en
Feedback
လူငယ့်ခေတ်

လူငယ့်ခေတ်

Open in Telegram

လူငယ့်ခေတ်သည် မြန်မာနိုင်ငံရှိ လူငယ်များ အတွက် လိုအပ်သည့် သတင်းအချက်အလက်များကို မျှဝေမည့် သတင်းဌာနဖြစ်သည်။

Show more
460
Subscribers
No data24 hours
No data7 days
No data30 days
Posts Archive
“နန့်ယား ၊ ရေကာတ ၊ ခင်တောင်ရွာက ပြည်သူတချို့လည်း အဖမ်းခံထားရတယ်။ ပြန်မလွတ်သေးပါဘူး” ဟု ၎င်းကပြောသည်။ စစ်ကောင်စီတပ်သည် ဖားကန့်
“နန့်ယား ၊ ရေကာတ ၊ ခင်တောင်ရွာက ပြည်သူတချို့လည်း အဖမ်းခံထားရတယ်။ ပြန်မလွတ်သေးပါဘူး” ဟု ၎င်းကပြောသည်။ စစ်ကောင်စီတပ်သည် ဖားကန့်နယ်မြေကို အုပ်စိုးလိုသည့်အတွက် ယခုကဲ့သို့ ပြည်သူများကို သတ်ဖြတ် ဖမ်းဆီးနေခြင်းဖြစ်သည်ဟု ကချင် လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ တာဝန်ရှိသူက မှတ်ချက်ပြုသည်။ “သတ်ဖြတ်ခံရတဲ့ ပြည်သူတွေက လူငယ်တွေနဲ့ လူကြီးပိုင်းအရွယ် တွေပါ” ဟု ၎င်းကပြောသည်။ ============= ဖားကန့်မြို့နယ်တွင် မေလအတွင်း စစ်တပ်က အရပ်သား ပြည်သူ(၈)ဦးကိုသတ်ခဲ့ပြီး (၉၆)ဦးကျော် ဖမ်းဆီးထား၊ အရပ်သားအချို့ ယနေ့ အထိ မလွတ်သေး အပြည့်အစုံ ဖတ်ရှုရန် ● https://l1nq.com/1wyCm

“ကျွန်းက လက်ရှိအခြေနေက တည်ငြိမ်သွားပါပြီ။ ဒါပေမဲ့ စစ်ဘေးမီးဘေး ဒုက္ခသည်တွေအတွက်တော့ အစားသောက်အနေထိုင်ကစ တော် တော်ခက်ခဲနေပါတယ်
“ကျွန်းက လက်ရှိအခြေနေက တည်ငြိမ်သွားပါပြီ။ ဒါပေမဲ့ စစ်ဘေးမီးဘေး ဒုက္ခသည်တွေအတွက်တော့ အစားသောက်အနေထိုင်ကစ တော် တော်ခက်ခဲနေပါတယ်။ မီးဘေးက ၂၇ရွာထိ မီးရှို့ခံရတာပါ။ အိမ်ခြေ ၆၅၀ ကျော် မီးဘေးသင့်ခဲ့တယ်။ စစ်ဘေးဒုက္ခပြည်သူ ၄ ဦး ပစ်သတ်ခံရတယ်။ ပြည်သူဒဏ်ရာရ ၁၀ ဦးကျော်ရှိတယ်” ဟု ၎င်းကဆိုသည်။ မေလ (၂၆) ရက်နေ့မှ မေလ (၂၉) ရက်နေ့အထိ စစ်တပ်ကအင်အား (၂၅၀) ဝန်းကျင်ဖြင့် စစ်ကြောင်းများခွဲကာ ရေလယ်ကျွန်းဒေသကို ဝင်ရောက်လာခဲ့ပြီး အပြစ်မဲ့ပြည်သူများကို ဖမ်းဆီးခြင်း၊ နှိပ်စက်ညှဉ်းပန်း ပစ်ခတ်သတ်ဖြတ်ခြင်း၊ ပြည်သူပိုင်ပစ္စည်းဥစ္စာများကို ခိုးယူ လု ယက်ယူဆောင်ခြင်းနှင့် နေအိမ်များကို မီးရှို့ဖျက်ဆီးခြင်း စသည့် စစ်ရာဇဝတ်မှုများကို ကျူးလွန်လုပ်ဆောင်ခဲ့ကြောင်းရေစကြို မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က သတင်းထုတ်ပြန်ထားသည်။ ============== ရေလယ်ကျွန်းဒေသတွင် စစ်တပ်က ကျေးရွာ ၂၇ ရွာထိ မီးရှို့ခဲ့သောကြောင့် ဒေသခံအများအပြားအိုးမဲ့အိမ်မဲ့ဖြစ်ပြီး အခက်အခဲဖြစ်နေ အပြည့်အစုံ ဖတ်ရှုရန် ● https://encr.pw/RcwbP

