en
Feedback
Phoo Kyaw Zin - Future Wave

Phoo Kyaw Zin - Future Wave

Open in Telegram

အားလုံးမင်္ဂလာပါ ... ဒီ Channel လေးကနေ ကျွန်တော့် Page မှာ ရေးနေကျ စာလေးတွေ ၊ Update သတင်းလေးတွေနဲ့ You Tube channel မှာ နေ့စဉ်တင်ပေးနေတဲ့ Video လေးတွေကို မျှဝေပေးသွားမှာ ဖြစ်ပါတယ်။ ကျေးဇူးတင်ပါတယ် Pkz Fw ✌️

Show more
1 637
Subscribers
No data24 hours
-57 days
-130 days
Posts Archive
🟥 ကျွန်တော်တို့ရဲ့ တစ်နှစ်တာ Coaching Program ဖြစ်တဲ့ Life & Success Group က မန်ဘာတွေနဲ့အတူ ပူးပေါင်းပြီး စတင်ပြုလုပ်မယ့် "T
🟥 ကျွန်တော်တို့ရဲ့ တစ်နှစ်တာ Coaching Program ဖြစ်တဲ့ Life & Success Group က မန်ဘာတွေနဲ့အတူ ပူးပေါင်းပြီး စတင်ပြုလုပ်မယ့် "TEA Talks" စီးရီးရဲ့ ပထမဆုံး အထူး Webinar လေးကို လာမယ့် ဗုဒ္ဓဟူးနေ့ ည မှာ စတင်ပါတော့မယ်။ 🟥 အခုလာမယ့် Webinar မှာတော့ "3H for Life & Success" ဆိုတဲ့ ခေါင်းစဉ်နဲ့ ကိုယ်ပိုင် ဘ၀တိုးတက်ရေး နဲ့ အလုပ်ခွင် အောင်မြင်ရေးတွေအတွက် မရှိမဖြစ် လိုအပ်တဲ့ 3H သဘောတရားကို အသေးစိတ် မျှဝေပေးသွားမှာ ဖြစ်ပါတယ်။ 🟥 ဒီပွဲမှာ ဆရာဖူးကျော်ဇင် Phoo Kyaw Zin - Future Wave နဲ့အတူ L&S Member တွေထဲက ထူးချွန်တဲ့ Co-Speaker (၃) ဦးကလည်း 3H တစ်ခုချင်းစီကို သူတို့ရဲ့ ဘဝနဲ့ အလုပ်ခွင် လက်တွေ့အတွေ့အကြုံတွေနဲ့ ပေါင်းစပ်ပြီး မျှဝေသွားမှာဖြစ်လို့ အင်မတန်မှ တန်ဖိုးရှိတဲ့ အချိန်လေးတစ်ခု ဖြစ်လာမှာပါ။ 📅 နေ့ရက်: ဗုဒ္ဓဟူးနေ့ (August 26, 2026) ⏰ အချိန်: ည ၈:၀၀ နာရီ မှ ၉:၃၀ နာရီ အထိ 📍 နေရာ: Online Webinar (Zoom) Webinar Join ဖို့အတွက် Telegram Group ကို Join ထားပေးပါ - https://t.me/+oQU1qmsPl581Nzll

“ဆက်ဆံပုံဟာ အဆင့်အတန်းပဲ - တုံ့ပြန်ပုံဟာ ဉာဏ်ရည်ပါပဲ” လောကမှာ လူတိုင်းဟာ စိတ်ဓာတ်နဲ့ အသိပညာ အဆင့်အတန်းချင်း မတူကြပါဘူး။ မတူတဲ
“ဆက်ဆံပုံဟာ အဆင့်အတန်းပဲ - တုံ့ပြန်ပုံဟာ ဉာဏ်ရည်ပါပဲ” လောကမှာ လူတိုင်းဟာ စိတ်ဓာတ်နဲ့ အသိပညာ အဆင့်အတန်းချင်း မတူကြပါဘူး။ မတူတဲ့သူတွေကို မတူတဲ့ ဆက်ဆံပုံတွေနဲ့ တွေ့ရမှာ သဘာဝပါပဲ။ သူတို့ ကိုယ့်အပေါ် ဘယ်လို ဆက်ဆံသလဲဆိုတာက သူတို့ရဲ့ "အဆင့်အတန်း" ကို ပြသတာပါ။ ကိုယ်က သူတို့အပေါ် ဘယ်လို ပြန်ဆက်ဆံသလဲဆိုတာကတော့ ကိုယ့်ရဲ့ "အဆင့်အတန်း" ပဲ ဖြစ်ပါတယ်။ အဆင့်အတန်းချင်း မတူရင် ဆက်ဆံပုံချင်း မတူပါဘူး။ မတူရင် မတူသလိုပဲ ထားလိုက်ပါ။ သူတို့ ရိုင်းရိုင်းစိုင်းစိုင်း ဆက်ဆံသလို ကိုယ်ကလည်း လိုက်ပြီး ရိုင်းရိုင်းစိုင်းစိုင်း ပြန်ဆက်ဆံရင် ကိုယ့်အဆင့်အတန်းကလည်း သူတို့လိုအဆင့်အတန်းမျိုးပဲ ဖြစ်နေမှာပေါ့။ တချို့လူတွေရဲ့ ဆိုးရွားတဲ့ ဆက်ဆံပုံကို ဉာဏ်ရည်ရှိရှိ တုံ့ပြန်တတ်ဖို့ လိုပါတယ်။ ▪️ 31.7.2026 ©️Phoo Kyaw Zin - Future Wave #တွေးမိတက်ရေး #PhooKyawZin

