📚 ကဗျာလေဟာနယ်နှင့် ကလောင်ပျို ကဗျာများ💕✍
Open in Telegram
အချစ်နှင့်ခံစားချက် ကဗျာများ (love & feeling poems)
Show moreMyanmar40 341The category is not specified
412
Subscribers
+524 hours
+477 days
+16330 days
Posts Archive
သေရာပါနာမ်စားတစ်ခုကို
နောက်ဆုံးထွက်သက်ထိ ရေရွတ်ရင်း
ဒီသံသရာက လွတ်မြောက်ကြောင်းတွေကို
အကြောက်အကန် ငြင်းဆိုမယ်
သေချာတယ်
မင်းက ငါ့နိဗ္ဗာန်ပဲ ။
-ဆန်းမြထွန်း၀င်း
လူတစ်ယောက်ကို
ချစ်ခဲ့တုန်းက ..
တစ်လောကလုံးက
ပတ်ကြွာခဲ့ဖူးတယ်...
ဒါပေမယ့်
ဝေးသွားတဲ့အခါ
သူရွေးတာမှန်တယ်ဆိုပြီးပဲ
နှုတ်ဆိတ်နေခဲ့လိုက်တာပါ
ဘာကြောင့်လဲမေးရင် ...
ချစ်ခဲ့ခြင်းတွေဟာ
မချစ်တော့မှ
အပြစ်ဖွဲ့စရာမှ မဟုတ်ပဲလေ။
-ကျေးကို
ခေါ်လည်း ခေါ်ချင်ပါတယ်
ပြောလည်း ပြောချင်ပါတယ်
မင်းအသံကြားပြီး
အစကပြန်ကြေကွဲရမှာကိုပဲ စိုးတာ
ကိုယ်နေနိုင်သွားတာ မဟုတ်ဘူး ။
-နွေသစ်ငြိမ်း
တစ်ယောက်ယောက်က ကိုယ့်ကို
အမြဲတမ်းချစ်နေမယ်လို့ ထင်လားတဲ့
ဟင့်အင်း ကျွန်တော်သိပါတယ်
ခံစားချက်တွေထဲ တဒင်္ဂလေးပဲ
ကျွန်တော်မျောပါမိသွားတာပါ
ဘယ်တစ်ဦး တစ်ယောက်ကမှ
ကျွန်တော့်ကိုအမြဲချစ်နေမှာမဟုတ်ဘူးဆိုတာ
ကျွန်တော်သိပြီးသားပါ...
သည်းသည်းလှုပ်အချစ်ခံရတယ်ဆိုတာမျိူးက
ရုပ်ရှင်တွေထဲမှာပဲ ရှိတတ်တာမဟုတ်လား...
-ဖရော်ဆန်
ရှိနေမှန်းသိဖို့
အတောင်တဖျပ်ဖျပ်
ခတ်ပေးနေရတာပေါ့
ဆူညံမိသမျှအတွက်လည်း
ချစ်ခြင်းမေတ္တာအားဖြင့်ပဲ
ဝန်ချတောင်းပန်ပါတယ်။
-ကေဇဝင်း
ဒိုင်ယာရီလေးထဲ ကြွေဆင်းရတော့မယ့်
ကျနော့် ကဗျာလေးတွေဟာ အရမ်းကို
လှပနေခဲ့တယ် ကျနော့်အတွက် ကြားသမျှ
တေးတွေ ချိုသာတယ် သူ့ခြေလှမ်းလေး
လှမ်းတာက အစ မျက်လုံးလေး
ပင့်ကြည့်တာအဆုံး ရုန်းမရအောင်
ညှိ့ငင်လွန်းခဲ့တယ် သူတချက် ပြုံးလိုက်တိုင်း
စံပယ်တွေဟာ တဖြုတ်ဖြုတ်ကြွေတယ်။
ဘယ်သူတွေ ဘယ်လောက်လှလှ
သူ့လိုတော့ ကမ္ဘာတုန်အောင် မလှပါဘူးပေါ့
ကျနော့်မေတ္တာမိုး ကျနော်ကိုယ်တိုင်ပဲ
ရွာချရတော့မယ် ချစ်တယ်လို့ တိုးတိုးဖွဖွလေး
ပြောပြဖို့ရာ အားအင်တွေ ဆုတ်ယုတ်သလိုပါပဲ
စိုးစိတ်ဝေ့ဝဲနေတဲ့ လေပြေလေညှင်းထဲ
ညနေလေးက မှော်ဆန်လွန်းလှတယ်
မင်းကို မြင်လိုက်တိုင်း ငြိမ်ငြိမ်ဆိတ်ဆိတ်လေး
ကမ္ဘာကြီးက ဘယ်လိုလည်နေလဲ ငေးမိတယ် ။
ခြေလှမ်းတွေရဲ့ နေဝင် ဆည်းဆာဟာ
တိမ်ရောင် ဖြာတော့မလား အံ့သြစရာတွေနဲ့
ဘဝဟာ မှော်ဆန်လွန်းလှတဲ့ နေ့ရက်တွေကို
သယ်ဆောင်လာခဲ့တယ် ရင်ခုန်သံကြိမ်နှုန်းခြင်း
ထပ်တူကျတဲ့အခါ ကမ္ဘာမြေဟာ ပိုလှပလွန်းရဲ့။
မန်းတလေးရဲ့ လမ်းမတွေဟာလည်း
အရင်ထက် ပိုပြီး လင်းကျယ်လာသလိုပဲ
ကျနော့် စိတ်အစွဲနဲ့ ကျနော့် စိတ္တဇလို့ပဲ
ထင်ချင်ထင်ပေါ့ ကောင်းကင်ကို မော့ကြည့်လို့
ကြယ်လေးတပွင့် ရင်ခွင်ထဲ ကြွေဆင်းလာတဲ့
ညမျိုးမှာ ခဗျားတို့ ပျော်ရွှင်စွာ ဆုတောင်းခဲ့ဘူးလား
အပျော် ကပိုကရိုနဲ့ ကျနော့်လွင်ပြင်က
စိမ်းစိုလာခဲ့ပါပြီ စကားတီးတိုးလေပြေ
ရနံ့တွေ ပျော်ပျော်လွန်လွန် ကခုန်လို့
ကျနော်တို့ဟာ ၂ကမ္ဘာထဲ ပေါင်းထားတဲ့
စကြ်ာဝဠာ လက်သန်းချင်း ချိတ်တွယ်ထားတဲ့
စိတ်မှာ ကျနော် အိပ်ရာမထချင်တော့ဘူး...။
# မုဒြာ
လေတိုးသံတောင်
မင်းစကားသံလို့ ထင်နေတဲ့နေ့တွေမှာ
မူတ်ထုတ်လိုက်တဲ့ ဆေးလိပ်ငွေ့တွေဟာ
မင်းပုံရိပ်ဖြစ်နေတာတော့ မထူးစမ်းတော့ပါဘူး
# မယ်ညို
ကိုယ့်နံရိုးလေးကိုတော့ တွေ့ခဲ့ပါရဲ့
တစ်ပါးသူရင်ခွင်ထဲမှာမို့ နူတ်မဆက်ဖြစ်ဘူး
ဖန်ဆင်းရှင်ဟာ နမော်နမဲ့နိုင်လွန်းတယ်။
သောတပန်မဖြစ်ရင်
စုန်းမဖြစ်ချင်တယ်။
ပြုစားပစ်မယ် မေမေရယ်။
သမီးဒီလောကကို မချစ်ဘူး။
-စောနန္ဒာခိုင်