“မြို့နယ်ထဲမှာရှိတဲ့ လယ်ယာမြေ ၉၀ ရာခိုင်နှုန်းလောက်ကို ပျက်စီးသွားတာ။ နှုံး ဖုံးသွားရင်တောင် စိုက်လို့ ပျိုးလို့ကောင်းဦးမယ်။
“မြို့နယ်ထဲမှာရှိတဲ့ လယ်ယာမြေ ၉၀ ရာခိုင်နှုန်းလောက်ကို ပျက်စီးသွားတာ။ နှုံး ဖုံးသွားရင်တောင် စိုက်လို့ ပျိုးလို့ကောင်းဦးမယ်။ အခုဟာကသဲဖုံးသွားတော့ ဘာမှလုပ်မရတော့ဘူး။ လုံးလုံးပစ်လိုက်ရမယ့် လယ်တွေတောင်ရှိတယ်”ဟု ဆင်ဖြူကျွန်းမြို့နယ်အတွင်းရှိ ဒေသခံတစ်ဦးကဆိုသည်။ မိုခါမုန်တိုင်းဒဏ်ကြောင့် စလင်းချောင်းရေမြင့်တက်လာပြီး ဆင်ဖြူကျွန်းမြို့အပါအဝင် ကျေးရွာပေါင်း ၈၀ ကျော် ရေနစ်မြုပ်ခဲ့ပြီး လက်ရှိတွင် ပြည်သူမှ ပြည်သူသို့ကူညီထောက်ပံ့မှုကြောင့် ရေဘေးသင့်ပြည် သူ ၉၀ ရာခိုင်နှုန်းခန့် ပုံမှန်အခြေအနေသို့ပြန်လည်ရောက်ရှိလျက်ရှိကြောင်း ၎င်းကဆက်လက်ရှင်းပြသည်။ ============== မုန်တိုင်းကြောင့် ပျက်စီးခဲ့သည့် စိုက်ပျိုးမြေများ ဆောင်းရာသီမှ ပြန်စိုက်နိုင်မည် အပြည့်အစုံ ဖတ်ရှုရန် ● https://l1nq.com/RcBfC

တရုတ်ဝမ်ပေါင်ကြေးနီစီမံကိန်းက ရဲကင်းဂိတ်ကို တော်လှန်ရေးတပ်တွေဝင်ရောက်တိုက်ခိုက်(ရုပ်သံ) အပြည့်အစုံ ကြည့်ရှုရန် ● https://encr
တရုတ်ဝမ်ပေါင်ကြေးနီစီမံကိန်းက ရဲကင်းဂိတ်ကို တော်လှန်ရေးတပ်တွေဝင်ရောက်တိုက်ခိုက်(ရုပ်သံ) အပြည့်အစုံ ကြည့်ရှုရန် ● https://encr.pw/VBWnF

"စစ်တပ်က ကြက်တူရွေးရွာနဲ့ သဲအင်းရွာကူးနေတာ။ မီးကလည်း မေလ ၃၀ ရက်နေ့အထိ ကျန်တာလေးတွေကို ရှို့တုန်းဆိုတော့ ကျွန်မတို့အခုထိရွာထဲဝ
"စစ်တပ်က ကြက်တူရွေးရွာနဲ့ သဲအင်းရွာကူးနေတာ။ မီးကလည်း မေလ ၃၀ ရက်နေ့အထိ ကျန်တာလေးတွေကို ရှို့တုန်းဆိုတော့ ကျွန်မတို့အခုထိရွာထဲဝင်လို့မရသေးဘူး။ အခုက တစ်ပတ်ကျော်လာတော့ ကျွေးတဲ့သူတွေလည်းခက်ခဲ ကိုယ်လည်းအားနာဖြစ်ရတာပေါ့" ဟု စစ်ဘေးဒုက္ခသည်တစ်ဦးက ပြောသည်။ စစ်တပ်မီးရှို့မှုကြောင့် ဟင်္သာမအုပ်စုအတွင်းရှိ တမာကုန်း၊ ဟင်္သာမ၊ ကြက်တူရွေး၊ သဲအင်းကျေးရွာနှင့် ကျွန်းကြီးကျေးရွာများမှ ဒေသခံ (၉) ထောင်ဝန်းကျင် ယနေ့အထိရှောင်တိမ်းနေရပြီး စားသောက်နေထိုင်ရေးခက်ခဲနေခြင်းဖြစ်သည်ဟု ဆိုကြသည်။ ============== ရွာမီးရှို့ခံရသည့် စဉ့်ကူးမှ ဒေသခံတစ်သောင်းနီးပါး ရွာအတွင်းပြန်မဝင်နိုင်သေးသဖြင့် ရိက္ခာခက်ခဲလာ အပြည့်အစုံ ဖတ်ရှုရန် ● https://shorturl.at/aiQ78

