en
Feedback
📚 ကဗျာ​လေဟာနယ်နှင့် ကလောင်ပျို ကဗျာများ💕✍

📚 ကဗျာ​လေဟာနယ်နှင့် ကလောင်ပျို ကဗျာများ💕✍

Open in Telegram

အချစ်နှင့်ခံစားချက် ကဗျာများ (love & feeling poems)

Show more
Myanmar40 341The category is not specified
412
Subscribers
+524 hours
+477 days
+16330 days
Posts Archive
ချစ်ခြင်းမေတ္တာအပေါ်မှာလည်း ကိုယ်ချင်းစာစိတ်ထားလိုက်ပါ သူငယ်ချင်းရာ ငါတို့ချစ်တဲ့လူတွေကလဲ သူတို့ချစ်တဲ့လူနဲ့ နေချင်ကြမှာပဲလေ ။ -ဖားစည်ရည်ကျော်

( ၁ ) ရှင်သန်ခြင်းတွေ အဓိပ္ပါယ်ရှိချင်ပါတယ်အကို မနက်ခင်း ငှက်ကလေးတွေ တေးသီကြူးတာကအစ ညနေခင်း နေဝင်ဆည်းဆာမှာ ငှက်ကလေးတွေ အိပ်တန်းပျံတာအဆုံး နဘေးမှာ အကို့ကို ရှိနေစေချင်မိတာမျိုး ။ ( ၂ ) နီးခြင်းဝေးခြင်း နိယာမတွေကြား ကျမကိုပဲ သစ္စာထားပြီးချစ်ပါအကို စေလိုရာ ရေ မဖြစ်ပေမယ့် အကိုနေဆိုရာ နေမဲ့သူပါ ။ ( ၃ ) စည်းခြားထားတဲ့ ပကာသနတွေကို ကျမ မမက်ဘူးအကို မောင်ကတထမ်းဆိုရင် မယ်ကတရွက်နဲ့ ဘဝကို ဆိုးတူးကောင်းဖက်​ ဖြတ်သန်းမဲ့ အကို့ရဲ့ အိမ်သူသက်ထားမျိုးပါ ။ ( ၄ ) လင်ကိုဘုရား သားကိုသခင်သဖွယ် မြတ်ဘုရားနဲ့မိဘပြီးရင် ကျမကိုးကွယ်ရာ အကိုပါပဲ ဘေးစကားတွေ အသာထား ကျမဘေးမှာ အကိုရှိရင် အမုန်းတွေကို အပြုံးတွေနဲ့ ချေမှုန်းပြစ်မယ် ။ ( ၅ ) ကျမက သိပ်အတ္တဆန်တယ်အကို အကို့အချစ် အကို့အကြင်နာ ဘယ်မိန်းမအပေါ်မှ ကျရောက်တာမျိုး မလိုချင်ဘူး အကိုတွေးသမျှအရာ ကျမပုံရိပ်တို့သာ ထင်ဟပ်စေချင်တာ ။ ( ၆ ) စိတ်အလိုမကျတဲ့အခါ ရစ်သမျှကို အပစ်လို့မမြင် အချစ်လို့သာ မြင်စမ်းပါအကို ဒီကမ္ဘာမှာလိုက်ရှာကြည့် အကို့အမေပြီးရင် အကို့ကို အချစ်ဆုံးသော မိန်းမက ကျမတယောက်ပဲ ရှိနေပါလိမ့်မယ် ။ ( ၇ ) ကလေးဆန်တာကလွဲရင် အကို့ချစ်သမျှ ရင်နှင့်မမျှအောင်ပါပဲ အတိတ်တွေအသာထား ပစ္စုပ္ပန်နဲ့ နောင်အနာဂတ် ကျမဘေးမှာ မားမားမတ်မတ် အကိုရပ်တည်ပေးရင်ရပြီ ။ ( ၈ ) ဘဝအဆက်ဆက် မသေချာမရေရာလို့ ဒီဘဝမှာ သွားမပါတဲ့ သွားဖုံးလေးနဲ့ ပြုံးတာကအစ ခါးကုန်းပြီးဆံဖြူသည်ထိ သေတဖန်သက်တဆုံး ကျမ ခေါင်းချရာက အကို့ရင်ခွင်မှာသာ ဖြစ်ပါရစေ ။ ( ၉ ) ချစ်သမျှကိုစာစီ ကဗျာတွေသီရင်တောင် ကျမကဗျာက နိဒါန်းမှ အစချီ၍ နိဂုံး အဆုံးသတ်ဆိုတာ မရှိ၏ ။ ( ၁၀ ) အကို့ကို ဘယ်လောက်ချစ်လဲဆိုရင် ကောင်းကင်တပြင် မြေတလွှာပေါ့ အဆုံးအစမရှိကို ချစ်တယ်အကို သမုဒ္ဒါရာရေ ကုန်ခမ်းသွားခဲ့ရင်တောင် ကျမမေတ္တာရေ တစက်မျှပင် အကို့အပေါ် လျော့သွားမည်မဟု ။ -မုဒြာ

