1 735
Subscribers
+124 hours
+127 days
+3330 days
Posts Archive
FYR
Passport PJ/PV
အသစ်လျှောက် / သက်တမ်းတိုးများအတွက်
( YANGON တစ်ခုတည်းအတွက်သာ )
* Passport စလုပ်ဖို့အတွက် ရုံးထဲကိုဝင်ခွင့် Online Booking လျှောက်ထားရန်လိုအပ်ပါတယ်
* Online Booking တင်ပုံတင်နည်းအကြောင်း Post အောက်ဆုံးမှာ Link ပေးထားပါတယ်
* Booking Appointments QR Code ရပီဆိုရင် QR Code မှာပါတဲ့ Date & Time မှာသွားပီ Passport စာအုပ်စလုပ်လို့ရပါပီ ကိုယ်ရထားတဲ့အချိန်ထက်နာရီဝက်ကြိုရောက်အောင်သွားပါ
* Booking QR Code ပုံကိုဖုန်းထဲသိမ်းထားပြီးပြလို့ရသလို Print ထုတ်သွားလို့လည်းရပါတယ်
* Passport လုပ်ဖို့ လိုအပ်တဲ့ စာရွက်စာတမ်း တွေက
အိမ်ထောင်စုစာရင်း မူရင်း + မိတ္တူ ၂ စောင်
မှတ်ပုံတင် မူရင်း + မိတ္တူ ၂ စောင်
၁၀ နှစ်အောက်ကလေးများ မွေးစာရင်း မူရင်း + မိတ္တူ ၂ စောင် သက်တမ်းတိုးသမားတွေက စာအုပ်အဟောင်း + PP မှာ မိမိဓါတ်ပုံပါတဲ့စာမျက်နှာ မိတ္တူ ၂ စောင် PJ သမားတွေဆို Labour Card လိုပါတယ် ၊ Labour Card ကနီးစပ်ရာမြို့နယ် အလုပ်သမားဦးစီးဌာနမှာ လျှောက်ထားလို့ရပါတယ် ၅၀၀ (သို့) ၁၀၀၀ ကျပ်
* ရုံးထဲဝင်ဖို့အတွက်ဝင်ပေါက် ၃ နေရာ ( ပန်းခြံဘေး, ရန်ကင်း centerရှေ့, စက်မှု ၁ ) ကြိုက်တဲ့နေရာက ဝင်လို့ရပါတယ်၊ ဝင်ပေါက်မရောက်ခင်အပြင်မှာရှိတဲ့ပွဲစားတွေဘာပြောပြောနားမထောင်ပါနဲ့သူတို့ရိုက်စားခွင်လုပ်လို့ရအောင်တမင်ပြောနေတာမလို့ ဝင်ပေါက်နားမှာရှိတဲ့ ရဲတွေကိုမေးမြန်းပါ ကိုယ့်မှာပါတဲ့ Booking Qr Code ကိုသူတို့ကိုပြလိုက်ရင် စစ်ပီးပေးဝင်ပါတယ်
* ပထမဆုံးစစ်တဲ့ဂိတ်မှာ ဖုန်းထဲမှာအသင့် Save ထားတဲ့ ဓါတ်ပုံ (သို့) Print ထုတ်လာတဲ့ Booking Qr Code ထဲက ကိုယ်ရေးအချက်လက်နဲ့ မှတ်ပုံတင်ထဲကကိုယ်ရေးအချက်လက် စစ်ဆေးပီးရင်အထဲကိုဝင်လို့ရပါပီ
* ဒုတိယဂိတ်မှာ ပါလာတဲ့ QR Code မှတ်ပုံတင် မျက်နှာ Scan ဖတ် စစ်ဆေးပီးရင်ရုံးထဲကို ဝင်လို့ရပါပီ အထဲကို ဖုန်း စာရွက်စာတမ်းပါတဲ့ ဖိုင် နဲ့ ပိုက်ဆံအိတ်အသေးကလွှဲရင် ကျန်တာဘာမှပေးမယူပါဘူး ထီး ရေဘူး tissue ထုပ်ကအစအကုန်အပြင်မှာထားခဲ့ရတာ
* ရုံးထဲစဝင်တာနဲ့ အဝင်ဝလေးမှာရဲနှစ်ယောက်ထိုင်နေပီ အထဲမှာဖြည့်ရမယ် Form ပေးပါတယ် Form ခ ၁၀၀၀ ကျပ် တစ်ခါတစ်လေ Free
* Form ရပီဆိုရင် မဖြည့်ပါနဲ့အုံး လဝက ကောင်တာတွေမှာ အရင်ဆုံးယူလာတဲ့စာရွက်စာတမ်းတွေစစ်ဖို့တန်းစီပါ လူအရှင်းဆုံးအတန်းမှာစီပါမသေချာရင်အဲ့မှာရှိနေတဲ့ ဝန်ထမ်းတွေ ရဲတွေ ကိုမေးပါ သက်တန်းတိုးသမားတွေက Counter 1 မှာတန်းစီရပါတယ် မှတ်ပုံတင်မှာ ကရင်+ဗမာ / ဗမာရှေ့မှာ (+) ဆိုရင်သွေးနှော လို့ဆိုပီ တစ်ခြားကောင်တာတစ်ခုမှာသီးသန့်စီရပါတယ် လဝက form စစ် ၂၀၀၀ ကျပ်ပါ သွေးနှောသမားတွေက ၂၀၀၀+ ၅၀၀၀ အားလုံးစစ်ပီးသွားရင် ခုနပေးထားတဲ့ မူရင်း+ စာရွက်စာတမ်းတစ်စုံရယ် ဘဏ်သွင်းဖို့ စာရွက်ပေးပါတယ်
* လဝကပေးတဲ့ ဘဏ်ငွေသွင်းဖို့စာရွက်နဲ့ အထဲမှာရှိတဲ့ ဘဏ်မှာ ၂၅၀၀၀ ပေးသွင်းပါ ဘဏ်ဘယ်နားရှိလဲမသိရင် အထဲကဝန်ထမ်းတွေ ရဲတွေကိုမေးပါ မကြောက်ပါနဲ့သူတို့ပြောပြတယ် ဘဏ်ငွေသွင်းပီရင် ငွေသွင်းပီးကြောင်း စာရွက်ပြန်ပေးပါတယ် အချိန်နည်းနည်းကြာတတ်လို့ ဝင်ဝင်ခြင်းမှာယူလာတဲ့ Form ကိုဖြည့်ပါ Form ဖြည့်နေတုန်း ဘဏ်ကကိုယ့်နာမည်ခေါ်တာကိုလဲ နားစွင့်ထားပါ ကိုယ့်နာမည်ခေါ်ပီဆို ဘဏ်ကပေးတဲ့ Slip စာရွက်ယူ ကိုယ့်နာမည် မှတ်ပုံတင်အမှတ် မှန်မမှန်ပြန်စစ်ပါ စစ်လို့မှန်ရင် ဓါတ်ပုံရိုက်ဖို့သွားပါ