ကျွန်တော်တို့ အနေနဲ့ကတော့ ကျောင်းစဖွင့်ကတည်းက အစိုးရနဲ့ပေါင်းပြီးတော့ စာမေးပွဲဖြေတာထပ် ကလေးတွေက မြန်မာပြည်ထဲမှာ ကျောင်းသွားတတ
ကျွန်တော်တို့ အနေနဲ့ကတော့ ကျောင်းစဖွင့်ကတည်းက အစိုးရနဲ့ပေါင်းပြီးတော့ စာမေးပွဲဖြေတာထပ် ကလေးတွေက မြန်မာပြည်ထဲမှာ ကျောင်းသွားတတ်တာမျိုးတွေရှိတယ်။ ဒီကနေပြီးတော့ သွားဖြေတာမျိုးတွေ တော့မရှိပါဘူး။ ဆိုလိုတာက အရင်တုန်းက ကျွန်တော်တို့က ၈ တန်းအထိပဲထားတယ်။ ၅တန်းအောင်တယ် ၆ တန်းတက်မယ့်ကလေးတွေကို ကျွန်တော်တို့လက်မှတ်နဲ့ အစိုးရအဆက်ဆက်က လက်ခံထားတယ်။ အခုကျတော့ ပြန်တဲ့ကလေးက နည်းလာတယ်။ အဲဒါကြောင့်မို့ ၉ တန်း၊ ၁၀ တန်း ဒီနှစ်ဆို ၁၁ တန်းအထိ ဖွင့်လိုက် ရတာပေါ့။ ၂၀၂၁ တုန်းကတော့ ကျွန်တော်တို့ ၉ တန်းအထိ ဖွင့်တယ်။ ၂၀၂၂နှစ်မှာ ၁၀ တန်း၊ ဒီနှစ်ကစပြီး ၁၁ တန်း ထိဖွင့် တယ်။ ခါတိုင်းဆို ကျွန်တော်တို့ဆီက ကလေးတွေ ဒီမှာလည်း ကျောင်းအပြည့်ဝ တက်သွားတယ်။ ကျောင်းက လည်း ထောက်ခံစာအောင်လက်မှတ်ထုတ်ပေးလိုက်တယ်။ အခုကျတော့ မြိတ်မြို့မှာရှိတဲ့ ပုဂ္ဂလိက ကျောင်းတစ်ကျောင်းက အဲဒီကလေးကို ငြင်းပယ်တယ်လို့ကြားရတယ်။ ============ ကျောင်းသားဦးရေ တိုးလာသည့်အတွက် စာသင်ခန်းအခက်အခဲရှိနေ” (အင်တာဗျူး) အပြည့်အစုံ ဖတ်ရှုရန် ● https://shorturl.at/qCFP3

“အခုလာမယ့်မုန်တိုင်းအတွက်ကြိုတင်ပြင်ဆင်တာတွေတော့မလုပ်နိုင်သေးဘူး။ ဒါပေမဲ့ ဒေသခံတွေ ရွာခံတွေကအစ ဒီသတင်းကိုတော့သိထားကြတယ်။ မိုခ
“အခုလာမယ့်မုန်တိုင်းအတွက်ကြိုတင်ပြင်ဆင်တာတွေတော့မလုပ်နိုင်သေးဘူး။ ဒါပေမဲ့ ဒေသခံတွေ ရွာခံတွေကအစ ဒီသတင်းကိုတော့သိထားကြတယ်။ မိုခါဝင်ပြီးနောက်ပိုင်းပြန်လည်ထူထောင်ရေးအပိုင်းမှာတောင် လိုအပ်ချက်တွေတော်တော်များနေသေးတယ်” ဟု မုန်တိုင်းဒဏ်သင့်ပြည်သူများကို ကူညီနေသည့် လူငယ်အမျိုးသမီးတစ်ဦးက လူငယ့်ခေတ်သို့ ပြောသည်။ မိုခါဆိုင်ကလုန်းမုန်တိုင်းဝင်ရောက်တိုက်ခတ်ပြီးသည့်အချိန်မှစ၍ ယနေ့တိုင်ခိုင်မာသည့် အမိုးအကာအောက်မရောက်နိုင်သေးသည့်ဒေသခံအများအပြားရှိနေသေးသည်ဟု ၎င်းကဆိုသည်။ ထို့ပြင် ၎င်းက “စကစရဲ့တစ်ချို့ပိတ်ဆို့မှုတွေကြောင့် စားနပ်ရိက္ခာမရောက်နိုင်သေးတဲ့နေရာတွေလည်း ရှိနေသေးတယ်။ ရွာတွေဘက်မှာဆိုလည်း ရေအခက်အခဲ ကြောင့်ကလေးတွေဝမ်းရေားဂါဖြစ်နေကြတယ်”ဟု ပြောသည်။ ============== 'မိုခါ' ကြောင့် ဒုက္ခရောက်နေသဖြင့် နောက်တစ်ပတ်အတွင်းဖြစ်ပေါ်မည့် မုန်တိုင်းအတွက် ရခိုင်ပြည်သူများ မပြင်ဆင်နိုင်သေး အပြည့်အစုံ ဖတ်ရှုရန် ● https://shorturl.at/aioJT

