cookie

We use cookies to improve your browsing experience. By clicking «Accept all», you agree to the use of cookies.

avatar

Dream

Hey! အထီးကျန်ရင် အဖော်ပြုပေးမယ့် စာတိုတွေနဲ့ zodiac signတွေက ကြိုဆိုနေပါတယ်...။

Show more
Myanmar11 863Burmese10 168The category is not specified
Advertising posts
2 072
Subscribers
-224 hours
-97 days
-4330 days

Data loading in progress...

Subscriber growth rate

Data loading in progress...

" မတွေ့ခဲ့ကြရင် ကောင်းသား ( အခန်း - ၆ ) " " မမ နောက်ပြန်ဆုတ်လေ ၊ နောက်ပြန်ဆုတ် " " အဲ့ခလုတ်က ရှေ့တတ်တာကြီးလေ နောက်ပြန်ဆုတ်ပါဆိုတဲ့ဟာ ၊ back ကို နှိပ် ၊ back ကို နှိပ် " " ပစ်လေ ပစ် ၊ enemy က မမရှေ့တည့်တည့်မှာလေ " " မဆော့တော့ဘူးကွာ မျက်စိတွေနောက်လာပြီ ၊ မင်းဘာသာမင်းဆော့တော့ " အိမ့်လည်း နားတွေပူ ၊ ခေါင်းတွေရှုပ် ၊ မျက်စိတွေမူးလာသဖြင့် game ဆိုင်အပြင်ထွက်ခဲ့တော့သည်။ " ဆောတီးမမ ကျွန်တော်ဂိမ်းထဲ စိတ်ရောက်သွားလို့ " ဟုဆိုကာ နာရီဝက်နေမှ bike နားရောက်လာသည်။ " မမ ဘယ်သွားဦးမလဲ " " မသွားတော့ဘူး " " ဗိုက်မဆာဘူးလား ၊ ကျွန်တော်တစ်ခုခုလိုက်ကျွေးမယ်လေ " " ပြန်မယ် " " Tteok-bokki ဆိုင်သွားမယ်လေ မမ " အိမ့်လည်း မငြင်းတော့ပါ။ အိမ့်က Tteok-bokki အလွန်ကြိုက်သူ ။ ___ Tteok-bokkiဆိုင်တွင် အိမ့်စားသမျှကို ကောင်းစံရှင်းသည်။ " မင်းမပေးနဲ့လေ အိမ့်စားတာ အိမ့်ပေးမယ် " " ဟင် မမ အခေါ်အဝေါ်က ပြောင်း.. " " ငါ အခေါ်အဝေါ်က တစ်မျိုးကြီးမို့လေ ၊ ဘာလဲ ငါလို့ပဲ သုံးရမှာလား " " မဟုတ်ပါဘူး ၊ ဟီးဟီး ၊ ကျွန်တော်ရှင်းလိုက်မယ်ဆိုနေ " " ဟာ အဲ့လိုမလုပ်ရပါဘူး " " ကျွန်တော်ရှင်းမယ် ။ အဲ့အစား မမက ကတိတစ်ခုပြန်ပေးရမယ် ။ " " ပြောကြည့် " " ကျွန်တော့်မွေးနေ့ကျ မမအချိန်ပေးရမယ် " " ဒါကလွယ်ပါတယ် ၊ ဘယ်တော့လဲ " " နောက်လလောက် " " အိုခေ ၊ ရတယ် " Tteok-bokki ဆိုင်ဝင်ပြီးသည်နှင့် အိမ်ပြန်လာလိုက်သည်။ ကောင်းစံက ပြန်ခါနီးတွင် " မမ ကတိကို မမေ့နဲ့နော် " ___ နောက်ပိုင်းတွင် အိမ့် ‌နှင့် ကောင်းစံ တတွဲတွဲဖြစ်လာသည်။ စားအတူ ၊ သွားအတူ ၊ လာအတူ ဖြစ်လာသည်။ " အိမ့် မုန့်လာစားတာလား " " အင်း " ကောင်းစံနှင့် cafe တွင် မုန့်စားမည်ပြင်တုန်း သူငယ်ချင်းတွေနှင့် သွားတိုးသည်။ " ဟယ် တူတူပဲ ၊ ငါတို့ရောပဲ ၊ ခုံနေရာ ဝင်ထိုင်လို့ရတယ်မလား " ဟုဆိုကာ အလိုက်ကမ်းဆိုးမသိ အတင်းဝင်ထိုင်သည်။ " ဒီက မောင်လေးက ? " " အာ ငါအချိန်ပိုင်းလုပ်နေတဲ့အလုပ်က လုပ်ဖော်ကိုင်ဖက်လေ " " ကျွန်တော့်က ကောင်းစံပါဗျ " " အယ် အချောလေးနော် " ဟုဆိုကာ မပြီးနိုင်တော့။ အိမ့်လည်း