en
Feedback
ꜱᴀᴍᴜᴇʟ🥸

ꜱᴀᴍᴜᴇʟ🥸

Open in Telegram

Warmly Welcome 😊💞

Show more
Myanmar26 451The category is not specified
1 398
Subscribers
No data24 hours
-97 days
-2230 days
Posts Archive
ကိုယ့်ကိုယ်ကိုယ် မှတ်မိအောင် ကြိုးစားရင်း..... မင်းကိုတော့ တယုတယ သတိရနေပါ့မယ် ။ ❤️‍🩹 #ဂန္ဓမာ

စစ်ဖြစ်ရင်ငို အချစ်မစစ်ရင်ငိုရတဲ့ကမ္ဘာမှာလူလာဖြစ်ရတယ်။ လူသားချင်းစာနာမှုဆိုတဲ့ဆောင်ပုဒ်ဟာ ဒီနိုင်ငံနှင့်မသက်ဆိုင်ပါ။ ခေတ်ပျက်နေတာမို့... စစ်ကြောင့်မသေကြေစေချင်ပါ အချစ်ကြောင့်မငိုစေချင်ပါ။ "ဂန်းတလက်မြင်ရင် ငိုတက်သလို ပန်းတခတ်မြင်ရင် ပြုံးမိပါတယ်" ဒီစစ်ကြီးပြီးဆုံးရင်.. မင်းလက်ကိုတွဲကာ ကမ္ဘာအနှံ့ခရီးထွက်ချင်ပါရဲ့။ ☘️🤎 #ဝေါဟာရ

"သူပုန်ကောင် အိမ်လွမ်းနာ" ==================== သူပုန်ကောင် အိမ်လွမ်းနာမျက်ရည်ကျ အကယ်ဒမီမရခဲ့ပါ နှစ်သိမ့်ဆုတစ်ခုအနေနဲ့ (၅)မိနစ်လောက်ဖြစ်ဖြစ် အိမ်ပြန်ခွင့်ရမယ်ဆိုလည်း ကျေနပ်ပါပြီအမေ။ စိတ်ဟာလေထက်မြန်တယ်တဲ့ အိမ်ပြန်ချင်စိတ်ဟာ တားမရဘူးအမေရဲ့ ထမင်းဝိုင်းရဲ့ လစ်ဟာနေတဲ့ပန်းကန်တချပ်ဟာ သားနာမည်ပေါ့။ -အရာအားလုံးကံစီမံရာပါပဲ အနေပျော်ဖို့ထက် အဆင်ပြေဖို့ရွေးပြီး‌‌လျှောက်ခဲ့ရတဲ့ ခြေလှမ်းတွေပါ...အမေရယ် -ခေါင်းမာတဲ့ကောင် နှလုံးသားမှာပျော့တော့ အိမ်လွမ်းနာကျတဲ့အခါ ခိုးငိုပါတယ် အမေ့ဟင်းလျာ သားဝမ်းစာ အိမ်ထမင်း၊အိမ်ဟင်းကိုသာ လွမ်းမိပါရဲ့။ ဒီတခါ အိမ်‌ပြန်နောက်ကျတဲ့သားကို စိတ်မငြူစူပါနဲ့အမေ ခေတ်ကြောင့်ဖြစ်လာရတဲ့တာဝန်မို့ တာဝန်ချိန်မှအပသူစိမ်းတွေဖြစ်ကျရအုန်းမယ်။ သားအရမ်းချစ်တဲ့အမေ အိမ်ပြန်လာမယ်ဆိုတဲ့ကတိမတည်နိုင်ခဲ့ရင် ခွင့်လွှတ်ပါအမေ အိမ်ပြန်လာနိုင်ဖို့လည်းသားကြိုးစား‌နေပါတယ်။ ။ #ဝေါဟာရ

အာဏာခရေဇီခေတ် ဆယ်အိမ်မှူးကိုတောင် မျက်နှာချိုသွေး နေနေရတဲ့ခေတ်မှာ ကိုယ်နေထိုင်ပါတယ် တခါတလေ အတွေးရဲလာရင် နိုင်ငံရေးကို သရော်ပြီး သွေးကျဲလာရင် ချစ်ကြည်ရေးတွေ ပတ်ပြောပါတယ် ကိုယ်ဟာ အာဏာခရေဇီ ခေတ်ရဲ့ ပြည်သူတစ်ယောက်ပါ အချစ်ရယ် မှားလည်း ပြင်ဆင်ရသလို တရားလည်း ဆင်ခြင်ရတယ် မင်းနဲ့ ခေတ်ကို လက်မြှောက်ပါတယ်ကွယ် ။ ။ #ခွန်ဟိဏ်း(ရေစကြို) #Power-Crazy