"Level Up Your Leadership (Batch 10)" သင်တန်းစတင်ဖို့ (၂) ရက်သာ လိုပါတော့တယ်! 💻 သင်တန်းအသေးစိတ် 🗓️ သင်တန်းစတင်မည့်ရက် - Jul
"Level Up Your Leadership (Batch 10)" သင်တန်းစတင်ဖို့ (၂) ရက်သာ လိုပါတော့တယ်! 💻 သင်တန်းအသေးစိတ် 🗓️ သင်တန်းစတင်မည့်ရက် - July 4, 2026 (စနေနေ့) ⏰ သင်တန်းအချိန် - ည 7:00 pm to 9:00 pm ⏳ သင်တန်းကာလ - (၅) ပတ် (စနေ၊ တနင်္ဂနွေ - တစ်ပတ် ၂ ရက်) 💻 သင်ကြားမည့်ပုံစံ - ZOOM MEETING Online Class (Zoom Record Video တွေကို သင်တန်း Group ထဲမှာ ပြန်တင်ပေးထားမှာဖြစ်လို့ အချိန်မရွေး ပြန်ကြည့်နိုင်ပါတယ်) (သင်တန်းကို ပြီးဆုံးသည်အထိတက်ရောက်ရမည်ဖြစ်ပြီး သင်တန်းဆင်းလက်မှတ် E- Certificate ကိုရရှိမှာဖြစ်ပါတယ်) ____ 💡 ဘယ်သူတွေ တက်ရောက်သင့်သလဲ? 🔺 အဖွဲ့အစည်းအတွင်း ရာထူးတိုးမြှင့်ခံရပြီး ခေါင်းဆောင်မှုစွမ်းရည် လိုအပ်နေသူများ။ 🔺 ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းကို စနစ်တကျ ဦးဆောင်လိုသော လုပ်ငန်းရှင်များ။ 🔺 အနာဂတ်မှာ ခေါင်းဆောင်ကောင်းတစ်ယောက် ဖြစ်လာဖို့ အခုကတည်းက ပြင်ဆင်လိုသူ လူငယ်များ။ ____ အသေးစိတ်ဖတ်ရန် https://www.facebook.com/share/p/1CnnxdptHv/?mibextid=wwXIfr

🌱 "အခက်အခဲများကြားက အနာဂတ်အတွက် မျှော်လင့်ချက်" (Free Special Webinar) တက်ရောက်နိုင်ပါပြီ ‼️ ဒီ Webinar မှာတော့ တက်ရောက်လာသူ
🌱 "အခက်အခဲများကြားက အနာဂတ်အတွက် မျှော်လင့်ချက်" (Free Special Webinar) တက်ရောက်နိုင်ပါပြီ ‼️ ဒီ Webinar မှာတော့ တက်ရောက်လာသူတွေရဲ့ အနာဂတ်အတွက် မျှော်လင့်ချက်စိတ်ခွန်အား တွေကို မျှဝေပေးမယ့် - Speaker တွေကတော့ - ◾️ ဆရာမ Hope Htwe Htwe Wang (Founder of HELA) ◾️ ဆရာ Phoo Kyaw Zin - Future Wave (Founder of Future Wave) ဖြစ်ပါတယ်။ 🗓️ Webinar အစီအစဉ် - နေ့ရက်: မနက်ဖြန် (July 1 - ဗုဒ္ဓဟူးနေ့) - အချိန်: ညနေ (၇:၀၀) နာရီ မှ (၈:၃၀) နာရီအထိ - နေရာ: Zoom Online Meeting (အခမဲ့ တက်ရောက်ခွင့်) ဒီ Webinar ကို အခမဲ့ ဝင်ရောက်တက်ရောက်နိုင်မည့် Zoom Link နှင့် Meeting ID/Password များကို ကျွန်တော်တို့ရဲ့ သီးသန့် Telegram Group ထဲမှာပဲ အသိပေး တင်ပေးသွားမှာ ဖြစ်ပါတယ်။ 👉 တက်ရောက်လိုပါက အောက်ပါ Telegram Link မှတစ်ဆင့် Group ထဲသို့ အခုပဲ ကြိုတင် Join ထားပေးပါခင်ဗျာ။ https://t.me/+S1Tya4j0VGpjZjFl

