SAYA: The English Learning App
Open in Telegram
7 746
Subscribers
No data24 hours
-117 days
-1730 days
Posts Archive
Either နဲ့ Neither ရဲ့ကွာခြားမှုတွေကို ပြောပြပေးသွားပါမယ်။
Either ကတော့ Option နှစ်ခုလုံးကိုရွေးချင်တာမျိုးမှာ သုံးကြပါတယ်။ Too ဒါမှမဟုတ် also လို့ အဓိပ္ပာယ် ရပါတယ်
Either ကိုသုံးမယ်ဆိုရင် or နဲ့တွဲသုံးရပါတယ်.
For example: I want to eat either chinese foods or japanese foods.
Negative အနေနဲ့လည်း either ကိုသုံးချင်လည်းရပါတယ်
For Example- I don't want to eat either.
Neither ကတော့ Either ရဲ့ Negative အသုံးအနှုန်းပါ။
None of လို့ အဓိပ္ပာယ် ရပါတယ်။
နှစ်ခုလုံးကို မလိုချင်တဲ့အခါမျိုးမှာ သုံးပြီး Neither နဲ့ nor တွဲသုံးရပါတယ်။
For example: what do you want chinese foods or japanese foods?
I want neither (နှစ်ခုလုံး မလိုချင်ဘူးလို့ ပြန်ပြောလို့ရပါတယ်။)
every now and then
"from time to time; occasionally"
တစ်ခါတစ်ရံကို ဆိုလိုပါတယ်။
⁃ I used to see him every now and then.
⁃ We still get together for lunch every now and then.
"beat around the bush"
"to talk around a subject without getting to the point"
လိုရင်းကို မရောက်တာမျိုးကို ဆိုလိုပါတယ်။
For Examples..
⁃ Just stop beating around the bush and tell me what the problem is!
⁃ If you want to ask me, just ask; don’t beat around the bush.
"have bigger fish to fry"
"to have more important or more interesting things to do or attend to"
ပိုပြီးတော့ အရေးကြီးတာကို လုပ်စရာရှိတာမျိုးကို ဆိုလိုပါတယ်။
For Examples..
⁃ It's really not worth my time. I've got bigger fish to fry!
⁃ I want Chris to help me with this project, but he claims he has bigger fish to fry right now.
Small talk conversation ဖြစ်တဲ့ တစ်ယောက်နဲ့ တစ်ယောက် ပထမဆုံးစတွေ့လို့ စကားပြောကြတဲ့အခါမှာ ဘာတွေပြောကြမလဲ။
Topic ရွေးတဲ့အခါမှာ ကိုယ့် ဇာတိအကြောင်း၊ ဝါသနာတို့၊ အလုပ်အကြောင်းတို့ ကိုယ်စိတ်ဝင်စားတဲ့ ရုပ်ရှင်တို့ TV show အကြောင်းတို့နဲ့ ပေါ့ပေါ့ပါးပါး Question လေးတွေကို မေးလို့ရပါတယ်။
For Example..
Where are you from originally?
Do you have recommendations for books?
Have you seen any good films recently?
What are your plans for this weekend?
အလုပ်နှင့် ပတ်သက်တာဆိုရင်တော့..
Tell me about your current role.
What was your first job like?
What would you be doing if you didn't have to work?
What's some great career advice you've received?
"between a rock and a hard place"
"Facing two equally unpleasant, dangerous, or risky alternatives, where the avoidance of one ensures encountering the harm of the other"
ရွေးချယ်ရခက်နေတဲ့ အခြေအနေနှစ်ခုကို ဆိုလိုပါတယ်။
For Examples..
⁃ I was between a rock and a hard place, for if I didn't take out another loan—and go deeper into debt—I could not pay off the debts I already owed.
⁃ You were really between a rock and a hard place when you had to choose between your career and your relationship.
pay off - အကြွေးစာရင်း ရှင်းလိုက်သည်။
"Chase Rainbows"
"when someone tries to pursue unrealistic or fanciful goals, things that are impossible"
မဖြစ်နိုင်တဲ့အရာတစ်ခုကို ရဖို့အတွက် အဲ့အရာနောက်ကို လိုက်နေတာမျိုးကိုဆိုလိုပါတယ်။
For Examples..
⁃ He thought he could convince the boss to appoint him as the new manager, but in fact he was chasing rainbows.
⁃ You can't chase rainbows your whole life—you need to pick a stable career and start being an adult.
"keep someone in the dark"
"It is used when we want to talk about a person who doesn’t tell another person about something; in other words they are keeping information from the other person"
အခြားသူတစ်ဦးအား တစ်စုံတစ်ခုအကြောင်း မပြောလိုသည့်အခါ အသုံးပြုပါသည်။
For example:
⁃ I think there’s a problem with my wife’s health, but she hasn’t said anything about it. I hate it when she keeps me in the dark like that!
⁃ We’ve kept the children in the dark for too long about our plan to get a divorce. I think it’s time we told them.
divorce - ကွာရှင်းခြင်း။
"yes" လို့ပဲ အမြဲတမ်း ပြောနေမယ့်အစား ဘာစကားလုံးတွေ အစားထိုးသုံးလို့ရသေးလည်းဆိုတာ လေ့လာလိုက်ရအောင်နော်။
Absolutely
Exactly
Ya, Uh-huh, Yep စတာတွေလည်း သုံးလို့ရသလို
Okie-dokie
Indeed
Precisely တို့ကိုလည်း အသုံးပြုလို့ ရပါတယ်။
"the pot calling the kettle black"
"criticizing someone for a fault that you have too"
ကိုယ်လည်း အတူတူပဲကို သူများကို လိုက်ပြီး ဝေဖန် အပြစ်တင်တာမျိုးကို ဆိုလိုပါတယ်။
For Examples..