ကိုယ့်ကို ပျော်ရွှင်စေတဲ့ လူတစ်ယောက်နဲ့ တွေ့ရတာ သိပ်ကို ကြောက်စရာကောင်းပါတယ် ။ ခင်ဗျားဟာ အဲ့ဒီ့လူကို အရမ်းတွယ်တာသွားလိမ့်မယ် ။ ခင်ဗျားဟာ မနက်နိုးထတိုင်း သူနဲ့ပဲ အရင် စကားပြောချင်မယ် ။ ညအိပ်ယာ ဝင်တိုင်းလဲ သူနဲ့ပဲ နောက်ဆုံး စကားပြောချင်မယ် ။ အဲ့ဒီ အချိန်တွေမှာတော့ ခင်ဗျားရဲ့ တစ်နေ့တာဟာ ပျော်ရွှင်စရာတွေနဲ့ စတင်ပြီး ပျော်ရွှင်စရာတွေနဲ့ပဲ အဆုံးသတ်နေလိမ့်မယ် ။ တွေးကြည့်ရင် ပျော်စရာကြီးပေါ့ဗျာ ။ ဒါပေမယ့် တစ်နေ့နေ့မှာ ခင်ဗျား ဘဝထဲက သူ ထွက်သွားမယ်ဆိုရင် ......🤷‍♀️ #crd -မုဒြာ

မင်းမရှိရင် မဖြစ်ဘူးဆိုတဲ့အခြေအနေဟာ ကမ္ဘာမှာ တကယ်မရှိဘူး။ မယုံရင် ဆက်ဆံရေးတစ်ခုကနေ ဘယ်သူ့ကိုမှ ဘာမှမပြောဘဲ မင်းတိတ်တိတ်လေး စွန့်ခွာသွားကြည့်လိုက် မင်းထွက်သွားခါစမှာတော့ မင်းကိုသတိရတာတွေ ဘာတွေဖြစ်ကောင်းဖြစ်လိမ့်မယ်။ အချိန်ကာလတစ်ခုရောက်တဲ့အခါမှာတော့ အားလုံးက ပုံမှန်လိုပဲ။ မင်းမရှိလည်း သူတို့ အဆင်ပြေနေလိမ့်မယ်၊ ဒါမှမဟုတ် မင်းနေရာမှာ အခြားတစ်ယောက်ရှိနေလိမ့်မယ်။ "မင်းမရှိလို့မဖြစ်ဘူး"ဆိုတာ စကားလုံးသက်သက်ပဲ၊ တကယ်မရှိဘူး။ မင်းမရှိလည်း အရာရာဟာသူ့နည်းသူ့ဟန်နဲ့ ပုံမှန်လည်ပတ်နေမှာပဲ။ -အကြည်တော်

အလွမ်းဆိုတာ အလွမ်းခံရတဲ့သူသာ ဘာမှမသိတာ လွမ်းနေတဲ့သူကတော့ တစ်ယောက်တည်း ကမ္ဘာပျက်နေတာ ။ - တာရာမင်းဝေ

သိပ်တော် သိပ်ထက်မြက်တဲ့လူတစ်ယောက် အကျင့်စာရိတ္တမကောင်းရင် သိပ်ကြောက်စရာကောင်းတယ်။ ဟစ်တလာဆိုတာမင်းတို့သိမှာပါ သိပ်တော်တာ မဟုတ်တဲ့နေရာ သွားတော်နေသလိုဖြစ်တာပေါ့ အကျင့်မကောင်းဘူး အာဏာရူး။ ကဗျာရူးရယ် စာရူးရယ် အချစ်ရူးရယ်ဆို ငါအချစ်ဆုံး သူတို့မှာ နှလုံးသားရှိလို့။ ဥစ္စာရူးရယ် အာဏာရူးရယ်ကိုတော့ ငါအမုန်းဆုံးပဲ သူတို့မှာ နှလုံးသားမရှိဘူး။ တစ်ချိူ့ အာဏာရှိတဲ့ကောင်တွေက အလကားနေရင်းလည်း အာဏာကပြချင်နေတာ။ ကားအသစ်လေး ဝယ်ထားတဲ့လူတွေလိုပေါ့ ဘာမှမဟုတ်ဘဲလည်း ဟွန်းထတီးချင်တီးနေတာ။ ပိုက်ဆံချမ်းသာလို့ မောက်မာနေရင် အဲ့ဒီကောင် ပိုက်ဆံနဲ့မတန်တဲ့ကောင်ပဲ။ -ဆရာကြီးဦးအောင်သင်း