သူများကိုထိုင်ကဲ့ရဲ့နေခြင်းဖြင့် ကိုယ့်ရဲ့တန်ဖိုးရှိတဲ့ အချိန်တွေမကုန်စေပါနဲ့.... အဲ့ဒီလိုပဲ... သူများတွေက ကိုယ့်ကို ကဲ့ရဲ့တာကို ထိုင်နားထောင်နေပြီးတော့ ကိုယ့်ရဲ့ အဖိုးတန်တဲ့ အချိန်တွေကို မထိခိုက်စေနဲ့... တကယ်တမ်း ကိုယ့်အလုပ် ကိုယ်လုပ်နေသူဟာ သူများကို ထိုင်ကြည့်ပြီး ကဲ့ရဲ့ပြစ်တင်နေဖို့လည်းမအားသလို ကိုယ့်ကို ကဲ့ရဲ့ပြစ်တင်နေတာတွေကိုလည်း ထိုင်နားထောင်ပြီး စိတ်ညစ်နေဖို့လည်း အချိန်မရကြဘူး။ ▪️ Phoo Kyaw Zin - FutureWave #တွေးမိတက်ရေး #PhooKyawZin

လက်လီလုပ်ငန်းရှင်တိုင်း မဖြစ်မနေ တက်ရောက်သင့်တဲ့ "Business Intelligence Retailer" (၃) ရက်သင်တန်း (Zoom Live Class) ကို Future
+3
လက်လီလုပ်ငန်းရှင်တိုင်း မဖြစ်မနေ တက်ရောက်သင့်တဲ့ "Business Intelligence Retailer" (၃) ရက်သင်တန်း (Zoom Live Class) ကို Future Wave မှ အထူးဖွင့်လှစ်ပေးလိုက်ပါပြီ။ 🎯 ဒီသင်တန်းကနေ သင့်လုပ်ငန်းအတွက် ဘာတွေ ရရှိသွားမလဲ? ဝါရင့် Retail Business Consultant ဖြစ်တဲ့ ဆရာဦးမျိုးဟန်ထွန်း HTUN - Retail Business ကိုယ်တိုင်ကနေပြီး သင့်ဆိုင်ရဲ့ လုပ်ငန်းဆောင်တာတွေကို အထောက်အကူပြုမယ့် လက်တွေ့ကျတဲ့ အချက်တွေကို အသေးစိတ် မွမ်းမံသင်ကြားပေးသွားမှာပါ - 🔗 အထူးပရိုမိုးရှင်း အခွင့်အရေးဖြင့် စာရင်းပေးသွင်းရန် - 🔶 သင်တန်းကြေး - ၆၀၀၀၀ ကျပ် - BIR Webinar တက်ရောက်ခဲ့သူများ၊ - Future Wave ကျောင်းသားဟောင်းများ နှင့် - Early Bird စောစောစာရင်းသွင်းသူ (၂၀ ဦး) အတွက် ... 🔶 Special Discount (အထူးသက်သာခွင့်) - ၅၄၀၀၀ ကျပ်သာ လူဦးရေအကန့်အသတ်ရှိတာမို့ - အခုပဲ အသေးစိတ်စုံစမ်းရန် Page Messenger မှာ https://m.me/FutureWaveTrainingMyanmar သို့ BIR လို့ ရေးပြီး ချက်ချင်း ဆက်သွယ်စုံစမ်း စာရင်းပေးသွင်းနိုင်ပါပြီခင်ဗျာ။ Future Wave Training

🚨 REMINDER 🚨 Leadership Talk Event ကို join ဖို့ အချိန်နီးလာပါပြီ ✨ Industry leaders တွေရဲ့ 💡 Leadership Experiences 💡 Su
+1
🚨 REMINDER 🚨 Leadership Talk Event ကို join ဖို့ အချိန်နီးလာပါပြီ ✨ Industry leaders တွေရဲ့ 💡 Leadership Experiences 💡 Success Stories 💡 Practical Insights တွေကို တိုက်ရိုက်နားဆင်ပြီး ကိုယ့်ရဲ့ career journey အတွက် inspiration အသစ်တွေ ရယူနိုင်မယ့် အခွင့်အရေးကို မလွတ်စေနဲ့နော် 🔥 https://forms.cloud.microsoft/r/KJSRGq3G09 📅 31st May 2026 ⏰ 1:00 PM – 4:00 PM 📍 Timecity Office Tower 2, Kamayut, Yangon Seats Limited ⚡ See you at the Leadership Talk!

