆေးပေါ့....။ ) #crd

Hey!!! ချမ်းနေကြလား စာလုပ်🥶❤️‍🩹 Pre intermediate လေ့လာနေတဲ့သူလေးတွေရှိလားဗျို့ ဒါဆိုရင်တော့ ဒီသင်တန်းလေးသာ joinလိုက်ကြတော့ဗ
Hey!!! ချမ်းနေကြလား စာလုပ်🥶❤️‍🩹 Pre intermediate လေ့လာနေတဲ့သူလေးတွေရှိလားဗျို့ ဒါဆိုရင်တော့ ဒီသင်တန်းလေးသာ joinလိုက်ကြတော့ဗျို့၊freeဖြစ်ပြီး တကယ်လဲအဆင်ပြေလို့ တက်သင့်ပါတယ်နော်။ ဒီfacebook pageလေးမှာ အသေးစိတ်စုံစမ်းပြီး ကြိုးစားလိုက်ကြတော့နော်။ https://www.facebook.com/share/p/J4Tj2YL93hwwpCTQ/?mibextid=qi2Omg

English စာလေ့လာဖို့အကောင်းဆုံး YouTube Channel များ🤍 Speak English with Vanessa Speaking ပိုင်းနဲ့ ပတ်သက်ပြီး Improve ဖြစ်စေမယ့် Channelတခုပါ။ Speaking မှာ American accent ပြောဖို့လေ့လာနေတဲ့သူတွေအတွက် recommend ပေးပါတယ်။ Playlists မှာ 4 skill လုံးသင်ပေးထားတာကြောင့် Self - Study သမားတွေအတွက်လည်းအဆင်ပြေပါတယ်။ https://youtube.com/@SpeakEnglishWithVanessa?si=hE3ZWn8YdzAZqrMu BBC Learning English BBC ကတော့အားလုံးသိကြတဲ့အတိုင်း English စာလေ့လာဖို့အတွက်တော်တော်ကောင်းတဲ့ Channel တခုပါ။Kevin အကြိုက်ဆုံးက 6 minutes English ဖြစ်ပါတယ်။English စာကို Topic မျိုးစုံကလေ့လာနိူင်မှာပါ။Podcasts တွေနားထောင်ရင်း အသံထွက် ၊ လေ့ယူလေသိမ်းတွေကိုပါလေ့လာ/လေ့ကျင့်နိူင်တာကြောင့် တော်တော်လေးအဆင်ပြေပါတယ်။ https://youtube.com/@bbclearningenglish?si=zVA7siTc-2HdcLMM Easy English Cartoon Vd လေးတွေကြည့်ပြီး ပေါ့ပေါ့ပါးပါး လေ့လာနိူင်ပြီး Speaking , Listening Skill တွေတိုးတက်စေပါတယ်။ https://youtube.com/@easyenglish551?si=9umTc6VoQ-US3SbS English with Lucy Brutish Accent လေ့လာနေတဲ့သူတွေအတွက်လည်းအဆင်ပြေပါတယ်။ Tr Lucy ကိုယ်တိုင်က British လူမျိုးဖြစ်ပါတယ်။Playlistထဲမှာ  Grammar / Speaking / listening Lessonတွေအပြင် Conversation Lesson တွေပါရှိတာကြောင့် English စာလေ့လာနေတဲ့သူတွေအတွက်အသုံး၀င်တဲ့ Channel တစ်ခုပါ။ https://youtube.com/@EnglishwithLucy?si=en_2bAPbgLMl57sE Speak English with Tiffani Tr Tiffani ရဲ့ Channel ကတော့ Speaking Paratice လုပ်နိုင်မယ့် Lesson တွေအများကြီးပါပါတယ်။ ဒါ့အပြင် Grammar , Listening , Vocabulary တွေအတွက်ပါ Topic တွေရှိပါတယ်။ English Learners တွေအတွက် အဖိုးတန်တဲ့ Channel တခုဖြစ်ပါတယ်။ https://youtube.com/@SpeakEnglishWithTiffani?si=zzwPgpfeGzt07Fvk Rachel's English American English /Accents တွေကိုလေ့လာနေတဲ့သူတွေအကြိုက်တွေ့စေမယ့် Channel တခုပါ။ https://youtube.com/@rachelsenglish?si=z1jpiCrbzJeQ8Ztc Learn English with TV Series English စာ ကို ရုပ်ရှင်ကြည့်ရင်းလေ့လာချင်တဲ့သူတွေအတွက် recommend ပါ။ Beginner တွေအတွက်လေ့လာရတာနည်းနည်းအခက်တွေ့နိူင်ပေမယ့် level မြင့်သွားလေ အသုံး၀င်လေဖြစ်မယ့် Channel တခုဖြစ်ပါတယ်။ https://youtube.com/@LearnEnglishWithTVSeries?si=tmC_snNnhxKGiTiG English Speeches English Speeches Channel ကတော့ English level advance ဖြစ်တဲ့သူတွေအတွက်ဘဲအဆင်ပြေမယ်ထင်ပါတယ်။Channel Vd တိုင်းမှာ သုံးနှုန်းတဲ့ Speaking Speeches ကတော်တော်မြင့်ပါတယ်။ https://youtube.com/@EnglishSpeeches?si=xL7msxg_XAYvyVTm Ted Ted Channel ကတော့ Speaking /listening Paratice တွေအတွက်အဆင်ပြေပါတယ်။ Vd တွေကို တနေ့ အနည်းဆုံးနှစ်ခါလောက် နားထောင်ပေးရင် listening  Skill Improve ဖြစ်စေမှာအသေအချာပါဘဲ။ https://youtube.com/@TED?si=iTr_TCJ86INTOXC4 Learn English with English Class 101.com Beginner တွေအတွက်အဆင်ပြေစေမယ့် Channel တခုဖြစ်ပါတယ်။ သင်ခန်းစာတွေကနားလည်လွယ်ပြီး Englishလေ့လာတဲ့နေရာမှာအများကြီးအထောက်အကူပြုပါတယ်။ British English / American English နှစ်မျိုးစလုံးအတွက် lesson တွေ 4 skill အတွက် Topic အများအပြားလည်းတွေ့ရပါတယ်။ https://youtube.com/@EnglishClass101?si=Yn8vp89GCmaVsZ2O Kevin Sharing Improve Your English #crd