* နောက်ဆုံးအဆင့် ဓါတ်ပုံရိုက်ဖို့တန်းစီပါ Counter 16 ကလွဲရင်ကျန်တဲ့ Counter လူအနည်းဆုံး Counter မှာတန်းစီပါ မိတ္တူတစ်စုံ ဖြည့်ထားတဲ့ Form ဘဏ်ငွေသွင်းပီးကြောင်း Slip သူတို့ကိုပေးပါ ဓါတ်ပုံရိုက် လက်ဗွေနှိပ် မျက်စိ Scan ဖတ် Tablet ပြားပေါ်မှာလက်မှတ်ထိုး အထဲမှာသူတို့မေးတာပြန်ဖြေ ပီးရင် ၅၀၀၀ သွင်း
* ဓါတ်ပုံရိုက်တဲ့အခန်းမှာ အရေးကြီးဆုံးက PJ သမားတွေပါ PV (သို့) PJ လို့မေးပါမယ် အလည်ပတ် PV သမားတွေက PV ဘဲပြောပါ အလုပ်နဲ့သွားမယ့်သူတွေက PJ လို့ပြောပါ Labour Card မလုပ်ရသေးဘူးဆိုရင် အဲ့ဒီနေရာမှာ Labour Card လုပ်ချင်ကြောင်းပြောလိုက်ပါ အပြင်ထက်ဈေးပိုများပါတယ် ၅၀၀၀ ပေးရမှာ အားလုံးပီးသွားရင် Passport စာအုပ်ထုတ်ဖို့ Slip ရပါပီ
* Slip ရရင် သေချာပြန်စစ်ပါ ကိုယ်ပေးထားတဲ့ ကိုယ်ရေးအချက်လက်တွေအားလုံး မှန်လား မှားလား နာမည် English စာလုံးပေါင်း မွေးသက္ကရာဇ် PV /PJ တွေကအရေးကြီးဆုံးပါ မှားနေရင်ပြန်ပြောပီ ပြင်ခိုင်းပါ အားလုံးမှန်တယ်ဆိုရင် Slip လေးယူပီအိမ်ပြန်လို့ရပါပီ
* နောက် ၁၀ ရက် ကြာရင် ရုံးသွားပီကိုယ့်ရဲ့ Passport စာအုပ်ထုတ်လို့ရပါပီ ထုတ်ရမယ့်နေ့က စနေ တနင်္ဂနွေ အစိုးရ ရုံးပိတ်များဆိုရင် ထုတ်မရပါဘူး ရုံးပိတ်ရက်ပီးနောက်နေ့ကစ ရက်ပေါင်း ၉၀ အတွင်း ထုတ်လို့ရပါတယ် စာအုပ်ထုတ်ရင်ပေးထားတဲ့ Slip နဲ့ ပြပီဝင်လို့ရပါတယ် တန်းစီစရာမလို Online Booking ထပ်ယူစရာမလိုပါဘူး သွား ထုတ်တဲ့အခါ Slip ရယ် မှတ်ပုံတင်မူရင်းရယ် ယူသွားပါ ၃၀၀၀ ကျပ်ပေးရ Passport စာအုပ်ရပါပီ ၊၊
ကုန်ကျငွေ
8to 10am ကို 7.45ရောက်အောင်သွားတယ် ရုံးရှေ့မှာ ထိုင်ခုံးလေးတေစီထား အဲ့တာက ၁၀၀၀နော်ထိုင်ရင်(ကိုယ်ကမသိလို့ထိုင်မိတာ ၁၀၀၀ပေးခဲ့ရ😂)
8.00amရောက်ရင် အထဲဝင်ရတယ်.
1.qrအရင်ပြတယ် .
2.ရှေ့ဆက်လျောက်တော့ ခန္ဓာကိုယ်စစ်တယ် လည်ဆွဲကဒ်လေးပေးတယ်.
3.အထဲဝင်ဖို့တန်းစီရတယ် ထီးတေကို ရုံးအပေါက်နာမှားထားခဲ့လို့ရတယ် အလှပြင်ပစည်း မှင်ဖျတ်ဆေး တေယူသွားလို့မရဘူး ဖုန်းတေတော့ယူသွားလို့ရတယ်.
4.အဝ မှာ Qrနဲ့မှတ်ပုံတင်မူရင်းခနပေးရတယ်ပြီးရင်မျက်နှာ scanဖတ်တယ်
5.ပြီးရင် ခန္ဓာကိုယ်ထပ်စစ်(ပုံမှန်လေးပါပဲ ကြောက်ဖို့မလိုဘူး)
6.လက်ရေးဖောင်ကိုရဲတံဆိပ်တုံးထုပေးတယ် ၁၀၀၀ပေးရပါတယ်
7.ပြီးရင် မှတ်ပုံတင် မူရင်း မိတ္ထူ၂စောင်.အိမ်ထောင်စုမူရင်း မိတ္ထူ ၂စောင် ,Qr ၂စောင် ပေးရပါတယ် လက်ဗွေလေးနှိပ် ကင်မရာလေးတချက်ကြည့်ပေးရပါတယ် ပြီးရင် အနောက်လေးကနေ စာရွက်တေ ပြန်ပေးပါတယ် (လူနည်းတဲ့နေရာမှာ တန်းစီလို့ရတယ်နော်)
8.pj မို့အောက်ထပ်မှာ ဓာတ်ပုံရိုက်ဖို့စောင့်ရတယ် ၅ထောင်ပေးရပါတယ် ဓာတ်ပုံရိုက်ပြီးရင် အပြင်မှာခနစောင့် သူတို့ခေါ်ရင် အထဲဝင်ပြီး စလစ်စာရွက်လေးယူရုံပဲ . စာရွက်ရရင် အမည်တေ မွေးနေ့တေ သေချာစစ်ပါ(ကိုယ်တေအရမ်းကြောက်တက်တာ ☺ ရောက်သွားတော့မှပဲ အကုန်အဆင်ပြေတော့တယ် ရစ်တာ ဟောက်တာ မရှိ .ညီမနှယောက်မို့ လဝကအိမ်ထောင်စုမူရင်းနဲ့ပတ်သက်ပြီး စတာလေးပဲရှိခဲ့တယ်☺)
📕Passport စာအုပ်နဲ့ပက်သက်လို့
-အသစ်လျှောက်စရာ ..
