en
Feedback
📚 ကဗျာ​လေဟာနယ်နှင့် ကလောင်ပျို ကဗျာများ💕✍

📚 ကဗျာ​လေဟာနယ်နှင့် ကလောင်ပျို ကဗျာများ💕✍

Open in Telegram

အချစ်နှင့်ခံစားချက် ကဗျာများ (love & feeling poems)

Show more
Myanmar40 341The category is not specified
412
Subscribers
+524 hours
+477 days
+16330 days
Posts Archive
အတိတ်က သူငယ်ချင်းတွေလည်း အရိပ်လိုပဲ မှတ်ဥာဏ်ထဲ ခပ်ရေးရေး ပုခုံးဖက်ပြီးပေါင်းခဲ့တဲ့လက်တွေက ခုများဆွဲနှုတ်ဆက်ဖို့ထက် လက်ပြဖို့တ
အတိတ်က သူငယ်ချင်းတွေလည်း အရိပ်လိုပဲ မှတ်ဥာဏ်ထဲ ခပ်ရေးရေး ပုခုံးဖက်ပြီးပေါင်းခဲ့တဲ့လက်တွေက ခုများဆွဲနှုတ်ဆက်ဖို့ထက် လက်ပြဖို့တောင် ခပ်ဝေးဝေးရောက်နေပြီ တနယ်စီဝေး တနယ်တကျေးမှာ မင်းဘာဖြစ်ချင်လဲ ငါဘာဖြစ်ချင်လဲ အတွေးတွေကထပ်တူမကျခဲ့သလိုပဲ အရင်ကလို ဘာမှ အရောင်မပါတဲ့ သူငယ်ချင်းဆိုတဲ့ အဖြူထည်လေးတွေကို ပြန်တွေ့ချင်တယ်.........::::::::::::: #crd -မုဒြာ

ကိုယ့်အတွက်မဟုတဲ့ မင်းရဲ့ Active now လေး မီးစိမ်းနေတာလေးကို ခဏခဏဝင်ကြည့်မိတယ် ပြီးတော့ တိတ်တိတ်လေးပဲ ကိုယ်ဟာတယောက်ထဲ မျက်ရည်လေးတွေဝဲလို့ပေါ့.....// -မုဒြာ

မေတ္တာစစ်တွေ ရှားပါးလာတဲ့ ခေတ်ကြီးထဲမှာ တစ်စုံတစ်ယောက်ဆီက စစ်မှန်သောချစ်ခြင်းမေတ္တာတွေနဲ့ အချစ်ခံရတာဟာလည်း အဖိုးမဖြတ်နိုင်တဲ့ ဆုလာဘ်တစ်ခုပါပဲ . . . ♡︎ -မုဒြာ

ကိုယ့်အတွက်ပါဆိုပြီး တသီးတသန့်ဖြစ်တည်မှု့လေးကိုပဲ မြတ်နိုးခြင်းများစွာနဲ့ ပိုင်ဆိုင်ပါရစေ...။ -မုဒြာ

စိတ်တွေ ထွေနေရင် ဒီမနက်အတွက် ​ကော်ဖီခါးခါးလေးကို ရွေးနော် ... မပျော်သလို ခံစားရရင် အချဥ်ဓာတ်ပါတဲ့ အသီးဖျော်ရည်လေးကို ရွေး ... ရာသီဥတုက ... အပူပိုင်းရောက်နေတာမို့ အတွေးတွေကို ပိုပြီးတော့ ဂရုစိုက်ရမယ့် မနက်ခင်းပါပဲ .. ဖြစ်နိုင်မယ်ဆိုရင် ဘာမှ မတွေးသေးတာ ကောင်းမယ် ... မနက်စာကို မတည့်တာတွေ အများကြီး မစားရဘူးနော် ... ပြုံးပါဦး မပျော်ဘူးဆိုတဲ့ စကားတွေ ရင်ထဲ ခဏ သိမ်းထားပြီးးး ဒီတစ်ရက်ကိုလည်း အဆင်ပြေပြေလေး ကျော်ဖြတ်ကျရအောင် ... နာကျင်စရာနည်းတဲ့ မနက်ခင်းလေး ဖြစ်ပါစေ။ -ကျေးကို