#စာတို #လူငယ်များမှတ်သားစရာ #ဆရာကြီးဦးအောင်သင်း၏မှတ်သားထိုက်သောစာစုလေးများ #လေးစားစွာဖြင့်crd
+8
#စာတို #လူငယ်များမှတ်သားစရာ #ဆရာကြီးဦးအောင်သင်း၏မှတ်သားထိုက်သောစာစုလေးများ #လေးစားစွာဖြင့်crd

#Basic_English_&_Advanced_English
+6
#Basic_English_&_Advanced_English

Hello,ရာသီဥတုကအေးအေးနဲ့ စာလုပ်နေကြပြီလား။ ဒီနေ့တော့ ကျမက KG+12နဲ့grade11(old system)လေ့လာနေသူတွေနဲ့ ဘာသာစကားတွေလေ့လာနေသူတွေအတွက် သတင်းကောင်းလေးတစ်ခုနဲ့မိတ်ဆက်ပေးချင်ပါတယ်။ အဲ့တာလေးကတော့ NGM OLINE INTERNATIONAL SCHOOL လေးပဲဖြစ်ပါတယ်။ဒီနေ့မှာပဲ ကျောင်းအပ်လက်ခံနေပြီဖြစ်လို့ မြန်မြန် စာရင်းသွားပေးကြတော့နော်။ဘာလို့ဆို Jan30ရက်နေ့‌နောက်ဆုံးထားပြီးလာအပ်သူ‌တွေအတွက်ပဲ 60%scholarရှိတာမလို့ပါ ။ရက်ကျော်သွားရင်တော့ တစ်လကို တစ်သိန်းကျောင်းလခပေးဆောင်ရမှာပါနော်။အဲ့တာကြောင့် လက်မနှေးရအောင် ခုလင့်ချထားတဲ့ Facebook page လေးမှာ သွားရောက်လေ့လာပြီး ကိုယ်နဲ့သင့်တော်မဲ့အတန်းလေးတွေ အပ်ကြဖို့ အသိပေးလိုက်ပါတယ်ရှင့်။အားလုံးပဲ အရာရာအဆင်ပြေကြပါစေရှင်။ https://m.facebook.com/story.php?story_fbid=pfbid02psxAYYGFc6xZ2bAUDd9qS3w4oumob6B6gR9KwfEzSNd9fLdj6njrQYswsKiJDwvyl&id=61554857614828&mibextid=Nif5oz