-သက်တမ်းတိုးစရာရှိလျှင်..
ကိုယ် ဒါမှမဟုတ် ကိုယ့်အသိတွေထဲမှာလဲ လုပ်ဖို့ကျန်နေသေးရင်
Passport Qr Booking ကြိုယူထားဖို့ သတိပေးကြပါနော်...
😖အနီးနားကပ်မှ လုပ်မယ်ဆို မလိုအပ်ပဲ တအားကုန်လို့ပါ..
🚨ခုBooking ရက် ၁၂လပိုင်းရောက်နေပါပြီ..
၂၄နာရီလုံး ရက်ချိန်းချပေးနေတာမို့ ကိုယ်အသိနောက်ကျရင် ရက်နောက်ကျရပါမယ်...
✅အဓိကက ကြိုလုပ်ပြီး passport စာအုပ် ဈေးသက်သက်သာသာ ဖြစ်စေချင်လို့ပါ..
📚Passport လုပ်မယ်ဆိုလျှင် ဘဏ်သွင်းရငွေ ၃၅၀၀၀+ 📮Qr Booking ဝန်ဆောင်ခ ပေါင်း ပျှမ်းမျှ ၅သောင်းခန့်သာ ကျသင့်ပါမည်..
🤨ရုံးတွင်းထပ်မံပေးဆောင်ရန်မလိုပါ..
😖အနီးကပ်လုပ်မယ်ဆိုရင် ၅သိန်းမှ ၁၀သိန်းထိ ကုန်ကျနိုင်ပါသည်။
လက်ဝယ်ရှိရင်ရုံးလာလျှောက်တဲ့နေ့မှာပူးတွဲတင်ပြရမည်
နိုင်ငံကူးလက်မှတ်လျှောက်ထားဖူးခြင်းမရှိသူ ( ခုမှအသစ်စလုပ်မည့်သူ များက ) လျှောက်ထားဖူးခြင်းမရှိပါ ဘေးနားကအကွက်ကို အမှန်ခြစ် လေးခြစ်လိုက်ပါ
ကိုယ်ရေးအချက်လက်များဖြည့်ပီးလို့ မိမိစက်ထဲယာယီသိမ်းထားချင်ရင် အပေါ်နားလေးက Save button လေးကိုနှိပ်ပီသိမ်းထားလို့ရပါတယ်
Step 4
ကိုယ်ရေးအချက်လက် ၁ ဖြည့်ပီးရင် အောက်ဆုံးနားက Next ကိုနှိပ်ပါ
ကိုယ်ရေးအချက်လက် ၂ နေရာရောက်ရင် အချက်လက်တွေမဖြည့်လဲ ရတာမလို့ အောက်ဆုံးနားက Next ကိုဆက်နှိပ်ပါ
မိဘ ညီကိုမောင်နှစ်မ အချက်လက်နေရာမှာလဲ အောက်ဆုံးနားထိသွားပါ Add to List ကိုနှိပ်ပါ
ကိုယ်ရေးအချက်လက် ၂ ၊ မိဘညီကိုမောင်နှမများ အချက်လက်ဖြည့် သွင်းရန်ကျန်နေသေးသောသူများ အောက်ဆုံးနားလေးက နိုင်ငံကူးလက်မှတ် လျှောက်လွှာဖောင် downlod ပြုလုပ်ရန် လင့်ပေး ထားပါတယ် down ပီ လက်ရေးဖြစ်သော်လည်းကောင်း ကွန်ပျူတာစာစီ ၍သော်လည်းကောင်း ဖြည့်၍ရုံးသွားတဲ့နေမှာ ပူးတွဲတင်ပြရပါမည်
Step 4.1
Step 2 အဆင့်လျှောက်ထားလိုသည့်ဦးရေနေရာမှာ ၁ ယောက်ထပ်ပို ရွေးထားသူများ အပေါ်ကအတိုင်းတစ်ယောက်ချင်းစီအတွက် ကိုယ်ရေး အချက်လက်များဖြည့်ပါ အချက်လက်အားလုံးဖြည့်ပီရင် Add to List ကိုနှိပ်ပါ
Step 5
လျှောက်ထားဦးရေအကုန်လုံးအတွက်အချက်လက်များဖြည့်ပီးရင် Review and Submit ကိုနှိပ်ပါ
Step 6
ဖြည့်သွင်းထားသောအချက်လက်များပြန်စစ်ပါ မှားနေရင် Edit နှိပ်ပီ ပြန်ပြင်ပါ အားလုံးမှန်ကန်သည်ဆိုပါက အချက်လက်များစစ်ဆေးပီ မှန်ကန်ပါသည် စာသားဘေးနားကအကွက်လေးတွင်အမှန်ခြစ်ခြစ်ပေးပါ
လျှောက်ထားဦးရေတစ်ယောက်ချင်းစီတိုင်းအတွက်စစ်ဆေးရပါမည် အားလုံးမှန်ကန်ပါက Sunmit Form ကိုနှိပ်ပါ
Step 7
ငွေပေးချေရန် Reference No တစ်ခုတည်းတွင် လျှောက်ထားသူ တစ်ဦးချင်းစီအတွက် Invoice No တစ်ခုစီပါပါသည်
လျှောက်ထားသူတစ်ဦးချင်စီရွေးချယ်၍ငွေပေးသွင်းရပါမည် (အားလုံးကိုတစ်ပြိုင်နက်ပေးချေလို့မရပါ)
Kpay & MPU Card အဆင်ပြေတာနဲ့ပေးသွင်းလို့ရပါသည် MPU Card နဲ့ငွေပေးသွင်းချေမှုအတွက် မိမိ card သည် E-commerce လျှောက်ထား ပီးသားဖြစ်ရပါမယ် မလျှောက်ရသေးရင် online ငွေပေးချေမှု လုပ်ဆောင်မရသောကြောင့် သက်ဆိုင်ရာ Bank တွင် ပြန်လည်လျှောက် ထားပါ
Payment တစ်ခုကိုရွေးချယ်ပါ
Kpay ဖြင့်ပေးချေမယ်ဆို ငွေပေးချေရန်ကိုနှိပ်ပါ
ဒီအဆင့်မှာ လျှောက်ထားမှုအမှတ်စဉ်အမှတ် Reference No တစ်ဦး ချင်းစီ၏ Invoice No များကို သေချာစွာမှတ်သားထားပါ Screen Shot သိမ်းထားပါ