မသိချင်ယောင်ဆောင်ပြီး မှာထားတဲ့ coffee သာ ဖိသောက်နေတော့သည်။ " အိမ့်က ချေတယ်မဟုတ်လား ၊ တခါတလေလည်း လက်ပေါက်ကပ်တယ်နော် ။ ဟုတ်တယ်ဟုတ် " " ဟ ဘလိုင်းကြီး " ဟုတွေးမိသည်။ Uni က မျက်နှာသိရုံလောက် မိန်းမတွေက သူငယ်ချင်းပါဆိုပြီး အတင်းဝင်ရောတာပဲ လွန်လှပြီ ။ အခုဟာ တိုက်ပါခိုက်နေတာလား ။ " မဟုတ်ပါဘူး။ မမက ခင်ဖို့ကောင်းပါတယ်။ တအားလည်း စာနာတတ်တာ ။ ကျွန်တော့်ကောင်မလေးသာ ဒီလိုမျိုးဆို ကျွန်တော်တုန်နေအောင်ချစ်မှာ " " ဪ ကြည့်ရတာ အိမ့်က ယောင်္ကျားလေးတွေနဲ့ ပိုပြီး ခင်တာထင်ပါတယ် ဟင်းဟင်း" ကိုယ့်စောင့်နတ်က သည်းမခံရန် အချက်ပြနေပြီ။ " ဒီမှာ နင်တို့နဲ့ ငါ အရမ်းခင်သလား " " အိမ့်ကလည်း ဘာထဖြစ်တာလဲ ။ we're just joking " " Yeah, what's wrong with you ? , chill girl. " ဘာမဆိုင်ညာမဆိုင် broken English pronunciation တွေပါထည့်ချလာ ။ "What part of that was supposed to be funny? It seemed more mean-spirited." ဆိုတော့မှ ငြိမ်ကုန်ကြသည်။ " လာ ကောင်းစံ ပြန်မယ် " ___ " မမ သူငယ်ချင်းရော ရှိရဲ့လားဟင် " အိမ့် ရယ်မိသည်။ " ဘယ်လိုထင်လဲ " ခေါင်းကုတ်ပြနေသဖြင့် " ရှိတာပေါ့ ၊ သူငယ်ချင်းအရင်း‌တွေ ၊ လေး၊ ငါးယောက်လောက် " " တော်ပါသေးတယ် " " အိမ့်လည်း ကောင်းတဲ့ဘက်ရှိပါတယ်နော် " " အဲ့လိုဆိုလိုချင်တာမဟုတ်ပါဘူး မမကလည်း " " ဒါနဲ့ မင်းမွေးနေ့ နီးပြီမဟုတ်လား " " ဟုတ်တယ် " " အစီအစဉ် ဘယ်လိုလဲ " " အဲ့နေ့ရောက်သိမှာပေါ့ဗျာ ၊ လက်ဆောင်သာပြင်ထားနော် " " အင်းပါ " ___ #fictional #forward_only #owner
Show all...
21🍓 3👍 1
" မတွေ့ခဲ့ကြရင် ကောင်းသား ( အခန်း - ၆ ) " " မမ နောက်ပြန်ဆုတ်လေ ၊ နောက်ပြန်ဆုတ် " " အဲ့ခလုတ်က ရှေ့တတ်တာကြီးလေ နောက်ပြန်ဆုတ်ပါဆိုတဲ့ဟာ ၊ back ကို နှိပ် ၊ back ကို နှိပ် " " ပစ်လေ ပစ် ၊ enemy က မမရှေ့တည့်တည့်မှာလေ " " မဆော့တော့ဘူးကွာ မျက်စိတွေနောက်လာပြီ ၊ မင်းဘာသာမင်းဆော့တော့ " အိမ့်လည်း နားတွေပူ ၊ ခေါင်းတွေရှုပ် ၊ မျက်စိတွေမူးလာသဖြင့် game ဆိုင်အပြင်ထွက်ခဲ့တော့သည်။ " ဆောတီးမမ ကျွန်တော်ဂိမ်းထဲ စိတ်ရောက်သွားလို့ " ဟုဆိုကာ နာရီဝက်နေမှ bike နားရောက်လာသည်။ " မမ ဘယ်သွားဦးမလဲ " " မသွားတော့ဘူး " " ဗိုက်မဆာဘူးလား ၊ ကျွန်တော်တစ်ခုခုလိုက်ကျွေးမယ်လေ " " ပြန်မယ် " " Tteok-bokki ဆိုင်သွားမယ်လေ မမ " အိမ့်လည်း မငြင်းတော့ပါ။ အိမ့်က Tteok-bokki အလွန်ကြိုက်သူ ။ ___ Tteok-bokkiဆိုင်တွင် အိမ့်စားသမျှကို ကောင်းစံရှင်းသည်။ " မင်းမပေးနဲ့လေ အိမ့်စားတာ အိမ့်ပေးမယ် " " ဟင် မမ အခေါ်အဝေါ်က ပြောင်း.. " " ငါ အခေါ်အဝေါ်က တစ်မျိုးကြီးမို့လေ ၊ ဘာလဲ ငါလို့ပဲ သုံးရမှာလား " " မဟုတ်ပါဘူး ၊ ဟီးဟီး ၊ ကျွန်တော်ရှင်းလိုက်မယ်ဆိုနေ " " ဟာ အဲ့လိုမလုပ်ရပါဘူး " " ကျွန်တော်ရှင်းမယ် ။ အဲ့အစား မမက ကတိတစ်ခုပြန်ပေးရမယ် ။ " " ပြောကြည့် " " ကျွန်တော့်မွေးနေ့ကျ မမအချိန်ပေးရမယ် " " ဒါကလွယ်ပါတယ် ၊ ဘယ်တော့လဲ " " နောက်လလောက် " " အိုခေ ၊ ရတယ် " Tteok-bokki ဆိုင်ဝင်ပြီးသည်နှင့် အိမ်ပြန်လာလိုက်သည်။ ကောင်းစံက ပြန်ခါနီးတွင် " မမ ကတိကို မမေ့နဲ့နော် " ___ နောက်ပိုင်းတွင် အိမ့် ‌နှင့် ကောင်းစံ တတွဲတွဲဖြစ်လာသည်။ စားအတူ ၊ သွားအတူ ၊ လာအတူ ဖြစ်လာသည်။ " အိမ့် မုန့်လာစားတာလား " " အင်း " ကောင်းစံနှင့် cafe တွင် မုန့်စားမည်ပြင်တုန်း သူငယ်ချင်းတွေနှင့် သွားတိုးသည်။ " ဟယ် တူတူပဲ ၊ ငါတို့ရောပဲ ၊ ခုံနေရာ ဝင်ထိုင်လို့ရတယ်မလား " ဟုဆိုကာ အလိုက်ကမ်းဆိုးမသိ အတင်းဝင်ထိုင်သည်။ " ဒီက မောင်လေးက ? " " အာ ငါအချိန်ပိုင်းလုပ်နေတဲ့အလုပ်က လုပ်ဖော်ကိုင်ဖက်လေ " " ကျွန်တော့်က ကောင်းစံပါဗျ " " အယ် အချောလေးနော် " ဟုဆိုကာ မပြီးနိုင်တော့။ အိမ့်လည်း မသိချင်ယောင်ဆောင်ပြီး မှာထားတဲ့ coffee သာ ဖိသောက်နေတော့သည်။ " အိမ့်က ချေတယ်မဟုတ်လား ၊ တခါတလေလည်း လက်ပေါက်ကပ်တယ်နော် ။ ဟုတ်တယ်ဟုတ် " " ဟ ဘလိုင်းကြီး " ဟုတွေးမိသည်။ Uni က မျက်နှာသိရုံလောက် မိန်းမတွေက သူငယ်ချင်းပါဆိုပြီး အတင်းဝင်ရောတာပဲ လွန်လှပြီ ။ အခုဟာ တိုက်ပါခိုက်နေတာလား ။ " မဟုတ်ပါဘူး။ မမက ခင်ဖို့ကောင်းပါတယ်။ တအားလည်း စာနာတတ်တာ ။ ကျွန်တော့်ကောင်မလေးသာ ဒီလိုမျိုးဆို ကျွန်တော်တုန်နေအောင်ချစ်မှာ " " ဪ ကြည့်ရတာ အိမ့်က ယောင်္ကျားလေးတွေနဲ့ ပိုပြီး ခင်တာထင်ပါတယ် ဟင်းဟင်း" ကိုယ့်စောင့်နတ်က သည်းမခံရန် အချက်ပြနေပြီ။ " ဒီမှာ နင်တို့နဲ့ ငါ အရမ်းခင်သလား " " အိမ့်ကလည်း ဘာထဖြစ်တာလဲ ။ we're just joking " " Yeah, what's wrong with you ? , chill girl. " ဘာမဆိုင်ညာမဆိုင် broken English pronunciation တွေပါထည့်ချလာ ။ "What part of that was supposed to be funny? It seemed more mean-spirited." ဆိုတော့မှ ငြိမ်ကုန်ကြသည်။ " လာ ကောင်းစံ ပြန်မယ် " ___ " မမ သူငယ်ချင်းရော ရှိရဲ့လားဟင် " အိမ့် ရယ်မိသည်။ " ဘယ်လိုထင်လဲ " ခေါင်းကုတ်ပြနေသဖြင့် " ရှိတာပေါ့ ၊ သူငယ်ချင်းအရင်း‌တွေ ၊ လေး၊ ငါးယောက်လောက် " " တော်ပါသေးတယ် " " အိမ့်လည်း ကောင်းတဲ့ဘက်ရှိပါတယ်နော် " " အဲ့လိုဆိုလိုချင်တာမဟုတ်ပါဘူး မမကလည်း " " ဒါနဲ့ မင်းမွေးနေ့ နီးပြီမဟုတ်လား " " ဟုတ်တယ် " " အစီအစဉ် ဘယ်လိုလဲ " " အဲ့နေ့ရောက်သိမှာပေါ့ဗျာ ၊ လက်ဆောင်သာပြင်ထားနော် " " အင်းပါ " _______ #fictional #forward_only #owner
Show all...