GED အခမဲ့ လေ့လာ ၊ လေ့ကျင့် ၊ ဖြေဆိုနိုင်တဲ့ Website များ GED ဟာ သင်ရိုးညွှန်းတမ်းရယ်လို့ သတ်သတ်မှတ်မှတ် မရှိတဲ့အတွက် လေ့လာရတာ ကျယ်ပြန့်ပါတယ်။ တစ်ချို့တွေဟာ GED အတွက် သီးသန့်ထုတ်ဝေတဲ့ McGraw , Kaplan , Princeton အစရှိတဲ့ စာအုပ်တွေကို လေ့လာရင် ဖြေဆိုဖို့အတွက် လုံလောက်ပြီလို့ ဆိုတတ်ကြပေမယ့် တကယ်တမ်း လေ့လာရင် လေ့လာသလောက်ဝင်တဲ့ GED အတွက်က ဒီစာအုပ်တွေရဲ့ Resources ဟာ အမှတ်ပြည့်ရနိုင်မလား Credit Scores ကိုရနိုင်ပါ့မလားဆိုတဲ့ မေးခွန်းထုတ်စရာရှိလာပါလိမ့်မယ်။ လုံလောက်တယ် မလုံလောက်ဘူးဆိုတာထက် များများလေ့လာရင် လေ့လာနိုင်သလို ပိုပြီးအကျိုးရှိစေတာမို့ ဒီနေ့မှာတော့ ဗဟုသုတကနေပြီး Online ပေါ်ကနေ အခမဲ့ စစ်ဆေးနိုင်မယ့် Test တွေ ၊ Flash Card တွေ လေ့လာနိုင်တဲ့ Websites လေးတွေကို Link ကလေးတွေနဲ့ Share ပေးသွားပါတယ်နော်။ https://www.test-guide.com/free-ged-practice-tests.html https://gedpracticetest.net/ https://www.mometrix.com/academy/ged-practice-test/ https://www.gedpracticequestions.com/ https://www.varsitytutors.com/ged-practice-tests https://study.com/ged/ged-practice-tests.html https://uniontestprep.com/ged-test/practice-test https://bestgedclasses.org/practice-tests/ https://gotestprep.com/ged-practice-test/ https://onsego.com/free-ged-practice-test/ https://www.testprepreview.com/ged_practice.htm https://www.studyguidezone.com/gedtest.htm #bahuthutacorner #burmesearticle #education #HHK

ပူ​နေတဲ့အရည်​တွေကို ပလတ်စတစ်ခွက်နဲ့ ထည့်မ​သောက်ပါနဲ့ ပူ​နေတဲ့ စား​/သောက်စရာ​တွေကို ပလတ်စတစ်အိတ်/ခွက်/ဗူးထဲမှာ ထည့်ပြီး မစား/​သောက်ပါနဲ့ စား/​သောက်စရာ​တွေကို ဘယ်လိုပလတ်စတစ် ခွက်/ဗူးမျိုူနဲ့မှ မိုက်ခရို​ဝေ့ဗ်အာဗင်ထဲထည့်ပြီး အပူ​မပေးပါနဲ့ ပလတ်စတစ်ဆိုတာ ​ရေနံက​နေရတဲ့ ကုန်ကြမ်း​တွေနဲ့ ဓါတု​ဗေဒပစ္စည်း​တွေ​ရောပြီး ဖန်တီးထားတာ​ကြောင့် အပူနဲ့​တွေ့ရင် လူကို ကင်ဆာဖြစ်​စေတဲ့ အဆိပ်​တွေထွက်လာပြီး ထည့်ထားတဲ့ စား/​သောက်စရာ​တွေထဲ ​ရောက်ကုန်တာ​ကြောင့် ​ရောဂါ​တွေဖြစ်ပြီး မြန်မြန်​သေရင်လည်း​သေ မ​သေသေးရင်လည်း ​ရောဂါ​တွေဖြစ်ပြီး ပိုက်ဆံ​တွေကုန်ပါလိမ့်မယ် ..