Step 8
ငွေပေးချေရန်နှိပ်ပီခနအကြာ မိမိငွေပေးသွင်းရမည့် Invoive No နဲ့ Qr Code ကျလာပါမည်
Qr code သည်အချိန်အကန့်သက်ရှိသောကြောင့်သက်မှတ်အချိန်အတွင်း ငွေပေးသွင်းပါ ငွေပေးသွင်းပီပါက ပေးချေရန် ငွေတန်းဖိုးဘေးတွင် Paid ဆိုပီပေါ်လာပါမယ်
ငွေပေးသွင်းမှုအောင်မြင်ပါပီ
Step 9 ရက်ချိန်းစစ်ရန်
ငွေပေးသွင်းပြီပါက New Tab ဖွင့်ပီ website ထဲပြန်ဝင်ပါ
ရက်ချိန်းစစ်ဆေးရန်ကိုနှိပ်ပါ
Step 10 View Booking
လျှောက်ထားမှုအမှတ်စဉ်အမှတ် Ref No
အမည် - မြန်မာ English အဆင်ပြေတာထည့်ပါ
မှတ်ပုံတင်အမှတ်ကိုဖြည့်ပီ Search နှိပ်ပါ
Booking Appointment Letter အားတွေ့ရပါမည်
Appointment letter တွင် ရုံးတွင်းသို့ဝင်ရောက်ရမည့် ရက် အချိန်အား ဖော်ပြထားပါသည်
Booking ရက်ချိန်းသည် ငွေပေးချေပီးတာနဲ့ System မှရုံးသွားရောက်ရ မည့်ရက်ကိုအလိုအလျှောက်သက်မှတ်ပေးတာမလို့ အရင်လိုရက်ရွေးလို့ မရနိုင်ပါဘူး
Appointment letter အား print ထုတ်ပီးသိမ်းထားပါ ထို letter အားရုံးသွားရောက်မည့်နေတွင်ပြသရပါမည်
Booking Qr Code ပုံပါသော Appointment latter အားရရှိပါက Booking တင်ခြင်းအောင်မြင်သွားပါပီ
နိုင်ငံကူးလက်မှတ်လျှောက်လွှာဖောင် download ပြုလုပ်ရန် Link
➡️https://drive.google.com/drive/folders/1-kfq49jqbbkzZoWbNVAjWJ4HwWkiw4JV?fbclid=IwAR0XTVjpOhISc0iqeY7YAfNR9iyOYLtPxF-HqhxO0yQ0_QXVVsxZN_Q1C20
Passport Online Booking တင်နည်း၊ ဖောင်ဖြည့်နည်း နှင့် Booking စစ်နည်း
Online Booking တင်နည်းနဲ့ ကိုယ်ရေးအချက်လက်ဖောင်ဖြည့်ပုံဖြည့်နည်း လေးတစ်ဆင့်ချင်းစီ ပြောပေးသွားပါမယ် အားလုံးလွယ်လွယ်ကူကူတင်လို့ရ အောင် အောက်မှာပုံလေးတွေပါတွဲတင်ပေးထားပါတယ်
ပထမဆုံး Phone & Computer ထဲက Google App Chrome Firefox တစ်ခြားအဆင်ပြေတဲ့ Browser တစ်ခုခုမှာ www.passport.gov.mm ရိုက်ပီ ဝင်ပါ အပေါ်ဆုံးမှာ မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရုံး ထဲဝင်ပါ မြန်မာနိုင်ငံကူးလက်မှန်လျှောက်ထားရန် Home Page ထဲရောက်သွားပါမယ်
Step 1
ပုံမှန်လျှောက်မယ့်သူများက Online Appointment ပြုလုပ်ခြင်း အောက်ကလျှောက်ထားရန် အပြာရောင် ခလုပ်လေးကိုနှိပ်ပါ
Step 2
ခုမှ Online Booking စလျှောက်မယ့်သူများက အသစ်လျှောက်ထားရန် နေရာကိုရွေးပါ
လျှောက်ထားလိုသည့်ဦးရေမှာ အရေအတွက်ဖြည့်ပါ
တစ်ခါလျှောက်ရင် ၅ ဦးအထိသာ ခွင့်ပြုထားပါတယ်
ငွေလက်ခံရရှိကြောင်း Receipt အားပေးပို့ရမည် Email ထည့်ပါ ကိုယ့် မှာမရှိလဲ ညီကို မောင်နှမ များထဲမှာ email ရှိတဲ့သူရဲ့ mail ကိုထည့်လဲရ ပါတယ် Continue ကိုနှိပ်ပါ
Step 2.1
Booking လျှောက်ထားရင်း အပီးထိမပီးတဲ့သူများက ဖောင်ဆက်လက် ဖြည့်သွင်းရန်နေရာကိုရွေးပေးပါ လျှောက်ထားမှုအမှတ်စဉ် Reference No ကိုထည့်ပါ ( ကိုယ်ရေးအချက်လက်ဖာင်ဖြည့်ရန်ရောက်တဲ့အဆင့်မှာ G 2300xxxxx စတဲ့ ဂဏန်းတွေကိုထည့်ပေးရမှာပါ ) Continue နှိပ်ပါ
Step 3
ကိုယ်ရေးအချက်လက်များဖြည့်ရန် အဆင့်ရောက်ရင် အပေါ်ဆုံးနားက Reference No G 2300xxxx နံပါတ်ကိုသေချာစွာမှတ်သားထားပါ
ကိုယ်ရေးအချက်လက် ၁
