en
Feedback
ဘုရားတရားသံဃာ🙏🙏🙏

ဘုရားတရားသံဃာ🙏🙏🙏

Open in Telegram

{ဘုရားပုံတော်များကို လွတ်လပ်စွာ ပင့်ဆေါင်ပူဇော်နိုင်ရန်}🙏🙏🙏

Show more
1 585
Subscribers
+224 hours
+47 days
+2330 days
Posts Archive
- တစ်ခါတစ်လေ ဘုန်းကြီးတို့ ကျောင်းက ဆိုးသွမ်းတဲ့ ကိုယ်တော်လေးတွေ သတင်းကြားတယ်ဆိုလို့ရှိရင် “ဟာ၊ ဘယ်ကျောင်းထွက် ဆိုးတယ်” နဲ့ပြောကြတယ်၊ ဘုန်းကြီးတို့က မေးတယ်။ “မင်းတို့ အဲသလို ပြောစတမ်းဆိုလို့ရှိရင် ဒေဝဒတ်ဘယ်ကျောင်းထွက်တုန်း” လို့၊ ဒေဝဒတ်က “ဇေတဝန်ကျောင်းထွက်ပဲ”လို့၊ အဲဒါဆိုရင် “ဇေတဝန်ကျောင်း” အပြစ်တင်ရမလား၊ “ဒေဝဒတ်”အပြစ်တင်ရမလား၊ တချို့က ကျောင်းထွက်ဆိုပြီးတော့ကျောင်းကို ပုတ်ခတ်ပြီးတော့ ပြောလေ့ရှိတာကိုး။ ဒီတော့ ဒါတွေက မဆိုင်ဘူး။ သို့သော်လည်း မြန်မာစကားမှာ “သားသမီးမကောင်း ၊ မိဘခေါင်း” “တပည့်မကောင်း ၊ ဆရာ့ခေါင်း” ဆိုပြီးတော့ ခေါင်းပေါ်တော့ ရောက်တာပေါ့နော်။ အဲဒါဆိုရင် “ဒေဝဒတ်မကောင်း ဘုရားခေါင်း” ရောက်မှာပေါ့၊ အဲဒါကျတော့ ချန်ထားကြတယ်။ “ကာယကံရှင်ပုဂ္ဂိုလ်”နဲ့ အများကြီးဆိုင်တယ်။ ဒါကြောင့်မို့လို့ ဘုန်းကြီးတို့စာပေထဲမှာ . . . “ဥပဒသေမတ်တမဝေ ဟိ ပရာယတ်တာ(ပရသ်မိံ ပဋိဗဒ်ဓံ)၊ အညာ သဗ်ဗာ သမ်ပတိ အတ်တာဓိနာ ဧဝ” တဲ့၊ နည်းပေး၊လမ်းပြ လုပ်တာသည်ပင်လျှင် ဆရာသမားနဲ့ ပတ်သက်ပါတယ်တဲ့။ အားလုံးအောင်မြင်မှုဟာ ကိုယ့်ပေါ် မူတည်ပါတယ်တဲ့။ “ဆရာသမားဆိုတာ ဆုံးမသြဝါဒပေးရုံသာ တာဝန်ရှိတယ်”လို့ ဒီလိုပြောတယ်နော်။ အခြားအောင်မြင်မှုဟာ ကိုယ်နဲ့ဆိုင်တယ်ပေါ့။ အောင်မြင်မှု  ၊ ကျရှုံးမှု ဟာ “ကိုယ်နဲ့ပဲဆိုင်တယ်”ပေါ့။ ဒီလိုဆိုပါတယ် ။ ဒါက ပိုပြီးတော့ လက်တွေ့ကျတယ်။ ကျေးဇူးတော်ရှင် ပါမောက္ခချုပ်ဆရာတော် ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ 🙏🙏🙏 https://t.me/buddha1834

- လောကကြီး၌ သဘာဝဘေးအန္တရယ်များ ဖြစ်ပေါ်လာရခြင်းအကြောင်းအရင်း။ ----------------------- 🙏🙏🙏 #crd