နေ့ရက် တွေဟာ ပိုအဓိပ္ပာယ်ရှိလာတယ် မင်းရောက်လာ ပေးခဲ့လို့လား ကိုယ် ရောက်လာ ပေးခဲ့လို့လား ။ ဒါမှမဟုတ် ကိုယ်တို့ နှစ်ယောက်လုံး တိုးလာခဲ့လို့လား ၊ တစ်ခုခု ပေါ့ အချစ်ရယ် ဆုံတွေ့ခွင့်ရခဲ့လို့ ကျေးဇူးတင်ပါတယ်ကွယ် ။ 🤎 #ခက်နှောင်

𝙅𝙪𝙨𝙩 𝙬𝙖𝙣𝙣𝙖 𝙡𝙚𝙩 𝙮𝙤𝙪 𝙠𝙣𝙤𝙬, 𝙮𝙤𝙪’𝙧𝙚 𝙩𝙝𝙚 𝙦𝙪𝙞𝙚𝙩 𝙗𝙚𝙩𝙬𝙚𝙚𝙣 𝙢𝙮 𝙘𝙝𝙖𝙤𝙨, 𝙩𝙝𝙚 𝙧𝙝𝙮𝙩𝙝𝙢 𝙞𝙣 𝙢𝙮 𝙨𝙞𝙡𝙚𝙣𝙩 𝙫𝙚𝙧𝙨𝙚𝙨. 🤎

ဘယ်သူ့ကို စောင့်နေတာလဲမေးရင် ကျွန်တော့်မှာ အဖြေမရှိဘူး။ တစ်ခုတော့ ပြောလို့ရတာပေါ့ ကျွန်တော် ဆေးလိပ်သောက်ရင်း ရပ်နေမိတာမျိုးပါပဲ ။ ဘယ်သူ့ကိုမှလည်း မစောင့်ပါဘူး ဘယ်သူမှလည်း လာတော့မယ် မထင်ပါဘူး ။ 🙂 #မောင်ဆောင်းခ

''အဖေ'' တဲ့ ကဗျာမဆန်လိုက်တာ.. ဒါပေမဲ့ 'အဖေ' လို့အော်ခေါ်ကြည့်တော့.. လုံခြုံမှုကအပြည့် ဖြစ်နေတတ်တယ်။ တစ်ခါတစ်လေပြန်ပြောမိတာရှိပေမယ့် အဖေ့ကို ချစ်တယ်.....🤎 #Ctto 🎼 အဖေ // ထူးအိမ်သင်

Can we always be this closed.......🤎

ကျွန်တော်ဘယ်အရာကိုမှ....... မမက်မောတော့ပါဘူး လိုချင်တဲ့အရာတွေလည်း တစ်ခါမှမှ မရခဲ့ဖူးတာ။ 💔 #villain

အမှတ်တမဲ့ ပြန်တွေ့လိုက်မိတော့ ဒီလူကို တစ်ချိန်က ငါ အရမ်းချစ်ခဲ့တာပါလားဆိုပြီး သတိရမိတယ် ၊ သူ့ကြောင့် ဖြစ်တည်ခဲ့တဲ့ ပျော်ရွှင်မှုတွေ နာ-ကျင်မှုတွေ ။ အဲ့အချိန်တုန်းကတော့ကိုယ်ဟာ အရူ:မီ:ဝိုင်းပါပဲ သူမှသူ ၊ ဘာနေနေ သူ့စိတ်နဲ့ပဲ … သူနဲ့ ဝေးရရင် 6သကို6‌သမှာ ဆိုတဲ့ စိတ်နဲ့ပဲ အခုကျတော့ လဲ ဒါတွေက ဘာမှမဟုတ်ခဲ့သလို ပြန်မြင်ရတော့ ချစ်တာလဲ မရှိတော့ဘူး မုန်:တာလဲ မရှိတော့ဘူး ၊ အေးဆေးပဲ ။ တကယ်တော့ အချိန်ပဲ လိုတယ် ဆိုတဲ့ စကားက တကယ်မှန်တယ် ။ ဘာ ခံစာ:ချက်မှ မရှိတော့တာမျိုးလေ.....🙂 #အောင်ဘုန်းခန့်