ကိုယ်ရေးအချက်လက် ၂
မိသားစုဝင်နှင့် ညီကိုမောင်နှမများ ဆိုပီတွေ့ပါမယ်
ဒီအဆင့်မှာ ကိုယ်ရေးအချက်လက် ၁ ကိုတော့မဖြစ်မနေဖြည့်ပေးရမယ်
ကိုယ်ရေးအချက်လက် ၂ & မိသားစုဝင် အချက်လက်တွေကိုတော့ ရုံးလာရောက်တဲ့နေ့မှ လက်ရေးဖြစ်သော်လည်းကောင်း ကွန်ပျူတာစာစီ ၍သော်လည်းကောင်းပေးလို့ပါတယ် ဖောင်နမူနာ download ဆွဲရန် လင့်ကို Post အောက်ဆုံးမှာပေးထားပါတယ်
Step 3.1 လျှောက်ထားသည့်အမျိုးစားများ
အသစ်လျှောက်
သက်တမ်းတိုး
ပျောက်ဆုံး / ပျက်စီး ဆိုပီ ၃ ခုရွေးရန်ပေးထားပါတယ်
အသစ် / သက်တမ်းတိုးအတွက် ၃၅၀၀၀ ကျပ်
ပျောက်ဆုံး / ပျက်စီ အတွက် ၇၅၀၀၀ ကျပ် ပေးသွင်းရပါမယ်
အပေါ်က အမျိုးစားတွေထဲကတစ်ခုကိုရွေးလိုက်တာနဲ့ နောက်ဆုံး ငွေပေးရမယ့်အဆင့်မှာ system ကနေရွေးလိုက်တဲ့အမျိုးစားပေါ်မူတည် ပီ ၃၅၀၀၀ /၇၅၀၀၀ ပေးသွင်းရမယ့် ငွေပမာဏကို အလိုအလျှောက် ဖော်ပြသွားပါမယ်
စာအုပ်တစ်ခါမှမလျှောက်ဘူးသူများက အသစ်လျှောက်ကိုရွေးပါ
စာအုပ် လက်ဝယ်ရှိသူများကသက်တမ်းတိုးကိုရွေးပါ ဒီနေရာမှာ စာအုပ် type ချိန်းချင်တဲ့သူတွေ Pj to Pv Pv to Pj Pv to Ps ဘယ်လိုအမျိုးစား ကိုချိန်းချင် တဲ့သူဖြစ်ဖြစ်စာအုပ်လက်ဝယ်ရှိထားပီးသားဖြစ်တာမလို့ သက်တမ်းတိုး ကိုရွေးပေးရပါမယ်
စာအုပ်လျှောက်ထားဖူးပေမယ့်လက်ဝယ်မရှိတဲ့သူများ ရေစို စွန်းထင်း စုတ်ပြဲနေသူများ ပျောက်ဆုံး ပျက်စီး ကိုရွေးပါ
Step 3.2 နိုင်ငံကူလက်မှတ်အမျိုးစားများ
အလည်
အလုပ်
မှီခို
စီးပွားရေး
ဘာသာရေး
ကျောင်းတက်မယ့်သူများ
သင်္ဘောသား
ဒီအမျိုးစားတွေထဲကကိုယ်လုပ်ချင်တဲ့အမျိုးစားကိုရွေးပါ type ချိန်းမယ့် သူတွေကလဲ ဒီအထဲကကိုယ်ချိန်းမယ့်အမျိုးစားကိုရွေးပါ
Step 3.3 ကိုယ်ရေးအချက်လက်များဖြည့်ရန်
အမည် - မြန်မာ အင်္ဂလိပ် နှစ်မျိုးလုံးဖြည့်ရန် စာလုံးပေါင်းသေချာစွာပေါင်းပီဖြည့်ပါ
အခြားအမည် - အခြားအမည်ရှိသူများဖြည့်ပါ ဥပမာ ကိုကို (ခ)ကိုကျော် မှတ်ပုံတင်ထဲတွင် (ခ) ခံပီရေးထားသောသူများသာဖြည့်ဖို့လိုအပ်ပါတယ် Passport စာအုပ်ထဲတွင်လဲ နာမည်နှစ်မျိုးရှိသူများမှာ KO KO @ KO KYAW ဆိုပီထည့်တာဖြစ်လို့ နာမည် နှစ်မျိုးမရှိသူများ ဖြည့်ရန်မလို အပ်ပါ
အဖအမည် - မြန်မာလိုဖြည့်ရန်
အမိအမည် - မြန်မာလိုဖြည့်ရန်
မွေးဖွားသည့်ရက် - မွေးသက္ကရာဇ် ( English ခုနှစ် ) တစ်ချို့တွေက မှတ်ပုံတင်ထဲမှာ မြန်မာမွေးသက္ကရာဇ်တွေဖြစ်နေတာမလို့ နှစ်တရာ ပြက္ခဒိန် ကြည့်ပီ Eng ခုနှစ်ပြောင်းထည့်ပါ
မွေးဖွားသည့်အရပ် - system မှာရွေးစရာပေးထားတာမလို့ ကိုယ်မွေးဖွားသည့်ဒေသ မြို့ကိုရွေးပါ မပါရင် ပြည်နယ်/တိုင်းဒေသကြီး ကိုရွေးပါ
မှတ်ပုံတင်အမှတ် -
နေရပ်လိပ်စာ -
ကျား / မ -
ဖုန်းနံပါတ် -
email ရှိပါကထည့်ပါ
ထင်ရှားသည့်အမှတ်အသား - မှတ်ပုံတင်ထဲက အချက်လက်
အရပ်အမြင့် -
မျက်လုံးအရောင် -
ဆံပင်အရောင် -
လူမျိုး -
ဘာသာ -
ပညာအရည်အချင်း -
လက်ရှိအလုပ်အကိုင် -
သွားရောက်သည့်ကိစ္စ - အပေါ်က နိုင်ငံကူးလက်မှတ်အမျိုးစားရွေးတုန်း ကအတိုင်းဖြည့်ပါ ( အလည် အလုပ် ကျောင်းသွားတက်ရန် )
အပေါ်က ကိုယ်ရေးအချက်လက်အားလုံးကိုပြည့်စုံစွာဖြည့်ပေးရပါမယ်
Step 3.4 ယခင်နိုင်ငံကူးလက်မှတ်လျှောက်ထားဖူးသူများသာဖြည့်ရန်
နိုင်ငံကူးလက်မှတ်အမှတ်