- တစ်ယောက်တည်း နေခြင်းကို သင်ယူပါ။ တစ်ယောက်တည်း ထွက်ခွာသွားရန် ပြင်ဆင်ပါ။ လူတွေကြားမှာ မွေးလာခဲ့ပေမယ့် အဆုံးသတ်မှာတော့ လူတိုင်းဟာ တစ်ယောက်တည်းပဲ သွားရတာပဲ။ ဒါဟာ ဝမ်းနည်းစရာမဟုတ်ပါ။ ဒါဟာ ဘဝရဲ့ အမှန်တရားပါ။ တစ်ယောက်တည်းနေရတာက အားနည်းမှုမဟုတ်ပါ။ အများစုက တစ်ယောက်တည်းနေရတာကို အထီးကျန်ခြင်း၊ ဝမ်းနည်းခြင်း လို့ထင်ကြတယ်။ မြတ်ဗုဒ္ဓရဲ့အဆိုရ တစ်ယောက်တည်းနေရတာက စိတ်ဓာတ်တည်ငြိမ်မှုကို ဖွံ့ဖြိုးစေတယ်။ ဥပမာကိုယ့်စိတ်ရဲ့ အသံကို နူးညံ့စွာ နားထောင်နိုင်လာစေတယ်။ • ကိုယ့်အတွေးတွေကို မရှုပ်ထွေးဘဲ သဘောထား နားလည်လာစေတယ်။ • လူမရှိတဲ့အခါမှာတောင် ကိုယ့်အတွင်းထဲက အေးချမ်းမှုကို ကိုယ်တိုင် ရှာတွေ့နိုင်လာစေတယ်။ လူတွေက မမြဲပါ။ ချစ်ခြင်းလည်း မမြဲပါ။ ခန္ဓာကိုယ်လည်း မမြဲပါ။ ဒါကို သိလာတဲ့အခါ ဘယ်သူ့ကိုမှ အလွန်အမင်း မတွယ်ကပ်တော့ပါ။ အရာအားလုံးဟာ မမြဲဘူးလို့ နားလည်ထားသူ သင်ယူထားတဲ့သူက ဘယ်သူမှမရှိတော့လည်းလွယ်လွယ်နဲ့ ပြိုလဲမသွားနိုင်ပါ။ တစ်ယောက်တည်းသွားရမယ် ဆိုတာကို ကြောက်ကြတာ လူ့ရဲ့သဘာဝပဲ။ ထွက်ခွာခြင်းဟာ သဘာဝဖြစ်စဉ် တစ်ခုသာ ဖြစ်တယ်လို့ လက်ခံနိုင်ရမယ်။ ဒါဟာ ဘဝရဲ့ အမှန်တရားပါ။ တစ်ယောက်တည်း နေရမယ်ဆိုတာ လူတွေနဲ့ မဆက်ဆံရဘူးဆိုတာ မဟုတ်ပါ။ လူတွေနဲ့အတူရှိနေလည်း ကိုယ့်စိတ်ကို ကိုယ်တိုင် ထိန်းနိုင်ရမယ်။ လူမရှိရင်လည်း ကိုယ့်ဘဝကို တည်တံ့စွာ ဆက်လက်နိုင်ရမယ် ဆိုလိုတာပါ။ တစ်ယောက်တည်းနေရတာကို လက်ခံနိုင်ပြီ ဆိုရင် တစ်ယောက်တည်း သွားရမယ် ဆိုတာကိုလည်း ကြောက်လန့်မှုနည်းလာပါတယ်။ ဘာကြောင့်လဲဆိုတော့ သူ့အတွင်းစိတ်မှာ အေးချမ်းမှုရှိနေပြီးသား ဖြစ်နေလို့ပါ။ ဒါတွေအားလုံးကို တကယ် နားလည်နိုင်သွားတဲ့အခါတစ်ယောက်တည်းနေရတာကို မကြောက်တော့ဘူး။ တစ်ယောက်တည်း သွားရမယ်ဆိုတာကိုလည်း အေးချမ်းစွာ လက်ခံနိုင်လာလိမ့်တယ်။ 🙏🙏🙏 {ပါချုပ်ဆရာတော်ဘုရားကြီး} {ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ}

- စိန္တာမဏိ တေးဆို … ဖိုးသောကြာ

- ဝါခေါင်လပြည့် မေတ္တာအခါတော်နေ့တွင်စွယ်တော်မြတ်စေတီတော် (ရန်ကုန်) ကိုဖူးမြော်ရစဉ်။ **မေတ္တာတရားများ ပွားများနိုင်ပြီး စိတ်၏အ
+4
- ဝါခေါင်လပြည့် မေတ္တာအခါတော်နေ့တွင်စွယ်တော်မြတ်စေတီတော် (ရန်ကုန်) ကိုဖူးမြော်ရစဉ်။ **မေတ္တာတရားများ ပွားများနိုင်ပြီး စိတ်၏အေးချမ်းခြင်းနှင့်အတူ လူသားအားလုံး ဘေးရန်ကင်းကွာ၍ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ။** 🙏🙏🙏

