3 046
Subscribers
-224 hours
-157 days
-6630 days
Posts Archive
ဩဂုတ်၊၁၇.၈.၂၀၂၄
စစ်ကိုင်းတိုင်း ရွှေဘိုမြို့
မိဘပြည်သူများခင်ဗျာ ရွှေဘိုမြို့ပေါ်တွင် ယခုရက်ပိုင်း အကြမ်းဖက်စစ်ကောင်စီမှ ပြည်သူပိုင်နေအိမ်များနှင့်ဈေးဆိုင်များသို့ ဝင်ရောက်ကာ အပြစ်မယ့်ပြည်သူများအား အကြမ်းဖက် ဖမ်းဆီးခြင်းများနှင့်ယခုလို ခက်ခဲကြပ်တည်းနေသည့် ကာလတွင် မြို့ပြနေပြည်သူများနှင့်ကျေးလက် နေပြည်သူများအား စကစ မှ NGO အဖွဲ့စည်းများနှင့်ပေါင်းကာ ဆန်/စားသုံးဆီ စတာတေကို ဝေဌ ပေးကမ်းသည်ဟုသတင်းလွှင့်ကာ လာရောက်တန်းစီနေသည့် ပြည်သူများထဲမှ ၎င်းတို့မသင်္ကာသူများအား အတင်း အားဓမ္မ/မတရား ဖမ်းဆီးမှုများပြုလုပ်နေပါသည်
သို့ဖြစ်ပါ၍ မိဘပြည်သူများအနေဖြင့် တသက်လုံးကပြည်သူအပေါ်စေတနာ မရှိခဲ့သော စစ်ကောင်စီမှ ထုတ်ပြန်သမျှ/ပါတ်သက်သမျှ အလွယ်တကူ မရုံကြည်ကြပါရန်နှင့်အထူးဂရုစိုက် ရှောင်ရှားနိုင်ကြပါရန် လေးစားစွာအသိပေး တင်ပြအပ်ပါသည်ခင်ဗျာ။
ယခုရက်ပိုင်းအတွင်း ရွှေဘိုမြို့ပေါ်၌ ဆန်/ဆီ တန်းစီရာမှ ဖမ်းဆီးခံရသူ (၁၀)ဦးထက်မနည်းရှိနေပီဟုသိရပါသည်။
#ရွှေဘိုမြို့နယ်သတင်းအမှန်ပြန်ကြားရေး
https://t.me/SBONew
ဩဂုတ်လ-၁၄.၈.၂၀၂၄(၀၈:၅၂)AM
အသိပေးအကြောင်းကြားခြင်း
ယခု အချိန်မှ စ၍ ယာယီပိတ်ထားသော ရွှေဘို-မန္တလေး လမ်းပိုင်းအား ပြန်လည်အသုံး ပြု၍ ရပြီဖြစ်ကြောင်း ပူပေါင်းပါဝင်ပေးကြပါသော မိဘပြည်သူများ အား အထူးပင် ကျေးဇူးတင်ရှိပါသည်။
https://t.me/SBONew
#ရွှေဘိုမြို့နယ်သတင်းအမှန်ပြန်ကြားရေး
ဩဂုတ်လ ၊၁၃.၈.၂၀၂၄(၁၀:၃၂)am
စစ်ကိုင်းတိုင်း
ရွှေဘိုခရိုင် ရွှေဘိုမြို့နယ်
<သတိပေးထုတ်ပြန်ချက်>
မိဘပြည်သူများ ခင်ဗျာ ရွှေဘို-မန္တလေး လမ်းပိုင်းအား ယခုအချိန်မှစ၍ မြေပြင်စစ်ရေးအခြေအနေရ လုံးဝသွားလာအသုံးမပြုကြပါရန် လေးစားစွာ အသိပေးပန်ကြားအပ်ပါသည်ခင်ဗျာ။
ပြန်လည်အသုံးပြုလို့ရမည့် အချိန်အား အချိန်နဲ့တပြေးညီထုတ်ပြန်ပေးသွားမည်ဖြစ်ပါသည်ခင်ဗျာ။
https://t.me/SBONew
#ရွှေဘိုမြို့နယ်သတင်းအမှန်ပြန်ကြားရေး