ပဲ့ကြွေသွားတဲ့ ချစ်ခြင်း တစ်စုံတစ်ရာရယ် လွတ်ချခဲ့ဖူးတဲ့ လက်တစ်စုံရယ် ကြေမွသွားပီဖြစ်တဲ့ နှလုံးသားရယ် ကျနော် တမ်းတ မိနေတုန်းပဲ...။ #crd

ပင်ပန်းပြီး တိတ်ဆိတ်တဲ့ ညတွေမှာ ငါ့နံပါတ်တွေကို ငါပြန်ခေါ်မိတယ် .. ဒဏ်ရာတွေပဲ ရောက်ရောက်လာတတ်တဲ့ ငါ့ကမ္ဘာမှာ ခေါ်စရာ နံပါတ်က ငါ့နံပါတ်ပဲဖြစ်နေခဲ့တယ်.... #crd _မုဒြာ

မင်းကလွဲရင် အားလုံးကို အကြာကြီး စဥ်းစားရပါတယ် မေ့တတ်တာဟာ ရောဂါဖြစ်ပြီး မေ့မရတာဟာလည်း ရောဂါ ပါပဲ ။ _ဆူးရစ်နွယ်

အကို နာရီလက်တံက စက္ကန့် မိနစ်တွေနဲ့ အချိန် နေ့စွဲတွေသာ ပြောင်းလဲသွားခဲ့တာ အကို့အပေါ်ထားတဲ့ ချစ်ခြင်းမေတ္တာတွေက တစွန်းတစလေးမှ မပြောင်းလဲသွားခဲ့ပါဘူး. တချိန်က ပျော်စရာ အမှတ်တရလေးတွေကို သတိရတယ် အကို့ရဲ့ ဂရုစိုက်ကြင်နာမှု့တွေကိုလဲ လွမ်းတယ် သဝန်တိုတက်တာကိုလဲ ချစ်တယ် တကယ်ပါ အကို့ကို အရမ်းလွမ်းတယ်.. လွမ်းလွန်းတဲ့အခါ မျက်ရည်မိုးက အချိန်အခါမဲ့ ပြိုတာပါပဲအကို နောက်ရင်ခွင်ဆီ အကိုကတော့ ဒီအချိန်ဆို ပျော်နေလောက်ရောပေါ့ မမေ့နိုင်သူမို့ အလွမ်းဒဏ်ရာတွေဟာ တဆစ်ဆစ် တမြေ့မြေ့ပါပဲ ပျော်ပါစေအကို ဘယ်ဆီဘယ်ရင်ခွင်ပဲရောက်ရောက် အကိုအေးချမ်းနေဖို့သာ အဓိကပါ ကမ္ဘာတဖက်မှာ ကျမလွမ်းတဲ့အခါ ကမ္ဘာတဖက်ကအကို ပိုပျော်ရွှင်ပါစေ ရိုးသားစွာ ဝန်ခံပါရစေ ကျမ အကို့ကိုလွမ်းတယ် -မုဒြာ

အတိတ်မှာ ကျမကို သိပ်ချစ်တဲ့ အဲ့အမျိုးသားလေးကို လွမ်းတယ်....// -မုဒြာ

မင်းလည်းငိုတာဘဲ ငါလည်းငိုတာဘဲ ဒါပေမယ့်….. ခေါင်းထိုးငိုစရာ ရင်ခွင်ကြီးနဲ့ မင်းမှာက ။ -လွှင့်

သူ့မှာလည်း ရှေ့ဆက်လို့မရတဲ့ အခြေအနေတွေ အများကြီးရှိရင်ရှိမှာပေါ့ အရာရာဟာတရားပါတယ် ။ -စစ်ငြိမ်း

အကောင်းဆုံးတွေ မပေးနိုင်တဲ့အခါ လှည့်ပြန်ခဲ့ချင်တာ ငါ့ရဲ့ချစ်ခြင်းမေတ္တာပါ ။ -ဆစ်ခ်

Good Night ...ပါအချစ်ရေ အိပ်လို့ ပျော်သွားရင် အိပ်ပါ ... အိပ်မက်ဆိုးလည်းမမက်စေနဲ့ တစ်ရေးလည်း မနိုးစေနဲ့ အိပ်လို့ မရရင်လည်း ခေါင်းအုံးလေး မစိုစေပါနဲ့ ။ -ကျေးကို