"စစ်ကောင်စီကို အစိုးရတစ်ရပ်အနေနဲ့ အသိအမှတ်မပြုဖို့ အလုပ်သမားထုကလိုလားတာ"ဟု FGWM လက် အောက်ရှိ အလုပ်သမားသမဂ္ဂဝင်တစ်ဦးက လူငယ့်ခ
"စစ်ကောင်စီကို အစိုးရတစ်ရပ်အနေနဲ့ အသိအမှတ်မပြုဖို့ အလုပ်သမားထုကလိုလားတာ"ဟု FGWM လက် အောက်ရှိ အလုပ်သမားသမဂ္ဂဝင်တစ်ဦးက လူငယ့်ခေတ်သို့ ပြောသည်။ ILOညီလာခံကို ယခုလအတွင်းပြုလုပ်ရန်ရှိပြီး ယမန်နှစ်ကလည်း စစ်ကောင်စီကိုတက်ရောက်ခွင့်မပေးရန် တောင်းဆိုခဲ့ကြသည်။ ယမန်နှစ်က ပြည်တွင်း၊ ပြည်ပအလုပ်သမားများအပြင် နိုင်ငံတကာအလုပ်သမားအဖွဲ့များကလည်း ပူးပေါင်း တောင်းဆိုခဲ့ကြရာ ILOက မြန်မာအစိုးရကိုယ်စားပြုတက်ရောက်ခွင့်မပြုခဲ့ကြောင်း မှတ်တမ်းများအရသိရသည်။ ============ ILO ညီလာခံသို့ စစ်ကောင်စီကိုတက်ရောက်ခွင့်မပေးရန် အလုပ်သမားများတောင်းဆို အပြည့်အစုံ ဖတ်ရှုရန် ● https://shorturl.at/AJVW8

"တံတားတွေ ထိတာဗျ။ တံတားတော်တော်များများ ပျက်စီးစာရင်းအသေးစိတ် အတိအကျတော့ မသိရသေးဘူး။ ကျေးရွာတစ်ရွာကဆိုရင် ချောင်းရေကျလို့ ကမ်
"တံတားတွေ ထိတာဗျ။ တံတားတော်တော်များများ ပျက်စီးစာရင်းအသေးစိတ် အတိအကျတော့ မသိရသေးဘူး။ ကျေးရွာတစ်ရွာကဆိုရင် ချောင်းရေကျလို့ ကမ်းပါးပြို တာ နေအိမ်မှာ မနေရဲတော့လို့ နေအိမ်ပါဖျက်လိုက်ရတာ။ ကမ်းပါးပြိုတာနဲ့ နေအိမ်နဲ့က ကပ်နေတာ ပြန်လည်ပြင်ဆင်ရေးက ပြင်လို့ မရသေးဘူး။ ပြင်လဲ မပြင်နိင်လောက်ဘူး ပြည်သူတွေက အခု စားဖို့တောင်အနိုင်နိုင်ပါ " ဟု ကနီမြို့နယ် PDF ကျောက်လုံးကြီးတပ်မဟာ မှ တာဝန်ရှိသူတစ်ဉီး က လူငယ့်ခေတ် သို့ ပြောသည်။ ကနီမြို့နယ်တွင် မုန်တိုင်းတိုက်ခတ်သည့်မေလ ၁၅ရက်နေ့ကစတင်ပြီး စစ်ကောင်စီ မှ စစ်ကြောင်းထိုး တိုက်ခိုက်မှုများကြောင့် ဒေသခံ သောင်းချီမှာ မုန်တိုင်းကြားတွင် ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။ ============= ကနီတွင် မုန်တိုင်းကြောင့် ပျက်စီးခဲ့သည့် လမ်းတံတား၊ နေအိမ်များ ပြုပြင်ရန် ခက်ခဲနေဆဲ အပြည့်အစုံ ဖတ်ရှုရန် ● https://shorturl.at/chjkV

လက်ပံတောင်းတောင်ပြည်သူတွေ စစ်အာဏာရှင်ဆန့်ကျင်ရေး ချီတက်ဆန္ဒပြ လူငယ့်ခေတ် မေ ၃၁ “တောင်တန်းမြေပြန့် အတူချီတက် ဖက်ဆစ်ဝါဒ အမြစ်ဖြ
+2
လက်ပံတောင်းတောင်ပြည်သူတွေ စစ်အာဏာရှင်ဆန့်ကျင်ရေး ချီတက်ဆန္ဒပြ လူငယ့်ခေတ် မေ ၃၁ “တောင်တန်းမြေပြန့် အတူချီတက် ဖက်ဆစ်ဝါဒ အမြစ်ဖြတ်”စာတန်းကိုင်စွဲကာ လက်ပံတောင်းတောင်ဒေသခံ ပြည်သူတွေဟာ ဒီကနေ့မှာ စစ်အာဏာရှင်ဆန့်ကျင်ရေး ချီတက်ခဲ့ကြပါတယ်။ အာဏာသိမ်းစစ်တပ်က စစ်ကိုင်းတိုင်းကို မြေပြင်ထိုးစစ်တွေ၊လေကြောင်းတွေကနေ ပစ်ခတ်တိုက်ခိုက်နေပေမယ့် စစ်ကိုင်းတိုင်းက ပြည်သူတွေဟာ နေ့စဉ်မပြတ် စစ်အာဏာရှင်အမြစ်ပြတ်ရေးသပိတ်တွေ ချီတက်ဆန္ဒပြနေကြပါတယ်။ ဓာတ်ပုံများ-Black Ko