Jingle Bells, Jingle Bells, 🥳💙🎉 With Christmas around the corner, take a look at these idioms inspired by the Christmas holiday. မကြာခင်လေးမှာခရစ္စမတ်ရောက်လာတော့မယ်နော်.....ကဲမင်မင်တို့လည်း ခရစ္စမတ်နဲ့ပတ်သက်တဲ့ Idiomsလေးတွေကိုလေ့လာကြည့်ကြရအောင်...🥳 ဒါဆ်ုရင်ပထမတစ်လုံးကစကြမယ်နော်.. 1.❄️ A white Christmas ဟောဒီidiom‌ေလးကိုနာမည်ကြီးသီချင်းလေးတစ်ပုဒ်မှာကြားဖူးမှာပါနော်။ ကဲကဲ..သူ့ရဲ့အသုံးလေးကိုလေ့လာကြမယ်...ဒီလိုခရစ္စမတ်အချိန်ဆို ကမ္ဘာ့နိုင်ငံတွေတော်တော်များများမှာဆိုရင် မြေကြီးပေါ်မှာ နှင်းတွေဖွေးနေအောင်ကျနေတတ်ပြီးခိုက်ခိုက်တုန်အရိုးခိုက်‌ေအာင်ပင်‌ေအး‌ေနတယ်ဟုတ်? ဒါပေမယ့် Australia မှာတော့ spring ဖြစ်နေတယ်နော် အရမ်းကို scorching hot😬တောင်ဖြစ်နိုင်ပါသေးတယ်။ 🙋Example sentence လေးကိုကြည့်လိုက်ရင်ရှင်းသွားလိမ့်မယ်။ Eg: A:What are the chances of a white Christmas this year? Do you know? B:We can never have a white Christmas here in Australia. နောက်တစ်လုံးဆက်သွားကြမယ်🥶 2.👯 Eat, drink and merry သူ့ရဲ့အသုံးလေးကတော့အရမ်းကိုမိုက်တယ်နော်။ ကိုယ်ကျင်းပတဲ့ခရစ္စမတ်ပါတီတို့လို နေရာတွေမှာ ကိုယ့်ဧည့်သည်၊သူငယ်ချင်းဘော်ဒါတွေကို "ဒီမှာစိတ်ကြိုက်ပျော်ပျော်နေနော်စိတ်ကြိုက်စားသောက်" အဲ့ဒီလိုပြောချင်ရင်သုံးလို့ရပါတယ်နော်။ Eg:Thank you all for coming to our party today. Please eat, drink and be merry! 3.🥳 Christmas came early this yearပါရှင်။ သူ့ကိုတော့ ကိုယ်လုံး၀မမျှော်လင့်ထားတဲ့အချိန်မျိုးမှာ ကောင်းတဲ့အရာတစ်ခုဖြစ်သွားတဲ့အခါသုံးပါတယ် Eg:The gifts we ordered are already here well ahead of time. Christmas has come early! 4.🌟Deck the halls ခရစ္စမတ်အလှဆင်ပစ္စည်းလေးတွေနဲ့ကိုယ့်အိမ်ကိုအလှဆင်တဲ့ခါမျိုးမှာသုံးပါတယ်နော် Eg:My neighbours go all out every Christmas. They put up their tree and deck the halls well in advance. ရေးလာရင်းနဲ့ခရီးတော်တော်ရောက်လာပြီနော် ဒါပေမယ့်ဆက်လေ့လာလိုကိပါဦးနော်😬🥶 5.😎 Like a Christmas tree ခရစ္စမတ်သစ်ပင်တွေဟာဆိုရင် ရောင်စုံမီးတွေ အဆင်ဆင်တန်ဆာတွေပြောင်ပြောင်လက်လက်‌တန်ဆာ‌ေတွများစွာလှနေတာဟုတ်။ အဲ့လိုပဲ သူ့အဓိပ္ပါယ်က တစ်ယောက်ယောက်က ၀တ်စားဆင်ယင်တဲ့အခါမှာ သူများထက်တမူထူးခြားစွာပိုဆင်ယင်နေမယ်ဆိုရင် သုံးလို့ရပါတယ်နော်။ ဒီအသုံးကိုတော့ Christmas season မှာသာမကဘဲတခြားအချိန်တွေမှာပါသုံးနိုင်ပါတယ်နော် Eg:He’s always dressed like a Christmas tree so it’s not hard to spot him in a crowd. နောက်တစ်လုံး🥶 6.Don’t be left out in the cold သူ့အဓိပ္ပါယ်ကတော့ မမေ့စေနဲ့၊မချန်စေနဲ့၊မကျန်ခဲ့စေနဲ့လို့ပြောလို့ရပါတယ်နော် Eg.Make sure you’re on top of the project plan and what you’re meant to do. Don’t be left out in the cold. နောက်ဆုံးလေးလာပါပြီရှင်း😶 7.Tis the season to be jolly အဓိပ္ပါယ်ကတော့ ခရစ္စမတ်အ‌ေတာအတွင်းအရမ်းကိုပျော်ပါတယ်လို့ဆိုလိုချင်ပါတာ။ တစ်ခါတလေမှာChristmas card တွေမှာလည်းဒီစာလုံးလေးကို ရေးကြပါတယ်နော်။ Eg:Tis the season to be jolly, everyone! Merry Christmas to all of you! ဒါဆိုရင်တော့မင်မင်ချမ်းမျှဝေတဲ့ Christmas နဲ့ပတ်သက်တဲ့ idiomsအချို့တွေကို သိပြီးအကျိုးရှိစွာသုံးနိုင်မယ်လို့မျှော်လင့်ပါတယ်ရှင့်။ မိမိသိပြီးရင်လည်း သူငယ်ချင်းတွေကိုပါမျှဝေပေးပါနော်။ Sharing is caring ပါနော်။😬💘 ခရစ္စမတ်မှာပျော်ရွှင်ကြပါစေရှင့်။ #Chan #Christmas_idioms #forward_only