" မတွေ့ခဲ့ကြရင် ကောင်းသား ( အခန်း - ၅ ) " " မမ game ဆိုင်လိုက်ခဲ့လေ အာ့ဆို " " မင်းရဲ့ ဒီလိုပုံစံနဲ့တော့ နိုး နိုး ပဲ " " ကျွန်တော် သေသေသပ်သပ်နေရင်တော့ လိုက်ခဲ့မယ်‌ဆိုတဲ့သဘောလား " " ဒါဆိုရင်တော့ စဉ်းစားပေးမယ်လေ " " မနက်ဖြန် စနေဆိုတော့ မမအားတယ် ဟုတ် ? " " အားတယ် " " ဒါဆို ကျွန်တော် မမကို လာခေါ်မယ် " " လိုက်မလား ၊ မလိုက်လား ဆိုတာကတော့ မင်းအပေါ်ပဲ မူတည်တာနော် " ___ စနေနေတွင် ကောင်းစံသည် သူပြောသည့်အတိုင်း အိမ့်ကို တိုက်အောက်ကနေ လာခေါ်သည်။ " မမရေ ကျွန်တော်ရောက်ပြီ " စာဝင်လာ၍ ဝရန်တာမှ ငုံကြည့်လိုက်တော့ တွေ့ရသည်။ အိမ့်လည်း ထွေထွေထူးထူး မစဉ်းစားဘဲ ဂိမ်းဆိုင်သွားဖို့ ပြင်လိုက်သည်။ " မမ ဘယ်လိုနေလဲ ကျွန်တော် ၊ သေသေသပ်သပ်ဝတ်စားလာတယ်မလား " ကောင်းစံသည် အဖြူရောင်ရှပ်အပေါ်တွင် အမဲရောင် jacket လိုသဘောမျိုးပုံစံဝတ်ထားသည်။ တော်တော်လိုက်သည်ဟုဆိုရမည်။ " မဆိုးပါဘူး လူရုပ်သူရုပ်လေးပေါက်ပါတယ် " " မမကလည်း လုပ်ပြီ၊ ကြည့်ကောင်းတယ်လို့ပြောပါလား " " ဘာနဲ့ ဘယ်လိုသွားကြမှာလဲ " " ဒိကောင်လေးနဲ့ သွားမှာလေ " ဟုဆိုကာ ဘေးနားက ဆိုင်ကယ်ကို ညွှန်ပြသည်။ ရိုးရိုးဆိုင်ကယ်ဆို အိမ့် စီးရဲသည်။ အခုဟာက adventure bike ။ " လာလေ မမ တတ် " " မ မစီးရဲဘူး " အိမ့်ကို အံ့ဩသည့် မျက်လုံးများနှင့် လှမ်းကြည့်သည်။ " လာပါ မမရဲ့၊ မမအတွက် helmet လည်းပါတယ် " အိမ့် မလှုပ်သည်မို့ ကောင်းစံသည် ဆိုင်ကယ်ပေါ်မှဆင်းလာကာ helmet အရင်ဆောင်းပေးသည်။ " ကျွန်တော့်ကို ယုံလိုက်စမ်းပါ မမရာ ၊ ဘာမှမဖြစ်ပါဘူး " " ဒုက္ခပဲ မယုံနေတာကခက်တာ " ဟု စိတ်ထဲကကြိတ်တွေးနေမိသည်။ နောက်ဆုံး မိနစ်နှစ်ဆယ်လောက်ကြာမှ အိမ့်ဆိုင်ကယ်ပေါ်ရောက်သည်။ " မမ အဲ့တာဘာလုပ်နေတာလဲ ၊ မဖက်ထားဘဲ " ဆိုင်ကယ်မထွက်ခင် ကောင်းစံက သတိပေးသည်။ မတတ်နိုင် ။ ဖက်ရမှာပဲ ။ မဟုတ်ရင်ဆိုင်ကယ်ပေါ်မြဲမှာမဟုတ် ။ အိမ့်မှူး သတိမထားမိလိုက်တာက ကောင်းစံ ကျေကျေနပ်နပ်ကြီး ပြုံးနေခြင်းပင် ။ ___ Bike နှင့်သွားတာဖြစ်သည်မို့ လေတိုးသည်။ ကောင်းစံက jacket ပါသဖြင့် ခံသာသည်။ အိမ့်က casual သာဝတ်လာ၍ လေတိုးသည်က မသက်သာ။ ခဏလောက်နေတော့ ကောင်းစံ ဆိုင်ကယ်ကို ခဏရပ်လိုက်သည်။ " ရော့ မမ " ဟုဆိုကာ သူ့ jacket ချွတ်ပေးသည်။ " မင်းဝတ်ထားပါ မင်းက မောင်းတဲ့သူမလား ". " မပူနဲ့ ကျွန်တော့်အဖြူရောင်ရှပ်က လက်ရှည် " အိမ့်လည်း ယူဝတ်လိုက်သည်။ " အမလေး အခုမှ နွေးသွားတယ် " ဟု စိတ်ထဲကျေနပ်သွားသည်။ ___ Game ဆိုင်လိုက်လာသည်က ဟုတ်သည်။ သို့သော် အိမ့်က game မဆော့တတ် ။ " မမ survival ဆော့မလား " " ဟင် အင်း အင်း ဆော့လေ " " မမ အရင်က game ဆိုင်မရောက်ဖူးဘူးလား " " ဟင့်အင်း " " ဒါဆို game မဆော့ဖူးဘူးပေါ့ " " ဆော့ဖူးတယ် " " ဘာလဲ " " Candy crush " ___ #fictional #forward_only #owner
Show all...