ငွေကြေးမချမ်းသာတာကို လက်ခံတယ် သဝန်တိုလွန်းပြီး ချုပ်ချယ်အုံးမလား ဒါလဲ လက်ခံနိုင်တယ် တခုလေးပါပဲ ကိုယ့်အပေါ်မှာတော့ ဘယ်သောအခါမှ သစ္စာမဖောက်ပါနဲ့..... // -မုဒြာ

ဖောက်ပြန်တဲ့ ကိစ္စတွေ အရမ်းလွယ်ကူနေတဲ့ဒီခေတ်ကြီးမှာ ကိုယ့်ကိုမပြတ်နိုင်တဲ့ သူမျိုးကို တန်ဖိုးထားပါ--" ကိုယ့်ထက်သာတဲ့ လူကိုတွေ့ရင် သာတဲ့လူနောက် ပါသွားတတ်တဲ့ ခေတ်ကြီးထဲမှာ အရာအားလုံးနဲ့ ယှဉ်လာရင်တောင် နှစ်ခါပြန် မစဉ်းစားပဲ ကိုယ့်ကိုပဲ ရွေးချယ်တဲ့သူကို တန်ဖိုးထားပါ--" ရည်းစားရဖို့က လွယ်ပါတယ်။ ကိုယ့်ကိုဂရုစိုက်ပြီး အနစ်နာခံချစ်ပေးတဲ့သူကို ကျနော်တို့ရဖို့တော့ ခက်တယ်--"❤ -မုဒြာ

ပျော်ရွှင်ခြင်းကိုရော ဝမ်းနည်းခြင်းကို ရော အသိပေးတဲ့ တစ်စုံတစ်ယောက် ရှိခြင်းက အရမ်းနွေးထွေးမှု အပြည့်ရှိပါတယ် . -မုဒြာ

ဘယ်အတိုင်းအတာထိ ချစ်မှာလဲလို့ မမေးပါနဲ့ ဘယ်အတိုင်းအတာတွေနဲ့မှ တိုင်းတာလို့ မရတဲ့အထိ ချစ်တယ် // -မုဒြာ

အချိန်တွေရှိသမျှ မနက်ဖြန်တွေရှိနေသမျှ ခဗျားလေးကို ဆက်၍ဆက်၍ ချစ်နေမယ်..// -မုဒြာ

ကျွန်မလက်ကို ပစ်ပစ်ခါခါပုတ်ထုတ်လိုက်တဲ့ရှင်က သူမလက်ကို ဆုပ်ကိုင်ထားပုံများ ယုယုယယပါလား သူမရဲ့လက်က ပိုနွေးလေသလားရှင်.... ။ - crd

စကားပြောရင်အဲဒီတုန်းကလို့ ထည့်ထည့်ပြောရတယ် အချို့အရာတွေကမရှိတော့ဘူး -စိုးခိုင်ညိန်း

ကိုယ့်စိတ်အတက်ကျအတိုင်းပဲ နေထိုင်ပါတယ် ကြိုးစားပြီးလည်း ဖြူစင်မနေချင်ဘူး နားမလည်သူတွေ စွန့်ခွာကြပါစေပေါ့။ -ပြည့်စုံဝင်း

အတိတ်တွေကို မမေ့နိုင်သေးရင် နောက်လူကို အစားမထိုးပါနဲ့....😌// -မုဒြာ

စစ်မှန်တဲ့ချစ်ခြင်းမေတ္တာမျိူးဆိုတာ အနားရှိနေရုံ ပိုင်ဆိုင်ရရုံမှပျော်ရွှင်စရာမဟုတ်ပါဘူး စိတ်ထဲအတွေးမှန်ဉာဏ်ထဲမှာရှိနေရုံနဲ့လည်း ကြည်နူးဝမ်းသာရပါတယ် ...။ -မုဒြာ

တကယ်တော့ သူပျော်ရွှင်ဖို့အတွက် သူပြုံးတာမြင်ချင်လို့အတွက် နောက်ဆုတ်ပေးလိုက်တာပါ နောက်ဆုတ်တယ်ဆိုပီး မချစ်ဘူးမထင်နဲ့ မင်းကိုဟိုကောင်ချစ်တာထက်ပိုတယ်။ - မောင်ဝေ

ထားသွားမယ်မှန်းလဲ သိတယ် ခဏဝင်နားမှန်းလဲ ရိပ်မိတယ် ပြန်ထွက်မသွားပါနဲ့လို့ တားပိုင်ခွင့်မရှိခဲ့တော့ ကျောပြင်လေးကိုပဲ ငေးရပြန်တယ်။🥀 #crd