- ဘဝတစ်ခုမှာ အခုလိုစုန်ချီဆန်ချီုဖြစ် **နေတာအဆင်ပြေတာရှိသလို အဆင် မပြေတာတွေလည်းရှိတယ်။** ဘဝမှာဘယ်သူမှထာဝရ အဆင်ပြေနေ တယ်ဆိုတာမရှိဘူး။ မြတ်စွာဘုရား ပင် လျှင် အဆင်မပြေတဲ့အခါရှိတယ်။ ဆွမ်း မစားရတဲ့အခါရှိတယ်၊ မကောင်းတဲ့ အ စားအစာတွေနဲ့ မျှတနေရတဲ့အခါရှိ တယ်။ လူတို့ရဲု့ကြည်ညို လေးစားမှု ကြိုဆိုမှု ကိုခံရတဲ့အခါ ရှိသလို ဆဲရေးတိုင်းထွာ မှုခံရတဲ့အခါ ခြိမ်းခြောက်ခံရမှုဆိုတာ တွေလည်း ကြုံရတယ်။ မြတ်စွာဘုရား ကိုယ်တိုင်အဆင်မပြေ မှုတွေ ဘဝမှာကြုံတွေရတယ်။ အဲ့ဒီ အ ဆင်မပြေမှုတွေဟာ ဘဝကပေးတဲ့ ဖန် တီးမှုတွေဖြစ်တော့ ဘာနဲ့ဖြတ်ကျော်လဲ ဆိုတော့ သီးခံခြင်းခွင့်လွှတ်ခြင်းနဲ့ ဖြတ် ကျော်တယ်။ သည်းခံတယ်ဆိုတာဟာ ခေါင်းထဲမှာ အမှတ်မထားတာ၊ မှတ်မ ထားဘူး ကိုယ်လုပ်ရမယ့်အလုပ်ပဲ လုပ် တယ်။ လောက လူတွေကကိုယ့်အပြစ်ပြော ခံရလို့ရှိရင် စိတ်ကတစ်မျိုးပြောင်းသွား တယ်။ ချီးမွမ်းလိုက်ရင် စိတ်ကတစ်မျိုး ကဲ့ရဲ့လိုက်ရင်စိတ်က တစ်မျိုးဖြစ်သွား တယ်။ မြတ်စွာဘုရား ကတော့ ချီးမွမ်းခြင်း၊ ကဲ့ရဲ့ခြင်း အလျဉ်းခေါင်းထဲမှမထည့်ဘူး မတွက်ဘူး လုပ်သင့်လုပ်ထိုက်တဲ့ အလုပ် ပဲဆက်လုပ်တယ်။ အဲ့ဒါသီးခံ ခြင်းပဲ။ သည်းခံခြင်းဆိုတာ ကိုယ့်မူလ အခြေအနေကို မပျက်အောင် ထိန်းနိုင် တဲ့ စွမ်းရည်သတ္တိတစ်မျိုးကိုခေါ်တယ်။ ခန္တီဆိုတာ စွမ်းရည်သတ္တိတစ်မျိုးပဲ ဘာစွမ်းရည်သတ္တိတုန်းဆိုရင် မြှောက် ပြောလို့လဲ စိတ်တက်ကြွမသွားဘူး။ ြိခိမ်းခြောက်လို့လည်း ကြောက်မသွား ဘူး၊ ကဲ့ရဲ့လည်းစိတ်မဆင်းရဲဘူး၊ ချီး မွမ်းလို့လဲ ဝမ်းမသာဘူး၊ စိတ်ဓာတ် တည်ငြိမ်ပြီး ကိုယ်လုပ်မယ့်အလုပ်ကို လုပ်သွားတာ စိတ်ရဲ့အပြောင်းအလည်းကိုမရှိအောင် ထိမ်းနိုင်တာကို ခန္တီလို့ ခေါ်တယ်။ မြတ်စွာဘုရားက စော်ကားတဲ့စကား တွေလည်း သီးခံနိုင်တယ်။ လုပ်သင့်တာလုပ်မယ် ဒီသဘောပဲ အဲ့ဒီလို ဘဝ မှာ အဆင်မပြေမှုဆိုတာတွေ သည်းခံ ခြင်းနဲ့ကျော်ဖြတ်ခဲ့တယ်။ {ပါမောက္ခချုပ်ဆရာတော်ကြီး} 🙏🙏🙏