အင်္ဂါနေ့က ထုတ်ပြန်ခဲ့သည့် နှစ်လည်အစီအရင်ခံစာတွင် ပင်လယ်ရေအပူချိန်မြင့်တက်လာခြင်းများကြောင့် ဖမ်းဆီးရမှုနည်းပါးခြင်းသည် ဆက်လက
အင်္ဂါနေ့က ထုတ်ပြန်ခဲ့သည့် နှစ်လည်အစီအရင်ခံစာတွင် ပင်လယ်ရေအပူချိန်မြင့်တက်လာခြင်းများကြောင့် ဖမ်းဆီးရမှုနည်းပါးခြင်းသည် ဆက်လက်ဖြစ်နိုင်ချေရှိသည်ဟု ဆိုထားသည်။ အမျိုးအစားအလိုက်ဆိုလျှင် ဆမ်းမငါးများမှာ ယခင်နှစ်နှင့်ယှဥ်လျှင် ၅.၆ ရာခိုင်နှုန်းကျဆင်းပြီး တန်ချိန် ၁၈,၄၀၀ တန်သာရရှိကာ ၊ ကင်းမွန်များမှာ ၈.၃ ရာခိုင်နှုန်းကျဆင်းပြီး တန်ချိန် ၂၉၇၀၀ တန်နှင့် ရေဘဝဲများမှာ ၁၈.၇ ရာခိုင်နှုန်း (တန်ချိန် ၂၂၂၀၀ တန်) သာရှိခဲ့သည်ဟု သိရသည်။ Miyagi နှင့် Aichi စီရင်စုများတွင် ဆာဒင်းငါးများမှာ ၄.၂ ရာခိုင်နှုန်းကျဆင်းသွားပြီး တန်ချိန် ၆၁၃၂၀၀ သာ ဖမ်းဆီးရမိခဲ့သည်။ Ibaraki နှင့် Min စီရင်စုများတွင် မက်ကရယ်ငါးရရှိမှုမှာ ၂၈.၅ ရာခိုင်နှုန်းကျဆင်းကာ တန်ချိန် ၃၁၅,၉၀၀ တန်သာရခဲ့သည်။ ============ ဂျပန်တွင် ပင်လယ်စာများဖမ်းဆီးရမှုသည် စံချိန်တင်နည်းပါးခဲ့သော်လည်း ဆယ်လ်မွန်များနှင့်ငါးနီတူများ အများအပြားရှိနေဆဲဖြစ် (ဘာသာပြန် သတင်း) အပြည့်အစုံ ဖတ်ရှုရန် ● https://l1nq.com/ywwwm

လာမည့် ဇွန်လ ၆ ရက်နေ့တွင် ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်းတွင် လေပွေလှိုင်းတစ်ခု စတင်ဖြစ်ပေါ် လာနိုင်ပြီး အဆိုပါလေပွေလှိုင်းသည် ဇ
လာမည့် ဇွန်လ ၆ ရက်နေ့တွင် ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်းတွင် လေပွေလှိုင်းတစ်ခု စတင်ဖြစ်ပေါ် လာနိုင်ပြီး အဆိုပါလေပွေလှိုင်းသည် ဇွန်လ ၇ ရက်နေ့တွင် လေဖိအားနည်းရပ်ဝန်းမှ မုန်တိုင်းငယ်အဖြစ် သို့ အဆင့်ဆင့်အားကောင်းလာကာ ဇွန်လ ၉ ရက်နေ့တွင် ဆိုင်ကလုန်းအမည်ရ မုန်တိုင်းအဆင့်သို့ ရောက်ရှိလာနိုင်ကြောင်း မိုးလေဝသခန့်မှန်းသူဦးဝင်းနိုင်က ခန့်မှန်းပြောပြထားသည်။ ဦးဝင်းနိုင်က “အခုဖြစ်လာနိုင်တာက ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်း ဧရာဝတီမြစ်ဝကျွန်းပေါ်ကမ်းရိုးတန်း ကပ်လျက်မှာ လေဖိအားနည်းရပ်ဝန်း လေပွေလှိုင်း စပြီးတော့ ဖြစ်တယ်။ မိုခါလိုမျိုး ပင်လယ်ပြင်အကျယ်ကြီးကနေ အားတွေစုပြီး လာတာမဟုတ်ဘူး။ ကမ်းရိုးတန်းနားကနေ ကပ်ပြီးတော့၊ ကမ်းရိုးတန်းနဲ့ မိုင် ၈၀၊၉၀ လောက်ပဲကွာတယ်” ဟု လူငယ့်ခေတ်သို့ ပြောသည်။ ============ မုန်တိုင်းကြောင့် ရခိုင်အပါအဝင် ပြည်နယ်နှင့်တိုင်း ၈ ခုတွင် မိုးကြီးနိုင် အပြည့်အစုံ ဖတ်ရှုရန် ● https://l1nq.com/UmlU4

စစ်အာဏာသိမ်းမှု မတိုင်ခင် ၂၀၂၀ ပြည့်နှစ်က ပြည်တွင်းအလုပ်လက်မဲ့နှုန်းမှာ ၀ဒသမ၁၇ရာခိုင်နှုန်းသာရှိပြီးအာဏာသိမ်းခဲ့သည့် ၂၀၂၁ ခုန
စစ်အာဏာသိမ်းမှု မတိုင်ခင် ၂၀၂၀ ပြည့်နှစ်က ပြည်တွင်းအလုပ်လက်မဲ့နှုန်းမှာ ၀ဒသမ၁၇ရာခိုင်နှုန်းသာရှိပြီးအာဏာသိမ်းခဲ့သည့် ၂၀၂၁ ခုနှစ်တွင် ၁ဒသမ၃၃ရာခိုင်နှုန်း၊ ၂၀၂၂ ခုနှစ်တွင် ၂ဒသမ၅၃ရာ ခိုင်နှုန်းရှိကာ ၂၀၂၃ ခုနှစ်တွင် ၃ဒသမ၆၉ရာခိုင်နှုန်းအထိရှိလာသည်ဟု ယင်းအစီရင်ခံစာပါစာရင်းများအရသိရသည်။ အဆိုပါစစ်တမ်းကို အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၏၂၀၁၅ခုနှစ်မြန်မာနိုင်ငံလုပ်သားအင်အား၊ကလေးလုပ်သားနှင့်ကျောင်းပြီးလုပ်ငန်းခွင်အကူးအပြောင်းဆန်းစစ်ခြင်း စစ်တမ်း၊ ၂၀၁၇၊၂၀၁၈၊၂၀၁၉ လုပ်သားအင်အားစစ်တမ်းနှစ်ပတ်လည်ပင်မအစီရင်ခံစာပါကိန်းဂဏန်းအချက်အလက်များ၊ ၂၀၁၄လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်းနှင့် ၂၀၁၉ ကြားဖြတ်လူဦးရေသန်းခေါင်စာရင်းပါ အချက်အလက် များကိုအခြခံတွက်ချက်ထားခြင်းဖြစ်ကြောင်းအစီရင်ခံစာကဆိုသည်။ ============ စစ်အာဏာသိမ်းကာလအတွင်းအလုပ်လက်မဲ့ဦးရေ အဆမတန်တိုးလာဟုဆို အပြည့်အစုံ ဖတ်ရှုရန် ● https://encr.pw/0OvEh

"ပြေးနေရတာပေါ့။ နေပူကြီးထဲဝေးဝေးပြေးလို့လည်းမရဘူး။ စစ်ကြောင်းတွေက ပတ်လည်ကလာနေလို့ ကပ်ရှောင်နေရတာ"ဟု မင်းကုန်းကျေးရွာမှ ဒေသခံတ
"ပြေးနေရတာပေါ့။ နေပူကြီးထဲဝေးဝေးပြေးလို့လည်းမရဘူး။ စစ်ကြောင်းတွေက ပတ်လည်ကလာနေလို့ ကပ်ရှောင်နေရတာ"ဟု မင်းကုန်းကျေးရွာမှ ဒေသခံတစ်ဦးက လူငယ့်ခေတ်သို့ပြောသည်။ ယမန်နေ့ (မေလ ၃၀ ရက်) ညနေမှစတင်ကာ ချပ်ပြဲကျေးရွာမှ နေအိမ်တချို့ကိုစစ်တပ်က မီးရှို့ဖျက် ဆီးခဲ့ပြီးနောက် လှတောကျေးရွာဘက်မှ စစ်ကြောင်း၊ စိုနိုင်ကွေ့ (ဟန်လင်းကျေးရွာအနီး)မှ စစ်ကြောင်းတစ်ကြောင်းနှင့် ရွှေဘိုမြို့နယ်ဘက်မှ စစ်ကြောင်းနှစ်ကြောင်းထိုးကာ ကျေးရွာများကိုဝင်ရောက် မွှေနှောက်နေခြင်းဖြစ်ကြောင်း ဒေသခံများက ဆိုသည်။ ============ ဝက်လက်နယ်အရှေ့ခြမ်းကို စစ်တပ်က စစ်ကြောင်း ၄ ကြောင်းဖြင့်ထိုးစစ်ဆင်နေ၊ ပြည်သူသောင်းချီ ထွက်ပြေးနေရ အပြည့်အစုံ ဖတ်ရှုရန် ● https://l1nq.com/P7FZT