photo content

မွေးနေ့ဆိုတာ *** ဖတ်ကြည့်နော်… # မွေးနေ့ဆိုတာ… အမေ ဒုက္ခတွေနဲ့ အပြင်းထန်ဆုံး ခံခဲ့ရတဲ့နေ့ # မွေးနေ့ဆိုတာ… အမေ အပင်ပန်းခဲ့ရဆုံးနေ့ # မွေးနေ့ဆိုတာ… အမေ စွန့်စားခဲ့ရဆုံးနေ့ # မွေးနေ့ဆိုတာ… အမေ အဆင်းရဲဆုံးသောနေ့ # မွေးနေ့ဆိုတာ… အ မေ သေမင်းနဲ့ စစ်ခင်းခဲ့ရတဲ့နေ့ # မွေးနေ့ဆိုတာ… အမေ အသက်နဲ့ရင်းခဲ့ရတဲ့နေ့ # ဒါကြောင့်… မွေးနေ့ဆိုတာ… အမေ့မွေးဒုက္ခ အမေ့မွေးကျေးဇူးတွေကို ဂုဏ်ပြုမှတ်တမ်းတင် အထူးသတိရအောက်မေ့ပြီး ကျေးဇူးပြန်ဆပ်ရမယ့်နေ့ပါတဲ့ ဗျာ။ #𝘾𝙧𝙚𝙙𝙞𝙩_𝙩𝙤_𝙤𝙧𝙞𝙜𝙞𝙣𝙖𝙡_𝙒𝙧𝙞𝙩𝙚𝙧 မေတ္တာဖြင့်… အရှင်ပုည( ဝကုန်း ) အောင်ချမ်းသာ( ဘက )ကျောင်းတိုက် ရမည်းသင်းမြို့။

ဒီတစ်ခါတော့ ကျွန်မက GED ကိုမြန်မာဘာသာနဲ့freeသင်ပေးတဲ့pageလေးတစ်ခုတွေ့ထားလို့ sharing လုပ်ပေးချင်ပါတယ်။သိတဲ့သူတွေသိထားကြပေမဲ့ မသိသေးသူလေးတွေအတွက် အထောက်အကူဖြစ်မယ်လို့ မျှော်လင့်ပါတယ်ရှင့်။ FB PAGE LINK - https://www.facebook.com/NgarDohKyaungOurSchool?mibextid=ZbWKwL