- "ကုသိုလ်ကံ မပါလို့ရှိရင်” ~~ ဘုန်းကြီးတစ်ခု ပြောပြချင်တယ်။ မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်ကြီးဟာ အနန္တတန်ခိုးရှင်ဖြစ်ပေမယ့်လို့ လူတစ်ယောက်ဒုက္ခရောက်နေလို့ရှိရင်အကုသိုလ်ကံတွေ ကြီးမားလွှမ်းမိုးနေတဲ့ပုဂ္ဂိုလ်ကို မြတ်စွာဘုရား ကယ်လို့မရဘူး။မကယ်နိုင်ဘူး၊ ကုသိုလ်မပါရင်လည်းမြတ်စွာဘုရားက မ,မစနိုင်ဘူး။ လောကမှာ ကိုးကွယ်နေကြတဲ့ ပုဂ္ဂိုလ်တွေအလိုက် တချို့ပုဂ္ဂိုလ်တွေကမ,တဲ့ဘုရားကို ကိုးကွယ်ကြတယ်။ဘုရားသခင်က မ,တယ်နဲ့ ပြောကြတယ်။ တကယ်ကတော့ ဘုရားသခင်ကမ,တာ မဟုတ်ဘူး။ ကံက မ,တာ နော်။ကိုယ်လုပ်ခဲ့တဲ့ ကံက မ,တာ။ တလွဲသွားပြီးတော့ လွဲမှားစွာ ထင်နေမယ်ဆိုလို့ရှိရင်ဒါလည်း မှားယွင်းတဲ့အမြင် တစ်ခုပဲနော်။ ကိုယ့်ကို တကယ် မ,တာက ဘုရားမဟုတ်ဘူး၊ ကံတရားပဲ ဖြစ်တယ်။ ကြည့်လေ။မြတ်စွာဘုရားသခင်ကိုယ်တော်မြတ်က တရားဓမ္မဟောလို့ တရားထူး၊ တရားမြတ် ရသွားတဲ့ ပုဂ္ဂိုလ်တစ်ယောက်ကို “ဧဟိ ဘိက္ခု - ချစ်သား ရဟန်း လာခဲ့” လို့ သာသနာတော်မှာ ဖိတ်ခေါ်လိုက်တဲ့အခါလူ့အသွင်ပျောက်ပြီးတော့ ရဟန်းအသွင် ရောက်လာတယ်ဆိုတာပရိက္ခရာရှစ်ပါး လှူ ပြီးတော့ဆုတောင်းခဲ့တဲ့ ပုဂ္ဂိုလ်မှ ရတာ။လူတိုင်းကို လုပ်ပေးချင်လို့ မရဘူး။ အကယ်၍သာ ရရင် မြတ်စွာဘုရားကကရုဏာရှင် ဖြစ်သည့်အတွက်ကြောင့်လူတိုင်းကို ချမ်းသာအောင် လုပ်ပေးမှာပေါ့။ ဒါဖြစ်နိုင်ပါ့မလား။ မဖြစ်နိုင်ပါဘူး။ကံမပါလို့ရှိရင် ဘာမှကို ကယ်တင်လို့ မရဘူး။ ပုံဝတ္ထုလေးတစ်ခု ရှိတယ်။ သိပ်ဆင်းရဲနေတဲ့ လူတစ်ယောက်ကိုမ,ချင်တယ်။ မ,ချင်တော့ ဘယ်လိုလုပ်တုန်းဆိုရင်အဲဒီလူက ဒီလမ်းကနေ အမြဲတမ်းသွားတယ်။ သွားတိုင်းသွားတိုင်းသူက အပေါ်မော့ပြီး သွားလေ့ရှိတယ်။ ဒါ့ကြောင့်မို့ သူမြင်အောင်လို့ ဆိုပြီး ပစ္စည်းလေးတစ်ခုကို အပေါ်မှာ ချိတ်ထားတယ်။ အဲဒီနေ့ကျတော့ ဘာလုပ်သွားလဲ ငုံ့သွားတယ်။ ဪ ဒီကောင် ငုံ့သွားတာပဲဆိုပြီးနောက်ရက်ကျတော့ အောက်ချထားပေးတယ်။အဲဒီကျတော့ မော့သွားပြန်ရော။ ကံမရှိတဲ့လူကျတော့ ကြံဖန်ပြီးတော့ကို လွဲမှာပဲ၊ ဟုတ်လား။ ကူညီချင်လို့ မရဘူး။ကံက မပေးရင် ဘာမှ မရဘူး။ ဒါ့ကြောင့် ကံကောင်းအောင်သာ လုပ်ပေးလို့ ရတယ်။ “မာဃလုလင်” ရဲ့ဝတ္ထုကို ဖတ်ဖူးကြပါလိမ့်မယ်။ မာဃလုလင်ဘဝက အငယ်ဆုံးဇနီးကို သုဇာတာလို့ခေါ်တယ်။ သုဇာတာဟာ သူ့ကိုယ်သူဖြီးလိမ်းအလှပြင်ပြီး နေတာ။ကုသိုလ်ကောင်းမှု လုံးဝမလုပ်ဘူး။ မလုပ်တဲ့အခါ သေတော့ဘာသွားဖြစ်တုန်းဆို ဗျိုင်းမ သွားဖြစ်တယ်။ သိကြားမင်းကြီးက အဲဒီဗျိုင်းမကိုနတ်ဖြစ်အောင် သူလုပ်မပေးနိုင်ဘူး။ဘာလုပ်တုန်းဆိုရင် နည်းလမ်းပေးတယ်။ ဗျိုင်းဆိုတာမျိုးကလည်း ငါးသတ်စားတဲ့တိရစ္ဆာန်မျိုးပဲ။ ပါဏာတိပါတကံ ကျူးးလွန်တဲ့ အကောင်မျိုး။ "ပါဏာတိပါတာ ဝေရမဏိ” သီလ ဆောက်တည်ခိုင်းတယ်။သိကြားမင်းက သူ့ဆီကို ခေါ်ချင်တာ။ဒီအတိုင်း ခေါ်လို့မရဘူး။ ဘာလုပ်ရလဲ သီလကျင့်ရတယ်။ သီလကို ဆောက်တည်တဲ့အခါ ဗျိုင်းဘဝက လွတ်ပြီး လူ့ဘဝရောက်လာတယ်။လူ့ဘဝရောက်တော့ သိကြားမင်းက လိုက်ပြီး စောင့်ရှောက်တယ်။ နတ်ပြည်မှာဖြစ်အောင် သီလကို ဆောက်တည်ခိုင်းတယ်။သီလကို ခိုင်ခိုင်မာမာ ဆောက်တည်လိုက်ပြီ ဆိုတော့မှ သူဟာ တတိယဘဝမှာ နတ်ပြည်ရောက်သွားတာလေ။ အဲဒီတော့… ဘာလုပ်ရမတုန်းဆို “ကုသိုလ်”ပဲ လုပ်ရတယ်။ (ပါမောက္ခချုပ်ဆရာတော်ကြီး) ဒေါက်တာ နန္ဒမာလာဘိဝံသ

- ဝါခေါင်လပြည့်နေ့၌ ဖူးတွေ့ရသည့် ကျောက်တော်ကြီးဘုရား ယနေ့ သြဂုတ် ၂၈ ရက်တွင်ကျရောက်သည့် ဝါခေါင်လပြည့်(မေတ္တာအခါတော်)နေ့၌ လောကခ
+2
- ဝါခေါင်လပြည့်နေ့၌ ဖူးတွေ့ရသည့် ကျောက်တော်ကြီးဘုရား ယနေ့ သြဂုတ် ၂၈ ရက်တွင်ကျရောက်သည့် ဝါခေါင်လပြည့်(မေတ္တာအခါတော်)နေ့၌ လောကချမ်းသာအဘယလာဘမုနိကျောက်တော်ကြီးဘုရားအား လာရောက်ဖူးမြှော်သူများနှင့်အတူ ကြည်ညိုဖွယ်ဖူးတွေ့ရသည့် မြင်ကွင်းပုံရိပ်များအား ကြည်နူးသဒ္ဒါပွားများနိုင်ကြစေရန်ရည်သန်၍ ဖော်ပြပေးလိုက်ရပါသည်။ 🙏🙏🙏