ထုတ်ပေးသည့်ရက်စွဲ
လက်မှတ်အပ်ပါကအပ်သည့်ရက်စွဲ ( မအပ်ထားရင်ဖြည့်စရာမလို )
အပ်သည့်နေရာ ( ရုံးအပ် ၊ လေဆိပ်အပ် ) မအပ်ထားရင်ဖြည့်စရာမလို
Passport ပွဲစားတွေ ဒီGp မှာ လာတင်နေတာတွေအများအပြားတွေ့နေးတယ်ခဗျာ ဒါစိတ်မကောင်းစရာ ပါ အရင်ခေတ်ကလို ခေတ်မျိုး passport လိုချင် ၆-၈-၉ သိန်းခေတ်တွေပြန် နေသလိုပါ
အခုကစနစ် အသစ်ပါခဗျာ ကိုယ်တိုင်ကိုယ်ကျလုပ်ရတဲ့ စနစ်ပါခဗျာ
ဘယ်ပွဲစားမှ ရုံးအထဲ မပြောနဲ့ တန်းစီတဲ့ နေရာတောင် ဝင်လို့မရပါဘူးခဗျာ
စာတောင်ချိတ်ထားပါတယ် 🧠🧠ပွဲစားမဝင်ရ ကိုယ်တိုင် လုပ်ဆောင်ပါဆိုပြီး
ပါခဗျာ တိုးတက်နေတဲ့ခေတ်ပြီး ဂျင်းထည့်မခံ ပါနဲ့ သောက်ပျင်းမကြီး ကျပါနဲ့ ခဗျာ
ဒီ Gp ထဲမှာလည်း passport လျှောက်နည်းသင်ပေးထားပါတယ်ခဗျာ
https://www.facebook.com/groups/mmseamanunion/permalink/6056407877729296/?mibextid=W9rl1R
အဲ့ဒါမှနားမလည် Passport Myanmar Group gp မှာဝင်လေ့လာပါ ခဗျာ နားမလည်ရင် မေးပါခဗျာ
လူအချင်းချင်း ပွဲစား လူလည်ကျချင်းမှ ကင်းဝေး ကျပါစေ
#PV-Passport For Visit (အလည်ပတ်စာအုပ်
လျှောက်ဖို့)ဘာတွေလိုမလဲ❓❓❓
အသက်(၁၈)နှစ်အထက် စာအုပ်လျှောက်မည့်သူများအတွက်
💢မှတ်ပုံတင်မူရင်း/မိတ္တူ(၂)စောင်
💢သန်းခေါင်စာရင်းမူရင်း/မိတ္တူ(၂)စောင်
💢QRရက်ချိန်း
💢လျှောက်လွှာဖောင်စာရွက်(၂)စောင်
အသက်(၁၈)နှစ်အောက် များအတွက်
💢မွေးစာရင်းမူရင်း/မိတ္တူ(၂)စောင်(မှတ်ပုံတင်မရှိသူများအတွက်)
💢မိဘအုပ်ထိန်းသူ မှတ်ပုံတင်မူရင်း/မိတ္တူ (၂)စောင်
💢မိဘအုပ်ထိန်းသူ သန်းခေါင်းစာရင်းမူရင်း/မိတ္တူ(၂)စောင်
💢လျှောက်လွှာဖောင်စာရွက်(၂)စောင်
Passport အတွေ့အကြုံလေး ပြန် share ပေးပါမယ် နော်
ညီမ က ၂နာရီ ၄နာရီ ရထားတာပါ ညီမ ရောက်သွားတော့ ၂နာရီ ၁၀မိနစ်ပါ ရန်ကင်းပန်းခြံဖက် က ဝင်ပါတယ် အဝင်ဝမှာ QR ကို ပြပြီး အချိန်ကြည့်ပြီးဝင်ရပါတယ် လူသိပ်မရှိပါ
ရုံးထဲ သို့ ဝင်မယ့် နေရာမှာ တန်းစီရပါတယ် အရှေ့မှာတန်းစီသူတွေ တော့ရှိပေမယ့် မြန်ပါတယ် ၁၅မိနစ်နေတော့ ရုံးထဲ ကို QR နဲ့ မှတ်ပုံတင် စစ်ပြီး ဝင်ရပါတယ်
ဝင်ဝင်ချင်း လက်ရေးဖောင်ကို တံဆိပ်တုံး နှိပ်ပြီး ၁ထောင်ပေးရပါတယ်
သူ့ဘေးမှာ အမှားပြင်ဆင်ချက် ကောင်တာရှိပါတယ် QR မှားတာ ပြန်ပြင်ဖို့ပါ အများစုက ကျားမ မှားကြတာပါ ၅၀၀၀ပေးရပါတယ် ပြီးရင် လက်မှတ် တစ်ချက် ထိုးပေးလိုက်ပါတယ်ဝိုင်းပြီး
ညီမ ကကျ တော်တော်ကိုမှားတာပါ ကျားမ လွဲတာရော မှတ်ပုံတင်မှာ လူမျိုးဘာသာရေးတာရော PV PJ မှားရေးတာရော အဲ့က ရဲမေကကျ သမီးရတယ် ကျားမ ပဲ အဓိကကြည့်တာ ကျန်တာ လက်ရေးဖောင်ပဲ ကြည့်တာ ပြောပြီး ကျန်တာ မပြင်ပေးပါဘူး
စိတ်မပူပါနဲ့ ပြောချင်တာ က QR မှာရေးထားတာမှားလည်း သူတို့က အဓိကက လက်ရေးဖောင် တစ်မျိုးကိုသာကြည့်တာပါ
ညီမ က သွေးနှောမို့ ဦးစီးနဲ့တွေ့ရပါတယ် တန်းအရှည်ကြီးပါ ညနေ ၂နာရီကနေ စစောင့်တာ ၆နာရီခွဲမှ ဦးစီးနဲ့တွေ့ရပါတယ် စိတ်ရှည်ရှည်သာစောင့်ပါ မလောပါနဲ့ ပွဲစားနဲ့အလှည့်ကျော်လည်း ငွေကုန်ရုံပါပဲ
အထဲဝင်ဖို့အတွက် မှတ်ပုံတင်မိတ္တူ သန်းခေါင်စာရင်းမိတ္တူ QR မိတ္တူ နှစ်စုံစီ လိုအပ်ပါတယ် ၅ယောက်တစ်သုတ်စီတွေ့ရပါတယ် တွေ့တာနဲ့ သန်းခေါင်စာရင်း အစစ် မှတ်ပုံတင်အစစ်နဲ့ တိုက်စစ်ပါတယ် မှန်ရင် လက်မှတ် နဲ့တုံးရပြီး ဘေးမှာ မျက်နှာနဲ့ လက်ဗွေ Scan ဖတ်ရပါတယ် ပြီးရင် ပြန်ဝင်ပြီး ဦးစီး ဆီမှာပဲ တုံးထပ်ထုရပါတယ် ပြီးတာနဲ့ အပေါ်မှာ ဓာတ်ပုံရိုက် လို့ရပါပြီ