30
Photo unavailableShow in Telegram
Channel ထဲက အမာခံ subscriber တစ်ယောက်ကို online school တစ်ခုထဲမှာ တွေ့လိုက်ရသောအခါ #owner
Show all...
" မတွေ့ခဲ့ကြရင် ကောင်းသား ( အခန်း - ၄ ) " အိမ့်က " သမိုင်းမေဂျာ " က ဖြစ်ပြီး ကောင်းစံက" စီးပွားရေးမေဂျာ " က ဖြစ်သည်။ အလုပ်ချိန်ကလွဲ ပြင်ပအချိန်တွေ မဆုံသလောက်ရှိသည်။ အဲ့အစား အလုပ်ချိန်ပြင်ပဆိုလျှင် phone ကနေသာ စကားပြောဖြစ်သည်။ ___ " မမ online class ရှိသေးလား " ည ၁၀ နာရီလောက်ကြီး စာရိုက်လာသည်။ " မရှိတော့ဘူး " " ဒါဆို ကျွန်တော် ဖုန်းခေါ်လို့ရမလား " " ဘာလို့လဲ ? " " Immm ရင်ဖွင့်စရာရှိလို့ " " အင်း ခေါ်လေ ရတယ် " ဖုန်းဝင်လာသည်။ အိမ့်'ကိုင်လိုက်သည်။ " ဟယ်လို မမ " " ‌အင်း ပြော ကောင်းစံ " " ကျွန်တော် ဒီလိုနေတာ အကြောင်းအရင်းရှိမှာပဲ လို့ မမ မေးဖူးတယ်မလား " " မေးဖူးတယ်လေ ၊ အဲ့တာပြောမလို့လား " " ဟုတ်တယ် မမ ၊ ကျွန်တော်ဘယ်သူ့ကိုမှ မပြောပြဖူးဘူး " " ပြောလေ နားထောင်ပေးမယ် " " ဒီလိုဗျာ ၊ ကျွန်တော် အရင်သုံးလလောက်က English speaking class တစ်ခု join ဖူးတယ် ၊ အဲ့မှာ ကောင်မလေးတစ်ယောက်ကို တွေ့တယ်ဆိုပါတော့ ၊ စိတ်ဝင်စားလို့ စကားပြောရင်းကနေ သူ့ဘက်ကလည်း ကျွန်တော့်ကို စိတ်ဝင်စားတဲ့ အရိပ်အယောင်တွေပြတယ် " " အင်း ဆက် " " အဲ့ကနေ online class က မှတ်တိုင်နားမှာ တစ်ယောက်ကိုတစ်ယောက်စောင့်ပြီးမှ class ထဲ အတူတူဝင်တာမျိုး ၊ assignment တွေ online မှာထပ်ရတဲ့ group မှာလည်း couple profile ထားတာမျိုး တွေအထိလုပ်ကြတယ်ပေါ့ဗျာ " ချောက်ကပ်ကပ်ရယ်သံနဲ့ ခဏရပ်သွားသည်။ ပြီးမှ စကားကို ပြန်ဆက်သည်။ " Class ထဲကသူတွေ ၊ teacher တွေတောင် သတိထားမိတဲ့အထိကို တပူးပူးတတွဲတွဲရင်းနှီးနေတာပေါ့ဗျာ ။ အဲ့ကနေ တစ်နေ့ကျ ကျွန်တော် တွဲဖို့ ဖွင့်ပြောမိလိုက်တယ်။ သူငြင်းတယ်။ ဒီတိုင်းလေးပဲ ငြင်းတာပါ။ ဒါပေမဲ့ နောက်နေ့ကျ သူ class မလာတော့ဘူး ။ online ရော၊ phone number ကိုရော block သွားခဲ့တယ် ။ " " ဒီကောင်လေး ghost ခံလိုက်ရတာ " လို့စိတ်ထဲက ကြိတ်တွေးနေမိသည်။ " အဲ့တော့ လုံးဝအဆက်အသွယ်ပြတ်သွားတာပေါ့ " " ဟ ဟ ဟုတ်တာပေါ့ မမရယ် " " မင်း ပလေးခံလိုက်ရတာ " " မပြောလည်းသိပါတယ် သူ့စီ စိတ်ရောက်ရောက်သွားရင် ရူးမလိုဖြစ်လာလို့ ကောင်မလေးတွေနဲ့ ဖလစ်ရင်း၊တွဲရင်း ကနေ ကျွန်တော်လည်း " " မင်းလည်း ပလေးဖြစ်လာတာ " " ဟုတ်တယ်လို့ပြောရမှာပေါ့ဗျာ " " မင်း အဲ့တာက မကောင်းဘူးနော် ။ တဖက်လူကြောင့် မင်းစိတ်ဒဏ်ရာရခဲ့တဲ့နည်းလမ်းနဲ့ အခြားလူတွေကို ပုံစံတူလုပ်တာ " " မမပြောတာ ပလေးတာကိုလား " " ခေတ်စကားအရဆို အဲ့လိုပေါ့။ ငါတို့လူသားတွေက အသွေးနဲ့အသားနဲ့ တည်ဆောက်ထားတာ ။ တစ်စုံတစ်ယောက်ကို ကြိုက်ဖို့ဆိုတာ လွယ်တာမှမဟုတ်တာ။ အခုလက်ရှိမင်းကရော အဲ့ကောင်မလေးနဲ့ ဘာကွာဦးမလဲ ။ သူတစ်ပါး ခံစားချက်ကို လုပ်ချင်သလိုလုပ်တာလေ။ " ပြန်ဖြေသံထွက်မလာခဲ့ပါ။ " အဲ့လိုကနေ မင်းရဲ့ right person ကို လွဲသွားနိုင်တာမျိုးအထိ ဖြစ်သွားနိုင်တယ်နော် " " ကျွန်တော်မှမနေတတ်တော့တာ ရည်းစားမရှိရင် " " အတည်တွဲလေ " " ကြာတော့ ပျင်းဖို့ကောင်းလာတာကို " " မင်းအကျင့် ပြင်လိုက်စမ်းပါ ။ Toxic တအားဆန်တယ် " " မမ ပြင်ပေးရင်တော့ တစ်မျိုးလေ " ပြောနေရင်းထဖောက်လာသဖြင့် အိမ့်လည်း ဖုန်းချလိုက်တော့သည် ။ ___ နောက်တစ်ပတ်လောက်နေတော့ အလုပ်ကိုလာသည့် ကောင်းစံ၏ ပုံစံသည် ရှုပ်ပွနေခဲ့သည်။ " ကောင်းစံ မင်းက ပန်းဆိုင်မှာ အလုပ်လုပ်တာနော်။ အမှိုက်သိမ်းတဲ့ကားမှာ အလုပ်လုပ်တာမဟုတ်ဘူး " " မမကလည်း ပြောတာကြီးက " " ဘာတွေဖြစ်နေလို့ ဒီလိုပုံစံဖြစ်နေတာလဲ " " ကောင်မလေးနဲ့ ပြတ်လာလို့ " ရုတ်တရတ်ကြီး နာရင်းရိုက်ချင်သွားသည်။ " အဲ့တာက ဘာများထူးဆန်းအထိနာသွားလို့လဲ " " မမမှ အသည်းမကွဲဖူးတာ " " အသည်းကွဲတဲ့သူတိုင်းကလည်း မင်းလို အမှိုက်သိမ်းသမားရုပ် မပေါက်ပါဘူး " " အနာကို ဆားနဲ့ ပက်တယ်ဆိုတာ မမလိုလူမျိူးကိုပြောတာနေမှာ " " အသည်းကွဲတာများ တခြားဟာတွေနဲ့ ကုစားပါလား ။ စာအုပ်ဖတ်တာတို့ ဘာတို့ ၊ မင်းကယောင်္ကျားလေးပဲ game ဆော့ပေါ့ " " မမ game ဆိုင်လိုက်ခဲ့လေ အာ့ဆို " " မင်းရဲ့ ဒီလိုပုံစံနဲ့တော့ နိုး နိုး ပဲ " #fictional #forward_only #owner
Show all...