- နံနက်တိုင်ဖွင့်ပါ ပဌာန်းဒေသနာ 🙏🙏🙏

- မေတ္တာသုတ် (၁၁) ခေါက်    (နေ့စဉ်ပူဇော်ပေးပါ) 🙏🙏🙏

ဒါကြောင့်မို့ သုရာမေရယဆိုတဲ့ မူးယစ်နဲ့ပတ်သက် တဲ့ အရာတွေကို ရှောင်ကြဉ်တာဟာအကောင်းဆုံး ပါပဲ။သောတာပန်တွေကျတော့ မူးယစ်ဆေးဝါး မှန် သမျှ အားလုံးကို လုံးဝ ရှောင်ကြဉ်လိုက်နိုင်ပြီ။ အရက်နဲ့ရေ ရောတိုက်ရင်တောင်မှ ရေဘဲဝင်ပြီး အရက်လုံးဝမဝင်ဘူးလို့ အဆိုရှိတယ်။သောတာပန်ဖြစ်ရင် မူးယစ်ဆေးဝါးဆိုတာကို လုံးဝ ရှောင်ကြဉ်နိုင်ကြပြီ။ အဲဒီလို ငါးပါးသီလနဲ့ပြည့်စုံရင် မြတ်သောဥစ္စာ တစ်မျိုး ကိုယ့်မှာပြည့်စုံတာဖြစ်တယ်။ ။လောကမှာသီလကို ဘာနဲ့ ဥပမာပေးထားသလဲ ဆိုရင် သိဂီရွှေခွက်နဲ့ ဥပမာပေးထားတယ်။ တန်ဖိုးရှိတဲ့ ခြင်္သေ့ဆီဟာ သိဂီရွှေခွက်ထဲမှာ တည် နိုင် သလို လူတွေရဲ့ သန္တာန်မှာရှိတဲ့ ကုသိုလ်တရား တွေဟာ သီလလို့ဆိုတဲ့ ရွှေခွက်နဲ့ ခံထားမှ သာ လျှင် တည်နိုင်တယ်။ သီလပျက်တာနဲ့တစ်ပြိုင်နက် ကုသိုလ်တရား တွေ အားလုံး ပျက်တာပါပဲ။အေး ဒါကြောင့် ကုသိုလ်တွေ အားလုံးရဲ့ တည်ရာမှီရာဟာ သီလ ဖြစ်တယ်လို့ စာပေကျမ်းဂန် တွေ မှာ ဆိုထားတယ်နော်။ " လူ့အရည်သွေးတွေ အားလုံးဟာ သီလပေါ်မှာပဲ မှီတည်နေတယ်၊သီလပျက်တာနဲ့ တစ်ပြိုင်နက် လူ့ ရဲ့အရည်သွေးတွေ အားလုံးဟာ သွားရောပါပဲ၊" ဒါ ကြောင့်မို့ သီလဆိုတဲ့ ပစ္စည်းဥစ္စာဟာ လူသား တွေ ရဲ့သန္တာန်မှာ ရှိထားရမယ့် မြတ်သော ဥစ္စာ တစ်ခု ဖြစ်တယ်။ {ကျေးဇူးတော်ရှင် ပါမောက္ခချုပ်ဆရာတော်ကြီး} {ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ} 🙏🙏🙏