အဲ့ ဓာတ်ပုံ ရိုက်တဲ့နေရာရောက်မှ ကိုက PJ PV လားသူတို့က လက်ရေးဖောင်ကနေတဆင့်ကြည့်တာပါ PJလုပ်မယ်ဆို လေဘာ တခါတည်း လုပ်လာပါ မိတ္တူ တစ်စောင်ပါ ဆွဲလာပါ လေဘာအတွက် ပြီးရင် ဓာတ်ပုံရိုက် ပြီး စလစ်ထွက်တာစောင့်ပါ စလစ်ရတာနဲ့ သေချာ စစ်ပါ တခါတည်းပြောလို့ရပါတယ် မလောပါနဲ့ သဘောကောင်း ကြပါတယ်
လေဘာအတွက် က
Ruby Mart တံတားအောက်မှာလေဘာရုံးရှိပါတယ်
မှတ်ပုံတင် အစစ်ပဲ လိုတာပါ ပြည်ပဆို မှတ်ပုံတင်မိတ္တူ တစ်စောင်စီ ပေးခဲ့ရပါတယ် လေဘာ အတွက်ပါ စေတနာရှိသလောက်ပေးခဲ့ရင်ရပါတယ် မြန်ပါတယ် လူကို မရှိတာပါ
သွေးနှောဆိုတာ ဗမာ ရဲ့ရှေ့မှာ အပေါင်း လက္ခဏာ ပါတာမှန်သမျှ သွေးနှော ဖက်မှာစီရတာပါ
အမှားပြင်ဆင်တာက ၅၀၀၀
တံဆိပ်တုံး ၁၀၀၀
ဓာတ်ပုံရိုက်တာ ၅၀၀၀
အဲ့တာပဲ ကုန်ခဲ့ပါတယ် ပြောချင်တာက မလောပါနဲ့ လူလည်း အရမ်းမများပါဘူး သူ့ဟာသူ အချိန်လေး နဲနဲ လောက်ပေးရင်ရပါတယ်
ညီမ က ပထမ ဆုံး QR စနစ် စတုန်း က တခါတန်းစီဖူးတာထက်စာရင် တော်တော်ကို အဆင်ပြေသွားတယ် ပြောလို့ရပါတယ်
🇲🇲မြန်မာနိုင်ငံ၏ PASSPORT အမျိုးအစားများနှင့်အရောင်များအကြောင်း သိကောင်းစရာ👆🏻
ဒီနေ့ တပြားမှ မကုန်ပဲစလစ်လေးရပါပြီ။
ဒီဂရုမှာ လမ်းညွှန်တာတော်တော်များများရှိတာမို့၊ မြင်မကောင်းတာ(အပြင်ကလူေတွအေကြာင်း)၊ ပုံမှန် ( Visit အသစ်/သက်တမ်းတိုး)လူတွေအတွက် ဘာပြီးရင်ဘာလုပ်လောက်ပဲတင်ချင်ပါတယ်။
မီးပွိုင့်ကနေတန်းစီတာ ဈေးသည်တွေက တန်းမစီချင်ရင် အရှေ့ရောက်အောင်ပို့ပေးမယ်ဘာညာ (ဝင်းထဲဝင်ဖို့လောက်ပဲ) ၁၂,၀၀၀တောင်းတယ် #ဝင်းထဲဝင်ဖို့စစ်တဲ့နေရာကနေစစ်ပြီးတာနဲ့_ရုံးဝင်ပေါက်မှာတန်းစီဖို့ထပ်သွားရတာမို့ မထူးဘူးနော်။ ဝင်းမှာစစ်ပြီးဆိုတာနဲ့ ကိုယ့်အရှေ့ကလူတွေထက်သွက်သွက်လေးလျှောက်လိုက် (ကိုယ်ဆိုပြေးပါပြေးတာ🤭)
အထဲကို အိတ်၊ထီးယူလို့မရလို့ ထီးအကောင်းမယူကြပါနဲ့(အပြင်မာထားခဲ့ရတာမို့ပျောက်နိုင်)၊ #အိတ်အကြည် (Zipfile also ok) တွေပဲသုံးပြီး ပိုက်ဆံအိတ်ဘာညာ အာ့ထဲပဲထည့်သွား(အောက်ကကိုယ်ထည့်တဲ့ပုံ)
#ရုံးဝင်ပေါက် ရောက်ပြီဆိုရင်
၁) တန်းစီပြီး အပေါက်မာ QR / NRCပြ၊ ကင်မရာတချက်ရှိုး😁 အထဲဝင်လို့ရပါပြီ။
၂) အထဲရောက်တာနဲ့ Counter 2-11(Visit အသစ်လျှောက်/သက်တမ်းတိုး)ကြိုက်တဲ့နေရာတန်းစီ။ ကိုယ်ကတော့ Counter 4။
၃) သူတို့စစ်ပြီးရင် အပေါက်နေဝင်။ ပြီးတာနဲ့ ဓာတ်ပုံရိုက်ဖို့တန်းစီတယ်။ ရိုက်ပြီးရင် စလစ်လေးစောင့် ။ အဲ့ဒါလေးပဲ ( me at counter 19)
၄) ကိုယ်ရေးချက်လက် FORM ဖြည့်တဲ့အခါ (-) တွေ မသုံးကြပါနဲ့။ ဥပမာ ဖခင်၏ ညီအစ်ကို/မောင်နှမ အောက်မှာ (-) မထည့်ပဲ မရှိလျှင်၊ #မရှိ ဆိုပြီးရေးပါ။
#လိုအပ်တဲ့စာရွက်စာတမ်းတွေတော့ တခြားသူတွေတင်တာစုံတယ်ယူဆလို့ထပ်မတင်ပါ၊ကိုယ့်လို ဘယ်သွားလို့သွားရမှန်းမသိသူတွေအတွက်တင်ပေးခြင်းဖြစ်ပါသည်။
#Note : NORMAL သမား၊ Visit (အသစ်/တိုး) အတွက်သာ။
#Printထုတ်ရင်ဈေးကြီးလို့ ၃ ရွက်/စုံလုံးမထုတ်ခိုင်းပဲ #တစ်စုံပဲထုတ် ကျန်၂စုံကို #copyလုပ် အဲ့လိုပြောကြပါ။ (ကိုယ်ထုတ်တာ တရွက်ကို၄၀၀ကျပ် 😭)