20.6.2024 (18:00)pm
စစ်ကိုင်းတိုင်းဒေသကြီး
ရွှေဘိုခရိုင် ရွှေဘိုမြို့နယ်
ချစ်ခင်လေးစားရပါသော မိဘပြည်သူများသို့ သတိပေးထုတ်ပြန်ချက်
မြေပြင်စစ်ရေးအခြေအနေအရ တော်လှန်ရေးကာလအတွင်း လမ်းပိုင်းအသုံးပြုရန် သတ်မှတ်စည်းကမ်းများအား လေးစားစွာလိုက်နာပေးကြပါရန် အထူးမေတ္တာရပ်ခံ ပန်ကြားအပ်ပါတယ်ခင်ဗျ။
ရွှေဘို-ကျောက်မြောင်း လမ်းပေါ်တွင်သွားလာမောင်းနှင်နေစဉ်အတွင်း အိမ်စီးကားလေးများ လူမှုကူညီရေးကား ဘုန်းကြီးကားပါမကျန် မှန်ချမောင်းပေးပါရန်
ကုန်တင်ကားကြီးများ မလိုအပ်ဘဲ မိုးကာမအုပ်ကြရန် အသိပေးထုတ်ပြန်လိုက်ရပါသည်ခင်ဗျား။
သတ်မှတ်စည်းမျဉ်းစည်းကမ်းများနှင့်အညီ အတိအကျ လိုက်နာချင်းမရှိပါက နောက်ဆက်တွဲရလာဒ်များအား လုံးဝတာဝန်ယူဖြေရှင်းပေးသွားမည်မဟုတ်ကြောင်း တော်လှန်ရေးအင်အားစုများကိုယ်စား ကြိုတင်တောင်းပန်အသိပေးလိုက်ရပါသည်ခင်ဗျ။
https://t.me/SBONew
#ရွှေဘိုမြို့နယ်သတင်းအမှန်ပြန်ကြားရေး
24.4.2024(14.45) PM
ရွှေဘိုမြို့နယ် ချီပါကျေးရွာတွင် (၆)ညအိပ် (၇)ရက် အခြေပြုနေသော စခများမှ ချီပါရွာ တံတားအနောက်ဘက်ဆန်စက်အဟောင်းအနီးရှိအိမ်များမီးရှိို့ဖျတ်စီးနေကြောင်း သိရှိရပါသည်။ မိဘပြည်သူ များ နှင့် တော်လှန်ရေး အင်အားစုများ ဂရုစိုက်ကြရန် အသိပေးအကြောင်းကြားအပ်သည်။
https://t.me/SBONew
#ရွှေဘိုမြို့နယ်သတင်းအမှန်ပြန်ကြားရေး
#Photo Credit
20.4.2024(06:00)AM
အသိပေးအကြောင်းကြားခြင်း
ရွှေဘို-ကျောက်မြောင်းလမ်းပိုင်းအား ယခုအချိန် မှ စ၍ ပြန်လှည် အသုံးပြု ၍ ရပြီဖြစ်ကြောင်း အသိပေးအပ်ပါသည် ပူးပေါင်းပါဝင်ပေးကြပါသော ပြည်သူများ အထူးပင်ကျေးဇူးတင်ရှိပါသည်။
မှတ်ချက် - အိမ်စီးကားများ မှန်ချမောင်းရန်၊ ကုန်တင်ကားများ မိုးကာမအုပ်ရန်
https://t.me/SBONew
#ရွှေဘိုမြို့နယ်သတင်းအမှန်ပြန်ကြားရေး
19.4.2024(08:58)AM
အသိပေးအကြောင်းကြားခြင်း
ရွှေဘို-ကျောက်မြောင်း လမ်းပိုင်းတွင် စ-ခ များ လမ်းကြောတစ်လျောက်လုံး ရောက်ရှိနေသော ကြောင့် ပြည်သူများ အနေဖြင့် ခရီးသွားလာခြင်းများ မပြုလုပ်ကြရန်၊ အိမ်စီးကားများ မှန်များ ချမောင်းရန် နှင့် ကုန်တင်ကား များ မိုးကာအုပ်ပြီး မမောင်းကြရန် တော်လှန်ရေး အင်အားစုများ ကိုယ်စား အသိပေးအကြောင်းကြားအပ်ပါသည်။
https://t.me/SBONew
#ရွှေဘိုမြို့နယ်သတင်းအမှန်ပြန်ကြားရေး
18.4.2023(09:25)AM
အသိပေးအကြောင်းကြားခြင်း
ယခု အချိန်မှ စ၍ ယာယီပိတ်ထားသော ရွှေဘို-မန္တလေး လမ်းပိုင်းအား ပြန်လှည်အသုံး၍ ရပြီဖြစ်ကြောင်း ပူပေါင်းပါဝင်ပေးကြပါသော မိဘပြည်သူများ အား အထူးပင် ကျေးဇူးတင်ရှိပါသည်။
https://t.me/SBONew
#ရွှေဘိုမြို့နယ်သတင်းအမှန်ပြန်ကြားရေး
18.4.2024(08:16)AM
ရွှေဘိုမြို့နယ် မင်းကုန်းရွာတွင် ယာယီ အခြေပြုနေထိုင်နေသော စကစ အင်အား(၅၀)ဦးခန့် သည် မင်းကုန်းရွာ အနောက်တောင်ဘက်သို့ ထွက်ပြီး လက်နက်ကြီး လက်နက်ငယ်များ ပစ်ခတ်နေကြောင်း သိရှိရပါသည်။ အနီးနားရှိ ကျေးရွာများမှ မိဘပြည်သူများ စခ အန္တရာယ် မှ ကင်းဝေးကျပါစေ 🙏🙏🙏
https://t.me/SBONew
#ရွှေဘိုမြို့နယ်သတင်းအမှန်ပြန်ကြားရေး
15.4.2024(13:10) PM
အသိပေးကြေငြာခြင်း
ရွှေဘိုမြို့ တောင်ဘက်မုဒ်ပေါက် မှ စကစ အင်အား (၅၀)ဦးခန့် ရွှေဘိုမြို့နယ် တဂဏန်းရွာသို့ ရောက်ရှိနေသောကြောင့် ခရီသွားပြည်သူများ မြေပြင် စစ်ရေးအခြေအနေအရ ရွှေဘို-မန္တလေး လမ်းပိုင်းအား ယာယီ အသုံးမပြုကြရန် တော်လှန်ရေး အင်အားစုများကိုယ်စား အသိပေး အကြောင်းကြားအပ်ပါသည်။
https://t.me/SBONew
#ရွှေဘိုမြို့နယ်သတင်းအမှန်ပြန်ကြားရေး
15.4.2024(11:00)AM
ရွှေဘိုမြို့ တောင်ဘက် မုဒ်ပေါက်တွင် အထိုင်ချ တပ်စွဲ ထားသော စကစ အင်အား(၅၀)ဦးခန့် ရွှေဘိုမြို့နယ် တဂဏန်းရွာသို့ လက်နက်ကြီး လက်နက်ငယ် များ ဖြင့် ပစ်ခတ်ဝင်ရောက်နေကြောင်း သိရပါသည်။ မိဘပြည်သူများ စကစ ဘေးအန္တရာယ် မှ ကင်းဝေးကျပါစေ 🙏🙏🙏
https://t.me/SBONew
#ရွှေဘိုမြို့နယ်သတင်းအမှန်ပြန်ကြားရေး
10.4.2024 (12:36)PM
အသိပေး ထုတ်ပြန်ခြင်း