ငါးပါးသီလကို အားလုံးပြည့်စုံအောင် စောင့်နိုင်ရင် စောင့်၊ မစောင့် နိုင်ဘဲ တစ်ပါးသီလ နှစ်ပါးသီလ တို့ ဆိုရင်တော့ ကျန်တဲ့ ဥစ္စာတွေကဒုက္ခပေးမှာ သေချာတယ်.. သီလဆိုတာ...ကိုယ်ကျင့်တရားပဲ ၊စည်းကမ်း ဘောင် အတွင်းက ပြောဆိုခြင်းနှင့် ပြုလုပ်ခြင်းလို့ ဆိုရမယ်... သဒ္ဓါရှိရင် သီလလည်း ရှိတတ်တာမို့လို့ မြတ်စွာ ဘုရားကဆက်ဟောတာ၊ကိုယ်ကျင့် တရား ကောင်းလာရင် ပစ္စည်းဥစ္စာလည်းပဲ ထိုပုဂ္ဂိုလ် ထံ မှာ မြဲလာမယ်။ ပစ္စည်းဥစ္စာ ချမ်းသာသော်လည်းပဲ ကိုယ်ကျင့် တရား မကောင်းဘူးဆိုရင်တော့ ထိုပစ္စည်းဥစ္စာ တွေဟာ အဲဒီပုဂ္ဂိုလ်ထံမှာ မမြဲတတ်ဘူး၊ ကိုယ် ကျင့် တရားပျက်ပြားတဲ့ပုဂ္ဂိုလ်ဟာ စီးပွါးဥစ္စာ ပျက်ပြားသွားတယ် ဆိုတာ လောကမှာ မြင်တွေ့ နိုင် တယ်။ ကိုယ်ကျင့်တရား ဆိုတဲ့ နေရာမှာ လူတွေမှာဘာ အရေးကြီး သလဲဆိုရင် ငါးပါးသီလပေါ့ ၊တစ် ချို့ က ငါးပါးသီလကို တစ်ပါးလောက်စောင့်ရင် ပြီး တယ်၊နှစ်ပါးလောက်စောင့်ရင် ပြီးတယ်။ဒီလိုထင်ကြတယ်၊မဟုတ်ဘူး။ငါးပါးသီလဟာ တစ်ပါးမှ လျှော့စရာမရှိဘူးနော်။ အားလုံးပြည့်စုံအောင် စောင့်နိုင်ရင်စောင့်၊ မစောင့် နိုင်ဘဲ တစ်ပါးသီလ နှစ်ပါးသီလတို့ ဆိုရင်တော့ ကျန်တဲ့ ဥစ္စာတွေကဒုက္ခပေးမှာ သေချာတယ်။ ငါးပါးသီလကို ဝါရိတ္တသီလလို့ ခေါ်တယ်။ ဝါရိတ္တ သီလ ဆိုတာ တားမြစ်ထားတာ ၊မလုပ်ရ ဘူး။ ဘာဖြစ်လို့ မလုပ်ရတာလဲဆိုတော့ စဉ်းစားကြည့် ပေါ့၊မီးကိုကိုင်ရင် မပူဘူးလား၊ပူမှာပေါ့၊ဘယ်သူ ကိုင်ကိုင် ပူမှာဘဲ။ထို့အတူဘဲ ငါးပါးသီလကို လွန်ကျူးရင် တော့ ဘယ် သီလကိုပဲ ကျူးလွန် ကျူးလွန်၊ထိုသီလကို ကျူးလွန်တဲ့အပြစ်ကို ခံရမှာပဲ ငါးပါးသီလ နဲ့ ပတ်သက် ပြီးတော့ လူတိုင်းသိကြပါတယ်။ ခုနကတင်ဘဲ ငါးပါးသီလ ဆောက်တည်“ပါဏာတိ ပါတာ ဝေရမဏိ သိက္ခာပဒံသမာဒိယာ”ဆိုတာ သူ များ အသက် သတ်ခြင်းမှရှောင်ကြဉ်ပါ၏တဲ့။ သူများအသက်ကို သတ်ခြင်းမှ ရှောင်ရုံနဲ့ ပြီးရော လား ဆိုတော့ မပြီးသေးဘူးနော်။ရှောင်ရုံရှောင်တယ်ဆိုတာ အဆင်မပြေရင်မရှောင်ဘူးဆိုတာ ရှိလာဦးမယ်၊ရှောင်ကြဉ်တယ်ဆိုတာမလုပ်သင့်တာကို မလုပ်ခြင်းဖြစ်တယ်။ လုပ်သင့်တာက ဘာလဲဆိုတော့ သတ္တဝါတွေ ကို သတ် ဖို့ဆိုတဲ့ဓားတုတ်တွေ ကိုယ့်အိမ်မှာ မထားရ ဘူး တဲ့။ ။ မြတ်စွာဘုရားကတော့ သူတစ်ပါးကို သတ်ဖို့ရာ လက်နက်ဆိုတာ ထားကိုမထားနဲ့တဲ့၊ဒါတင်မက ဘူး မြတ်စွာဘုရားက သတ္တဝါတွေကို သေစေလို တဲ့ စိတ် နဲ့ သတ်ဖြတ်မှုကို ရှက်တတ်ရမယ်။ ကိုယ့်လာသတ်ရင်လည်း သူ့ကိုပြန်မသတ်ရဘူး၊ သတ္တဝါတွေ ရဲ့အသက်ကို သတ်ခြင်းဆိုတာကို ရှက်စရာလို့ မြင်ရမယ်။သတ္တဝါတွေအပေါ်မှာ မေတ္တာတရား အကြင်နာတရား ထားရမယ်၊အေး သီလလုံတယ်ဆိုတာအဲဒါတွေ အကုန်လုံး ပြည့်စုံမှဖြစ်တာကို ပြောတာနော်။ ကဲ နောက်တစ်ခု အဒိဒါန-ဆိုတာ သူများပစ္စည်း မခိုးဘူး၊ဒါတင်မပြီးသေးဘူး၊သူများပေးတာနဲ့ သာ ကျေနပ်တယ်၊ပေးတာကိုသာ ကြိုက်တယ်၊သူများ ပစ္စည်းကို သိ၍ဖြစ်စေ၊မသိဘဲဖြစ်စေ လုံးဝ မယူ ဘူး၊အဲဒါမှသာ အဒိန္နာဒါန လုံတယ်လို့ခေါ်တယ် ၊လုံး ဝကို သန့်ရှင်းရမယ်။ ကာမေသု မိစ္ဆာစာရ နဲ့ပတ်သက်ရင် အမျိုးသား တွေ အတွက်ကတော့ အမျိုးသမီး(၂ဝ)နဲ့ လုံးဝမလွန် ကျူးရဘူး။အမျိုးသမီးတွေ အတွက်က တော့ကိုယ့်ရဲ့ အိမ် ထောင် ဘက် ခင်ပွန်းကလွဲပြီး မလွန်ကျူး ရဘူး၊ ဒါကတော့ ထင်ထင်ရှားရှား ရှိတယ်နော်။ စည်းကမ်းချက် သတ်မှတ်ထားတဲ့ အတိုင်းဖြစ် တယ်၊။အခြားသူဆိုရင် စိတ်နဲ့တောင်မှ မပြစ်မှားရဘူးဆို တာအထိမှ လုံခြုံတယ်လို့ခေါ်တယ်။ ။ မုသာဝါဒဆိုတာ လိမ်မပြောဘူး၊ဒါပေမယ့်မှန်တာ ကိုမပြောဘူး’ဆိုရင်တော့ မပြည့်စုံသေးဘူး၊မလိမ် ဘူး၊မှန်တာကိုသာ ပြောတယ်ဆိုမှ ပြည့်စုံတယ်။ သစ္စဝါဒီ - မှန်တဲ့စကားကို ပြောရမယ်။ သစ္စသ- ရှေ့စကားလည်း မှန်ရမယ်။၊နောက် စကား လည်း မှန်ရမယ်၊အေး ဒီနေ့တော့ မှန်တာ ပြောတယ်။ နောက်တစ်နေ့ကျတော့ လိမ်ပြောတယ် ဒါမျိုးက လည်း မဟုတ်သေးဘူးနော်၊အမြဲတမ်းအမှန်ချည်း ဘဲ ပြောရမယ်၊စိတ်ချ ယုံကြည်ရတဲ့ ပုဂ္ဂိုလ်မျိုး ဖြစ်ရမယ်။ အသံဝါဒကော လောကဿ လောကကြီးကို ဘယ် တော့ မှ လွဲချော်အောင် မလုပ်ရဘူး၊ ပတ်ဝန်းကျင် က ဒီလူဟာ ဘယ်တော့မှမဟုတ်တာ မမှန်တာ မပြောဘူး ဆိုပြီး လုံးဝယုံကြည်ရတဲ့ သူမျိုးဖြစ် အောင် လုပ်ရမယ်။အဲဒီတော့မှမုသာဝါဒ သိက္ခာပုဒ်ဟာ ပြည့်စုံတယ်။ သုရာမေရယ မဇ္ဇပ္ပမာဒဌာနာ ဝေရမဏိ ဒီသိက္ခာ ပုဒ်ကို စောင့်ထိန်းတဲ့ နေရာမှာလည်း ခြွင်းချက် မရှိ စေရဘူး၊တစ်ချို့ကတော့ ဆေးဖြစ်ဝါးဖြစ် လေး ဆိုပြီးတော့ သောက်ချင်ကြသေးတယ်။ခန္ဓာကိုယ်နဲ့ဦးနှောက်ကို ထိခိုက်စေနိုင်တယ်တဲ့။ မူးယစ်ဆေးဝါးကို သုံးစွဲရာမှာ မိမိရော သူတစ်ပါး ရော မိမိ သူတစ်ပါး နှစ်ဦးစလုံးကိုရော ထိခိုက်စေ မယ် ဆိုရင် အပြစ်ရှိတယ်လို့ သတ်မှတ်ရမယ်။တစ်ချို့က ပြောကြတယ် သူများကို မထိခိုက်ဘူး ဆိုရင် ဘာမှ မဖြစ်ပါဘူးတဲ့၊ကိုယ့်ကိုယ်ကို ထိခိုက် နေတာကို မသိလို့ပါ။ သေရည်သေရက်ဟာ သုံးစွဲသူတွေမှာ သွေးမှ တစ် ဆင့် ခန္ဓာကိုယ်ထဲရှိ ဦးနှောက်စတဲ့ အစိတ်အပိုင်း တွေ ထဲကို ရောက်သွားပြီဆိုရင် စိတ်တွေဟာ ထိုင်း မှိုင်းလာပြီး ကုသိုလ်ကောင်းမှုတွေကို ပြု လုပ် ဖို့ မေ့လျော့လာမယ်။ပညာ ဥစ္စာ စီးပွား ဆိုတဲ့ အကျိုးတွေကို ဆုတ် ယုတ် လာစေတယ်။