25👍 3🍓 2
Photo unavailableShow in Telegram
နက်ဖြန် fic လေးပြန်တင်ပေးပါမယ်ဗျ ( Health problem နဲ့ ရင်ဆိုင်နေရလို့ လာမတင်ဖြစ်တာ သွေ့ပုချိပါ 🙇 ) #owner
Show all...
35🥰 1🍓 1
Photo unavailableShow in Telegram
Check comment box if you wanna see my brown eyes xd #owner
Show all...
14
Wanna see my brown eye? #ownerAnonymous voting
  • Yes
  • Noo
0 votes
1
" မတွေ့ခဲ့ကြရင် ကောင်းသား ( အခန်း - ၃ ) " ညရောက်တော့ အိပ်မည်ပြင်ကာမှ ဖုန်းကnoti ဆက်တိုက်တတ်နေသည်။ ဘယ်သူလဲဖွင့်ကြည့်ကာမှ ‌ကောင်းစံ ဖြစ်နေသည်။ " အာ ဒီကောင်လေး ငါ့ဖုန်းကို ယူတုန်းက noti ပြန်ဖွင့်သွားတာနေမယ်။ " " မမ ပြန်ရောက်ပြီလား " " အိပ်နေတာလား " " Coffee တွေ့လား " " Seen ပြပြီး ဘာလို့စာမပြန်တာလဲ " " အိပ်တော့မလို့ မင်းက noti တတောင်တောင်နဲ့ " " အာ ကျွန်တော်ကြောင့် အိပ်မရတော့တာလား " " Coffeeသောက်ကောင်းလား မမ " " ငါ coffee မကြိုက်ဘူး " " ဒါဆို အဲ့ coffee ခွက် လွှတ်ပလိုက်တာလား ???? " " ဒါပေါ့ မဟုတ်ရင် ဘာလုပ်ရမှာလဲ " " ဟာ မမကလည်း ကျွန်တော်ခင်လို့တိုက်တာကို ဘာလို့လွှတ်ပစ်တာလဲ " " Crying stickers " " မင်း ဘာလို့အဲ့လောက်တောင် လိုက်တွပ်ကပ်နေသလိုလုပ်နေတာလဲ ၊ တအားစိတ်ရှုပ်ဖို့ကောင်းတယ် " " ကျွန်တော်က ခင်ချင်လို့လေ ၊ မမက မခင်ချင်ဘူးလား ?? " " ငါ့ကို ခင်မယ်ဆိုရင် မင်းပေးဆပ်ရမယ့်အကျိုးဆက်တွေများလိမ့်မယ် " " ဘာလို့လဲ ၊ မမက မာဖီးယားဂိုဏ်းကမလို့လား " " မဟုတ်ဘူး ၊ ငါခင်တဲ့သူဖြစ်ဖြစ်၊မခင်တဲ့သူဖြစ်ဖြစ် ငါ့ကိုယ်ငါကလွဲရင် ငါဘယ်သူ့ကိုမှဂရုမစိုက်လို့ပဲ " " အာ ဒါကရပါတယ်။ ကျွန်တော်က ကျွန်တော့်ကိုယ်ကျွန်တော် ဂရုစိုက်နိုင်တယ် " " နော် မမ ၊ ကျွန်တော်တို့ just friend လုပ်ရအောင် " " ငါမင်းအကြောင်းမသိသလို ၊ မင်းကလည်း ငါ့အကြောင်းမသိဘူးလေ " " ရပါတယ် မမကလည်း နောက်ကျသိသွားမှာပဲကို " အိမ့်လည်း ဘာမှဆက်မပြောတော့ဘဲ ဖုန်းကို power off လိုက်တော့သည်။ ___ Sunday ဖြစ်လို့ ထွေထွေထူးထူးလျှောက်မသွားတော့ဘဲ အိမ်မှာပဲနေဖြစ်သည်။ မိုးကလည်းအေးတော့ drama တချို့နဲ့ အချိန်ဖြုန်းဖို့ကြံနေတုန်း ဖုန်းဝင်လာသည်။ " ကောင်းစံ " ဆိုသော contact နှင့် " ဒီကောင်လေး ရအောင် ph contact မှတ်သွားသေးတယ် " မကိုင်ချင်သောကြောင့် ချလိုက်သည်။ " မမဘာလို့ မကိုင်တာလဲ " " ကျွန်တော် မမတို့တိုက်ခန်းအောက်ရောက်နေပြီ " အိမ့်က သုံးလွှာတွင်နေသည်။ လှမ်းငုံကြည့်တော့ ထီးတစ်ဖက် ၊ အထုပ်တွေတစ်ဖက်နှင့် လက်လှမ်းပြသည် ။ " ပြန်တော့ ငါ ဒီနေ့မအားဘူး " " ဟာ မမကလည်း ခဏလောက်ပဲ ဆင်းလာခဲ့ပါ ၊ ပေးစရာရှိလို့ " အိမ့် ဘာ text မှ ဆက်မပို့တော့။ ခဏလောက်ကြာတော့ စာတစ်စောင်ထပ်ဝင်လာသည်။ " ကျွန်တော်ထိုင်စောင့်နေမှာ မမ ၊ မိုးမိပြီး ဖျားရင် မမကြောင့်ပဲ " " မင်းသဘောပဲ " အိမ့်ကို လာအကျပ်ကိုင်သဖြင့် ပိုစိတ်ဆိုးမိသည်။ ကြာလေကြာလေ ဒီကောင်လေးကို ကြည့်မရလေ ။ နှစ်နာရီလောက်ကြာသည်အထိ မသွားသေး ။ မိုးကလည်း ပိုသည်းလာသည်။ အိမ့်က ဘူးဆို ဖရုံမသီးသူမို့ မတတ်နိုင် ။ နောက်ဆုံးတွင် စာတစ်ကြောင်း ဝင်လာသည်။ " မမ ကျွန်တော် ပြန်ပြီ " ___ နောက်နေ့အလုပ်၍ ကောင်းစံသည် အိမ့်ကို ကော်ဖီခွက်လေးတစ်ခွက်ပေးသည်။ " မမ ရော့ " " ဒါက couple ခွက်မဟုတ်ဘူးလား " " ဟုတ်တယ်လေ " " ဘာလို့ ငါ့ကိုပေးတာတုန်း " " ကျွန်တော်တို့က just friend တွေလေ ၊ ယူထားလိုက်ပါ ၊ မနေ့က မိုးရေထဲနှစ်နာရီရပ်ခဲ့တာလေးကို ထောက်ပြီး " အိမ့်လည်း ထပ် မမေးတော့ဘဲ ယူလိုက်သည်။ " ဟား ဒါဆို မမနဲ့ ကျွန်တော် just friend တွေ ဖြစ်သွားပြီနော် " ___ အမှန်တကယ်တော့ အိမ့်သည် just friend ဆိုတာ ဘာမှန်းမသိခဲ့ပါ။ အခု internet တတ်ရှာမှ " သူငယ်ချင်းမကျ ၊ ရည်းစားမကျ " လို့ ထွက်လာသည်။ " ရှုပ်ကုန်ပါပြီ ၊ ငါက just friend ဘာမှန်းမသိပဲ ပေါ့ပေါ့လေးထင်လိုက်တာ " ဟုသာ ကိုယ့်ကိုယ်ကို အပြစ်တင်နေမိသည်။ သို့သော် ကျွံနေသောစကား ပြန်နှုတ်မရသည်မို့ ကောင်းစံကို ဘာမှမပြောခဲ့ပါ။ အိမ့်နဲ့ ကောင်းစံ သိတာ တစ်လပြည့်ခဲ့သည်။ ကောင်းစံဟာ အိမ့်ထက် တစ်နှစ်ငယ်သည်၊ ရည်းစားလည်းရှုပ်သည် ။ ___ " မမ အိပ်ပြီလား " ညဘက်တိုင်းလိုလို ကောင်းစံဟာ အိမ့်ကို စာရိုက်သည်။ " မအိပ်သေးဘူး " " ဘာလို့လဲ ? " " ဒီလိုပါပဲ ၊ ကောင်မလေးနဲ့ ပြတ်လာလို့ " " ထပ်ပြီး? " " ဟုတ်တယ် မမ " " ငါမင်းကို အံ့ဩလို့ မဆုံးဘူးရော ။ မင်း တစ်ပတ်တစ်ယောက်တွဲနေတာလား ? " " ရည်းစားမရှိရင် ပျင်းစရာကြီးလေ မမကလည်း " " မင်း ဒီလိုနေတာ အကြောင်းအရင်းရှိမှာပဲ ၊ ဟုတ်တယ် ဟုတ် ? " " ဒီလို မမရယ် ၊ ကောင်မလေး တစ်ယောက်ရှိတယ် " " အင်း ဆက် " " အာ အချိန်က 11 တောင်ထိုးနေပြီ ၊ အိပ်တော့မမ ။ ကျွန်တော် အိပ်ပြီ ။ " အမြဲ အဲ့လို စကားဖြတ်ချသွားသည်။ ဘာမှန်းမသိ ။ #fictional #forward_only #owner
Show all...
32🍓 8❤‍🔥 1👀 1
‌ဒါကတော့ Boost လေး လာတောင်းတာပါ Hee hee >< Telegram premium ရှိသူ‌လေးများ အောက်ကလင့်မှာ ချန်နယ်ကို boost လုပ်ပေးရင် ကျေးဇူးတင်မိမှာ (⁠ᗒ⁠ᗩ⁠ᗕ⁠) တရက် တကြိမ် လုပ်နိုင်ပါတယ်ဗျ https://t.me/Never_giveup_on_your_dream?boost #owner
Show all...
Dream

Boost this channel to help it unlock additional features.

17🍓 1👾 1