en
Feedback
စိတ်ခွန်အားစာပေများ📖📚

စိတ်ခွန်အားစာပေများ📖📚

Open in Telegram

Show more
The country is not specifiedThe category is not specified
1 060
Subscribers
+1824 hours
+1167 days
+55030 days
Posts Archive
'' တန်းဖိုးရှိသောစာ '' ၁။ ဘဝဆိုတာ တိုက်ပွဲတစ်ခုလိုပါပဲ လဲနေရင် ပြန်ထနိုင်အောင် ကြိုးစားပါ ၂။ လူတိုင်းမှာ ကိုယ်စီကိုယ်စီ ဖြေရှင်းနေကြရတဲ့ ဘဝပုစ္ဆာတွေ ရှိပါတယ် ဘယ်လိုဖြေရှင်းမလဲဆိုတာ အဓိကကျပါတယ်။ ၃။ တခါတလေ မဖြစ်ချင်တာတွေ ဖြစ်လာရတဲ့အခါ အကောင်းဆုံးရင်ဆိုင် ကျော်ဖြတ်လိုက်ပါ။ ၄။ ဖြစ်ချင်တာထက် ဖြစ်သင့်တာကို ဦးစားပေးလုပ်တာ ပိုကောင်းပါတယ်။ ၅။ အမှားတစ်ခုလုပ်မိတဲ့အခါ ဝန်ခံတတ်ပါစေ။ ၆။ ဘဝသီအိုရီတွက်ချက်ရတဲ့အခါ မှားမှာကို မကြောက်ပါနဲ့ အမှားဆိုတာ အတွေ့အကြုံရဲ့ ဆရာတစ်ဆူလိုပါပဲ။ ၇။ ဘယ်အလုပ်ကိုပဲလုပ်ရသည်ဖြစ်စေ တန်ဖိုးထားတက်အောင် ကြိုးစားပါ။ ၈။ ပညာရှာတဲ့အရွယ်ပညာရှာ ကြင်ရာရှာတဲ့အရွယ် ကြင်ရာရှာပါ ပညာရှာတုန်း ကြင်ရာမရှာမိပါစေနဲ့ ချစ်တာတစ်ခုတည်းနဲ့ ဘဝတစ်ခုတည်ဆောက်ဖို့ဆိုတာ မလုံလောက်သေးဘူး။ ၉။ အသိပညာအတွက် မရှက်ပါနဲ့ ပညာရှာပမာသူတောင်းစားတဲ့။ ၁၀။ သင့်ပတ်ဝန်းကျင်ရှိ လူအချို့က သင်အောင်မြင်တာကို အသိအမှတ်ပြုဖို့ မေ့နေကြပြီး သင်ကျရှုံးတဲ့အချိန် လက်ညိုးထိုးဖို့ စောင့်ကြည့်နေကြလိမ့်မယ် ။ ၁၁။ လူတိုင်းကို မယုံမိပါစေနဲ့။ သင်နဲ့ပတ်သက်သူတိုင်း လက်ထဲမှာ မမြင်နိုင်တဲ့ ဓားတစ်လက်ရှိနေတတ်တယ်။ ၁၂။ ကိုယ့်အပေါ်အမှားလုပ်မိတဲ့အခါ ခွင့်လွှတ်နိုင်ဖို့ ကြိုးစားလိုက်ပါ။ ၁၃။ ငွေကြေးနဲ့ပတ်သက်ရင် လူတိုင်းအပေါ် အယုံမလွယ်ပါနဲ့။ ၁၄။ အားနာရင် ခါးပါတတ်တယ်။ မဖြစ်နိုင်ရင် လိမ်မားပါးနပ်စွာ ရဲရဲငြင်းဆိုပါ ။ ၁၅။ မဖြစ်နိုင်တာကို မမျှော်လင့်ပါနဲ့ မျှော်လင့်ချက်က တနေ့ ဒုက္ခပေးတတ်တယ်။ ၁၆။ ချစ်တော့ ချစ်ပါ။ နှလုံးသားနဲ့ အရင်ခံစားပြီးမှ ဦးနှောက်က ပြတ်ပြတ်သားသား ဆုံးဖြတ်လိုက်ပါ။ ၁၇။ ပေးကမ်းပါ စွန့်ကျဲပါ တစုံတခုပြန်ရဖို့ မမျှော်လင့်ပါနဲ့။ ၁၈။ လူတိုင်းကို မချစ်နိုင်ရင်တောင် မမုန်းမိအောင် ကြိုးစားပါ။ ၁၉။ စေတနာနဲ့မထိုက်တန်ခဲ့ရင် ဥပေက္ခာနဲ့ ပေးဆပ်လိုက်ပါ စိတ်အေးချမ်းပါတယ်။ ၂၀။ မဖြစ်နိုင်ဘူးဆိုတာတွေ လက်ခံပါများလာရင် ဖြစ်နိုင်တာတွေ ကွယ်ပျောက်သွားတတ်တယ်။ ၂၁။ အပြောမကောင်းရင်တောင် နားထောင်ကောင်းသူဖြစ်အောင် ကြိုးစားပါ။ ၂၂။ နည်းနည်းပြောပြီး များများနားထောင်ပါ။ ၂၃။ မပေးကမ်းနိုင်ရင်တောင် တတ်နိုင်သလောက် ကူညီပေးလိုက်ပါ လက်တစ်စုံဟာ ယူဖို့အတွက်ဖြစ်သလို ပေးကမ်းတတ်ဖို့လည်း လိုပါတယ်။ ၂၄။ ချွေတာသင့်တာ ချွေတာပြီ စုဆောင်းသင့်တာ စုဆောင်းပါ ။ ရေတစ်စက်တန်ဖိုး ရေငတ်မှသိသလို ငွေတစ်ကျပ်တန်ဖိုး ငွေပြတ်မှ သိလာလိမ့်မယ်။ ၂၅။ မသိရင် သိသလိုမနေပါနဲ့ ။ မသိရင်မေးပါ ။ အမေးရှိရင် အဖြေတစ်ခုတော့ ရလာမှာပဲ။ ၂၆။ တနေ့ စာဖတ်ချိန်သီးသန့်ထားပါ။ စာဖတ်ခြင်းဖြင့် ဦးနှောက်လေ့ကျင့်ပျိုးထောင်ပါ။ ၂၇။ သူဘယ်လိုလူလဲဆိုတာထက် ငါဘယ်လိုလူလဲဆိုတာ သုံးသပ်ပါ။ ၂၈။ သူတပါးက လက်ညိုးမထိုးခင် ကိုယ်က လက်မထောင်နိုင်အောင် ကြိုးစားပါ။ ၂၉။ အချိန်မီကျေးဇူးတင်စကားပြောဖို့ မမေ့သင့်သလို တောင်းပန်စကားပြောဖို့လည်း ဝန်မလေးမိပါစေနဲ့။ ၃၀။ လူအချို့က ဝေဖန်လာရင် လက်ခံနိုင်ဖို့ ကြိုးစားပါ။ အောင်မြင်တဲ့လူတစ်ယောက်က ပတ်ဝန်းကျင်ရဲ့ ဝေဖန်ခြင်းဒဏ် ခံနိုင်ရည်ရှိကြရတယ် ။ ရဲရဲရင်ဆိုင်ဖြတ်ကျော်ပါ။ #credit #heinwaimoe