ခဗျားလေးအနာဂတ်ထဲကို ကျနော့်ရဲ့ ချစ်ခြင်းမေတ္တာတွေ စီးဝင်ချင်တာပါ ကျနော် ခဗျားကို ချစ်တယ် ။ ကျနော့်ဘဝထဲကို ဝင်လာစေချင်လို့ ပြောတာမဟုပါဘူး ခပ်လှမ်းလှမ်းက ငေးကြည့်ရတာလဲ အဆင်ပြေတယ် ။ ကျနော့်ဒဏ်ရာတွေ ခဗျားလေးမြင်ဖို့ မလိုပါဘူး ခဗျားလေးဒဏ်ရာတွေကိုပဲ ကျနော့်ကြောင့် သက်သာစေချင်တာမျိုး ။ ခဏလေး ခဗျားလေး စိတ်ချမ်းသာရင် ဖျက်ခနဲ ပေါ့ပေါ့ပါးပါး ပြုံးမိသွားရင် ခဗျားလေးမသိတဲ့ ခဗျားလေးအရိပ်လေး ဖြစ်ရတာတန်ပါတယ် ။ ဖြစ်နိုင်ခဲ့ရင်ပေါ့ ချစ်ခြင်းမေတ္တာက ခဗျားလေးမသိသေးတဲ့ တခြားကမ္ဘာ တခုဖြစ်ကြောင်း ပြောပြမယ် ။ ကျနော့်အတ္တရဲ့ အညွန့်အဖူးလေးက ခဗျားလေးကို ပျော်စေချင်ရုံပါပဲ ခဗျားလေးပျော်မှ ကျနော်ပျော်ရမဲ့ဘဝပါ ။ ခဗျားလေးကို ချစ်ရတာကလဲ ကောင်းကင်က လမင်းကိုငေးနေရသလိုပါပဲ မဖြစ်နိုင်မှန်းလဲ သိတယ် ဒါပေမယ့် ပိုင်ဆိုင်ခွင့်ရဖို့ မျှော်လင့်မိနေတာပါပဲ ။ "ခဗျားလေးကို ကျနော်ချစ်တယ်" # လမင်းလေး

ဒဏ္ဍာရီလေးတစ်ပုဒ်ပေါ့ အချစ်ရယ် တိုက်ဆိုင်တဲ့အခါ သတိရတယ် ပြန်ပြောပြရင် လွမ်းနေမယ် ဘယ်အချိန်ထိလွမ်းနေအုံးမာလဲ လို့.. မမေးပါနဲ့အချစ်ရယ်.. ဒဏ္ဍာရီဆိုတာ တသက်စာတဲ့... -ဒေါင်း

💞 Good Night ...💞 နောက်ကျမှ အိပ်တတ်တဲ့ မျက်လုံးလေးကို ဒီနေ့တော့ စောအိပ်စေချင်တယ် ... မျက်ရည်တွေ လဲ့နေတာပဲနော်လို့ မေးရင် ..ဘာမှမဖြစ်ပါဘူးလို့ ဖြေမယ့် မင်းက ဒီတိုင်းပါပဲလို့ရောချပြီး ဒီတိုင်းပဲ တိတ်ဆိတ်နေမှာပဲမဟုတ်လား ။ သန်မာချင်ယောင်ဆောင်ထားတဲ့ သူပဲ ... တစ်ယောက်တည်းလည်းဖြစ်တယ်လို့ အော်ပြီး တစ်ယောက်တည်း ကြေကွဲနေဦးမှာပေါ့ ။ ဒါပေမယ့် ... အချိန်တွေ နောက်မကျခင် အိပ်ဖို့ ပြင်ပါအုန်း ဒဏ်ရာအဟောင်းတွေနဲ့ ဘယ်အချိန်ထိ အိပ်ရေးပျက်ခံနေမှာလဲ။ နာကျင်ရင်း ပင်ပန်းတဲ့အခါ နားဖို့တွေးဦးနော် ...အချစ် - ကျေးကို

ချစ်တာကတော့ ချစ်တာပါပဲ။ မင်း ပြန်သဘောကျမှ ဖြစ်ရမယ်လို့တော့ မရှိဘူး။ ပိုင်ဆိုင်ရရင်လဲ ပြုံးပြုံးလေး။ မပိုင်ဆိုင်ရရင်လဲ ပြုံးပြုံးလေး။ - တာမြူးငယ်