"သူတို့ (စစ်ကောင်စီတပ်) စာကပ်တဲ့နေရာတွေက ခဏခဏအတိုက်ခံနေရတဲ့နေရာတွေ။ အခုစာကပ်ပြီးပြေးပြေးနေတာ။ သူတို့အင်အားချိနဲ့လာတာကိုပြတာပေ
"သူတို့ (စစ်ကောင်စီတပ်) စာကပ်တဲ့နေရာတွေက ခဏခဏအတိုက်ခံနေရတဲ့နေရာတွေ။ အခုစာကပ်ပြီးပြေးပြေးနေတာ။ သူတို့အင်အားချိနဲ့လာတာကိုပြတာပေါ့။ တိုက်တာမနိုင်တော့ စစ်ကောင်စီကဝါဒဖြန့်ဗျုဟာသုံးနေတာ" ဟု ဘက်မလိုက်ပြောက်ကျားအဖွဲ့ (တနင်္သာရီ) က တာဝန်ရှိသူတစ်ဦးက ပြောသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၉ ရက်နေ့က မြိတ်ခရိုင်ရှိ စစ်ကောင်စီ၏ တပ်ရင်း ၅၆၁ အနီးတစ်ဝိုက်ဖြစ်သည့် ညောင်ပင်ကွင်းရွာ အရှေ့ကမ်းနှင့် အနောက်ကမ်းများတွင် စစ်ကောင်စီဝါဒဖြန့်စာရွက်များကို လျှပ် တစ်ပြက်လိုက်ကပ်ပြီး လမ်းသွားလမ်းလာများကိုလည်း လက်ကမ်းစာစောင်များဝေကာ တပ်ရင်းတွင်းသို့ ပြန်လည်ဝင် ပြေးသွားကြောင်း ဘက်မလိုက်ပြောက်ကျားအဖွဲ့က ဆိုသည်။ ============ တနင်္သာရီ မြို့နယ်တွင် NUG နှင့် PDF မကောင်းကြောင်းလက်ကမ်းစာစောင်များဖြန့်ဝေနေ အပြည့်အစုံ ဖတ်ရှုရန် ● https://l1nq.com/72cc5

ကမ္ဘာ့ဘဏ်၏ အချက်အလက်များအရ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင်အလွန် အမင်းဆင်းရဲမွဲတေမှုသည် ၂၀၀၀ ပြည့်နှစ်တွင် ၃၄ ရာခိုင်နှုန်းရှိနေရာမှ
ကမ္ဘာ့ဘဏ်၏ အချက်အလက်များအရ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင်အလွန် အမင်းဆင်းရဲမွဲတေမှုသည် ၂၀၀၀ ပြည့်နှစ်တွင် ၃၄ ရာခိုင်နှုန်းရှိနေရာမှ ၂၀၁၆ ခုနှစ်တွင် ၁၃ ရာခိုင် နှုန်းသို့ရောက်သွားခဲ့သည်ဟုသိရသည်။ သို့သော်လည်း လူပေါင်းသန်း ၁၇၀ နီးပါးရှိသည့် နိုင်ငံထဲတွင် မြင့်တက် လာသည့် လူနေမှုစရိတ်များက မညီမျှမှုကို ပိုဆိုးရွားလာစေသောကြောင့် ထို တိုးတက်မှုသည် အမှန် တကယ်ပုံရိပ်ကို မပြနိုင်ဟု ကုလသမဂ္ဂမှ ဆင်းရဲမွဲတေမှုနှင့်လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ် Olivier De Schutter ကဆိုသည်။ ============== ရာသီဥတုပြောင်းလဲမှု၊ ကိုဗစ်နှင့် ငွေကြေးဖောင်းပွမှုတို့ကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် လူတန်းစားမညီမျှမှုမြင့်တက်လာဟု ကုလသမဂ္ဂက ပြော (ဘာသာပြန်သတင်း) အပြည့်အစုံ ဖတ်ရှုရန် ● https://l1nq.com/pjEGz

“လယ်ယာလုပ်နေရင်း စစ်ကြောင်းနဲ့တိုးပီး အဖမ်းခံရတယ်လို့ သိရတယ်။ ယောကျာ်းသားတွေပါ ။ လူလတ်ပိုင်းအရွယ်တွေ ဖြစ်ဖို့များတယ်၊ အတိအကျတ
“လယ်ယာလုပ်နေရင်း စစ်ကြောင်းနဲ့တိုးပီး အဖမ်းခံရတယ်လို့ သိရတယ်။ ယောကျာ်းသားတွေပါ ။ လူလတ်ပိုင်းအရွယ်တွေ ဖြစ်ဖို့များတယ်၊ အတိအကျတော့ အတည်မပြုနိုင်သေးဘူး။ မနေ့က တန့်ဆည်ကနေ ရေဦးမြောက်ခြမ်းကို ထပ်ထွက်လာပီး လူသားဒိုင်းတွေနဲ့အတူ မုံတိုင် ပင်ရွာကို ဝင်တယ်”ဟု ၎င်းကဆိုသည်။ ဖမ်းဆီးခံထားရသူများသည့် တန့်ဆည်နယ်တောင်ဘက်ခြမ်း ရွှေတကျေးရွာနေ ဒေသခံ (၄)ဦး၊ ရေဦးနယ် ပေကုန်းရွာက ဒေသခံ (၃)ဦး ၊ ရွာဗုကြီးရွာနေ ဒေသခံတစ်ဦး အပါအဝင် ၈ ဦး ထက်မနည်း ဖမ်းဆီးထားပြီး လက်ရှိအချိန်ထိ ပြန်လည်လွှတ်ပေးခြင်းမရှိသေးကြောင်း ၎င်းကပြောသည်။ ============= ရေဦးမြို့မြောက်ပိုင်းတစ်လျှောက် စစ်တပ်က စစ်ကြောင်းဆက်ထိုးနေ၊ ဒေသခံ ၈ ဦးကို ဖမ်းဆီးကာ လူကာဒိုင်းအဖြစ် အသုံးပြု အပြည့်အစုံ ဖတ်ရှုရန် ● https://encr.pw/t5pW7