- မြတ်ဗုဒ္ဓရဲ့အဆုံးအမတွေဟာ လောကလူတွေ ယုံကြည်ယူဆသလို အများစုက ဘာသာတရားကိုကိုးကွယ်တယ်ဆိုတာဟာ ဆုတောင်းဖို့နှင့် ဆုယူဖို့ မျှော်လင့်ဖို့တွေနဲ့ လူတွေဟာ အားသန်နေကြတယ်။ ဗုဒ္ဓဘာသာဝင်တွေလည်းပဲ ဒီတိုင်းဘဲ လက်တွေ့ကျင့်သုံးဖို့ဆိုတဲ့အနေအထားမျိုးကို သိပ်စိတ်မဝင်စားဘဲနဲ့ ဘယ်ဘုရားကသွားပြီးတော့ ဘယ်ဒေါင့်ကထိုင်ပြီးဆုတောင်းလိုက်မယ်ဆိုတဲ့ အတွေးပဲတွေးတာဖြစ်တယ် နော်.... ဘုရားကို ပန်းလှူပြီးတော့ဆုတောင်းမယ် တောင်းတယ်ဆိုတဲ့အတွေးတွေက တောင်းတာဆိုတာ လောဘနဲ့တောင်းတာကများတယ်ပေါ့နော်...။ ရချင်ရလိုမူ သို့သော်.. မြတ်စွာဘုရားကဟောထားတာလေးကို သတိထားဖို့လိုတယ် ဆုတောင်းရုံနဲ့ရမယ်ဆိုလို့ရှိရင်တဲ့ တစ်ဦးနှင့်တစ်ဦး သူမသာကိုယ်မသာဘဲဖြစ်မှာပဲ ဘာဖြစ်လို့တုန်းဆိုရင် လူတိုင်းလူတိုင်းဟာ ဆုတောင်းလို့ရနိုင်မယ်ဆိုရင် ဆုပဲတောင်းကြမှာဘဲလေ အလုပ်လုပ်ကြမှာမဟုတ်ဘူး။ မြတ်စွာဘုရားက အလုပ်လုပ်ရမှာလို့ဟောတယ်။ ကြိုးစားရမယ်။ အဲ့တော ဆုတောင်းဆုယူနေရုံနဲ့ ဘာမှမဖြစ်ဘူး လုပ်ဆောင်မှသာဖြစ်တယ်လို့ အဲ့ဒီထိအောင် စဉ်းစားဖို့လိုအပ်တယ်ပေါ့။ အလုပ်လုပ်ပြီဆိုရင် ဘယ်နေ့ပဲဖြစ်ဖြစ် ကောင်းတဲ့အလုပ်ကိုလုပ်ထားရင် ကောင်းကျိုးချမ်းသာ ပေးမှာပဲ အဲ့ဒီမှာလည်း လူတွေကထပ်ပြီးတော့ ခေတ်နွဲကြပြန်သေးတယ် ဒီနေ့ကပြဿနေ့ကြနေ့ကျနေသေးတယ် ဒီနေ့လုပ်လို့မဖြစ်သေးဘူး နောက်ရက်ကျမှ ရက်ရာဇာကျမှလုပ်ပါမယ်ဆို ခဏထပ်ရွေ့ပြန်တယ် ပြဿဒါး ရက်ရာဇာဆိုတာ ဘုရားဟောတဲ့ဟာတွေ မဟုတ်ဘူးနော် ဒါကနော်..ပြဿဒါး ရက်ရာဇာဆိုတာ ဘုရားဟောတာမဟုတ်ဘူး။ ရွှေတိဂုံဘုရားတက်ရင်တောင်မှပဲ စနေသားဆိုရင် စနေ့ဒေါင့်ဆီကိုသွားပြီး ရှိခိုးချင်တဲ့အကျင့်ကရှိတယ် ဘယ်ဒေါင့်ကရှိခိုးရှိခိုး ကိုသိုလ်ရဖို့က အဓိကပဲ ရင်ထဲကဖြစ်ရမည့် ကုသိုလ်စေတနာသာဖြစ်တယ် ဒေါင့်ကအကျိုးပေးတာမဟုတ်ဘူး ဒေါင့်ကအကျိုးပေးရင် ကိုယ့်အိမ်မှာဒေါင့်ကလေးပဲ ချိတ်ထားလိုက် နော်... တစ်အိမ်လုံး စနေသားဆိုရင် စနေစနေအကုန်ရေးထား တနင်္လာဆိုရင် တနင်္ဂလာရေးထား အဲ့ဒါတွေဟာ အကျိုးပေးတာမဟုတ်ဘူး၊ အဲ့တော ဗုဒ္ဓဘာသာဝင်တွေက ရောထွေးပြီးတော့ နေကြထိုင်ကြတာဖြစ်တယ်။ ကျေးဇူးတော်ရှင် ပါမောက္ခချုပ်ဆရာတော် ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ 🙏🙏🙏