ယခု အချိန်မှ စ၍ ရွှေဘို-ကျောက်မြောင်း လမ်းပိုင်းအား ပြန်လှည် အသုံးပြု ၍ ရပြီ ဖြစ်ကြောင်း လေးစားစွာပန်ကြားအပ်ပါသည်။ လိုက်နာ ပေးကြသော ပြည်သူများအား တော်လှန်ရေး အင်အားစု များ ကိုယ်စား အခူပင်ကျေးဇူးတင်ရှိပါသည်။
https://t.me/SBONew
#ရွှေဘိုမြို့နယ်သတင်းအမှန်ပြန်ကြားရေး
9.4.2024(20:55)PM
မိဘပြည်သူ များအား အသိပေး ထုတ်ပြန်ခြင်း
ရွှေဘို-ကျောက်မြောင်း လမ်းပိုင်းအား မနက်ဖြန် 10ရက်နေ့မှ စ၍ မြေပြင်စစ်ရေး အခြေအနေအရ ယာယီ လမ်းပိတ်ထားကြောင်း အသိပေးအကြောင်းကြားအပ်ပါသည်။ မိဘပြည်သူများ အနေဖြင့် လိုက်နာပေးကြပါရန် တော်လှန်ရေး အင်အားစု များ ကိုယ်စား မေတ္တာရပ်ခံအပ်ပါသည်။
https://t.me/SBONew
#ရွှေဘိုမြို့နယ်သတင်းအမှန်ပြန်ကြားရေး
မတ်လ ၊ ၀၆.၃.၂၀၂၄ (၁၇:၀၀)အချိန်
စစ်ကိုင်းတိုင်း
ရွှေဘိုခရိုင် ၊ ရွှေဘိုမြို့နယ်
ရွှေဘိုမြို့ ၊ ရေဦးလမ်းထွက် ကျွန်းတောထိပ်တွင် ရောက်ရှိနေသော စခ၊ပခများ အနောက်(ပျူခွေးခြံရွာဘက်)သို့ပြန်သွားပြီဖြစ်ကြောင်း သိရပါတယ်ခဗျာ။
မိဘပြည်သူများ ဘေးအန္တရယ်ကင်းရှင်းကြပါစေ။
https://t.me/SBONew
#ရွှေဘိုမြို့နယ်သတင်းအမှန်ပြန်ကြားရေး
မတ်လ ၊ ၀၆.၃.၂၀၂၄ (၁၀:၅၈)AM
စစ်ကိုင်းတိုင်း
ရွှေဘိုခရိုင် ၊ ရွှေဘိုမြို့နယ်
< မိဘပြည်သူများ ဂရုစိုက်သွားလာနိုင်ရန် >
ရွှေဘိုမြို့ ၊ ရေဦးလမ်းထွက် ကျွန်းတောထိပ်တွင် စခ၊ပခ များ ရောက်ရှိနေပြီး လက်နက်ငယ်များ ရမ်းသမ်းပစ်ခတ်နေကြောင်း သိရပါတယ်။
မိဘပြည်သူများ ဘေးအန္တရယ်ကင်းရှင်းကြပါစေ။
https://t.me/SBONew
#ရွှေဘိုမြို့နယ်သတင်းအမှန်ပြန်ကြားရေး
ဇန်နဝါရီ၊၃၀.၁.၂၀၂၄(၀၈:၅၈)AM
စစ်ကိုင်းတိုင်း
ရွှေဘိုခရိုင် ရွှေဘိုမြို့နယ်
<အသိပေးထုတ်ပြန်ချက်>
မိဘပြည်သူများ ခင်ဗျာ ရွှေဘို-မန္တလေး လမ်းပိုင်းအား ယခုအချိန်မှစ၍ ပြန်လည်သွားလာအသုံးပြုလို့ရပြီဖြစ်ပါကြောင်း လေးစားစွာ အသိပေးထုတ်ပြန်အပ်ပါသည်ခင်ဗျာ။
သတ်မှတ်စည်းမျဉ်းစည်းကမ်း များကိုလိုက်နာပေးကြပါသော မိဘပြည်သူတဦးခြင်းစီတိုင်းအား အထူးပင်ကျေးဇူးတင်ရှိပါသည်ခင်ဗျာ။
https://t.me/SBONew