❝ ဘဝဆိုတာ အခက်ခဲဆုံးစာမေးပွဲတစ်ခုပါ ❞ လူအများစု ဘဝစာမေးပွဲကို ကျရတဲ့အကြောင်းအရင်းက တစ်ဦးချင်းစီမှာ မတူညီတဲ့မေးခွန်းလွှာရှိတာကို မသိဘဲ အခြားတစ်ဦးဆီကကူးယူဖို့ကြိုးစားလို့ပါပဲ။ ငယ်ငယ်တုန်းက စာမေးပွဲတွေဖြေတဲ့အခါ ကိုယ်စာမရတဲ့အလှည့်ဆိုရင် ဘေးကလူဆီက အရမ်းကြည့်ချင်မိတယ်။ တစ်ခါတစ်လေ ချွေးပြန်နေတဲ့အချိန် သူငယ်ချင်းကလည်း မပြရင် ထတောင် လုပစ်လိုက်ချင်တယ်။ အဲဒီအချိန်တုန်းက အဲဒီစာမေးပွဲလေးတွေကို အခက်ဆုံးလို့ ထင်ခဲ့တာပေါ့။ တကယ်အသက်ကြီးလာတဲ့အချိန်ကျမှ ဘဝဆိုတဲ့စာမေးပွဲကြီးကသာ အခက်ခဲဆုံးဆိုတာ သဘောပေါက်လာရတယ်။ ပြီးတော့ ငယ်ငယ်တုန်းကလို သူများဆီက လှမ်းကြည့်လို့မရမှန်းသိလာတယ်။ ကျွန်တော်တို့ရထားတဲ့ မေးခွန်းလွှာတွေမတူကြဘူး။ ကျွန်တော်တို့မေးခွန်းစာရွက်ပေါ်က ခက်ခဲမှုတွေကလည်း တစ်ယောက်နဲ့တစ်ယောက် မတူညီကြဘူး။ အချို့လူတွေရဲ့ ဘဝကခက်ခဲကြမ်းတမ်းပြီး အချို့လူတွေက လွယ်ကူကြတယ်။ အရင်တုန်းကဆို ဟိုလူ့ကိုဖြစ်ချင် ဒီလူလို့ဖြစ်ချင်နဲ့ အရမ်းစိတ်ပင်ပန်းဖူးတယ်။ အခုနောက်ပိုင်းတော့ မိမိရဲ့မေးခွန်းလွှာက ခြားနားနေမှန်းသဘောပေါက်လာတဲ့အတွက် မိမိမေးခွန်းလွှာကို မိမိဘာသာအာရုံစိုက်ပြီး အဖြေရှာရတာကို ပိုစိတ်ဝင်စားလာတယ်။ သူများတွေလုပ်တိုင်း လိုက်မလုပ်ဖြစ်တော့ဘူး။ သူများတွေရဲ့အဖြေတွေလည်း သိပ်စိတ်မဝင်စားဖြစ်တော့ဘူး။ ကိုယ့်ဘာသာပဲ တိတ်တိတ်လေး ကြိုးစားရင်းနေပျော်လာတယ်။ ခက်တဲ့မေးခွန်းတွေကိုလည်း စိတ်လှုပ်ရှားဖွယ်ရာတစ်ခုအနေနဲ့ ရင်ဆိုင်တတ်လာတယ်။ ကောင်းမွန်တဲ့နေ့ရက်တွေက ပျော်ရွှင်မှုတွေလက်ဆောင်ပေးတယ်။ ဆိုးရွားတဲ့နေ့ရက်တွေက အတွေ့အကြုံတွေကိုလက်ဆောင်ပေးတယ်။ အဆိုးရွားဆုံးနေ့ရက်တွေကြောင့် သင်ခန်းစာတွေရခဲ့တယ်။ အကောင်းဆုံးနေ့ရက်တွေကြောင့် အပျော်ရွှင်ဆုံးအမှတ်တရလေးတွေ ရရှိခဲ့တယ်။ ကိုယ့်မေးခွန်းလွှာလေးနဲ့ ကိုယ်ပျော်တတ်လာခဲ့ပါပြီ။