လက်လီ (Retail) စီးပွားရေးလုပ်ငန်းရှင်များအတွက် မဖြစ်မနေတက်ရောက်သင့်တဲ့ Special Webinar! လာပါပြီခင်ဗျာ ... 🗓️ Webinar အစီအစဉ်
လက်လီ (Retail) စီးပွားရေးလုပ်ငန်းရှင်များအတွက် မဖြစ်မနေတက်ရောက်သင့်တဲ့ Special Webinar! လာပါပြီခင်ဗျာ ... 🗓️ Webinar အစီအစဉ် နေ့ရက်: May 30 (စနေနေ့) အချိန်: ည (၈:၀၀) နာရီ နေရာ: Zoom Online Meeting (အခမဲ့ တက်ရောက်နိုင်ပါသည်။) သင့်ရဲ့ Retail စီးပွားရေးကို Smart ဖြစ်ဖြစ်နဲ့ တိုးတက်ချင်တယ်ဆိုရင်တော့ ဒီညဟာ သင့်အတွက် တကယ့်ကို အဖိုးတန်တဲ့ ညတစ်ည ဖြစ်လာမှာပါ။ 🔗 အခမဲ့ ပါဝင်တက်ရောက်ရန်အတွက် - Webinar ဝင်ရောက်ရမည့် Zoom Link နှင့် အသေးစိတ်အချက်အလက်များကို Telegram Group ထဲတွင် တင်ပေးသွားမည်ဖြစ်သောကြောင့် အောက်ပါ Link မှတစ်ဆင့် အခုပဲ အမြန်ဆုံး Join ထားလိုက်ပါနော်။ Business Intelligence Retailer Telegram Group Link - https://t.me/+v8Utf84oidE2OWVl May 30 ည (၈) နာရီမှာ ဆရာဦးမျိုးဟန်ထွန်းရဲ့ အဖိုးတန် Retail လျှို့ဝှက်ချက်တွေကို အတူတူ လေ့လာကြစို့။ Webinar မှာ ဆုံကြမယ်နော်! Future Wave Training

ငွေကြေးပြဿနာဖြေရှင်းနိုင်ဖို့ 💰👇 ဖတ်ရန် https://www.facebook.com/share/p/1BLkK6QLJ7/?mibextid=wwXIfr
ငွေကြေးပြဿနာဖြေရှင်းနိုင်ဖို့ 💰👇 ဖတ်ရန် https://www.facebook.com/share/p/1BLkK6QLJ7/?mibextid=wwXIfr

လူချမ်းသာတွေ ရှောင်ကြဉ်တဲ့ အချက် ၄ ချက် ❌ 👇 ဖတ်ရန် https://www.facebook.com/share/p/1RdpzrRDy5/?mibextid=wwXIfr
လူချမ်းသာတွေ ရှောင်ကြဉ်တဲ့ အချက် ၄ ချက် ❌ 👇 ဖတ်ရန် https://www.facebook.com/share/p/1RdpzrRDy5/?mibextid=wwXIfr

မနက်ဖြန်သင်တန်း စတင်ပါမယ် … 👇 https://www.facebook.com/share/p/1Nr7xtiJdS/?mibextid=wwXIfr
မနက်ဖြန်သင်တန်း စတင်ပါမယ် … 👇 https://www.facebook.com/share/p/1Nr7xtiJdS/?mibextid=wwXIfr

လူမိုက်နဲ့ငွေ အတူမနေ" တဲ့ ငွေနဲ့ပတ်သက်ပြီး မိုက်မဲတဲ့သူတွေရဲ့ လက်ထဲမှာ ငွေဟာ မမြဲတတ်ပါဘူး။​ ရှာသမျှငွေ၊ ဝင်သမျှငွေ ဘယ်လောက်များများ လက်ထဲ ငွေမရှိတဲ့ ငွေကြေးလူမိုက်တွေ မဖြစ်ရအောင် ... ဒီ video ထဲက အကြံပြုချက် (၅) ချက်နဲ့အတူ ကြိုးစားတည်ဆောက်ကြရအောင်.. --- https://youtu.be/TxOKXQap3l4?si=CXi40rJAgiIXN2TB