⁃ I can’t believe that you are upset because I was late. That is the pot calling the kettle black.
⁃ Peter called me a liar! That is the pot calling the kettle black.
"your guess is as good as mine"
"something you say when you do not know the answer to a question"
တစ်ဖက်လူ မေးလိုက်တဲ့ မေးခွန်းကို အဖြေမသိရင် သုံးလို့ရပါတယ်။
For Examples..
⁃ "What's he doing?" "Your guess is as good as mine."
⁃ I asked my wife “how long will it take for the pie to bake?” and she answered, “your guess is as good as mine.”
ရိုသေသမှုပြု၍ သုံးနှုန်းသော (Honorifics) စကားလုံးများကို လေ့လာကြည့်ရအောင်..
1. Miss
လက်မထပ်ရသေးတဲ့ Single woman ကို ရည်ညွှန်းတဲ့အခါ အသုံးပြုပါတယ်။
2. Ms (Mizz)
မိန်းမတစ်ယောက်ဟာ Single လား Married လားကို မသိရင် Mizz ကို အသုံးပြုလို့ရပါတယ်။
3. Mr (Mister)
ယောက်ျားတစ်ယောက်ဟာ Single လား Married လားကို မသိရင် Mister ကို အသုံးပြုလို့ရပါတယ်။
4. Mrs (Misses)
လက်ထပ်ပြီးသား အမျိုးသမီးကို ရည်ညွှန်းတဲ့အခါ အသုံးပြုပါတယ်။
5. Mx (Gander neutral)
ကျား/မ ခွဲခြားသတ်မှတ်ခြင်း မရှိသူများအတွက် အသုံးပြုပါတယ်။
နောက်ထပ် ဘာအကြောင်းအရာတွေ ဝေမျှပေးသွားဦးမလဲဆိုတာ စောင့်ကြည့်ကြပါနော်။
ကျန်းမာရေးနှင့်ဆိုင်သော Vocabulary များကို လေ့လာကြည့်ပါနော်။
Infusion - ဆေးသွင်းခြင်း
Fever - ဖျားခြင်း
Diabetes - ဆီးချိုရောဂါ
Stethoscope - (ဆရာဝန်ကိုင်)နားကျပ်
Surgeon - ခွဲစိတ်ကု ဆရာဝန်
Pharmacist - ဆေးရောင်းသူ
Eye exam/ eye chart - အမြင်အာရုံ စစ်ဆေးခြင်း
Psychologist - စိတ်ပညာ ကျွမ်းကျင်သူ
Flu - တုပ်ကွေး
Glucose meter - သွေးချို၊ ဆီးချိုတိုင်းစက်
Medical record - ဆေးမှတ်တမ်း
Blood pressure monitor - သွေးပေါင်ချိန်စက်
"cream of the crop"
"the best of all"
အကောင်းဆုံးကို ဆိုလိုပါတယ်။
For Examples..
⁃ This particular car is the cream of the crop.
⁃ These three students are very bright. They are the cream of the crop in their class.
"bite more than you can chew"
"you mean that they are trying to do something which is too difficult for them."
အလုပ်တွေကို ကိုယ်မနိုင်ပဲ တာဝန်ယူ လုပ်ဆောင်တာကို ဆိုလိုပါတယ်။
For Examples..
⁃ I think I bit off more than I could chew when I agreed to paint this house by myself.
⁃ By accepting two part-time jobs, he is clearly biting off more than he can chew.
"can't hack it or couldn't hack it"
"they do not or did not have the qualities needed to do a task or cope with a situation."
တစ်ခုခုကို မလုပ်နိုင်တာ၊ မခန့်ခွဲနိုင်တာကိုဆိုလိုပါတယ်။
For Examples..
⁃ I guess I’m burned out, and I just can’t hack it anymore.
⁃ I thought delivering papers would be an easy job, but I just can't hack it.
Burn Out - အလွန်အမင်း ပင်ပန်းသည်။
Example of burn out - It's a high-pressure job and you could burn out young.
ဒီနေ့ လုပ်ငန်းခွင်အတွင်းမှာသုံးလေ့ရှိတဲ့ လုပ်ငန်းခွင်သုံး Vocabulary တစ်ချို့ကို ပြောပြပေးသွားပါမယ်။
⁃ Offer
ကမ်းလှမ်းတယ်၊ ပေးတယ်လို့ပြောတာပါ။ တစ်နည်းအားဖြင့် ငါအလုပ် offer တစ်ခုရတယ်ဆိုပြီး သုံးကြပါတယ်။
⁃ Hire
အလုပ်ခန့်သည်။
⁃ Alternative
တခြားရွေးချယ်စရာ option တစ်ခုလို့ဆိုလိုပါတယ်။
⁃ Outsourcing
Company ပြင်ပကနေ သက်သက်လုပ်တဲ့ Business ကိုပြောတာပါ။ တနည်းအားဖြင့် website developer team ကို အပြင် outsource team တစ်ခုနဲ့ လုပ်လိုက်တာမျိုးတို့သုံးကြပါတယ်။
⁃ Probation
ဒါကတော့ Company တွေမှာ အလုပ်လုပ်ရင် probation ကာလပြီးတယ်လို့ပြောတာကြားဖူးမှာပါ။ အစမ်းခန့်ကာလ ဖြစ်ပါတယ်။
⁃ Target market
ဒါကတော့ ကိုယ် brand သွားချင်တဲ့ ပစ်မှတ်ထားထားတဲ့ audience အမျိုးအစားကိုပြောတာမျိုးပါ။