#ရွှေဘိုမြို့နယ်သတင်းအမှန်ပြန်ကြားရေး
၂၃ ရက်၊ ဇန်နဝါရီလ၊ ၂၀၂၄
ရွှေဘို-မန္တလေး လမ်းပိုင်းအား အသုံးပြုသွားလာနေသော မိဘ ပြည်သူများခင်ဗျ ယခု တွင် အရေးပေါ် အခြေအနေအရ ယာယီ ပိတ်ပင်ထားပါသဖြင့် ရွှေဘို-မန္တလေးလမ်း အား အသုံးမပြုကြရန် အသိပေးအကြောင်းကြားအပ်ပါသည်။
#ရွှေဘိုမြို့နယ်သတင်းအမှန်ပြန်ကြားရေး
https://t.me/SBONew
ဇန်နဝါရီ ၊ ၁၇.၁.၂၀၂၄ (၁၁:၁၅)AM
စစ်ကိုင်းတိုင်း
ရွှေဘိုခရိုင် ၊ ရွှေဘိုမြို့
ပြည်သူများ ဂရုစိုက်သွားလာနိုင်ရန်
ရွှေဘိုမြို့ ၊ ဆိပ်ခွန်လမ်းထွက် ဆုတောင်းပြည့်ကွေ့အနီးတွင် အကြမ်းဖက် စခရခ များ ကားရောဆိုင်ကယ်ပါ မချန် တားဆီး စစ်ဆေး နေကြောင်း တာဝန်သိပြည်သူတစ်ဦးမှ ပေးပို့ထားပါတယ်ဗျ
မိဘပြည်သူများဘေးအန္တရယ်ကင်းရှင်းကြပါ။
https://t.me/SBONew
ဇန်နဝါရီ ၊၁၅.၁.၂၀၂၄ (၁၈:၀၂)pm
ရွှေဘိုခရိုင် ရွှေဘိုမြို့နယ်
<အသိပေးထုတ်ပြန်ချက်>
မိဘပြည်သူများခင်ဗျာ ရွှေဘို-ကျောက်မြောင်း လမ်းပိုင်းအား ယခုအချိန်မှစ၍ ပြန်လည်သွားလာအသုံးပြု၍ ရပြီဖြစ်ပါကြောင်း အသိပေးထုတ်ပြန်အပ်ပါသည်ခင်ဗျာ။
ယခုလို စစ်ရေးအခြေနေရ ကာကွယ်ရေးအဖွဲ့များ၏ အရေးပေါ်သတိပေးထုတ်ပြန်ချက်များကို လိုက်နာကူညီဆောင်ရွက်ပေးပါသော မိဘပြည်သူတဦးခြင်းစီတိုင်းကို လေးစားဂုဏ်ယူ အထူးကျေးဇူးတင်ရှိပါသည်ခင်ဗျား။
https://t.me/SBONew
#ရွှေဘိုမြို့နယ်သတင်းအမှန်ပြန်ကြားရေး
ဇန်နဝါရီ ၊၁၅.၁.၂၀၂၄(၀၆:၅၀)am
စစ်ကိုင်းတိုင်း
ရွှေဘိုခရိုင် ရွှေဘိုမြို့နယ်
<သတိပေးထုတ်ပြန်ချက်>
မိဘပြည်သူများခင်ဗျာ ရွှေဘို-ကျောက်မြောင်း လမ်းပိုင်းအား မြေပြင်စစ်ရေးအခြေအနေရ လုံးဝသွားလာအသုံးမပြုကြပါရန် လေးစားစွာအသိပေးပန်ကြားအပ်ပါသည်ခင်ဗျာ၊
ပြန်လည်အသုံးပြုလို့ရမည့်အချိန်များ အချိန်နှင့်တပြေးညီထုတ်ပြန်ပေးသွားမည်ဖြစ်ပါသည်ခင်ဗျာ။
အိမ်စီးကားလေးများ မှန်ချမောင်းပေးကြပါရန် နှင့် ကုန်တင်ကားများ မိုးကာဖွင့်မောင်းပေးပါရန် မေတ္တာရပ်ခံပန်ကြားအပ်ပါသည်ခမျ။
https://t.me/SBONew
#ရွှေဘိုမြို့နယ်သတင်းအမှန်ပြန်ကြားရေး