မြန်မာ့နှစ်သစ်ကူး မင်္ဂလာအချိန်အခါသမယမှာ မြန်မာပြည်သူများအားလုံး ... မင်္ဂလာအပေါင်းနဲ့ ပြည့်စုံပြီး စိတ်သစ် လူသစ် ခွန်အားသစ်တ
မြန်မာ့နှစ်သစ်ကူး မင်္ဂလာအချိန်အခါသမယမှာ မြန်မာပြည်သူများအားလုံး ... မင်္ဂလာအပေါင်းနဲ့ ပြည့်စုံပြီး စိတ်သစ် လူသစ် ခွန်အားသစ်တွေနဲ့အတူ ... တစ်နှစ်ပတ်လုံး ရွှင်လန်းချမ်းမြေ့ကြပါစေကြောင်း နှစ်သစ်ဆုမွန်ကောင်း တောင်းလိုက်ပါတယ် ... အားလုံး ဘေးကင်းရန်ကွာ ကျန်းမာချမ်းသာကြပါစေ… 17.4.2026 (နှစ်ဆန်းတစ်ရက်နေ့) Future Wave Training Phoo Kyaw Zin - Future Wave

သင်္ကြန်ဆိုတာ ရေပက်ရုံတင်မဟုတ်ဘဲ "မင်္ဂလာရှိစွာ စိတ်ကို ဆေးကြောခြင်း" ပါ... "သင်္ကြန်" ဆိုတာ အဟောင်းကနေ အသစ်ကို ကူးပြောင်းခြင
သင်္ကြန်ဆိုတာ ရေပက်ရုံတင်မဟုတ်ဘဲ "မင်္ဂလာရှိစွာ စိတ်ကို ဆေးကြောခြင်း" ပါ... "သင်္ကြန်" ဆိုတာ အဟောင်းကနေ အသစ်ကို ကူးပြောင်းခြင်းပါ။ ကျွန်တော်တို့ တစ်နှစ်ပတ်လုံး အလုပ်တွေလုပ်ရင်း စိတ်ထဲမှာ အညစ်အကြေးတွေ စွန်းထင်ခဲ့ကြပါလိမ့်မယ်။ ဒါကြောင့် ဒီသင်္ကြန်မှာ... စိတ်ကို အထူးဆေးကြောပါ။ ခန္ဓာကိုယ်ကို ရေနဲ့ဆေးသလိုပဲ၊ စိတ်ထဲက မကောင်းတဲ့ အညစ်အကြေးတွေကိုလည်း "ခွင့်လွှတ်ခြင်း" ဆိုတဲ့ ရေအေးနဲ့ ဆေးကြောပစ်လိုက်ပါ။ နောက်ပြီး မင်္ဂလာရှိစွာ အနားယူပါ။ ပျော်တာထက် "မင်္ဂလာရှိဖို့" က ပိုအရေးကြီးပါတယ်။ မိသားစု၊ မိတ်ဆွေတွေနဲ့အတူ စိတ်အေးချမ်းရတဲ့ အချိန်လေးတွေကို တန်ဖိုးထားဖြတ်သန်းပါ။ မြန်မာပြည်သူပြည်သားအားလုံးနဲ့ ကျွန်တော့်ရဲ့ စာဖတ်သူ ဓမ္မမိတ်ဆွေများအားလုံး... ဒီအတာရေနဲ့အတူ စိတ်နှလုံးများ အေးချမ်းကြပါစေ။ နှစ်ဟောင်းက အညစ်အကြေးတွေ အားလုံး လွင့်စင်ပြီး၊ နှစ်သစ်မှာ ကျန်းမာခြင်း၊ ချမ်းသာခြင်း၊ အောင်မြင်ခြင်းတွေနဲ့အတူ "စိတ်သစ်၊ လူသစ်၊ ဘဝသစ်" ကို ပိုင်ဆိုင်နိုင်ကြပါစေကြောင်း ဆုတောင်းမေတ္တာ ပို့သအပ်ပါတယ်။ အားလုံးပဲ မင်္ဂလာရှိသော သင်္ကြန်ကာလ ဖြစ်ပါစေခင်ဗျာ။ ၁၃.၄.၂၀၂၆ Phoo Kyaw Zin - Future Wave

မင်္ဂလာရှိစွာအောင်မြင်ဖို့ ဘဝနေထိုင်နည်း စိတ်ထား ၄ မျိုး 👇 https://youtu.be/D0RMBfdENVY?si=Y9mHVxoxWs_2oqFb