စစ်ကိုင်းကနေ မုံရွာဘက် လက်နက်သယ်လာတဲ့ စစ်တပ်ယာဉ်တန်းကို တော်လှန်ရေးတပ်တွေတိုက်ခိုက် (ရုပ်သံ) အပြည့်အစုံ ကြည့်ရှုရန် ● https:/
စစ်ကိုင်းကနေ မုံရွာဘက် လက်နက်သယ်လာတဲ့ စစ်တပ်ယာဉ်တန်းကို တော်လှန်ရေးတပ်တွေတိုက်ခိုက် (ရုပ်သံ) အပြည့်အစုံ ကြည့်ရှုရန် ● https://encr.pw/5oH4X

" မုန်တိုင်းကြောင့်လမ်းတံတားအများကြီးပျက်တယ်။ ဆည်​မြောင်းပျက်တယ်။ ရေသောက်မြေ စိုက်ပျိုးဧရိယာ ၄၀၀၀၊ ၅၀၀၀ လောက်ကိုပေးနေတဲ့ရေကျေ
" မုန်တိုင်းကြောင့်လမ်းတံတားအများကြီးပျက်တယ်။ ဆည်​မြောင်းပျက်တယ်။ ရေသောက်မြေ စိုက်ပျိုးဧရိယာ ၄၀၀၀၊ ၅၀၀၀ လောက်ကိုပေးနေတဲ့ရေကျော်တံတားကြီးပျက်သွားတာက အဆိုးရွားဆုံးပျက် စီးမှုပဲ။ ပြီးတော့ ကျွဲ၊နွား၊ ဆိတ် အိမ်မွေးတိရိစ္ဆာန်အများအပြားသေတယ်" ဟု ပုလဲလူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီမှ ကိုတိုးဝေအောင်က လူငယ့်ခေတ်သို့ အတည်ပြုပြောသည်။ ထို့ပြင် မုန်တိုင်းကြောင့် ပျက်စီးခဲ့သည့် ဆည်မြောင်းရေသွင်းသည့်နေရာများကို အရေးပေါ်ပြုပြင်ရန်လိုအပ်နေကြောင်းလည်း ပုလဲလူထုတိုက်ပွဲ ဦးဆောင်ကော်မတီမှ သိရသည်။ ============= မိုခါမုန်တိုင်းဒဏ်ကြောင့် ပုလဲမြို့နယ်ရှိ ကျေးရွာပေါင်း ၃၀ ကျော် ရေမြုပ်ပျက်စီး၊ အရေးပေါ်အကူအညီများလိုအပ်နေ အပြည့်အစုံ ဖတ်ရှုရန် ● https://rb.gy/x1d9x

“လောလောဆယ်သူတိုကို သူ့တိုရုံးမှာပဲ ထိန်းချုပ်ထားတဲ့အခြေအနေပဲရှိသေးတယ်။ အရေးယူထားတာမျိုးတော့မဟုတ်သေးဘူး။ ပြစ်ဒဏ်လည်းမချရသေးဘူး
+1
“လောလောဆယ်သူတိုကို သူ့တိုရုံးမှာပဲ ထိန်းချုပ်ထားတဲ့အခြေအနေပဲရှိသေးတယ်။ အရေးယူထားတာမျိုးတော့မဟုတ်သေးဘူး။ ပြစ်ဒဏ်လည်းမချရသေးဘူး။ သူတိုရုံးမှာရှိနေသေးတယ်” ဟု ချောင်းဦးမြိုနယ်ရှိ ဒေသတွင်းကာကွယ်ရေးတပ်ဖွဲဝင်တစ်ဦးက လူငယ့်ခေတ်သို ပြောသည်။ ချောင်းဦးမြိုနယ်ကာကွယ်ရေးတပ်ဖွဲဝင်အချိုသည်လည်း ၂၀၂၂ ခုနှစ် သြဂုတ်လ (၂၉) ရက်နေ့က အမျိုးသမီး(၄)ဦးအပါဝင် လူငယ် (၇) ဦးကို မုဒိန်းကျင့်သတ်ဖြတ်ခဲ့သည်ဆိုသည့် စွပ်စွဲချက်များဖြင့် စစ်ကိုင်းတိုင်း၊ ပြည်သူ့အချုပ်ရေးအဖွဲနှင့် မုံရွာခရိုင်ပြည်သူ့အုပ်ချုပ်ရေးအဖွဲများက အဆင့်ဆင့် စစ်ဆေးမှုများပြုလုပ်နေကြောင်း သိရှိရသည်ဟုလူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီက မြေလတ်အသံသတင်းဌာန၏ ဆောင်းပါးတစ်ပုဒ်ကို ကိုးကားပြီး ဧပြီလကုန်ပိုင်းတွင်ထုတ်ပြန်ခဲ့သည်။ ============ မိန်းကလေးများအပါအဝင် လူငယ် (၇) ဦးအား သတ်မှုဖြင့် စွပ်စွဲခံထားရသည့် ချောင်းဦးပကဖအဖွဲ့ဝင်များအမှု (၉) လကြာသည်အထိ အရေးမယူနိုင်သေးဟုဆို အပြည့်အစုံ ဖတ်ရှုရန် ● https://rb.gy/8jlan