Can we always be this closed.......🤎

𝙃𝙖𝙥𝙥𝙮 𝘽𝙞𝙧𝙩𝙝𝙙𝙖𝙮 𝙈𝙖𝙮𝙢𝙖𝙮 𝙎𝙪𝙪 🌹🎂🤍

𝙷𝚊𝚙𝚙𝚢 𝙵𝚊𝚝𝚑𝚎𝚛'𝚜 𝙳𝚊𝚢 (2025) 🤎 𝚆𝚒𝚜𝚑𝚒𝚗𝚐 𝚊𝚕𝚕 𝚏𝚊𝚝𝚑𝚎𝚛𝚜 𝚘𝚞𝚝 𝚝𝚑𝚎𝚛𝚎 𝚝𝚘 𝚋𝚎 𝙷𝚎𝚊𝚕𝚝𝚑𝚢, 𝚠𝚎𝚊𝚕𝚝𝚑𝚢 𝚊𝚗𝚍 𝙻𝚘𝚗𝚐 𝚕𝚒𝚟𝚎 ''အဖေ'' တဲ့ ကဗျာမဆန်လိုက်တာ.. ဒါပေမဲ့ 'အဖေ' လို့အော်ခေါ်ကြည့်တော့.. လုံခြုံမှုကအပြည့် ဖြစ်နေတတ်တယ်။ တစ်ခါတစ်လေပြန်ပြောမိတာရှိပေမယ့် အဖေ့ကို ချစ်တယ်.....🤎 #Ctto 🎼 အဖေ // ထူးအိမ်သင်

အဖေ ကျွန်တော့်ကိုပြောခဲ့ဖူးတဲ့ စကားလေးတစ်ခွန်းရှိတယ်..။ "ဘယ်နေရာမှာမဆို သူ့ဘက် ကိုယ့်ဘက် မျှတွေးပေးတတ်ရတယ်.." "ကိုယ့်အတွက်ပဲ ကိုယ်ကြည့်ရင်တော့.. အတ္တသမားပေါ့.." "ကိုယ့်ဘက်ကိုယ်တောင် ပြန်မကြည့်နိုင်ကြတော့ရင်တော့ အရူးတွေပေါ့တဲ့.." ထိထိမိမိပါပဲ..။ 🙂 -ရွှေစွန်ညို-(စွဲ ကဗျာမှ)

ဘာလိုအပ်နေလဲ မေးတဲ့သူထက် လိုတာလေး အလိုက်သိ လုပ်ပေးတဲ့သူကို သဘောကျတာ မမှားပါဘူး။ ချစ်တယ်လို့ ပြောတဲ့သူထက် ချစ်ပြတဲ့သူကို သဘောကျ ချစ်မိတာလဲ မမှားပါဘူး ဂရုစိုက်ပေးပါလို့ တောင်းဆိုစရာမလိုပဲ ဂရုစိုက်ပေးတဲ့ အရိပ်ကို ခိုလှုံတာမမှားသလို ကြင်နာပေးပါ လို့ ပြောစရာမလိုပဲ ကြင်နာတတ်တဲ့ နှလုံးသားလေးတစုံမှာ ပျော်ဝင် နားခိုမိတာလဲ မမှားပါဘူးနော် လိုအပ်နေတာက..... ပြောစရာမလိုပဲ ချစ်ပေးနေတဲ့သူကိုပဲ လိုတာပါ။ 😊🤎 Credit to the Original Author

ဒီတစ်ယောက်လေးပါပဲ၊ ဒီတစ်‌ယောက်လေးကိုပဲ ပိုင်ဆိုင်ချင်တယ် ဒီတစ်ယောက်လေးနဲ့ပဲ ပျော်စရာလေးတွေ ဖန်တီးချင်တယ်။ ရှားရှားပါပါး ကိုယ့်ရှာဖွေတွေ့ရှိခဲ့တဲ့ရင်ခုန်သံလေး ဒီတစ်ယောက်လေးကိုပဲ ကြင်နာချင်တယ်၊ ဒီတစ်ယောက်လေးပါပဲ ။ 🤎 #ခက်နှောင်

စပြီးချစ်မိတယ်၊ ဆက်ပြီးချစ်နေဦးမယ် အကြောင်းပြချက်တွေ အများကြီးရှိသည်ဖြစ်စေ နည်းနည်းလေးပဲရှိသည်ဖြစ်စေ ဒါဟာ သူဖြစ်‌နေလို့ပဲ ဖြစ်ပါလိမ့်မယ်။ 🤎 #ခက်နှောင်