တချို့မိတ္တူဆိုင်ကပြောပေမယ့် တချို့က မပြောကြလို့ပါ။ ကိုယ့်လိုခံမှာစိုးလို့ မနေ့က ၂ယောက်စာ Print/copy ကို 7000နီးပါကုန်😭။
ကိုယ်ကြုံတဲ့အရာတွေစေတနာဖြင့်မျှဝေခြင်းဖြစ်သည်။ လိုအပ်တဲ့အရာတွေကို သေချာဂရုစိုက်စစ်ပြီးမှ သွားကြပါ
1st Photo ကတော့ ဒီဂရုကယူထားတာပါ
ပါတ်စပို့တော့လုပ်ရတော့မယ်၊
ဘယ်လိုဘယ်နေရာသွားရမှန်းမသိသူတွေအတွက်ပါ။
#အောက်မှာလမ်းညွှန်မြေပုံပါပါတယ်(ပုံကြမ်းပါ)
လိုအပ်တဲ့စာရွက်စာတမ်းတွေ အပြည့်စုံယူသွားပါ။
(မသိရင် ဒီGroup ရဲ့ pin post မှာဖတ်ကြည့်ပါ)
မိတ္တူ -၂ စုံစီကူးသွားပါ။
အဆင့်တွေအလိုက် လိုအပ်တဲ့စာရွက်စာတမ်းတွေထုတ်ထားဖို့ စာကပ်ထားပါတယ်။ ရှေ့ကနေလဲ ပြောပေးနေပါတယ်။ မပြည့်မစုံသွားရင်တော့ $ပိုယူသွားပါ။ (ကျနော်ကတော့ စလစ်ရပီးသည်အထိ တံဆိပ်တုံးထုတဲ့ ၁၀၀၀ ပဲကုန်ခဲ့ပါတယ်😁😁)
#လမ်းညွှန်မြေပုံ
အဝါရောင်တွေက မဖြစ်မနေ လူတိုင်းလုပ်ရမဲ့အဆင့်တွေပါ။
ဖတ်ကြည့်လိုက်တော့။
နားမလည်ရင် ပြန်မေး။ 👌👌
#Passport-QR date ကတော့(01-Nov-2023)ကိုရောက်လာပါပြီ၊
2023-Oct မှာပြန်ရောက်ဖို့သေချာသူများနဲ့ သင်္ဘောသားလူသစ် စပြီးလုပ်မဲ့သူများ QR ယူထားရင် ပိုအဆင်ပြေ နိုင်ပါတယ် ကိုယ်တိုင်ယူရင်လည်းလွယ်ကူပါတယ်၊
#Passport လုပ်မယ်ဆိုရင်
သိထားရမည့် ကိစ္စအချို့ကိုပြောပြပေးပါမယ်။
-အိမ်ထောင်စုစာရင်း ပုံစံ (၆၆/၆) ဖြစ်ဖို့လိုပါတယ်။
-ပုံစံ (၁၀) ဖြင့်မရပါ
-သွေးနှော များ စလစ်ရပြီး စာအုပ်ထွတ်ဖို့က ၂-၆ လ ကြာမြင့်ပါတယ်။
အခြေခံကျတဲ့ အချက်ပဲဖော်ပြပေးထားပါတယ်။
တစ်ချို့ကိစ္စများ ဖော်ပြပေးဖို့အဆင်မပြေလို့ မပြောတော့ပါဘူး။
စင်ကာပူနိုင်ငံတွင် မြန်မာနိုင်ငံကူးလက်မှတ်ပတ်စ်ပို့ပျောက်ဆုံးပါက
ပြန်လည်လျှောက်က်ထားရန် လိုအပ်သည်များ...👆🏻
Passport အမျိုးအစားများ နှင့် သိထားစရာအချက်များ🛂
🟡Passport အမျိုးအစား အနေနှင့် (၉) မျိုးရှိပါတယ်
🔹PB = Business Passport (ပြည်ပသို့အလုပ်အကိုင်ကိစ္စနှင့်သွားသူများ)
🔹PT = Dependent Passport (ပြည်ပတွင်အလုပ်လုပ်ကိုင်နေသော ခင်ပွန်း/ဇနီး နဲ့လိုက်နေထိုင်သူ/မှီခိုများ)
🔹PJ = Job Passport (ပြည်ပမှာ တရားဝင် အလုပ်လုပ်ကိုင်နေသောသူများ)
🔹PR = Religious Passport (သာသနာရေးနှင့် ပတ်သတ်သော နိုင်ငံသားများ)
🔹PS = Seaman Passport (သဘောင်္သားများ)
🔹PE = Student Passport (ပြည်ပသို့ကျောင်သွားတတ်မည့်သူများ)
🔹PV = Visit Passport (ပြည်ပသို့သွားရောက်လည်ပတ်ပတ်မည့်သူများ)
🔹PD = Diplomatic Passport (ပြည်ပသို့ သံတမန်ရေးရာ ကိစ္စရပ်များနှင့်ပတ်သတ်သောသူများ)
🔹PO = Official Passport (အစိုးရဝန်ထမ်းများ)
➡️ပြည်ပသို့ လေကြောင်းဖြင့် သွားရောက်မယ်ဆို PJ နှင့် PE passport type (၂) မျိုး သည်သာ (one way flight ticket) ဝယ်ယူပြီး သွားရောက်လို့ ရပါတယ်
➡️ပြည်ပသို့ သွားရောက်မယ်ဆို PJ Passport အမျိုးစား ကိုင်ဆောင်သူများသည် အလုပ်သမားဦးစီးရုံးကထုတ်ပေးတဲ့ OWIC card (Oversea Worker identification Card) လိုအပ်ပါတယ်
➡️အခြား passport အမျိုးစား ကိုင်ဆောင်ထားသူတွေကတော့ ပြည်ပသို့သွားရောက်မယ်ဆို အသွားပြန်လေယာဉ်လက်မှတ်, ဟိုတယ် Booking, Show Money တို့ မဖြစ်မနေ လိုအပ်ကြောင်း ဗဟုသုတအနေနှင့် sharing လုပ်ပေးလိုက်ပါတယ်