ဆေးဆိုင်သွားပြီး ဆေးတောင် ဆိုးလိုက် ဦးမယ်။ တစ်ခေါင်းလုံးဖြူလည်း ကိစ္စမရှိဘူး။  အဲဒီဘုရားအလောင်းကျတော့ ဆံပင်လေး တစ်ပင်  ဖြူသွားတာနဲ့ပဲ  တစ်ကိုယ်လုံးကို ချွေးပြိုက်ပြိုက်ကျပြီး  … "သြော်  ငါအိုလာပြီလား။ အိုခြင်းတရားဟာ  ငါ့ဆီ ရောက်လာပြီ" ဆိုတဲ့အတွေး တွေးမိတယ်။ ဘယ်လောက်တန်ဖိုးရှိတဲ့  အတွေးလဲ။ အဲဒီအတွေးဟာ အင်မတန်မှကြီးမားတဲ့ ဘုရင့်စည်းစိမ်ကို  စွန့်ခွာနိုင်လောက်အောင် အစွမ်းထက်တယ်။  ဘုရင့်စည်းစိမ်ကို မစွန့်ခွာနိုင်တဲ့  တဏှာ လောဘကို ဖယ်ရှားပြီးတော့ စွန့်ခွာနိုင် လောက်အောင်  တွန်းပို့လိုက်နိုင်တယ်။ ဘုရားလောင်ဟာ  တောထွက်သွားတယ်။ ဘယ်လောက်တန်ဖိုးရှိတဲ့ အတွေးလည်း ဆိုတာ မှတ်ထားဖို့ပေါ့။  ဒါလေးတွေကို အများစုက တရားလို့ မထင်ကြဘူး။ အဲဒါက အင်မတန်မှ ကြီးမားတဲ့တရားနော်။ ကျေးဇူးတော်ရှင် ပါမောက္ခချုပ်ဆရာတော်  ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ  🙏🙏🙏